← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

အခန်း (၂၆)

သူမ၏ ဘဝရည်မှန်းချက်ဖြစ်သော အေးချမ်းသာယာသည့် မိသားစုဘဝလေးတစ်ခု တည်ဆောက်ရန်အတွက် ဤရွာလေးက အသင့်တော်ဆုံးဟု သူမ ခံစားရသည်။

အနီးအနားတွင် တုန်းဖန်အုပ်စုနှင့် ရှီမေအုပ်စုကဲ့သို့သော ကြီးမားသည့် စက်ရုံကြီးအချို့ ရှိသော်လည်း ၎င်းတို့မှာ ဆူညံသံနှင့် ညစ်ညမ်းမှုနည်းပါးသော အပေါ့စားစက်မှုလုပ်ငန်းများသာ ဖြစ်ကြ၏။

ယန်ရှီရှန်း၏ ကျောက်မီးသွေးစက်ရုံကဲ့သို့သော မျက်စိနောက်စရာအရာအချို့ ရှိနေသော်လည်း ကံကောင်းထောက်မစွာပင် ထိုအရာအားလုံးက ယန်ကွမ်ရွာနှင့် အလှမ်းဝေးသော နေရာများတွင်သာ ရှိနေကြသည်။

ထို့ကြောင့် မြို့စွန်တွင် တည်ရှိသော်လည်း ဤရွာလေးမှာ တိတ်ဆိတ်ငြိမ်သက်နေဆဲဖြစ်ကာ ဆူညံပွက်လောရိုက်နေမှုများကြားမှ အေးချမ်းသော အိုအေစစ်လေးတစ်ခုပမာ ဖြစ်နေလေသည်။

ယခု လှမ်းကြည့်လိုက်သောအခါ လမ်းမများကို သပ်ရပ်စွာ တံမြက်လှည်းထားပြီး နံရံများကိုလည်း အဖြူရောင်သုတ်ဆေးများ အသစ်တဖန် ပြန်လည်သုတ်လိမ်းထားသည်။

ဤနေရာလေးသည် သူမ၏ မှတ်ဉာဏ်များထဲကအတိုင်း ရှင်းလင်းအေးချမ်းပြီး ပူပင်သောကကင်းစင်သော ရွာငယ်လေးအဖြစ် ရှိနေဆဲပင်။

ရွာအဝင်ဝတွင် ကျေးရွာပါတီအတွင်းရေးမှူး ယန်ရှုန်း၏ ဇနီးဖြစ်သူ အစ်မမော်နှင့် ဆုံတွေ့လိုက်ရ၏။ နှစ်ပေါင်းများစွာကြာမှ ဤအသိဟောင်းနှင့် ပြန်လည်ဆုံတွေ့ရသဖြင့် ချန်မေ့လန်တစ်ယောက် အနည်းငယ် စိတ်လှုပ်ရှားသွားကာ သူမဆီသို့ ခပ်သုတ်သုတ် ပြေးသွားလိုက်သည်။

အစ်မမော်က ပို၍ပင် စိတ်လှုပ်ရှားနေပုံရပြီး အမှောင်ထဲမှနေ၍ သူမဆီသို့ ပြေးလာလေသည်။

အစ်မမော်က ဝမ်းသာအားရ နှုတ်ဆက်လိုက်၏။

“မေ့လန်လား၊ အိုကွယ်၊ နောက်ဆုံးတော့ နင်ပြန်လာခဲ့ပြီပဲ”

ချန်မေ့လန်က ပြုံးရွှင်စွာ တုံ့ပြန်လိုက်သည်။

“အစ်မမော်၊ အများကြီး နုပျိုနေတုန်းပဲ”

သူမ၏ အတိတ်ဘဝက ပြန်လည်ဆုံတွေ့ချိန်တွင် သူတို့နှစ်ဦးလုံး မှတ်မိရန်ပင် ခက်ခဲလောက်အောင် အိုမင်းရင့်ရော်နေခဲ့ကြပြီဖြစ်သည်။

ဤဘဝတွင်မူ သူတို့ ငယ်ရွယ်နေကြဆဲဖြစ်ရာ ချန်မေ့လန်အနေဖြင့် သဘာဝကျကျပင် ချီးကျူးစကား ဆိုလိုက်ခြင်းဖြစ်၏။

ချန်မေ့လန်၏ အနောက်တွင် တောင့်တင်းခိုင်မာသော အရပ်ရှည်ရှည်အမျိုးသားတစ်ဦး လိုက်ပါလာသည်ကို အစ်မမော် သတိပြုမိသွားသည်။ သူက ယန်ရှီရှန်းထက် အများကြီး ပိုမို ကြံ့ခိုင်သန်စွမ်းပုံရသဖြင့် သူမ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် တွေဝေစွာ မေးလိုက်သည်

“ဒါ ရှီရှန်းနဲ့ မတူပါဘူး၊ ငါမှတ်မိသလောက် ရှီရှန်းက ဒီထက်ပိန်ပြီး ဆံပင်ရှည်ရှည်နဲ့လေ”

ချန်မေ့လန်က ရှင်းပြရန် ပြင်လိုက်သည်။

“သူက ကျွန်မရဲ့ အိမ်ထောင်ဖက်အသစ်ပါ၊ သူ့မျိုးရိုးနာမည်ကလည်း ယန် ပဲ၊ နာမည်က”

အစ်မမော်က သူမ၏ စကားမှားသွားမှုကို နောင်တရကာ ကိုယ့်ပါးကိုယ် ရိုက်ပစ်ချင်စိတ်ပေါက်သွားဟန်ဖြင့် စကားဖြတ်ပြောလိုက်၏။

“အိုမလေး၊ ငါ့ဦးနှောက်ကတော့ သိုးနေပြီ၊ နင်နဲ့ ဟိုသူဌေးပေါက်စနဲ့ ကိစ္စက၊ ကျွတ် ကျွတ်၊ ထားလိုက်ပါတော့လေ”

စပ်စုတတ်သူပီပီ အစ်မမော်သည် မေ့လန်၏ အိမ်ထောင်ဖက်အသစ်ကို သဘာဝကျကျပင် သိချင်စိတ်ပြင်းပြနေပြီး သူ့ကို သေသေချာချာ အကဲခတ်ချင်နေသည်။

သို့သော် ထိုအမျိုးသား၏ ရုပ်ရည်ကို သေချာမမြင်လိုက်ရခင်မှာပင် အေးစက်စက် အငွေ့အသက်များနှင့်အတူ အရပ်မြင့်မြင့်၊ ခန္ဓာကိုယ်ထွားထွား ယောက်ျားကြီးတစ်ယောက်မှန်းသာ ခံစားလိုက်ရပြီး သူက မေ့လန်၏အိမ်တံခါးကို တွန်းဖွင့်ရန် သွားနေပြီဖြစ်၏။

ဤအမျိုးသားသည် ယန်ကွမ်ရွာသို့ အရင်ကတည်းက ရောက်ဖူးပုံရသည်။

လမ်းညွှန်ပြသပေးစရာမလိုဘဲ မေ့လန်၏အိမ်ကို သူ မှတ်မိနေလေသည်။

ချန်မေ့လန်က သော့ကို ထုတ်ယူလိုက်ရင်း နှုတ်ဆက်လိုက်၏။

“အစ်မမော်၊ မနက်ဖြန်မှ ဆက်ပြောကြတာပေါ့၊ ကျွန်မ အိမ်ပြန်လိုက်ဦးမယ်”

ချန်မေ့လန်၏ ခြံဝန်းကျယ်ကြီးပါသော အိမ်ကြီးမှာ ရွာ၏အလယ်ဗဟိုတွင် တည်ရှိပြီး တစ်ရွာလုံးတွင် အခမ်းနားဆုံး၊ အထည်ဝါဆုံးနှင့် အသန့်ရှင်းဆုံး ခြံဝန်းကြီးပင်။

ဤအိမ်လေးသည် သူမ၏ လုံခြုံနွေးထွေးသော ဘဝရည်မှန်းချက်အတွက် အဓိကအုတ်မြစ်တစ်ခုလည်း ဖြစ်ပေသည်။

သို့သော် တံခါးကို တွန်းဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ချန်မေ့လန်တစ်ယောက် အံ့ဩမှင်တက်သွားရသည်။

ငွေရောင်လမင်း၏ အလင်းရောင်အောက်တွင် ခြံဝန်းကြီးမှာ ဖျက်ဆီးခံထားရသည့်အလား ဖြစ်နေပြီး ဟိုတစ်ကွက်၊ ဒီတစ်ကွက် ကျိုးတိုးကျဲတဲ စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကို မြင်လိုက်ရ၏။

ကျောင်းတိလေးက အံ့ဩတကြီး ရေရွတ်လိုက်သည်။

“မေမေ၊ သမီးတို့ခြံထဲမှာ ဘယ်သူက ဟင်းသီးဟင်းရွက်တွေ လာစိုက်ထားတာလဲ”

ခြံဝန်းထဲရှိ မီးများကို ဖွင့်လိုက်သောအခါ ချန်မေ့လန်မှာ အနည်းငယ်ပင် ဝမ်းသာသွားမိသည်။

ခြံဝန်းကို တူးဆွကာ တရုတ်နံနံ၊ ဂေါ်ဖီထုပ်၊ ခရမ်းသီး၊ ပဲတောင့်ရှည်၊ သခွားသီးနှင့် ခရမ်းချဉ်သီးများကို စိုက်ပျိုးထားလေ၏။ တရုတ်နံနံနှင့် ဂေါ်ဖီထုပ်ငယ်လေးများမှာ ခူးယူစားသုံးရန်ပင် အသင့်ဖြစ်နေပြီဖြစ်သည်။

စိမ်းလန်းသော အရွက်များ၏ လတ်ဆတ်သော ရနံ့လေးက လေထုထဲတွင် သင်းပျံ့နေ၏။

ယန်ရှီရှန်းမှာ မိဘများ စောစီးစွာ ကွယ်လွန်သွားခဲ့သော မိဘမဲ့တစ်ဦးဖြစ်ပြီး ရွာထဲရှိ သူ၏ဆွေမျိုးများမှာလည်း အလွန်ဝေးလွန်းလှသည်။ သူတို့က ဤကဲ့သို့သော အလုပ်မျိုးကို လုပ်ကြမည် မဟုတ်ပေ။

ဤဟင်းသီးဟင်းရွက်များကို ဟူရှောင်မေ စိုက်ပျိုးထားခြင်းဖြစ်ရပေမည်။

သူမ၏ အစ်ကိုဖြစ်သူက ယန်ရှီရှန်း၏ ကျောက်မီးသွေးစက်ရုံတွင် အလုပ်လုပ်ကိုင်ပြီး ယန်ရှီရှန်းက သူတို့အိမ်မျက်နှာချင်းဆိုင်တွင် ကျောက်မီးသွေးအရောင်းဆိုင် ဖွင့်လှစ်ပေးထားသဖြင့် ထိုမောင်နှမနှစ်ဦးသည် ဤနေရာတစ်ဝိုက်တွင် မကြာခဏ သွားလာလှုပ်ရှားလေ့ရှိကြသည်။

မြို့စွန်တွင် နေထိုင်သူများမှာ မြေယာပိုင်ဆိုင်မှုနည်းပါးပြီး ဝင်ငွေနည်းပါးကြသဖြင့် မြေလပ်တွေ့သည်နှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးလေ့ရှိကြသည်။

ဟူရှောင်မေက ချန်မေ့လန် ပြန်လာတော့မည်မဟုတ်ဘဲ ဤခြံဝန်းကြီးမှာ သူမအပိုင်ဖြစ်သွားပြီဟု ယူဆကာ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခဲ့ခြင်း ဖြစ်ရပေမည်။

ချန်မေ့လန်က သူမ အမြဲနေထိုင်လေ့ရှိသော အခန်းမီးကို ဖွင့်လိုက်ရင်း သတိပေးလိုက်သည်

“ဂရုစိုက်လျှောက်ကြနော်၊ ဟင်းသီးဟင်းရွက်တွေကို မနင်းမိစေနဲ့၊ နောက်ပိုင်း အဲဒါတွေကို ငါတို့စားရဦးမှာ”

ဟူရှောင်မေနှင့် ယန်ရှီရှန်းတို့ သူမ၏ ကန်းကုတင်ပေါ်တွင် အတူအိပ်စက်ခဲ့ကြသည်ကို သူမ သိထားသဖြင့် သူမ၏အိပ်ရာခင်းများ ပျက်စီးသွားမည်ကို စိုးရိမ်နေမိ၏။

ထိုအရာများမှာ ငွေကြေးအားဖြင့် တန်ဖိုးမကြီးလှသော်လည်း အလွယ်တကူ အစားထိုးဝယ်ယူရန် မလွယ်ကူသဖြင့် ဆုံးရှုံးသွားပါက နှမြောစရာပင်။

ကံကောင်းထောက်မစွာပင် သစ်သားသေတ္တာကို ဖွင့်လိုက်သောအခါ စောင်များအား သပ်ရပ်စွာ ခေါက်ထားပြီး ပရုတ်လုံးရနံ့ သင်းသင်းလေး ရနေကာ လက်ဖြင့် ထိတွေ့လိုက်ချိန်တွင် နူးညံ့အိစက်နေဆဲဖြစ်ကြောင်း ခံစားလိုက်ရသည်။

အခန်းထောင့်ရှိ အဖြူအမည်း ရုပ်မြင်သံကြားစက်လေးကို သူမ ဖွင့်လိုက်ရာ ‘နှင်းမြို့တော်’ ရုပ်သံဇာတ်လမ်းတွဲ၏ ဇာတ်ဝင်တေးမှာ ချက်ချင်း ပေါ်ထွက်လာသည်။ ရုပ်မြင်သံကြားစက်လေး အလုပ်လုပ်နေဆဲပင်။

သို့သော် အခန်းထဲတွင်မူ တကယ့်ကို ညစ်ပတ်ပေရေနေကာ ကန်းကုတင်ပေါ်နှင့် ကြမ်းပြင်တစ်ခွင်လုံးတွင် စီးကရက်တိုများနှင့် ပြာများ ပြန့်ကျဲနေလေသည်။ စီးကရက်အနံ့ဆိုးများကလည်း အခန်းထဲတွင် ထောင်းထောင်းထနေ၏။

ကုတင်ပေါ်မှ စောင်ကို ဆွဲလှန်လိုက်ချိန်တွင် ရုတ်တရက် အတွင်းခံဘောင်းဘီတစ်ထည် လွင့်ထွက်လာသည်။

မှည့်ဝင်းနေသော ချယ်ရီသီးတစ်လုံးအလား တောက်ပသော အနီရောင်အတွင်းခံလေးဖြစ်သည်။ ဤအရာမှာ ချန်မေ့လန်၏ပစ္စည်း လုံးဝမဟုတ်ပေ။

သူမ ဘယ်တုန်းကမှ အနီရောင်အတွင်းခံ မဝတ်ခဲ့ဖူးချေ။

သူမ၏ ဒုတိယအစ်ကိုဖြစ်သူက ဟူရှောင်မေနှင့် ယန်ရှီရှန်းတို့ အိပ်ရာပေါ်တွင် အတူရှိနေသည်ကို မိခဲ့ဖူးကြောင်း အရင်က ပြောပြဖူးသည်။

ဤအတွင်းခံမှာ ထိုအချိန်ကတည်းက ကျန်ရစ်ခဲ့ခြင်းဖြစ်ရပေမည်။

တကယ့်ကို ရွံရှာဖွယ်ကောင်းလှသည်။ ချန်မေ့လန်က အတွင်းခံကို လက်ချောင်းနှစ်ချောင်းဖြင့် ညှပ်ယူကာ လွှင့်ပစ်ရန် ပြင်လိုက်သည်။

သို့သော် ခြံတံခါးဝသို့ ရောက်ချိန်တွင် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် အနောက်သို့ ပြန်လှည့်ကာ အိမ်သာထဲသို့သာ ပစ်ချလိုက်လေ၏။

မည်သို့ပင်ဖြစ်စေ သူမ မတရားခံခဲ့ရပြီးပြီဖြစ်ရာ ဤအတွင်းခံကို သိမ်းထားလိုက်ခြင်းက ပိုကောင်းပေမည်။ နောက်ပိုင်းတွင် တစ်ခုခုသက်သေပြရန်အတွက် အသုံးဝင်လာနိုင်သည်။

မမျှော်လင့်ဘဲ ရလိုက်သော အပိုဆုတစ်ခုအဖြစ်သာ သတ်မှတ်ထားလိုက်သည်။

ကိုယ်ပိုင်ဘဝလေးကို တည်ဆောက်ရာတွင် ဤကဲ့သို့သော အရာများက အသုံးဝင်လာနိုင်သည် မဟုတ်လော။

ကြမ်းပြင်အနှံ့ ပြန့်ကျဲနေသော စီးကရက်တိုများကိုကြည့်ရင်း ယန်ကျောက်က ချန်မေ့လန်အား မေးလိုက်သည်

“ဒါတွေ ခင်ဗျားသောက်ထားတာလား”

‘ငါက ဘယ်လိုလုပ် စီးကရက်သောက်နိုင်မှာလဲ။ ပြီးတော့ ယန်ကျောက်က ငါ့ကို စီးကရက်သောက်တတ်တယ်လို့ ဘာလို့ ထင်နေရတာလဲ'

အနာဂတ်ကာလတွင်ပင် အမျိုးသမီးများ စီးကရက်သောက်သုံးမှု နည်းပါးလှရာ ယခုလိုခေတ်မျိုးတွင်တော့ ပြောစရာပင် မလိုတော့ပေ။

‘ဒီလူကြီး ဘာတွေများ တွေးနေပါလိမ့်'

သူမက ရှင်းပြရန်လိုအပ်သည်ဟု ခံစားလိုက်ရကာ ဖြေလိုက်သည်။

“ကျွန်မ ဆေးလိပ်မသောက်တတ်ဘူး၊ ဒီစီးကရက်တိုတွေကို ကျွန်မ ရှင်းလင်းလိုက်ပါ့မယ်”

ယန်ကျောက်က စကားစလိုက်သည်။

“ဒီလိုဗျ၊ ကျွန်တော် အလုပ်ဌာနကို သွားစရာရှိသေးတယ်၊ ကျွန်တော်တို့ ထမင်းအရင်စားကြမလား”

သူ စကားမဆုံးမီမှာပင် ချန်မေ့လန်က ချက်ချင်း တုံ့ပြန်လိုက်သည်

“ရှင် ရှင့်ကိစ္စတွေသာ သွားလုပ်ပါ၊ ကျွန်မဘာသာ ရှင်းလင်းနိုင်ပါတယ်၊ ကလေးတွေအတွက်လည်း စားစရာ လုပ်ပေးလိုက်ပါ့မယ်”

ဒုတိယအိမ်ထောင်နှင့် ပတ်သက်၍ အတွေ့အကြုံရှိပြီးဖြစ်သော ချန်မေ့လန်အနေဖြင့် အမျိုးသားများအပေါ် မည်သည့်မျှော်လင့်ချက်မှ မထားတော့ပေ။

သူမ၏ ရည်မှန်းချက်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ကာ ကလေးများနှင့်အတူ ဘဝကို အကောင်းဆုံးဖြတ်သန်းရန်သာ ဖြစ်သည်။

အကယ်၍ ယန်ကျောက်သာ တကယ်ကောင်းမွန်သူဖြစ်ပါက ကျိုးရွှယ်ချင်းက သူ့ကို အဘယ်ကြောင့်များ ကွာရှင်းခဲ့မည်နည်း။

သူမ၏ လက်ရှိသဘောထားမှာ… ‘ရှင်က ကျွန်မအိမ်မှာနေပြီး ကလေးတွေကို ကူညီစောင့်ရှောက်ပေးမယ်၊ ကျွန်မက ရှင့်အကူအညီနဲ့ အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ဖို့ လုပ်မယ်’

တစ်ယောက်ကို တစ်ယောက် လိုအပ်သည်များကို အပြန်အလှန် ဖြည့်ဆည်းပေးကြခြင်းသာ။

ယန်ကျောက်က ငွေထုတ်ယူရန် ဟန်ပြင်ရင်း မေးလိုက်သည်။

“အစားအသောက်ဝယ်ဖို့ ကျွန်တော် ငွေအရင်ပေးခဲ့ရမလား”

ချန်မေ့လန်သည် သူ၏ငွေကြေးအခြေအနေကို ကောင်းကောင်း သိရှိထားသည်။ သသူက

All Chapters