← Chapters

အခန်း ၂၁၆

Vol. 22 Ch. 216

အခန်း ၂၁၆

Vol. 22 Ch. 216

အခန်း (၂၁၆) - မိတ်ဆွေဟောင်းတို့၏ သံယောဇဉ် (၃)

ခွေးရိုင်းတာအိုဆရာမှာ ထိတ်လန့်သွားပြီး သတိပြန်ဝင်လာပုံရသော်လည်း သူ၏ မျက်နှာပေါ်မှ ကြောက်ရွံ့မှုများမှာ ပျောက်ကွယ်မသွားသေးချေ။ သူက သူ့ဘေးရှိ ရှောင်ဟွမ်ကို ကြည့်ကာ ထစ်ထစ်ငေါ့ငေါ့ဖြင့် မေးလိုက်သည်။

“မင်း သူ့ကို မသိဘူးလား”

ရှောင်ဟွမ်က ခေါင်းညိတ်ပြပြီး ဆိုလေသည်။

“ဟုတ်တယ်လေ။ ဒါ သူ့ကို ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ။ ဒါပေမဲ့ သမီးရဲ့ ဖိုးဖိုးကတော့ သူ့ကို သိတဲ့ပုံပဲ။ ဒါနဲ့ တာအိုဆရာက သူ့ကို သိလား။ သူက ဘယ်သူလဲ”

ခွေးရိုင်းတာအိုဆရာ၏ နှုတ်ခမ်းများ လှုပ်ရှားသွားပြီး တစ်စုံတစ်ခု ပြောချင်ပုံရသော်လည်း ရုတ်တရက် တိတ်သွားကာ ရှေ့မှ သက်လတ်ပိုင်းအမျိုးသားကိုသာ ဆက်လက် စိုက်ကြည့်နေပြန်သည်။

ရှောင်ဟွမ်မှာ မျက်မှောင်ကြုတ်လိုက်ပြီး ခွေးရိုင်းတာအိုဆရာ၏ အမူအရာမှာ တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားရ၏။ ကြောက်ရွံ့မှုများအပြင် ယခုအခါ ဒေါသအချို့လည်း ပါဝင်နေပုံရပေသည်။

ကျိုးယိရှန်နှင့် ထိုသက်လတ်ပိုင်း အမျိုးသားတို့မှာ ဘေးချင်းယှဉ်လျက် ရှေးဟောင်းလမ်းဘေးတွင် ရပ်နေကြပြီး မြက်ရိုင်းတောပြင်ကြီးဆီသို့ မျှော်ကြည့်နေကြ၏။

လေပြေညှင်းတစ်ချက် တိုက်ခတ်သွားရာ သူ၏ နဖူးဘေးရှိ ဆံပင်ဖြူများမှာ နှစ်ကာလများစွာနှင့် ဘဝ၏ အခက်အခဲများကို ဖော်ပြနေပုံရပေသည်။

“ငါတို့ မတွေ့ဖြစ်တာ တော်တော်ကြာပြီနော်”

ထိုအမျိုးသားက ရုတ်တရက် တည်ငြိမ်စွာ ပြောလိုက်၏။

ကျိုးယိရှန်က အဝေးသို့ မျှော်ကြည့်လိုက်ရာ သူ၏ မျက်နှာတွင် ခံစားချက်မျိုးစုံ ရောပြွမ်းနေပြီး အတန်ကြာမှ ဆိုလေသည်။

“ဆယ်စုနှစ် အနည်းငယ်လောက် ရှိမယ် ထင်တယ်”

ထိုသူက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး မေးလိုက်၏။

“ခင်ဗျား နေကောင်းရဲ့လား”

ကျိုးယိရှန်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖြေလိုက်လေသည်။

“လောကအနှံ့ လှည့်လည်သွားလာနေတာပဲ။ ဘဝဆိုတာ ကစားပွဲတစ်ခုလိုပါပဲ။ ကောင်းတယ် ဆိုးတယ်လို့တော့ ပြောလို့မရပါဘူး”

ထိုသူမှာ တစ်စုံတစ်ခုကို ခံစားလိုက်ရပုံရပြီး ကျိုးယိရှန်ဘက်သို့ လှည့်ကာ ကြည့်ရင်း ပြောလိုက်၏။

“မင်း ငါ့ကို စိတ်နာနေတုန်းပဲလား”

ကျိုးယိရှန်က ခါးသီးစွာ ရယ်မောလိုက်ပြီး ခေါင်းခါကာ ဆိုလေသည်။

“မင်းက ငါ့အပေါ် အမှားလုပ်ခဲ့တာမှ မဟုတ်တာ။ ငါက ဘာလို့ မင်းကို စိတ်နာရမှာလဲ”

ထိုသူက ပြုံး၍ ဆို၏။

“အမှန်တော့ မင်းရဲ့ အခြေအနေကလည်း မဆိုးပါဘူး။ စိတ်ကို လွှတ်ထားပြီး လောကကြီးကို ခံစားနေတာပဲ။ စဉ်းစားကြည့်ရင် ဒါကလည်း နတ်ဘုရားတစ်ပါးရဲ့ နေထိုင်မှုပုံစံပဲ မဟုတ်လား။ မင်းရဲ့ နာမည်ထဲက ‘နတ်ဘုရား’ ဆိုတဲ့ စကားလုံးကိုလည်း အရှက်မရစေပါဘူး”

ကျိုးယိရှန်က သူ့ကို ကြည့်ပြီး ရုတ်တရက် ပြောလိုက်လေသည်။

“မင်းသာ ငါ့လို နေချင်တယ်ဆိုရင် ဒါက ဘာခက်လို့လဲ၊ မိတ်ဆွေဟောင်းကြီး”

ထိုသူမှာ ကျိုးယိရှန်က ‘မိတ်ဆွေဟောင်းကြီး’ ဟူသော စကားလုံးကို သုံးလိုက်သဖြင့် အံ့အားသင့်သွားသော်လည်း ထို့နောက် ပြုံးလိုက်ကာ အဝေးသို့ မျှော်ကြည့်ရင်း ဖြည်းညှင်းစွာ ဆိုလေသည်။

“ကျုပ်က ခင်ဗျားနဲ့ မတူဘူးလေ”

ကျိုးယိရှန်က တည်ငြိမ်စွာ ဆို၏။

“မင်းက ငါနဲ့ မတူတာ သဘာဝပါပဲ။ မင်းက ငယ်ငယ်ကတည်းက အာဏာကို တောင်းတခဲ့တာလေ။ အခုအချိန်အထိလည်း အဲဒါကို မစွန့်လွှတ်နိုင်သေးဘူး ထင်တယ်”

ထိုသူမှာ မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ မျက်ဝန်းအိမ် အတွင်းပိုင်းတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွား၏။ သူ့ကို ဤသို့ စကားပြောဝံ့သူ တစ်ဦးမျှ မရှိခဲ့ဖူးပေ။

သို့သော် သူ ကျိုးယိရှန်ဘက်သို့ လှည့်ကြည့်လိုက်သောအခါ ဆံပင်များ အားလုံး ဖြူဖွေးနေပြီး သူ့ထက်ပင် အိုမင်းနေသော ကျိုးယိရှန်ကို မြင်တွေ့ရသဖြင့် သူ၏ ဒေါသများမှာ ရုတ်ချည်း ပျောက်ကွယ်သွားလေသည်။

“ခင်ဗျား ဘာလို့ ဒီလောက်တောင် အိုစာသွားရတာလဲ”

ကျိုးယိရှန်က ခေါင်းခါရင်း ဆိုလေသည်။

“ငါကသာမန်လူလေ အိုနေပါပြီ။ ဒါပေမဲ့ မင်းကတော့ ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီးတော့ အမှန်ဆိုရင်...”

သူ ခဏမျှ ဝေခွဲမရဖြစ်သွားပြီး နောက်ဆုံးတွင် ဆိုလိုက်၏။

“မင်း သမီးလေးရဲ့ ကိစ္စကို ငါ ကြားပြီးပြီ။ မင်း...”

ထိုသူ၏ မျက်နှာမှာ ညှိုးငယ်သွားပြီး ခေါင်းခါကာ ကျိုးယိရှန်၏ စကားကို ဖြတ်ပြောလိုက်လေသည်။

“အဲဒီတုန်းက ကျုပ်တို့ ငယ်သေးတဲ့အချိန်၊ ခင်ဗျား ဟွမ်ဟူတောင်အောက်မှာ ကျုပ်အတွက် ဗေဒင်ဟောပေးခဲ့တာ မှတ်မိသေးလား”

ကျိုးယိရှန်မှာ ကြောင်သွား၏။

ထိုသူက ခေါင်းမော့၍ ကောင်းကင်ကို ကြည့်ကာ ဖြည်းညှင်းစွာ ဆိုလေသည်။

“ကျုပ် အဲဒါကို သေချာ မှတ်မိနေသေးတယ်။ ခင်ဗျားက အရမ်းတက်ကြွနေပြီး ကျုပ်ကို အားလုံး ပွင့်ပွင့်လင်းလင်း ပြောခဲ့တာ”

“ကျုပ်ဘဝမှာ သေမင်းအရှိန်အဝါက အရမ်းပြင်းထန်နေပြီး အဲဒါက ကျုပ်ရဲ့ ဇနီးနဲ့ သားသမီးတွေကို ကျိန်စာသင့်စေလိမ့်မယ်လို့ ခင်ဗျား ပြောခဲ့တယ်။”

“အဲဒါကို ဖြေရှင်းဖို့ နည်းလမ်းမရှိရင် ကျုပ်ရဲ့ သက်လတ်ပိုင်းအရွယ်မှာ ဇနီးကို ဆုံးရှုံးရပြီး သားသမီးလည်း မကျန်ဘူးလို့ ခင်ဗျား ပြောခဲ့တာပဲ။ အခုတော့ အဲဒါတွေက တစ်ခုပြီးတစ်ခု တကယ်ဖြစ်လာခဲ့ပြီ”

သူ ပြောနေရင်း သူ၏ အသံမှာ တဖြည်းဖြည်း ခြောက်ကပ်လာလေသည်။

ကျိုးယိရှန်မှာ ခေါင်းငုံ့သွားပြီး အတန်ကြာမှ ရုတ်တရက် ခေါင်းမော့ကာ အခိုင်အမာ ပြောလိုက်၏။

“အခုတော့ ငါတို့ နှစ်ယောက်လုံး သင်္ချိုင်းထဲ ရောက်ဖို့ ခြေတဖက်လှမ်းနေပြီဆိုတော့ ငါ မင်းကို အမှန်အတိုင်း ပြောစရာ ရှိတယ်”

ထိုသူက သံသယဖြင့် ဆို၏။

“ပြောပါဦး”

ကျိုးယိရှန်က သူ့ကို စိုက်ကြည့်ကာ ဆိုလိုက်လေသည်။

“အဲဒီတုန်းက ငါ အဲဒီစကားတွေ ပြောခဲ့တာက မင်းကို လိမ်ညာဖို့အတွက် လျှောက်ပြောခဲ့တာတွေပဲ။ ငါက ဒီဗေဒင်ဟောတဲ့ ကိစ္စတွေကို အမြဲတမ်းစိတ်မရှည်ခဲ့ဘူး၊ အဲဒါကို သင်ယူဖို့ ဘယ်လို စိတ်ရှည်ပါ့မလဲ”

“ပြီးတော့ အဲဒီဗေဒင်ပညာက အရာတစ်ခုကို ဖော်ပြနေပေမဲ့ ငါက ဘယ်လို နားလည်ပါ့မလဲ။ အဲဒီစကားတွေ ပြောခဲ့တာက မင်းကိုကြည့်မရလို့ ငါက မကျေနပ်တာနဲ့ တမင်သက်သက် ပြောလိုက်တာပဲ။ အဲဒါကို စိတ်ထဲမှာ အရမ်းကြီး မထားပါနဲ့တော့”

ထိုသူ၏ ခန္ဓာကိုယ်မှာ တုန်ခါသွား၏။ ကျိုးယိရှန်ထံမှ ဤသို့သော စကားမျိုးကို သူ လုံးဝမျှော်လင့်မထားခဲ့ချေ။ အတန်ကြာမှ သူသည် ရုတ်တရက် ခေါင်းခါကာ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

သူ၏ ရယ်သံမှာ ကြည်လင်ပြတ်သားနေပြီး ရယ်လွန်းသဖြင့် ကိုယ်ပင် ကိုင်းသွားရ၏။ သူ၏ ကနဦး ခန့်ညားထည်ဝါသော အရှိန်အဝါများမှာ ပျောက်ကွယ်သွားပြီး လွတ်လပ်ပေါ့ပါးသော အမူအရာက အစားထိုးဝင်ရောက်လာလေသည်။

အဝေးတွင် ရှိနေသော ရှောင်ဟွမ်နှင့် ခွေးရိုင်းတာအိုဆရာတို့မှာ အံ့အားသင့်စွာ စိုက်ကြည့်နေကြ၏။

အတန်ကြာမှ ထိုသူက ရယ်မောခြင်းကို တဖြည်းဖြည်း ရပ်လိုက်ပြီး သူ၏ မျက်နှာမှာ တည်ငြိမ်ကာ ခန့်ညားသော အသွင်အပြင်သို့ ပြန်လည် ရောက်ရှိသွားသော်လည်း သူ၏ မျက်ဝန်းများထဲမှ နာကျင်မှုများမှာမူ ပိုမို တိုးပွားလာေလသည်။

ကျိုးယိရှန်က သူ့ကို တိတ်ဆိတ်စွာ ကြည့်နေ၏။

သူတို့နှစ်ဦး ဘေးချင်းယှဉ်လျက် ခေတ္တမျှ ရပ်နေကြပြီးနောက် ကျိုးယိရှန်က တည်ငြိမ်စွာ မေးလိုက်သည်။

“မင်း ဒီကို ဘာလို့လာတာလဲ”

ထိုသူက သူ့ကို ကြည့်ကာ ဆို၏။

“ခင်ဗျားက အမြဲတမ်း ထက်မြက်တယ်လို့ ပြောနေတာပဲ မဟုတ်လား။ ခင်ဗျား ဘယ်လို ထင်သလဲ”

ကျိုးယိရှန်က နှာခေါင်းရှုံ့ကာ ဆိုလေသည်။

“မင်း သေမင်းနွံတောထဲကို သွားဖို့ ကြံနေတာလား”

ထိုသူက အေးအေးလူလူ ဆို၏။

“မှန်တယ်။ ငါ အဲဒီကို သွားမလို့ပဲ။ ဘာလဲ၊ ခင်ဗျားရော လိုက်ကြည့်ချင်လို့လား၊ မိတ်ဆွေကြီး”

ကျိုးယိရှန်က ခပ်မဲ့မဲ့ ပြုံးကာ ဆိုလေသည်။

“မင်းရဲ့ နာမည်ဆိုးက အရမ်းကြီးလွန်းတယ်။ ငါ မင်းနဲ့အတူ သွားရင် လူတွေက ထူးဆန်းတယ်လို့ ထင်ကြလိမ့်မယ်။ ငါ မင်းနဲ့ ဝေးဝေးမှာပဲ နေတာ ပိုကောင်းပါတယ်”

ထိုသူက ကျိုးယိရှန်ကို ကြည့်ကာ ရုတ်တရက် မရည်ရွယ်ဘဲ ရယ်မောလိုက်ပြီး ဆို၏။

“လောကအဆုံးသတ်က ရှေးဟောင်းလမ်းမပေါ်မှာ မိတ်ဆွေဟောင်းတစ်ယောက်ကို တွေ့ရတာကလည်း ရေစက်တစ်ခုပါပဲ။ ဒီနေ့ တွေ့ရပေမဲ့ နောင်တစ်ချိန်မှာ ဘယ်တော့ ပြန်တွေ့ဦးမလဲဆိုတာ မသိနိုင်ဘူး။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ”

ကျိုးယိရှန်က နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။

“ငါက ကောင်းကောင်း နေနေတာပဲ၊ သေဖို့လည်း စိတ်ကူးမရှိဘူး။ အဲဒီအစား မင်းကသာ ဟွမ်ဟူတောင်ပေါ်က မြေခွေးတွေထက် ရန်သူတွေ ပိုများနေတာ၊ ကိုယ့်ကိုယ်ကိုယ်သာ ဂရူစိုက်ပါ”

ရှောင်ဟွမ်သည် လမ်းဘေးတွင် အတန်ကြာအောင် စောင့်ဆိုင်းနေပြီးနောက် ရုတ်တရက် သူမ၏ အဘိုးနှင့် ထိုလူတို့ အတူတူ လျှောက်လာသည်ကို မြင်တွေ့ရသဖြင့် အမြန်ပင် သွားရောက် ကြိုဆိုကာ ကျိုးယိရှန်၏ ဘေးတွင် လျှောက်လာလေသည်။

ထိုလူလတ်ပိုင်း အမျိုးသားက ရှောင်ဟွမ်ကို ကြည့်လိုက်ပြီးနောက် နောက်တွင် ရှိနေသော ခွေးရိုင်းတာအိုဆရာကို ကြည့်လိုက်၏။

ခွေးရိုင်းတာအိုဆရာ၏ မျက်နှာမှာ ပြောင်းလဲသွားပြီး သူက ဖြည်းညှင်းစွာ ခေါင်းငုံ့လိုက်လေသည်။

ထိုသူက သူ့ကို ခေတ္တမျှ ကြည့်နေပြီးနောက် ရုတ်တရက် မေးလိုက်၏။

“မင်းက ကွေ့လိရဲ့နောက်လိုက် ခွေးရိုင်းတာအိုဆရာ မဟုတ်လား”

ခွေးရိုင်းတာအိုဆရာ၏ မျက်နှာပေါ်မှ ကြောက်ရွံ့မှုများမှာ ပိုမို နက်ရှိုင်းသွားပြီး ခဏမျှ ဝေခွဲမရဖြစ်နေကာ တိုးညင်းသော အသံဖြင့် ပြန်ပြောလိုက်၏။

“ဟုတ်ပါတယ်”

ရှောင်ဟွမ်မှာ ကျိုးယိရှန်၏ ဘေးတွင် ရပ်နေရင်း ကျိုးယိရှန်ကို တီးတိုးကပ်ကာ မေးလိုက်မိသည်။

“ဖိုးဖိုး၊ သူက ဘယ်သူလဲ”

ကျိုးယိရှန် မဖြေနိုင်မီမှာပင် ထိုအမျိုးသားက တိုးညင်းသော အသံကိုပင် ကြားလိုက်ပုံရပြီး လှည့်ကြည့်ကာ ပြုံး၍ ဆိုလေသည်။

“ဘာလို့လဲ၊ မင်း သမီးလေးက ငါ့ကို မသိဘူးလား”

ရှောင်ဟွမ်မှာ အံ့အားသင့်သွားပြီး ဝေခွဲမရဖြစ်ကာ ခေါင်းခါပြလိုက်၏။

ထိုသူက ပြုံး၍ ဆိုလေသည်။

“ငါ့ကို ဝမ့်ရန်ဝမ်လို့ပဲ ခေါ်ပါ”

ရှောင်ဟွမ်မှာ ကြောင်သွားတေယ့သည်။

ထိုသူက ကျိုးယိရှန်ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီးနောက် ရုတ်တရက် သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းကာ လှည့်ထွက်သွားလေသည်။

သူသည် နောက်သို့ လုံးဝ လှည့်မကြည့်တော့ချေ။ သူ လျှောက်သွားသော အမူအရာတွင် မာန်မာနများမှာ တဖြည်းဖြည်း ထွက်ပေါ်နေ၏။

သူ့နောက်တွင် ကျန်ရစ်ခဲ့သူများမှာ သူသည် ရှေးဟောင်းလမ်းမတစ်လျှောက် သေမင်းနွံတောဆီသို့ လျှောက်သွားသည်ကို မြင်တွေ့နေရပြီး ထိုလူက ကျယ်လောင်စွာ သီချင်းဆိုနေသည်ကို ရုတ်တရက် ကြားလိုက်ရလေသည်။

“လောကအဆုံးသတ်ဆီသို့ သွားသောလမ်းသည် အစဉ်အမြဲ ဝေးကွာလှ၏။ ချစ်သူတို့၏ အတွေးသည်လည်း အစဉ်အမြဲ မိုက်မဲလှ၏။ ရှစ်ထောင်သော ရှီအကွာအဝေးရှိ ကောင်းကင်နှင့် ပင်လယ်အောက်တွင် လူသားအားလုံးသည် တွားသွားနေကြရသည်။ ကြယ်တာရာပေါင်းသောင်းခြောက်ထောင်နှင့် လပြည့်ဝန်းသည် လင်းလက်နေသော်လည်း ကောင်းကင်ကြီးမှာမူ ဆီးနှင်းကဲ့သို့ အေးစက်လှ၏။ သတ္တဝါအားလုံးသည် မြက်ပင်များကဲ့သို့ ဖြစ်နေသည်မှာ ရယ်ဖွယ်ကောင်းလှပေစွ။ မိုးကိုရွာစေသူကား မည်သူနည်း၊ တိမ်ကိုဖြစ်စေသူကား မည်သူနည်း...”

ထိုအသံမှာ ခပ်ကြမ်းကြမ်း ဖြစ်ပြီး နားဝင်ချိုသာသော အသံမျိုး မဟုတ်သော်လည်း ထိုသီချင်းသံတွင် အထီးကျန်ဆန်မှုများကြားမှ အားမာန်အချို့ ပါဝင်နေပုံရပေသည်။

ကောင်းကင်ကြီးအောက်တွင် ရှေးဟောင်းလမ်းမပေါ်၌ လွင့်မျောနေသော တိမ်တိုက်များနှင့် ဆိတ်ငြိမ်သော မြက်ရိုင်းတောကြီးအတွင်း ထိုသူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ လျှောက်လှမ်းသွားပုံမှာ ဖော်ပြ၍မရနိုင်သော ခေါင်းမာပြီး ခန့်ညားသော စရိုက်ကို ပေါ်လွင်နေစေ၏။

သီချင်းသံမှာ တဖြည်းဖြည်း တိုးသွားပြီး ထိုသူသည်လည်း အဝေးသို့ ရောက်ရှိသွားလေပြီ။

All Chapters