အခန်း (၂၄၅-၂၄၆)
Vol. 24 Ch. 245-246
အခန်း (၂၄၅) ကျင်းမင်းသား၏ ရည်ရွယ်ချက်
"ငါ ကောင်းဖူက ကိုယ်အဂါမစုံတဲ့ လူတစ်ယောက်ပဲ။ မိသားစုလည်း မရှိဘူး၊ သားသမီးလည်း မရှိဘူး။ ငွေတွေ စုဆောင်းနေတော့ ဘာလုပ်ဖို့လဲ"
ကောင်းဖူသည် မိန်းမစိုးတစ်ဦး ဖြစ်သော်လည်း မိန်းမဆန်သော အရိပ်အယောင် လုံးဝမရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် အလွန် ရက်ရောပြီး သဘောထားကြီးလှ၏။ သူသည် တစ်ဆယ့်နှစ်လျန်လေးသော ငွေတုံးတစ်တုံးကိုထုတ်ယူပြီး စားပွဲထိုးထံသို့ ပစ်ပေးလိုက်သည်။
"မင်းတို့ဆီမှာ ရှိတဲ့ ဝိုင်ကောင်း၊ အသားကောင်းနဲ့ စားစရာတွေကိုသာ အကုန်ချခဲ့စမ်း..."
"ကြီးကြပ်ရေးမှူးကောင်း... အသင်က ဒီနေ့ အတော်လေး သောက်ထားပြီမို့ ကျွန်တော်မသောက်ရဲတော့ပါဘူး..."
ဝူကျိရှန်း စကားမဆုံးသေးမီ အရပ်ရှည်သော မိန်းမစိုး ကောင်းဖူက သူ့ကို စိုက်ကြည့်ကာ
"ငါ ပြောမယ် သမားတော်ဝူ... ငါတို့က အတူတူ သေဖော်သေဖက် ဖြစ်ခဲ့ကြတာ။ အခု မင်းက တော်ဝင်ဆေးရုံရဲ့ အကြီးအကဲ ဖြစ်သွားပြီဆိုတော့ မိတ်ဆွေဟောင်းတွေကို အထင်သေးပြီး ငါတို့နဲ့ အတူတူ မသောက်ချင်တော့ဘူးပေါ့ ဟုတ်လား"
"ဘာတွေ ပြောတာလဲ ကြီးကြပ်ရေးမှူးကောင်း။ ကျွန်တော်ဘယ်ရာထူးပဲ ရရ၊ ငါတို့က မိတ်ဆွေတွေအဖြစ် ရှိနေတုန်းပါပဲ"
"ဒါဆိုရင် ငါ့အတွက် လုံလောက်ပြီ"
စစ်ဘက်ကြီးကြပ်ရေးမှူး ကောင်းဖူသည် ဝူကျိရှန်းအတွက် ဝိုင်တစ်ခွက် ထပ်ငှဲ့ပေးကာ ကျယ်လောင်စွာ ရယ်မောလိုက်၏။
"မင်းက ပဉ္စမအဆင့် အရာရှိတစ်ယောက်ပဲ ရှိသေးတာ။ တကယ်လို့ ဧကရာဇ်အရှင်က စတုတ္ထအဆင့် အရာရှိဗုပ်ကို ချီးမြှင့်ရင်တောင် မင်းက စတုတ္ထအဆင့် အရာရှိ စစ်စစ် မဖြစ်သေးဘူး။ ငါတို့ရဲ့ ကျားဗိုလ်ချုပ်ကတော့ စတုတ္ထအဆင့် ဗိုလ်ချုပ်စစ်စစ် ဖြစ်ပြီး မင်းနဲ့အတူ သောက်နေတာ။ မင်းက မသောက်ဘဲ နေဝံ့လို့လား။ ဒီနေ့ မမူးမချင်း ဘယ်သူမှ ပြန်ခွင့်မရှိဘူး"
ကောက်ဖူသည် မိန်းမစိုးတစ်ဦး ဖြစ်သော်လည်း အလွန် ပွင့်လင်းရိုးသားပြီး ရက်ရောလှ၏။ အသက်နှင့် သေခြင်းကို ရင်ဆိုင်ခဲ့ဖူးသော သတ္တိပြောင်မြောက်သည့် လူကြမ်းကြီး ချန်ဟူချန်ကမူ အနည်းငယ် အနေအေးပုံရသည်။
ဤမြောက်ပိုင်းစစ်ဆင်ရေးတွင် ချန်ဟူချန်သည် သဲကန္တာရကို ဖြတ်ကျော်၍ စစ်တပ်ကို ဦးဆောင်ကာ အလစ်အငိုက် တိုက်ခိုက်ခဲ့သဖြင့် ကြီးမားသော ကောင်းမှုကို တကယ်ပင် စွမ်းဆောင်နိုင်ခဲ့၏။
နန်းတွင်းသည် ချန်ဟူချန်ကဲ့သို့သော မျိုးဆက်သစ်ဗိုလ်ချုပ်လူငယ်များအား ဆုလာဘ်ပေးရန် ဘယ်တော့မှ လက်တွန့်လေ့မရှိပေ။ ယခုအကြိမ်တွင် သူ့ကို မြို့တော်ဧရိယာ၏ လက်ထောက်စစ်သေနာပတိ ဘွဲ့ ပေးအပ်လိုက်ရာ ၎င်းက ရှန်းရှီးစစ်ဌာနခွဲ၏ ဒုတိယစစ်ဦးစီးချုပ်နှင့် ခပ်ဆင်ဆင် တူလှ၏။
ချန်ဟူချန်၏ စတုတ္ထအဆင့် ရာထူးမှာ မိမိ၏ ကြိုးစားမှုနှင့် အရည်အချင်းသက်သက်ဖြင့် ရရှိခဲ့ခြင်း ဖြစ်သဖြင့် ဂုဏ်သိက္ခာကြီးမားသော ဘွဲ့ထူးတစ်ခု ဖြစ်သည်။
"ငါတို့ မဆုံဖြစ်တာ ရက်ပေါင်းများစွာ ရှိပြီ။ ဒီနေ့တော့ စိတ်ကြိုက် သောက်ကြရအောင်"
ချန်ဟူချန်သည် စကားအများကြီး ပြောတတ်သူ ဖြစ်သည့်အတွက်ဝိုင်ခွက်ကို တရှိန်ထိုး မော့လိုက်ကာ ပြောသည်။
"ငါ သမားတော်ဝူကို ဂါရဝပြုပါတယ်။ သမားတော်ဝူ... ဝိုင်တစ်ခွက်လောက် သောက်ရအောင်"
"မသောက်တော့ပါဘူး"
ဝူကျိရှန်းက ပြုံးလျက် ပြေလိုက်သည်။
"ဗိုလ်ချုပ်ချန်နဲ့ ကြီးကြပ်ရေးမှူးကောင်းတို့က မိတ်ဆွေဟောင်းတွေပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်ရဲ့ ဝိုင်သောက်နိုင်စွမ်းနဲ့ဆို နောက်ထပ် သုံးခွက်လောက် သောက်ဖို့က အေးဆေးပါပဲ။ ဒါပေမဲ့ ဗိုလ်ချုပ်ချန်အတွက် စိတ်ပူလို့ပါ..."
ချန်ဟူချန်သည် ဦးနှောက်ခွဲစိတ်မှုကို ခံယူခဲ့ရဖူးပြီး သူ ပြန်လည်ကောင်းမွန်လာသည်မှာ ကြာပြီ ဖြစ်သော်လည်း ပုံမှန်လူတစ်ယောက်ကဲ့သို့ လုံးဝ ကျန်းမာရေးမကောင်းသေးသဖြင့် အလွန်အကျွံ သောက်ခြင်းက သူ၏ ကျန်းမာရေးအတွက် မကောင်းပေ။
"ကျွန်တော်ကိုယ်တိုင် ဗိုလ်ချုပ်ချန်ရဲ့ ဦးခေါင်းခွံကို ခွဲစိတ်ပေးခဲ့တာမို့ ဝိုင်သောက်တာက ထိခိုက်စေတယ်ဆိုတာ သိပါတယ်။ ဗိုလ်ချုပ်ချန်အနေနဲ့ နောင်ကို ဝိုင်မသောက်တာ အကောင်းဆုံးပါပဲ"
"ငါလည်း ဝိုင်သောက်ပြီးရင် ခေါင်းက အမြဲတမ်း ကိုက်ခဲနေတာ။ မသောက်ချင်ပေမဲ့ ဒီနေ့ မင်းနဲ့ ဆုံလို့ပါ... ကောင်းပြီလေ ဒါဆိုရင် မသောက်တော့ဘူး"
ချန်ဟူချန်က ကျယ်လောင်စွာ ရယ်မောရင်းကတိပေးလိုက်၏ ။
"ငါ အခုလို ရာထူးတက်တာက သမားတော်ဝူ... အကြီးအကဲဝူရဲ့ ကျေးဇူးကြောင့်ပါပဲ..."
"ဗိုလ်ချုပ်ချန်က သတ္တိရှိရှိနဲ့ ရဲရဲတောက် တိုက်ခိုက်ခဲ့တာမို့ မိမိရဲ့ ကောင်းမှုအတွက် ဆုလာဘ်ရတာက သဘာဝကျပါတယ်။ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ"
"တကယ်လို့ မင်းရဲ့ လမ်းညွှန်မှုသာ မရှိရင် အဲဒီ သေမင်းသဲကန္တာရကို ဖြတ်ကျော်လို့ရမှန်း ငါ ဘယ်လိုသိပါ့မလဲ" ဟု ပြောရင်း ချန်ဟူချန်သည် သူ၏ အိတ်ကပ်ထဲမှ ဓားမြှောင်တစ်လက်ကို ထုတ်လိုက်၏။
ရွှေနှင့် ကျောက်စိမ်းများ စီခြယ်ထားသော ဓားမြှောင်သည် သေးငယ်ပြီး သပ်ရပ်လှသည်။ ၎င်း၏ ကွေးညွတ်သော ပုံစံမှာ ကွေးညွတ်နေသော ဓားငယ်လေးတစ်လက်နှင့် တူ၏။ ၎င်း၏ ဒီဇိုင်းအရ အလယ်ပိုင်းဒေသမှ မဟုတ်ကြောင်း ထင်ရှားပြီး မွန်ဂိုများက အနောက်ဘက်မှ ယူဆောင်လာခြင်း ဖြစ်ရမည်။
"ဒီဓားက စစ်မြေပြင်ကရတဲ့ စစ်သုံ့ပန်းပစ္စည်းပဲ။ မင်းရဲ့ ဇနီးမှာ ကိုယ်ဝန်ရှိနေပြီလို့ အခုတင် ပြောတာမို့ သူ့အတွက် ဘေးဥပါဒ်တွေနဲ့ ကံဆိုးမှုတွေကို ဖယ်ရှားနိုင်အောင် ငါ ပေးခဲ့ပါတယ်..."
ထိုခေတ်က ထုံးတမ်းစဉ်လာအရ လူများသည် ကိုယ်ဝန်ဆောင်မိခင်များ၏ ခေါင်းအုံးအောက်တွင် ဓားနှင့် ကတ်ကြေးကဲ့သို့သော ချွန်ထက်သည့် အရာများကို ထားလေ့ရှိကြ၏။ ထိုအရာများသည် ဘေးဥပါဒ်များကို ဖယ်ရှားနိုင်ရုံတင်မကဘဲ မိစ္ဆာများ၊ သရဲတစ္ဆေများနှင့် အခြား မစင်ကြယ်သော အရာများကိုပါ မလာဝံ့အောင် တားဆီးနိုင်သည်ဟု ဆိုကြသဖြင့် ကိုယ်ဝန်ဆောင်များအတွက် အဆောင် လက်ဖွဲ့တစ်ခုကဲ့သို့ ဖြစ်နေသည်။
၎င်းမှာလုံး အယူသည်းမှု ဖြစ်သော်လည်း ချန်ဟူချန်၏ စေတနာစကား ဖြစ်၏။
ချန်ဟူချန်က စစ်ဗိုလ်ချုပ်တစ်ဦး ဖြစ်ပြီး ဝူကျိရှန်းက တော်ဝင်ဆေးရုံတွင် အမှုထမ်းနေခြင်း ဖြစ်သည်။ သူတို့နှစ်ဦးမှာ အပြန်အလှန် ဆက်စပ်မှုမရှိဘဲ တရားဝင် ဆက်သွယ်မှုလည်း မရှိသဖြင့် ဒါက လာဘ်ပေးလာဘ်ယူမှု မဟုတ်ဘဲ သူငယ်ချင်းများကြား သာမန် ကျေးဇူးတုံ့ပြန်မှုမျှသာ ဖြစ်သည်။
ဝူကျိရှန်းက ထိုလက်ဆောင်ကို ဘာတွန့်ဆုတ်မှုမျှ မရှိဘဲ လက်ခံလိုက်၏။
"မင်းဖော်စပ်တဲ့ ပေါင်ကျီမှုန့်က တကယ်ကို ထူးခြားတာပဲ။ တကယ်လို့ ဒါကို စစ်တပ်ထဲ အများကြီး ထောက်ပံ့ပေးနိုင်ရင် ဒဏ်ရာရတာတွေကို အများကြီး လျှော့ချနိုင်မှာ အသေအချာပဲ..."
ဖန်းယီဆန်း ဟုခေါ်သော အရာသည် မင်မင်းဆက်ရှိ ပင်နီဆလင်၏ ကုန်သွယ်မှုအမည် ဖြစ်သည်။ ၎င်းသည် အလွန်ပြင်းထန်သော အရောင်ကျဆေးနှင့် ပိုးသတ်ဆေးအာနိသင် ရှိသဖြင့် စစ်ပွဲအတွင်းရှိ အပြင်ဒဏ်ရာများနှင့် သွေးထွက်သံယို ဒဏ်ရာများအတွက် အံ့ဩစရာ ဆေးစွမ်းကောင်း ဖြစ်၏။
အားနည်းချက်မှာထိုဆေးဝါးကိုပမာဏနည်းနည်းသာထုတ်နိုင်ခြင်း ဖြစ်သည်။ ဆေးဝါးစက်ရုံက အစွမ်းကုန် လည်ပတ်နေသော်လည်း စစ်တပ်တစ်ခုလုံး သုံးရန်အတွက်မူ မလုံလောက်ဘဲ သမုဒ္ဒရာထဲက ရေတစ်စက်မျှသာ ရှိသေးသည်။
"အခုအချိန်မှာတော့ ပေါင်ကျီမှုန့်ကို အများကြီး မထောက်ပံ့နိုင်သေးပါဘူး။ ဒါပေမဲ့ စစ်သည်တွေကို တတ်နိုင်သမျှ ကယ်တင်နိုင်အောင် ကျွန်တော်အစွမ်းကုန် ကြိုးစားပြီး အများကြီးရအောင် လုပ်ပေးပါ့မယ်"
"ဒန်ဆန်းမှုန့်ကလည်း ကောင်းပါတယ်။ သမားတော် ဝူကျိရှန်း ရှိနေတာက ရှေ့တန်းကလူတွေအတွက် ကံကောင်းတာပဲ"
စစ်ဘက်ကြီးကြပ်ရေးမှူး ကောင်းဖူက ပြုံးလျက် ဝိုင်ခွက်ကို ကိုင်ကာ တစ်ငုံမျှ သောက်လိုက်ပြီး ဝူကျိရှန်းကို ပြုံး၍ ပြောသည်။
"နန်းတွင်းက အစတုန်းက ယန်ကျိုးကိုသွားပြီး စစ်သည်တွေကို ဆုလာဘ်ပေးမယ်လို့ ပြောတာ။ အိမ်ရှေ့စံမင်းသားက ဘုရင်မင်းမြတ်ကိုယ်စား စစ်တပ်ကို စစ်ဆေးမယ်ဆိုတော့ စစ်သည်တွေ ကြားရတဲ့အခါ အားလုံး အလွန် ဝမ်းသာခဲ့ကြတာ"
"ဒါပေမဲ့ နောက်ပိုင်းကျတော့ အိမ်ရှေ့စံမင်းသားက ယန်ကျိုးကို မသွားတော့ဘူး။ အဲဒီအစားစွမ်းဆောင်မှုရှိတဲ့ အရာရှိတွေကို ဘွဲ့ထူးတွေ ပေးဖို့ မြို့တော်ကို ခေါ်ယူလိုက်တယ်"
ကောင်းဖူသည် မိမိနှင့်မဆိုင်သော သာမန်ကိစ္စတစ်ခုကို ပြောနေသည့်အလား ပြော၏။
"ငါတို့က နည်းနည်း ပိုပြီး လမ်းလျှောက်ရတာက ဘာမှမဟုတ်ပါဘူး။ ဒါပေမဲ့ အိမ်ရှေ့စံမင်းသား ရောဂါထဖောက်ပြီး လူအများရှေ့မှာ တင် မေ့လဲသွားတယ်လို့ ငါကြားတယ်။ အဲဒါ တကယ်ပဲ ဘာဖြစ်တာလဲ"
"ဘာဖြစ်လို့လဲ။ ကြီးကြပ်ရေးမှူးကောင်း ဘာကို မေးချင်တာလဲ"
"ငါက အိမ်ရှေ့စံရဲ့ အခြေအနေ ဘယ်လိုရှိလဲဆိုတာ စပ်စုချင်ရုံပါပဲ"
အိမ်ရှေ့စံ ကျူးပြန်သည် ရုတ်တရက် နှလုံးရောဂါထဖောက်သဖြင့် မေ့လဲသွားခြင်း ဖြစ်၏။ အခြေအနေက တကယ်ပဲ အလွန် စိုးရိမ်ခဲ့ရပြီး လူအများအပြား မြင်တွေ့ခဲ့သဖြင့် အမှန်တရားကို ဖုံးကွယ်ရန် မဖြစ်နိုင်ပေ။ ကောင်းဖူ ကြားသိရခြင်းမှာ လုံးဝ ပုံမှန်ပင် ဖြစ်သည်။
"မနေ့က နန်းတွင်းက ကောင်းမှုရှိတဲ့ အရာရှိတွေကို ဆုချတုန်းက ကြီးကြပ်ရေးမှူးကောင်းနဲ့ ဗိုလ်ချုပ်ချန်တို့ နှစ်ယောက်စလုံး ရှိနေတာပဲ။ အိမ်ရှေ့စံကို မြင်ခဲ့ရမှာပေါ့ ဟုတ်လား"
"ငါနဲ့ ဗိုလ်ချုပ်ချန်ကတော့ အိမ်ရှေ့စံမင်းသားကို မြင်ခဲ့ရတာပေါ့။ သူက ကျန်းကျန်းမာမာနဲ့ တည်ငြိမ်နေတာပဲ။ ပြင်းထန်တဲ့ ရောဂါဖြစ်နေတဲ့ လူနဲ့ လုံးဝမတူပါဘူး"
"အိမ်ရှေ့စံမင်းသားရဲ့ အခြေအနေက မပြင်းထန်ပါဘူး"
"မပြင်းထန်ဘူး ဟုတ်လား။ ဒါက မဟုတ်သေးပါဘူး"
ကောင်းဖူက သာမန်မေးခွန်းတစ်ခုကို မေးနေသည့်အလား လွတ်လပ်စွာ ပြောသည်။
"အဲဒီနေ့က အိမ်ရှေ့စံ မေ့လဲသွားတုန်းက ပြန်မနိုးတော့မလို ဖြစ်ခဲ့တယ်လို့ တခြားလူတွေ ပြောတာ ငါကြားတယ်။ မင်းက ဘာလို့ မပြင်းထန်ဘူးလို့ ပြောနိုင်ရတာလဲ"
"ကြီးကြပ်ရေးမှူးကောင်း..."
"ကြီးကြပ်ရေးမှူးကောင်း...ဒါကကျွန်တော့်ကို ဝိုင်သောက်ဖို့ တမင် ဖိတ်ခေါ်ရတဲ့ တကယ့်အကြောင်းရင်းလား"
ထိုစကားကို ကြားသောအခါ ကောင်းဖူသည် တုန်လှုပ်သွားရ၏။ သူသည် အနေရခက်မှုကို ပြေပျောက်စေရန် အတင်း ရယ်မောလိုက်ရုံသာ တတ်နိုင်တော့သည်။
"ငါက ဒီအတိုင်း မေးကြည့်တာပါ။ တကယ်လို့ မင်းပြောဖို့ အဆင်မပြေရင်လည်း ထားလိုက်ပါတော့"
အိမ်ရှေ့စံ ကျူးပြန်၏ ကျန်းမာရေး အခြေအနေမှာ အလွန် အရေးကြီးသော ကိစ္စရပ် ဖြစ်ပြီး နိုင်ငံတော် လျှို့ဝှက်ချက် ဖြစ်သဖြင့် မည်သူ့ကိုမျှ ပြောဆို၍မရသော အရာ ဖြစ်သည်။
ကောင်းဖူသည် ထိုစည်းကမ်းကို သိလျက်နဲ့မေးမြန်းနေခြင်း ဖြစ်၏။
ဝူကျိရှန်းသည် အိမ်ရှေ့စံ၏ အခြေအနေကို နောက်ကွယ်ကသိချင်နေသူမှာ ကောင်းဖူ နှင့်ချန်ဟူချန် မဟုတ်ဘဲ ၎င်းတို့၏ နောက်ကွယ်က ကျင်းမင်းသား ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။
ကောင်းဖူနှင့် ချန်ဟူချန်တို့မှာ ကျင်းမင်းသား၏ လူများ ဖြစ်ကြ၏။ ၎င်းတို့က ဝူကျိရှန်းကို ဝိုင်သောက်ရန်နှင့် အတိတ်ကို ပြောရန် ဖိတ်ခေါ်ခြင်း၏ တကယ့်ရည်ရွယ်ချက်မှာ အိမ်ရှေ့စံ၏ ရောဂါအခြေအနေကို စုံစမ်းရန်အတွက်သာ ဖြစ်သည်။
*********
အခန်း ၂၄၆ ရယ်စရာမီးမောင်းလက်နက်
"ဘာလို့ ဒီလောက်တောင် နောက်ကျမှ ပြန်လာတာလဲ၊ ကိုယ်မှာလည်း အရက်နံ့တွေ ဟောင်လို့"
သခင်မလေးရွန့်က မေးသောအခါ ဝူကျိရှန်းက
"ဗိုလ်ချုပ်ဟူချန်နဲ့ ကြီးကြပ်ရေးမှူးကောင်းတို့က ငါ့ကို အတင်းဆွဲခေါ်ပြီး သောက်ခိုင်းကြတာနဲ့" ဟု ပြန်ပြော၏။
ခရိုင်မြို့ငယ်လေး၏ ကာကွယ်ရေးတိုက်ပွဲ အတွင်း ဗိုလ်ချုပ်ဟူချန်နှင့်ကြီးကြပ်ရေးမှူးကောင်း နှစ်ယောက်စလုံးသည် စွမ်းဆောင်ရည် ပြသနိုင်ခဲ့ကြသည်။ သခင်မလေးရွန့်သည် ထိုနှစ်ယောက်အပေါ် ရိုသေလေးစားမှုရှိ၏။
"ဗိုလ်ချုပ်ဟုချန်က တိုက်ပွဲမှာ သတ္တိရှိပြီး ကြောက်ရွံ့မှုမရှိဘူး၊ ကြီးကြပ်ရေးမှူးကောင်းကလည်း သူနဲ့ အပေးအယူမျှမျှ လုပ်ဆောင်နိုင်တယ်၊ သူတို့နှစ်ယောက်စလုံး မြောက်ပိုင်းစစ်ဆင်ရေးမှာ ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့ကြတယ်လို့ကျွန်မကြားတယ်၊ ဒီလိုလူတွေကို နန်းတော်က အလေးအနက် ထားရမှာ မဟုတ်လား"
ဗိုလ်ချုပ်ဟူချန်သည် မျိုးဆက်သစ် စစ်သူကြီးများထဲတွင် ထူးချွန်ထင်ရှားသူ တစ်ဦးဖြစ်၏။ တိုက်ခိုက်ခြင်း၌ဖြစ်စေ၊ ကွပ်ကဲခြင်း၌ဖြစ်စေ သူသည် ကျော်ကြားသော ဗိုလ်ချုပ်တစ်ဦး၏ အရှိန်အဝါရှိသည်။ အထူးသဖြင့် သူ၏ပြတ်သားမှုသည် ရှေးဟောင်းစစ်သည်တော်တို့၏ စံပြပင်ဖြစ်၏။ သူသည် ဝူကျိရှန်းနှင့် ရင်းနှီးသော ပုဂ္ဂိုလ်ရေး ဆက်ဆံရေးရှိသဖြင့် ဇနီးမောင်နှံနှစ်ဦးသည် ဟူချန်အကြောင်းကိုပြောဆိုနေမိကြ၏။
အနီးနားတွင် ရပ်နေသော ချင်းချင်းသည် ဇနီးမောင်နှံနှစ်ဦး၏ စကားဝိုင်းကို စိတ်ဝင်တစား နားထောင်နေပြီး ဝင်ပြောလိုက်၏။
"ဒီကျားဗိုလ်ချုပ်က တကယ်ကို အံ့သြဖို့ကောင်းတာပဲ၊ ဟိုတုန်းက အဖိုးယွဲ့ဖေးအတိုင်းပဲ"
စစ်သားကောင်းတစ်ယောက်အနေဖြင့် စစ်သူကြီးဟူချန်သည် အလွန်တော်သော်လည်း မင်မင်းဆက်၏ ဒဏ္ဍာရီလာ စစ်သူကြီး ယွဲ့ဖေးနှင့် မယှဉ်နိုင် သေးပေ။ စစ်ရေးပါရမီ၌ဖြစ်စေ၊ သမိုင်းဝင် သြဇာသက်ရောက်မှု၌ဖြစ်စေ သူသည် ယွဲ့ဖေးကို မမှီနိုင်ပေ။
သို့သော် ထိုအချက်က ချင်းချင်း၏ လေးစားမှုကို မလျော့ပါးစေဘဲ သူမက သူ့ကို မင်မင်းဆက်၏ ယွဲ့ဖေး ဟုပင် နှိုင်းယှဉ်လိုက်၏။
ချင်းချင်း၏ စိတ်ထဲတွင် စစ်သူကြီးဟူချန်သည် နဂါးဖြူမြင်းကို စီးပြီး ငွေလှံတံကို ကိုင်ကာ စစ်တပ်ကြီးထဲတွင် ရန်သူ့ဗိုလ်ချုပ်၏ ဦးခေါင်းကို ဖြတ်နိုင်စွမ်းရှိသော၊ တစ်ကိုယ်တော် လူတစ်ရာကို ရင်ဆိုင်နိုင်သော စူပါဟီးရိုးတစ်ဦးကဲ့သို့ပင် ဖြစ်နေသည်။
"လူတစ်ရာကို တစ်ယောက်တည်း ရင်ဆိုင်ရတယ် ဟုတ်လား၊ လျှောက်မပြောနဲ့"
ဝူကျိရှန်းက ချင်းချင်းကို ပြုံး၍ ပြောလိုက်၏။
"ဗိုလ်ချုပ်ဟူချန်က ဘယ်လောက်ပဲ စွမ်းပါစေ သွေးနဲ့သားနဲ့ လူသားတစ်ယောက်ပဲ၊ သူက လူတစ်ရာကို တစ်ယောက်တည်း ဘယ်လိုလုပ် နိုင်မှာလဲ"
"ဘာလို့မနိုင်ရမှာလဲ"
ချင်းချင်းက နှုတ်ခမ်းစူပြီး ပြောလိုက်လိုက်သည်။
"တကယ့် စစ်သူကြီးတွေက အရမ်းစွမ်းကြတယ်လို့ ကျွန်မကြားဖူးတယ်၊ ဥပမာ ယွဲ့ဖေးရဲ့ စစ်သည်ရှစ်ရာက ဂျင်စစ်တပ်ရဲ့ အင်အားတစ်သိန်းကို အနိုင်တိုက်ခဲ့တာမျိုးပေါ့၊ ပြီးတော့ ချန်ရှန်းက ကျောက်ဇီလုံကလည်း ချောက်ချောက်ရဲ့ စစ်စခန်းထဲကို ခုနစ်ကြိမ် အဝင်အထွက်လုပ်ပြီး တိုက်ခိုက်ခဲ့လို့ ချောက်ချောက်ရဲ့ စစ်သည်သိန်းချီက ကြောက်လန့်ပြီး အနားတောင် မကပ်ရဲကြဘူး"
ယွဲ့ဖေး၏ "ရှစ်ရာက တစ်သိန်းကို နိုင်ခြင်း" သို့မဟုတ် ကျောက်ဇီလုံ၏ "ခုနစ်ကြိမ် အဝင်အထွက်လုပ်ခြင်း" တို့သည် လုပ်ကြံဖန်တီးထားသော ဇာတ်လမ်းများသာ ဖြစ်ကြသည်။ ထိုရှေးဟောင်း သူရဲကောင်းများသည် တကယ်ပင် အစွမ်းထက်ကြသော်လည်း အဆုံး၌ သွေးနှင့်သားနှင့် လူသားများသာဖြစ်ပြီး ရုပ်ရှင်ထဲက စူပါဟီးရိုးများ မဟုတ်သကဲ့သို့ ထိုမျှကြီးမားသော တိုက်ခိုက်ရေးစွမ်းရည်မျိုးလည်း အမှန်တကယ် မရှိကြပေ။
ရှေးခေတ်က ကျော်ကြားသော စစ်ဗိုလ်ချုပ်များ ကျော်ကြားရခြင်း အဓိကအကြောင်းရင်းမှာ သူတို့၏ စစ်ရေးဗျူဟာနှင့် ကွပ်ကဲမှုစွမ်းရည်ကြောင့်ဖြစ်ပြီး တစ်ကိုယ်ရည် တိုက်ခိုက်ရေးစွမ်းရည်ကြောင့် မဟုတ်ချေ။
"ချင်းချင်း စစ်ပွဲဆိုတာ နင့်စိတ်ကူးထဲကလို မဟုတ်ဘူး၊ တကယ့်စစ်ဗိုလ်ချုပ်တွေက ဇာတ်ပွဲတွေထဲကလို ရန်သူနဲ့ တစ်ယောက်ချင်း ဘယ်တော့မှ ရင်ဆိုင်မတိုက်ဘူး"
ဝူကျိရှန်းက တကယ့်စစ်ပွဲကို ရည်ညွှန်း၍ ပြောလိုက်၏။
"စစ်ပွဲဆိုတာ နှစ်ဖက်စလုံးရဲ့ စုစုပေါင်းအင်အားကို ဘက်စုံကနေ ယှဉ်ပြိုင်ကြတာ၊ တစ်ဦးတစ်ယောက်ရဲ့ သတ္တိက မပြောပလောက်ပါဘူး၊ တကယ့် တောင့်တင်းတဲ့ စစ်တပ်က ဘယ်လိုမျိုးလဲဆိုတာ နင်သိလား"
ဝူကျိရှန်းနှင့် သခင်မလေးရွန့်တို့ လက်ထပ်ပြီးကတည်းက ချင်းချင်းနှင့် ဝူကျိရှန်းတို့သည် နေ့တိုင်းနီးပါး အတူတူရှိနေခဲ့ကြသည်။ ဝူကျိရှန်းက သူမကို "ဗဟုသုတအသေးအဖွဲများ" အမြဲ သင်ပေးလေ့ရှိ၏။
၎င်းသည် စနစ်တကျ သင်ကြားခြင်းမဟုတ်ဘဲ ရိုးရိုးရှင်းရှင်း စကားပြောဆိုခြင်းမျှသာ ဖြစ်သောကြောင့် ချင်းချင်းသည် ဝူကျိရှန်းထံမှ များစွာ သင်ယူခဲ့ရပြီး သူမ၏ အမြင်များကို ကျယ်ပြန့်စေခဲ့သည်။ သို့သော် သူမရရှိခဲ့သော ဗဟုသုတများမှာ စနစ်မကျဘဲ ပြန့်ကျဲနေ၏။
ယခုအချိန်တွင် ချင်းချင်းသည် ၂၁ ရာစုရှိ အလယ်တန်းကျောင်းသားတစ်ဦးနှင့် တူနေပြီ ဖြစ်သည်။ သူမသည် နက္ခတ္တဗေဒ၊ ပထဝီဝင်၊ ရူပဗေဒ၊ ဓာတုဗေဒ၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အခြေခံဗဟုသုတအချို့ကို သိရှိထား၏။ သူမ၏ ဗဟုသုတအဆင့်အတန်းသည် ဤခေတ်ကာလထက် များစွာ သာလွန်နေခဲ့သည်။
သူမသည် စနစ်တကျ ပညာသင်ကြားခဲ့ရခြင်း မရှိသဖြင့် အပေါ်ယံဗဟုသုတကိုသာ သိရှိပြီး "ဘာဖြစ်သည်" ကိုသာ သိကာ "ဘာကြောင့်ဖြစ်သည်" ကိုမူ မသိချေ။
ချင်းချင်းသည် ဝူကျိရှန်းထံမှ အခြားသူများ မသင်ယူနိုင်သော အရာများစွာကို သင်ယူခဲ့ရသော်လည်း စစ်ရေးကိစ္စများနှင့် ပတ်သက်၍မူ ဘာမှမသိသေးချေ။ အဓိကအကြောင်းရင်းမှာ ဝူကျိရှန်းကိုယ်တိုင်က စစ်ရေးကိစ္စများကို အနည်းငယ်သာ သိရှိပြီး သူမကို စစ်ရေးဗဟုသုတများ သင်ပေးရန် အခွင့်အလမ်းမရှိခြင်းကြောင့် ဖြစ်၏။
"တောင့်တင်းတဲ့စစ်တပ် ဟုတ်လား၊ ယွဲ့မိသားစုစစ်တပ်က တောင့်တင်းတဲ့စစ်တပ် မဟုတ်ဘူးလား"
ယွဲ့မိသားစုစစ်တပ်သည် သံသယဖြစ်ဖွယ်မရှိဘဲ အစွမ်းထက်သော စစ်တပ်တစ်ခု ဖြစ်ခဲ့သည်။
ချင်းချင်း၏ စစ်ရေးဗဟုသုတအရ သူမသည် "ယွဲ့မိသားစုစစ်တပ်" ကိုသာ သိထားခြင်း ဖြစ်၏။
ဆန့်ကျင်ဘက်အနေဖြင့် သခင်မလေးရွန့်က ပို၍ သိထားသည်။
"ဟိုတုန်းက မွန်ဂိုမြင်းတပ်က တောင့်တင်းတဲ့စစ်တပ်လို့ ဆိုရမှာမဟုတ်လား"
မွန်ဂိုမြင်းတပ်သည် မြှားပစ်ခြင်းအတတ်ကို အထွတ်အထိပ်သို့ ရောက်အောင် မြှင့်တင်နိုင်ခဲ့ပြီး အေးစက်သောလက်နက်ခေတ်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ သူတို့သည် ရန်သူများစွာကို အနိုင်ယူခဲ့ပြီး မကြုံစဖူး ကြီးမားသော မွန်ဂိုအင်ပါယာကို တည်ထောင်ခဲ့ကြ၏။ မွန်ဂိုစစ်တပ်ကို ရက်စက်သည်ဟု ပြောနိုင်သော်လည်း အားနည်းသည်ဟုမူ ပြော၍မရပေ။
"ယွဲ့ဖေးရဲ့စစ်တပ်နဲ့ မွန်ဂိုမြင်းတပ် ဘယ်ဟာက ပိုစွမ်းလဲ"
ချင်းချင်း၏ မေးခွန်းမှာ စိတ်ကူးယဉ်ဆန်လွန်းလှသည်။ မတူညီသော ခေတ်ကာလနှစ်ခုမှ လုံးဝမတူညီသော စစ်တပ်နှစ်ခုကို နှိုင်းယှဉ်၍ မရနိုင်ချေ။
ကွမ်းယုနှင့် ချင်ချုံတို့ တိုက်ခိုက်လျှင် မည်သူက ပိုစွမ်းမည်ကို ပြောရန် ခက်ခဲလှ၏။
"သခင်လေးက ဗဟုသုတများတဲ့သူပဲ၊ ကျွန်မကို ပြောပြပါဦး၊ လောကမှာ ဘယ်စစ်တပ်က အသန်မာဆုံးလဲ"
သမိုင်းတစ်လျှောက်တွင် အစွမ်းထက်သော စစ်တပ်များစွာ ရှိခဲ့သော်လည်း ခေတ်ကာလ မတူညီသောကြောင့် နှိုင်းယှဉ်၍ မရပေ။ ဝူကျိရှန်းသည် စစ်တပ်နေရာချထားမှုကိုပင် နားမလည်သော "စစ်ရေးအတွေ့အကြုံမရှိသူ" ဖြစ်သော်လည်း စစ်ရေးဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကိုမူ ရှင်းရှင်းလင်းလင်း သိထား၏။
အေးစက်သောလက်နက်များသည် ကွယ်ပျောက်ပြီး သမိုင်းကြောင်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မီးမောင်းများသည် မကြုံစဖူး တောက်ပလာလိမ့်မည် ဖြစ်၏။
"မီးမောင်းတွေ ဟုတ်လား၊ သခင်လေး ပြောတာ မီးပေါက်သေနတ်တွေကို ပြောတာလား"
ချင်းချင်းနှင့် သခင်မလေးရွန့်တို့၏ စိတ်ထဲတွင် မီးမောင်းဆိုသည်မှာ မီးပေါက်သေနတ်များဟုထင်နေကြခြင်းဖြစ်သည်။
"မီးပေါက်သေနတ်က ဘာများ အစွမ်းထက်လို့လဲ"
ဝူကျိရှန်း၏ စကားသည် ချင်းချင်း၏ ထောက်ခံမှုကို မရရှိရုံသာမက သခင်မလေးရွန့်ကပင် ရယ်စရာဟု ထင်မှတ်နေသည်။
"မီးပေါက်သေနတ်နဲ့ စစ်တိုက်ဖို့ နေနေသာသာ၊ ကျွန်မတို့ ရွာက မုဆိုးတွေတောင် မီးပေါက်သေနတ်သုံးပြီးအမဲလိုက်ရင် အထင်သေးခံရတယ်"
မီးမောင်းများသည် နှစ်ပေါင်းရာနှင့်ချီ၍ တည်ရှိခဲ့သော်လည်း မွန်ဂိုယွမ်မင်းဆက် ရောက်မှသာ စစ်တပ်တွင် အကြီးအကျယ် စတင်သုံးစွဲခဲ့ခြင်း ဖြစ်၏။
သို့သော် ထိုခေတ်က မီးမောင်းများသည် ရှေးကျလွန်းလှပြီး ယွမ်စစ်တပ်မှ မီးမောင်းကိုင်စစ်သည်များသည် တိုက်ခိုက်ရေးစွမ်းရည် နိမ့်ပါးမှု၏ ပြယုဂ်ပင် ဖြစ်ခဲ့ကြသည်။
အဆန်းဆုံးအချက်မှာ မီးမောင်းများကို စစ်မတိုက်သော်လည်းသာမန်ပြည်သူများက အမဲလိုက်ရာတွင်သုံးကြခြင်းဖြစ်၏။
ထိပ်တန်းမုဆိုးများသည် ဓားကိုသာ အမြဲကိုင်၍ သားကောင်ထံသို့ တိုက်ရိုက် ခုန်အုပ်လေ့ရှိကြသည်။ သားကောင်ကို အနီးကပ် တိုက်ခိုက်သတ်ဖြတ်နိုင်မှသာ သူရဲကောင်းပီသသည်ဟု ယူဆကြ၏။
ဒုတိယတန်းစား မုဆိုးများအတွက်မူ လေးနှင့် မြှားတို့ကို သုံး၍ အဝေးမှ တိုက်ခိုက်ခြင်းက ရွေးချယ်စရာ ကောင်းတစ်ခု ဖြစ်သည်။
မီးပေါက်သေနတ်ကိုင်ဆောင်သော မုဆိုးများမှာမူ လှောင်ပြောင်ခြင်း ခံရလိမ့်မည် ဖြစ်၏။
လေးမပစ်တတ်သလို တောရိုင်းတိရစ္ဆာန်များကို အနီးကပ် တိုက်ခိုက်ရန် သတ္တိမရှိသော လူဖျင်းလူအများသာ မီးပေါက်သေနတ်ကို သုံးကြသည်။
ထိုခေတ်က မီးမောင်းများသည် ပစ်ခတ်မှုအကွာအဝေး အလွန်တိုတောင်းပြီး ကြမ်းတမ်းစွာ ပြုလုပ်ထားသော သေနတ်များသည် သတ်ဖြတ်နိုင်စွမ်း အကန့်အသတ်ရှိသောကြောင့် ရယ်စရာကောင်းသော အမဲလိုက်ကွင်းပြင်တစ်ခု ဖြစ်ပေါ်လာတတ်၏။ မီးပေါက်သေနတ်ကိုင်ထားသော မုဆိုးသည် သားကောင်ကို အဝေးမှ လှမ်းပစ်ပြီး သားကောင် သေမသေဆိုသည်မှာ ကံတရားအပေါ်၌သာ လုံးလုံးမူတည်နေသည်။ သားကောင် သေသွားလျှင် ကောင်းသော်လည်း မသေလျှင်မုဆိုးသည် သေနတ်ကို ပစ်ချကာထွက်ပြေးရုံသာ ရှိတော့၏။