← Chapters

အခန်း ၃၆

Vol. 4 Ch. 36

အခန်း ၃၆

Vol. 4 Ch. 36

အခန်း (၃၆)

သူတို့ စကားပြောနေစဉ်မှာပင် ယန်ရှုန်းထံမှ သက်သေခံချက်မရခဲ့သော ဟူရှောင်မေသည် ယန်ရှုန်း၏အိမ်မှ ထွက်ခွာလာပြီး ဆီပုံးတစ်ပုံးကို ကိုင်ဆောင်ကာ ဤဘက်သို့ လျှောက်လာနေလေပြီ။

အစ်မမော်က အနောက်သို့ လှည့်ကြည့်ကာ ချန်မေ့လန်၏ တံခါးကို အမြန်ပိတ်ပြီး ပုန်းအောင်းနေလိုက်သည်။

သူမ အဘယ်ကြောင့် ဤမျှလောက် သတိထားနေရသည်ကို ချန်မေ့လန် နားလည်နိုင်သည်။

ယန်ရှီရှန်းမှာ ယခုအခါ ဒေသခံလူမိုက်ခေါင်းဆောင်တစ်ဦး ဖြစ်နေရုံသာမက သူ၏လက်အောက်တွင် ဟူရှောင်ဟွာလည်း ရှိနေသေး၏။ ဟူရှောင်ဟွာကို ကျောက်မီးသွေးစက်ရုံမှ မန်နေဂျာဟု ခေါ်ဆိုကြသော်လည်း သူက လူမိုက်တစ်ယောက်သာ ဖြစ်သည်။

ညဉ့်နက်သန်းခေါင်တွင် လူများ၏ နောက်စေ့ကို အုတ်ခဲဖြင့်ခိုးရိုက်တတ်သည့် လူစားမျိုးဖြစ်သည်။

ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒများကြောင့် လက်မှတ်ဟောင်းများကို ပယ်ဖျက်ခဲ့ပြီး မြေယာများကို တန်းတူညီမျှ ခွဲဝေပေးခဲ့၏။

သူတို့မှာ ရွာသူရွာသားများ ဖြစ်ကြသေးသော်လည်း လူတိုင်းက ကိုယ်စွမ်းကိုယ်စဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြရသည်။

ယန်ရှုန်းမှာ ကျေးရွာအတွင်းရေးမှူးဖြစ်ပြီး အရေးကြီးသောကိစ္စရပ်များကို စီမံခန့်ခွဲသော်လည်း တရားဥပဒေစိုးမိုးရေးမှာ အရင်ကလောက် မတင်းကျပ်တော့ပေ။

ထိုထိပ်ပြောင်လူမိုက်များသည် ရန်ဖြစ်၍ အဖမ်းခံရလျှင် ရဲစခန်းသို့ ပို့ဆောင်ခံရပြီး ဝေဖန်ပညာပေးခံရကာ ရက်အနည်းငယ်အကြာတွင် ပြန်လည်လွတ်မြောက်လာကြ၏။ ထို့နောက် ထပ်မံရန်ဖြစ်ကာ ထပ်မံအဖမ်းခံရပြန်သည်။

ရဲစခန်းသို့ သွားရသည်မှာ သူတို့အတွက် အိမ်ပြန်ရသကဲ့သို့ပင် ဖြစ်နေလေပြီ။

လူများသည် ထိုကဲ့သို့သော ပုဂ္ဂိုလ်များနှင့် ပြဿနာဖြစ်ခြင်းကို တတ်နိုင်သမျှ ရှောင်ရှားကြသည်။ သူတစ်ပါး၏ ကိစ္စများအတွက် ကိုယ့်အပေါ် ပြဿနာများ ဖိတ်ခေါ်နေရန်မလိုအပ်ပေ။

ဤကိစ္စတွင် ယန်ကျောက်သည် ရဲအရာရှိတစ်ဦး ဖြစ်နေသော်လည်း အကူအညီမရနိုင်ပေ။ မည်သို့ပင်ဆိုစေ ကျင်းတုန်းလမ်းရှိ ရဲအများစုမှာ ဒေသခံလူမိုက်များနှင့် သူဌေးပေါက်စများနှင့် ပူးပေါင်းကြံစည်နေကြသူများ ဖြစ်သည်။

ယန်ကျောက်မှာ ယခုမှသာ ရောက်ရှိလာသူဖြစ်ပြီး ထိုလူမိုက်များသည် သာမန်ရဲလေးတစ်ယောက်ကို ကြောက်ရွံ့ကြမည်မဟုတ်ပေ။

အလှမ်းမဝေးလှသော်လည်း သူတို့ကြားတွင် အိမ် ခုနစ်လုံး၊ ရှစ်လုံးခန့် ရှိနေသေးသည်။ ဟူရှောင်မေက လျှောက်လာနေစဉ် လမ်းတစ်ဝက်တွင် သူမ၏အိမ်မှ ထွက်လာသော ယောင်းမဟွမ်ကို မြင်တွေ့လိုက်ရပြီး ရုတ်တရက် ရပ်တန့်သွားသည်။

သူတို့နှစ်ဦး တစ်ခုခုအကြောင်း ပြောဆိုနေကြပုံရသည်။

ချန်မေ့လန်က စာအိတ်ကို ပြန်ယူရန် အနောက်သို့ လှည့်လိုက်၏။

သို့သော် ပြတင်းပေါက်သို့ ရောက်ချိန်မှာပင် ယန်ကျောက်၏ ကြမ်းတမ်းပြီး ကြီးမားသော လက်တစ်ဖက်က သူမ၏လက်ကို ဖမ်းဆုပ်လိုက်လေသည်။

‘သူ ဘာကို ဆိုလိုတာလဲ၊ ဒါက သက်သေအထောက်အထားလေ၊ သူက ငါ့ကို ပေးထားပြီးမှ ဘာလို့ အသုံးပြုခွင့် မပေးရတာလဲ’

သူက ပြောလာသည်။

“ရန်မဖြစ်ရဘူး”

ချန်မေ့လန်၏ မယုံကြည်နိုင်သော အကြည့်ကို မြင်သောအခါ ယန်ကျောက်က ဆက်ပြော၏။

“ခင်ဗျားကို လက်ထပ်ဖို့ ဆုံးဖြတ်ကတည်းက လွန်ခဲ့တဲ့ နှစ်တွေအတွင်း ယန်ရှီရှန်း လုပ်ခဲ့သမျှ အရာအားလုံးကို ကျွန်တော်စုံစမ်းပြီးသွားပြီ၊ သူ့ရဲ့ လျှို့ဝှက်ချက်အားလုံးကို ကျွန်တော်သိတယ်”

‘ဒါဆို သူက ယန်ရှီရှန်း ပြည့်တန်ဆာတွေ ခေါ်ယူခဲ့ကြောင်းကို သိရုံသာမက ယန်ရှီရှန်းနဲ့ ဟူရှောင်မေတို့ကြားက အရာအားလုံးကိုလည်း သိနေတာပေါ့'

ဟူရှောင်မေ လာနေသည်ကို မြင်သောကြောင့် သူမက အပြင်ထွက်ပြီး ရန်ဖြစ်တော့မည်ဟု သူ ထင်နေခြင်းလော။

‘သူက ငါ့ကို ဘယ်လို လူစားမျိုးလို့ ထင်နေတာလဲ'

‘ပြီးတော့ သူက ငါါရဲ့ လက်ကို နာကျင်အောင် လုပ်နေတယ်’

ဤအမျိုးသား၏ လက်များမှာ အလုပ်လုပ်ရာတွင် သွက်လက်ရုံသာမက လူတစ်ယောက်ကို ဖမ်းဆုပ်ရာတွင်လည်း တကယ်ကို အားပါလှသည်။

သူမက မေးလိုက်၏။

“ရှောင်ဝမ်ရဲ့ ဖေဖေ၊ ကျွန်မကို လွှတ်ပေးလို့ရမလား”

ယန်ကျောက်က ထပ်ပြောပြန်သည်။

“ရန်မဖြစ်ရဘူး၊ တစ်ဖက်က မှားနေရင်တောင် ရဲတွေက သူတို့ကို အပြစ်ပေးနိုင်တယ်၊ ဒါပေမဲ့ ခင်ဗျားက မလုပ်နိုင်ဘူး၊ စကားများတာတော့ ရတယ်၊ ဒါပေမဲ့ ဒီမှာ မဟုတ်ဘူး၊ ကလေးတွေကို ထိခိုက်လိမ့်မယ်”

‘ငါတို့ လက်မထပ်ရသေးသလို အချင်းချင်းလည်း သိပ်မသိကြသေးဘူး။ ဒီလူက ဘယ်လိုလုပ်ပြီး ငါ့ကို အပြင်ထွက်ပြီး လူတွေနဲ့ ရန်ဖြစ်တော့မယ်လို့ ထင်နေရတာလဲ'

‘ငါ စကားများဖို့တောင် မစဉ်းစားခဲ့ဘူးလေ'

‘ဟူရှောင်မေလို လူမျိုးက ငါ ပါးစပ်ဟပြီး စကားများရလောက်အောင်ကို တန်ဖိုးမရှိတဲ့လူပဲ’

ထိုအချိန်တွင် ချန်မေ့လန်က ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်ရာ မှန်ပြတင်းပေါက်တွင် တန်းစီနေသော ခေါင်းသုံးလုံးကို မြင်လိုက်ရ၏။ အားလုံးက ထိတ်လန့်နေသော အမူအရာများဖြင့် သူတို့ကို ကြည့်နေကြလေသည်။

ချန်မေ့လန် လှည့်ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် ကျောင်းတိက ဘယ်ဘက်သို့ ရှောင်ထွက်သွားပြီး ရှောင်ဝမ်နှင့် ရှောင်လန်တို့က အချင်းချင်းပွေ့ဖက်ထားလိုက်ကြသည်။

ထိုခဏလေးအတွင်းမှာပင် မိသားစုနှစ်စုမှ ကလေးများမှာ ရှင်းလင်းသော နယ်နိမိတ်မျဉ်းတစ်ခုဖြင့် အုပ်စုနှစ်စု အလိုအလျောက် ကွဲသွားကြလေသည်။

ရှောင်ဝမ်နှင့်ရှောင်ဝမ်နှင့် ရှောင်လန်တို့က သူမကို စိုက်ကြည့်နေကြပြီး ဒေါသကြောင့် မျက်နှာနီရဲနေသော ကျောင်းတိလေးကတော့ ယန်ကျောက်ကို မျက်စောင်းထိုးကြည့်နေလေ၏။

ဒုတိယအိမ်ထောင်ပြုသော မိသားစုများရှိ ကလေးများ၏ဆက်ဆံရေးမှာ အလွန်အကဲဆတ်လှသည်။ သူမ၏အတိတ်ဘဝက ကျောင်းတိသည် လွီမိသားစုမှ ကလေးများနှင့် မည်သည့်အခါမျှ အမှန်တကယ် မောင်နှမအရင်းများ ဖြစ်မလာခဲ့ပေ။

တကယ်တော့ လွီတာ့ပေါင်က သူမ သတိမထားမိချိန်များတွင် ကျောင်းတိအား မကြာခဏ အနိုင်ကျင့်လေ့ရှိသည်။

သို့သော် ကျောင်းတိလေးက သူမအား ပြဿနာရှာမည်ကို ကြောက်ရွံ့သဖြင့် အမြဲတမ်း နှုတ်ဆိတ်နေခဲ့ပြီး ထုတ်ပြောရန် ငြင်းဆန်ခဲ့သည်။

ယခုမူ ရှောင်လန်က ကျောင်းတိကို အစ်မအရင်းတစ်ယောက်ပမာ ဆက်ဆံနေသည်။ ရှောင်ဝမ်က ခေါင်းမာသော်လည်း အနည်းဆုံးတော့ ကျောင်းတိကို ဘယ်တော့မှ အနိုင်မကျင့်ခဲ့ပေ။

အစားအသောက်များ ရှိလာလျှင် ရှောင်လန် ဝေစုတစ်ခုရတိုင်း ကျောင်းတိလည်း ဝေစုတစ်ခု ရလေ့ရှိ၏။

ယခုမှသာ တည်ဆောက်ထားသော ဤခင်မင်ရင်းနှီးမှုနှင့် မိသားစုနှောင်ကြိုးလေးမှာ မိဘများ၏ရန်ပွဲများ သို့မဟုတ် အချင်းချင်းကြားရှိ အငြင်းပွားမှုများကြောင့် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားနိုင်လေသည်။

မိသားစုဘဝလေးကို သာယာလှပစေချင်သော သူမ၏ရည်မှန်းချက်များက ဤကလေးငယ်များ၏ အပြုံးပေါ်တွင် မူတည်နေသည်မဟုတ်လော။

ယန်ကျောက်၏လေသံမှာ သံမဏိပမာ မာကျောနေပြီး ချန်မေ့လန်ကလည်း ပြန်လည်ချေပရန် ပြင်နေသည်။ ကလေးများ၏ အမြင်တွင်တော့ သူတို့၏မိဘများ ရန်ဖြစ်နေကြသည် မဟုတ်လော။

ထို့ကြောင့် လွန်ခဲ့သော စက္ကန့်ပိုင်းက ရုန်းကန်နေခဲ့သော ချန်မေ့လန်သည် ကလေးများကို မြင်လိုက်ရချိန်တွင် သူမ၏ခုခံမှုများကို ချက်ချင်း စွန့်လွှတ်လိုက်ပြီး ပြုံးလျက် မေးလိုက်သည်။

“သားတို့ သမီးတို့ နိုးပြီလား”

သူမ၏ လေသံမှာ နူးညံ့နေပြီး ယန်ကျောက်၏လက်ကို မြှောက်ကာ ရယ်စရာအဖြစ် ဟန်ဆောင်လှုပ်ယမ်းလိုက်ရင်း သူတို့ နောက်ပြောင်နေကြခြင်းသာ ဖြစ်ကြောင်း အချက်ပြလိုက်သည်။

ရှောင်လန်လေးက ပထမဆုံး ပြုံးလာပြီး ပြောလိုက်၏။

“မေမေ၊ သား ရေငတ်တယ်”

သောကကင်းသည့် ဤကလေးငယ်လေးက သူ့အား အစာကြွေးသူတိုင်းကို ‘မေမေ’ ဟု ခေါ်မည်ဖြစ်ပြီး သူစ ‘မေမေ’ ဆိုသည့် ခေါ်သံလေးက တကယ့်ကို ရှင်းလင်းပြတ်သားလွန်းလှလေသည်။

ချန်မေ့လန်က ပြောလိုက်၏။

“စားပွဲပေါ်မှာ အအေးခံထားတဲ့ ရေနွေးတွေ ရှိတယ်၊ တစ်ယောက်ကို တစ်ခွက်စီ၊ သွား မြန်မြန်သောက်ကြ”

ရှောင်လန်လေးက အလွန်ရေငတ်နေသဖြင့် ကန်းကုတင်ပေါ်မှ ပထမဆုံး လျှောဆင်းလာသော်လည်း စားပွဲပေါ်ရှိ ခွက်များကို ယူရန် အရပ်ပုလွန်းနေသည်။

ထိုအချိန်တွင် ကျောင်းတိနှင့် ရှောင်ဝမ်တို့မှာ သတိထားနေဆဲဖြစ်ပြီး သူတို့က နေရာမှ မရွေ့ကြပေ။ ကံကောင်းထောက်မစွာပင် ယန်ကျောက်က ချန်မေ့လန်၏လက်ကို လွှတ်ပေးလိုက်ပြီဖြစ်သည်။

သူမက လှည့်ကာ အိမ်ထဲသို့ ဝင်သွားပြီး ရှောင်လန်အတွက် ခွက်တစ်ခွက် ယူလာပေးလိုက်၏။

ဖေဖေက အပြင်မှ စောင့်ကြည့်နေပြီး မေမေက အပြုံးလေးဖြင့် ကိုင်းညွတ်နေသည်။ ရှောင်လန်လေးက ရေကို အငမ်းမရ သောက်လိုက်ပြီးနောက် ချန်မေ့လန်ကို မော့ကြည့်ကာ ကျေနပ်စွာပြုံးလျက် ပြောလိုက်၏။

“ချိုတယ်”

ရှောင်ဝမ်က ချက်ချင်းပင် ကလေးဆန်လာပြီး ပြောလိုက်သည်။

“ချိုတယ်လား၊ ကျွန်တော်လည်း သောက်ချင်တယ်”

သူကလည်း ကန်းကုတင်ပေါ်မှ ခုန်ဆင်းလာကာ ခွက်တစ်ခွက်ကို ကောက်ကိုင်ပြီး တစ်ကျိုက်တည်းနှင့် အကုန်သောက်ချလိုက်သည်။

ထို့နောက် သက်ပြင်းတစ်ချက်ချကာ ပြောလိုက်၏။

“တကယ်ချိုတာပဲ”

မိခင်ဖြစ်သူ၏ အအေးခံထားသော သကြားရေကို သောက်နေကျဖြစ်သည့် ကျောင်းတိလေးက ကုတင်ပေါ်မှ လျှောဆင်းလာပြီး သူမ၏ကိုယ်ပိုင်ခွက်ကို ကောက်ကိုင်ကာ ပြောလိုက်သည်။

“ဒါက ပုံမှန်ပဲလေ၊ အမေတိုင်းက သူတို့ကလေးတွေ နေ့လယ်ခင်းအိပ်ရာက နိုးလာရင် ရေနွေးကြိုပြီး အအေးခံထားပေးကြတာပဲကို”

သို့သော် သူမ၏ စကားများက အခြားနှစ်ယောက်အပေါ် လွှမ်းမိုးမှုမရှိခဲ့ပေ။

ထိုအစား ရှောင်ဝမ်နှင့် ရှောင်လန်တို့နှစ်ဦးလုံး တစ်ပြိုင်နက်တည်း နှုတ်ခမ်းဆူလိုက်ကြသည်။ နေ့လယ်ခင်း အိပ်ရာမှ နိုးလာချိန်တွင် မိခင်တစ်ဦးက သူတို့အတွက် ရေနွေးကြိုကာ အအေးခံ ပြင်ဆင်ပေးထားသည်ကို သူတို့ဘဝတွင် ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်၏။

သူတို့က ခွက်များအား ကိုင်ကာ ထပ်မံသောက်လိုက်ကြပြီး အေးမြလန်းဆန်းမှုကို ခံစားလိုက်ကြသည်။

ရှောင်ဝမ် သူ့ခွက်ကို ချလိုက်ချိန်တွင် အပြင်ဘက်မှ အော်သံတစ်ခု ထွက်ပေါ်လာသည်။

ယောင်းမဟွမ်၏ အသံပင် ဖြစ်သည်။

“ရှောင်မေ၊ ငါလိမ်ပြောရင် မိုးကြိုးပစ်ပါစေ၊ ဆရာဟွမ်က ဘယ်လိုလုပ် နင့်ကို တိုင်စာရေးနိုင်မှာလဲ၊ သူက လုပ်အားပေးဆရာတစ်ယောက်အဖြစ် အနှစ်နှစ်ဆယ်တောင် ရှိနေပြီ၊

ယဉ်ကျေးမှုတော်လှန်ရေးကတည်းက ကလေးတွေကို တစ်ပြားမှ မရဘဲ စာသင်ပေးနေခဲ့တာ၊ သူက သင်ကြားရေးကို မြတ်နိုးလွန်းလို့ အခုချိန်ထိ စာသင်နေတာ၊ တရား၀င်ရာထူးရဖို့တောင် သူ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး”

ဟူရှောင်မေ၏အသံက ဆက်ထွက်လာသည်

“ဆရာဟွမ်က ညီမကို တိုင်တယ်ဆိုတာကို ညီမလည်း မယုံပါဘူး၊ ဒါပေမဲ့ ပညာရေးဗျူရိုက ခေါင်းဆောင်တွေက ဆရာဟွမ်ကို အခြေအနေ သွားရှင်းပြခိုင်းလို့ပါ၊ ညီမ အနည်းဆုံးတော့ ရှင်းပြသင့်တယ်ထင်လို့ပါ”

ယောင်းမဟွမ်၏ ခင်ပွန်းဖြစ်သူ ဟွမ်ကျန်းတမှာလည်း အနှစ်နှစ်ဆယ်တိတိ တရား၀င်ရာထူး မရရှိဘဲ စာသင်ကြားပေးနေသော လုပ်အားပေးဆရာတစ်ဦး ဖြစ်သည်။

သူသည် ဟူရှောင်မေ၏ပြိုင်ဘက်ပင် ဖြစ်သည်။

All Chapters