← Chapters

အခန်း ၄၇၉

Vol. 48 Ch. 479

အခန်း ၄၇၉

Vol. 48 Ch. 479

အခန်း (၄၇၉)

" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ အိမ်ရှေ့စံမင်းသားရဲ့ မူဝါဒလေးခုကို အပြည့်အဝ အကောင်အထည် ဖော်ရမယ်။ ပြီးတော့ ကမ္ဘာကို ကြေညာလိုက်။ ချင်အစိုးရက စာအုပ်တွေအားလုံးကို သိမ်းဆည်းမယ်။ မလိုက်နာတဲ့သူတွေကို အပြစ်ပေးမယ်။ စာအုပ်တွေ လာရောက်ပေးအပ်သူတွေကို ဆုချီးမြှင့်မယ်။ "

" အခု ချင်နိုင်ငံက ကမ္ဘာကြီးကို အုပ်ချုပ်နေပြီ။ ငါတို့ ဟွာရှလူမျိုးတွေ စစ်ဘေးဒုက္ခတွေကို နောက်ဖပ်မခံစားရတော့ဘူး။ ချစ်စစ်သည်တွေ နယ်မြေတစ်ခုလုံးကို သိမ်းပိုက်တုန်းက နိုင်ငံခြောက်ခုရဲ့ စစ်တပ်တွေဆီက လက်နက်နဲ့ ချပ်ဝတ်တွေ ပြည်သူတွေလက်ထဲမှာ ကျန်ရစ်နေခဲ့တယ်။ အခု ကမ္ဘာကြီးက ငြိမ်းချမ်းနေပြီမလို့ ပြည်သူတွေက ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ လက်နက်နဲ့ ချပ်ဝတ်တွေမလိုတော့ဘူး။ ချင်စစ်သည်တွေကပဲ ပြည်သူတွေကို ကာကွယ်ပေးလိမ့်မယ်။ "

" ဒါကြောင့် ချင်နိုင်ငံက လက်နက်နဲ့ချပ်ဝတ်အားလုံးကို သိမ်းဆည်းမယ်။ ကြေးနီနဲ့ သံတွေကို ပြန်လည်ပုံသွင်းပြီး လက်နက်သစ်တွေ လုပ်ဆောင်မယ်။ ဒီအမိန့်ကို ထုတ်ပြန်ပြီးရင် တစ်လအချိန်ပေးမယ်။ တစ်လကြာပြီးတဲ့နောက်မှာ အစိုးရက ရှာဖွေမှုတွေ လုပ်ဆောင်မယ်။ လက်နက်နဲ့ ချပ်ဝတ်တွေ ဝှက်ထားတဲ့လူတွေရှိရင် ပြင်းထန်​တဲ့ အပြစ်ပေးခြင်းကို ခံရမယ်။ ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် လိုအပ်တဲ့ ကြေးနီနဲ့သံတွေကို အစိုးရက ဒေသခံပန်းပဲဆိုင်တွေကို ခွဲဝေပေးမယ်။ " ရင်ကျန့်က ကျယ်လောင်စွာ အမိန့်ပေးမယ်။

" ဧကရာဇ်မင်းမြတ်က အမြော်အမြင်ကြီးမားလှပါတယ်။ " အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံးက အော်ဟစ်လိုက်ကြသည်။

"အခု မင်းတို့ ဆက်ပြီး ဆွေးနွေးကြပါ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

နံနက်ခင်းညီလာခံရှိ ဆွေးနွေးမှုများ ပြီးဆုံးခါနီးတွင် ကျောက်ဖုန်းက ရုတ်တရက် ပြောလိုက်သည်။ " ခမည်းတော် သားတော်မှာ တင်ပြစရာ အခြားကိစ္စတစ်ခု ရှိပါသေးတယ်။ "

" ပြောပါ။ " ရင်ကျန့်က ပြုံးပြီး ပြောလိုက်သည်။

" သားတော်က အိမ်ရှေ့စံမင်းသားဖြစ်ပြီး စစ်ရေးနဲ့ နိုင်ငံရေးကို ကိုင်တွယ်နေရတာဖြစ်လို့ ဒီစစ်ဦးစီးချုပ်ရာထူးက မလိုအပ်ဘူးထင်ပါတယ်။ ဒါကြောင့် စစ်ဦးစီးချုပ်ရာထူးကို စစ်သေနာပတိချုပ်ဝမ်ကျန့်ကို လွှဲပြောင်းပေးဖို့ အကြံပြုပါတယ်။ " ကျောက်ဖုန်းက ကျယ်လောင်စွာ ပြောလိုက်သည်။

အရာရှိများက အံ့ဩခြင်းမရှိကြပေ။ ကျောက်ဖုန်း အိမ်ရှေ့စံဖြစ်လာပြီးနောက် ဝမ်ကျန့်က စစ်ဦးစီးချုပ်ဖြစ်လာမည်ကို လူတိုင်းသိကြသည်။ ထိုစကားများကို ကြားသောအခါ ဝမ်ကျန့်က စိတ်လှုပ်ရှားသွားသည်။

" အိမ်ရှေ့စံမင်းသားက အကြံပြုတာမလို့ ငါခွင့်ပြုတယ်။ ပြီးတော့ စစ်သေနာပတိချုပ်ဝမ်ကျန့်ကလည်း ဒီကြီးမားတဲ့တာဝန်ကို ထမ်းဆောင်နိုင်လိမ့်မယ်။ " ရင်ကျန့်က ချက်ချင်း ပြန်ပြောလိုက်သည်။

" ကျွန်တော်မျိုးက ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားကို စိတ်ပျက်အောင်မလုပ်ပါဘူး။ " ဝမ်ကျန့်က ဦးညွှတ်ပြီး ပြောလိုက်သည်။

" စစ်သေနာပတိချုပ်ဝမ်ကျန့်ကို စစ်ဦးစီးချုပ်အဖြစ် ရာထူးတိုးပေးလိုက်ပြီဆိုတော့ ဖုန်းအာ လန်ထျန်းစခန်းရဲ့ စစ်သေနာပတိချုပ်အဖြစ် ဘယ်သူက ဦးဆောင်သင့်တယ်လို့ မင်းထင်လဲ။ " ရင်ကျန့်က ကျောက်ဖုန်းကို ထပ်မေးလိုက်သည်။

" ဝမ်ပင်းက စစ်တပ်တွေကို ဦးဆောင်နိုင်တဲ့ အရည်အချင်းရှိပြီး ဒီကြီးမားတဲ့တာဝန်ကို ထမ်းဆောင်နိုင်ပါလိမ့်မယ်။ " ကျောက်ဖုန်းက ချက်ချင်း ပြောလိုက်သည်။

အရာရှိများက စကားပြောချင်ကြသော်လည်း ဘာမှမပြောရဲကြပေ။ ကျောက်ဖုန်းက အိမ်ရှေ့စံမင်းသားဖြစ်လာပြီးနောက် အားနည်းသော အိမ်ရှေ့စံမင်းသားမဟုတ်ဘဲ စစ်တပ်နှင့် နိုင်ငံနှစ်ခုလုံးတွင် ဂုဏ်သတင်းကြီးမားသူဖြစ်သည်။ ကျောက်ဖုန်းအသက်ရှင်နေသရွေ့ ထီးနန်းက သူ့အတွက်သာဖြစ်သည်။ သူ့ကို ဆန့်ကျင်သူများများက သေရမည်ဖြစ်သည်။

" ကောင်းပြီ။ ငါခွင့်ပြုတယ်။ " ရင်ကျန့်က ပြုံး၍ ခေါင်းညိမ့်လိုက်သည်။

" ခမည်းတော်က ဉာဏ်ပညာကြီးမားလှပါတယ်။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။

ဝမ်ကျန့်နှင့် သူသားတို့ နှစ်ယောက်လုံး ကြီးမားသော အကျိုးကျေးဇူးရရှိသွားသည်ကို အရာရှိများ မနာလိုစွာ ကြည့်နေကြသည်။

" ဝမ်မိသားစုက တကယ်ကံကောင်းတာပဲ။ ဝမ်မိသားစုရဲ့ သမီးက အိမ်ရှေ့စံမင်းသားနဲ့ အိမ်ထောင်ပြုနိုင်လိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ။ "

" အရင်တုန်းက အိမ်ရှေ့စံမင်းသားနဲ့ ဆက်ဆံရေးကောင်းတည်ဆောက်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ "

" ဝမ်ကျန့်က စစ်ဦးစီးချုပ်၊ ဝမ်ပင်းက စစ်သေနာပတိချုပ်။ ဝမ်မိသားစုရဲ့ အာဏာက အရမ်းကြီးမားသွားပြီ။ "

အရာရှိများက အချိန်များကို နောက်ပြန်လှည့်၍ရလျှင် ကျောက်ဖုန်းနှင့် မဟာမိတ်ဖွဲ့ကြပေလိမ့်မည်။ သို့မှသာ ကျောက်ဖုန်း အိမ်ရှေ့စံမင်းသားဖြစ်လာချိန်တွင် သူတို့ကလည်း အခွင့်အရေး ရရှိပေလိမ့်မည်။

" ဖုန်းအာ မင်းက အိမ်ရှေ့စံမင်းသား ဖြစ်နေပြီဆိုတော့ ဘိုးဘေးခန်းမကို သွားပြီး မျိုးနွယ်စုထဲဝင်ဖို့ အချိန်ကျပြီ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ခမည်းတော် အမိန့်အတိုင်းပါ။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။

" ကောင်းပြီ။ " ရင်ကျန့်က ခေါင်းညိမ့်ပြီး လီစီကို ကြည့်လိုက်သည်။ " ရင်ရှီကို ဘယ်လိုစီရင်လိုက်လဲ။ "

" ဧကရာဇ်မင်းမြတ် ရင်ရှီက သူ့ရဲ့ ပြစ်မှုတွေကို ဝန်ခံသွားပါပြီ။ သူက ဧကရာဇ်မင်းမြတ် သေဒဏ်ပေးမယ့်အချိန်ကို စောင့်နေပါတယ်။ " လီစီက ချက်ချင်း ပြန်ဖြေလိုက်သည်။

" ကွပ်မျက်လိုက် " ရင်ကျန့်က တွန့်ဆုတ်ခြင်းမရှိဘဲ ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " လီစီက ဦးညွှတ်ပြီး ပြောလိုက်သည်။

" ဆယ်ရက်ကြာပြီးရင် အရာရှိတွေရဲ့ ရှေ့မှာ အိမ်ရှေ့စံမင်းသား၊ မင်းသမီးနဲ့ အိမ်ရှေ့စံမင်းသားရဲ့ သားသမီးတွေအားလုံး ဘိုးဘေးခန်းမကို သွားပြီး မျိုးနွယ်ကို အသိအမှတ်ပြုရမယ်။ " ရင်ကျန့်က ကြေညာလိုက်သည်။

" ဧကရာဇ်မင်းမြတ်က အမြော်အမြင်ကြီးမားလှပါတယ်။ " အရာရှိများက ကျယ်လောင်စွာ ပြောလိုက်ကြသည်။

" အမိန့်အတိုင်းပါ။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။

အရာရှိများ ပြန်သွားပြီးနောက် ခန်းမထဲတွင် ရင်ကျန့်နှင့် ကျောက်ဖုန်းသာ ကျန်နေခဲ့သည်။

" ဖုန်းအာ မင်းရဲ့ နိုင်ငံရေးစွမ်းရည်က ဒီလောက်ထူးချွန်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ ဒီနေ့ မင်းအဆိုပြုလိုက်တဲ့ မူဝါဒလေးခုနဲ့ သိမ်းဆည်းခြင်းနှစ်ခုက ငါ့ကို တကယ်အမြင်အသစ်တွေ ရရှိစေခဲ့တာပဲ။ " ရင်ကျန့်က ရယ်မောပြီး ပြောလိုက်သည်။

" လာမယ့်အချိန်မှာ နိုင်ငံခြောက်ခုရဲ့ အကြွင်းအကျန်တွေက သေချာပေါက် တုန့်ပြန်လာလိမ့်မယ်။ ချင်နိုင်ငံက သူတို့ကို အမြစ်ဖြတ်ချင်တာ သူတို့သိသွားလိမ့်မယ်။ ပြီးတော့ ရှန်းယန်မှာရှိတဲ့လူတွေကလည်း သည်းမခံနိုင်ဖြစ်လာလိမ့်မယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။

" မင်းဘာကိုဆိုလိုတာလဲ။ " ရင်ကျန့်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။

" သားတော်က အိမ်ရှေ့စံမင်းသားဖြစ်လာပြီဆိုတော့ သူတို့က ငြိမ်နေမယ်လို့ ခည်းတော်ထင်လား။ အာဏာက လူတွေရဲ့ စိတ်ကို လှုပ်ရှားစေတယ်။ သူတို့မှာ လှုပ်ရှားဖို့ကလွဲပြီး အခြားရွေးချယ်စရာမရှိဘူး။ " ကျောက်ဖုန်းက အေးစက်စွာ ရယ်မောလိုက်သည်။

" ဒါဆို မင်းက သူတို့ကို ဘယ်လိုကိုင်တွယ်ဖို့ စီစဉ်ထားလဲ။ " ရင်ကျန့်က မေးလိုက်သည်။

" သူတို့က သားတော်ရဲ့ အသက်ကို လိုချင်နေတာဆိုတော့ သူတို့ကို အခွင့်အရေးတစ်ခုပေးရမှာပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ထိုစကားများကို ကြားသောအခါ ရင်ကျန့်က နားလည်သွားခဲ့သည်။

" မင်းဘာလုပ်ဖို့ စိတ်ကူးထားလဲ။ ခမည်းတော် မင်းနဲ့ ပူးပေါင်းပေးမယ်။ ဘယ်သူပဲ ပါဝင်ပက်သက်နေပါစေ မင်းကို ကိုင်တွယ်ခိုင်းမယ်။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" တကယ်လို့ ခမည်းတော်ရဲ့ သားတော်ဖြစ်နေရင်ရော။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။

" ဖုစုကတော့ လုပ်မှာမဟုတ်ဘူး။ " ရင်ကျန့်က သက်ပြင်းချပြီး ပြောလိုက်သည်။

" ဖုစုက မလုပ်နိုင်ပေမယ့် နောက်တစ်ယောက်က လုပ်နိုင်ပါတယ်။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။

" ဟူဟိုက်လား။ သူက မင်းကို တိုက်ခိုက်ရဲပါ့မလား။ " ရင်ကျန့်က အနည်းငယ် အံ့အားသင့်သွားသည်။

" ခမည်းတော်က အာဏာရဲ့ ဆွဲဆောင်မှုကို လျှော့တွက်နေတာပဲ။ " ရင်ကျန့်က ပြုံးလိုက်သည်။

" တကယ်လို့ သူတကယ်လုပ်ခဲ့ရင်တော့ သူ့ကို အသက်ချမ်းသာပေးလိုက်ပါ။ " ရင်ကျန့်က သက်ပြင်းချလိုက်သည်။ အဆုံးတွင် ဟူဟိုက်ကလည်း သူ၏ သွေးသားပင်ဖြစ်သည်။

" ကောင်းပါပြီ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

" ပြီးတော့ ဒီနေ့ ကျန်းထိုင်နန်းဆောင်ကို လာခဲ့ပါ။ ငါ အမိန့်ထုတ်ထားပြီးပြီ။ မင်းရဲ့ ညီလေးညီမလေးတွေက မင်းအမေကို ဂါရဝပြုပြီးရင် မင်းကို လာတွေ့ကြလိမ့်မယ်။ အခု မင်းရဲ့ နေရာကို ပြန်ရသွားပြီမလို့ မင်းရဲ့ ညီလေးညီမလေးတွေနဲ့ တွေ့ဆုံစင့်တယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ခမည်းတော်အစီအစဉ်အတိုင်း လိုက်နာပါမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ထိုအချိန်တွင် ရင်ကျန့်က တစ်စုံတစ်ခုကို သတိရသွားပြီး ကျောက်ဖုန်းက အထက်အောက်ကြည့်လိုက်သည်။ " ကောင်လေး မင်းငါ့ကို ပေးချင်တာ တစ်ခုခုများမရှိဘူးလား။ "

" ဘာပေးရမှာလဲ။ " ကျောက်ဖုန်းက နားမလည်နိုင်ဖြစ်သွားသည်။

" ကောင်လေး မင်းအမေက မင်းရဲ့အကြောင်း အကုန်ပြောပြပြီးပြီ။ မင်းက အခုထိ ဟန်ဆောင်ရဲသေးတယ်ပေါ့။ " ရင်ကျန့်က မျက်လုံးပြူးပြီး ပြောလိုက်သည်။

" ဘာအကြောင်းလဲ။ " ကျောက်ဖုန်းက မသိချင်ယောင်ဆောင်လိုက်သည်။

" မင်း ပိုင်ယွဲ့ကို သွားတာ ချင်နိုင်ငံပျက်စီးဖို့ စောင့်နေတာမဟုတ်လား။ ပြီးရင် မင်းက ကမ္ဘာကို ပြန်သိမ်းပိုက်မှာမဟုတ်လား။ မင်းအမေက အားလုံး ပြောပြပြီးပြီ။ " ရင်ကျန့်က စိတ်ပျက်စွာ ပြောလိုက်သည်။

" ဟားဟား ခမည်းတော်ရဲ့ အခြားသားတော်တွေက ဒီနယ်မြေကို ဘယ်သူမှမထိန်းနိုင်ကြဘူးလေ။ သားတော်က အားလုံးအတွက် စဉ်းစားပေးရမှာပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အခုရော " ရင်ကျန့်က မေးလိုက်သည်။

" အခုက မတူတော့ဘူး။ အိမ်ရှေ့စံနေရာကို လက်ခံပြီးပြီဆိုတော့ ချင်နိုင်ငံကို ပြောင်းလဲပစ်ရမယ်။ ပြီးတော့ ခမည်းတော်အတွက် လက်ဆောင်တစ်ခုလည်း ရှိပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဘာလက်ဆောင်လဲ။ " ရင်ကျန့်က စိတ်ဝင်တစားမေးလိုက်သည်။

သူက သိုင်းတာအိုအကြောင်း သိထားပြီဖြစ်သည်။ သူ၏ ဇနီးက ​ကျောက်ဖုန်း၏ မိသားစုများနှင့် ကိုယ်ရံတော်များသာ သိုင်းပညာကို လေ့ကျင့်နိုင်ကြောင်း သူ့ကို ပြောပြထားပြီဖြစ်သည်။

All Chapters