← Chapters

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂

Vol. 1 Ch. 2

အခန်း (၂)

သို့သော်လည်း သစ်ပင်ဆိုသည်မှာ နေရာရွှေ့ပြောင်းစိုက်ပျိုးပါက သေဆုံးသွားနိုင်သော်လည်း လူဆိုသည်မှာ အခြေအနေနှင့် လိုက်လျောညီထွေစွာ နေထိုင်တတ်ပါက ကြီးပွားတိုးတက်နိုင်သည်ဟူသော ခံယူချက်ဖြင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ စတင်ချိန်တွင် ပုဂ္ဂလိကလုပ်ငန်းကို ပထမဆုံး စတင်လုပ်ကိုင်ခဲ့သူများအနက် တစ်ဦးအပါအဝင် ဖြစ်လာခဲ့၏။

သူသည် ကျောက်မီးသွေးတွင်း အများအပြားကို ငှားရမ်းခဲ့ပြီး ရှီးဖျင်မြို့ရှိ ထိပ်တန်း ကျောက်မီးသွေးသူဌေးကြီးများထဲမှ တစ်ဦးအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ကာ အမှန်တကယ် ချမ်းသာကြွယ်ဝလာသော သူဌေးသစ်တစ်ဦး ဖြစ်လာခဲ့သည်။

ယောကျ်ားများ ချမ်းသာလာလျှင် ဖောက်ပြန်တတ်သည်ဟူသော စကားမှာ အမှန်တရားထက်ပင် ပို၍ မှန်ကန်လှပေသည်။

ထိုသူဌေးအသစ်သည် ငွေကြေးများ ရရှိလာပြီးနောက် ကပွဲရုံများသို့ အကြိမ်အနည်းငယ် သွားရောက်ခဲ့ကာ အရက်သေစာများ သောက်စားပြီး မိန်းမများကို ဖက်တွယ်ကခုန်ရင်း သူ၏ စရိုက်လက္ခဏာတစ်ခုလုံး ပြောင်းလဲသွားခဲ့၏။

သူ အရက်မူးလာတိုင်း ကျောင်းတိသည် မိန်းကလေးတစ်ဦးဖြစ်သောကြောင့် သူ့ကို အရှက်ရစေသည်ဟု ညည်းညူတတ်လေသည်။

ထို့အပြင် ချန်မေ့လန်၏ အဝတ်အစားများနှင့် အပြုအမူများမှာ တောဆန်လွန်းပြီး သူ၏ ချမ်းသာကြွယ်ဝမှုနှင့် မကိုက်ညီဟုလည်း အပြစ်တင်တတ်သေးသည်။

အံ့ဩတုန်လှုပ်ဖွယ် ကောင်းသည်မှာ မကြာသေးမီက သူ အရက်မူးနေချိန်တွင် ကျောင်းတိကို နှစ်ချက်တိတိ ကန်ကြောက်ခဲ့ခြင်းပင်။

သူမသည် ကျေးလက်နေ အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း အခြေခံမူတစ်ရပ်ကို အမြဲတစေ နားလည်သဘောပေါက်ထားသည်။ အိမ်တွင်းအကြမ်းဖက်မှုဆိုသည်မှာ တစ်ခါမှ မဖြစ်ပေါ်လာနိုင်သလို ဖြစ်လာလျှင်လည်း ရေတွက်၍မရနိုင်လောက်အောင် အကြိမ်ကြိမ်အခါခါ ဖြစ်ပေါ်လာနိုင်သည်ဟူသောအချက်ပင်။

သူမသည် အမြဲတမ်း တိတ်ဆိတ်ငြိမ်သက်ပြီး သိမ်မွေ့သော အမျိုးသမီးတစ်ဦး ဖြစ်ခဲ့သော်လည်း သူမ၏သမီးလေး အရိုက်ခံရသောအခါတွင်မူ ထိုသူဌေးအသစ်နှင့် အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ပြင်းပြင်းထန်ထန် ရန်ဖြစ်ခဲ့လေသည်။

သူမသည် အစ်ကိုနှင့် ယောင်းမဖြစ်သူထံမှ အကူအညီတောင်းခံရန် အိမ်သို့ပြန်လာခဲ့ပြီး သူဌေးအသစ်နှင့် အမြန်ဆုံး ကွာရှင်းကာ သူမ၏ မိဘအိမ်သို့ ပြန်လည်ပြောင်းရွှေ့လာခဲ့သည်။

ရွှံ့မီးဖိုထဲတွင် ဂျုံရိုးများ လောင်ကျွမ်းနေပြီး မီးတောက်များ တောက်လောင်နေ၏။ လောင်စာ အနည်းငယ် ထပ်ထည့်လိုက်ပြီးနောက် ပြောင်းမုန့်များ ကျက်လာသည်နှင့်အမျှ ဒယ်အိုးထဲမှ ရေနွေးငွေ့များ ထောင်းထောင်းထလာလေသည်။

ကျောင်းတိလေးသည် အလုပ်ရှုပ်နေသော မိခင် အနောက်သို့ ခွေးပေါက်စလေးတစ်ကောင်ပမာ တကောက်ကောက် လိုက်ပါရင်း တောင်းဆိုနေသည်။

“မေမေ၊ နောက်ထပ် အိမ်ထောင်မပြုပါနဲ့တော့နော်၊ သမီးတို့ ဦးလေးအိမ်ကနေ ထွက်သွားပြီး သီးသန့်သွားနေလို့ မရဘူးလားဟင်”

ကျောင်းတိလေးသည် မိဘများ၏ ကွာရှင်းပြတ်စဲမှုကို မတားဆီးနိုင်ခဲ့သော်လည်း မိခင်ဖြစ်သူကို နောက်ထပ်အိမ်ထောင်မပြုစေချင်ပေ။

ထိုအမျိုးသားမှာ သားနှစ်ယောက်ရှိသည့် စစ်သားဟောင်းတစ်ဦးဖြစ်ပြီး သူတို့မှာ အလွန်ရက်စက်ကာ လူတွေကို ရိုက်နှက်တတ်ကြောင်း ယင်ပေါင်ထံမှ သူမ ကြားသိထားခဲ့ရ၏။

ချန်မေ့လန်သည် ပေါင်းအိုးအဖုံးကို ဖွင့်လိုက်သည်။ ရွှေရောင် ပြောင်းမုန့်များမှာ ကျက်လုနီးပါးဖြစ်နေပြီး လုံးဝန်းဖောင်းမို့ကာ ပေါင်းအိုးအတွင်း ခင်းထားသော အဖြူရောင် အဝတ်စပေါ်တွင် နေရာယူထားကြသည်။ ၎င်းတို့ကို ကောက်ယူလိုက်သောအခါ အောက်ခြေတွင် ရွှေရောင်အမျှင်တန်းလေးများ ကျန်ရစ်နေခဲ့၏။

သူမသည် မုန့်ကို အအေးခံရန် လေမှုတ်လိုက်ပြီး ကျောင်းတိလေးထံ ကမ်းပေးလိုက်ကာ စားသောက်နေစဉ်အတွင်း ထိုင်ရန် ခွေးခြေပုလေးတစ်ခုကို ရှာပေးလိုက်သည်။

ချန်မေ့လန်မှာလည်း ဗိုက်ဆာလွန်းသဖြင့် ဗိုက်အောင့်နေပြီဖြစ်ရာ ပူလောင်နေသည့်တိုင် မုန့်ကို အားရပါးရ ကိုက်စားလိုက်သည်။

“ကလေးတွေက လူကြီးတွေရဲ့ ကိစ္စတွေကို စိတ်ပူစရာမလိုပါဘူး၊ မေမေသာ ကျောင်းတိလေး နေရာမှာဆိုရင် ဗိုက်ကလေး ကားထွက်လာတဲ့အထိ စားဖို့လောက်ပဲ အာရုံစိုက်ထားမှာ၊ ဒါမှ နောင်ကျရင် ယောကျ်ားလေးတွေအားလုံးကို အနိုင်ယူနိုင်မှာလေ၊ ဘယ်လိုလဲ၊ သဘောကျရဲ့လား”

ကျောင်းတိလေးသည် ခေါင်းလေးစောင်းကာ သေသေချာချာ စဉ်းစားလိုက်ပြီးနောက် ပြောင်းမုန့်ကို အားရပါးရ ကိုက်စားလိုက်သည်။

“ဟုတ်ကဲ့ပါ”

သူမ ယင်ပေါင်ကို အနိုင်ယူချင်၏။ သူမအမေကို လက်ထပ်ချင်နေသော ထိုလူကြီးနှင့် သူ၏ သားနှစ်ယောက်ကိုလည်း အနိုင်ယူချင်နေမိသည်။

သူမ၏ စိတ်နှလုံးထဲတွင် ယောကျ်ားလေးများထက် န်ထူးချွန်သူတစ်ဦး ဖြစ်လာစေရမည်ဟူသော ပြင်းပြသည့် ရည်မှန်းချက်တစ်ခုက တိတ်တဆိတ် ကိန်းအောင်းလာခဲ့သည်။

သူမကို စွန့်ပစ်သွားသော ဖခင်ဖြစ်သူအား သူမသည် မိန်းကလေးတစ်ယောက် ဖြစ်သော်ငြားလည်း ယောကျ်ားလေးတစ်ယောက်ထက် မနိမ့်ကျကြောင်းကို သက်သေပြချင်နေခဲ့၏။

‘စားရမယ်'

ကျောင်းတိလေးသည် သူမ၏ ဗိုက်ကလေး ကားထွက်လာသည်အထိ အားရပါးရ စားသောက်ရန် ခိုင်မာစွာ ဆုံးဖြတ်ချက်ချထားလိုက်သည်။

ချန်မေ့လန်သည် သူမ အတိတ်ကာလသို့ ပြန်လည်ဝင်စားလိမ့်မည်ဟု တစ်ခါမျှ တွေးမထားခဲ့ဖူးပေ။

လွန်ခဲ့သော အခိုက်အတန့်လေးကပင် သူမသည် ကြီးမားကျယ်ဝန်းသော်လည်း ဟာလာဟင်းလင်းဖြစ်နေသော စံအိမ်ကြီးတစ်ခုထဲတွင် တစ်ကိုယ်တည်း နေထိုင်ရင်း အိမ်မှုကိစ္စများ လုပ်ဆောင်နေစဉ် သူမ၏ ခေါင်းကို မတော်တဆ ထိခိုက်မိသွားခဲ့သည်။

သူမမ မျက်လုံးများ ပြန်ဖွင့်ကြည့်လိုက်သောအခါ လွန်ခဲ့သော နှစ်ပေါင်း ၃၀ အတိတ်ကာလဆီသို့ ပြန်လည်ရောက်ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။

ဤအချိန်မှာ ထိုသူဌေးအသစ်နှင့် ကွာရှင်းပြီးနောက် သူမ၏ မိဘအိမ်သို့ ပြန်လာသည့် လမ်းခရီးစဉ်ပင်ဖြစ်၏။ ခရီးသည်တင် ဘတ်စ်ကားနှစ်စီး အနည်းငယ် ပိတ်တိုက်မိရာမှ သူမခေါင်းနှင့် ကားပြတင်းပေါက်မှန်တို့ ဆောင့်မိသွားခဲ့ရာ ဤသို့ ပြန်လည်ဝင်စားလာခဲ့ခြင်းဖြစ်သည်။

အနာဂတ်ကာလတွင် အပြင်ဘက်၌ အမြဲတမ်းအလုပ်များနေပြီး တစ်နှစ်ပတ်လုံး တွေ့ရခဲလှကာ တွေ့ဆုံချိန်၌ပင် စကားပြောဆိုရန် ဆွံ့အလျက်ရှိနေမည့် အလုပ်ကြိုးစားသော အမျိုးသမီးငယ်လေး ကျောင်းတိမှာမူ ယခုအချိန်တွင် သူမ၏ရင်ခွင်ထဲ၌ တိတ်ဆိတ်စွာ ကွေးကွေးလေး ထိုင်နေသော နူးညံ့ချစ်စရာကောင်းပြီး စကားနားထောင်သည့် ကောင်မလေးတစ်ယောက်အဖြစ်သာ ရှိနေသေးသည်။

သူမ၏ ယခင်ဘဝက ချန်မေ့လန်သည် ဤကာလနှင့်ပတ်သက်၍ အလွန်တရာ ရှင်းလင်းပြတ်သားသော မှတ်ဉာဏ်များမရှိခဲ့ပေ။

အဆုံးစွန်ပြောရလျှင် ထိုအချိန်က သူမ၏ ယုံကြည်ချက်မှာ လဲကျသွားသောနေရာမှ ပြန်လည်ထလာရန်၊ အမြန်ဆုံး နောက်ထပ် အိမ်ထောင်ပြုရန်၊ ဘဝအတွက် ကြိုးစားရုန်းကန်ရန်နှင့် ထိုစိတ်အနှောင့်အယှက်ဖြစ်ဖွယ် အတွေ့အကြုံများကို ချန်ရစ်ခဲ့ရန်ပင်။

သို့သော် ပြန်လည်ဝင်စားပြီးနောက် ဤကာလအတွင်း သူမသည် အလွန်တရာ ခက်ခဲကြမ်းတမ်းသော အချိန်ကာလကို ဖြတ်သန်းခဲ့ရပြီး ကျောင်းတိလေးမှာမူ သူမထက်ပင် ပို၍ ခက်ခဲသော အချိန်ကာလများကို ရင်ဆိုင်ခဲ့ရကြောင်း သူမ နားလည်သဘောပေါက်သွားခဲ့သည်။

မုဆိုးမတစ်ဦး၏ အိမ်ရှေ့တွင် အမြဲလိုလို အတင်းအဖျင်းစကားများ ရှိနေတတ်ပြီး မကြာသေးမီကမှ ကွာရှင်းထားသော အမျိုးသမီးတစ်ဦး၏ အိမ်ရှေ့တွင်မူ ပို၍ပင် ဆိုးရွားစွာ ပြောဆိုတတ်ကြလေ၏။

သူမသည် သားယောကျ်ားလေး မမွေးနိုင်ဘဲ သမီးမိန်းကလေးသာ မွေးနိုင်သောကြောင့် သူဌေးအသစ်က သူမ၏ မိဘအိမ်သို့ ပြန်လည်ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း ကောလာဟလများကို တစ်စုံတစ်ယောက်က ဖြန့်ဝေခဲ့လေသည်။

ဟွာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက်လုံးတွင် ၁၉၈၀ နှင့် ၉၀ ပြည့်လွန်နှစ်များကဲ့သို့ အမျိုးသမီးတစ်ဦး၏ လူမှုရေးတန်ဖိုးကို သားယောကျ်ားလေး မွေးဖွားနိုင်စွမ်းအပေါ်တွင်သာ မူတည်၍ အကဲဖြတ်သည့် ခေတ်ကာလမျိုး တစ်ခါမျှမရှိခဲ့ဖူးပေ။

ကလေးတစ်ယောက်သာ ယူရမည့် မူဝါဒကြောင့် လည်းကောင်း ခွင့်ပြုထားသည်ထက် ကလေးပိုယူပါက ၎င်းတို့အား မှတ်ပုံတင်ရန် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်သောကြောင့် လည်းကောင်း သားယောကျ်ားလေး မမွေးဖွားနိုင်သော အမျိုးသမီးတစ်ဦးမှာ အိမ်ထောင်ရေးတွင် တန်ဖိုးမရှိတော့ပေ။

ဤကျိန်စာဆိုးကြီး သူမအပေါ်သို့ ကျရောက်နေချိန်တွင် ကျောက်မီးသွေးအရောင်းအဝယ်မှတစ်ဆင့် ချမ်းသာကြွယ်ဝလာပြီးနောက် ခင်ပွန်းဟောင်းဖြစ်သူက သူမကို ချက်ချင်းစွန့်ပစ်သွားခဲ့သည်ဟူသော အချက်မှာ ဖုံးကွယ်ခြင် ခံခဲ့ရသည်။

ထိုသူဌေးသစ်ကို ရက်စက်ကြမ်းကြုတ်လှသည်ဟု မည်သူကမျှ ကျိန်ဆဲခြင်းမပြုခဲ့ကြပေ။

သေချာသည်ကတော့ ဤကောလာဟလများကို မည်သူက ဖြန့်ဝေခဲ့သည်ကို ချန်မေ့လန် တိတိကျကျ သိရှိထားလေသည်။

သူမ၏ အိမ်နီးချင်းဖြစ်ပြီး အဝေးဆွေမျိုးလည်းဖြစ်သော ချန်တကျွင်းမှာ သူမ၏ ကွာရှင်းပြတ်စဲမှုကို ကူညီညှိနှိုင်းပေးရန် သွားရောက်ခဲ့စဉ် ထိုသူဌေးအသစ် ငှားရမ်းထားသော လူမိုက်များ၏ လက်သီးဖြင့် နှစ်ချက်တိတိ အထိုးခံရပြီး ကျောက်ကပ်ကို ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့၏။

မကြာသေးမီက သူသည် အိပ်ရာထဲတွင် လဲနေခဲ့ရသည်။

သူမ၏ အစ်ကိုကြီးနှင့် ယောင်းမဖြစ်သူတို့က သူမကို မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် ချစ်ခင်မြတ်နိုးကြပြီး သူမ၏ အနာဂတ်လမ်းကြောင်းအတွက် စီစဉ်ပေးနေကြချိန်တွင် ဘေးအိမ်မှ ချန်မိသားစု၏ ဒုတိယချွေးမမှာမူ တစ်နေကုန် ဆဲရေးတိုင်းထွာနေပြီး သူမနှင့် သမီးဖြစ်သူတို့ ချန်မိသားစုရွာမှ အမြန်ဆုံး ထွက်ခွာသွားကာ သူမ၏မျက်စိရှေ့မှ အပြီးတိုင် ပျောက်ကွယ်သွားရန်သာ ဆန္ဒရှိနေခဲ့လေသည်။

သဘာဝကျစွာပင် သူမသည် သမီးမိန်းကလေးများကိုသာ မွေးဖွားနိုင်ပြီး သားယောကျ်ားလေးများ မမွေးဖွားနိုင်ဟူသော ကောလာဟလကိုလည်း ထိုချန်မိသားစု၏ ဒုတိယချွေးမကပဲ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

ချန်ညီအစ်ကိုများသည် ခြံဝင်းချင်းကပ်လျက် နေထိုင်ကြသော ဝမ်းကွဲညီအစ်ကိုများဖြစ်ကြပြီး တစ်ဦးချောင်းဆိုးလျှင်ပင် အခြားတစ်ဦးက ကြားနိုင်လောက်အောင် နီးကပ်လှပေသည်။

ရွာသူရွာသားများသည် ချန်မိသားစု၏ ဒုတိယချွေးမဖြစ်သူက ဘေးခြံဝင်းထဲမှနေ၍ အမြဲတစေ ဆဲရေးတိုင်းထွာနေသည်ကို မြင်တွေ့နေရပြီး “သားယောကျ်ားလေး မမွေးနိုင်တဲ့ မိန်းမဟာ ဥမဥနိုင်တဲ့ ကြက်မထက်တောင် ပိုဆိုးသေးတယ်” ဟူသော စကားမျိုးကိုပင် ပေါ်ပေါ်တင်တင် ပြောဆိုလေ့ရှိသည်။

ဒုတိယချွေးမသည် အလွန်တရာ ကြမ်းတမ်းလွန်းပြီး မေလန်မှာမူ သနားစရာကောင်းလှသည်ဟု လူတိုင်းက ခံစားခဲ့ကြရ၏။

၁၉၉၀ ပြည့်လွန်နှစ်များသို့ ရောက်ရှိနေပြီဖြစ်ရာ ကွာရှင်းထားသော အမျိုးသမီးတစ်ဦးအနေဖြင့် လွတ်လပ်စွာ ရပ်တည်နေထိုင်နိုင်ပြီဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူမ၏ ချမ်းသာကြွယ်ဝသော ခင်ပွန်းဟောင်းသည် ကွာရှင်းပြတ်စဲရာတွင် ချန်မေ့လန်ကို ငွေကြေးအချို့ ပေးအပ်ခဲ့မည်မှာ သေချာသည်မဟုတ်လော။

All Chapters