အခန်း ၄၇၈
Vol. 48 Ch. 478
အခန်း (၄၇၈)
" ဖုန်းအာ မင်းက အခုမှ အိမ်ရှေ့စံမင်းသားနေရာကို ရထားတာဆိုတော့ နိုင်ငံရေးအမြင် ဘာတွေများရှိလဲ။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။
" ခမည်းတော်ကို လျှောက်တင်ပါတယ်။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ထရပ်ပြီး ပြောလိုက်သည်။
ခမည်းတော်ဟု ကြားလိုက်ရသောအခါ ရင်ကျန့်၏ မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားသည်။ " ဟားဟား ဖုန်းအာက ငါ့ကို ခမည်းတော်လို့ခေါ်လိုက်တယ်။ သူ ဒါကို လက်ခံသွားပြီပဲ။ မကြာခင် ဘိုးဘေးခန်းမမှာ ဘိုးဘေးတွေကို သက်သေပြုပြီး မျိုးနွယ်စုထဲ ပြန်ဝင်ရမယ်။ "
" သားတော်က ချင်နိုင်ငံတည်ငြိမ်ရေးနဲ့ ထာဝရတည်တံ့ရေးအတွက် အဆိုပြုချက်တစ်ခုရှိပါတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ပြောပါ။ " ရင်ကျန့်က ပြုံးလိုက်သည်။
" လှည်းဘီးအကျယ်ကို တစ်ပြေးညီသတ်မှတ်ခြင်း၊ စာရေးသားသုံးစွဲပုံကို တစ်ပြေးညီပြုလုပ်ခြင်း၊ ကျင့်ဝတ်စည်းမျဉ်းများကို တစ်ပြေးညီထားခြင်း၊ အလေးချန်နဲ့ တိုင်းတာမှုစနစ်တွေကို တစ်ပြေးညီသတ်မှတ်ခြင်းတို့ပါ။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုအချက်လေးချက်ကို ကြားသောအခါ ဝန်ကြီးအားလုံး၏ အမူအရာများက အနည်းငယ် ပြောင်းလဲသွားကြသည်။ အကယ်၍ ထိုအချက်လေးချက်သာ အမှန်တကယ်ဖြစ်ခဲ့လျှင် ချင်နိုင်ငံတစ်ခုလုံးက အကြီးအကျယ်ပြောင်းလဲသွားပေလိမ့်မည်။
" ဖုန်းအာ အသေးစိတ်ပြောပြပါဦး။ " ရင်ကျန့်ကလည်း ဝမ်းသာသွားပြီး မျှော်လင့်ချက်များဖြင့် ပြောလိုက်သည်။
" ပထမအချက် လှည်းဘီးအကျယ်ကို တစ်ပြေးညီသတ်မှတ်ခြင်း။ ချင်နိုင်ငံ ကမ္ဘာကို မစုစည်းခင်တုန်းက နိုင်ငံအသီးသီးမှာ ကိုယ်ပိုင်လှည်းလမ်းကြောင်းတွေရှိပြီး ကိုယ်ပိုင်သတ်မှတ်ချက်တွေရှိကြတယ်။ ချင်နိုင်ငံရဲ့ ရထားလုံးတွေက ကျောက်နယ်မြေကို ရောက်တဲ့အခါ ပုံစံချင်းမတူလို့ သယ်ယူပို့ဆောင်ရေးအတွက် ခက်ခဲခဲ့တယ်။ အလားတူပဲ ကျောက်နယ်မြေက ရထားလုံးတွေ ချူနယ်မြေကို သွားရင်လည်း ဒီပြဿနာကို ကြုံတွေ့ရတာပဲ။ ဒါကြောင့် တစ်ကမ္ဘာလုံးက ရထားလမ်းကြောင်းတွေကို တစ်ပြေးညီသတ်မှတ်သင်တယ်။ "
" ဒုတိယအချက် စာရေးသားပုံကို သတ့မှတ်ရမယ်။ ရှန်နဲ့ ကျိုးမင်းဆက်ခေတ်ကတည်းက စာပေအက္ခရာတွေ စုစည်းထားခြင်းမရှိဘဲ နိုင်ငံနဲ့ လူမျိုးတိုင်မှာ ကိုယ်ပိုင်စာပေတွေရှိကြတယ်။ အရင်းအမြစ်တစ်ခုတည်းက ဆင်းသက်လာပေမယ့် လုံးဝ ကွဲပြားသွားခဲ့တယ်။ နိုင်ငံခုနှစ်ခုဖြစ်လာချိန်မှာ ဟွာရှလူမျိုးတွေအတွက် စာပေကလည်း ခုနှစ်မျိုးဖြစ်နေတယ်။ ဒါကြောင့် စာပေအက္ခရာတွေကို တစ်သမတ်တည်း သတ်မှတ်ရမယ်။ ဒါမှ အမိန့်တွေကို အမှားအယွင်းမရှိ အကေယင်အထည်ဖော်နိုင်လိမ့်မယ်။ "
" တတိယအချက် ကျင့်ဝတ်စည်းမျဉ်းတွေ ဟွာရှလူမျိုးအတွင်းမှာ နိုင်ငံအမျိုးမျိုးက မျိုးနွယ်စုငယ်တွေ ကွဲပြားနေတယ်။ မျိုးနွယ်စုနာမည်တွေ ကွဲပြားသွားပေမယ့် အားလုံးက ဟွာရှလူမျိုးတွေပဲ။ နိုင်ငံတိုင်းက ဓလေ့၊ အလေ့အကျင့်၊ ဝတ်စားဆင်ယင်မှုနဲ့ နေထိုင်မှုပုံစံတွေက ကွဲပြားနေတဲ့အပြင် ကိုးကွယ်တဲ့နတ်တွေတောင်မတူဘူး။ ချင်နိုင်ငံက အနက်ရောင်နတ်ငှက်ကို နတ်သင်္ကေတအဖြစ် သတ်မှတ်ကြပေမယ့် အခြားနိုင်ငံတွေကတော့ မတူပါဘူး။ ဟွာရှရိုးရာဓလေ့တွေကို ကွာပြားမှုမရှိ မြှင့်တင်ပြီး ယဉ်ကျေးမှုဓလေ့တွေကို တစ်ခုတည်း ပြောင်းစပ်နိုင်မှသာ ချင်နိုင်ငံက ကွဲပြားမှုမရှိ တစ်စုတစ်စည်းတည်း ဖြစ်သွားပါလိမ့်မယ်။ "
" စတုတ္ထအချက် အလေးချိန်နဲ့ တိုင်းတာမှုစနစ်တွေကို စံသတ်မှတ်ခြင်း။ အလေးချိန်ကို ကျောက်တုံးတွေနဲ့ ချိန်တွယ်ကြပေမယ့် ကျောက်တုံးတစ်ခုရဲ့ အလေးချိန်က နိုင်ငံတစ်ခုနဲ့တစ်ခု မတူသလို အရွယ်အစား တိုင်းတာမှုလည်း ကွဲပြားပါတယ်။ "
" ဒီအချက်လေးချက်ကို အကောင်အထည်ဖော်နိုင်မှ ချင်နိုင်ငံက ထာဝရအမွေအနှစ်ကို ရရှိပြီး ဟွာရှလူမျိုးတွေကို အပြည့်အဝ စုစည်းနိုင်ပါလိမ့်မယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။ ထိုအရာက သမိုင်းတွင် ရှောင်လွှဲ၍ မရသော်လည်း ကျောက်ဖုန်းက စောစီးစွာ ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။
ခန်မတစ်ခုလုံး တိတ်ဆိတ်သွားပြီး ဝန်ကြီးအားလုံး အံ့အားသင့်သွားကြသည်။ ကမ္ဘာကြီးကို ပြောင်းလဲနိုင်သော ကျောက်ဖုန်း၏ မူဝါဒကြောင့် အံ့ဩတုန်လှုပ်သွားကြသည်။
" အရမ်းကောင်းတယ်။ အိမ်ရှေ့စံမင်းသားရဲ့ မူဝါဒတွေက တကယ်ကို ကောင်းမွန်တဲ့ အုပ်ချုပ်ရေးဗျူဟာတွေပဲ။ အကောင်အထည်ဖော်ပြီးရင် ချင်နိုင်ငံက စစ်ရေးအင်အားနဲ့ သိမ်းပိုက်ရုံတင်မကဘဲ ကမ္ဘာကြီးကို အမှန်တကယ် အုပ်ချုပ်နိုင်လိမ့်မယ်။ " ဟန်ဖေးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
" ရထားလမ်းကြောင်း၊ စာပေ၊ ရိုးရာဓလေ့နဲ့ အလေးချိန်တိုင်းတာမှုတွေကို သတ်မှတ်တာက တကယ် ကမ္ဘာကြီးကို အုပ်ချုပ်နိုင်တဲ့ မူဝါဒတွေပဲ။ ကျွန်တော်မျိုးရဲ့ စွမ်းရည်က နိမ့်ပါးပေမယ်။ ဒီမူဝါဒတွေထဲက တစ်ခုကို တာဝန်ယူလိုပါတယ်။ " လီစီကလည်း ပြောလိုက်သည်။
" ကျွန်တော်မျိုးလည်း တစ်ခုကို တာဝန်ယူချင်ပါတယ်။ ဧကရာဇ်မင်းမြတ်ကို အမှုထမ်းပြီး ချင်ပြည်သူတွေကို အကျိုးပြုချင်ပါတယ်။ "
ဖုန်းချွီကျိ၊ ဖုန်းကျဲ ပုံမှန်အားဖြင့် တည်ငြိမ်လေ့ရှိသော ယွီလျောင်ပင် ယခုအချိန်တွင် ရှေ့ထွက်လာသည်။ ထိုမူဝါဒတစ်ခုကို အကောင်အထည်ဖော်လိုက်သည်နှင့် သမိုင်းတွင် နာမည်တစ်ခုရလာပေလိမ့်မည်ဖြစ်သည်။ ထိုအခွင့်အရေးမျိုးကို ဘယ်သူမှလက်လွတ်ခံမည်မဟုတ်ပေ။
" ငါ့သား ကျောက်ဖုန်းက စစ်ရေးမှာသာမက အုပ်ချုပ်ရေးမှာလည်း ကျွမ်းကျင်လှတယ်။ " ရင်ကျန့်က ကျောက်ဖုန်းကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ သူ၏ အတွေးအခေါ်များနှင့် ထိုမူဝါဒလေးခုက ချင်နိုင်ငံနှင့် ဟွာရှလူမျိုးများအပေါ် သက်ရောက်မည့် အကျိုးဆက်ကို နားလည်ရန် အတွေးတစ်ချက်နှင့် လုံလောက်သည်။
ထိုမူဝါဒလေးခုကို အကောင်အထည်ဖော်လိုက်သည်နှင့် ရင်ကျန့်က ကမ္ဘာကို စုစည်းခဲ့သော ပထမဆုံးဧကရာဇ်ဖြစ်ရုံသာမက ကမ္ဘာယဉ်ကျေးမှုကို စုစည်းပေးခဲ့သော ဉာဏ်ပညာကြီးမားသည့် အုပ်ချုပ်သူဖြစ်လာပေလိမ့်မည်။
" အကိုတော်က စစ်ရေးသာမက ဒီလိုမူဝါဒမျိုးကိုလည်း ချမှတ်နိုင်တယ်။ ဒါက ငါတို့ကြားက ကွာခြားမှုပဲ။ " ဖုစုက ကျောက်ဖုန်းကို လေးစားစွာ ကြည့်လိုက်သည်။
" ကောင်းပြီ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " ဖုန်းအာ ဒီဝန်ကြီးတွေထဲမှာ ဒီလိုကြီးမားတဲ့တာဝန်ကို ဘယ်သူတွေက ထမ်းဆောင်နိုင်မယ်ထင်လဲ။ "
" မူဝါဒကလေးခု၊ တာဝန်လေးခု။ ဒါတွေကို ချင်နိုင်ငံရဲ့ ဝန်ကြီးတွေကို လွှဲပေးသင့်တယ်။ စာပေးစုစည်းတာကို ဝန်ကြီးချုပ်ဟန် တာဝန်ယူရမယ်။ လှည်းဘီးအကွာအဝေးကို သတ်မှတ်ဖို့ တရားရေးဝန်ကြီးက တာဝန်ယူရမယ်။ ရိုးရာဓလေ့သတ်မှတ်တာကိုတော့ ရှောက်ဖူက တာဝန်ယူရမယ်။ အလေးချိန်နဲ့ တိုင်းတာမှုစနစ် သတ်မှတ်တာကိုတော့ စိုက်ပျိုးရေးဝန်ကြီးက တာဝန်ယူရမယ်။ " ကျောက်ဖုန်းက ဝန်ကြီးများကို ရွေးချယ်လိုက်သည်။
ကျောက်ဖုန်း၏ စကားများကို ကြားသောအခါ ဟန်ဖေး၊ လီစီ၊ ယွီလျောင်နှင့် ရှောင်ဟီတို့က စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ တက်လာကြသည်။
" ဖုန်းအာပြောတဲ့အတိုင်းပဲ ဒီတာဝန်လေးခုကို ဝန်ကြီးတို့ဆီ လွှဲပေးလိုက်မယ်။ "ရင်ကျန့်က ချက်ချင်း ပြောလိုက်သည်။
" ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသား စိတ်ချပါ။ ကျွန်တော်မျိုးတို့ အစွမ်းကုန်ကြိုးစားပါမယ။ " ဝန်ကြီးလေးယောက်က ဦးညွှတ်ပြီး ပြောလိုက်ကြသည်။
" ဖုန်းအာ ဒီမူဝါဒလေးခုအပြင် အခြားအဆိုပြုစရာရှိသေးလား။ ဒီနေ့ လွတ်လွတ်လပ်လပ်ပြောလို့ရတယ်။ " ရင်ကျန့်က ပြုံး၍ မျှော်လင့်ချက်များဖြင့် ပြောလိုက်သည်။
" ခမည်းတော် ဒီမူဝါဒလေးခုကို အကောင်အထည်ဖော်ဖို့ အနည်းဆုံး နှစ်နှစ်လိုအပ်ပါတယ်။ တကယ်လို့ သားတော်က ထပ်ပြီး အဆိုတင်သွင်းရင် ချင်နိုင်ငံမှာ အင်အားတွေ အလွန်အကျွံသုံးစွဲမိသွားပါလိမ့်မယ်။ ဒါပေမယ့် ချင်နိုင်ငံ တည်ငြိမ်စေဖို့အတွက် နိုင်ငံခြောက်ခုရဲ့ အကြွင်းအကျန်တွေ ဆက်လက်ရှင်သန်ဖို့ ခက်ခဲသွားစေမယ့် အဆိုပြုခထက်တစ်ခု ရှိနေပါသေးတယ်။ " ကျောက်ဖုန်းက အေးစက်မှုများဖြင့် ပြောလိုက်သည်။
" ပြောပါဦး။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" စာပေစုစည်းဖို့ လူသုံးများမယ့် စာရေးဟန်ကို ဖန်တီးရုံတင်မကဘဲ ကမ္ဘာပေါ်က စာအုပ်အားလုံးကို သိမ်းဆည်းရပါမယ်။ အက္ခရာအသစ်တွေ ဖန်တီးပြီး အဲ့ဒါတွေကို မှတ်တမ်းတင်ပြီး တစ်နိုင်ငံလုံးကို ဖြန့်ချီရပါမယ်။ ကမ္ဘာကြီးကို စစ်မက်ကင်းဝေးပြီး မငြိမ်မသက်မှုတွေ လျှော့ချဖို့ ကြေးနီ၊ သံနဲ့ ချပ်ဝတ်တန်ဆာတွေကို သိမ်းဆည်းရပါမယ်။ ပြည်သူတွေကို လက်နက်၊ ချပ်ဝတ်တွေ ကိုင်ဆောင်ခွင့်မပြုဘဲ လက်နက်ထုလုပ်ခွင့်လည်း မပေးပါနဲ့။ တကယ်လို့ တွေ့ရှိခဲ့ရင် အပြစ်ပေးရပါမယ်။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
" နည်းလမ်းကောင်းပဲ။ ဒီနည်းနဲ့ဆိုရင် ပုန်ကန်ဖို့ ကြံရွယ်နေတဲ့ နိုင်ငံအကြွင်းအကျန်တွေက လက်နက်နဲ့ ချပ်ဝတ်တွေ ရနိုင်တော့မှာမဟုတ်ဘူး။ " ရင်ကျန့်က ကျေနပ်စွာ ပြောလိုက်သည်။
သူက ကျောက်ဖုန်း၏ အဆိုပြုချက်များကို အလွန်သဘောကျပြီး အထူးသဖြင့် လက်နက်နှင့် ချပ်ဝတ်များ သိမ်းဆည်းမည့်အချက်ကို ပိုသဘောကျပေသည်။ ၎င်းက နိုင်ငံခြောက်ခုမှ အကြွးအကျန်များ၏ အခွင့်အရေးကို ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။
" အိမ်ရှေ့စံမင်းသား ကမ္ဘာတစ်ဝန်းက လက်နက်နဲ့ ချပ်ဝတ်တွေကို သိမ်းဆည်းတာ ဖြစ်နိုင်ပေမယ့် ပြဿနာတစ်ခု ရှိနေပါတယ်။ ကြေးနီနဲ့သံကို လက်နက်အတွက်တင်မဟုတ်ဘဲ မုဆိုးတွေ၊ သားသတ်သမားတွေနဲ့ တောင်သူတွေအတွက် ပေါက်တူးလိုမျိုး ကိရိယာတွေမှာလည်း လိုအပ်ပါတယ်။ လက်နက်နဲ့ ပက်သက်တဲ့ ပစ္စည်းမှန်သမျှကို သိမ်းဆည်းလိုက်ရင် ပြည်သူတွေအတွက် ခက်ခဲသွားနိုင်ပါတယ်။ " ယွီလျောင်က သံသယအနည်းငယ်ဖြင့် ပြောလိုက်သည်။
" ရှောက်ဖူမေးတာကောင်းတယ်။ ဒီကိစ္စနဲ့ပက်သက်ရင် ငါ့မှာ အစီအစဉ်ရှိပြီးသားပါ။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။ " လက်နက်တွေကို သိမ်းဆည်းပြီးရင် နေရာတိုင်းမှာရှိတဲ့ ပန်းပဲဆိုင်တွေက အစိုးရမှာ စာရင်းပေးသွင်းရပါမယ်။ ပြီးရင် အစိုးရက လူတွေရဲ့ စားဝတ်နေရေးအတွက် ကြေးနီနဲ့ သံတွေကို ခွဲဝေပေးရမယ်။ ကြေးနီနဲ့ သံပမာဏကို အစိုးရက လစဉ်စစ်ဆေးပြ်ိး ပြည်သူတွေသုံးစွဲက ပုံမှန်ထက် ပိုများနေရင် တရားရေးဝန်ကြီးကို စုံစမ်းဖို့ လွှဲပေးရပါမယ်။ "
" နိုင်ငံခြောက်ခုရဲ့ အကြွင်းအကျန်ွေကို ဘယ်လိုအခွင့်အရေးမှ မပေးသင့်ပါဘူး။ ကမ္ဘာရဲ့ ကြေးနီနဲ့သံအားလုံးကို အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာထားပြီး ပြည်သူတွေကြားမှ လည်ပတ်ခွင့်မပြုပါဘူး။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" အိမ်ရှေ့စံမင်းသားရဲ့ အစီအစဉ်က တကယ်ကောင်းမွန်ပါတယ်။ ဒီနည်းနဲ့ဆိုရင် နိုင်ငံခြောက်ခုရဲ့ အကြွင်းအကျန်တွေက ဘယ်လိုနည်းနဲ့မှ အားကောင်းခါမှာမဟုတ်တော့ပါဘူး။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။
" ငါ ဖုန်းအာရဲ့ စကားကို ထောက်ခံတယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။