← Chapters

အခန်း ၄၇၆

Vol. 48 Ch. 476

အခန်း ၄၇၆

Vol. 48 Ch. 476

အခန်း (၄၇၆)

ကြင်ယာတော်ဟူ၏ နန်းဆောင်တွင်။

" အမေ ကျွန်တော်မှာ တကယ်ပဲ အခွင့်အရေးမရှိတော့ဘူးလား။ " ဟူဟိုက်က စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

" သူသာ မသေဘူးဆိုရင် မင်းမှာ လုံးဝ အခွင့်အရေးမရှိတော့ဘူး။ " ကြင်ယာတော်ဟူက အေးစက်စွာ ပြောလိုက်သည်။

" အမေ ဘာလုပ်ဖို့ စီစဉ်ထားလဲ။ " ဟူဟိုက်၏ မျက်လုံးများက တောက်ပသွားသည်။

" သူတို့ကို အခု ပျော်ခွင့်ပေးလိုက်ပါဦး။ အနာဂတ်ဆိုတာ မသေချာဘူး။ " ကြင်ယာတော်ဟူက ဘာမှမပြောပေ။

အခြေအနေက ယခုထိ ရောက်လာပြီဖြစ်သောကြောင့် သူတို့က တိုက်ခိုက်ရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။ အကယ်၏ သူတို့သာ ရှုံးနိမ့်ခဲ့လျှင် သူတို့က အဆုံးသတ်ပြီဖြစ်ပြီသည်။ ထိုရလဒ်ကို သူတို့က သဘာဝအတိုင်း နားလည်ကြသည်။

နေအိမ်သို့ ပြန်ရောက်သောအခါ ကျောက်ဖုန်းက သူ၏ အခန်းသို့ ပြန်သွားခဲ့သည်။ သူ၏ အမေက ယခုအခါ မိဖုရားခေါင်ကြီးဖြစ်သွားပြီး အိမ်သို့ ပြန်မလာတော့ဘဲ ကျန်းထိုင်နန်းဆောင်တွင်သာ နေခဲ့သည်။

" အိမ်ရှေ့စံမင်းသား နိုင်ငံရဲ့ အမွေဆက်ခံသူ။ အခု ဒီနေရာကို လက်ခံလိုက်ပြီးဆိုတော့ ရာထူးတက်လာတယ်လို့ သတ်မှတ်လို့ရတယ်မဟုတ်လား။ " ကျောက်ဖုန်းက တွေးလိုက်သည်။

သူက အိမ်ရှေ့စံအဖြစ် ခန့်အပ်ခံခဲ့ရပြီး ချင်နိုင်ငံက အနာဂတ်တွင် သူ့ထက်ထဲသို့ ရောက်လာမည်ဖြစ်သည်။ ထိုကိစ္စနှင့် ပက်သက်လျှင် ကျောက်ဖုန်းက ထင်သလောက် မပျော်ရွှင်ဘဲ ပို၍ တည်ငြိမ်နေသည်။ ထိုအိမ်ရှေ့စံနေရာက သူ၏ အနာဂတ်အစီအစဉ်များကို ပျက်စီးစေခဲ့သည်။ အစက သူက ချင်နိုင်ငံ၏ အဆုံးသတ်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။ သို့သော် လက်ရှိအခြေအနေက လုံးဝ ကွဲပြားသွားခဲ့ပြီဖြစ်သည်။ သူကိုယ်တိုင်က ဒုတိယမြောက်ဧကရာဇ်ဖြစ်လာခဲ့သည်။

" အိမ်ရှေ့စံမင်းသားဖြစ်ပြီးတဲ့နောက် လုပ်စရာတွေ အများကြီး ရှိနေတာပဲ။ ဒါပေမယ့်လည်း ကောင်းပါတယ်။ အစက ချင်နိုင်ငံရဲ့ အဆုံးသတ်မှာ မင်းဆက်အသစ်တစ်ခု တည်ထောင်ပြီး အုပ်ချုပ်ရေးကို ချီအာကို လွှဲပေးဖို့ စဉ်းစားထားတာ။ အခုတော့ အဲ့ဒီအဆင့်ကို ကျော်နိုင်ပြီ​ထင်တယ်။ ခမည်းတော်ကို နိုင်ငံရေးကိစ္စတွေ ကိုင်တွယ်ခိုင်းပြီး ငါက ကမ္ဘာကို သိမ်းပိုက်ရမယ်။ ဒီနည်းလမ်းကလည်း ကောင်းတာပဲ။ " ကျောက်ဖုန်းက တွေးလိုက်သည်။ အနည်းဆုံးတော့ သူ့အတွက် အချိန်ကုန် သက်သာသွားပြီဖြစ်သည်။

" ပိုင်ရှင်က အိမ်ရှေ့စံရာထူးကို တက်လှမ်းသွားတဲ့အတွက် အဆင့်လေး ရတနာသေတ္တာကို ရရှိပါတယ်။ အိမ်ရှေ့စံမင်းသား အုပ်ချုပ်ခွင့်အာဏာကို ရရှိပြီး နိုင်ငံကို အုပ်ချုပ်နိုင်တဲ့အတွက် စနစ်ကို အဆင့်မြှင့်တင်ရန် လိုအပ်ပါတယ်။ အဆင့်မြှင့်တင်လိုပါသလား။ "

ကျောက်ဖုန်းက အိမ်ရှေ့စံမင်းသားနေရာကို အပြည့်အဝ လက်ခံလိုက်ချိန်တွင် စနစ်မှ အသိပေးချက်က ထွက်ပေါ်လာသည်။

" အဆင့်လေးရတနာသေတ္တာပဲ။ အရင် အဆင့်လေးရတနာသေတ္တာတုန်းက ကမ္ဘာငယ်ကို ရခဲ့တယ်။ ဒီတစ်ခါလည်း ကံကောင်းဖို့ မျှော်လင့်ရမှာပဲ။ ပြီးတော့ အချက်အလက်တွေကို အဆင့်မြှင့်ရမှာလား။ အစက ငါ့ရဲ့ စနစ်က ယန်ထင်တစ်ခုလုံးက လွှမ်းခြုံထားပြီး လူတစ်ယောက်ချင်းစီရဲ့ သစ္စာရှိမှုကို မြင်နိုင်တယ်။ ဒီတစ်ခါ အဆင့်မြှင့်လိုက်ရင် ဘာတွေပြောင်းလဲသွားမလဲ။ နိုင်ငံတစ်ခုလုံးကိုများမြင်နိုင်မလား။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။

" အဆင့်မြှင့်တင်ပါ။ " ​ကျောက်ဖုန်းက ပြောလိုက်သည်။

" စနစ်ကို အဆင့်မြှင့်တင်နေပါတယ်။ အင်ပါယာစနစ်အဖြစ် ပြောင်းလဲသွားပါတယ်။ ချင်နိုင်ငံရဲ့ လူဦးရေက သန်း၈၀ ကျော်လွန်နေသောကြောင့် စနစ်ပြောင်းလဲဖို့ တစ်လအချိန်ယူရပါမယ်။ "

" ကြည့်ရတာ စနစ်က ချင်နိုင်ငံတစ်ခုလုံးကို လွှမ်းခြုံတော့မယ့်ပုံပဲ။ နိုင်ငံတစ်ခုလုံးက အရာရှိတွေရဲ့ သစ္စာရှိမှုကို မြင်နိုင်ရင် သန့်စင်ဖို့အတွက် ဘာမှမလိုတော့ဘူး။ " ကျောက်ဖုန်းက အေးစက်စွာ ပြုံးလိုက်သည်။

နိုင်ငံရေးမူဝါဒတစ်ခုကို အကောင်အထည်ဖော်ခြင်းက ခေတ်တစ်ခုလုံးကို ပြောင်းလဲခြင်းဖြစ်သောကြောင့် အတိုက်အခံများ ပေါများမည်မှာ သေချာသည်။ လူသဘာဝက ခန့်မှန်းခက်ဆုံးအရာဖြစ်သည်။ ထိုအပြင် ချင်နိုင်ငံက ကျယ်ဝန်းလှပြီး တစ်ချိန်ကျရင် ကျောက်ဖုန်းက ၎င်းတို့ကို ခွဲခြားသိမြင်နိုင်ပေလိမ့်မည်။

" အဆင့်လေးရတနာသေတ္တာကို ဖွင့်မယ်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" အဆင့်လေး ရတနာသေတ္တာကို ဖွင့်နေပါတယ်။ အင်မော်တယ်အဆင့် အဆင့်မြင့် ကံကြမ္မာထိန်းချုပ်ခြင်းအိုးကို ရရှိပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။

" အင်မော်တယ်အဆင့် အဆင့်မြင့် ရတနာ " ကျောက်ဖုန်း၏ မျက်လုံးများက တောက်ပသွားသည်။ " ထုတ်ယူမယ်။ "

လေးချောင်းထောက်အိုးတစ်လုံးက ကျောက်ဖုန်း၏ ရှေ့တွင်ပေါ်လာသည်။ ကျောက်ဖုန်းက လက်ဆန့်ပြီး အိုးလေးကို ယူလိုက်သည်။

" သွေးစက်ချပြီး ပိုင်ရှင်အဖြစ် အသိအမှတ်ပြုပါ။ "

ကျောက်ဖုန်းက သူ၏ လက်ချောင်းထိပ်ကို ဖောက်ပြီး ကံကြမ္မာထိန်းချုပ်ခြင်းအိုးပေါ်သို့ သွေးစက်ချလိုက်သည်။ အိုးက တောက်ပလာပြီး အော်ရာတစ်ခု ပျံ့နှံ့လာသည်။

" အင်မော်တယ်အဆင့်က ကောင်းကင်အဆင့်အထက်မှာရှိတယ်။ အဲ့ဒီအထက်မှာ နတ်ဘုရားအဆင့်ရှိတယ်။ နတ်ဘုရားအဆင့်ရဲ့ အထက်မှာရော ဘာရှိမလဲ။ " ကျောက်ဖုန်းက သိလိုစိတ်ဖြင့် တွေးလိုက်သည်။

ကံကြမ္မာထိန်းချုပ်ခြင်းအိုးက ကံကြမ္မာစွမ်းအားကို ထိန်းချုပ်နိုင်စွမ်းရှိပြီး ရန်သူကို သတ်ဖြတ်ခြင်းနှင့် ခုခံကာကွယ်နိုင်စွမ်းလည်းရှိသည်။

" ကံကြမ္မာစွမ်းအားကို ထိန်းချုပ်နိုင်တယ်။ ဒါက ဘယ်လိုလုပ် ဒီလိုစွမ်းရည်မျိုး ရှိနေတာလဲ။ ကောင်းတယ်။ တစ်နေ့ ချင်နိုင်ငံက မင်းဆက် ပြောင်းလဲရမယ်ဆိုရင် ဒီအိုးနဲ့ ကံကြမ္မာစွမ်းအားကို ထိန်းချုပ်ထားလိုက်မယ်။ " ကျောက်ဖုန်းက ကျေနပ်စွာ ပြုံးလိုက်သည်။ သူက နတ်ဘုရားအာရုံကို ထုတ်ဖော်ပြီး ကမ္ဘာငယ်ကို ကြည့်လိုက်သည်။

" ကမ္ဘာထဲမှာ နိယာမစွမ်းအားအချို့ ပေါ်လာပေမယ့် ဓာတ်ငါးမျိုးပုလဲနဲ့ အပြည့်အဝ မပေါင်းစပ်သေးဘူး။ ဓာတ်ငါးမျိုးပုလဲနဲ့သာ အပြည့်အဝ ပေါင်းစပ်သွားရင် ဒီကမ္ဘာငယ်က ဘယ်လိုအကျိုးကျေးဇူးတွေ ရလာမလဲမသိဘူး။ " ကျောက်ဖုန်းက တွေးလိုက်သည်။

" ကမ္ဘာငယ်ရဲ့ တိုးတက်မှုက မဆိုးဘူး။ လူတိုင်းက သိုင်းတာအိုကို ကျင့်ကြံနေကြပြီ။ ငါက ချင်နိုင်ငံကို အုပ်ချုပ်ရမှာဆိုပေ​မယ့် ဒီကမ္ဘာငယ်က နောက်ဆုံးဝှက်ဖဲ ဖြစ်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အင်မော်တယ်တွေဆိုတာ ဒဏ္ဍာရီထဲက အင်မော်တယ်တွေနဲ့ မတူဘူး။ " ကျောက်ဖုန်းက ကမ္ဘာငယ်ကို ခဏကြည့်ပြီးနောက် သူ၏ နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် ကျင့်ကြံခြင်းသို့ တစ်ဖန်နစ်မြှုပ်သွားခဲ့သည်။

နောက်တစ်နေ့ နံနက်ခင်းညီလာခန်းမ။

ထိုက်တောင်မှ ပြန်လာပြီးနောက် ပထမဆုံးအကြိမ် ညီလာခံကျင်းပခြင်းဖြစ်သည်။ ပုံမှန်အတိုင်း အရာရှိတစ်ရာလောက်က ခန်းမအပြင်ဘက်မှာ စောင့်ဆိုင်းနေကြသည်။

ထိုအချိန်တွင် ရထားလုံးတစ်စီး ရောက်လာပြီး ကျောက်ဖုန်းက ဖြည်းညင်းစွာ ဆင်းလာသည်။ ခန်းမအပြင်ဘက်မှ အရာရှိများ၏ အကြည့်က ထိုနေရာသို့ စုပြုံရောက်ရှိသွားကြသည်။

" အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။ " ကျောက်ဖုန်းချဉ်းကပ်လာသောအခါ အရာရှိတိုင်းက အရိုအသေပေးလိုက်ကြသည်။

သူတို့က မည်သည့်အဖွဲ့ကဖြစ်စေ မည်သူကို ထောက်ခံသူဖြစ်စေ ကျောက်ဖုန်းကို အရိုအသေပေးကြရသည်။ ယခု ကျောက်ဖုန်း၏ အဆင့်အတန်းက ပြောင်းလဲသွားပြီး အိမ်ရှေ့စံမင်းသား ဖြစ်နေပြီဖြစ်သည်။ အရာရှိအားလုံးက ကျောက်ဖုန်း၏ လက်အောက်ခံများဖြစ်ပြီး ကျောက်ဖုန်းကို အရိုအသေမပြုလျှင် ပြစ်မှုမြောက်ပေလိမ့်မည်။

" အင်း " ကျောက်ဖုန်းက ခေါင်းညိမ့်ပြလိုက်သည်။

အများစုက သူ့ကို စိုးရိမ်တကြီး ကြည့်နေကြသည်။ ယနေ့က အိမ်ရှေ့စံမင်းသားအဖြစ် ပထမဆုံးတက်ရောက်သော ညီလာခံဖြစ်ပြီး တစ်ခုခုလုပ်စရာရှိလျှင် ယနေ့ လုပ်ပေလိမ့်မည်။

" အကိုတော် " ထိုအချိန်တွင် ဖုစုက ချဉ်းကပ်လာပြီး ကျောက်ဖုန်းကို လေးစားစွာ ခေါ်လိုက်သည်။

သူ၏ ရှေ့မှ ဖုစုကို ကြည့်ပြီး ကျောက်ဖုန်းက ပြုံးလိုက်သည်။ " အခမ်းအနားတွေ လုပ်မနေပါနဲ့။ "

" အကိုတော်ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ " ဖုစုက ကျောက်ဖုန်းကို ကြည့်ပြီး ပြောလိုက်သည်။

" မင်းတစ်ယောက်တည်းမဟုတ်ပါဘူး။ ငါကိုယ်တိုင်လည်း မထင်မှတ်ထားခဲ့ဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

သူက ဤနေရာသို့ ရောက်လာပြီဖြစ်သောကြောင့် ကျောက်ဖုန်းက အိမ်ရှေ့စံမင်းသားနေရာကို အပြည့်အဝ လက်ခံလိုက်သည်မှာ ထင်ရှားသည်။ ဖုစုနှင့်ပက်သက်၍ သူက ရန်ငြိုးမရှိဘဲ သနားစရာ လူတစ်ယောက်အဖြစ်သာ မြင်သည်။ ထို့အပြင် ဝမ်ဝမ်နှင့် အခြားသူများက သူ့ကို ပစ်မှတ်ထားခဲ့သော်လည်း ဖုစုက ပါဝင်ခြင်းမရှိဘဲ သူ့ကိုပင် တောင်းပန်ခဲ့သေးသည်။ ဖုစုက သူ၏ ဆန္ဒအလျောက် လုပ်ခြင်းမဟုတ်သည်မှာ ထင်ရှားသည်။

" ဒါက ကံတရားဖြစ်နိုင်ပါတယ်။ ခမည်းတော်က တစ်ချိန်က ငါ့အပေါ်မှာ မျှော်လင့်ချက်တွေ ထားခဲ့ပေမယ့် ငါက အဲ့ဒီမျှော်လင့်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ခဲ့ဘူး။ အကိုတော် ရောက်လာတာက ခမည်းတော်ရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးလိုက်တာပဲ။ အကိုတော်ရှိနေရင် ချင်နိုင်ငံရဲ့ အနာဂတ်က ပိုပြီး တည်ငြိမ်လာလိမ့်မယ်။ " ဖုစုက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ မင်းက ဒီလောက် စိတ်သဘောထားကြီးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ မင်းရဲ့နေရာကို ငါယူလိုက်လို့ မင်းငါ့ကို မုန်းနေလိမ့်မယ်လို့ ထင်ထားခဲ့တာ။ “ ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ငါအတွက် မဟုတ်တာက မဟုတ်တာပဲ။ ပြီးတော့ အစကတည်းက ငါက အရမ်းဝန်ပိနေတာ။ ခမည်းတော်ရဲ့ မျှော်လင့်ချက်တွေ ဝန်ကြီးတွေရဲ့ မျှော်လင့်ချက်တွေ ငါမသွားရင်တောင် သူတို့က ငါ့ကို ရှေ့တိုးခိုင်းနေမှာပဲ။ အခုတော အကိုတော်ကြောင့် ဒီဝန်ထုပ်ဝန်ပိုးတွေကို ထမ်းထားစရာ မလိုတော့ဘူး။ " ဖုစုက ပေါ့ပါးစွာ ပြုံး၍ ပြောလိုက်သည်။

" မင်းရဲ့ အခြားညီအကိုတွေထဲမှာ မင်းက အတော်ဆုံးပဲ။ " ကျောက်ဖုန်းက ချီးကျူးလိုက်သည်။

" အကိုတော်နဲ့ ယှဉ်ရင် ဘာမှ မဟုတ်ပါဘူး။ အခု မိဖုရားခေါင်ကြီးနဲ့ အိမ်ရှေ့စံမင်းသားကို ဆုံးဖြတ်ပြီးပြီ။ နန်းတွင်းဖွဲ့စည်းပုံကလည်း ပြောင်းလဲတော့မှာဆိုတော့ အကိုတော် အဲ့ဒီဝန်ကြီးတွေအပေါ် ဘာလုပ်ဖို့ စီစဉ်ထားလဲ။ " ဖုစုက စိုးရိမ်တကြီး ပြောလိုက်သည်။

" အဟောင်းတွေ မဖယ်ပေးရင် အသစ်တွေ ဘယ်လိုလုပ် ‌ရောက်လာမှာလဲ။ စည်းမျဉ်းဟောင်းတွေကိုပဲ ဖက်တွယ်ထားရင် နိုင်ငံက ဘယ်လိုလုပ် အားကောင်းလာမှာလဲ။ အခု ငါက ဒီနေရာကို ရောက်လာပြီဆိုတော့ သဘာဝအတိုင်း ပြောင်းလဲမှုတွေ လုပ်ရမှာပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ ထို့နောက် သူက ညီလာခံခန်းမဆီသို့ လျှောက်သွားသည်။

" သူက တကယ်ပဲ ပြောင်းလဲဖို့ ပြင်နေတာပဲ။ ဟွိုက်ကျွမ်းနဲ့ အခြားသူတွေ အသိဝင်လာဖို့ မျှော်လင့်ရမှာပဲ။ " ဖုစုက သက်ပြင်းချလိုက်သည်။

All Chapters