← Chapters

အခန်း ၃၄

Vol. 4 Ch. 34

အခန်း ၃၄

Vol. 4 Ch. 34

အခန်း (၃၄)

သူက ရှောင်ဝမ်ကို အပြင်သို့ ခဏခေါ်သွားပြီး မကြာမီမှာပင် ဘိလပ်မြေနှင့် သဲများကို ယူဆောင်ကာ ပြန်ရောက်လာ၏။

ဗီရိုများကို တံခါးအပြင်သို့ ရွှေ့ထုတ်ရန် ရှောင်ဝမ်၏ အကူအညီအနည်းငယ်သာ လိုအပ်ခဲ့သည်။ တစ်နာရီအတွင်းမှာပင် မီးဖိုချောင် ကြမ်းပြင်ကို ပြန့်ပြူးချောမွေ့အောင် အုတ်ကြွပ်များ ခင်းပြီးသွားလေပြီ။

နံရံများကိုပင် ကော်ဖတ်စားကာ ထုံးသုတ်ပြီးသွားလေပြီ။

မီးဖိုချောင်လေးမှာ ယခုအခါ လင်းထိန်ပြီး အသစ်စက်စက်လေး ဖြစ်သွားလေ၏။

ခြံဝန်းကိုတော့ ဘိလပ်မြေလောင်းထည့်ရုံဖြင့် မရပေ။ ဟင်းသီးဟင်းရွက်များကို အရင်တူးရမည်ဖြစ်ပြီး ဘိလပ်မြေမလောင်းမီ ပြေလျော့နေသော မြေကြီးများကို ကျစ်လစ်အောင် ဖိသိပ်ရဦးမည်ဖြစ်သည်။

ယန်ကျောက်က အခန်းအတော်များများကို လှည့်ပတ်ရှာဖွေပြီးနောက် အံ့ဩဖွယ်ကောင်းလောက်အောင်ပင် သိုလှောင်ခန်းထဲမှ ယန်ရှီရှန်း၏အဘိုးခေတ်က မြေကြိတ်ရာတွင် အသုံးပြုခဲ့သော ကျောက်ဒလိမ့်တုံးတစ်ခုကို ရှာတွေ့ခဲ့လေ၏။

ကျောင်းတိ၏ ဖခင်အရင်းမှာ အိမ်တွင် အကြီးဆုံးဖြစ်ပြီး လက်ဖက်ရည်ကြမ်းအိုးလေးတစ်လုံးနှင့် ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်ကာ သူမ၏မိခင်ကိုသာ အလုပ်အားလုံး လုပ်ခိုင်းလေ့ရှိသည်။

သို့သော် ဤဖေဖေသစ်သည်တော့ အလုပ်ရှုပ်နေပြီး သူမ မိခင်၏ အကူအညီကို လုံးဝမလိုအပ်ပေ။

ကလေးမလေးမှာ စိတ်လှုပ်ရှားမှုနှင့် စူးစမ်းလိုစိတ်များ ရောထွေးနေသည်။

ကုတင်ပေါ်တွင် လဲလျောင်းနေရသည်ကို အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် ရှောင်လန်လေးက သူမကို ဆွဲချလိုက်၊ သူမက ပြန်ထိုင်လိုက်၊ ပြန်တွန်းချခံရလိုက်၊ ထပ်ထိုင်လိုက်နှင့် အပြင်ဘက်မှ သူမ၏ဖေဖေအသစ်ကို မျက်တောင်မခတ်တမ်း စူးစမ်းကြည့်ရှုနေလေ၏။

ယခုအချိန်တွင် သူ့ကို ‘ဖေဖေ’ ဟု အမှန်တကယ် ခေါ်ချင်နေသော်လည်း အသံထွက်ခေါ်ရန် ရှက်ရွံ့နေမိသည်။

ယခုအချိန်သည် တစ်နှစ်တာ၏ အပူဆုံးရာသီဖြစ်ပြီး ခြောက်သွေ့ပူပြင်းလှသည်။ လျှပ်စစ်ဝိုင်ယာကြိုးများမှ တစီစီမြည်သံများမှလွဲ၍ ကောင်းကင်ယံတွင် ပျံသန်းနေသော ငှက်များပင် အပူဒဏ်ကြောင့် အသံတိတ်နေကြ၏။

ရွာတစ်ရွာလုံးမှာ အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ချန်မေ့လန် တစ်ရေးအိပ်ပြီး နိုးလာသောအခါ ကြမ်းပြင်ကို သပ်ရပ်ချောမွေ့အောင် ပြုလုပ်ထားပြီး ခြံဝန်းကြီးမှာလည်း မှန်တစ်ချပ်အလား ပြန့်ပြူးနေလေပြီ။

ကန်းကုတင်ပေါ်မှ ထလာချိန်တွင် ကလေးသုံးယောက်လုံး ပွေ့ဖက်လျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဆဲဖြစ်သည်ကို မြင်လိုက်ရသည်။ ချန်မေ့လန်သည် ရေနွေးကြိုကာ ကလေးတစ်ယောက်အတွက် တစ်ပန်းကန်စီ အအေးခံထားပေးလိုက်၏။

ခေတ္တမျှ စဉ်းစားပြီးနောက် ကလေးတစ်ယောက်စီ၏ ပန်းကန်ထဲသို့ သကြားဖြူအနည်းငယ်စီ ဖြူးထည့်ပေးလိုက်သည်။

ကလေးတိုင်း အချိုကို နှစ်သက်ကြသည်။ နေ့လယ်ခင်း အိပ်ရာမှ နိုးလာသောအခါ သူတို့ သေချာပေါက် ရေငတ်နေကြပေမည်။ ချိုမြိန်အေးမြသော ရေတစ်ပန်းကန်စီ သောက်ရခြင်းက မည်မျှကောင်းလိုက်မည်နည်း။

ကိုယ်ပိုင်မိသားစုဘဝလေး၏ နွေးထွေးမှုများကို ဤအသေးအမွှားလေးများမှစ၍ တည်ဆောက်သွားရန် သူမ ရည်ရွယ်ထားသည်။

ချန်မေ့လန်တစ်ယောက် အနည်းငယ် စိုးရိမ်နေမိသည်။ ယန်ကျောက်သည် သူမ၏ခင်ပွန်းဟောင်းဖြစ်သော ယန်ရှီရှန်းနှင့် သိကျွမ်းကြောင်းကို သူမ ယခုလေးတင် သိရှိခဲ့ရ၏။

ယန်ရှီရှန်းသည် အသောက်အစား၊ လောင်းကစား၊ ပြည့်တန်ဆာအိမ်သွားခြင်းနှင့် လူမိုက်များကို သက်တော်စောင့်အဖြစ် မွေးမြူထားခြင်းတို့ကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်သည်။

သူဦးဆောင်သော ကျောက်မီးသွေးတူးသမားများမှာ အဆိုးရွားဆုံးသော လူရမ်းကားများဖြစ်ကြပြီး ရှီဖျင်မြို့ တစ်မြို့လုံးတွင် နာမည်ပျက်ရှိသူများ ဖြစ်သည်။

လူဆိုသည်မှာ ပေါင်းသင်းနေသော အသိုင်းအဝိုင်း၏ အရောင်အသွေးကို ကူးစက်တတ်သည်ဆိုသည့် စကားရှိသည်မဟုတ်လော။

ယန်ကျောက်သည်လည်း သူမအပေါ်တွင် မရိုးသားသော အကြံအစည်များ ရှိနေနိုင်သည်လော။

‘ဒီလိုမှမဟုတ်ရင် သူ ရောက်ကတည်းက ဘာကြောင့် ငါ့ကို စကားတစ်ခွန်းမှ မပြောဘဲ တိတ်တဆိတ် အလုပ်တွေချည်း လုပ်နေရတာလဲ။ အနည်းဆုံးတော့ ငါ့ကို စကားလေးတစ်ခွန်းလောက် လာပြောလို့ မရဘူးလား'

ရေနွေးတစ်ခွက်ကို အအေးခံပြီးနောက် ချန်မေ့လန်သည် သူ့ကို စကားစမြည်ပြောရန်ရည်ရွယ်ချက်ဖြင့် အပြင်သို့ ထွက်လာခဲ့သည်။

ယခုအချိန်အထိ သူတို့နှစ်ဦး တည်တည်ငြိမ်ငြိမ်နှင့် ပွင့်ပွင့်လင်းလင်း စကားမပြောရသေးပေ။

သူမက ပန်းကန်ကို ကမ်းပေးရင်း ပြုံးကာပြောလိုက်သည်

“ရေနည်းနည်းသောက်လိုက်ဦးလေ”

တောင်က ကိုယ့်ဆီ မလာလျှင် ကိုယ်ကပဲ တောင်ဆီကို သွားရမည်ပင်။

ရေခဲပြင်ကို ခွဲရန် သူမကပဲ စတင်အစပြုလိုက်သည်။

ယန်ကျောက်က ပန်းကန်ကို ယူလိုက်သော်လည်း ချန်မေ့လန်၏မျက်နှာကို တစ်ချက်မျှပင် မကြည့်ပေ။ သူက တစ်ကျိုက်တည်း မော့သောက်ပြီး ပြောလိုက်သည်။

“ကျေးဇူးပဲ”

သူက သူမကို မကြည့်ရုံသာမက မျက်ခုံးတစ်ချက်မျှပင် မပင့်ခဲ့ချေ။

ချန်မေ့လန်က စကားစလိုက်သည်။

“ရှင့်မိသားစုကလည်း ပထမအဖွဲ့ကပဲလေ၊ ဘာလို့ အရင်တုန်းက မပြောခဲ့တာလဲ”

ယန်ကွမ်ရွာ၏ ပထမအဖွဲ့မှာ ပုန်းကွယ်နေသော ပါရမီရှင်များ၏ နေရာဖြစ်သည်။ အနာဂတ်ကာလတွင် မိုးရာသီ မှိုများပေါက်လာသကဲ့သို့ သူဌေးပေါက်စများ အများအပြား ပေါ်ထွက်လာမည်ဖြစ်ပြီး များပြားလှသော လူရမ်းကားများနှင့် လူမိုက်များ၊ အများစုမှာ ယန် မျိုးရိုးရှိသူများဖြစ်ကြပြီး အားလုံး ဤရွာမှ ပေါ်ထွက်လာကြခြင်းဖြစ်၏။

ယန်ကျောက်က အေးစက်စက်ဖြင့် စကားလမ်းကြောင်းပိတ်လိုက်သည်။

“ကျွန်တော်က ပြောင်းသွားပြီပဲဟာ၊ ပြောနေစရာမလိုပါဘူး”

ချန်မေ့လန် စကားစလိုက်တိုင်း သူ့ဘက်မှ ပိတ်ပင်တားဆီးခံနေရသည်။

ဤအတိုင်းဆို သူတို့ မည်သို့လုပ်၍ စကားဆက်ပြောနိုင်ကြမည်နည်း။

ယန်ရှီရှန်းက သေချာပေါက် ပြဿနာလာရှာပေလိမ့်မည်။ ထိုအခါ ယန်ကျောက်၏ သဘောထားက မည်သို့ရှိနေမည်နည်း။

‘သူနဲ့ ယန်ရှီရှန်းတို့က ညီအစ်ကိုတွေလား၊ ရန်သူတွေလား၊ အရင်တုန်းက သူတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုရှိခဲ့ပြီး အခုရော ဘယ်လိုရှိနေလဲ'

ချန်မေ့လန် စကားဆက်ပြောနိုင်ရန်အတွက် သူက ပြောလိုစိတ်ရှိမှ ရပေမည်။

ထိုအချိန်တွင် ခြံဝန်းထဲရှိ ဘိလပ်မြေများမှာ အတော်လေး ခြောက်သွေ့နေပြီဖြစ်သည်။ ယန်ကျောက်က သတင်းစာတစ်ထပ်ကြီးကို ယူလာပြီး အိပ်ခန်းမှသည် မီးဖိုချောင်အထိ၊ မီးဖိုချောင်မှသည် အိမ်ရှေ့တံခါးအထိ ခြေလှမ်းတစ်လှမ်းလှမ်းတိုင်း သတင်းစာတစ်ရွက်စီ ခင်းသွားလေသည်။

သူက ကိုင်းညွတ်ကာ မီးဖိုချောင်ကြမ်းပြင်ရှိ ဘိလပ်မြေကို လက်ဖြင့် စမ်းသပ်ကြည့်ရာ ပျော့နေသေးသည်ကို တွေ့ရသဖြင့် လေဝင်လေထွက်ကောင်းစေရန် မီးဖိုချောင်ပြတင်းပေါက်ကို ဖွင့်ထားလိုက်၏။

သူက အသက်ရှူဖို့ပင် အချိန်မယူဘဲ ခြင်ထောင်ဇာများကို ချက်ချင်း စတင်တပ်ဆင်လေတော့သည်။

သူက ခံစားချက်ကင်းမဲ့သော လုပ်ငန်းသုဲး စက်ရုပ်တစ်ရုပ်အလားပင်။

သို့သော် ရုတ်တရက် သူက ချန်မေ့လန်ကို မေးလာသည်။

“ခင်ဗျားက ယန်ရှီရှန်းနဲ့ ဘယ်လိုလုပ် လက်ထပ်ဖြစ်သွားတာလဲ”

‘ဒါက ပြစ်မှုကျူးလွန်သူတစ်ယောက်ကို စစ်ကြောမေးမြန်းနေသလိုပဲ မဟုတ်လား။ ဒီလူကြီးက ငါ သူ့ရဲ့ ဇနီးဖြစ်ပြီး အကျဉ်းသားမဟုတ်ဘူးဆိုတာ နားမလည်ဘူးလား'

သူမက ပြနိဖြေလိုက်သည်။

“အောင်သွယ်ကတစ်ဆင့်ပေါ့၊ အဲဒီတုန်းက သူက ဆင်းရဲတော့ မြို့ပေါ်မှာ မိန်းမမရနိုင်ဘူး၊ အဲဒါနဲ့ တောကကျွန်မကို လက်ထပ်ခဲ့တာ”

ထိုစဉ်က အောင်သွယ်မှာ ကျိုးရွှယ်ချင်း၏ ဖခင်ဖြစ်ပြီး ချန်မေ့လန်ကို စစ်သားတစ်ဦးနှင့် မိတ်ဆက်ပေးမည်ဟု ပြောခဲ့သော်လည်း ယန်ရှီရှန်းသာ ပေါ်လာခဲ့ခြင်းဖြစ်၏။

သို့သော် ချန်မေ့လန်က ယန်ရှီရှန်း၏ နောက်ခံအခြေအနေကို ဂရုမစိုက်ခဲ့ဘဲ အစပိုင်းတွင် သူတို့နှစ်ဦး အလွန်ချစ်ခင်ခဲ့ကြသည်။

သူတို့ စတင်လက်ထပ်ချိန်က ရေအိုင်တစ်ခုရှိလျှင်ပင် ယန်ရှီရှန်းက သူမကို ကျောပိုးကာ ဖြတ်ကျော်ပေးလေ့ရှိသည်။

သူမ ကျောင်းတိကို ကိုယ်ဝန်ဆောင်ထားစဉ်က ဖရဲသီးစားချင်စိတ်ပေါ်လာရာ ယန်ရှီရှန်းသည် သူမအတွက် လတ်ဆတ်သော ဖရဲသီးတစ်လုံး ရှာဖွေပေးရန် မြို့တစ်ဝက်ခန့်ကို လမ်းလျှောက်ခဲ့ရဖူး၏။

သူမ ယန်ရှီရှန်းကို အမှန်တကယ် ချစ်ခဲ့ဖူးသည်။

ယန်ကျောက်က ချန်မေ့လန်ကို မကြည့်သေးဘဲ ပြတင်းပေါက်ကိုသာ အာရုံစိုက်နေသည်။ ရုတ်တရက် သူက လက်မထောင်ပြလိုက်ရာ အခြေအနေက အနည်းငယ် ထူးဆန်းနေသည်။

‘ဘာလို့များ သူက ရုတ်တရက် လက်မထောင်ပြရတာလဲ'

သူ့ကို သေချာစိုက်ကြည့်လိုက်ရာ သူက ခြင်ထောင်ဇာကို လျင်မြန်စွာ ဖြတ်တောက်နေပြီး ပြတင်းပေါက်တွင် ဖိကပ်လိုက်သ၏။ ဤအမျိုးသား၏ မျက်လုံးများတွင် ပေတံတစ်ချောင်း ရှိနေသည့်အလား ဖြတ်တောက်ထားသော ဇာမှာ ပြတင်းပေါက်၏အကျယ်နှင့် အတိအကျ ကိုက်ညီနေလေသည်။

တူဖြင့် အနည်းငယ် ထုနှက်လိုက်ရုံဖြင့် ခြင်ထောင်ဇာမှာ သေချာတပ်ဆင်ပြီးသား ဖြစ်သွားသည်။

“သူ့ရဲ့ စရိုက်လက္ခဏာက မကောင်းခဲ့ဘူးလေ၊ အဲဒါကို ခင်ဗျား သိခဲ့ရမှာပေါ့၊ ဟုတ်တယ်မလား”

သူက မေးလိုက်၏။

လူတစ်ယောက်ကို အသွင်အပြင်သာမက စရိုက်လက္ခဏာကိုပါ ကြည့်ရမည်ဖြစ်သည်။ ယန်ရှီရှန်းမှာ ငွေကြေးကြောင့်သာ သန့်ပြန့်နေခြင်းဖြစ်သည်။ တကယ်တော့ အမျိုးသားအားလုံး အတူတူပင်။

ငွေမရှိချိန်တွင် သူတို့၏ စရိုက်လက္ခဏာမှာ ကောင်းမွန်ပုံရတတ်သည်။ ၎င်းမှာ သူတို့က မွေးရာပါ ကောင်းမွန်နေ၍မဟုတ်ဘဲ ဆင်းရဲနွမ်းပါးမှုက သူတို့ကို အမူအကျင့်ကောင်းစေရန် ဖိအားပေးထားခြင်းကြောင့်သာ ဖြစ်သည်။

ငွေကြေးဆိုသည်မှာ သူတို့၏ စစ်မှန်သောသဘာဝကို ပိုမို ထုတ်ဖော်ပေးသော စိတ်ကြွဆေးတစ်မျိုးပင်။ ငွေရှိလာသည်နှင့်တစ်ပြိုင်နက် သူတို့၏ စစ်မှန်သော အရောင်အသွေးများကို ပြသကြတော့သည်။

ယန်ကျောက်၏ စစ်ဆေးမေးမြန်းနေသော လေသံကြောင့် ချန်မေ့လန်တစ်ယောက် အလွန်အမင်း နေမထိထိုင်မသာ ဖြစ်လာရသည်။

ထို့အပြင် သူက စကားပြောနေရင်း တစ်ဝက်တစ်ပျက်နှင့် အလုပ်ကို ရပ်တန့်ကာ အခန်းထဲသို့ဝင်သွားပြီး သူမကို အနောက်တွင် ချန်ထားခဲ့လေ၏။

‘ဒါကတော့ လွန်သွားပြီ’

ကျိုးရွှယ်ချင်းက ရဲမှူးကြီး၏ ဇနီးအဖြစ်မနေဘဲ ကွာရှင်းရန် ရွေးချယ်ခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

‘ဒီလူဆီမှာ လူသားဆန်တဲ့ နွေးထွေးမှု တစ်စက်လေးမှကို မရှိတာ'

သို့သော် ချန်မေ့လန်က ယန်ကျောက်၏အခန်းကို မျက်စောင်းထိုးကြည့်လိုက်ချိန်မှာပင် သူက လိုက်ကာကိုဆွဲဖယ်ကာ အပြင်သို့ ထွက်လာခဲ့သည်။

သူတို့၏ အကြည့်များ ရုတ်တရက် ဆုံသွားကြသည်။

ယန်ကျောက်က သူမ၏ အကြည့်ကို ရှောင်ဖယ်သွားသော်လည်း ချန်မေ့လန်ကတော့ သူ့ကို တည်ငြိမ်စွာဖြင့် ပြန်လည်စိုက်ကြည့်နေခဲ့သည်။

‘ဆက်ပြီး စစ်ဆေးမေးမြန်းလိုက်ဦးလေ' ဟု သူမ တွေးလိုက်သည်။

သူ မည်သည့်အရာများ ထပ်မေးမလဲဆိုသည်ကို သူမ ကြည့်ချင်သေး၏။

ယန်ကျောက်က ချန်မေ့လန်ကို စာအိတ်တစ်အိတ် ကမ်းပေးရင်း ဖြည်းညင်းစွာနှင့် ရှင်းလင်းပြတ်သားစွာ ပြောလိုက်သည်။

All Chapters