← Chapters

အခန်း ၂၁၂

Vol. 22 Ch. 212

အခန်း ၂၁၂

Vol. 22 Ch. 212

အခန်း (၂၁၂) - ဧရာမသစ်ပင်ကြီး (၁)

မိုးစဲသွားကာ လေငြိမ်သက်သွားသည့်အခါ နံနက်ခင်း၏ ပထမဆုံး နေရောင်ခြည်သည် ကောင်းကင်ယံမှ ထူထပ်သော တိမ်တိုက်လွှာများနှင့် သေမင်းနွံတောအတွင်းမှ လွင့်မျောနေသော မြူများကို ဖြတ်သန်း၍ မြေပြင်ပေါ်သို့ ဖြာကျလာခဲ့လေသည်။

တောအုပ်အတွင်း၌ နေရာအနှံ့မှာ တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်သော်လည်း နေရောင်ခြည်နှင့်အတူ တဖြည်းဖြည်း လှုပ်ခတ်သက်ဝင်လာချေပြီ။

မည်သည့်အရပ်မှန်း မသိသော နေရာတစ်ခုဆီမှ ပထမဆုံး ငှက်အော်သံ စတင်ထွက်ပေါ်လာလေသည်။

ထို့နောက်တွင်မူ သစ်ပင်အုပ်များ၏ ကြားမှ တိုးဝင်လာသော အလင်းတန်းများနှင့်အတူ တောအုပ်တစ်ခုလုံးသည် ညတာ၏ အိပ်စက်ခြင်းမှ နိုးထလာသကဲ့သို့ နံနက်ခင်း၏ ပျော်ရွှင်ဖွယ် တေးသံများဖြင့် နေ့သစ်ကို ကြိုဆိုနေကြတော့သည်။

ယခုအချိန်တွင် တောအုပ်အတွင်း၌ မြူများသည် ဖြူဖွေးသော ပဝါပါးလေးများကဲ့သို့ နေရာအနှံ့ လွင့်မျောနေ၏။ ထိုမြူထဲသို့ တိုးဝင်လိုက်သည့်အခါ မျက်နှာပေါ်တွင် စိုစွတ်မှုကို ခံစားရပေမည်။

တောအုပ်၏ လတ်ဆတ်လှသော လေထုကို ရှူရှိုက်လိုက်သည့်အခါ နှလုံးသားတစ်ခုလုံး လန်းဆန်းသွားသကဲ့သို့ ခံစားရလေသည်။

ကွေ့လိသည် နံနက်ခင်းလေထုကို အားရပါးရ ရှူရှိုက်လိုက်ပြီးနောက် တည်ငြိမ်သော မျက်နှာထားဖြင့် ရှေ့သို့ ကြည့်လိုက်၏။ သူ၏ ပခုံးပေါ်တွင် ဝပ်နေသော ရှောင်ဟွေ့ပင်လျှင် ပျင်းရိစွာဖြင့် အကြောဆန့်နေပေသည်။

လွန်ခဲ့သော ညက ရွှေရောင်အလင်းတန်း ထွက်ပေါ်ခဲ့ရာအရပ် ဖြစ်သည့် အတောင် ၁၀ခန့် အကွာအဝေး၌ မြူများသည် ရုတ်တရက် ထူထပ်သွားကာ အရာရာကို ဝေဝါးသွားစေရာ အိပ်မက်တစ်ခုကဲ့သို့ပင် ထင်မှတ်ရလေသည်။

သို့သော် ဤမြူများသည် နွံတောအတွင်းပိုင်းရှိ အဆိပ်ငွေ့များနှင့် မတူဘဲ စင်ကြယ်သော အဖြူရောင် ရှိပေသည်။

အဝေးသို့ လှမ်းကြည့်လိုက်လျှင် မြူများသည် တောအုပ်အတွင်း၌ အလွှာလိုက် အထပ်လိုက် ပုံကျနေသည်မှာ ချည်မျှင်နုလေးများ လွင့်မျောနေသကဲ့သို့ပင်။

ထိုနေရာတွင်ကား ကမ္ဘာပေါ်၌ ရှားပါးလှသော ရတနာရှိရာ နေရာ ဖြစ်နိုင်ပေသည်။

ကွေ့လိသည် ခေါင်းကို အသာအယာ ခါလိုက်ကာ ဘေးဘက်သို့ ကြည့်လိုက်၏။ လုရွှယ်ချီသည် သူနှင့် နှစ်တောင်ခန့် အကွာတွင် ရပ်နေလေသည်။ သူမသည် နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်စုံကို ဆင်မြန်းထားပြီး ရှေ့မှမြူများကို တိတ်ဆိတ်စွာ စိုက်ကြည့်နေ၏။

သူတို့နှစ်ဦးသည် အဆုံး၌ တိုက်ခိုက်ခြင်း မပြုခဲ့ကြချေ။

တစ်ညလုံးတွင် ပထမဆုံး တွေ့ဆုံလိုက်ရသည့် အံ့အားသင့်မှုနှင့် စိတ်လှုပ်ရှားမှုများအပြီး၌ သူတို့နှစ်ဦးကြားတွင် တိတ်ဆိတ်မှုသာ ကြီးစိုးနေခဲ့သည်။

သူတို့နှစ်ဦးသည် သုံးပေခန့်သာ ကွာဝေးသော်လည်း ထိုအကွာအဝေးမှာမူ စွန့်ပစ်ချောက်ကမ်းပါးထက်ပင် ပိုမိုနက်ရှိုင်းလှသော ချောက်ကြီးတစ်ခုကဲ့သို့ သူတို့ကြား၌ သာမက သူတို့၏ နှလုံးသားများထဲတွင်ပါ နက်နက်ရှိုင်းရှိုင်း တည်ရှိနေသကဲ့သို့ ခံစားရလေသည်။

တောက်ပလှသော ရွှေရောင်အလင်းတန်း ကောင်းကင်သို့ ထိုးတက်သွားချိန်ထိ သူတို့နှစ်ဦးလုံးသည် ထိုအလင်းကို ငေးကြည့်နေခဲ့ကြ၏။

ရွှေရောင်အလင်းတန်းများ၏ အရိပ်အယောင်များမှာ သူတို့၏ မျက်နှာပေါ်တွင် ထင်ဟပ်နေကာ ဤထူးဆန်းလှသော အရပ်ဒေသ၌ တိတ်တဆိတ် ကြည့်ရှုနေကြသည်မှာ ပို၍ပင် အေးစက်လှသည်ဟု ထင်ရပေသည်။

အတိတ်က အရာရာဟာ နောက်ဆုံးတော့ ပြောင်းလဲသွားခဲ့ပြီပဲ...

လုရွှယ်ချီသည် တစ်စုံတစ်ရာကို ခံစားမိသွားဟန်ဖြင့် ခေါင်းကို လှည့်လိုက်ရာ ကွေ့လိနှင့် အကြည့်ချင်း ဆုံသွားလေသည်။

သူမ၏ မျက်ဝန်းများသည် ရေပြင်ကဲ့သို့ ကြည်လင်နေသော်လည်း ထိုမျက်ဝန်းများ၏ အောက်ခြေတွင် ခံစားချက်လှိုင်းအချို့ ရှိနေနိုင်။ သို့သော် ယခုအချိန်တွင်မူ မည်သူမျှ မမြင်နိုင်တော့ချေ။

သူမသည် ရှေ့မှ အမျိုးသားကို ကြည့်လိုက်၏။ သူသည် တောအုပ်အတွင်း သူမ၏ ဘေးနားတွင် ရပ်နေပေသည်။ အသေအချာ ကြည့်လိုက်မိသည့်အခါမှ သူသည် ဟိုယခင်က လူငယ်လေး မဟုတ်တော့ကြောင်း သိလိုက်ရလေသည်။

တစ်ချိန်က အလွန်ရင်းနှီးခဲ့သော ထိုမျက်နှာထက်မှ အပြစ်ကင်းစင်မှုနှင့် ပြုံးရယ်မှုများမှာ ပျောက်ကွယ်သွားခဲ့ပြီး ၎င်းတို့၏ နေရာတွင် လောကဓံကို ကြံ့ကြံ့ခံထားသည့် တည်ငြိမ်မှုနှင့် ရင့်ကျက်မှုများက အစားထိုး ဝင်ရောက်နေခဲ့ပြီ ဖြစ်သည်။

သူမသည် ခေါင်းကို အနည်းငယ် ငုံ့လိုက်ကာ သူမလက်ထဲမှ ထျန်းယာဓားကို စိုက်ကြည့်နေမိ၏။ တစ်စုံတစ်ခုကို တွေးတောနေရှိပြီး ခေတ္တမျှ ကြာပြီးနောက်တွင်မူ သူမ၏ အသံလေးမှာ လေထဲတွင် လွင့်ပျံလာခဲ့သည်။

“ပြန်လာခဲ့ပါ...”

သူမသည် ခေါင်းကို မော့မလာသကဲ့သို့ မည်သည့် လှုပ်ရှားမှုမျှလည်း မရှိချေ။ သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ်မျှပင် ပြောင်းလဲခြင်း မရှိသော်လည်း ထျန်းယာဓားကို ဆုပ်ကိုင်ထားသော သူမ၏ ဖြူလွလွ လက်ချောင်းလေးများမှာမူ တဖြည်းဖြည်း တင်းကြပ်လာခဲ့သည်။

“ဂိုဏ်းတူမောင်လေးကျန်း...”

သူမက အလွန်တိုးညင်းစွာ ခေါ်လိုက်လေသည်။

ပြန်လာခဲ့ပါ...

နံနက်ခင်း လေညင်းထဲတွင် လွင့်မျောလာသော ထိုစကားလုံးလေးလုံးသည် သူ့ကို လွှမ်းခြုံသွားကာ ကျောက်ခဲတစ်လုံးကဲ့သို့ သူ၏ နှလုံးသားထဲသို့ တစ်ခုပြီးတစ်ခု တိုးဝင်သွားလေတော့သည်။

ကွေ့လိသည် အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်၏။ လက်စွပ်အတွင်းမှ အေးစက်လှသော ဝိညာဉ်ဝါးမျိုတုတ်သည် သစ္စာရှိသော သူငယ်ချင်းတစ်ယောက်ကဲ့သို့ သူ့ကို တစ်ကြိမ်တစ်ခါမျှ စွန့်ခွာမသွားခဲ့ချေ။

အချိန်အတော်ကြာပြီးနောက်တွင်မူ...

သူ မျက်လုံးဖွင့်လိုက်သည့်အခါတွင် အပြုံးဖျော့ဖျော့တစ်ခု ရှိနေကာ အေးအေးဆေးဆေးပင် ပြောလိုက်သည်။

“ဒီနာမည်ကို ကျုပ် မသုံးဖြစ်တာ တော်တော်ကြာပြီ...”

လုရွှယ်ချီ၏ နှုတ်ခမ်းများ တုန်ယင်သွားကာ ခေါင်းကို ဖြည်းညင်းစွာ မော့ကြည့်လိုက်သော်လည်း နောက်ဆုံးတွင်မူ စကားများကို မပြောဖြစ်တော့ဘဲ တိတ်ဆိတ်သွားလေသည်။

သူတို့နှစ်ဦးမှာ ထိုသို့ ရပ်နေကြသော်လည်း သူတို့ကြားမှ အကွာအဝေးမှာမူ ပို၍ ဝေးကွာသွားေလသည်။

နံနက်ခင်း နေရောင်ခြည်သည် ထိုအနှိုင်းမဲ့ အလှပိုင်ရှင် မိန်းမလှလေး၏ မျက်နှာပေါ်သို့ ကျရောက်နေကာ သူမ၏ အလှတရားမှာ ဝိညာဉ်ကိုပင် ဖမ်းစားနိုင်လောက်သည်။

ဝေဝါးနေသော မြူများပင်လျှင် သူမ၏ အလှတွင် နစ်မျောနေသကဲ့သို့ သူမ၏ ဘေးနားတွင် ဝိုင်းရံနေကြ၏။

ထိုအချိန်တွင် သူမ၏ မျက်နှာမှာ မြူများကြား၌ ဝေဝါးသွားလေသည်။

လုရွှယ်ချီသည် မည်သည့်စကားမျှ မဆိုတော့ဘဲ လှည့်ထွက်သွားကာ မြူများ ရှိရာသို့ လျှောက်သွားလေသည်။ သူမ၏ နောက်တွင်မူ ထိုအမျိုးသားကို ချန်ရစ်ထားခဲ့၏။

သူမ၏ ပုံရိပ်မှာ မြူများကြားတွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေချိန်၌ သူမ၏ နောက်ကွယ်မှ ထိုအမျိုးသား၏ အသံကို ကြားလိုက်ရသည်။

“မင်း ငါ့ကို သတ်မှာလား...”

သူမ၏ ပုံရိပ်သည် အဖြူရောင်မြူများကြားထဲသို့ တိုးဝင်ပျောက်ကွယ်သွားချေပြီ။ သူမ၏ မျက်ဝန်းများ၊ အမူအရာနှင့် ခန္ဓာကိုယ်ကို မည်သူမျှ မမြင်နိုင်တော့ချေ။

တိတ်ဆိတ်နေသော နံနက်ခင်း၌ အချိန်အတော်ကြာပြီးနောက်တွင်မူ မြူများကြားမှ သူမ၏ အသံ လွင့်ပျံလာသည်။

“သတ်မှာပေါ့... ဒါကြောင့် ရှင် ကျွန်မကို သတ်ဖို့ အခွင့်အရေး ရတဲ့အခါတိုင်း လုံးဝလက်တွန့်မနေပါနဲ့...”

ကောင်းကင်မှာ လုံးဝ လင်းပွင့်သွားပြီ ဖြစ်သော်လည်း မြူများကြားတွင် လျှောက်လှမ်းနေရသည်မှာ မှောင်မည်းနေဆဲ ဖြစ်သည်ဟု ခံစားရစေသည်။

ဤနေရာရှိ မြူများမှာ အခြားနေရာများထက် ပို၍ ထူထပ်လှကာ အမြင်အာရုံကိုလည်း ကန့်သတ်ထားပေသည်။

ကွေ့လိသည် တောအုပ်အတွင်း လျှောက်လှမ်းနေရင်းဖြင့် မြူခိုးများအပြင် အခြားအရာများကိုလည်း သတိထားမိလာသည်။ သူသည် တောအုပ်အတွင်း၌ပင် ရှိနေဆဲ ဖြစ်သော်လည်း အပြင်ဘက်နှင့်မူ များစွာကွဲပြားနေသည်။

မြူများကြားမှ မြင်တွေ့နေရသော မြင့်မားလှသော သစ်ပင်ကြီးများမှလွဲ၍ အပြင်ဘက် တောအုပ်တွင် တွေ့ရလေ့ရှိသော ဆူးပင်များနှင့် ချုံပုတ်များမှာ အလွန်ပင် နည်းပါးလှ၏။ မြူများ ထူထပ်လွန်းသဖြင့် နေရောင်ခြည် မရရှိသောကြောင့် ဖြစ်နိုင်ပေသည်။

သို့သော် အံ့ဩစရာအကောင်းဆုံးအချက်မှာ သေမင်းနွံတောအတွင်း၌ ပေါများလှသော အဆိပ်ရှိသော ပိုးမွှားများ၊ ကြမ်းတမ်းသော သားရဲများ၊ ထူးဆန်းသော အပင်များနှင့် ပန်းများမှာ ရုတ်တရက် ပျောက်ကွယ်သွားခြင်းပင် ဖြစ်သည်။

ကွေ့လိသည် ဤတောအုပ်အတွင်း၌ တစ်နာရီခန့် လျှောက်လှမ်းခဲ့သော်လည်း အဆိပ်ရှိသော ပိုးမွှားတစ်ကောင်တစ်လေမျှပင် မတွေ့ရှိခဲ့ရချေ။

ဤနေရာ၌ မည်သည့်သက်ရှိသတ္တဝါမျှ မရှိသကဲ့သို့ပင် ဖြစ်ပြီး လေးလံထိုင်းမှိုင်းသော သေခြင်းတရား အငွေ့အသက်များသာ ကြီးစိုးနေ၏။

ကွေ့လိသည် မျက်မှောင်ကြုတ်ကာ ရှေ့သို့ ဆက်လျှောက်သွားလေသည်။ သူ၏ ပခုံးပေါ်မှ ရှောင်ဟွေ့သည်လည်း ငြိမ်သက်သွားကာ သူ၏ အင်္ကျီကို တင်းတင်းဆုပ်ကိုင်ထားသော်လည်း ၎င်း၏ စူးရှသော မျက်လုံးများကမူ ပတ်ဝန်းကျင်ကို အမြဲမပြတ် ကြည့်ရှုနေပေသည်။

ချုံပုတ်များနှင့် အနှောင့်အယှက်ပေးမည့် အဆိပ်ရှိ သတ္တဝါများ မရှိသဖြင့် ခရီးသွားရသည်မှာ သိသိသာသာပင် ခရီးတွင်နေသည်။ ၎င်းမှာ နွံတောအတွင်းပိုင်းသို့ ရောက်ရှိလာကတည်းက ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

လုရွှယ်ချီသည် သူ့ထက် အရင် မြူများကြားထဲသို့ ဝင်သွားခဲ့ခြင်း ဖြစ်သည်။ ကွေ့လိသည် သူမ၏ နောက်မှ အချိန်အတော်ကြာအောင် စောင့်ဆိုင်းပြီးမှ ဝင်လာခဲ့ခြင်း ဖြစ်ရာ ယခုအချိန်တွင် လုရွှယ်ချီ မည်သည့်နေရာသို့ ရောက်နေသည်ကိုမူ မသိနိုင်ချေ။

သူသည် တောအုပ်အတွင်း လျှောက်လှမ်းနေရင်း တစ်ဖက်မှ ထူးခြားသော လှုပ်ရှားမှုများကို သတိထားနေသော်လည်း သူ၏ စိတ်ထဲတွင်မူ ထိုအဖြူရောင်ဝတ်စုံနှင့် မိန်းကလေး၏ ပုံရိပ်ကိုသာ မသိစိတ်က တမ်းတနေမိ၏။

“ပြန်လာခဲ့ပါ...”

ကွေ့လိသည် သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်သည်။

ချင်းယွင်တောင်၊ တာ့ကျူးတောင်ထိပ်၊ ဝတ်ပြုဆောင်၊ ခြံဝန်းငယ်လေး၊ ဝါးတော...

သူ၏ နှုတ်ခမ်းများ တွန့်ကွေးသွားကာ နာကျင်ဖွယ် အပြုံးတစ်ခု ပေါ်လာပြီးနောက် သူက ဆိုလိုက်သည်။

“ငါ ပြန်သွားလို့ မရတော့ဘူး မဟုတ်လား ရှောင်ဟွေ့...”

ရှောင်ဟွေ့မှာ အသံနှစ်ချက်မျှ ထွက်ပေါ်လာသော်လည်း ၎င်းမှာ ဘာကို ဆိုလိုသည်ကိုမူ မည်သူမျှ မသိနိုင်ချေ။

ကွေ့လိသည် ရှောင်ဟွေ့ကို အသာအယာ ပုတ်လိုက်ပြီးနောက် စိတ်ကို ပြန်လည် စုစည်းကာ ခပ်သွက်သွက်ပင် မြူများကြားထဲသို့ တိုးဝင်သွားလေတော့သည်။

နောက်ထပ် တစ်နာရီခန့် လျှောက်လှမ်းပြီးနောက်တွင် တောအုပ်အတွင်းမှ သစ်ပင်များမှာ ပို၍ကြီးမားလာကာ နောက်ဆုံးတွင် လူနှစ်ဦး ဖက်စာခန့်အထိ ရှိလာခဲ့သည်။ ကွေ့လိသည် ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း စိတ်ထဲမှ ကြိတ်၍ အံ့ဩနေမိ၏။

လွန်ခဲ့သော ဆယ်နှစ်အတွင်း ချင်းယွင်တောင် တိုက်ပွဲ၏ ရိုက်ခတ်မှုနှင့် သူ၏ ဝိညာဉ်ဝါးမျိုတုတ်နှင့် သွေးသန့်စင်ပုတီးတို့၏ လွှမ်းမိုးမှုကြောင့် သူ၏ စိတ်နေစိတ်ထားမှာ ရက်စက်ကြမ်းကြုတ်လာခဲ့သော်လည်း သရဲဘုရင်ထံမှ အခြားသော ဗဟုသုတများကိုလည်း သင်ယူခဲ့ရသည်။

ယနေ့ခေတ် သရဲဘုရင်မှာ ထူးချွန်ထက်မြက်လှသော ပါရမီရှင်တစ်ဦး ဖြစ်ပြီး သူ၏ ပညာရပ်များမှာလည်း အလွန်မြင့်မားလှကာ ဗဟုသုတလည်း ကြွယ်ဝလှသူ ဖြစ်သည်။

ပိယောင်ကြောင့် သရဲဘုရင်သည် သူ့ကို မိသားစုဝင်တစ်ဦးကဲ့သို့ ဆက်ဆံကာ သင်ကြားပြသပေးခဲ့သည်။

ထို့ကြောင့် ယခုအချိန်တွင် ကွေ့လိသည် ကျင့်စဉ်များတွင်သာမက ဗဟုသုတနှင့် အတွေ့အကြုံများတွင်လည်း ဟိုယခင်က အပြစ်ကင်းစင်သော ချင်းယွင်ဂိုဏ်း တပည့်လေးထက် များစွာ သာလွန်နေခဲ့ပြီ ဖြစ်သည်။

ယခုအခါ သူသည် ဤတောအုပ်အတွင်းရှိ ဧရာမသစ်ပင်ကြီးများကို ကြည့်ရှုနေမိ၏။

အမှန်တကယ်တွင် ဤသစ်ပင်များမှာ ရှားပါးသော အမျိုးအစားများ မဟုတ်ဘဲ ဝက်သစ်ချပင်၊ မေပယ်ပင်စသည်တို့သာ ဖြစ်ကြပြီး သေမင်းနွံတော အပြင်ဘက် တောင်တန်းများတွင်လည်း ပေါများလှသည်။

သို့သော် ထူးဆန်းသည်မှာ ဤနေရာရှိ သစ်ပင်များမှာ ပုံမှန်ထက် ပို၍ကြီးမားနေခြင်းပင်။ ပုံမှန် သစ်ပင်များ၏ အရွယ်အစားမှာ ဤသစ်ပင်များ၏ တစ်ဝက်ခန့်သာ ရှိကြပေသည်။

ပို၍ ထူးဆန်းသည်မှာ ဤမျှ သစ်ပင်ကြီးများ ရှိနေသော နေရာ၌ သက်ရှိသတ္တဝါ တစ်ကောင်တစ်လေမျှ မရှိဘဲ မြူများသာ ကြီးစိုးနေခြင်းပင် ဖြစ်သည်။

မြေပြင်ပေါ်တွင်လည်း သစ်ပင်ကြီးများ၏ အမြစ် အချို့မှလွဲ၍ အခြားအပင်ငယ်များပင် မပေါက်ရောက်ဘဲ ဝါကျင့်ကျင့် မြေသားများသာ ရှိနေလေသည်။

All Chapters