အခန်း ၇၆၃
Vol. 37 Ch. 763
အခန်း (၇၆၃)ကိုယ်ခန္ဓာအား စစ်ဆေးခြင်း
ဦးချိုကျိုး မိစ္ဆာများကိုမူကား ထုံးစံအတိုင်း လှောင်အိမ်များထဲတွင်သာ ချုပ်နှောင်ထားလေ့ရှိပြီး အမျိုးသားနှင့် အမျိုးသမီးများကိုလည်း သီးခြားစီ ခွဲခြားထားပေရာ တစ်ဦးနှင့်တစ်ဦး နီးစပ်ခွင့် မရရှိကြချေ။
ထိုသို့သော အခြေအနေကြောင့် ယင်းတို့၏ ကာမရာဂစိတ် ဆန္ဒများသည် ပိုမို၍ ပြင်းထန်လျက် ရှိကြသည်။
ထိုအမျိုးသား မိစ္ဆာသည် မိစ္ဆာဆိုး၏ လက်တွင်းမှ လွတ်မြောက်လာခဲ့သည်မှာ မကြာသေးသဖြင့် သူ၏ ကာမဆန္ဒများကို မအောင့်အီးနိုင်တော့ချေ။
သူသည် အမျိုးသမီး မိစ္ဆာအား ရှာဖွေတွေ့ရှိသည်နှင့် တစ်ပြိုင်နက် သူမ၏အပေါ်သို့ အတင်းအဓမ္မ လှိမ့်အုပ်လိုက်ပြီး ခန္ဓာကိုယ်ကို ဖုံးကွယ်ထားသော သနားစရာ အဝတ်စုတ်များကို ဆွဲဖြဲပစ်လိုက်လေသည်။
ထို့နောက် စပ်ဖြဲဖြဲ မျက်နှာပေးဖြင့် သူမအား အဓမ္မကျင့်ရန် ပြင်ဆင်တော့သည်။
ထိုသို့သော အချိန်၌ပင် အေးစက်လှသော အလင်းတန်းတစ်ခုသည် အဝေးမှ ပျံသန်းလာပြီး ထိုအမျိုးသား မိစ္ဆာ၏ နားထင်သို့ စူးစိုက်ဝင်ရောက်ကာ အခြားတစ်ဖက်သို့ ချင်းချင်းထွက်သွားချေသည်။
ထို့နောက်တွင်မှ လူရိပ်သုံးခုသည် ထိုနေရာသို့ ဖြည်းညှင်းစွာ ရောက်ရှိလာကြသည်။
အမျိုးသမီး မိစ္ဆာငယ်သည်လည်း သူမ၏ အရှက်အကြောက် အင်္ဂါရပ်များကို လက်နှစ်ဖက်ဖြင့် ကာဆီးလျက် ရှိုက်ကြီးတငင် ငိုကြွေးနေရှာသည်။
အိုင်နာသည် ရှေ့သို့လှမ်းလာပြီး ချင်ယွမ်ဖုန်း သူမအတွက် ချုပ်လုပ်ပေးထားသော အဝတ်အစားများကို ချွတ်၍ ထိုအမျိုးသမီး မိစ္ဆာအား ဝတ်ဆင်ပေးလိုက်ပြီးလျှင် တွဲထူပေးလိုက်လေသည်။
ယင်းတို့အားလုံးသည် ချင်ယွမ်ဖုန်းအား ငေးမောကြည့်နေကြသည်။ ချင်ယွမ်ဖုန်း မည်သို့ လှုပ်ရှားလိုက်သည်ကို မည်သူမျှ မမြင်လိုက်ကြရဘဲ ထိုအမျိုးသား မိစ္ဆာသည် သနားစရာကောင်းလောက်အောင် သေဆုံးသွားခဲ့ရချေပြီ။
"သွားကြစို့" ချင်ယွမ်ဖုန်းသည် ရှေ့သို့လှမ်းလာပြီး သားရဲသားခဲကြီးကို ကျောပိုးလျက်၊ တစ်ပါးကျွန်းသား မိစ္ဆာ၏ အလောင်းကောင်ကိုမူကား လက်တစ်ဖက်ဖြင့် ဆွဲမကာ စခန်းချရာဆီသို့ လျှောက်လှမ်းသွားတော့သည်။
စခန်းအတွင်းရှိ လူများသည် ချင်ယွမ်ဖုန်း ဤမျှမြန်ဆန်စွာ ပြန်လည်ရောက်ရှိလာသည်ကို မြင်သောအခါ၊ ထို့ထက် သူသယ်ဆောင်လာသော အသားတုံးကြီးကို မြင်သောအခါတွင်မူကား တစ်ယောက်တစ်ပေါက် စိတ်လှုပ်ရှားစွာဖြင့် ထရပ်ကြလေသည်။
သို့သော်လည်း ချင်ယွမ်ဖုန်း ဆွဲခေါ်လာသော အလောင်းကောင်ကို မြင်လိုက်ရသည့် ခဏ၌မူ ယင်းတို့၏ ဝမ်းမြောက် စိတ်လှုပ်ရှားမှုများသည် ချက်ချင်းပင် အေးခဲသွားကြရသည်။
ချင်ယွမ်ဖုန်းသည် စခန်းသို့ ရောက်ရှိလာပြီးနောက် သားရဲသားခဲကြီးကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး တစ်ပါးကျွန်းသား မိစ္ဆာ၏ အလောင်းကိုမူကား လူတိုင်း၏ရှေ့မှောက်၌ ဝုန်းခနဲ ပစ်ချလိုက်သည်။
"နောက်နောင်လည်း ဒီလိုကောင်တွေထဲက မိမိကိုယ်မိမိ မထိန်းချုပ်နိုင်တဲ့ကောင် ရှိလာခဲ့ရင်... ဒါဟာ မင်းတို့ရဲ့ နိဂုံးပဲ" ချင်ယွမ်ဖုန်းက အေးစက်စွာ ပြောဆိုလိုက်ရင်း သူ၏ အကြည့်တို့ဖြင့် လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ရာ မိစ္ဆာများအားလုံး ခေါင်းငုံ့သွားကြရသည်။
အထူးသဖြင့် အမျိုးသား မိစ္ဆာများသည် သေဆုံးသွားသော မိစ္ဆာ မည်သည့်အမှုကို ကျူးလွန်ခဲ့သည်ကို ကောင်းစွာ သိရှိကြပေရာ ယင်းတို့၏ စိတ်ထဲတွင်လည်း ဤသို့သော အတွေးမျိုး ရှိခဲ့ကြသည်မှာ အမှန်ပင် ဖြစ်တန်ရာ၏။
"ငါအလိုရှိတာက စစ်သည်တော်တွေ... အမှိုက်ကောင်တွေကို မဟုတ်ဘူး... ငါ့အတွက်တော့ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ အတူတူပဲ" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်ပြီး "ဟော... မင်းသွားပြီး ဒီအလောင်းကို ဟိုဘက်က သစ်ပင်ပေါ်မှာ ဆွဲချိတ်ထားလိုက်" ဟု မိန့်လိုက်သည်။
ဟောသည် ခေါင်းညိတ်ပြကာ အလောင်းကောင်ကို ဆွဲယူသွားတော့သည်။
ဤသို့ဖြင့် ဦးချိုကျိုး မိစ္ဆာများထဲတွင် သုံးဆယ့်လေးယောက်သာ ကျန်ရှိတော့ချေသည်။
"ကဲ... မီးမွှေးပြီး ဒီအသားတွေကို ကင်ကြတော့" ချင်ယွမ်ဖုန်းသည် ရှေ့သို့တိုးကာ အသားတုံးကြီးကို ဖရဲသီးခန့် ပမာဏရှိသော အတုံးကြီးများအဖြစ် ကျွမ်းကျင်စွာ ဖဲ့ခြွေပေးလိုက်ရာ တစ်ဦးလျှင် နှစ်တုံးထက်မနည်း ရရှိကြပေမည်။
စားစရာ အသားရှိပြီဟူသော သတင်းကြောင့် ဦးချိုကျိုး မိစ္ဆာများသည် တစ်ဖန် ပြန်လည်စိတ်လှုပ်ရှားလာကြပြီး မီးမွှေးရန်အတွက် ကပျာကယာ အလုပ်ရှုပ်သွားကြတော့သည်။
မကြာမီပင် မှောင်ရီပျိုးစပြုလာပြီး ကင်းလှည့် မိစ္ဆာများ နှစ်ကြိမ်တိုင်တိုင် လဲလှယ်ပြီးချိန်တွင် အသားကင်များကို အကုန်နီးပါး စားသောက်ပြီးစီးကြချေပြီ။
ဤတစ်ပါးကျွန်းသား မိစ္ဆာများတွင် ဤမျှကြီးမားသော အစားအသောက် ပမာဏ ရှိလိမ့်မည်ဟု ချင်ယွမ်ဖုန်း ထင်မှတ်မထားခဲ့ချေ။
ဖရဲသီးခန့်ရှိသော အသားတစ်တုံးသည် သာမန်အားဖြင့် လူကြီးတစ်ယောက် အဝစားနိုင်သော ပမာဏဖြစ်သော်လည်း ယင်းတို့မူကား တစ်ယောက်လျှင် နှစ်တုံးစီ စားသောက်ကြပြီး ဝမ်းဗိုက်များပင် စူထွက်နေကြသည်။
ဤသည်မှာလည်း ယင်းတို့၏ အပြစ်ဟု မဆိုသာချေ။ သူတို့သည် မွေးဖွားလာကတည်းက အသားဟူ၍ တစ်ကြိမ်တစ်ခါမျှ ဝဝလင်လင် စားဖူးကြသည် မဟုတ်ပေရာ ဤမျှ တောင့်တနေကြသည်မှာ ဆန်းကြယ်လှသည် မဟုတ်ပေ။
"ကဲ... အားလုံး အနားယူကြတော့... ဒီည ကင်းလှည့်တာကို တစ်နာရီ တစ်ခါ လဲလှယ်ရမယ်... ဘယ်သူမှ မပေါ့ဆကြနဲ့... ငါ့ဆီမှာ အလကားနေ အလကားစားမယ့်သူတွေကို အလိုမရှိဘူး" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ မိန့်ဆိုလိုက်သည်။
ယနေ့တွင် ထိုမိစ္ဆာများသည် အသားအရသာကို မြည်းစမ်းခွင့်ရခဲ့ကြသဖြင့် အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။
တော်လှန်ရေး အဖွဲ့သို့ လိုက်ပါလာခြင်းသည် နောင်တွင်လည်း အနပ်တိုင်း အသားစားရလိမ့်မည်ဟု ယင်းတို့ တွေးတောနေကြပေရာ ဤသို့သော ဘဝမျိုးကို မည်သူက စွန့်လွှတ်လိုပါအံ့နည်း။
ချင်ယွမ်ဖုန်းသည် မေအား ခေါ်ဆောင်၍ ဘေးဘက်ရှိ တောင်နံရံအနီးတွင် ဝင်ထိုင်လိုက်သည်။
"အကိုဖုန်း... က တကယ့်ကို လူကောင်းတစ်ယောက်ပဲ... ဒီလောက် လူအများကြီးကို ကျွေးမွေးနိုင်တယ်နော်" မေသည် ဖုန်းအား ငေးကြည့်ရင်း ပြောရှာသည်။
ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး "ဒါက ယာယီပဲ ရှိပါသေးတယ်... နောက်ဆိုရင် မင်းတို့အားလုံး မိမိကိုယ်မိမိ ကျွေးမွေးနိုင်အောင် ငါလုပ်ပေးရဦးမယ်" ဟု ဆိုသည်။
မေသည် နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြကာ ပြုံးလိုက်လေသည်။
"ဒါနဲ့ မေ... မင်းရဲ့ အဝတ်အစားတွေကို ချွတ်လိုက်ပါဦး" ချင်ယွမ်ဖုန်းက ရုတ်တရက် ပြောလိုက်သည်။
မေ၏ မျက်နှာသည် ချက်ချင်းပင် နီရဲသွားကာ လင်းလက်နေသော မီးရောင်အောက်တွင် ခေါင်းကလေးငုံ့လျက် ရှက်သွေးဖြန်းသွားရှာသည်။
ချင်ယွမ်ဖုန်းသည် မေ တစ်ခုခု မှားယွင်းတွေးတောသွားသည်ကို ချက်ချင်း သတိပြုမိလိုက်သဖြင့် ကပျာကယာ ရှင်းပြရတော့သည်။
"မေ... လျှောက်မတွေးပါနဲ့... ငါက မင်းရဲ့ ကိုယ်ခန္ဓာ ကျန်းမာရေး အခြေအနေကို စစ်ဆေးချင်လို့ပါ"
"ကျွန်မ... ကျွန်မ နားလည်ပါတယ်..." မေက တိုးတိုးလေး ပြောရှာသည်။ သူမသည် အပြည့်အဝ ကြီးထွားဖွံ့ဖြိုးခြင်း မရှိသေးသော်လည်း အတော်ပင် လှပသူလေး ဖြစ်သဖြင့် သူမ၏ ရှက်ပြာပြာ အမူအရာလေးသည် တစ်မျိုးပင် ချစ်စဖွယ် ကောင်းနေချေသည်။
ချင်ယွမ်ဖုန်းမှာမူကား မိမိနဖူးကို မိမိလက်ဖြင့် ရိုက်လိုက်မိရင်း မတတ်သာတော့သည့် အမူအရာဖြင့် "ငါက တကယ်ပဲ ဆေးစစ်ချက် လုပ်ချင်ရုံ သက်သက်ပါ" ဟု ဆိုရရှာသည်။
မေသည် ချင်ယွမ်ဖုန်း ချုပ်ပေးထားသော ဝတ်စုံကို ဖြည်းညှင်းစွာ ချွတ်ရန် ပြင်ဆင်သောအခါတွင်မူ ချင်ယွမ်ဖုန်းက ကပျာကယာပင် တားမြစ်လိုက်ပြီး ဤမျှဖြင့် လုံလောက်ပြီဟု ဆိုလိုက်သည်။
သူသည် မိစ္ဆာများ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြော တည်ဆောက်ပုံများသည် လူသားများနှင့် မည်သို့ ကွာခြားသည်ကိုသာ သိရှိလိုခြင်း ဖြစ်ပေသည်။
သူသည် မေ၏ ကျောပြင်ပေါ်သို့ လက်ဝါးတင်လိုက်ရာ မိစ္ဆာအရှိန်အဝါ စွမ်းအင်တန်းတစ်ခုသည် မေ၏ ခန္ဓာကိုယ်အတွင်းသို့ ဖြည်းညှင်းစွာ စီးဝင်သွားပြီး သွေးကြောများမှတစ်ဆင့် ခြေလက် အင်္ဂါရပ်များနှင့် အရိုးအဆစ်များဆီသို့ လှည့်ပတ် စီးဆင်းသွားတော့သည်။
"အင်း..." မေသည် မျက်လုံးများကို မှိတ်ထားရင်း တစ်ကိုယ်လုံး ပူနွေးကာ ယားကျိကျိ ဝေဒနာကို ခံစားနေရသဖြင့် ခန္ဓာကိုယ်ကလေးမှာလည်း မထိန်းချုပ်နိုင်ဘဲ တွန့်လိမ်နေရှာသည်။
ချင်ယွမ်ဖုန်းသည် လက်ကို ချက်ချင်းပင် ပြန်လည်ရုပ်သိမ်းလိုက်ပြီး မေအား အဝတ်အစားများ ပြန်လည်ဝတ်ဆင်ရန် ကူညီပေးလိုက်သည်။
"အကိုဖုန်း...ကျွန်မကို မုန်းတီးတာလား" မေသည် လွန်စွာ စိတ်ပျက်အားငယ်သော အကြည့်တို့ဖြင့် ချင်ယွမ်ဖုန်းအား ငေးကြည့်နေရှာသည်။
ချင်ယွမ်ဖုန်း မျက်လုံးများကို မှိတ်လိုက်မိပြီး စိတ်ထဲတွင် အပြစ်မကင်းသကဲ့သို့ ခံစားလိုက်ရသည်။ မေသည် အသက် တစ်ဆယ့်လေးနှစ်မျှသာ ရှိသေးသည် မဟုတ်လော။
"မေ... မင်းက အရမ်းကောင်းပါတယ်... ဒါပေမဲ့ မင်းက ငယ်လွန်းသေးတယ်... တချို့အရာတွေကို မင်းနားမလည်သေးပါဘူး" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဖျောင်းဖျလိုက်သည်။
"ကျွန်မ နားလည်ပါတယ်... ဟိုကျွန်ပိုင်ရှင်တွေ ကျွန်မရဲ့ အစ်မတွေကို အခန်းထဲ ဆွဲသွင်းသွားပြီး အစ်မတွေ အော်ဟစ်ငိုယိုနေကြတာကို ကျွန်မ မြင်ဖူး ကြားဖူးပါတယ်..." မေ၏ အသံသည် တိုးဖျော့သွားတော့သည်။
ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက် ချလိုက်မိပြီး မေအား သာယာစွာ ဖက်ထားလိုက်ရင်း "စိတ်မပူပါနဲ့... နောင်ဆိုရင် ငါတွေ့သမျှ အမှိုက်ကောင်မှန်သမျှကို အကုန်သတ်ပစ်မယ်" ဟု ကတိပြုလိုက်သည်။
မေသည် ချင်ယွမ်ဖုန်း၏ ရင်ခွင်ထဲတွင် ခေါင်းညိတ်ပြလိုက်ရင်း စိတ်ထဲ၌ လုံခြုံမှု အပြည့်အဝ ခံစားလိုက်ရရှာသည်။
ခတ္တမျှကြာသော် ချင်ယွမ်ဖုန်းသည် မေအား လွှတ်ပေးလိုက်ပြီး "မေ... မင်းသွားပြီး အိုင်နာကို ခေါ်ပေးပါဦး" ဟု ဆိုလိုက်သည်။
"ဘာဖြစ်လို့လဲ... အိုင်နာကိုလည်း ဆေးစစ်ပေးမလို့လား" မေက လှောင်ပြုံးကလေး ပြုံးရင်း စကားဆိုသည်။
"အခုတော့ ငါ့ကို ပြန်ပြီး နောက်ပြောင်နေပြီပေါ့လေ" ချင်ယွမ်ဖုန်းက ခေါင်းခါလိုက်ရင်း "သွားပါ... ငါ တချို့အရာတွေကို အဖြေရှာဖို့ လိုအပ်နေလို့ပါ" ဟု ပြောလိုက်သည်။
မေ ခေါင်းညိတ်ပြကာ ထရပ်လိုက်ပြီး အိုင်နာရှိရာသို့ လျှောက်လှမ်းသွားကာ အိုင်နာအား ချင်ယွမ်ဖုန်း ရှိရာဆီသို့ ခေါ်ဆောင်လာခဲ့တော့သည်။
မအိပ်စက်သေးသော ဦးချိုကျိုး မိစ္ဆာများသည် ချင်ယွမ်ဖုန်းအား စုပြုံ၍ စူးစမ်းစွာ ကြည့်နေကြပြီး အချို့သော မိစ္ဆာများ၏ မျက်နှာတွင်မူကား မကျေနပ်သော အမူအရာများ ရှိနေကြသည်။
သူတို့သည် နေ့ခင်းဘက်တွင်မူကား တရားဓမ္မများနှင့် ပြောဆိုနေကြပြီး ညဘက်သို့ ရောက်သောအခါတွင်မူကား ယင်းတို့၏ ဇာတိရုပ်အမှန် ပေါ်လာခဲ့ချေပြီဟု တွေးတောနေကြသည်။
သို့သော်လည်း မည်သူက သူ၏ အင်အားကို ယှဉ်ပြိုင်ဝံ့ပါအံ့နည်း။ အင်အားကြီးမားသူကသာ အမှန်တရား မဟုတ်လော။
အိုင်နာသည် စိုးရိမ်တုန်လှုပ်စွာဖြင့် ချင်ယွမ်ဖုန်း၏ အနီးသို့ ချဉ်းကပ်လာပြီး "အရှင်သခင်... ကျွန်မ ရောက်ပါပြီ" ဟု တိုးလျှိုးစွာ ဆိုသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ "ထိုင်ပါဦး... ငါ မင်းရဲ့ ကိုယ်ခန္ဓာကို ဆေးစစ်ချက် လုပ်ချင်လို့ပါ" ဟု မိန့်ဆိုလိုက်သည်။
အိုင်နာသည် ခေါင်းညိတ်ပြလိုက်ပြီး ကိုယ်ခန္ဓာ စစ်ဆေးခြင်း၏ အဓိပ္ပာယ်ကို မှားယွင်းစွာ နားလည်သွားဟန်ဖြင့် ဖြည်းညှင်းစွာ ထိုင်လိုက်ပြီးလျှင် သူမ၏ ခန္ဓာကိုယ်ကို ဖုံးကွယ်ထားသော အဝတ်စုတ် နှစ်ထည်ကို ချွတ်ရန် လက်လှမ်းလိုက်လေသည်။
ချင်ယွမ်ဖုန်းသည် အိုင်နာအား ကပျာကယာပင် တားဆီးလိုက်ရရင်း စိတ်ထဲမှလည်း "ဘာလို့ အားလုံးက ဒီလိုချည်းပဲ ဖြစ်နေရတာလဲ... လျှောက်မတွေးကြပါနဲ့... ငါက တကယ်ပဲ ဆေးစစ်ချင်ရုံ သက်သက်ပါ" ဟု ညည်းတွားလိုက်မိသည်။
"ဟင်..." အိုင်နာသည် မျက်မှောင်ကြုတ်သွားရင်း "အရှင်သခင်က အိုင်နာကို မုန်းလို့လား" ဟု မေးရှာသည်။
"ဒါပေါ့... မဟုတ်ရပါဘူး" ချင်ယွမ်ဖုန်းမှာမူကား မတတ်သာသည့်အဆုံး သက်ပြင်းချလိုက်မိရင်း "ဒါပေမဲ့ ငါက တကယ်ပဲ အခြားရည်ရွယ်ချက် မရှိပါဘူး... မေ... မင်းပဲ ကူပြီး မြန်မြန် ရှင်းပြပေးစမ်းပါဦး" ဟု ဆိုရတော့ချေသည်။