← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

အခန်း (၄)

အိမ်ခြံမြေဈေးနှုန်းများ အလျင်အမြန် မြင့်တက်လာမည့် ခေတ်ကာလတွင် လူဘယ်နှစ်ယောက်ကများ တစ်သက်တာလုံးမှာ တိုက်ခန်း ခုနစ်ခန်း၊ ရှစ်ခန်း ရရှိနိုင်မည်နည်း။

ထို့ကြောင့် ပြန်လည်ဝင်စားပြီးနောက်တွင်လည်း သူမသည် ဒုတိယအကြိမ် အိမ်ထောင်ပြုမည့် လမ်းကြောင်းကိုသာ ရွေးချယ်ရမည် ဖြစ်လေသည်။

သို့သော်လည်း သူမ၏ ယခင်ဘဝက ဒုတိယအကြိမ် မပျော်မရွှင်ဖြစ်စေခဲ့သော ထိုအမျိုးသားကိုမူ သူမ ရွေးချယ်မည်မဟုတ်တော့ပေ။

သူမ ယန်ကျောက်ကို ရွေးချယ်ရသည့် အကြောင်းရင်းမှာ ယခင်ဘဝတွင် သူသည် ရိုးသားဖြောင့်မတ်မှုနှင့် တင်းကျပ်မှုတို့ကြောင့် နာမည်ကြီးသော မြို့တော်၏ ပြည်သူ့လုံခြုံရေးရဲမှူးချုပ်တစ်ဦး ဖြစ်လာမည့်သူမို့လို့ပင်။

ထို့အပြင် ကျိုးရွှယ်ချင်းနှင့် ကွာရှင်းစဉ် လက်ဗလာဖြင့်သာ ထွက်လာခဲ့ခြင်းက သူသည် သူတစ်ပါးပိုင်ဆိုင်မှုကို တပ်မက်သော အမျိုးသားတစ်ဦး မဟုတ်ကြောင်း သက်သေပြနေသည်။

ပို၍ အရေးကြီးသည်မှာ သူ့တွင် ရှီးဖျင်မြို့ အိမ်ထောင်စုစာရင်း ရှိနေခြင်းပင်။ သူတို့ လက်ထပ်လိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏ အိမ်ထောင်စုစာရင်းကို ရှီးဖျင်မြို့သို့ ပြန်လည်ပြောင်းရွှေ့နိုင်မည်ဖြစ်ပြီး သူမ၏ အိမ်ကြီးဆီသို့ ပြန်လည်ဝင်ရောက်နိုင်မည် ဖြစ်လေသည်။

သားအမိနှစ်ယောက်သည် ယုန်ပေါက်လေးနှစ်ကောင်ပမာ ပြောင်းဖူးမှုန့်မုန့်တစ်လုံးစီကို ကိုင်ထားရင်း အားရပါးရ စားသောက်နေကြသည်။

အိုးထဲတွင် နောက်ထပ်တစ်ဝက်ခန့် ကျန်ရှိနေသေးပြီး ၎င်းမှာ ယောင်းမအကြီး၏ မိသားစုအတွက် ဖြစ်၏။

“အင်းးး” ကျောင်းတိလေးသည် ယင်ပေါင် စောစောက စားသွားခဲ့သော ပေါက်စီထဲမှ အစပ်ချောင်းများကို သတိရသွားကာ သက်ပြင်းသဲ့သဲ့လေး ချလိုက်မိသည်။

သူမသည် မြို့တွင်ကြီးပြင်းလာခဲ့ပြီး ချန်မေ့လန် ငွေရေးကြေးရေး အခြေအနေ ကောင်းမွန်ချိန်က သရေစာများနှင့် မုန့်များကို မကြာခဏ ဝယ်ကျွေးလေ့ရှိသည်။

ထို့ကြောင့် ကောင်မလေးသည် အစားအသောက်နှင့် ပတ်သက်လျှင် အတော်လေး ဂျီးများလေ၏။

ပြောင်းဖူးမုန့်မှာ အရသာပေါ့ပျက်ပျက်ဖြစ်ပြီး ဒီအတိုင်းစားရန်မှာ အတော်လေးခက်ခဲသည်။ အကြမ်းထည် အစေ့အဆန်များဖြင့် ပြုလုပ်ထားသောကြောင့် မျိုချရန် ခက်ခဲလှ၏။ ကလေးမလေးမှာ တစ်လုတ်ကိုက်ပြီးတိုင်း လေကို အဝရှူသွင်းနေရရှာသည်။

သူမ၏ မိခင်ကိုယ်တိုင်ပင် ပြောင်းဖူးမုန့်အား အနိုင်နိုင်မျိုချနေရသည်ကို မြင်သောအခါ ကောင်မလေးက မနေနိုင်တော့ဘဲ ပြောလိုက်သည်။

“မေမေ၊ သမီးတို့မှာသာ တို့စားဖို့ သကြားဖြူလေးနည်းနည်းလောက် ရှိရင် သိပ်ကောင်းမှာပဲနော်”

သို့သော် သူမ၏ မိခင် စိတ်မကောင်းဖြစ်သွားမည်ကို စိုးရိမ်သဖြင့် သူမက အမြန်ဖြည့်စွက်ပြောလိုက်၏။

“ရပါတယ်၊ သမီး ဒီအတိုင်းစားရင်လည်း ဗိုက်ဝပါတယ်”

ပြောင်းဖူးမှုန့်မုန့်များသည် သကြားဖြူ သို့မဟုတ် ပျားရည်ဖြင့်စားလျှင် ပို၍ အရသာရှိလှပေသည်။

ချန်မေ့လန်သည် ဗီရိုတံခါးကို ဆွဲဖွင့်လိုက်သော်လည်း အတွင်းထဲတွင် ဘာတစ်ခုမျှ မရှိဘဲ ဟာလာဟင်းလင်းဖြစ်နေသည်။

ယခုအခါ မြေယာပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ပြီးဖြစ်ရာ တောင်သူလယ်သမားများသည် စားဝတ်နေရေးအတွက် ၎င်းတို့၏ ကိုယ်ပိုင်မြေကွက်ငယ်လေးများကိုသာ အားထားနေကြရ၏။

သူမအစ်ကိုကြီး၏ မိသားစုတွင် ကလေးသုံးယောက် ရှိနေပြီးဖြစ်ရာ ပါးစပ်နှစ်ပေါက် ရုတ်တရက် တိုးလာခြင်းက ဟင်းချက်ဆီ သို့မဟုတ် သကြားဖြူတို့ ထားဖို့နေနေသာသာ စားနပ်ရိက္ခာပင် လောက်ငှမှုမရှိကြောင်း ဆိုလိုနေသည်။

သူမ၏ အစ်ကိုကြီးက တိတ်တဆိတ် သက်ပြင်းချလေ့ရှိသည်ကို သူသိထားပြီး ယောင်းမအကြီးကလည်း ဟန်တင်းထားသော်ငြား ညဘက် ခင်ပွန်းဖြစ်သူဘေးတွင် လှဲလျောင်းနေချိန်၌ မနေနိုင်ဘဲ သက်ပြင်းချမိလေသည်။

အစားအစာ လောက်ငှမှုမရှိပေ။

“သကြားဖြူ သွားဝယ်ကြရအောင်”

ချန်မေ့လန်က ပြောလိုက်သည်။

မိဘအိမ်သို့ မပြန်လာမီက သူမတွင် စုဆောင်းငွေအချို့နှင့် လက်ဝတ်ရတနာများ ရှိခဲ့သော်လည်း သူတို့အိမ်မှာ ဓားပြတိုက်ခံခဲ့ရသည်။

သူမ၏ မိဘအိမ်သို့ ပြန်ရောက်လာချိန်တွင် သူမ၌ ဆယ်ယွမ်သာ ကျန်ရှိတော့ပြီး ယင်းငွေမှာ ကလေးနေမကောင်းဖြစ်ကာ အရေးပေါ်ကုသမှု လိုအပ်လာပါက အသုံးပြုရန် စုဆောင်းထားခြင်းဖြစ်၏။

သကြားဖြူ အနည်းငယ်မျှကိုသာ သူတို့ ဝယ်လာခဲ့လျှင် ယနေ့ မိသားစုတစ်စုလုံး ချိုမြိန်သော ပြောင်းဖူးမုန့်များကို မြည်းစမ်းနိုင်ကြပေမည်။

အစိုးရ-ပုဂ္ဂလိက ဖက်စပ်လုပ်ငန်းဟု စာလုံးအကြီးကြီးများဖြင့် ရေးသားထားသော ရွာထိပ်ရှိ ဆိုင်ငယ်လေးတွင် ချန်မေ့လန်သည် သကြားဖြူတစ်ပေါင်ကို ဖန်ပုလင်းထဲသို့ ချိန်တွယ်ထည့်လိုက်သည်။

ကျောင်းတိလေးမှာ မစောင့်ဆိုင်းနိုင်တော့ဘဲ သူမ၏ နွေးထွေးနေသော ပြောင်းဖူးမုန့်ကို ဖန်ပုလင်းဝသို့ ဖိကပ်လိုက်ကာ ဘေးပတ်လည်တွင် ပြန့်ကျဲနေသော သကြားမှုန်လေးတိုင်းကို ဂရုတစိုက် သိမ်းကျုံးယူလိုက်လေ၏။

ချိုမြိန်သော သကြားဖြူလေးများဖြစ်ရာ တစ်စေ့တစ်မှုန်မျှပင် အလေအလွင့် အဖြစ်မခံနိုင်ပေ။

နွေးထွေးနေသော ပြောင်းဖူးမုန့်မှာ အကောင်းဆုံး အရသာအဆင့်သို့ ရောက်ရှိသွားသည်။

သကြားဖြူသည် ပြောင်းဖူးမှုန့်၏ လတ်ဆတ်သော ရနံ့ကို ပိုမိုပြည့်စုံသွားစေပြီး စေးကပ်ကာ ဝါးလို့ကောင်းနေသည်။ သကြားမှုန်လေးများသည် သူမ၏ သွားများကြားတွင် ကြွပ်ကြွပ်မည်နေပြီး ၎င်း၏ ချိုမြိန်မှုက တံတွေးများနှင့် ရောနှောသွားကာ စေးကပ်ပြီး အနည်းငယ် ဖန်တန်တန်ဖြစ်နေသော မုန့်ကို ချောမွေ့သွားစေကာ သူမ၏ ပါးစပ်အတွင်း ချိုမြိန်မွှေးကြိုင်သွားခဲ့လေ၏။

ဤသည်မှာ ပြောင်းဖူးမုန့်တစ်ခုတွင် ရှိသင့်ရှိထိုက်သော စစ်မှန်သည့် အရသာပင် ဖြစ်တော့သည်။

ကျောင်းတိလေးသည် ဤတစ်ကိုက်ကို ကျေနပ်မှုအပြည့်ဖြင့် အရသာခံလိုက်လေသည်။

ထိုအချိန်မှာပင် ချန်မိသားစု၏ ဒုတိယချွေးမသည် ကြက်ကင်တစ်ကောင်ကို ကိုင်ဆောင်ကာ ဖြတ်လျှောက်သွားလေ၏။

ယခုလေးမှ ကင်ထားသည့်ပုံပေါ်ပြီး ကြက်ရေခွံပေါ်ရှိ ဆီများမှာ တလက်လက် တောက်ပနေဆဲဖြစ်သည်။

သူမ ဖြတ်လျှောက်သွားစဉ် မွှေးပျံ့သော ရနံ့က သူမနောက်သို့ လွင့်ပျံ့လာခဲ့သည်။

ယင်ပေါင်သည် သူပမိခင်နောက်သို့ လိုက်ပါလာပြီး မိခင်ဖြစ်သူက ကြက်ပေါင်တစ်ချောင်းကို လိမ်ဖဲ့လိုက်သည်နှင့် တစ်ပြိုင်နက် သူက အငမ်းမရ ကိုက်စားလိုက်လေ၏။

“ကျောင်းတိ၊ ကြည့်စမ်း၊ တို့အိမ်မှာ စားစရာ ကြက်ကင်ရှိတယ်ဟေ့”

ယင်ပေါင်က ဆီများပေပွနေသော ကြက်ပေါင်ကို တမင်တကာ ဝှေ့ယမ်းပြရင်း ပြောလိုက်သည်။

ချန်မိသားစု၏ ဒုတိယချွေးမသည် ချန်မေ့လန်လက်ထဲရှိ ဖန်ပုလင်းကို လှမ်းကြည့်လိုက်ပြီး အာမေဍိတ်သံဖြင့် ပြောလိုက်သည်။

“အို... မေလန်က ဒီနေ့ သဘောတွေ ကောင်းနေပါလား၊ နင့်မိသားစုက ဒီလောက် ဆင်းရဲနေတာကိုတောင် သကြားဖြူဝယ်ဖို့ တတ်နိုင်သေးတယ်ပေါ့လေ”

“ဒုတိယယောင်းမ၊ ဒီကြက်ကို ကျွန်မရဲ့ ဒုတိယအစ်ကိုကို အားဖြည့်ပေးဖို့ ဝယ်လာတာလား”

ချန်မေ့လန်က မေးလိုက်သည်။

ချန်မိသားစု၏ ဒုတိယချွေးမက ပြုံးလိုက်ပြီး သူမ၏ အသံကို မြှင့်လိုက်သည်။

“နင့်ရဲ့ ဒုတိယအစ်ကိုက နင့်ကြောင့် ဒဏ်ရာရခဲ့တာ၊ အဲဒီသူဌေးအသစ်ကြောင့် သူ့ကျောရိုးတွေ ကျိုးသွားခဲ့ရတာ၊ ငါက သူ့ကို ဂရုမစိုက်ရင် ဘယ်သူက ဂရုစိုက်မှာလဲ၊ သူ ပြန်ကောင်းလာအောင် ငါ ကြက်တစ်ကောင် ဝယ်မကျွေးသင့်ဘူးလား”

“ဒုတိယအစ်ကိုကို ဆေးရုံခေါ်သွားသင့်တယ်လို့ ကျွန်မ ထင်တယ်၊ သူ ဒီအတိုင်း ဆက်လှဲနေမယ်ဆိုရင် တကယ်လို့များ လေဖြတ်သွားရင် ဘယ်လိုလုပ်မလဲ”

ချန်မေ့လန်က ရိုးရိုးသားသား ပြောလိုက်၏။

ချန်မိသားစု၏ ဒုတိယချွေးမသည် ထိုသူဌေးအသစ်က သူမခင်ပွန်း၏ ကျောရိုးကို ချိုးပစ်ခဲ့ကြောင်း အမြဲတစေ ညည်းညူတတ်သော်လည်း ဆေးရုံသို့သွားရန် ပြောဆိုသောအခါတွင်မူ ခေါင်းမာစွာဖြင့် ငြင်းဆန်လေ့ရှိသည်။

သူမက ခြံတံခါးကို ဝုန်းကနဲ ဆောင့်ပိတ်လိုက်ပြီး ပြောလိုက်သည်။

“ဆေးရုံသွားရင် ပိုက်ဆံကုန်မှာပေါ့၊ ဘယ်ကနေ ပိုက်ဆံရမှာလဲ၊ သူ့ဆေးဖိုးတွေ ငါ မတတ်နိုင်ဘူး”

ချန်မိသားစု၏ ဒုတိယချွေးမ အထဲသို့ဝင်သွားပြီး မကြာမီမှာပင် ဘေးအိမ်မှ ဒုတိယအစ်ကိုဖြစ်သူ၏ အသံကို ကြားလိုက်ရ၏။

“ငါတို့မှာ ကြက်ကင်ရှိနေပြီဆိုတော့ အစ်ကိုကြီးတို့ မိသားစုရယ် မေလန်ရယ်ကို ခေါ်လိုက်ပါလား၊ ငါတို့အားလုံး အတူတူ စားကြတာပေါ့”

သူက ရှိုက်ဝင်နေသော အသံဖြင့် ပြောလိုက်သည်။

သို့သော် အချိန်အတော်ကြာသည့်တိုင်အောင် ဘေးအိမ်မှ မည်သည့်အသံမျှ ထပ်မံထွက်ပေါ်မလာတော့ပေ။

ကျောင်းတိလေးက သူမ၏ ပြောင်းဖူးမုန့်ကို ဆက်လက် အရသာခံစားနေပြီး၊ ပေါင်းအိုးတောင်းထဲရှိ မုန့်တိုင်းကို သကြားဖြူများဖြင့် ဂရုတစိုက် လိုက်လံသုတ်လိမ်းနေလေသည်။

ထိုမုန့်များကို သူမ၏ ဦးလေးမိသားစုအတွက် ချန်ထားခြင်းဖြစ်သည်။

ညနေခင်း လေပြည်လေညင်းလေးနှင့်အတူ သယ်ဆောင်လာသော ကြက်ကင်ရနံ့မှာ ဘေးအိမ်မှ လွင့်ပျံ့လာခဲ့၏။

ကလေးမလေးမှာ လေကို တရှုံ့ရှုံ့ မရှူဘဲ မနေနိုင်တော့ဘဲ သူမ၏ မုန့်ကို နောက်တစ်လုတ် ထပ်ကိုက်လိုက်ကာ ဘေးအိမ်မှ လှုပ်ရှားသံများကို စိတ်အားထက်သန်စွာဖြင့် နားစွင့်နေမိသည်။

သူမ၏ ဒုတိယအဒေါ်က ကြက်သားစားရန် သူမကို ဖိတ်ခေါ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သဖြင့် သူမ ဆက်လက်စောင့်ဆိုင်းနေခဲ့လေသည်။

သို့သော် ယခင်ဘဝကို ဖြတ်သန်းခဲ့ဖူးသော ချန်မေ့လန်ကမူ ဒုတိယအစ်ကိုနှင့် သူ့ဇနီးတို့သည် ကြက်သားစားရန် သူတို့ကို မည်သည့်အခါမျှ ဖိတ်ခေါ်မည်မဟုတ်ကြောင်း သိရှိထားလေ၏။

သူမသမီးလေး၏ သနားစရာကောင်းပြီး ဆာလောင်နေသော မျက်နှာလေးကို မြင်သောအခါ သူမက ပြုံး၍ မေးလိုက်သည်။

“ကျောင်းတိ၊ ဒီကမ္ဘာပေါ်မှာ အကောင်းဆုံး အရသာအရှိဆုံး အစားအစာက ဘာလို့ထင်လဲ”

တုံ့ဆိုင်းနေခြင်းမရှိဘဲ ကျောင်းတိက ချက်ချင်း ဖြေလိုက်သည်။

“ပေါက်စီထဲက အစပ်ချောင်းလေးတွေရယ်၊ ကြက်ကင်ရယ်ပေါ့”

ယနေ့ ယင်ပေါက် စားသောက်သွားသမျှ အရာအားလုံးမှာ သူမ အတောင့်တဆုံးနှင့် အနှစ်သက်ဆုံး အရာများပင် ဖြစ်နေခဲ့၏။

“မေမေ့အထင်တော့ ကြက်ဥမုန့်က ပိုပြီးအရသာရှိမယ် ထင်တယ်၊ နောက်တစ်နေ့ကျရင် မေမေ သမီးအတွက် ကြက်ဥမုန့် နည်းနည်းလောက် ဝယ်ပေးရမလား”

ချန်မေ့လန်က ပြောလိုက်သည်။

ကြက်ဥမုန့်။

၎င်းမှာ ဂျုံမှုန့်၊ ဆီနှင့် ကြက်ဥများကို မုန့်နှစ်အဖြစ် ရောမွှေကာ သကြားဖြူ အမြောက်အမြားထည့်ပြီးနောက် သံပုံစံခွက်ထဲသို့ လောင်းထည့်ကာ မီးပြင်းပြင်းဖြင့် နှစ်ဖက်စလုံးကို ဖုတ်ထားသော နတ်သုဒ္ဓါတမျှ ကောင်းမွန်သည့် အစားအစာတစ်ခုဖြစ်သည်။

ရလဒ်အနေဖြင့် အပြင်ဘက်တွင် ကြွပ်ရွနေပြီး အတွင်းဘက်တွင်မူ နူးညံ့ကာ အိစက်နေသော ကိတ်မုန့်တစ်ခုကို ရရှိလေ၏။

ကလေးဘဝ မြို့တွင်နေထိုင်စဉ်က ကျောင်းတိလေး မြည်းစမ်းဖူးခဲ့ပြီး ၎င်းမှာ အမှန်တကယ်ပင် ကြက်ကင်ထက် ပို၍ အရသာရှိလှပေသည်။

ကျောင်းတိလေး၏ မျက်နှာလေးမှာ မနက်ဖြန်အတွက် မျှော်လင့်ချက်များဖြင့် ချက်ချင်းလင်းလက်သွားပြီး ပန်းပွင့်လေးတစ်ပွင့်ပမာ တောက်ပလာခဲ့သည်။

“မေမေ၊ ဟုတ်ကဲ့၊ သမီး အဲဒါစားချင်တယ်”

All Chapters