အခန်း (၂၄၉-၂၅၀)
Vol. 24 Ch. 249-250
အခန်း ၂၄၉ ပုန်ကန်သူများ
တောလဲမုဆိုးပန်းများမှာ နီရဲနေပြီး စိမ်းမြကတ္တီပါရောင် ကြာရွက်များက ရေကန်ကို ဖုံးလွှမ်းထား၏။ တောက်ပသော ရေစက်ကလေးများက ကြာရွက်များပေါ်တွင် လိမ့်နေကြရာ အလွန်လှပသော မြင်ကွင်းတစ်ခု ဖြစ်နေသည်။
ထုံးစံအတိုင်း ဝူကျိရှန်းသည် မိဖုရားခေါင်ကြီးအား ပုံမှန်ကျန်းမာရေး စစ်ဆေးမှုအချို့ လုပ်ပေးနေ၏။
လက်ရှိ နည်းပညာနှင့် ဆေးပညာစံနှုန်းများအရ မိဖုရားခေါင်ကြီး၏ ကျောက်ကပ်ရောဂါမှာ ကုသရန် မဖြစ်နိုင်သလောက်ပင်။ လုပ်နိုင်သည်မှာ ရောဂါအခြေအနေကို ထိန်းချုပ်ထားပြီးနောက် ပြုစုပျိုးထောင်ခြင်းဖြင့် ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာစေရန်သာ ဖြစ်၏။
မိဖုရားခေါင်ကြီးမ၏ လက်ရှိ ခန္ဓာကိုယ်အခြေအနေအရဝူကျိရှန်း၏ကုသမှုအစီအစဉ်က ထိရောက်မှုရှိသည်။ မိဖုရားခေါင်ကြီး၏ ရောဂါအခြေအနေကို ကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်ပြီး ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာမည့် လက္ခဏာများ ရှိနေသော်လည်း ပြန်လည်နာလန်ထမှုမှာ နှေးကွေးလွန်းလှ၏။
မိဖုရားခေါင်ကြီးမာသည် ထိုရလဒ်အကိုတော်တော်လေး ကျေနပ်နေသည်။
"ငါ့ခန္ဓာကိုယ်အကြောင်း ငါအသိဆုံးပါ၊ နေ့တိုင်း ကျန်းမာရေး ပိုကောင်းလာတာကို ငါခံစားရတယ်၊ နှေးနှေးကွေးကွေး ပြန်ကောင်းလာတာကလည်း မျှော်လင့်ထားပြီးသားပါ..."
"ရောဂါဆိုတာ တောင်ပြိုသလို ဝင်လာတတ်ပေမဲ့ ပြန်ကောင်းဖို့ကတော့ ပိုးအိမ်ကနေ ပိုးချည်မျှင် ဆွဲထုတ်ရသလိုပဲ၊ ဒါက ခေါင်းကိုက်တာ ဖျားတာလိုမျိုး အသေးအဖွဲ ဝေဒနာ မဟုတ်ဘူး၊ ဘယ်လိုလုပ် တစ်ညတည်းနဲ့ ပျောက်ကင်းနိုင်မှာလဲ"
ကျူးယွမ်ကျန်းက ဝူကျိရှန်းကိုသဘောကျစွာ ခေါင်းညိတ်ပြလိုက်၏။
"သမားတော်ဝူရဲ့ ဆေးပညာက တကယ်ကို ယုံကြည်စိတ်ချရတယ်၊ မိဖုရားခေါင်ကြီးရဲ့ အခြေအနေ ကောင်းမွန်လာအောင် မင်းကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့တယ်၊ ဘယ်လို ဆုလာဘ်မျိုးကို လိုချင်လဲ"
"မိဖုရားခေါင်ကြီးကို ကုသပေးရတာ ကျွန်တော်မျိုးရဲ့ တာဝန်ဖြစ်လို့ ဘယ်ဆုလာဘ်ကိုမှ မတောင်းဆိုရဲပါဘူး"
ဝူကျိရှန်း၏ အဖြေမှာ လုပ်ထုံးလုပ်နည်းအတိုင်း ရိုသေစွာ ဖြေကြားခြင်း ဖြစ်၏။
သူသည် နန်းတွင်းဆေးရုံ၏ အကြီးအကဲဖြစ်သဖြင့် မိဖုရားခေါင်ကြီးကို ကုသပေးရန်မှာ သူ၏ တာဝန်သာ ဖြစ်ပေသည်။
အနီးတွင် လိုက်ပါလာသော ချင်မင်းသားက ချက်ချင်းပင် မြှောက်ပင့်လိုက်ပြီး သူ၏ ခါးမှ ကျောက်စိမ်းဆွဲပြားကို အသာအယာ ဖြုတ်လိုက်၏။
"သမားတော်ကြီးဝူက မယ်တော်ကြီးကို ကုသပေးတာဟာ ငါ့ရဲ့ သားသမီးဝတ္တရားကို ဖြည့်ဆည်းပေးတာပဲ၊ ခမည်းတော်နဲ့ မယ်တော်ကိုယ်စား ငါက ဒီကျောက်စိမ်းဆွဲပြားကို ဆုလာဘ်အဖြစ် ပေးတယ်"
ဧကရာဇ်နှင့် မိဖုရားခေါင်ကြီးတို့၏ ရှေ့မှောက်တွင် ချင်မင်းသားက ဝူကျိရှန်းအား လှပသော ကျောက်စိမ်းတစ်တုံးကို ဆုလာဘ်အဖြစ် ပေးအပ်လိုက်သဖြင့် ဝူကျိရှန်းမှာ ထိုလက်ဆောင်ကို လက်ခံရမည်လား မသေချာဘဲ ရှိနေ၏။
"ချင်မင်းသားက ပေးတာပဲ၊ သိမ်းထားလိုက်ပါ"
ကျူးယွမ်ကျန်း၏ စကားကို ကြားရပြီးမှသာ ဝူကျိရှန်းသည် ကျောက်စိမ်းဆွဲပြားကို လက်ခံလိုက်ပြီး ချင်မင်းသားအား ယဉ်ကျေးစွာ ကျေးဇူးတင်စကား ပြောလိုက်၏။
ကွက်တိပင် ကျူးယွမ်ကျန်း၏ ကိုယ်ရံတော်မိန်းမစိုး လုဝူပင်းသည်မြန်မြန်လျှောက်လာပြီး ကျူးယွမ်ကျန်း၏ နားနားတွင် စကားအနည်းငယ် တိုးတိုးကပ်ပြော၏။
ကျူးယွမ်ကျန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး အချက်ပြကာ ပြောလိုက်သည်။
"သူ့ကို ခေါ်လာခဲ့"
မကြာမီပင် ပျံလွှားငါးဝတ်ရုံများကို ဝတ်ဆင်ထားသော နန်းတွင်းကိုယ်ရံတော်အချို့က ခြေချင်းခတ်ထားသော ရာဇဝတ်ကောင်တစ်ဦးကို ကျူးယွမ်ကျန်းထံ ခေါ်ဆောင်လာကြ၏။
ဝူကျိရှန်းသည် ထိုရာဇဝတ်ကောင်ကို မြင်လိုက်ရသည့် ခဏ၌ပင် သူသည် သာမန်လူတစ်ယောက် လုံးဝမဟုတ်ကြောင်း ချက်ချင်း သိလိုက်သည်။
ပုံမှန်အားဖြင့် ရာဇဝတ်ကောင်များကို စစ်ဆေးမေးမြန်းခြင်းနှင့် စီရင်ခြင်းမှာ တရားရေးရုံးသုံးရုံး၏ တာဝန်ဖြစ်၏။ သို့သော် ကျငယီဝေ စစ်ဆေးရေးအဖွဲ့သည်လည်း အထူးအမှုများကို ကိုင်တွယ်နိုင်ပြီး ရာဇဝတ်ကောင်များကို ဧကရာဇ်ထံသို့ တိုက်ရိုက် ခေါ်ဆောင်လာနိုင်ရာ ဤသို့သော အခြေအနေမျိုးမှာ အလွန်ပင် ရှားပါးလှပေသည်။
"နင်က ဝေချူကျိုလား"
ကျူးယွမ်ကျန်းက ရာဇဝတ်ကောင်ကို စိတ်ဝင်တစား ကြည့်လိုက်၏။
"ငါက ဘယ်သူလဲဆိုတာ နင်သိလား"
သူက မိမိကိုယ်ကိုယ် "ငါ" ဟု သုံးနှုန်းလိုက်ကတည်းက သူ၏ အဆင့်အတန်းကို အခြေခံအားဖြင့် ထုတ်ဖော်လိုက်ခြင်း ဖြစ်၏။
မင်မင်းဆက်၏ ဧကရာဇ်ကို ရင်ဆိုင်နေရသော်လည်း ထိုရာဇဝတ်ကောင်ထံတွင် ကြောက်ရွံ့မှု အရိပ်အယောင်မျှ မရှိချေ။
"သိတာပေါ့၊ နင်က ဧကရာဇ်ကြီး မဟုတ်ဘူးလား..."
ဝေချူကျိုသည် မင်မင်းဆက် သမိုင်းတွင် ကျူးယွမ်ကျန်းကို သူ၏ ရှေ့မှောက်၌ "ဧကရာဇ်ကြီး" ဟု ပထမဆုံးအကြိမ် ခေါ်ဆိုဝံ့သူ ဖြစ်ပေသည်။
ထိုစကားလုံးများတင်ပင် အမျိုးကိုးဆက်တိုင်အောင် အသတ်ခံရနိုင်သည့် ကြီးလေးသော ရာဇဝတ်မှု မြောက်နေပြီ ဖြစ်၏။
"သတ္တိရှိလှချေလား"
"ရိုင်းစိုင်းလှချေလား"
ဆူပူကြိမ်းမောင်းလိုက်သော်လည်း ကျူးယွမ်ကျန်းထံတွင် အမျက်ဒေါသ မရှိချေ။ သူက လက်ပြကာ နန်းတွင်းကိုယ်ရံတော်များကို ထွက်သွားရန် အချက်ပြလိုက်ပြီး ထုံးစံအတိုင်း တည်ငြိမ်သော လေသံဖြင့် မေးလိုက်၏။
"နင် ဘယ်လိုပြစ်မှု ကျူးလွန်ထားလဲဆိုတာ သိလား"
"သိတယ်"
"နင် ကျူးလွန်ထားတဲ့ ပြစ်မှုကို သိလျက်နဲ့ ဘာလို့ အပြစ်မဝန်ခံတာလဲ"
ကျူးယွမ်ကျန်း၏ လေသံမှာ သာမန်ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ တည်ငြိမ်နေဆဲ ဖြစ်၏။
"ရုံးတော်က လက်ပါးစေတွေက ငါ့ကို တောပုန်းဓားပြလို့ခေါ်တယ်၊ ဒါကိုတော့ ငါ အပြစ်မဝန်ခံနိုင်ဘူး"
ဝေချူကျိုက ဧကရာဇ်၏ ရှေ့မှောက်တွင် မိမိကိုယ်ကိုယ် "ငါ" ဟု သုံးနှုန်းကာ အလွန် မာနထောင်လွှားနေ၏။
"ငါက ဝေနိုင်ငံကြီးရဲ့ ကောင်းကင်ဘုရင်ပဲ၊ ဓားပြတစ်ယောက် ဖြစ်ရမှာကို ငါ ရွံရှာတယ်၊ တကယ်လို့ သူတို့က ငါ့ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ တိုက်ရိုက် စွဲချက်တင်ရင် ငါ လက်ခံတယ်၊ ဒါပေမဲ့ သူတို့က ငါ့ကို ဓားပြလို့ပဲ ဇွတ်ခေါ်နေကြလို့ အဲဒီပြစ်မှုကို ငါ အပြစ်မဝန်ခံတာ"
ဝေနိုင်ငံကြီးရဲဘုရင် ဟုတ်လား။ဝူကျိရှန်းသည် ထိုအမည်ကို တစ်ခါမျှ မကြားဖူးချေ၊ ပုန်ကန်မှုအကြောင်းကိုမူ ဆိုရန်ပင် မလိုတော့ပေ.။
မင်မင်းဆက်နှောင်းပိုင်းတွင် လောကတစ်ခုလုံး၌ ပုန်ကန်သူအုပ်စုများ နေရာအနှံ့ ရှိခဲ့ကြသည်။ ကောက်ရင်ရှန်း၊ လီဇိချန်၊ ကျန်းရှန်ကျုံးနှင့် အခြားသူများက ထကြွပုန်ကန်ပြီး အလံထူခဲ့ကြ၏။ သို့သော် ယခုမှာ မင်မင်းဆက်အစောပိုင်း ဟုန်ဝူကာလသာ ဖြစ်သည်။ ပုန်ကန်သူများ ဘယ်လိုလုပ် ရှိနိုင်မည်နည်း။
ထိုရာဇဝတ်ကောင် ကျူးလွန်ခဲ့သော ပြစ်မှုမှာ တကယ်ပင် နိုင်ငံတော်ပုန်ကန်မှု ဖြစ်၏။
ဝေချူကျိုသည် မူလက ချင်နှင့် စူးနယ်မြေမှ သာမန်လယ်သမားတစ်ဦး ဖြစ်ပြီး အတော်အတန် ချမ်းသာသော လယ်ပိုင်ရှင်ငယ်တစ်ဦးပင် ဖြစ်ခဲ့သည်။ သို့သော် ချင်မင်းသား၏ အတင်းအဓမ္မ လယ်မြေသိမ်းယူမှုကြောင့် သူသည် တစ်ညတည်းဖြင့်ဆင်းရဲသွားခဲ့ရ၏။ ထို့ကြောင့် ဒေါသအလျောက် သူသည် မိမိကဲ့သို့ လယ်သိမ်းခံခဲ့ရသော ရွာခံအများအပြားကို စုစည်းပြီး ဒေသခံအရာရှိများကို သတ်ကာ ပုန်ကန်မှုအလံကို အတိအလင်း ထူခဲ့ခြင်း ဖြစ်သည်။
ဝေချူကျိုသည် မြေသိမ်းခံထားရသူအနည်းငယ်ဖြင့် ရက်ပိုင်းအတွင်း နောက်လိုက် တစ်ထောင်ကျော်ကို စုစည်းနိုင်ခဲ့ကာ မိမိကိုယ်ကိုယ် တရားမျှတသော စစ်သည်သုံးသောင်းဟု ကြွေးကြော်ပြီး ခရိုင်မြို့ကို အလျင်အမြန် သိမ်းပိုက်ခဲ့၏။
မြေသိမ်းခံရ၍၍ ပုန်ကန်ခဲ့ကြသော ဝေချူကျိုကဲ့သို့ လူများတွင် ရေရှည်စစ်ရေးရည်မှန်းချက် သို့မဟုတ် ရှင်းလင်းသော နိုင်ငံရေးရည်ရွယ်ချက် မရှိကြချေ။ ခရိုင်မြို့ကို သိမ်းပိုက်ပြီးနောက် သူလုပ်သည်မှာ ဘဏ္ဍာတိုက်ကို ဖွင့်ပြီး ဆင်းရဲသားပြည်သူများကို ရိက္ခာများ ဝေငှပေးခြင်းသာ ဖြစ်၏။
ထို့ကြောင့် လူအများက ဝိုင်းဝန်းထောက်ခံခဲ့ကြသည်။
မိမိ၏ အကန့်အသတ်ကို လုံးဝမသိသော ဝေချူကျိုသည် "ဝေနိုင်ငံကြီး" ဟု ခေါ်သော နိုင်ငံတစ်ခုကိုတည်ထောင်ခဲ့ပြီး မိမိကိုယ်ကိုယ် "ဝေနိုင်ငံကြီးရဲ့ ကောင်းကင်ဘုရင်" ဟု ကြေညာခဲ့၏။ ပို၍ စိတ်ဝင်စားစရာကောင်းသည်မှာ သူသည် ထိုခရိုင်မြို့ငယ်လေးကို "မြို့တော်" အဖြစ် သတ်မှတ်ပြီး အရာရှိများကို တရားဝင် ခန့်အပ်ကာ "မိဖုရားများနှင့် ကိုယ်လုပ်တော်များ" ကိုပါ ရမ်းသန်း သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
လူပြိန်းအုပ်စုတစ်စုက ဘယ်လိုလုပ် အောင်မြင်မှု ရနိုင်မည်နည်း။
ရက်ပိုင်းအတွင်းမှာပင် ထို "ဝေနိုင်ငံကြီး" သည် ရုံးတော်၏ နှိမ်နင်းခြင်းကို ခံခဲ့ရပြီး ဝေချူကျိုနောက်လိုက်၍ ပုန်ကန်ခဲ့ကြသော လူပြိန်းအုပ်စုမှာလည်း လူစုကွဲသွားခဲ့ကြသည်။ တစ်လမပြည့်မီ အချိန်အတွင်း ဝေချူကျိုသည် ပုန်ကန်မှုအလံထူခဲ့သော "ဝေနိုင်ငံကြီးရဲ့ ကောင်းကင်ဘုရင်" ဘဝမှ "ရာဇဝတ်ကောင်" ဘဝသို့ ရောက်ရှိသွားခဲ့၏။
အတိအလင်း ပုန်ကန်ခြင်းသည် ကြီးမားသော ကိစ္စဖြစ်၏။ ပုန်ကန်သူများကို နှိမ်နင်းနိုင်ခဲ့လျှင်ပင် ဒေသခံအရာရှိများမှာ သေချာပေါက် အရေးယူခံရမည် ဖြစ်သည်။
ထို့ကြောင့် ဒေသခံအရာရှိများသည် ဝေချူကျိုကို ရက်စက်ကြမ်းကြုတ်သော တောပုန်းဓားပြတစ်ဦးအဖြစ် ပုံဖော်ပြီး ခရိုင်မြို့ကို တိုက်ခိုက်ခြင်းကိုလည်း "လုယက်ခြင်း" အဖြစ် ပြောင်းလဲကာ ဤကိစ္စကို ဖုံးကွယ်ရန် အစွမ်းကုန် ကြိုးစားခဲ့ကြ၏။
သို့သော် ကျူးယွမ်ကျန်းကထိုကိစ္စကို သိရှိသွားခဲ့ပြီး ဝေချူကျိုကို ကိုယ်တိုင် စစ်ဆေးမေးမြန်းရန် ကျင်းယီဝေ စစ်ဆေးရေးအဖွဲ့အား မြို့တော်သို့ ချက်ချင်း ခေါ်ဆောင်လာခိုင်းခဲ့ခြင်း ဖြစ်သည်။
"ဝေချူကျို နင်က မင်မင်းဆက်ရဲ့ ပြည်သူတစ်ယောက်ပဲ၊ ပုန်ကန်မှုဆိုတာ ဘယ်လိုပြစ်မှုမျိုးလဲဆိုတာ နင်သိသင့်တယ်မဟုတ်လား"
"သိတာပေါ့၊ အမျိုးကိုးဆက် အသတ်ခံရမယ့် ပြစ်မှုပဲလေ"
"ဒါဆို နင်က ဘာလို့ ပုန်ကန်ရတာလဲ"
ယခုအချိန်အထိပင် ကျူးယွမ်ကျန်းထံတွင် အမျက်ဒေါသ နှင့်မကျေနပ်မှု အရိပ်အယောင် လုံးဝမရှိချေ။
"ရုံးတော်က ငါ့မိသားစုရဲ့ လယ်မြေတွေကို သိမ်းသွားတာတင် အားမရသေးဘူး၊ အခုကျတော့ ပြီးခဲ့တဲ့နှစ်က ဆောင်းဦးအခွန်ကို ပေးခိုင်းနေပြန်ပြီ၊ ငါ့မှာ လယ်မြေတောင် မရှိတော့တာ၊ အခွန်ဆောင်ဖို့ ပိုလျှံတဲ့ ရိက္ခာကို ဘယ်ကနေ သွားယူရမှာလဲ"
ဝေချူကျိုက ဒေါသတကြီး ပြောလိုက်၏။
"ရုံးတော်က ငါ့သားကို ရိုက်သတ်ခဲ့တယ်၊ ငါ့ကိုလည်း သေလုမျောပါး ဖြစ်အောင် ရိုက်ခဲ့ကြတယ်၊ ဘာပဲဖြစ်ဖြစ် မပုန်ကန်ရင်လည်း ငါက အသေခံရမှာပဲ၊ အတူတူတော့ ပုန်ကန်လိုက်တာကမှ ပိုကောင်းဦးမယ်"
"နန်းတော်ရဲ့ အခွန်အတုတ်တွေက သတ်မှတ်ပြီးသားပဲ၊ တကယ်လို့ ဒေသခံအရာရှိတွေက မတရားအခွန်ကောက်ရင် နင် နန်းတော်ကို တိုင်ကြားနိုင်တယ်၊ နန်းတော်က နင့်အတွက် မတ်တပ်ရပ်ပေးမှာပဲ"
ကျူးယွမ်ကျန်း၏ လေသံမှာ တည်ငြိမ်နေဆဲ ဖြစ်၏။
"နန်းတော်ကို တိုင်ကြားရမယ် ဟုတ်လား၊ နန်းတော်ရဲ့ ကူညီမှုကို တောင်းရမယ် ဟုတ်လား"
ဝေချူကျိုက လှောင်ပြောင်သရော်သော အပြုံးဖြင့် ရယ်မောလိုက်၏။
"နင်ကိုယ်တိုင်လည်း ပုန်ကန်ပြီး အာဏာရလာတာပဲ၊ ဟိုတုန်းက နင်ကော ဘာလို့ နန်းတော်ကို မတိုင်ကြားခဲ့တာလဲ၊ ဘာလို့ နန်းတော်က နင့်ကို ကူညီပေးဖို့ မတောင်းဆိုခဲ့တာလဲ"
*********
အခန်း ၂၅၀ ပုန်ကန်မှု
ဝေချူကျို၏ စကားကို ကြားသောအခါ ကျူးယွမ်ကျန်းသည် ဆွံ့အသွား၏။
ခဏကြာပြီးနောက် မင်နိုင်ငံတော်ကြီး၏ ဧကရာဇ်သည် စကားပြောလိုက်သည်။
"နင်ပြောတာ မှန်တယ်၊ ငါနားလည်ပြီ"
"သူ့ရဲ့ အမျိုးကိုးဆက်ကို သတ်စေ၊ သူ့ကိုလည်း အသားတစ်စစီ လှီးဖြတ်ပြီး ကွပ်မျက်စေ"
ဝေချူကျိုကို ခေါ်ထုတ်သွားပြီ ဖြစ်သော်လည်း ကျူးယွမ်ကျန်းသည် ဝေးကွာသွားသော သူ၏ ကျောပြင်ကို ကြည့်ရင်း အကြာကြီး ငြိမ်သက်နေဆဲ ဖြစ်၏။ သူ၏ မျက်နှာရိပ်မျက်နှာကဲမှာ ပို၍ ဆိုးရွားလာပြီး မိုးတိမ်များ မှိုင်းညို့နေသော်လည်း မုန်တိုင်းတစ်ခု ဆင်တော့မည့်အလား ဖြစ်နေပေသည်။
ခနကြာပြီးမှ ကျူးယွမ်ကျန်းသည် ဖြည်းညင်းစွာ လှည့်လာပြီး ချင်မင်းသားကို စူးစူးစိုက်စိုက် ကြည့်လိုက်ချိန်တွင် သူ၏ နှုတ်ခမ်းများမှာ ပြင်းထန်စွာ တုန်ရီနေ၏။ သူသည် အခြားမည်သည့် လှုပ်ရှားမှုမှ မလုပ်သော်လည်း သူ၏ ကျဉ်းမြောင်းသော မျက်လုံးများထဲတွင်မူ ကြောက်မက်ဖွယ် အလင်းရောင်များ ပြည့်နှက်နေပြီး ထိုဝတုတ်ကြီးကို ဘယ်အချိန်မဆို ဝါးမြိုကာ အရိုးပါမကျန် ကိုက်ဖြတ်ပစ်တော့မည့် အမျက်ထွက်နေသော နဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
ချင်မင်းသားသည် အမြဲတမ်း မာနထောင်လွှားပြီး အခြားသူများကို အထင်သေးလေ့ရှိသော်လည်း ကျူးယွမ်ကျန်း၏ ကြောက်မက်ဖွယ် ပုံစံကြောင့် သူသည် အလွန်အမင်း ကြောက်လန့်သွားကာ မျက်နှာတစ်ခုလုံး စက္ကူကဲ့သို့ ဖြူလျော်သွား၏။
သူသည် တုန်တုန်ရီရီဖြင့် ဒူးထောက်လိုက်ပြီး တုန်လှုပ်ချောက်ချားသော လေသံဖြင့်
"ကျွန်တော်မျိုး အကြိမ်တစ်ထောင် သေထိုက်ပါတယ်၊ အရှင်မင်းကြီး အပြစ်ပေးတာကို ခံယူပါ့မယ်..." ဟု ပြောလိုက်သည်။
ကျူးယွမ်ကျန်းသည် ချင်မင်းသားကို စူးစူးစိုက်စိုက် ကြည့်နေရာမှ သူ၏ အကြည့်များက တဖြည်းဖြည်း ပျော့ပျောင်းလာပြီး ပြောလိုက်သော လေသံတွင်ပင် သံယောဇဉ်များ ပြည့်နှက်နေ၏။
"ဘာပဲဖြစ်ဖြစ် နင်က ငါ့ရဲ့ သွေးရင်းသားရင်းပဲ၊ ငါက နင့်ကို ဘယ်လိုလုပ် ရက်ရက်စက်စက် အပြစ်ပေးနိုင်မှာလဲ၊ နင်ရော အဲလိုမထင်ဘူးလား"
ကျူးယွမ်ကျန်းသည် ဒေါသကြီးသူအဖြစ် ကျော်ကြားလှ၏။ အကယ်၍ သူက ထိုနေရာတွင်တင် ဒေါသပေါက်ကွဲလိုက်ပါက ၎င်းသည် "ဧကရာဇ်၏ အမျက်ဒေါသ" မျှသာ ဖြစ်ပေလိမ့်မည်။ ဟိုတုန်းကဆိုလျှင် အလွန်ဆုံးရှိမှ ချင်မင်းသားကို သေလုမျောပါး ဖြစ်အောင် ရိုက်နှက်ရုံသာ ရှိပြီး ချင်မင်းသားအနေဖြင့် ခန္ဓာကိုယ် နာကျင်မှုကိုသာ ခံစားရမည် ဖြစ်သည်။
သူက အော်ဟစ်ငိုယိုပြီး အသနားခံကာ မိဖုရားခေါင်ကြီးမာက ဘေးကနေ စကားကောင်း အနည်းငယ် ပြောပေးလိုက်လျှင် ဤကိစ္စက ပြီးသွားစမြဲ ဖြစ်၏။
သို့သော် ယနေ့ အခြေအနေမှာမူ ထင်ရှားစွာ ကွဲပြားနေသည်။
ကျူးယွမ်ကျန်းက ကရုဏာကြီးမားသူကဲ့သို့ ပြုမူလေလေ၊ သူ၏ စိတ်ထဲတွင် ဒေါသ ပိုထွက်နေလေလေ ဖြစ်ပြီး သူပေးမည့် အပြစ်ဒဏ်ကလည်း ပို၍ ပြင်းထန်လာလိမ့်မည် ဖြစ်၏။
အထူးသဖြင့် စိတ်ဝင်စားစရာကောင်းသည်မှာ ပုံမှန်အားဖြင့် ကြင်နာတတ်ပြီး နယ်စားမင်းများအတွက် ကယ်တင်ရှင်အဖြစ် အမြဲ ပါဝင်လေ့ရှိသော မိဖုရားခေါင်ကြီးမာသည် ချင်မင်းသားအတွက် စကားတစ်ခွန်းမျှ ဝင်မပြောခြင်းပင်။
ချင်မင်းသားသည်ထိတ်လန့်တကြား ဖြစ်နေပြီး သေလုမတတ် ကြောက်ရွံ့နေပြီ ဖြစ်၏။ သူသည် ဒူးထောက်လျက် ရှေ့သို့ တွားသွားကာ မိဖုရားခေါင်ကြီးမာ၏ ခြေထောက်ကို ဖက်၍ မျက်ရည်စက်လက်ဖြင့် အသနားခံတော့သည်။
"မယ်တော်... သားတော်ကို ကယ်ပါဦး..."
"ကယ်ရမယ် ဟုတ်လား၊ ငါက နင့်ကို သတ်မှာမှ မဟုတ်တာ"
ကျူးယွမ်ကျန်းက နှာခေါင်းရှုံ့ပြီး ပြောလိုက်၏။
"နင်က အလွန် သားသမီးဝတ္တရား ကျေပွန်ပြီး မြို့တော်မှာပဲ ဇွတ်နေချင်နေတာကို ငါသိတာပေါ့၊ သားသမီးဝတ္တရား ဖြည့်ဆည်းချင်တယ်လို့ နင်မပြောခဲ့ဘူးလား၊ ကောင်းပြီလေ... ဒါဆိုရင်လည်း ပြန်မသွားနဲ့တော့၊ မြို့တော်မှာပဲ ထာဝရ နေလိုက်တော့"
"မယ်တော်... မယ်တော်... သားတော်ကို ကယ်ပါဦး... သား အမှားကို သိပါပြီ"
ကျူးယွမ်ကျန်းက စိတ်မရှည်စွာ လက်ကို ဝှေ့ယမ်းပြလိုက်ရာ နန်းတွင်းကိုယ်ရံတော်များသည် ချင်မင်းသားကို သတ်ရန် စောင့်နေသည့် ဝက်ကြီးတစ်ကောင်ကို ဆွဲခေါ်သွားသကဲ့သို့ ချက်ချင်းပင် ဆွဲခေါ်သွားကြတော့သည်။
ဤကဲ့သို့ အလွန်အမင်း အရေးကြီးနေသည့် အချိန်တွင် အိမ်ရှေ့စံ ကျူးပြန်သည် တိုက်တိုက်ဆိုင်ဆိုင် ရောက်ရှိလာခဲ့၏။
ဝေးကွာသော နေရာမှ ကျူးပြန်၏ ပုံရိပ်ကို မြင်လိုက်ရခြင်းမှာ လှိုင်းတံပိုး ထန်နေသော ရေပြင်ကျယ်ထဲတွင် နစ်မြုပ်တော့မည့် လူတစ်ယောက်က နောက်ဆုံး မျှော်လင့်ချက် မြက်ပင်တစ်ပင်ကို မြင်လိုက်ရသကဲ့သို့ပင်။ ချင်မင်းသားသည် အားကုန်သုံး၍ အော်ဟစ်လိုက်တော့သည်။
"အစ်ကိုတော်... ကျွန်တော့်ကို ကူညီပါဦး၊ အစ်ကိုတော်... ကျွန်တော့်ကို ကယ်ပါဦး..."
ချင်မင်းသား၏ သနားစရာ အခြေအနေကို မြင်သောအခါ အိမ်ရှေ့စံ ကျူးပြနါသည် အလျင်အမြန် လျှောက်လာပြီး နန်းတွင်းကိုယ်ရံတော်များကို အတင်းတွန်းဖယ်ကာ ချင်မင်းသားကို ကျူးယွမ်ကျန်း၏ အနားသို့ ပြန်ဆွဲခေါ်လာခဲ့၏။
"ခမည်းတော်... ဒုတိယညီရဲ့ အခြေအနေကို ကျွန်တော်မျိုး သိရပါပြီ၊ သူ့ကို ကရုဏာသက်ညှာပေးဖို့ ကျွန်တော်မျိုး တောင်းပန်ပါတယ်..."
"တကယ်လို့ ဒါက အမှားအသေးအဖွဲဆိုရင် ငါသည်းခံနိုင်တယ်"
ကျူးယွမ်ကျန်းထံတွင် ဒေါသရိပ်များ ရှိနေဆဲ ဖြစ်၏။
"ဒီအသုံးမကျတဲ့ကောင်က မိမိသဘောအတိုင်း အခွန်တွေ တိုးကောက်တယ်၊ လယ်မြေတွေကို အများကြီး သိမ်းပိုက်တယ်၊ ပြည်သူတွေကို မပုန်ကန်ရင် မနေနိုင်အောင် အကျပ်ကိုင်တယ်၊ ဒါက နိုင်ငံတော်ရဲ့ အခြေခံအုတ်မြစ်ကို လှုပ်ခါအောင် လုပ်နေတာပဲ..."
"ကျွန်တော်မျိုး အမှားကို သိပါပြီ၊ တကယ် အမှားကို သိပါပြီ..."
"ငါ ငယ်ငယ်တုန်းကလည်း ဆင်းရဲသားဘဝက လာခဲ့တာဖြစ်လို့ အကျင့်ပျက်ခြစားတဲ့ အရာရှိတွေရဲ့ ရက်စက်မှုကို အသိဆုံးပဲ၊ ဒါကြောင့်လည်း မွန်ဂိုယွမ်မင်းဆက်ရဲ့ ဖိနှိပ်ချုပ်ချယ်မှုကို တွန်းလှန်ပြီး ငါတို့ရဲ့ ခမ်းနားတဲ့ မင်မင်းဆက်ကို တည်ထောင်နိုင်ခဲ့တာ၊ ငါ့ရဲ့ သားသမီး မြေးမြစ်တွေက အဲဒီမွန်ဂိုအရာရှိတွေအတိုင်း ပြည်သူတွေကို နှိပ်စက်ပြီး ပုန်ကန်အောင် အကျပ်ကိုင်လိမ့်မယ်လို့ ငါတစ်ခါမှ မတွေးခဲ့မိဘူး..."
"တကယ်လို့ အဲဒီပုန်ကန်သူ ဝေချူကျိုက လူပြိန်းအုပ်စု မဟုတ်ဘဲ အရည်အချင်းနဲ့ ရည်မှန်းချက်ကြီးတဲ့သူသာ ဖြစ်ရင် ဒီလောက်လွယ်လွယ်နဲ့ နှိမ်နင်းနိုင်ပါ့မလား၊ လောကမှာ ဝေချူရှီတို့ ဝေရှီရီတို့ ပိုများလာရင် ငါတို့ရဲ့ မင်နိုင်ငံတော်ကြီးက အလွန် အန္တရာယ်ကြီးသွားလိမ့်မယ်"
"ဒုတိယညီက ခဏတာ ဝေဝေဝါးဝါး ဖြစ်သွားတာပါ၊ ခမည်းတော်အနေနဲ့ သူ့ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးစေချင်ပါတယ်၊ သူ သေချာပေါက် နောင်တရပြီး ပြုပြင်မှာပါ..."
အိမ်ရှေ့စံ ကျူးပြန်က ချင်မင်းသားအတွက် အသနားခံနေသော်လည်း ကျူးယွမ်ကျန်းကမူ တုန်လှုပ်မှုချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ အကြည့်များက ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာ၏။
"ခဏတာ ဝေဝေဝါးဝါး ဖြစ်တာ ဟုတ်လား၊ ငါတော့ အဲလိုမထင်ဘူး"
"နင် ဒါကို စီစဉ်နေတာ ကြာပြီဆိုတာ ငါသိတယ်"
ကျူးယွမ်ကျန်းက ဒေါသတကြီး အော်ဟစ်လိုက်၏။
"နင်က ပြည်သူတွေအပေါ် အခွန်တွေ မိမိသဘောအတိုင်း တိုးကောက်တယ်၊ နှစ်အတော်ကြာ စုဆောင်းထားတဲ့ ငွေနဲ့ ရိက္ခာတွေကို သုံးပြီး မင်းသားပိုင် ကိုယ်ရံတော်တပ်ကို တိုးချဲ့တယ်၊ နင့်ရဲ့ ကိုယ်ပိုင်စစ်တပ်တင်တင် ခြောက်ထောင် ခုနစ်ထောင်လောက် တိုးလာတယ်"
မင်းသားတစ်ပါးတွင် ရှိနိုင်သော ကိုယ်ပိုင်စစ်တပ် အရေအတွက်မှာ သတ်မှတ်ချက် ရှိပြီး နန်းတော်က ဤအချက်အပေါ် အလွန် တင်းကျပ်စွာ ကန့်သတ်ထား၏။
ကျူးယွမ်ကျန်းက ချင်မင်းသားကို စူးစိုက်ကြည့်လိုက်သည်။
"နင်က နန်းတော်ကို ဖုံးကွယ်တယ်၊ ငါနဲ့ အိမ်ရှေ့စံကို ဖုံးကွယ်ပြီး စစ်သည်တွေ အများကြီး မွေးထားတယ်..."
ထိုနေရာသို့ ရောက်သောအခါ ကျူးယွမ်ကျန်းက သူ၏ လေသံကို ရုတ်တရက် နှေးကွေးလိုက်ပြီး စကားလုံးတစ်လုံးချင်းစီကို ပြတ်ပြတ်သားသား ပြောလိုက်၏။
"နင်... ဘာ... လုပ်... ချင်... လို့... လဲ..."
ပြည်သူများအပေါ် အခွန်တိုးကောက်ခြင်းနှင့် လယ်မြေသိမ်းခြင်းကို "လောဘကြီးခြင်း" ဟု ယူဆနိုင်သော်လည်း ချင်မင်းသားက ထိုငွေနှင့် ရိက္ခာများကို သုံး၍ စစ်တပ်တိုးချဲ့လိုက်သည့် အခါတွင်မူ ပြစ်မှု၏ သဘာဝက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
"နင်က မြို့တော်မှာပဲ အချိန်ဆွဲနေပြီး မိနင့် နေရာကို ပြန်ဖို့ ငြင်းဆန်တယ်၊ ပြီးတော့ အိမ်ရှေ့စံရဲ့ ရောဂါအခြေအနေကိုလည်း တိတ်တဆိတ် စုံစမ်းတယ်၊ နင့်မှာ ကောက်ကျစ်တဲ့ ရည်ရွယ်ချက် ရှိနေတာ ထင်ရှားတယ်"
အခြားသော ရည်ရွယ်ချက် ရှိနေခြင်းသည် လောဘတကြီးဖြင့် ငွေ၊ ရိက္ခာ သို့မဟုတ် လယ်မြေ အနည်းငယ် သိမ်းယူခြင်းထက် အဆပေါင်းများစွာ ပို၍ ကြီးလေးလှပေသည်။
အိမ်ရှေ့စံ ကျူးပြန်သည် ကျူးယွမ်ကျန်းက အပင်ပန်းခံ၍ ပြုစုပျိုးထောင်ထားသော အရိုက်အရာ ဆက်ခံသူ ဖြစ်၏။ထို့ကြောင့် ရိုးသားမှုမရှိဘဲ အခြားအတွေးများ ရှိနေသူတိုင်းကျူးယွမ်ကျန်းကသေချာပေါက် အလွတ်ပေးမည် မဟုတ်ချေ။
အကယ်၍ သူက ပုန်ကန်မှု ကို ဝန်ခံလိုက်ပါက ချင်မင်းသားသည် အသက်ဆုံးရှုံးရနိုင်ခြေ ရှိသဖြင့် ၎င်းပြစ်မှုကိုမူ သူသည် သေအောင်ရိုက်လျှင်ပင်ဝန်ခံဝံ့မည် မဟုတ်ချေ။
ချင်မင်းသားက အော်ဟစ်လိုက်သည်။
"ကျွန်တော်မျိုးက ခမည်းတော်ကို ဘယ်လိုလုပ် ဖီဆန်ဝံ့မှာလဲ၊ ပုန်ကန်မယ့် အတွေးမျိုး ဘယ်လိုလုပ် ရှိဝံ့မှာလဲ၊ အိမ်ရှေ့စံ... အစ်ကိုတော်က ကျွန်တော့်အပေါ် အမြဲတမ်း ကောင်းခဲ့တာပါ၊ ကျွန်တော်က သူ့ရဲ့ ရောဂါကို စိုးရိမ်လို့ စုံစမ်းမိတာပါ၊ ဒါပါပဲ... ဒါပါပဲ..."
ချင်မင်းသားတွင် မကောင်းသော ရည်ရွယ်ချက် ရှိမရှိကို ကျူးယွမ်ကျန်းက အသေအချာ သိရှိနေ၏။ ဤ "ဝေချူကျို ပုန်ကန်မှု" ဖြစ်ရပ်သည် ချင်မင်းသားကို ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။
ကျူးယွမ်ကျန်းက အမျက်ထွက် နေပြီး မိဖုရားခေါင်ကြီးမာက ငြိမ်သက်နေကာ အိမ်ရှေ့စံ ကျူးပြန်ကမူ အချိန်ကွက်တိ အသနားခံရန် ရောက်လာခဲ့သည်။ ဝူကျိရှန်းသည် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရ၏။
ဒါက ပြဇာတ်တစ်ခုပဲ။
ကျူးယွမ်ကျန်း၏ ရည်ရွယ်ချက်အမှန်မှာ ချင်မင်းသားကို နှိမ်နင်းပြီး အိမ်ရှေ့စံ၏အကြွင်းမဲ့ အာဏာစိုးမိုးမှု အခြေအနေကို တည်ဆောက်ရန် ဖြစ်ပေသည်။
"ဝေချူကျို ပုန်ကန်မှု" က ပေးလာသော အခွင့်အရေးကို ရယူပြီး ချင်မင်းသား၏ အားနည်းချက် ကို ဆုပ်ကိုင်နိုင်ခဲ့ပြီ ဖြစ်ရာ သူတို့သည် သူ့ကို လုံးဝ အညှံခံအောင် လုပ်ကြလိမ့မည်ဖြစ်သည်။
"ကျွန်တော်မျိုး မတရားခံရပါတယ်"
"နင် မတရားခံရတာ ဟုတ်မဟုတ်ဆိုတာ နင်ကိုယ်တိုင် အသိဆုံးပဲ"
ကျူးယွမ်ကျန်းက လှောင်ပြောင်သရော်ရင်း ပြောလိုက်၏။
"ဒီအင်ပါယာကို ငါက တိုက်ပွဲပေါင်းများစွာ ဆင်နွှဲပြီး ရခဲ့တာ၊ နင်တို့လိုကောင်တွေ သောင်းကျန်းတာကို ငါက ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ"
"ခမည်းတော် အမျက်ဒေါသကို လျှော့ပါဦး..."
အိမ်ရှေ့စံ ကျူးပြန်သည် ညီအစ်ကိုသံယောဇဉ် ရှိဟန်ဆောင်ကာ အလေးအနက် အကြံပေးလိုက်၏။
"ဒုတိယညီက အမှားအချို့ လုပ်ခဲ့ရင်တောင် သူဟာ ကောက်ကျစ်တဲ့သူတွေရဲ့ လှည့်စားမှုကို ခံရတာ ဖြစ်ရပါမယ်၊ သူ့ဘေးနားက အဲဒီမြှောက်ပင့်တတ်တဲ့သူတွေနဲ့ အကျင့်ပျက်အရာရှိတွေကို ဖယ်ရှားလိုက်ရင်..."
"ကောက်ကျစ်တဲ့သူတွေရဲ့ လှည့်စားမှုကို ခံရတာ ဟုတ်လား"
ကျူးယွမ်ကျန်း၏ မျက်လုံးများ ပြူးကျယ်သွား၏။
"အဲလိုလား"