← Chapters

အခန်း ၄၇၂

Vol. 48 Ch. 472

အခန်း ၄၇၂

Vol. 48 Ch. 472

အခန်း (၄၇၂)

" လွီမိသားစုက သခင်မလေးနှစ်ယောက် ဖွက်လာပြီ။ " လျိုကျိ၏ ဘေးမှ လူတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

လူအများ၏ အကြည့်က တစ်နေရာထဲတွင် စုပြုံသွားသည်။ အနက်ရောင်နှင့် အနီရောင်ဂါဝန်ရှည်များကို ဝတ်ဆင်ထားသော မိန်းကလေးနှစ်ယောက်က အစေခံအချို့နှင့်အတူ လမ်းဘေးတွင် စောင့်ဆိုင်းနေကြသည်။

" ဧကရာဇ်ရဲ့ ယာဉ်တန်း ရောက်လာပြီ။ " လူတိုင်း၏ အကြည့်က မြို့တံခါးဆီသို့ ရောက်သွားကြသည်။

" မမ ဒဏ္ဍာရီလာ ဝူအန်းကျွင်းက ကိုယ်တိုင်လိုက်လာမယ်ထင်လား။ " လွီညီအမနှစ်ယောက်မှ အငယ်​မလေးက သိလိုစိတ်ဖြင့် မေးလိုက်သည်။

" သူပေါ်လာမှာသေချာတယ်။ ဝူအန်းကျွင်းက ကမ္ဘာကြီးကို စုစည်းပေးခဲ့တဲ့ သူရဲကောင်းပဲ။ သူသာ ထိုက်တောင်ကို မသွားဘူးဆိုရင် ဒီခရီးစဉ်က ဘာတန်ဖိုးရှိတော့မှာလဲ။ " လွီအမက ပြုံး၍ ပြောလိုက်သည်။

" မမ ငါပြောတာက ဝူအန်းကျွင်းကို မြင်တွေ့နိုင်မလားလို့ပါ။ သူက ရထားလုံးထဲမှာဆို သူ့ကို မမြင်ရတော့ဘူးမဟုတ်လား။ " လီညီမက ပြန်ပြောလိုက်သည်။

" မြင်နိုင်ဖို့ မျှော်လင့်ရတာပဲ။ " လီအမကလည်း မျှော်လင့်ချက်များနှင့် ပြည့်နှက်နေသည်။

သူတို့နှစ်ယောက်က ကျောက်ဖုန်းကို အလွန်လေးစားကြသည်မှာ ထင်ရှားသည်။ ကမ္ဘာပေါ်မှ အမျိုးသမီးတိုင်းက ကျောက်ဖုန်းကို လေးစားကြပေလိမ့်မည်။

" ဧကရာဇ်မင်းမြတ်ကို ကြိုဆိုပါတယ်။ " မြို့ပြင်တွင် နန်းတွင်းကိုယ်ရံတော်များ ပေါ်လာသည်နှင့် မြို့ထဲမှ ခရိုင်စစ်သည်များအားလုံး​က ဦးညွှတ်လိုက်ကြသည်။

ပတ်ဝန်းကျင်မှ ပြည်သူများကလည်း ဒူးထောက်ပြီး ဦးညွှတ်လိုက်ကြသည်။ ဘွဲ့ထူးရှိသူများက ဒူးထောက်စရာမလိုဘဲ ဘွဲ့ထူးမရှိသူများက ဒူးထောက်ရမည်ဖြစ်သည်။

" ဧကရာဇ်မင်းမြတ်ကို ကြိုဆိုပါတယ်။ " လမ်းဘေးနှစ်ဖက်မှ လူများစွာက ဒူးထောက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

ထိုအသံနှင့်အတူ မြင်းကိုးကောင်ဆွဲရထားလုံးတစ်စီးက ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ ရထားလုံး၏ ရှေ့တွင် နန်းတွင်းကိုယ်ရံတော်များနှင့်အတူ ကျောက်ဖုန်းက မြင်းစီး၍ လိုက်လာသည်။

" စစ်ရွှေခရိုင် လျိုပန်း အခုဘယ်လိုနေလဲမသိဘူး။ သမိုင်းဝန် ဟန်ကောင်းဇူ အခု ငါရှိနေတဲ့အတွက် အနာဂတ်က မင်းပိုင်မှာ မဟုတ်တော့ဘူး။ " ကျောက်ဖုန်းက စိတ်ထဲမှ ပြုံးလိုက်သည်။

" မမ မြန်မြန်ကြည့်။ အဲ့ဒါ ဝူအန်းကျွင်းထင်တယ်။ " ဒူးထောက်နေသော လွီညီမက ကျောက်ဖုန်းကို ငေးကြည့်နေသည်။

" ဒါက ချင်နိုင်ငံရဲ့ ဝူအန်းကျွင်းဖြစ်မှာ သေချာတယ်။ သူက ကောလဟာလအတိုင်း ငယ်ရွယ်ပြီး ချောမောတယ်။ ဒီလိုလူနဲ့သာ လက်ထပ်ရရင် တကယ်ကောင်းမှာပဲ။ " လီအမက စိတ်အားထက်သန်စွာ ပြောလိုက်သည်။

" မမ စိတ်ကူးကတော့ ကောင်းပါတယ်။ ဒါပေမယ့် အဲ့ဒါက မဖြစ်နိုင်သလောက်ပါပဲ။ " လွီညီမက စိတ်ပျက်စွာ ပြောလိုက်သည်။

ဒူးထောက်နေသော လျိုကျိက စစ်သည်များကို ကြည့်ရင်း သူ၏ မျက်လုံးများထဲတွင် စိတ်အားထက်သန်မှုများ ပေါ်လာသည်။

" ယောကျာ်းဆိုတာ ဒီလိုဖြစ်နေရမယ်။ " လျိုကျိက ရည်မှန်းချက်များနှင့် ရေရွတ်လိုက်သည်။

သူ၏ စကားပြောလိုက်သောအချိန်တွင် ကျောက်ဖုန်း၏ မျက်ခုံးများက တွန့်သွားပြီး သူ၏ အကြည့်က လျိုကျိဆီသို့ ရောက်သွားသည်။ ကျောက်ဖုန်း၏ စူးရှသော အကြည့်ကို ခံစားမိသောအခါ လျိုကျိက ကြောက်စရာကောင်းသော နတ်ဘုရားတစ်ပါးကို ကြည့်နေရသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားသည်။

" ယောကျာ်းဆိုတာ ဒီလိုမျိုးဖြစ်နေရမယ်။ မင်းက ငါ့ရှေ့မှာ ဘာမှမဟုတ်ပေမယ့် ကံကြမ္မာသားတော် ဟုတ်မဟုတ် ငါ မသေချာဘူး။ မင်းကို ရှင်းထုတ်လိုက်တာက အနာဂတ်မှာ ပြဿနာတွေ လျော့နည်းသွားလိမ့်မယ်။ " ကျောက်ဖုန်းက စိတ်ထဲမှ ရေရွတ်လိုက်သည်။

" ယင်ပု ယာဉ်တန်းဖြတ်သွားပြီးရင် ငါကြည့်လိုက်တဲ့သူကို ဖမ်းပြီး ယန်ထင်ကို ခေါ်လာခဲ့။ တားဆီးရင် တစ်ခါတည်းသတ်ပစ်လိုက်။ " ကျောက်ဖုန်းက နတ်ဘုရားအာရုံကို သုံးပြီး ယင်ပုကို ညွှန်ကြားလိုက်သည်။

အရိပ်ထဲမှ ယင်ပုက ရိုသေစွာ ဦးညွှတ်လိုက်သည်။ " အမိန့်အတိုင်းပါ။ "

ယင်ပုက ကျောက်ဖုန်း၏ အကြည့်နောက်ကို လိုက်ပြီး လျိုကျိ၏ ပုံစံကို မှတ်သားထားလိုက်သည်။

ကျောက်ဖုန်း၏ အကြည့် ပြန်ရုတ်သိမ်းသွားသည်နှင့် လျိုကျိက ချွေးပြန်သွားသည်။

" ကြောက်စရာကောင်းတဲ့လူပဲ။ " လျိုကျိက ထိတ်လန့်စွာ တွေးလိုက်သည်။

ယာဉ်တန်းက ဆက်လက်ရွေ့လျားသွားပြီး စစ်ရွှေခရိုင်မှ လျင်မြန်စွာ ထွက်ခွာသွားသည်။ ယာဉ်တန်းထွက်သွားသည်နှင့် ဒူးထောက်နေသူများက ထရပ်လိုက်ကြသည်။

ထိုက်တောင်။

ထိုင်တောင်ထိပ်ဆီသို့ ဖောက်လုပ်ထားသော လမ်းကြောင်းတစ်ခု ရှိနေသည်။ တောင်ထိပ်တွင် ယဇ်ပလ္လင်တစ်ခု တည်ဆောက်ထားသည်။ ထိုက်တောင်ထိပ်က တိမ်များကို ထိုးဖောက်ပြီး မြင့်မားစွာ ရပ်တည်နေသည်။ လမ်းဘေးနှစ်ဖက်တွင် နန်းတွင်းကိုယ်ရံတော်များက စောင့်ကြပ်နေကြသည်။

ထိုက်တောင်ထိပ်။

ဝန်ကြီးများနှင့် အရာရှိများအားလုံးက ယဇ်ပလ္လင်ရှေ့တွင် ရပ်နေကြသည်။ ရှန်းယန်မှ ဝန်ကြီးများသာမက နယ်မြေအသီးသီးမှ အရာရှိများလည်း ရောက်ရှိနေကြသည်။ ရင်ကျန့်၏ သားသမီးအားလုံးလည်း ရောက်နေကြသည်။

" မင်္ဂလာအချိန် ကျရောက်လာပါပြီ။ ဧကရာဇ်မင်းမြတ် ပလ္လင်ပေါ်တက်ပြီး ပူဇော်ပါ။ ကောင်းကင်နဲ့မြေကြီးကို သက်သေပြုပါ။ " ဟန်ဖေးက ကျယ်လောင်စွာ ကြေညာလိုက်သည်။

အားလုံး၏ အကြည့်အောက်တွင် ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ပြီး သရဖူဆောင်းကာ ခါးတွင် ဓားကို ချိတ်ဆွဲထားသော ရင်ကျန့်က ယဇ်ပလ္လင်ဆီသို့ တက်သွားသည်။ ယဇ်ပလ္လင်က တိမ်များထက်တွင် တည်ရှိနေပြီး ယဇ်ပလ္လင်ပေါ်သို့ ရောက်သောအခါ ရင်ကျန့်က လှည့်လိုက်ပြီး အောက်သို့ ကြည့်လိုက်သည်။

" ဧကရာဇ်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ။ ချင်နိုင်ငံ ထာဝရတည်တံ့ပါစေ။ " ဝန်ကြီးများအားလုံးက ဦးညွှတ်လိုက်ကြသည်။

" အားလုံးထကြပါ။ " ရင်ကျန့်က လက်ဝှေ့ရမ်းလိုက်သည်။

လူအားလုံးက ခေါင်းမော့ပြီး ပလ္လင်ပေါ်မှ ရင်ကျန့်ကို ကြည့်နေကြသည်။

" ထိုက်တောင်အခမ်းအနား ပထမဆုံးဧကရာဇ်ကိုယ်တိုင် ကြွရောက်လာတယ်။ " ကျောက်ဖုန်းက ရင်ကျန့်ကို ကြည့်ပြီး ခံစားချက်များနှင့် ပြည့်နှက်နေသည်။

" ငါ ကျောက်မျိုးနွယ်ရဲ့ ရင်ကျန့်က ဘိုးဘေးတွေရဲ့ ဆန္ဒအတိုင်း ဟွာရှကို စုစည်းခဲ့တယ်။ ဒီနေ့ ထိုက်တောင်ပူဇော်ပွဲနဲ့ ကောင်းကင်ကို သက်သေပြုတယ်။ " ရင်ကျန့်က အော်ဟစ်လိုက်သည်။

" ကောင်းကင်နဲ့မြေကြီးကို ပူဇော်ပါ။ ကောင်းကင်ဘုံက သက်သေပြုပါစေ။ " ဟန်ဖေးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဝုန်း ဝုန်း...

ရုတ်တရက် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး ကောင်းကင်ဘုံက ဤအချိန်အခါကို သက်သေခံနေသကဲ့သို့ ဖြစ်နေသည်။

" ငါက ကမ္ဘာကို အုပ်စိုးပြီး ပထမဆုံးဧကရာဇ်ဖြစ်လာတယ်။ ငါက ချင်ရှီဟွမ်ဖြစ်တယ်။ " ရင်ကျန့်က လက်များဆန့်ပြီး အာဏာအပြည့်ဖြင့် ပြောလိုက်သည်။

" ပထမဆုံးဧကရာဇ်ကို ကြိုဆိုပါတယ်။ " ထိုင်တောင်ထိပ်မှ လူအားလုံးက ဦးညွှတ်လိုက်ကြသည်။

" လွန်ခဲ့တဲ့ နှစ်လက ငါပြောခဲ့တယ်။ ထိုင်တောင်အခမ်းအနားမှာ မိဖုရားနဲ့ အိမ်ရှေ့စံကို ခန့်အပ်မယ်။ ဒီနေ့ကို ငါ စောင့်နေခဲ့တာ နှစ်ပေါင်း ၂၉ နှစ်ရှိပြီ။ " ရင်ကျန့်၏ အသံထဲတွင် လွမ်ဆွတ်မှုများ ပါဝင်နေသည်။

" ငါ့ဇနီးက ဘယ်သူလဲ၊ ငါ့သားက ဘယ်သူလဲဆိုတာ ဒီနေ့ ငါမင်းတို့ကို ပြောပြမယ်။ " ရင်ကျန့်က ရယ်မောလိုက်သည်။

" အာဖန်း နှစ်တွေကြာပြီးတဲ့နောက်မှာ နောက်ဆုံးတော့ မင်းကို ငါ့ဘေးနားကို ပြန်ခေါ်လာနိုင်ခဲ့ပြီ။ " ရင်ကျန့်၏ အကြည့်က လှပသော အမျိုးသမီးတစ်ယောက်ပေါ်သို့ ကျရောက်သွားသည်။

ရှတုန်အာ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး လူတိုင်း၏ အကြည့်က ရှတုန်အာပေါ်သို့ ကျရောက်သွားသည်။

" ဒါက ဝူအန်းကျွင်းရဲ့ မိခင်မဟုတ်လား။ "

" ဝူအန်းကျွင်းက အရှင်မင်းကြီးရဲ့ သားတော်ဖြစ်နေတာလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "

အရာရှိများအားလုံးက မှင်သက်သွားကြသည်။ ရှတုန်အာက ရှန်းယန်သို့ ပြန်ရောက်လာပြီးနောက် ဘယ်သူနှင့်မှ မတွေ့ဆုံဘဲ သူမ၏ မိသားစုနှင့်သာ နေထိုင်ခဲ့သည်။

" ကျောက်ဖုန်းက ခမည်းတော်ရဲ့သားလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " ဟူဟိုက်က မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်ဖြစ်နေသည်။

" သူက အကိုကြီးလား။ " ဖုစုကလည်း ကျောက်ဖုန်းကို တုန်လှုပ်စွာ ကြည့်နေသည်။

ကျောက်ဖုန်းကတော့ လုံးဝမှင်သက်နေခဲ့သည်။ ၎င်းက သူတစ်ခါမှ မကြုံတွေ့ဖူးသော မှင်သက်ခြင်းမျိုးဖြစ်သည်။ ရင်ကျန့်၏ အကြည့်များက သူ၏ မိခင်ပေါ်တွင်သာ ရှိနေခဲ့သည်။

" ချင်ရှီဟွမ်က တစ်ခုခုမှားနေတာလား။ ငါ့အမေက ဘယ်လိုလုပ် ချင်ရှီဟွမ်ရဲ့ ငယ်ချစ်ဦးဖြစ်နေတာလဲ။ ဒါက လုံးဝမဖြစ်နိုင်တာပဲ။ " ကျောက်ဖုန်းက လုံးဝ အံ့အားသင့်နေပြီး မယုံကြည်နိုင်ဖြစ်နေသည်။

ကျောက်ဖုန်း၏ ဘေးတွင် ကျောက်ရင်ကလည်း အလွန်အံ့အားသင့်နေသည်။

" အစ်ကို ဘာတွေဖြစ်နေတာလဲ။ ဧကရာဇ်မင်းမြတ်က ဘာလို့ အမေ့ကို ကြည့်နေတာလဲ။ လူမှားနေတာဖြစ်နိုင်တယ်မဟုတ်လား။ " ကျောက်ရင်က ထိတ်လန့်စွာဖြင့် ပြောလိုက်သည်။

ကျောက်ဖုန်း၏ ဇနီးများကလည်း အလွန်အံ့အားသင့်နေကြပြီး နားမလည်နိုင်စွာဖြင့် ကြည့်နေကြသည်။ သို့သော် သူတို့၏ ခင်ပွန်းက ဘာမှမပြောသောကြောင့် သူတို့ကလည်း ဘာမှမပြောကြပေ။

" အာဖန်း ပလ္လင်ပေါ်တက်ခဲ့ပါ။ ငါ ဒီနေ့အတွက် နှစ်ပေါင်းသုံးဆယ်နီးပါး စောင့်ခဲ့ရတယ်။ ငါ မင်းတို့အပေါ် အကြွေးတွေ တင်နေပြီ။ ငါ ပြန်ပေးဆပ်ရမယ်။ အခု ငါ မင်းတို့ကို ကာကွယ်ပေးနိုင်မယ့် စွမ်းအားရှိလာပြီ။ လာခဲ့ပါ။ " ရင်ကျန့်က လက်ဆန့်ပြီး ရှတုန်အာကို ခေါ်လိုက်သည်။

" အမေ ဒါ တကယ်ပဲလား။ " ကျောက်ဖုန်းက လှည့်ပြီး သူ့အမေကို ကြည့်လိုက်သည်။

" ဟုတ်တယ်။ ဖုန်းအာ၊ ရင်အာ သူက မင်းတို့ရဲ့ ဖခင်ပဲ။ " ရှတုန်အာက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။

" ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " ကျောက်ဖုန်းက ထိတ်လန့်သွားသည်။

" ငါက ဘယ်လိုလုပ် ချင်ရှီဟွမ်ရဲ့ သားဖြစ်နေတာလဲ။ သမိုင်းပြင်ပမှတ်တမ်းတွေမှာ ရေးထားတဲ့ အာဖန်က ငါ့အမေလား။ ဒါကြီးက မလွန်လွန်းဘူးလား။ " ကျောက်ဖုန်းက အံ့အားသင့်သွားပြီး သူ၏ အမေကို ငေးကြည့်နေခဲ့သည်။

All Chapters