← Chapters

အခန်း ၁၉၁၉

Vol. 128 Ch. 1919

အခန်း ၁၉၁၉

Vol. 128 Ch. 1919

အခန်း (၁၉၁၉ )

မဖွယ်မရာ ပြုမူချင်နေပုံရသူ

ကြယ်မြစ် နတ်သခင် ထွက်ခွာသွားပြီးနောက် နတ်သခင် ဝမ်ကျဲသည် ချင်းယွမ်ကျောင်းတော်မှ လူများကို ဦးဆောင်ကာ နေထွက်နတ်မြို့မှ ထွက်ခွာသွားခဲ့သည်။

သူတို့ ထွက်ခွာသွားကြလျှင် ကောင်းကင်ထက်တွင် လုချန်းနှင့် နတ်သခင် ရှီယွဲ့ တို့သာ ကျန်ရစ်တော့သည်။

ထိုအချိန်တွင် နတ်သခင် ရှီယွဲ့က လုချန်းအား နောက်တစ်ကြိမ် ကြည့်လိုက်သည်။ သူသည် ရွှေရောင်အနားသတ်ပါသော ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး ခါးတွင် ရောင်စုံခါးပတ်တစ်ခုကို ပတ်ထားသည်။ သူ၏ ကြွက်သားများသည် ဝတ်ရုံတွင် တင်းကျပ်စွာ ကပ်နေပြီး ဝတ်ရုံကို အနည်းငယ် ရုန်းကြွနေစေကာ သူ၏ ခန္ဓာကိုယ်ကို ထွားကျိုင်းသန်မာပြီး အစွမ်းထက်ပုံ ပေါက်စေသည်။

သူ၏ မျက်ခုံးများအောက်တွင် နက်ရှိုင်းသော မျက်ဝန်းတစ်စုံရှိပြီး သူ၏ ဆံပင်များကို နတ်ရွှေဖြင့် ပြုလုပ်ထားသော သရဖူတစ်ခုဖြင့် စည်းနှောင်ထား၏။ မြင်းမြီးကျစ်ဆံမြီးတစ်ခုမှာ လေထဲတွင် လွင့်ပျံနေပြီး သူ့အား ခန့်ညားချောမောနေစေသည်။

နတ်သခင် ရှီယွဲ့၏ အေးစက်ပြီး ဆွဲဆောင်မှုရှိသော မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာကာ

“ရှင် ဘာကြောင့် သားရဲမဟာမိတ်ကို ရွေးချယ်ခဲ့တာလဲဆိုတာ ကျွန်မ တကယ်ပဲ သိချင်မိတယ်။”

“ရှင်နဲ့ ခမ်းနားသော ကောင်းကင်ခန်းမကြားမှာ ရန်ငြိုးရှိလို့ အဲဒီကိုမသွားချင်ဘူး ဆိုရင်တောင် ချင်းယွမ်ကျောင်းတော်က ရှင့်ရဲ့ ပထမဆုံး ရွေးချယ်မှု ဖြစ်သင့်တယ်လေ။”

အဆုံးတွင်တော့ ချင်းယွမ်ကျောင်းတော်သည် လူသားမျိုးနွယ်နဲ့ သက်ဆိုင်ပြီး သားရဲမဟာမိတ်ကတော့ နတ်ဆိုးမျိုးနွယ်၏ အင်အားစုတစ်ခု ဖြစ်သည်။

လုချန်းက ထိုမေးခွန်းကို မဖြေပဲ

“နတ်သခင် ရှီယွဲ့က ကျုပ်ကို မကြိုဆိုလို့ ဒီလိုမေးနေတာလား”

ဟု ပြန်လည်မေးမြန်းလိုက်သည်။

နတ်သခင် ရှီယွဲ့က

“ကျွန်မက ရှင့်ရဲ့ ရည်ရွယ်ချက်ကို သိချင်ရုံသက်သက်ပါ”

ထိုအခိုက်အတန့်တွင် နတ်သခင် ရှီယွဲ့ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး

“ကျွန်မ ရှင့်ရဲ့ လုပ်ရပ်တွေအကြောင်း ကြားဖူးတယ်။ ရှင် ကစဉ့်ကလျား ပင်လယ်ထဲ မဝင်ခင်တုန်းက တော်တော်လေးကို မိန်းမရှုပ်တဲ့သူတစ်ယောက် ဖြစ်ခဲ့ပြီး အင်အားစုအသီးသီးက ရှင် သဘောကျတဲ့ သူတော်စင်မတွေ မင်းသမီးတွေကို နည်းလမ်းအမျိုးမျိုး သုံးပြီး ရှင့်ရဲ့ မိဖုရားဆောင်ထဲကို သွေးဆောင်ခေါ်ယူခဲ့တယ်လို့ ပြောကြတယ်။”

“ရှင်က ကျွန်မရဲ့ ရုပ်ရည်ကို သဘောကျပြီး ကျွန်မအပေါ် မဖွယ်မရာ ပြုမူဖို့ ကြံစည်နေတာများလား။”

လုချန်း အနည်းငယ် ဆွံ့အသွားသည်။

‘ဒီမိန်းမရဲ့ အလိုလိုသိစိတ်က ပုံမှန်ထက်ကို ထက်မြက်လွန်းနေပါလား’ ဟုလည်းတွေးလိုက်မိသည်။

သတိပြန်ဝင်လာပြီးနောက် လုချန်းက ရိုသေစွာဖြင့်

“ကျုပ်မှာ အဲ့ဒီလို အတွေးမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ။”

နတ်သခင် ရှီယွဲ့သည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီး လုချန်း၏ ရှေ့သို့ ပျံသန်းလာခဲ့သည်။ နောက်တစ်ခဏ၌ သင်းပျံ့သော ရနံ့တစ်ခုက သူ့ကို လွှမ်းခြုံသွားပြီး လုချန်း၏ ရင်ထဲမှ စိတ်အလိုဆန္ဒများကို ချက်ချင်း တောက်လောင်စေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် သူ၏ ပင်မခန္ဓာကိုယ်သည် ယွမ်ယုတိနှင့် ရင်ဆိုင်နေရသဖြင့် ထိုစိတ်အလိုဆန္ဒများကို ဖွင့်ထုတ်ရန် နည်းလမ်းရှိနေခဲ့၏။ မဟုတ်ပါက သူ စိတ်ကို ထိန်းချုပ်နိုင်ခဲ့မည် မဟုတ်ပေ။

ထို့နောက် နတ်သခင် ရှီယွဲ့က လုချန်းအား တစ်ပတ်ပတ် အကဲခတ်ကြည့်လိုက်ပြီး သူ၏ နက်ရှိုင်းသော မျက်ဝန်းများကို စိုက်ကြည့်ကာ ပြောလိုက်တာ

“ကျွန်မ စောစောက ပြောခဲ့တာကို ရှင် မေ့သွားပြီလား။”

လုချန်းက

“ဘာများလဲခင်ဗျာ”

ဟု ပြန်မေးလိုက်သည်။

နတ်သခင် ရှီယွဲ့က ခပ်ဖွဖွ ရယ်မောလိုက်ပြီး “ရှင့်ရဲ့ စကားတွေက အမှန်လား အလိမ်လားဆိုတာ ကျွန်မ ခွဲခြားသိမြင်နိုင်တယ်။”

ဒါက...

လုချန်း စိတ်ပျံ့လွင့်သွားသည်ကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့က ဆက်လက်၍

“ဒါတင်မကသေးဘူး ကျွန်မက သူတစ်ပါးရဲ့ ရင်ထဲက စိတ်အလိုဆန္ဒတွေကိုလည်း ခံစားသိနိုင်တယ်။”

“ရှင်မှာ့ ကျွန်မအပေါ် မဖွယ်မရာ ပြုမူဖို့ ပြင်းပြတဲ့ ရည်ရွယ်ချက်တွေ ရှိနေပုံရတယ်။”

ထိုသို့ပြောပြီးနောက် နတ်သခင် ရှီယွဲ့၏ မျက်နှာထက်မှ အပြုံး ချက်ချင်း ပျောက်ကွယ်သွားပြီး ရေခဲတမျှ အေးစက်သွားခဲ့သည်။ သူမထံမှ ကြီးမားလှသော ဖိအားများ ထွက်ပေါ်လာကာ

“ကျွန်မတကယ်ပဲ သိချင်မိတယ်။ ရှင့်မှာ ကျွန်မကို ကြံစည်ရဲတဲ့အထိ ဘယ်လိုလုပ် သတ္တိတွေ ရှိနေတာလဲ။”

နတ်သခင် ရှီယွဲ့၏ ရုတ်တရက် သဘောထား ပြောင်းလဲသွားမှုကို မြင်လိုက်ရသဖြင့် လုချန်း ရင်ထဲတွင် တုန်လှုပ်သွားခဲ့သည်။

ထိုနတ်ဆိုးမသည် မျက်နှာပြောင်းတာ မြန်လွန်းလှ၏။ စောစောလေးတင် ပြုံးနေပြီး ယခုမူ လူသတ်ငွေ့များ ထွက်ပေါ်နေပြီ ဖြစ်သည်။

သို့သော်လည်း ထိုကဲ့သို့ လူသတ်ငွေ့များ ထွက်ပေါ်နေသော နတ်သခင် ရှီယွဲ့နှင့် ရင်ဆိုင်နေရသော်လည်း လုချန်း ကြောက်ရွံ့ခြင်း မရှိပေ။

နတ်သခင် ရှီယွဲ့က ပွင့်ပွင့်လင်းလင်း ပြောလာသည့်အတွက် သူလည်း ဆက်ပြီး ဟန်ဆောင်နေရန် မလိုတော့ပေ။ ချက်ချင်းပင် လုချန်း၏ တောက်လောင်နေသော မျက်ဝန်းများက နတ်သခင် ရှီယွဲ့၏ အေးစက်ပြီး ဆွဲဆောင်မှုရှိသော မျက်နှာထက်သို့ စိုက်ကြည့်လိုက်ကာ

“ခင်ဗျား ကျုပ်ကို အကဲခတ်မိသွားပြီဆိုတော့လည်း ကျုပ် ဆက်ပြီး ဟန်မဆောင်တော့ပါဘူး။ တကယ်ပါပဲ... ကျုပ် ခင်ဗျားကို ကြံစည်နေတာပါ။”

“လှပတဲ့ မိန်းကလေးဆိုတာ လူကြီးလူကောင်းတစ်ယောက် ရှာဖွေရမယ့်အရာပဲလေ။ နတ်သခင် ရှီယွဲ့ရဲ့ အလှတရားက ထျန်းရန် နတ်ဘုရား နယ်မြေ တစ်ခုလုံးမှာ ပြိုင်ဘက်ကင်းနေတာ။ သာမန် ယောက်ျားတစ်ယောက်အနေနှင့် ဘာအတွေးမှ မရှိဘူးဆိုရင်ပဲ ထူးဆန်းနေပါလိမ့်မယ်။”

လုချန်းက ထိုအရာကို အမှန်အတိုင်း ဝန်ခံလိုက်လျှင် သူ အဆုံးအထိ ငြင်းဆန်လိမ့်မည်ဟု ထင်ထားခဲ့သော နတ်သခင် ရှီယွဲ့ ခဏခန့် ဆွံ့အသွားခဲ့သည်။

အဆုံးစွန်တွင်တော့ သူမသည် နတ်သခင် တစ်ဦး ဖြစ်၏။ နတ်သခင်တစ်ဦးအပေါ် မဖွယ်မရာ ပြုမူရန် ကြံစည်ကြောင်း ဗြောင်ဝန်ခံခြင်းမှာ ကြီးမားသော ပြစ်မှုတစ်ခု ဖြစ်သည်။ သူမ ဒေါသထွက်ပြီး သူ့ကို သတ်ပစ်မည်ကို သူ ဘာကြောင့် မကြောက်ရတာလဲဟု သူမ တွေးမိသည်။

သို့သော်လည်း နေဝင်တောင်တန်းရှိ ချိပ်ပိတ်ခြင်းကို အားဖြည့်ရန် သူ့ကို လိုအပ်နေသည်ဟူသောအချက်ကို ဤလူရှုပ် အမှီပြုနေခြင်း ဖြစ်နိုင်ကြောင်း နတ်သခင် ရှီယွဲ့ ချက်ချင်း သဘောပေါက်လိုက်သည်။ အကြောင်းမူကား အကယ်၍ သူ့ကို သတ်လိုက်လျှင် မည်သူမှ ထိုနည်းဗျူဟာပုံစံကို ဖော်ဆောင်နိုင်တော့မည် မဟုတ်သောကြောင့် ဖြစ်သည်။

ချိပ်ပိတ်ခြင်းကို အားဖြည့်သည့်အခါ အခြားသော နတ်ဂိုဏ်းများက လုချန်း မရှိတော့သည်ကို သတိပြုမိပါက သားရဲမဟာမိတ်ကို ဧကန်မုချ ပစ်မှတ်ထားကြမည်ဖြစ်သည်။ ထိုအခါ နတ်ဂိုဏ်းအင်အားစုအသီးသီး၏ ဝေဖန်ပြစ်တင်မှုများကို ရင်ဆိုင်ရပေလိမ့်မည်။

နတ်သခင် ရှီယွဲ့က ခပ်ဖွဖွ ရယ်မောလိုက်ပြီး

“သာမန်ယောက်ျားတစ်ယောက်အနေနှင့် ကျွန်မအပေါ်ထားတဲ့ ရှင့်ရဲ့ ရည်ရွယ်ချက်တွေကတော့ ပုံမှန်မဟုတ်ဘူး။”

“ကျွန်မ နတ်သခင်တစ်ယောက် ဖြစ်လာကတည်းက ဘယ်ယောက်ျားမှ ကျွန်မရှေ့မှာ ဒီလို ဗြောင်ကျကျ ရမ္မက်ဇော ထကြွနေတဲ့ မျက်ဝန်းတွေနဲ့ မကြည့်ရဲခဲ့ကြဘူး။”

“ရှင် တစ်ယောက်တည်း ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံရဲ့ အင်းကွက်တွေကို တိတိကျကျ ရေးဆွဲနိုင်လို့ ရှင် ကျွန်မရှေ့မှာ ဒီလောက်အထိ အရှက်မဲ့ရဲတာထင်တယ်။”

“ဟုတ်ပါတယ်။ ကျွန်မ ရှင့်ကို မသတ်နိုင်ဘူး။ ဒါပေမဲ့...”

ထိုသို့ပြောရင်း နတ်သခင် ရှီယွဲ့၏ ဖိအားများသိသိသာသာ မြင့်တက်လာကာ လုချန်းအား ကောင်းကင်မှ မြေပြင်ပေါ်သို့ ချက်ချင်း ဖိချလိုက်သည်။

နောက်တစ်ခဏ၌ နတ်သခင် ရှီယွဲ့ မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး သူမ၏ ဖိအားကြောင့် ချုပ်နှောင်ခံထားရသော လုချန်းကို ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။

“ကောင်းကင်လမ်းစဉ် သစ္စာဆိုထားတာကြောင့် အခုချိန်မှာ ကျွန်မ ရှင့်ကို မသတ်နိုင်တာ အမှန်ပဲ။ ဒါပေမဲ့ ရှင်က စည်းကျော်လာတဲ့အတွက် ရှင့်ကို သင်ခန်းစာတစ်ခု ပေးတာကတော့ လက်ခံနိုင်စရာ မရှိဘူးလို့ ကျွန်မထင်ဘူး။”

ယခင်က ကောင်းကင်လမ်းစဉ် သစ္စာဆိုမှုမှာ လုချန်းအား ရန်မမူရန် ဖြစ်သော်လည်း ယခုမူ သူက သူမအား မရိုမသေ ပြုမူခဲ့ပြီဖြစ်သည်။ နတ်သခင်တစ်ဦးအား မဖွယ်မရာ ပြုမူလိုသော ရည်ရွယ်ချက် ထားရဲခြင်းက ဧကန်မုချ စော်ကားခြင်းပင် ဖြစ်သည်။

နတ်သခင် ရှီယွဲ့၏ စကားကို ကြားလျှင် လုချန်း ခပ်ဖွဖွ ရယ်မောလိုက်သည်။

လုချန်းက တုန်လှုပ်ခြင်းမရှိပဲ ရယ်မောနေဆဲ ဖြစ်သည်ကို ကြည့်ပြီး နတ်သခင် ရှီယွဲ့ မျက်မှောင်အနည်းငယ် ကြုတ်ကာ

“ရှင် ဘာကို ရယ်တာလဲ”

ဖိအားများအောက်တွင် လုချန်းက

“နတ်သခင် ယွမ်မုန့်က ဒါဟာ ကျုပ်ရဲ့ ရုပ်သေးခန္ဓာကိုယ်တစ်ခု သက်သက်ပဲဆိုတာ ခင်ဗျားကို ပြောပြထားသင့်ပါတယ်”

ဟု ပြန်လည်ဖြေကြားခဲ့သည်။

“ခင်ဗျား ဒေါသထွက်ပြီး ဒီခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်ရင်တောင် ကျုပ်အပေါ် ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျား ဒီရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို တကယ်ပဲ ဖျက်ဆီးလိုက်ရင်တော့ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံရဲ့ အင်းကွက်တွေကို ရေးဆွဲပေးမယ့်သူ ရှိတော့မှာ မဟုတ်ဘူး။”

နတ်သခင် ရှီယွဲ့၏ မျက်နှာ ချက်ချင်း အုံ့မှိုင်းသွားခဲ့သည်။

လုချန်း ပြောတာ မှန်ပုံရသည်။

သူ၏ ကိုယ်ပွား၌ ထူးခြားသော ဝိသေသလက္ခဏာများ ရှိနေသည်။

အရိုင်းနယ်မြေတွင် လုချန်းသည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ဖောက်ခွဲရန် ပြတ်ပြတ်သားသား ရွေးချယ်ခဲ့ကြောင်း နတ်သခင် ကန်းယာထံမှ သူမ ကြားသိထားပြီးဖြစ်သည်။ ၎င်းမှာ သူ၏ ကိုယ်ပွားများကို အလွန် တန်ဖိုးမထားကြောင်း သက်သေပြနေသည်။

ထို့ပြင် ကိုယ်ပွားတစ်ခုကို ဒုက္ခပေးခြင်းက လုချန်း၏ ပင်မကိုယ်ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ပဲ သူ့ကို စော်ကားရာသာ ရောက်စေမည်ဖြစ်သည်။ ထိုအခါ အင်းကွက်များ ရေးဆွဲရာ၌ ကူညီပေးရန် သူ စိတ်မပါ ဖြစ်သွားလိမ့်မည်။

ဒီလူယုတ်မာ...

စိတ်မပါသော်လည်း သူမ၏ ဖိအားကိုနတ်သခင် ရှီယွဲ့ ပြန်လည်ရုပ်သိမ်းလိုက်သည်။ သို့သော် သူမ၏ အကြည့်များကတော့ အေးစက်နေဆဲ ဖြစ်ကာ

“ရှင့်ရဲ့ ပင်မကိုယ် ပုန်းနေတဲ့နေရာကို ကျွန်မဘယ်တော့မှ ရှာမတွေ့ပါစေနဲ့လို့ ဆုတောင်းထားလိုက်။ ကျွန်မမှာ ကောင်းကင်လမ်းစဉ် သစ္စာဆိုမှုတွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေ ရှိတယ်။”

လက်ရှိတွင် သူမ လုချန်းအား ရန်မမူနိုင်သဖြင့် နှုတ်ဖြင့်သာ ခြိမ်းခြောက်နိုင်တော့သည်။

လုချန်းက ပြုံးစစဖြင့်

“မကြာခင်မှာ ခင်ဗျား ကျုပ်ရဲ့ ပင်မကိုယ်နဲ့ ဆုံတွေ့ရလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ခင်ဗျားက ကျုပ်ရဲ့ စုံတွဲ ဖြစ်နေလောက်ပြီ။”

နတ်သခင် ရှီယွဲ့ ရယ်မောလိုက်၏။

‘ဒီလူရှုပ်ကတော့ တကယ်ကို စိတ်ကူးယဉ်တတ်တာပဲ’ ဟုလည်း တွေးလိုက်သည်။

သူမ ယောက်ျားများကို စိတ်မဝင်စားသည့်အချက်ကို ထည့်မစဉ်းစားလျှင်ပင်၊ အကယ်၍ သူမ ယောက်ျားများကို စိတ်ဝင်စားမှု ရှိခဲ့လျှင်ပင် မိန်းမရှုပ်သော လူရှုပ်တစ်ယောက်ကို သူမ၏ စုံတွဲအဖြစ် ရွေးချယ်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူမ ပုရွက်ဆိတ်တစ်ကောင်လို ပွတ်ချေသတ်ဖြတ်နိုင်သည့် သူ၏ ဤမျှအထိ စော်ကားခြင်းကို ခံလိုက်သော်လည်း ပြန်လည် အရေးမယူနိုင်ခြင်းက သူမအား လုံးဝ စိတ်မသက်မသာ ဖြစ်စေခဲ့သည်။

--

……………

All Chapters