← Chapters

အခန်း ၄၇၄

Vol. 48 Ch. 474

အခန်း ၄၇၄

Vol. 48 Ch. 474

အခန်း (၄၇၄)

" ဝန်ကြီးတို့ မင်းတို့ မြင်ကြရဲ့လား။ ကျောက်ဖုန်းက ငါ့ရဲ့ သားတော်ပဲ။ ချင်နိုင်ငံရဲ့ အကြီးဆုံးမင်းသားဖြစ်တယ်။ " ရင်ကျန့်က ဝန်ကြီးများအားလုံးကို ကြည့်ပြီး ပြောလိုက်သည်။

" အကြီးဆုံးမင်းသယးကို ဂါရဝပြုပါတယ်။ " ဝန်ကြီးအားလုံးက ကေ​ောက်ဖုန်းကို ဦးညွှတ်လိုက်ကြသည်။

ကျောက်ဖုန်းအပေါ် မကျေနပ်ချက်များရှိသော မျိုးဆက်ဟောင်းဝန်ကြီးများကလည်း ကျောက်ဖုန်းကို ဦးညွှတ်လိုက်ကြသည်။

ထိုအချိန်တွင် ကျောက်ဖုန်းက စိတ်ရှုပ်ထွေးနေဆဲ ဖြစ်သည်။ သူက ချင်နိုင်ငံ၏ အကြီးဆုံးမင်းသား ဖြစ်လာပြီး အိမ်ရှေ့စံဖြစ်ရန်လည်း နီးကပ်နေပြီဖြစ်သည်။ ထိုအချက်က ကျောက်ဖုန်းကို နားလည်ရခက်ခဲစေသည်။

" သွေးစစ်ဆေးခြင်းတစ်ခုတည်းနဲ့ မလုံလောက်ဘူး။ " ကျောက်ဖုန်းက နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ပြီး မြေကြီးပေါ်သို့ ကျသွားသော ရင်ကျန့်၏ သွေးတစ်စက်ကို သိုလှောင်နေရာထဲသို့ သိမ်းဆည်းလိုက်သည်။

" အခု မိဖုရားခေါင်ကြီးကို သတ်မှတ်ပြီးပြီဆိုတော့ အိမ်ရှေ့စံမင်းသားကို ခန့်အပ်မယ်။ ထိုက်တောင်ထိပ်မှာ ငါ့ရဲ့ အကြီးဆုံးသားတော် ကျောက်ဖုန်းကို ချင်နိုင်ငံရဲ့ အိမ်ရှေ့စံအဖြစ် အမိန့်ထုတ်ပြန်လိုက်တယ်။ စစ်ရေးနဲ့ အုပ်ချုပ်ရေးကို ကွပ်ကဲပြီး ငါနဲ့အတူ နိုင်ငံကို အုပ်စိုးစေမယ်။ " ရင်ကျန့်က ကျယ်လောင်စွာ ကြေညာလိုက်သည်။

ထိုကြေညာချက်ကို ဝန်ကြီးများက အံ့အားသင့်ခြင်းမရှိကြပေ။ ကျောက်ဖုန်းအပေါ် ရင်ကျန့်၏ မျက်နှာသာပေးမှု၊ အကြီးဆုံးသားဟူသော ဂုဏ်ပုဒ်နှင့် ကျောက်ဖုန်း၏ အရည်အချင်းများကို ကြည့်လျှင် သူမှလွဲ၍ ဘယ်သူမှ အိမ်ရှေ့စံမဖြစ်နိုင်ပေ။

" ဧကရာဇ်မင်းမြတ်က ဝူအန်းကျွင်းကို တကယ်အလေးထားတာပဲ။ အိမ်ရှေ့စံဆိုတာ နိုင်ငံတော်ကိစ္စရပ်တွေကို စီမံနိုင်ပေမယ့် သူက နိုင်ငံကို အတူ မအုပ်ချုပ်နိုင်ဘူးလေ။ ဝူအန်းကျွင်းကတော့ အိမ်ရှေ့စံဖြစ်လာတာနဲ့ စစ်ရေးနဲ့အုပ်ချုပ်ရေးကို ကွပ်ကဲနိုင်ပြီး နိုင်ငံကို အုပ်ချုပ်နိုင်တယ်။ "

" ဝူအန်းကျွင်းက အနာဂတ်မှာ ဧကရာဇ်ဖြစ်လာမှာ သေချာတယ်။ "

" မင်းတို့ ဘာလို့အိမ်ရှေ့စံကို ဂါရဝမပြုသေးတာလဲ။ " ပတ်ဝန်းကျင်မှ အံ့အားသင့်နေသူများကို ကြည့်ရင် ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။ " တောင်ထိပ်ပေါ်မှ လူတိုင်းက ကျောက်ဖုန်းကို ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။

" အခမ်းအနားတွေ မလိုပါဘူး။ ထကြပါ။ " ကျောက်ဖုန်းက မတတ်သာတော့ဘဲ ပြောလိုက်ရသည်။

" အိမ်ရှေ့စံမင်းသားကို ကျေးဇူးတင်ပါတယ်။ " လူတိုင်းက တစ်ညီတစ်ညွှတ်တည်း အော်ဟစ်လိုက်ကြသည်။

" ရင်အာ " ရင်ကျန့်၏ အကြည့်က ကျောက်ရင်ဆီသို့ ရောက်သွားသည်။

ကျောက်ရင်က စိုးရိမ်တကြီး ရှေ့တိုးလာသည်။ ရင်ကျန့်က ကျောက်ရင်၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

" ခမည်းတော် မင်းတို့ကို တောင်းပန်ပါတယ်။ မင်းတို့ရဲ့ အမေကို ကောင်းကောင်းမစောင့်ရှောက်နိုင်ခဲ့လို့ ဒီနှစ်တွေမှာ မင်းတို့ ပင်ပန်းခဲ့ရတယ်။ " ရင်ကျန့်က နူးညံ့စွာ ပြောလိုက်သည်။

ထိုစကားများကို ကြားသောအခါ ကျောက်ရင်က မျက်ရည်များ ဝဲလာသည်။ ကျောက်ဖုန်းနှင့် နှိုင်းယှဉ်လျှင် သူမက မိန်းကလေးဖြစ်သောကြောင့် ခံစားရလွယ်သည်။

" ဘာလို့ ငိုနေတာလဲ။ စိတ်ချပါ ခမည်တော်က မင်းတို့ကို ကောင်းကောင်းပေးဆပ်သွားပါမယ်။ ဘယ်သူမှ မင်းတို့ကို နောက်ထပ်အနိုင်ကျင့်မှာ မဟုတ်တော့ဘူး။ " ရင်ကျန့်က နွေးထွေးစွာ ပြောလိုက်သည်။

" လူအိုကြီး မင်းဒါကို အစကတည်းက ဒါကို သိနေတာပေါ့။ " မုန့်ဝူက ဝမ်ကျန့်ကို ကြည့်လိုက်သည်။

" မင်းလည်း အခြားအဖွဲ့တွေကို မပါဝင်ခဲ့ရင် အစကတည်းက သိရမှာပဲ။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" မင်းက သိနေတာလား။ " မုန့်ဝူက ထိတ်လန့်သွားပြီး ဟွမ်ယိကို ကြည့်လိုက်သည်။

" အိမ်ရှေ့စံ ချီနိုင်ငံကို ထွက်ခွာသွားတော့ ဧကရာဇ်မင်းမြတ်က အဖွဲ့အစည်းတွေမှာ မပါဝင်တဲ့လူတွေကို ခေါ်ပြီး အိမ်ရှေ့စံမင်းသားရဲ့ အထောက်အထားကို ပြောပြခဲ့တယ်။ ဧကရာဇ်မင်းမြတ်က ကမ္ဘာကြီးကို စုစည်းပြီးမှ ဒီအကြောင်းကို ကြေညာမယ်လို့ ပြောခဲ့တာပဲ။ " ဟွမ်ယိက ပြောလိုက်သည်။

" မင်းက အရင်တစ်ယောက်ယောက်ကို ထောက်ခံခဲ့ပေမယ့် နောက်ပိုင်းမှာ လမ်းခွဲခဲ့တာပဲ။ မင်းသာ ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားကို တောင်းပန်ရင် ဘာပြဿနာမှ ရှိလာမှာ မဟုတ်ပါဘူး။ " ဝမ်ကျန့်က မုန့်ဝူကို ပြောလိုက်သည်။

" ဒိလိုပဲ မျှော်လင့်ရမှာပဲ။ " မုန့်ဝူက ခါးသီးစွာ ပြုံးလိုက်သည်။

" ဘုရားရေ အရှင်က ဧကရာဇ်ရဲ့ အကြီးဆုံးသား ချင်နိုင်ငံရဲ့ အိမ်ရှေ့စံဖြစ်နေတာပဲ။ ဒါက တကယ်ကို အံ့ဩစရာပဲ။ " ကျန်းဟန်က တုဆွေကို ပြောလိုက်သည်။

" ဒါက တကယ်ကို မမျှော်လင့်ထားတာပဲ။ အရှင်ရဲ့ ရည်ရွယ်ချက်က အနာဂတ်ကမ္ဘာကြီးပဲ။ ဒီအတွက် အရှင်က အများကြီး စီစဉ်ထားခဲ့တာ။ ဒါပေမယ့် အခုတော့ အရှင်ရဲ့ အစီအစဉ်တွေ မလိုတော့ဘူးထင်တယ်။ ကမ္ဘာကြီးက သူ့လက်ထဲ ရောက်လာပြီ။ " တုဆွေက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

" အရှင်နောက်ကို လိုက်ခွင့်ရခဲ့တာ ငါတို့ တကယ်ကံကောင်းတာပဲ။ " ကျန်းဟန်က ထပ်တူခံစားလိုက်ရသည်။

ရင်ကျန့်က သူ၏ မြေးနှစ်ယောက်ကို ကြည့်လိုက်သည်။

" ချီအာ၊ လင်းအာ ငါက မင်းတို့ရဲ့ တကယ်အဘိုးဖြစ်သွားပြီ။ "

" အဘိုး " ကျောက်ချီနှင့် ကျောက်လင်းတို့က ချိုသာစွာ ပြောလိုက်ကြသည်။ ယခု သူတို့က ၁၁ နှစ်နီးပါး ရှိနေပြီဖြစ်သည်။ သူတို့က ငယ်င်ကတည်းက ထိုကဲ့သို့ ခေါ်ခဲ့ခြင်းဖြစ်သည်။

" ဟားဟား ကောင်းတယ်။ " ရင်ကျန့်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

" ဖုန်းအာ၊ ရင်အာ သူက တကယ် မင်းတို့အဖေပဲ။ တစ်ချိန်က အမေ ရှန်းယန်က ထွက်ပြေးလာပြီး ရှရွာကို ရောက်ခဲ့တာပဲ။ " ရှတုန်အာက ရှေ့တိုးပြီး ပြောလိုက်သည်။

" အမေ ကျွန်တော်ကို အချိန်ပေးပါဦး။ ဒီနေ့ အဖြစ်အပျက်တွေက အရမ်းများလွန်းတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အင်းပါ။ " ရှတုန်အာက ခေါင်းညိမ့်လိုက်သည်။ သူမ သား၏ စိတ်ကို သူမနားလည်သည်။ ငယ်ငယ်ကတည်းက သူတို့၏ အဖေက စစ်ပွဲတွင် ကျဆုံးခဲ့သည်ဟု ပြောခဲ့သည်။ ကျောက်ဖုန်းနှင့် ကျောက်ရင်တို့က ဖခင်မရှိသော နေ့ရက်များကို ကျင့်သားရနေပြီဖြစ်သည်။ ငယ်ငယ်ကတည်းက အဖေဟူသော စကားလုံးကို တစ်ခါမှမပြောခဲ့ရပေ။ သူတို့က ရုတ်တရက် လက်ခံနိုင်ကြမည်မဟုတ်ပေ။

" ဖုန်းအာ၊ ရင်အာ ခမည်းတော်က ဒီနေ့ကစပြီး မင်းတို့ကို ကောင်းကောင်းဆက်ဆံပါမယ်။ " ရင်ကျန့်က နွေးထွေးစွာ ပြုံး၍ ပြောလိုက်သည်။

ထိုက်တောင်အခမ်းအနားက ပြီးဆုံးသွားခဲ့သည်။ ထိုက်တောင်ထိပ်သို့ ရောက်ခဲ့​သူများအတွက် အကျိုးသက်ရောက်မှုက ကြီးမားလှသည်။ လာမည့်ရက်များတွင် ချင်နိုင်ငံက ကြီးမားစွာ ပြောင်းလဲသွားပေလိမ့်မည်။ ဟန်ဖေးကဲ့သို့ ကျောက်ဖုန်းနှင့် ရင်းနှီးသူများက အနာဂတ်တွင် ပို၍ အကျိုးရှိမည်ဖြစ်ပြီး ဟွိုက်ကျွမ်းနှင့် အခြားသူများအတွက် သူတို့၏ ဘဝက စိုးရိမ်မှုများနှင့် ပြည့်နှက်သွားခဲ့သည်။

ထိုက်တောင်အောက်ရှိ ကျောက်ဖုန်း၏ ရထားလုံးထဲတွင် ကျောက်ဖုန်းက ဝမ်ယန်တို့နှင့်အတူ ထိုင်နေသည်။ ကျောက်ချီ၊ ကျောက်လင်းနှင့် ကျောက်ဝူတို့ကတော့ သူတို့ အဘိုးနှင့် လိုက်သွားကြသည်။

" ယောကျာ်း ဒါကို လက်မခံနိုင်ဘူးလား။ " ဝမ်ယန်က သူမခင်ပွန်း၏ မျက်နှာကို ကြည့်ပြီး မေးလိုက်သည်။

" လက်မခံနိုင်တာ မဟုတ်ပါဘူး။ အတည်ပြုနေတာ။ " ကျောက်ဖုန်းက ပြောလိုက်ပြီး သူ၏ လက်ဝါးကို ဖြန့်လိုက်သည်။ ရင်ကျန့်၏ သွေးတစ်စက်က သူ၏ လက်ဝါးထဲတွင် ပေါ်လာပြီး သူ၏ လက်ချောင်းထိပ်ကိုလည်း ကိုက်ဖောက်လိုက်သည်။

" သိုင်းတာအို သွေးရင်းမြစ်ရှာဖွေခြင်း။ " ကျောက်ဖုန်းက ပြောလိုက်သည်။ ယွမ်စွမ်းအားများ ထွက်ပေါ်လာပြီး အမှတ်အသားတစ်ခုကို ဖန်တီးလိုက်သည်။ သွေးနှစ်စက်က တုန်ခါသွားပြီး ကျောက်ဖုန်း၏ သွေးစက်က ရင်ကျန့်၏ သွေးနှင့် တိုက်ရိုက်ရောနှောသွားသည်။

ထိုမြင်ကွင်းကို မြင်သောအခါ ကျောက်ဖုန်းက ခါးသီးစွာ ပြုံးလိုက်သည်။

" ဒါက တကယ် ချင်ရှီဟွမ်ပဲ။ သူက ငါ့အဖေပဲ။ အော် ကောင်းကင်ဘုံရေ မင်းက ငါ့ကို တကယ်ကစားလိုက်တာပဲ။ ဒါဆို အနာဂတ်မှာ ငါက ချင်အာရှီဖြစ်လာမှာပေါ့။ အဲ့ဒီဘွဲ့ကိုတော့ သိပ်သဘောမကျဘူး။ ဒါပေမယ့် ဒါက ငါ့အတွက် မကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။ အမေအတွက်ဆို ပိုတောင်ကောင်းသေးတယ်။ အမေက ငါတို့ကို တစ်ယောက်တည်း ဒုက္ခခံပြီး ပျိုးထောင်ခဲ့တာ။ အခုတော့ သူမအတွက် အားကိုးရမယ့် ခင်ပွန်းရှိလာပြီ။ ဒါက တကယ်ကောင်းတဲ့အရာပဲ။ "

" ကျောက်ဖုန်း ကျောက်ဆိုတဲ့ နာမည်က မျိုးရိုးနာမည်မဟုတ်ဘူး။ ကျောက်မျိုးနွယ်စုပဲ။ ငါတို့က ကျောက်ရဲ့ ရင်မျိုးရိုးပဲ။ ငါက ကျောက်ရဲ့ ရင်ဖုန်း၊ ရင်အာက ကျောက်ရဲ့ ရင်ရင်ပဲ။ ဟူး.... ချင်ရှီဟွမ်က ငါ့အဖေ အနာဂတ်မှာ သူ့ကို ရင်ဆိုင်ဖို့က တကယ်ထူးဆန်းနေတယ်။ သူ ငါ့ကို အလိုလိုက်ခဲ့တာက ဒါကြောင့်ပဲ။ " ကျောက်ဖုန်းက အတွေးထဲတွင် နစ်မြှုပ်နေခဲ့သည်။

လမ်းခရီးက တိတ်ဆိတ်နေခဲ့သည်။ သို့သော် ထိုက်တောင်အခမ်းအနား၊ မိဖုရားခေါင်ကြီး တင်မြှောက်ခြင်းနှင့် အိမ်ရှေ့စံခန့်အပ်ခြင်း သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ချင်နိုင်ငံတစ်ခုလုံးတွင် မိဖုရားခေါင်ကြီးနှင့် အိမ်ရှေ့စံမင်းသားတို့၏ အကြောင်းများက လူတိုင်းအတွက် ဆွေးနွေးစရာဖြစ်နေခဲ့သည်။

ဟန်နယ်မြေ၏ တောအုပ်တစ်ခုထဲတွင်။

" မင်းတို့ သတင်းရပြီးပြီလား။ သတင်းကတော့ ငါတို့အတွက် မကောင်းဘူး။ "

အဝတ်ကြမ်းများကို ဝတ်ဆင်ထားသော လူဆယ်ယောက်ကျော်က စုဝေးနေကြသည်။

" သတင်းက တစ်ကမ္ဘာလုံး ပျံ့နေတာ ဘယ်လိုလုပ်မသိဘဲနေမလဲ။ အဲ့ဒီကျောက်ဖုန်းက ချင်ရှီဟွမ်ရဲ့ သားဖြစ်နေတယ်။ ပြီးတော့ သူက အိမ်ရှေ့စံဖြစ်သွားပြီ။ ချင်ရှီဟွမ်သေသွားပြီး ကျောက်ဖုန်း နန်းတက်လာရင်တောင် ချင်နိုင်ငံက အားနည်းသွားမှာ မဟုတ်တော့ဘူး။ ငါတို့ လက်စားချေဖို့ နိုင်ငံတည်ထောင်ဖို့က မဖြစ်နိုင်တော့ဘူး။ " ရှန်းလျန်က စိတ်ပျက်စွာ ပြောလိုက်သည်။

" ကျောက်ဖုန်းက ရက်စက်တယ်။ ငါမျိုးနွယ်စုက လူသုံးရာကျော်မှာ တစ်ဝက်လောက်ကို သတ်ပစ်ပြီး တစ်ဝက်ကို ကျွန်အဖြစ် ဖမ်းဆီးထားတယ်။ သူသာ ဧကရာဇ်ဖြစ်လာရင် ငါတို့တော့ သေပြီပဲ။ "နိုင်ငံခြောက်ခု၏ အကြွင်းအကျန်များက ထိတ်လန့်စွာ ပြောလိုက်သည်။

" ကျောက်ဖုန်းက တကယ်ရက်စက်တယ်။ ဒါပေမယ့် သူသေသွားရင်ရော။ သူ့အသက်ကို လိုချင်တာ ငါတို့ကြည့်ပဲမဟုတ်ဘူး။ သူ အိမ်ရှေ့စံဖြစ်လာတာ ရင်ကျန့်ရဲ့ အခြားသားတွေကရော လက်ခံနိုင်ပါ့မလား။ " ကျန်းလျန်က ပြောလိုက်သည်။

" ဒါပေမယ့် ငါတို့က ဘာလုပ်နိုင်မှာလဲ။ " ရှန်းလျန်က ပြောလိုက်သည်။

" ငါတို့လုပ်ရမှာက ရှန်းယန်မှာ ကျောက်ဖုန်းကို သေစေချင်နေတဲ့သူတွေကို လှုံ့ဆော်ပေးဖို့ပဲ။ ငါတို့ လှုပ်ရှားလို့မရဘူး။ ရှန်းယန်က အဲ့ဒီလူတွေ ကျောက်ဖုန်းကို သတ်နိုင်ပါစေလို့ မျှော်လင့်ရမှာပဲ။ မဟုတ်ရင် ငါတို့က တစ်သက်လုံး အမှောင်ထဲမှာပဲ ပုန်းအောင်းနေရလိမ့်မယ်။ " နိုင်ငံခြောက်ခု၏ အကြွင်းအကျန်များက စိုးရိမ်စွာ ပြောလိုက်ကြသည်။

All Chapters