← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

အခန်း (၁၈)

“သူဌေး၊ ကြက်တစ်ကောင်ကို ဘယ်လောက်လဲ”

ဈေးသည်က ရယ်မောလိုက်ရင်း ပြန်ဖြေလာ၏။

“ကျွန်တော့်ကို ပြောနေတာလား၊ သူဌေးဆိုတာ ဘာကြီးလဲဗျ၊ အခေါ်အဝေါ်အသစ်ပဲ၊ ကြက်တစ်ကောင်ကို ရှစ်ယွမ်ပါ”

ထိုခေတ်အခါက လူများကို ‘သူဌေး’ ဟု ခေါ်ဆိုခြင်းထက် ‘ရဲဘော်’ ဟု ခေါ်ဆိုခြင်းကသာ ပို၍ခေတ်စားနေသေးချိန် ဖြစ်လေသည်။

ချန်မေ့လန်က ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။

“ကျွန်မကို နှစ်ကောင်ပေးပါ”

ကြီးမားသော ကြက်ကင်ကြီးနှစ်ကောင်ဆိုသည်မှာ အတော်အတန်ကြီးမားသော အရောင်းအဝယ်တစ်ခုပင်။ ကြက်ကင်သည်၏ လက်များမှာ တုန်ရီနေကာ အဆူဖြိုးဆုံးနှင့် အကြီးမားဆုံး ကြက်နှစ်ကောင်ကို သေချာစွာ ရွေးချယ်လိုက်လေသည်။

ထို့နောက် သန့်ရှင်းသပ်ရက်အောင်သုတ်ကာ ဆီစိမ်စက္ကူဖြင့် သပ်ရပ်စွာထုပ်ပိုးပြီး ချန်မေ့လန်၏ ဝါးခြင်းတောင်းလေးထဲသို့ ညင်သာစွာ ထည့်ပေးလိုက်လေသည်။

ချန်မေ့လန်သည် သူမကိုယ်တိုင်အတွက်လည်း အဝတ်အစားအသစ်နှစ်စုံခန့် ဝယ်ယူရန် လိုအပ်နေသေးသည်။ မိဘများ၏ အိမ်သို့ ပြန်လာစဉ်က အဝတ်အစားများစွာ သယ်ဆောင်လာခဲ့သော်လည်း ဒုတိယယောင်းမက တိတ်တဆိတ်ခိုးယူကာ ဟောင်းနွမ်းစုတ်ပြဲသွားသည်အထိ ဝတ်ဆင်ပစ်ခဲ့လေပြီ။

ယခင်ဘဝက နောက်အိမ်ထောင်ပြုချိန်တွင် ခန္ဓာကိုယ်ကို ဖုံးကွယ်ရန်အတွက် အဝတ်အစားများကိုပင် မဝယ်ယူနိုင်ခဲ့ပေ။

လုကျင်းယွီ၏အိမ်တွင် နေထိုင်ခဲ့ရသော နှစ်ကာလများစွာအတွင်း သူမသည် ခေါင်းမော့ကာ ဂုဏ်ယူဝင့်ကြွားစွာ မနေထိုင်နိုင်ခဲ့ရှာပေ။ ဤတစ်ကြိမ် သူမ၏ အိမ်ထောင်သစ်အတွက်မူ အလှပဆုံး ဝတ်စားဆင်ယင်သွားရန် ရည်မှန်းထားလေသည်။

သူမ၏မှတ်ဉာဏ်ထဲတွင် ၈၀ ပြည့်လွန်နှစ်များနှင့် ၉၀ ပြည့်လွန်နှစ်များ၌ ကောင်းမွန်သောအဝတ်အစားများ သိပ်မရှိခဲ့ဟု ထင်မှတ်ထားသော်လည်း အမှန်တကယ်တွင်မူ ထိုသို့မဟုတ်ပေ။ ထိုနှစ်များအတွင်း အထည်အလိပ် အမျိုးအစားများစွာ ထွက်ရှိခဲ့ပြီး ဈေးကွက်အတွင်းသို့ ပုံအောဝင်ရောက်လာခြင်းမျိုး မရှိသေးပေ။

နိုင်ငံပိုင်စက်ရုံဟောင်းများမှ ထုတ်လုပ်သော အရည်အသွေးမြင့် အထည်အလိပ်များမှာ ဈေးကွက်တစ်ခွင်လုံးတွင် နေရာယူထားပြီး အရည်အသွေးကောင်းမွန်ကာ ဈေးနှုန်းလည်း ချိုသာလှပေသည်။

မိုးရာသီအလွန် မှိုများပေါက်လာသကဲ့သို့ ခရိုင်မြို့ငယ်လေးအတွင်း အသင့်ဝတ် အထည်ဆိုင်ငယ်များစွာ ပေါ်ပေါက်လာခဲ့လေသည်။

ထိုဆိုင်များအားလုံးမှာ ဟောင်ကောင်နှင့် ထိုင်ဝမ် နာမည်ကြီး မင်းသားမင်းသမီးများ ဝတ်ဆင်သော အဝတ်အစားများကို အတုယူ ချုပ်လုပ်ကြပြီး အချို့သော အပ်ချုပ်သမားများ၏ လက်ရာမှာ အနာဂတ်ကာလမှ နာမည်ကြီးတံဆိပ်များထက်ပင် မညံ့လှပေ။

ချန်မေ့လန်သည် ဆိုင်အတော်များများသို့ ဝင်ရောက်ကြည့်ရှုပြီးနောက် ဆိုင်တစ်ဆိုင်မှ အပြာနုရောင် ရှပ်အင်္ကျီတစ်ထည်နှင့် ဒက်ခရွန်သား ဒူးဆစ်ခန့်ရှိသော ဘောင်းဘီတို တစ်ထည်ကို ရွေးချယ်လိုက်လေသည်။

ခါးတွင် ခါးပတ်လေးတစ်ခုနှင့် တွဲဖက်ဝတ်ဆင်လိုက်သောအခါ နှစ်ပေါင်း ၃၀ အကြာ ၂၀၂၀ ခုနှစ်တွင် ပြန်လည်ခေတ်စားလာမည့် ပေါ့ပေါ့ပါးပါးဖက်ရှင်ပုံစံလေး ဖြစ်သွားလေသည်။

ကျောင်းတိလေးက မိခင်ဖြစ်သူ ဝယ်ယူမည်မဟုတ်ဟု ထင်သဖြင့် စိုးရိမ်တကြီးပြောလိုက်၏။

“အမေက သိပ်လှတာပဲ၊ ဒီတစ်စုံလုံးကို ဝယ်လိုက်လို့ ရမလားဟင်”

အံ့ဩစရာကောင်းစွာပင် မိခင်ဖြစ်သူက ခမ်းနားစွာ လက်ကာပြလိုက်ပြီး ပြောလာသည်။

“အားလုံးကို ပေါင်းပေးပါ၊ ဒီတစ်စုံကို ဘယ်လောက်ကျမလဲ”

အပ်ချုပ်သမားဖြစ်သော သက်လတ်ပိုင်းအရွယ်အမျိုးသမီးသည် ချန်မေ့လန်ကို အထက်အောက် စုန်ဆန်ကြည့်ရှုနေခဲ့သည်။

ရုတ်တရက် သူမသည် အပြင်သို့ ထွက်သွားပြီးနောက် ကင်မရာတစ်လုံးကို ယူဆောင်လာခဲ့လေ၏။ ချန်မေ့လန်အား မလှုပ်ရှားရန် လက်ဟန်ခြေဟန်ဖြင့် ပြသကာ ဓာတ်ပုံအချို့ကို ရိုက်ကူးလိုက်ပြီးနောက် ပြောလာ၏။

“ရှင့်ရဲ့ ဓာတ်ပုံတွေကို မော်ဒယ်လ်အဖြစ် အသုံးပြုချင်လို့ပါ၊ ရှင် စိတ်မရှိဘူးမဟုတ်လား၊ ဘယ်သူမှ ကျွန်မရဲ့အဝတ်အစားတွေကို ဒီလောက်လှပအောင် မဝတ်ဆင်နိုင်ခဲ့ကြဘူး၊ လူတွေမြင်ရအောင် ဒါတွေကို နံရံမှာ ချိတ်ဆွဲထားချင်လို့ပါ”

“ဓာတ်ပုံထပ်ရိုက်ဖို့အတွက် ကျွန်မ တခြားအဝတ်အစားတွေကိုပါ ထပ်ဝတ်ပေးနိုင်ပါတယ်၊ အဲဒီအတွက် ဒီအဝတ်အစားတစ်စုံကို အလကားပေးမလား”

ချန်မေ့လန် သဘောပေါက်သွားလေပြီ။ ဆိုင်ရှင်သည် သူမအား မော်ဒယ်လ်အဖြစ် အသုံးပြုလိုခြင်းဖြစ်ရာ မိမိအတွက် အကျိုးအမြတ်အနည်းငယ်ရရှိရန် အပေးအယူလုပ်လိုက်ခြင်းက အကောင်းဆုံးဖြစ်ပေမည်။

မိမိ၏ အရည်အချင်းကို အသုံးချကာ အခွင့်အရေးကို ဖမ်းဆုပ်နိုင်ခြင်းက သူမ၏ ယုံကြည်မှုကို ပိုမိုခိုင်မာလာစေသည်။

တစ်သက်လုံး အိမ်ရှင်မဘဝဖြင့်သာ နေထိုင်ခဲ့ရသော ချန်မေ့လန်အတွက် ယခုအကြိမ်သည် ကိုယ်ပိုင်စွမ်းဆောင်ရည်ဖြင့် ပထမဆုံးအကြိမ် ဝင်ငွေရှာဖွေနိုင်ခဲ့ခြင်းဖြစ်ရာ သူမ၏ရင်ထဲတွင် အထူးပင် စိတ်လှုပ်ရှား တက်ကြွနေလေသည်။

“ရတာပေါ့၊ ဘာလို့မရရမှာလဲ”

ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒ၏ အစောပိုင်းကာလများတွင် လူအများစုမှာ ရိုးသားကာ ပွင့်လင်းမြင်သာမှု ရှိကြလေ၏။

ဆိုင်ရှင်သည် အပ်ချုပ်ဆိုင်တံခါးကို ပိတ်လိုက်ပြီး ချန်မေ့လန်အား အဝတ်အစားတစ်စုံပြီးတစ်စုံ လဲလှယ်ဝတ်ဆင်စေကာ ဓာတ်ပုံများ ရိုက်ကူးလေတော့သည်။ ဓာတ်ပုံများ ကူးထုတ်ပြီးသည့် အချိန်အထိ မည်သို့ထွက်ပေါ်လာမည်ကို မည်သူမျှ မသိနိုင်ကြသေးပေ။

သို့သော် ဆိုင်ရှင်မှာမူ အလွန်တရာစိတ်လှုပ်ရှားနေကာ ချန်မေ့လန်အား မည်သည့်အရာကို ဝတ်ဆင်သည်ဖြစ်စေ လိုက်ဖက်ညီလှသော ပြီးပြည့်စုံသည့် မော်ဒယ်လ်တစ်ဦးအဖြစ် အဆက်မပြတ် ချီးကျူးနေတော့သည်။

ပြန်လည်ထွက်ခွာမည့်အချိန်သို့ ရောက်သောအခါ ဆိုင်ရှင်သည် ချန်မေ့လန်အား အဖြူရောင်ဂါဝန်တစ်ထည်နှင့် ပလတ်စတစ်ဖိနပ်တစ်ရန်ကို အတင်းအကျပ် လက်ဆောင်ပေးခဲ့သည့်အပြင် ကျောင်းတိ၏ ပန်းပွင့်ပုံစံဝတ်စုံလေးတွင်လည်း ဖန်သားဖြင့်ပြုလုပ်ထားသော ရင်ထိုးလေး တစ်ခုကိုပါ တပ်ဆင်ပေးလိုက်လေသည်။

မှန်ကြီးထဲတွင် ပေါ်လွင်နေသော ပုံရိပ်ကို ကြည့်လိုက်ရာ နေလောင်ဒဏ်ကြောင့် အသားအရေမှာ အနည်းငယ် ဖျော့တော့ကာ နီမြန်းနေသော်လည်း ထိုအမျိုးသမီးမှာ ခေတ်မီကာ လှပနေလေ၏။

ယခင်ဘဝက အထီးကျန်ကာ ဖျော့တော့နေပြီး ချမ်းသာသော်လည်း စိတ်ဆင်းရဲနေရသော အမယ်အိုကြီးနှင့် လုံးဝ တူညီခြင်းမရှိတော့ပေ။

ပြန်လည်မွေးဖွားလာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သူမသည်လည်း လှပသူတစ်ဦးဖြစ်ကြောင်း ချန်မေ့လန် နားလည်သဘောပေါက်သွားခဲ့လေသည်။

မိမိကိုယ်ကို တန်ဖိုးထားမှုနှင့် ယုံကြည်မှုတို့က သူမ၏အတွင်းစိတ်ကို လင်းလက်တောက်ပလာစေသည်။

လှပသော မင်းသမီးလေးဝတ်စုံဖြင့် ကျောင်းတိ၏ ချစ်စဖွယ်မျက်နှာလေးကို ကြည့်ရင်း ချန်မေ့လန်၏ ဉာဏ်ထဲတွင် ခေတ်မီဆန်းသစ်သော မိခင် ဟူသည့် စကားလုံးတစ်ခု ရုတ်တရက်ပေါ်ထွက်လာခဲ့၏။

သူမသည် စိတ်ဆင်းရဲစရာ ကွာရှင်းထားသောအမျိုးသမီးဘဝမှ ခေတ်မီဆန်းသစ်သော မိခင်တစ်ဦးအဖြစ်သို့ အသွင်ပြောင်းလဲသွားခဲ့လေပြီ။

ရွာလေးမှာတော့ အမြဲတမ်းလိုလို ပုံမှန်အတိုင်းပင် ဖြစ်လေသည်။

ပုစဉ်းရင်ကွဲသံများ၊ ဖားအော်သံများ၊ ကလေးများ၏ ဆူညံသံများနှင့်အတူ လယ်ကွင်းထဲရှိ တောင်သူလယ်သမားများမှာ ချွေးသံတရွဲရွဲဖြင့် တိတ်ဆိတ်စွာ အလုပ်လုပ်နေကြလေသည်။

ယနေ့တွင် ချန်တကုန်းသည် ဒုတိယအစ်ကို၏ နှံစားပြောင်းများ အားလုံးကို လယ်ကွင်းထဲသို့ ပြန်လည်ပစ်ချထားခဲ့ပြီး သူ့ကိုယ်ပိုင် နှံစားပြောင်းများကို ခြံဝင်းထဲတွင် စုပုံထားလေ၏။

ခြံဝင်းတစ်ခုလုံး နှံစားပြောင်းများဖြင့် ပြည့်နှက်နေကာ သူသည် ကျင်းပေါင်၊ ကျန်းကျူးနှင့် ပေါင်ကျူးတို့အား ဦးဆောင်၍ တုတ်ရှည်များဖြင့် ရိုက်ပုတ်ကာ ခြွေလှေ့နေကြလေသည်။

ကျေးလက်မှကလေးများမှာ ငယ်စဉ်ကတည်းက အလုပ်လုပ်ကြရလေသည်။ အသက်ဆယ့်နှစ်နှစ်အရွယ် အကြီးဆုံးဖြစ်သော ကျင်းပေါင်မှာ ပုံမှန်အားဖြင့် ပျင်းရိတတ်သော်လည်း လယ်ယာလုပ်ငန်းခွင်တွင်မူ အလွန် ကျွမ်းကျင်သူ ဖြစ်လေ၏။

“အဒေါ်”

ချန်မေ့လန်ကို မြင်လိုက်သည်နှင့် ကျင်းပေါင်က ဝမ်းသာအားရဖြင့် ခေါ်လိုက်ပြီး သူမ၏ အိတ်များကို ကူညီသယ်ဆောင်ပေးကာ ရေနွေးတစ်ခွက် ငှဲ့ပေးလေသည်။

ကျန်းကျူးနှင့် ပေါင်ကျူးတို့မှာ အဒေါ်ဖြစ်သူ၏ လှပသော အဝတ်အစားများကို သဘောကျကာ မက်မက်မောမောငေးကြည့်ရင်း သူမနောက်သို့ တကောက်ကောက် လိုက်ပါနေကြလေသည်။

ချန်မေ့လန်က ပြုံးရွှင်သော မျက်နှာဖြင့် ပြောလိုက်၏။

“ကျင်းပေါင်၊ မင်းအမေကို သွားခေါ်လိုက်၊ ငါတို့အားလုံး အတူတူ ကြက်သား စားကြမယ်”

ကျင်းပေါင်က သူ နားကြားမှားသည်ဟုထင်ကာ ပြန်မေးလာသည်။

“စား... ဘာစားမှာလဲ”

ကျောင်းတိလေးက ခြင်းတောင်းထဲမှ ကြီးမားသော ကြက်ကင်ကြီးတစ်ကောင်ကို ထုတ်ယူလိုက်ရင်း ဖြေလိုက်သည်။

“ယင်ပေါင်တို့ မိသားစုကတော့ ကြက်သားကို တိတ်တိတ်လေး ခိုးစားကြတယ်၊ ဒါပေမဲ့ ငါတို့ကတော့ အတူတူစားကြမယ်”

ထို့အပြင် တစ်ကောင်တည်း မဟုတ်ဘဲ နှစ်ကောင်ဖြစ်လေ၏။

ယခုတော့ နံရံတစ်ဖက်မှ မွှေးပျံ့သောရနံ့ကို ရှူရှိုက်ကာ သွားရည်ကျရမည့်အလှည့်မှာ ယင်ပေါင်တို့မိသားစုအလှည့်သို့ ရောက်ရှိသွားခဲ့လေပြီ။

ကြက်ကင်၏ မွှေးပျံ့သောရနံ့ကို ရှူရှိုက်ရင်း ချန်တကုန်းမှာ ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ ‌ပြောလာလေသည်။

“မေ့လန်၊ အစ်ကိုကြီး နင့်အပေါ် တာဝန်မကျေခဲ့ဘူး၊ နောင်ဆိုရင် နင့်လမ်းကို နင်ကိုယ်တိုင်ပဲ လျှောက်ရတော့မယ်၊ ငါ နင့်ကို မကူညီနိုင်တော့ဘူး၊ နင် ဘာတွေဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ”

ဘာလုပ်ရမည်နည်း။ သေချာပေါက် မြို့သို့အမြန်ဆုံးပြန်၍ အခြေချနေထိုင်ရမည့်အချိန်ပင် ဖြစ်လေသည်။ မိမိ၏ စွမ်းရည်နှင့် ယုံကြည်မှုတို့ဖြင့် ဘဝသစ်တစ်ခုကို တည်ဆောက်ရန် သူမ အသင့်ဖြစ်နေခဲ့ပြီ။

မထင်မှတ်ဘဲ မော်ဒယ်လ်တစ်ဦးဖြစ်လာကာ လှပသော အဝတ်အစားများစွာကို ပိုင်ဆိုင်နိုင်ခဲ့သဖြင့် ချန်မေ့လန်၏ရင်ထဲတွင် အရင်က တစ်ခါမျှ မခံစားခဲ့ရဖူးသော ယုံကြည်မှုများ အပြည့်အဝ ကိန်းအောင်းနေလေတော့သည်။

……..

အချိန်ကြာမြင့်စွာ ပေါင်းထားသော ကြက်သားကင်၏ အရွတ်နှင့် အမြှေးပါးလေးများမှာ နူးအိအရည်ပျော်နေကာ ဟင်းခတ်အမွှေးအကြိုင်တို့၏ အရသာက အသားထဲသို့ နက်ရှိုင်းစွာ စိမ့်ဝင်နေလေသည်။

ထိုမျှမကသေးဘဲ ဝါးလိုက်သည်နှင့်တစ်ပြိုင်နက် သွားရည်ယိုစရာကောင်းလှသော အဆီအနှစ်တို့၏ မွှေးပျံ့သော ရနံ့များက ခံတွင်းတစ်ခွင်၌ အင်ဂျင်စက်သံတစ်ခု ပေါက်ကွဲထွက်လာသည့်အလား လျှံကျလာခဲ့သည်။

သို့တိုင်အောင် အသား၏ မူလသဘာဝအတိုင်း ဝါးလို့ကောင်းသော အရသာလေးမှာ မပျက်မယွင်း ကျန်ရစ်နေဆဲပင် ဖြစ်လေ၏။

မိသားစုဝင်အားလုံး မျက်စိဒေါက်ထောက် ရှာဖွေနေကြသော်လည်း ယောင်းမကို မတွေ့ရပေ။

ချန်တကုန်းသည် ကြီးမားလှသော ကြက်ပေါင်ကြီး တစ်ခုကို ဆွဲဖြဲကာ ပန်းကန်ထဲသို့ ထည့်လိုက်ပြီးနောက် နောက်ထပ် ကြက်ပေါင်တစ်ခုကိုပါ ဖဲ့ယူ၍ ချန်မေ့လန်ထံသို့ ကမ်းပေးရင်း စကားဆိုလေသည်။

All Chapters