← Chapters

အခန်း ၄၇၅

Vol. 48 Ch. 475

အခန်း ၄၇၅

Vol. 48 Ch. 475

အခန်း (၄၇၅)

ရှန်းယန်မြို့တော်။

ထိုက်တောင်မှ ပြန်လာသော ယာဉ်တန်းက မြို့တော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ မြို့ထဲတွင် စစ်တပ်က စောင့်ကြပ်နေပြီး မရေတွက်နိုင်သော ပြည်သူများက စိတ်အားထက်သန်စွာ စောင့်ကြိုနေကြသည်။

ရင်ကျန့်၏ ရထားလုံးက ရှေ့မှ ဝင်ရောက်လာပြီး ကျောက်ဖုန်း၏ ရထားလုံးက နောက်မှ လိုက်ပါလာသည်။

" ဧကရာဇ်မင်းမြတ်ကို ကြိုဆိုပါတယ်။ မိဖုရားခေါင်ကြီးကို ကြိုဆိုပါတယ်။ အိမ်ရှေ့စံမင်းသားကို ကြိုဆိုပါတယ်။ " ရှန်းယန်မြို့သူမြို့သားများက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။ အထူးသဖြင့် အိမ်ရှေ့စံမင်းသားအတွက် အော်ဟစ်ချိန်တွင် သူတို့၏ အသံများက လေးစားမှုများဖြင့် ပြည့်နှက်နေသည်။

" ရပ်လိုက်။ " ရင်ကျန့်က အမိန့်ပေးလိုက်ပြီး တော်ဝင်ရထားလုံးက ရပ်တန့်သွားသည်။

ထို့နောက် ရင်ကျန့်က ရှတုန်အာ၏ လက်ကို ဆွဲပြီး ရထားလုံးထဲမှ ထွက်လာသည်။

" ပြည်သူအားလုံး ထကြပါ။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" ဧကရာဇ်မင်းမြတ်နဲ့ မိဖုရားခေါင်ကြီးကို ကျေးဇူးတင်ပါတယ်။ " ပြည်သူများအားလုံးက ထရပ်လိုက်ကြပြီး ရင်ကျန့်နှင့် ရှတုန်အာကို ကြည့်ကာ အိမ်ရှေ့စံမင်းသားကို ရှာဖွေနေကြသည်။

" ဝူအန်းကျွင်းက အိမ်ရှေ့စံမင်းသားဆိုတော့ ချင်နိုင်ငံရဲ့ အနာဂတ်က ပိုပြီး စည်ပင်ဝပြောလာမှာပါ။ "

" ဝူအန်းကျွင်း အိမ်ရှေ့စံဖြစ်သွားတာ ချင်နိုင်ငံရဲ့ ကံကောင်းမှုပဲ။ "

ပတ်ဝန်းကျင်မှ ပြည်သူများက စိတ်အားထက်သန်စွာဖြင့် အော်ဟစ်နေကြသည်။ ရထားလုံးအတွင်း၌ ပြည်သူများ၏ အသံကို နားထောင်ရင်း ကျောက်ဖုန်း၏ မျက်နှာတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်းတစ်ခု ပေါ်လာသည်။

" ချင်ပြည်သူတွေက ငါ့ကို ဒီလောက်တောင် ယုံကြည်တာလား။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် တွေးလိုက်သည်။

ချင်ပြည်သူများက အရည်အချင်းနှင့် ရဲစွမ်းသတ္တိကို လေးစားကြသည်။ ထို့ကြောင့် အိမ်ရှေ့စံမင်းသား ကျောက်ဖုန်းကို သူတို့က ယုံကြည်ပြီး လေးစားကြသည်။ ထို့အပြင် ကျောက်ဖုန်းက သာမန်စစ်သည်ဘဝမှ အမြင့်ဆုံးအထိ တက်လှမ်းလာခဲ့ခြင်းဖြစ်သည်။

" ယောကျာ်း ဒါက ချင်နိုင်ငံမှာရှိတဲ့ ရှင့်ရဲ့ ဂုဏ်သတင်းပဲ။ အိမ်ရှေ့စံအနေနဲ့ ပြည်သူတွေက ရှင့်ကို အပြည့်အဝ လက်ခံယုံကြည်ကြတယ်။ " ဝမ်ယန်က နူးညံ့စွာ ပြောလိုက်သည်။

" ဖုန်းအာ ပြည်သူတွေရဲ့ အသံကို ကြားရဲ့လား။ အပြင်ထွက်ပြီး သူတို့ကို မတွေ့ချင်ဘူးလား။ " ရင်ကျန့်က အပြင်မှ ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ကျောက်ဖုန်းက ဖြည်းညင်းစွာ ထရပ်ပြီး ရထားလုံးအပြင်ဘက်သို့ ထွက်လိုက်သည်။

" အိမ်ရှေ့စံမင်သားကို ဂါရဝပြုပါတယ်။ " ကျောက်ဖုန်း၏ ပုံရိပ်ကို မြင်လိုက်ရသောအခါ ပြည်သူများက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

" ပြည်သူအားလုံးရဲ့ လေးစားမှုကို ခံရတာ ကျုပ် ကျောက်ဖုန်းအတွက် ကံကောင်းမှုပါပဲ။ ကျုပ် ကျောက်ဖုန်းက တော်ဝင်မျိုးဆက်ဖြစ်ပြီး အိမ်ရှေ့စံအဖြစ် ခန့်အပ်ခံခဲ့ရတယ်။ ဒီနေ့ကစပြီး ကျုပ်ရဲ့တာဝန်က ဟွာရှကို စည်းလုံးစေပြီး ပြည်သူတွေ အေးချမ်းစေဖို့ပဲ။ "

" ကျုပ် ကျောက်ဖုန်းက ကောင်းကင်နဲ့ မြေကြီးရဲ့ နှလုံးသားကို တည်ဆောက်မယ်။ ပြည်သူတွေရဲ့ ကံကြမ္မာကို တာဝန်ယူမယ်။ ရှေးပညာရှိတို့ရဲ့ အမွေအနှစ်ကို ထိန်းသိမ်းမယ်။ ကမ္ဘာတစ်ဝှမ်းလုံး ထာဝရ ငြိမ်းချမ်းတဲ့ ခေတ်ကာလကို ဖန်တီးမယ်။ "

ကျောက်ဖုန်းက လေးနက်သော အမူအရာဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။ ထိုစကားများ ထွက်ပေါ်လာသည်နှင့် ကောင်းကင်ထက်တွင် မိုးခြိမ်းသံတစ်ချက် ထွက်ပေါ်လာပြီး ထိုစကားများကြောင့် ကောင်းကင်နှင့်မြေကြီးပင် တုန်လှုပ်သွားသကဲ့သို့ ဖြစ်သည်။ ထိုစကားများကြောင့် ရှန်းယန်မြို့တစ်ခုလုံးက တိတ်ဆိတ်သွားသည်။

ရင်ကျန့်က ကျောင်ဖုန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ကျောက်ဖုန်းက ထိုစကားမျိုး ပြောလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ရင်ကျန့်သာမက ချင်နိုင်ငံ၏ အရပ်ဘက်နှင့် စစ်ဘက် အရာရှိများအားလုံးကလည်း ထိုစကားကြောင့် တုန်လှုပ်သွားကြသည်။

" အိမ်ရှေ့စံမင်းသား သက်တော်ရာကျော်ရှည်ပါစေ။ ဧကရာဇ်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ။ "

အချိန်အတော်ကြာပြီးနောက် ချင်ပြည်သူများက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။ ပြည်သူများ၏ အားပေးသံများကြားတွင် ယာဉ်တန်းက နန်းတော်သို့ ထွက်ခွာလာခဲ့သည်။

ကျန်းထိုင်နန်းဆောင်။

ပွဲတော်က ပြင်ဆင်ထားပြီဖြစ်ပြီး ရင်ကျန့်နှင့် ရှတုန်အာ၊ ကျောက်ဖုန်းနှင့် ဝမ်ယန်သာမက သူ၏ ကိုယ်လုပ်တော်များလည်း ထိုင်နေကြသည်။

" ဒီနေ့တော့ စကားအများကြီးမပြောတော့ဘူး။ ကောင်းကောင်းစားကြ။ ငါတို့ မိသားစု နောက်ဆုံးတော့ အတူရှိနိုင်ပြီ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်ပြီး သူ၏ အကြည့်က ကျောက်ဖုန်းအပေါ်သို့ ရောက်သွားသည်။

" ဖုန်းအာ ငါက မင်းရဲ့ အဖေဖြစ်တယ်ဆိုတာက မင်းကို တုန်လှုပ်သွားစေမယ်ဆိုတာ ငါသိတယ်။ ဒါပေမယ့် ငါတို့ရဲ့ သွေးသားဆက်နွယ်မှုကို ဘယ်သူမှမပြောင်းလဲနိုင်ဘူး။ မင်း အရမ်းစိုးရိမ်မနေနဲ့။ ငါက မင်းရဲ့အဖေဆိုတာ သိနေရင် လုံလောက်တယ်။ အနာဂတ်မှာ ချင်နိုင်ငံကို ငါ မင်းလက်ထဲ လွှဲပေးမယ်။ ဒါက ငါ့ရဲ့ ကတိပဲ။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။

" ဧကရာဇ်မင်းမြတ်ရဲ့ ကတိကို ကျွန်တော်မျိုး လက်ခံလိုက်ပါမယ်။ ဒါပေမယ့် ဥကရာဇ်မင်းမြတ် သေချာစဉ်းစားဖို့ လိုပါတယ်။ ကျွန်တော်မျိုး ဒီအိမ်ရှေ့စံနေရာကို လက်ခံလိုက်ပြီဆိုရင် ချင်နိုင်ငံရဲ့ ပြောင်းလဲမှုတွေ စတင်တော့မှာပါ။ ဘယ်သူမှ ကျွန်တော်မျိုးကို မတားဆီးနိုင်ဘူး။ အနာဂတ်မှာ ဧကရာဇ်မင်းမြတ် စိတ်ပြောင်းသွားရင် ကျွန်တော်မျိုး လှုပ်ရှားရပါလိမ့်မယ်။ " ကျောက်ဖုန်းက စနောက်ပြီး ပြောလိုက်သည်။

" ငါ စိတ်ပြောင်းတာ မပြောင်းတာကို မင်းဂရုစိုက်စရာမလိုဘူး။ မင်းသင့်တော်သလိုလုပ်ပါ။ ငါက ဘာတားဆီးမှုမှ လုပ်မှာမဟုတ်ဘူး။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ကောင်းပြီ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

" အဲ့ဒီလိုဆိုရင်တော့ အိမ်ရှေ့စံရာထူးကို လက်ခံလိုက်ပါမယ်။ ဒါပေမယ့် အနာဂတ်မှာ ချင်နိုင်ငံက ကျွန်တော်လက်ထဲမှာ ပျက်စီးသွားရင် ကျွန်တော်ကို အပြစ်မတင်ပါနဲ့။ ဘာလို့လဲဆိုတော့ ကျွန်တော်လုပ်မယ့်အရာက ဘယ်ဧကရာဇ်မှ မလုပ်ဖူးတဲ့အရာပဲ။ " ကျောက်ဖုန်း၏ စကားများက အနည်းငယ် ပြောင်းလဲလာပြီး သူက လေးနက်စွာ ပြောလိုက်သည်။

" ထိုက်တောင်ထိပ်မှာ ငါ အားလုံးကို ကြေညာခဲ့ပြီးပြီ။ မင်းက အုပ်ချုပ်ရေးကို ထိန်းချုပ်ရလိမ့်မယ်။ မင်း ဘယ်လိုမူဝါဒကို ကျင့်သုံးပါစေ ငါ အပြည့်အဝ ထောက်ခံတယ်။ " ရင်ကျန့်က ပြောလိုက်သည်။

" ကောင်းပြီ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ရင်ကျန့်ကလည်း ပြုံးလိုက်သည်။ ကျော်ဖုန်းက သူ၏ အကြီးဆုံးသားဖြစ်သလို သူအချစ်ဆုံးသားလည်းဖြစ်သည်။

" ဒီနေ့ ငါတို့ ကောင်းကောင်းသောက်ကြမယ်။ " ရင်ကျန့်က ဝိုင်ခွက်ကို မြှောက်ပြီး ပြောလိုက်သည်။

" ချီအာ လင်းအာ သားတို့မောင်နှမနှစ်ယောက် အဘိုးကို ဂါရဝပြုလိုက်ကြ။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" အဖေ သားတို့က သောက်လို့ရပေမယ့် ညီလေးညီမလေးတို့က သောက်လို့မရဘူး။ " ကျောက်ချီက ပြုံး၍ ပြောလိုက်သည်။

" သူတို့ မ​သောက်နိုင်ရင် သားတို့က ကိုယ်စားသောက်ပေးလိုက်ပေါ့။ အဘိုးကို အရိုအသေပေးကြ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဟုတ်ကဲ့။ " ကျောက်ချီက ဝိုင်ခွက်တစ်ခွကို ကိုင်ပြီး ကလေးငယ်များကို ပြောလိုက်သည်။ " ညီလေးတို့ညီမလေးတို့ အဘိုးကို အရိုအသေပေးကြ။ "

ကျောက်ဖုန်း၏ အငယ်ဆုံး ကလေးများက ယခု အသက်တစ်နှစ်အရွယ်ရှိပြီဖြစ်သည်။ ကျောက်ချီ၏ ဦးဆောင်မှုဖြင့် ကျောက်ဖုန်း၏ ကလေးကိုးယောက်က ရင်ကျန့်နှင့် ရှတုန်အာဆီသို့ လျှောက်သွားကြသည်။

" အဘိုးကို ဂါရဝပြုပါတယ်။ " မြေးကိုးယောက်က ရင်ကျန့်၏ ရှေ့တွင် ဒူးထောက်ပြီး ဦးညွှတ်လိုက်ကြသည်။

" ကောင်းတယ်။ ငါ့မြေးတွေ တိုက်တဲ့ဝိုင်ကို ငါ သောက်ရမှာပေါ့။ " ရင်ကျန့်က ကျေနပ်စွာ ပြုံးလိုက်သည်။

ထိုအချိန်တွင်....

" ဧကရာဇ်မင်းမြတ် သမားတော်ရှ ရောက်လာပါပြီ။ " ကျောက်ကောင်းက ရောက်လာပြီး လေးစားစွာ ပြောလိုက်သည်။

" ကောင်းတယ်။ နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့။ " ရင်ကျန့်က ပြုံးလိုက်သည်။

သမားတော်ရှက ကျန်းထိုင်နန်းဆောင်ထဲသို့ ဝင်လာပြီး မိသားစုတစ်ခုလုံးကို မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားသွားသည်။

" မိသားစုတစ်ခုလုံး နောက်ဆုံးတော့ ပြည့်စုံသွားပြီ။ " သမားတော်ရှက မျက်ရည်များဝဲလာသည်။ ထိုမြင်ကွင်းကို သူ၏ ဘဝတစ်သက်တာလုံးတွင် မြင်တွေ့ရလိမ့်မည်ဟု မထင်မှတ်ထားပေ။

" အဖေ " ရှတုန်အာက ခေါ်လိုက်သည်။

" အင်း " သမားတော်ရှက နူးညံ့စွာ ထူးလိုက်သည်။

" ယောက္ခမကြီး ကျုပ် ယောက္ခမကြီးကို စိတ်မပျက်စေခဲ့ဘူး။ ကျုပ် မိသားစုတစ်ခုလုံးကို ပြန်ခေါ်လာနိုင်ခဲ့ပြီ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ကောင်းတယ် ကောင်းတယ်။ ပြန်ရောက်လာတာကောင်းတယ်။ " သမားတော်ရှက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

" အဘိုး " ကျောက်ဖုန်းက ပြုံး၍ ခေါ်လိုက်သည်။

သမားတော်ရှနှင့် ရင်ကျန့်တို့က သူ၏ မိခင်အား လိုက်ရှာနေသည့်အကြောင်းကို ကျောက်ဖုန်းက သိနေခဲ့သည်။ သို့သော် ရှတုန်အာက ရှန်းယန်သို့ မလာရဲခဲ့ပေ။ နောက်ပိုင်းတွင် သမားတော်ရှက သဲလွန်စများမှတစ်ဆင့် ရှတုန်အာကို ရှာတွေ့သွားသည်။

" အဘိုး " ကျောက်ရင်ကလည်း ခေါ်လိုက်သည်။

" အင်း " ရှဝူချယ်က ပြုံး၍ ပြန်ဖြေလိုက်သည်။

" ယောက္ခမကြီး ထိုင်ပါ။ " ရင်ကျန့်က နေရာဖယ်ပေးပြီး ပြောလိုက်သည်။

" မဖြစ်ဘူး။ ဒါက မသင့်တော်ဘူး။ ဒါက ဧကရာဇ်မင်းမြတ်ရဲ့ နေရာပဲ။ " ရှဝူချယ်က လက်ကာပြလိုက်သည်။

" ယောက္ခမကြီး ဒီနေ့က မိသားစုတွေ့ဆုံပွဲပါ။ ဧကရာဇ်ဆိုတာ မရှိပါဘူး။ ယောက္ခမကြီးရဲ့ သမက်ပဲရှိပါတယ်။ ဒီမှာတော့ ယောက္ခမကြီးက အကြီးအကဲပါ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ကောင်းပြီ ကောင်းပြီ။ " ရှဝူချယ်က ဝင်ထိုင်လိုက်သည်။

" ယောက္ခမကြီး အရင်က ကျောက်နိုင်ငံမှာရှိတုန်းက တုန်အာကို လက်ထပ်ဖို့ ယောက္ခမကြီးကို တောင်းဆိုခဲ့တယ်။ ချင်နိုင်ငံကို ပြန်ရောက်တော့ အဲ့ဒီကတိကို မတည်နိုင်ခဲ့ဘူး။ ဒီနေ့တော့ ကျုပ် ကျောက်ကျန်းက ယောက္ခမကြီးကို ဂါရဝပြုချင်ပါတယ်။ " ရင်ကျန့်က ဝိုင်ခွက်ကို ရှဝူချယ်ကို ကမ်းပေးလိုက်သည်။

" ကောင်းပြီ။ ဒီဝိုင်ခွက်ကို ငါ လက်ခံပါတယ်။ " ရှဝူချယ်က ဝိုင်ခွက်ကို ယူလိုက်သည်။

" တုန်အာက အသက်ကြီးသွားပြီ။ အနာဂတ်မှာ ကျန့်အာက သူမကို မစွန့်ပစ်ဖို့ မျှော်လင့်ရမှာပဲ။ " ရှဝူချယ်က ပြုံး၍ ပြောလိုက်သည်။

" ယောက္ခမကြီး စိတ်ချပါ။ သူမက အသက်ကြီးသွားပေမယ့် အမြဲတမ်း ကျုပ်ရင်ထဲက အာဖန်ပါပဲ။ " ရင်ကျန့်က ချက်ချင်း ပြန်ပြောလိုက်သည်။

" အဲ့ဒါကောင်းတယ်။ " ရှဝူချယ်က ပြုံး၍ ပြောလိုက်သည်။

All Chapters