← Chapters

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃

Vol. 1 Ch. 3

အခန်း(၃)

သူမသည် ထိုငွေများကို အသုံးပြု၍ ရွာမှ ထွက်ခွာကာ အခြားတစ်နေရာတွင် အိမ်ငှား၍ ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ် နေထိုင်နိုင်သည်။ ဒုတိယချွေးမ၏ အမြဲတစေ ဆဲရေးတိုင်းထွာနေမှုများကို အဘယ်ကြောင့် သည်းခံနေရမည်နည်း။

သို့သော် ချန်မေ့လန်မှာမူ တိတ်တဆိတ်ပင် နေထိုင်ခဲ့သည်။

ရက်အနည်းငယ်ကြာပြီးနောက် သူမ၏ ယောင်းမက သူမအတွက် အိမ်ထောင်ဖက်တစ်ဦး မိတ်ဆက်ပေးထားပြီး င်သွားကြည့်တော့မည်ဟူသော သတင်းများ ပြန့်နှံ့သွားခဲ့လေသည်။

အလားအလာရှိသော သတို့သားလောင်းမှာ သားနှစ်ယောက်ရှိသည့် အမျိုးသားတစ်ဦးဖြစ်သည်။ သူမတွင် တစ်ခုလပ်မိခင်တစ်ဦးအနေဖြင့် ကိုယ်ပိုင်ကလေးတစ်ယောက် ရှိနေပြီဖြစ်ရာ သူ့ကို လက်ထပ်လိုက်ပါက မိထွေးတစ်ဦးပါ ဖြစ်လာပေတော့မည်။

၎င်းမှာ မီးတောက်ထဲမှ လွတ်အောင်ပြေးရင်း မီးပုံထဲသို့ ခုန်ချလိုက်သကဲ့သို့ပင် ဖြစ်နေသည်။

သူမ သေသေချာချာ မစဉ်းစားမိခြင်းလော။

ကိစ္စရပ်များကို ပို၍ ရှုပ်ထွေးသွားစေသည်မှာ ထိုအမျိုးသားသည် ယောင်းမ၏ ယခင်က ဆွေမျိုးတော်စပ်ဖူးသူ အဝေးဆွေမျိုးတစ်ဦး ဖြစ်နေခြင်းပင်။ သူသည် ကျိုးချောင်ဖန်၏ ညီမဖြစ်သူ ကျိုးရွှယ်ချင်း၏ ခင်ပွန်းဟောင်း ဖြစ်လေသည်။

ဤအချက်က ရွာသူရွာသားများအတွက် အတင်းအဖျင်းပြောဆိုစရာများ ပို၍ များပြားသွားစေခဲ့သည်။

“ကျိုးရွှယ်ချင်းက သူ့ယောကျ်ားဟောင်းနဲ့ ကွာရှင်းထားတာ မဟုတ်လား၊ ကျိုးချောင်ဖန်က သူ့ရဲ့ အရင် မတ်ဟောင်းနဲ့ သူ့ယောင်းမကို ပေးစားဖို့ ကြိုးစားနေတာလား၊ မေလန်ကို သူ့တူတွေအတွက် မိထွေးလုပ်ပြီး ပြုစုပျိုးထောင်စေချင်နေတာများလား”

“ဟုတ်တယ်၊ သူ့ညီမက အဲဒီလူနဲ့ ခဏခဏ ရန်ဖြစ်တတ်တယ်လို့ ကျိုးချောင်ဖန် ပြောဖူးတာကို ငါ မှတ်မိသေးတယ်၊ ကဲ... သူ့ညီမကတော့ အဲဒီဒုက္ခကနေ လွတ်မြောက်သွားပြီ၊ ဒါပေမယ့် ငါတို့ရဲ့ မေလန်ကကော ဘယ်လိုလုပ်မလဲ၊ သူက အစားထိုးခံသက်သက်ပဲလား”

“သူတို့အားလုံးက ဆွေမျိုးတွေချည်းပဲ၊ မိသားစုတွေ စုံကြတဲ့အခါ ဘယ်လောက်တောင် အနေခက်လိုက်မလဲ”

ချမ်းသာသော ခင်ပွန်းဟောင်း၏ ရိုက်နှက်မှုကို ခံရပြီးနောက် ဒုတိယအစ်ကိုဖြစ်သူမှာ အိပ်ရာထဲတွင် လဲနေခဲ့ရသည်။ ဒုတိယချွေးမသည် အပြောအဆို ကြမ်းတမ်းသော်လည်း လယ်ယာလုပ်ငန်းခွင်အကြောင်းကိုမူ တစ်စုံတစ်ရာမျှ မသိရှိပေ။

ယခုအချိန်သည် အလုပ်များလှသော ဇူလိုင်လ ရိတ်သိမ်းချိန်ရာသီဖြစ်သည်။ ချန်မိသားစု၏ အစ်ကိုကြီးနှင့် ယောင်းမတို့သည် မိသားစုနှစ်စုလုံးအတွက် သီးနှံများကို ကြိုးစားပမ်းစား ရိတ်သိမ်းနေကြရ၏ယ

ကောလာဟလအားလုံးကို ကြားသိရပြီးနောက်၊ လယ်ကွင်းများထဲမှ ပြန်လာချိန်တွင် ရေငတ်ကာ ပင်ပန်းနွမ်းနယ်နေသည့်တိုင် အခြေအနေကို ရှင်းပြခဲ့ရသေးသည်။

“ငါ့ညီမက စိတ်သဘောထား သိပ်မကောင်းဘူး၊ ပြီးတော့ ယန်ကျောက်နဲ့လည်း အမြဲတမ်း ရန်ဖြစ်နေတာ၊ ဒါပေမယ့် မေလန်က သဘောထားပြည့်ဝတယ်လေ၊ ရန်ဖြစ်တယ်ဆိုတာ လူနှစ်ယောက်ရှိမှ ဖြစ်တာ၊ ဘာတွေများ ရန်ဖြစ်စရာ အကြောင်းရှိလို့လဲ”

ယောင်းမအကြီးက ပြောပြလေသည်။

လူအများက သူမအား မယုံကြည်ကြသည်ကို မြင်သောအခါ သူမက အသံကိုမြှင့်၍ ဆက်ပြောလေသည်။

“ယန်ကျောက်က စစ်သားတစ်ယောက်၊ တပ်ရင်းမှူးအဆင့် အရာရှိတစ်ယောက်၊ သူက လောင်ရှန်း ရှေ့တန်းစစ်မျက်နှာပြင်မှာ ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ သုံးနှစ်တိုင်တိုင် တိုက်ပွဲဝင်ခဲ့တာ၊ အကြီးစား တပ်မတော်အင်အား လျှော့ချရေးသာ မရှိခဲ့ရင် သူက တပ်စုမှူးအဆင့်တောင် ဖြစ်နိုင်တယ်၊ မေလန် သူ့ကို လက်ထပ်တာက ကောင်းမွန်တဲ့ အိမ်ထောင်ရေးပဲ”

ယန်ကျောက်ဆိုသည်မှာ ယောင်းအကြီးက မေလန်နှင့် မိတ်ဆက်ပေးချင်နေသော လောင်ရှန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်ခဲ့သည့် စစ်သားတစ်ဦးပင်။

ယောင်းမအကြီး၏ အလျင်စလို ရှင်းပြမှုအပြီးတွင် လူအများက သူမကို စတင်ယုံကြည်လာကြသည်။ သို့သော်လည်း ဒုတိယချွေးမဖြစ်သူက ခနဲ့တဲ့တဲ့ အသံဖြင့် ဝင်ရောက်ပြောဆိုလိုက်ပြန်၏။

“ငါထင်တာတော့ မေလန်က ယန်ကျောက်မှာ သားနှစ်ယောက်ရှိတာကို မြင်တော့၊ သူကိုယ်တိုင် သားယောကျ်ားလေး မမွေးနိုင်မှာကို ကြောက်နေတာနေမှာပေါ့၊ အဲဒါကြောင့် အသက်ကြီးလာတဲ့အခါ သူ့ကို ပြုစုစောင့်ရှောက်မယ့်သူ ရှိလာအောင် အဲဒီကလေးတွေကို ပြုစုပျိုးထောင်ချင်နေတာ ဖြစ်မယ်”

၁၉၉၀ ပြည့်လွန်နှစ်များသို့ နီးကပ်လာပြီဖြစ်ရာ ရွာထဲတွင် ကလေးတစ်ဦးသည် မိန်းကလေးလား ယောကျ်ားလေးလားဆိုသည်ကို ခရိုမိုဇုန်းများဖြစ်သော X သို့မဟုတ် Y က ဆုံးဖြတ်ကြောင်း မိဘများအား ရှင်းပြခဲ့ဖူးသော အထက်တန်းကျောင်းသားများနှင့် ကောလိပ်ကျောင်းသားများစွာ ရှိနေပြီဖြစ်၏။

ထို့ကြောင့် ရွာသူရွာသားများသည် ကောလာဟလများကို ဖြန့်ဝေမည့်အစား ချန်မေ့လန်ကို စတင်အကြံပေးလာကြလေသည်။

“မေလန်၊ ယောကျ်ားလေး မွေးတာပဲဖြစ်ဖြစ်၊ မိန်းကလေး မွေးတာပဲဖြစ်ဖြစ် နင့်အပေါ်မှာချည်းပဲ မူတည်တာ မဟုတ်ပါဘူး၊ မိုက်မဲတဲ့ အလုပ်တွေ မလုပ်ပါနဲ့”

“ဟုတ်တယ်၊ နင့်ရဲ့ ခင်ပွန်းဟောင်း သူဌေးက နင့်ကို ငွေတွေပေးလိုက်မှာပဲ၊ အဲဒီငွေတွေကို သုံးပြီး ကိုယ့်ဘဝကိုယ် အခြေတကျဖြစ်အောင်နေပါ၊ ကိုယ့်ကလေးကိုလည်း ပြုစုပျိုးထောင်ရင်း တခြားသူတွေရဲ့ မိထွေးပါ ဝင်လုပ်ရမယ့် ဆုံးဖြတ်ချက်မျိုးကို ဘာလို့ စဉ်းစားနေရတာလဲ”

ချန်မေ့လန်သည် လူတိုင်း၏ အကြံပေးစကားများကို အေးအေးဆေးဆေးပင် နားထောင်နေခဲ့ပြီး မည်သည့်စကားမျှ မဆိုဘဲ ပြုံး၍သာနေလိုက်သည်။

ပထမအချက်အနေဖြင့် သူမ၏ ခင်ပွန်းဟောင်းသည် ကိုယ်ပိုင်စီးပွားရေးကို စတင်လုပ်ကိုင်ခဲ့ပြီး ချန်မေ့လန်မှာမူ အိမ်တွင် ကလေးပြုစုပျိုးထောင်ရသော အိမ်ရှင်မတစ်ဦးသာ ဖြစ်ခဲ့သည်။ ထို့ကြောင့် သူ့တွင် ငွေမည်မျှရှိသည်ကို သူမ လုံးဝ မသိရှိခဲ့ပေ။

ဒုတိယအချက်မှာ သူမ၏ ခင်ပွန်းဟောင်းသည် ကွာရှင်းပြတ်စဲစဉ်က သူမအား ငွေတစ်ပြားတစ်ချပ်မျှပင် ပေးအပ်ခဲ့ခြင်းမရှိပေ။

၎င်းမှာ သူ အရက်မူးနေချိန်တွင် သူမက သူ့ကို ကုလားထိုင်၌ ကြိုးဖြင့်တုပ်ကာ အညိုအမည်းစွဲသည်အထိ ရိုက်နှက်ခဲ့သောကြောင့်ပင်။

မူလက သူသည် သူမကို လက်ဗလာဖြင့်သာ ထွက်သွားစေချင်ခဲ့သော်လည်း သူမ၏ အစ်ကိုနှစ်ယောက်က ပြဿနာရှာပြီး ရွာလူကြီးများက ဝင်ရောက်ဖျန်ဖြေပေးပြီးနောက်တွင်တော့ သူမအား ရှီးဖျင်မြို့ဆင်ခြေဖုံးရှိ ကြီးမားသော ခြံဝင်းပါသည့် အိမ်တစ်လုံးကို ပေးအပ်ခဲ့လေ၏။

မိသားစုတွင် စုဆောင်းငွေများရှိပြီး သူမ၏ ခင်ပွန်းဟောင်းတွင်လည်း ငွေကြေးများစွာ ရှိနေခဲ့သည်။ မေလန်သည် ဘဏ္ဍာရေးဆိုင်ရာ ဖြေရှင်းပေးမှုအပေါ် ကျေနပ်မှုမရှိခဲ့သလို သူမ၏ အစ်ကိုနှစ်ယောက်ကလည်း သူမအတွက် စုဆောင်းငွေများကို ထပ်မံရရှိရန် တိုက်ပွဲဝင်ပေးချင်ခဲ့ကြသည်။

သို့သော် ဒုတိယအစ်ကိုဖြစ်သူက ငွေရေးကြေးရေးကိစ္စများကို ညှိနှိုင်းရန် မြို့သို့သွားရောက်ခဲ့စဉ် ခင်ပွန်းဟောင်းက ငှားရမ်းထားသော လူမိုက်များ၏ ဝိုင်းဝန်းရိုက်နှက်မှုကို ခံခဲ့ရလေသည်။

သူမ၏ ဒုတိယအစ်ကို ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မှုအပြင် ခင်ပွန်းဟောင်းနှင့် ဆက်လက်ပတ်သက်နေပါက သူမ၏ အစ်ကိုများအတွက် ပြဿနာပိုမိုကြီးမားလာမည်ကို စိုးရိမ်သောကြောင့်၊ ချန်မေ့လန်သည် ဒေါသများကို မျိုသိပ်ကာ ကွာရှင်းပြတ်စဲမှုကို အပြီးသတ်လိုက်လေ၏။

သို့သော်လည်း ကွာရှင်းပြီးနောက်တွင် ခင်ပွန်းဟောင်းဖြစ်သူက သူမအပေါ်သို့ နောက်ထပ် လှည့်ကွက်တစ်ခု ဆင်ခဲ့ပြန်သည်။

ကွာရှင်းသည့်နေ့တွင်ပင် သူ၏ အဆက်အသွယ်များကို အသုံးပြု၍ သူမ၏ အိမ်ထောင်စုစာရင်းကို ကျေးလက်ဇာတိမြေသို့ ပြောင်းရွှေ့ပစ်ခဲ့လေသည်။

သူသည် သူမကို အိမ်ရာလွှဲပြောင်းခြင်း သဘောတူစာချုပ်တစ်စောင် ကိုယ်တိုင်ကိုယ်ကျ ရေးသားပေးခဲ့သော်လည်း သူမ၏ အိမ်ထောင်စုစာရင်းမှာ ကျေးလက်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်၏။

စာချုပ်တစ်ရွက်တည်းဖြင့် ထိုအိမ်၏ အိမ်ရှင်အဖြစ် မှတ်ပုံတင်ရန်နှင့် အိမ်ထောင်စုစာရင်းကို ထိုနေရာသို့ ပြောင်းရွှေ့ရန် သူမအတွက် မဖြစ်နိုင်တော့ပေ။

သူမ၏ အိမ်ထောင်စုစာရင်းကို ရှီးဖျင်မြို့သို့ ပြောင်းရွှေ့နိုင်မှသာလျှင် ဖြစ်နိုင်ပေမည်။

လက်ရှိအချိန်တွင် ကျေးလက်ဒေသမှ မြို့ပြအိမ်ထောင်စုစာရင်းသို့ ပြောင်းလဲရန် နည်းလမ်းနှစ်သွယ်သာ ရှိသည်။ အလုပ်အကိုင် အပြောင်းအရွှေ့ (သို့မဟုတ်) မြို့ပြနေထိုင်သူတစ်ဦးနှင့် အိမ်ထောင်ပြုကာ ခင်ပွန်းဖြစ်သူနှင့်အတူ အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ခြင်းပင်။

သူမ၏ ယခင်ဘဝက ခင်ပွန်းဖြစ်သူနှင့်အတူ အိမ်ထောင်စုစာရင်းကို မပြောင်းရွှေ့နိုင်ခဲ့သောကြောင့် ချန်မေ့လန်သည် ထိုအိမ်ကြီးကို စွန့်လွှတ်ခဲ့ရလေသည်။

၉၀ ပြည့်လွန်နှစ်များတွင် အဆောက်အအုံဟောင်းများ ဖျက်သိမ်းရေးစီမံကိန်း စတင်သောအခါ အိမ်ရာများကို အိမ်ထောင်စုစာရင်းအပေါ် အခြေခံ၍ ခွဲဝေပေးခဲ့ရာ ထိုအိမ်မှာ သူမ၏ ခင်ပွန်းဟောင်းအမည်ပေါက်ဖြင့် ဆက်လက်တည်ရှိနေခဲ့သည်။

ချန်မေ့လန်သည် ဒေသခံအမျိုးသားတစ်ဦးနှင့် ဒုတိယအကြိမ် အိမ်ထောင်ပြုခဲ့ပြီး ထိုအိမ်ကြီးကို အပြီးတိုင် လက်လွှတ်လိုက်ရလေ၏။

သူမ ပြန်လည်ဝင်စားပြီးနောက် ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာချိန်တွင် သူမ၏ ယခင်ဘဝက ဒုတိယအိမ်ထောင်ရေးသည် မည်မျှမပျော်ရွှင်ခဲ့ရကြောင်း စဉ်းစားမိပြီး ချန်မေ့လန်သည် နောက်ထပ် အိမ်ထောင်မပြုလိုတော့ပေ။

ယင်းအစား တောင်ပိုင်းသို့သွားကာ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းပြုရန် သူမ စဉ်းစားခဲ့သေးသည်။

သို့သော် သူမတွင် သမီးတစ်ယောက်ရှိနေပြီး ၁၉၈၈ ခုနှစ်၊ စီးပွားရေး စတင်နာလန်ထစ အချိန်တွင် အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးနေသလို မြို့ကြီးများတွင်လည်း အိမ်ထောင်စုစာရင်း ထိန်းချုပ်မှုများ တင်းကျပ်လွန်းသောကြောင့် တောင်ပိုင်းသို့ အလုပ်သွားလုပ်ရန်မှာ မလွယ်ကူလှပေ။

အကြီးမားဆုံး ပြဿနာမှာ ကလေး၏ပညာရေးပင်။ ထိုအချိန်က ကျေးလက်နေ ကလေးများသည် ကျေးလက်ဒေသများတွင်သာ ကျောင်းတက်နိုင်ကြသည်။

ယာယီကျောင်းလခကို တတ်နိုင်စေကာမူ မြို့ပြကျောင်းများက လက်ခံမည်မဟုတ်ပေ။

သူမ၏ ယခင်ဘဝက နောက်အိမ်ထောင်ပြုချိန်တွင် ကျောင်းတိလေးကို သုံးလတာမျှသာ ဖြစ်သော်ငြား တစ်ကြိမ်တော့ ချန်ရစ်ထားခဲ့ရဖူးလေသည်။

သို့သော် ထိုသုံးလတာ အချိန်ကာလလေးကပင် ကလေးမလေး၏ စရိုက်လက္ခဏာကို ပြောင်းလဲသွားစေပြီး သူမ၏ တစ်ဘဝတာလုံးကိုပါ ထိခိုက်စေလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးခဲ့မိပေ။

ထို့ကြောင့် ဤဘဝတွင် သူမသည် ကျောင်းတိလေးကို မည်သည့်အခါမျှ ထပ်မံချန်ရစ်မထားခဲ့နိုင်တော့ပေ။

စိတ်ကို တည်ငြိမ်အောင်ထားပြီး အခြေအနေကို သုံးသပ်ကြည့်ပြီးနောက် အလုပ်ရှာဖွေခြင်းနှင့် ချမ်းသာကြွယ်ဝလာခြင်းကို ခေတ္တဆိုင်းငံ့ထားနိုင်သည်ဟု သူမ ခံစားလိုက်ရသည်။ အိမ်ကသာ ပို၍ အရေးကြီး၏။

မည်သို့ပင်ဆိုစေ ထိုခြံဝင်းဟောင်းကို ဖျက်သိမ်းပြီး အနာဂတ်တွင် တိုက်ခန်း ခုနစ်ခန်း သို့မဟုတ် ရှစ်ခန်းအဖြစ် ပြောင်းလဲနိုင်ပေသည်။

All Chapters