← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

အခန်း (၃၉)

ရုတ်တရက် လူတစ်အုပ်ကြီးက သူ့ကို ဝိုင်းရံလာကြသည်။

ရွာသူရွာသားများမှာ မည်သည့်အရာများ ဖြစ်နေသည်ကို သိကြလေ၏။

သူတို့ထဲက အများစုမှာ သူတို့၏ အသက်အရွယ်နှင့် အဆင့်အတန်းကို အသုံးချကာ ညွှန်ကြားရေးမှူးဟူကို ဟွမ်ကျန်းတအား အပြစ်မတင်ရန် ဖျောင်းဖျဖို့ ရောက်လာကြခြင်းဖြစ်သည်။

သူက သားအဖနှစ်ဆက်တိုင်တိုင် စာသင်ကြားပေးခဲ့ပြီး ယာယီဆရာအဖြစ် အလုပ်လုပ်ကာ သူ၏ ကိုယ်ပိုင်သားလေးကိုပင် ဆုံးရှုံးခဲ့ရသည်။ သူ အများကြီး ခက်ခဲခဲ့ရပြီဖြစ်၏။

သူက ဟူရှောင်မေ၏ လမ်းကို ပိတ်ဆို့နေရုံသာဖြစ်သည်။ ယခုခေတ်တွင် သူဌေးပေါက်စများက အာဏာပြနေသော်ငြား သာမန်လူများလည်း အသက်ရှင်သန်ရန် လိုအပ်သည်မဟုတ်လော။

ဟွမ်ကျန်းတလည်း ပြေးလာပြီး ယောင်းမဟွမ်ကို ဆွဲပြီး မေးလိုက်သည်။

“မင်းဘာတွေလုပ်နေတာလဲ”

ယောင်းမဟွမ်က အော်ဟစ်လိုက်၏။

“တောက်၊ အရှက်မရှိလိုက်တာ”

အားလုံးက ယောင်းမဟွမ် ဟွမ်ကျန်းတကို အော်နေသည်ဟု ထင်လိုက်ကြသည်။

ဟူရှောင်မေက အမြန်ရှေ့ထွက်လာပြီး ပြောလိုက်၏။

“ညွှန်ကြားရေးမှူးဟူ၊ ဆရာဟွမ်က ညီမကို တောင်းပန်ချင်နေတာပါ၊ ဒါပေမဲ့ ညီမထင်ပါတယ်၊ အဲဒါ လိုအပ်မယ်မထင်ဘူး...”

ညွှန်ကြားရေးမှူးဟူက မစင်ပုံးများကို မ,တင်ရင်း ပြောလိုက်သည်

“ကျန်းတ၊ မင်းရဲ့ တရား၀င်ရာထူးအတွက် ငါထောက်ခံပါတယ်၊ ဒါပေမဲ့ ဗျူရိုက ခေါင်းဆောင်တချို့က မင်းကို နောက်ထပ်နှစ်နှစ်လောက် လေ့ကျင့်သင်ကြားသင့်သေးတယ်လို့ ထင်နေကြတယ်၊ မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို မငြင်းပယ်ပါနဲ့...

အခုလို ပြဿနာလုပ်နေရင် ခေါင်းဆောင်တွေရဲ့အမြင်မှာ မင်းရဲ့ ပုံရိပ်ကို ထိခိုက်စေပြီး တရား၀င်ရာထူးရဖို့ ပိုခက်ခဲသွားလိမ့်မယ်”

ထို့နောက် သူက ဆဆက်ပြောလာသည။

“အားလုံးပဲ ကျေးဇူးပြုပြီး လမ်းဖယ်ပေးကြပါ၊ ကျွန်တော် သွားပါရစေ”

ပထမ အနှစ်နှစ်ဆယ်မှာ ယဉ်ကျေးမှုပိုင်းဆိုင်ရာ ကြီးမားသော ဆုတ်ယုတ်မှုကြီး ဖြစ်ပေါ်ခဲ့ပြီး ယခုအခါ ဤခေါင်းဆောင်များအားလုံးမှာ ပညာမတတ်ကြပေ။

ဤရွာသားများမှာ အများကြီးမသိကြသော်လည်း ဆင်ခြေပေးခြင်းနှင့် လာဘ်စားခြင်းများတွင်တော့ ကျွမ်းကျင်သူများ ဖြစ်ကြ၏။

ဟွမ်ကျန်းတမှာ ငိုလုမတတ် ဖြစ်နေလေပြီ။

“ခေါင်းဆောင်၊ တရား၀င်ရာထူး ဘယ်သူရရ ကျွန်တော် ဂရုမစိုက်ပါဘူး၊ တကယ် ဂရုမစိုက်တာပါ၊ ထားလိုက်ပါတော့၊ ကျွန်တော်နှုတ်ထွက်မယ်၊ စီးပွားရေးပဲလုပ်တော့မယ်၊ ကျွန်တော်ထွက်ပြီ”

‘ငါ့ရဲ့ စွာတေးလန် မိန်းမ၊ သူ ဘာတွေ လုပ်နေတာလဲ'

ညွှန်ကြားရေးမှူးဟူမှာ သူ့ကို အမြင်ကပ်နေပြီးသားဖြစ်ရာ ယခုမြင်ကွင်းကြောင့် ပို၍ပင် စိတ်တိုလာရသည်။

အကယ်၍ ညွှန်ကြားရေးမှူးဟူသာ မစင်ပုံးနှစ်ပုံးကို ထမ်းမထားခဲ့လျှင် ယောင်းမဟွမ်မှာ ဤမျှလောက် ပြီးပြည့်စုံသော အခွင့်အရေးမျိုး ရရှိခဲ့မည်မဟုတ်ပေ။

သူမက ချန်မေ့လန်ထက် အများကြီး ပို၍ ဒေါသကြီးသူဖြစ်၏။ သူမက ပြစ်ဒဏ်ပေးစာကို တံတွေးဆွတ်ကာ ညွှန်ကြားရေးမှူးဟူ၏ နဖူးတည့်တည့်သို့ ဖြန်းခနဲ ရိုက်ကပ်လိုက်လေသည်။

ညွှန်ကြားရေးမှူးဟူက အော်ဟစ်နေသည်။

“ဟေ့၊ ဟေ့၊ ဘယ်သူလဲ၊ နောက်မနေနဲ့”

သို့သော် သူက မစင်ပုံးများကို ကိုင်ထားသဖြင့် ၎င်းကိုဖယ်ရှားရန် လက်မအားပေ။ အကယ်၍ သူသာ လက်လွှတ်လိုက်လျှင် မစင်များ မှောက်ကျသွားပေလိမ့်မည်။

သို့သော် သူ မဖယ်ရှားနိုင်လျှင်ပင် အခြားသူများရှိနေသေး၏။ အဘယ်ကြောင့် မည်သူကမျှ သူ၏ နဖူးပေါ်မှ စာရွက်ကို ကူညီဖယ်ရှားမပေးကြသနည်း။

ယောင်းမဟွမ်က စာရွက်ကို ကပ်ရုံသာမက ဟူရှောင်မေက လုယူသွားမည်ကို စိုးရိမ်သဖြင့် ဟူရှောင်မေကိုပါ ဆွဲထားကာ အသံကျယ်ကျယ်ဖြင့် စတင်ဖတ်ပြလေသည်။

“ဤနေ့တွင်၊ ဟူရှောင်မေသည်၊ အိပ်မက်ပါရီတွင် ယန်ရှီရှန်းနှင့် အရက်သောက်ပြီးနောက်၊ မူးယစ်နေစဉ်...”

“ဒါ လွန်ခဲ့တဲ့နှစ်နှစ်ကဟာလား”

“ပြည့်တန်ဆာမှုနဲ့ အဖမ်းခံရတယ်၊ အဲဒါ ဟူရှောင်မေက ပြည့်တန်ဆာအဖြစ် အလုပ်လုပ်နေတာလို့ ဆိုလိုတာမဟုတ်ဘူးလား”

“သူက ပြည့်တန်ဆာလုပ်နေတုန်း ယန်ရှီရှန်းနဲ့ ပတ်သက်နေမယ်လို့ ဘယ်သူက ထင်မှာလဲ”

“ငါ ထင်သားပဲ...”

ရုတ်တရက် လူအတော်များများ တီးတိုးပြောဆိုလာကြသည်။ ခလွမ်ခနဲ မြည်သံနှင့်အတူ ညွှန်ကြားရေးမှူးဟူက မစင်ပုံးကို မှောက်ချလိုက်သဖြင့် သူ၏ခြေထောက်များ မစင်ရည်များ စိုရွဲသွားလေ၏။

သူက စာရွက်ကို ဆွဲခွာလိုက်ပြီး တစ်ချက်ကြည့်ကာ ဟူရှောင်မေကို မှင်တက်စွာ လှည့်ကြည့်လိုက်လေသည်။

ဟူရှောင်မေမှာမူ ရွာထဲမှ ထွက်ခွာသွားလေ၏။

သူမ မည်သည့်အချိန်က ထွက်ပြေးသွားသည်ကို မည်သူမျှ မသိလိုက်ကြပေ။

သူမ ပြေးသွားရင်း အော်ငိုနေသည့် အသံကိုသာ ကြားလိုက်ရလေ၏။

“အစ်ကိုရှန်း၊ အစ်ကိုရှန်း၊ ညီမကိုကယ်ပါဦး”

‘ယန်ရှီရှန်းကို အစ်ကိုရှန်းလို့ ခေါ်ရဲတယ်လား၊ တကယ်ကို အရှက်မရှိတာပဲ'

ဤစာရွက်အား ချန်မေ့လန်က ယောင်းမဟွမ်ကို ပေးလိုက်သည်ဆိုသည်ကို မည်သူမဆို သိထားကြလေ၏။

အစ်မမော်က အဝေးမှနေ၍ သက်ပြင်းချလိုက်သည်။

“ဒါက…. မေ့လန် ပီသပါပေတယ်”

အမျိုးသမီး အတော်များများက စုရုံးကာ အတူတကွ သက်ပြင်းချလိုက်ကြ၏။

“ငါတို့က မေ့လန်လောက် သဘောထားမကြီးနိုင်သေးဘူးပဲ”

ရွာထဲက လူတိုင်းက မေ့လန်ကို အင်မတန်ချစ်ကြလေစ။ မိသားစုဘဝလေးကို တည်ဆောက်လိုသော သူမ၏ရည်မှန်းချက်များက အားလုံး၏ ချစ်ခင်လေးစားမှုကို ရရှိစေခဲ့သည်။

‘သူမမှာ ဒီလို အချက်အလက်တွေ ရှိနေတာတောင် ဟူရှောင်မေ ရွာရောက်လာတာကို မြင်တော့ အငြိုးနဲ့ ရန်မလုပ်ခဲ့သလို ဟူရှောင်မေကိုလည်း တိုက်ရိုက် မရင်ဆိုင်ခဲ့ဘူး။ အဲဒီအစား ယောင်းမဟွမ်ကို စာရွက်ပေးလိုက်ပြီး သူမကို တစ်ကြိမ်လောက် ခေါင်းမော့နိုင်ခွင့် ပေးလိုက်တာပဲ'

သို့သော် ယနေ့အထိ ယန်ကျောက် ယန်ရှီရှန်း၏အိမ်တွင် ရှိနေကြောင်းကိုမူ ရွာထဲတွင် အစ်မမော် တစ်ဦးတည်းသာ သိထားလေ၏။

သူမက မည်သူ့ကိုမျှ ပြောမပြခဲ့ပေ။

‘အရှက်မရှိတဲ့ ရှီရှန်း၊ မိန်းမလိုက်စားတဲ့ ရှီရှန်းကိုယိထုင် လာကြည့်ပါစေ၊ အခု မေ့လန် ဘယ်လောက်ကောင်းတဲ့ ယောက်ျားတစ်ယောက် ရှာတွေ့ထားလဲဆိုတာကို သူ့မျက်စိနဲ့ တက်အပ်မြင်တာ ပိုကောင်းတယ်’

…

ထိုအချိန်တွင် ချန်မေ့လန်၏အိမ်၌ ဘိလပ်မြေကြမ်းပြင် မခြောက်သေးသဖြင့် ကလေးများကို အခန်းထဲတွင်သာ ထားကာ တီဗွီကြည့်ခိုင်းထားရသည်။

ချန်မေ့လန်က ရေခဲချောင်းသွားဝယ်ဖို့ရာပြင်နေပြ ဟင်းသီးဟင်းရွက်များလည်း ဝယ်ရန်လိုအပ်နေသည်။

ယန်ကျောက်ကမူ အခြားအခန်းများကို ဆေးသုတ်ရန် ထွက်သွားလေပြီ။

အတွင်းခံစွပ်ကျယ်အဖြူတစ်ထည်သာ ဝတ်ဆင်ထားသော ဤလုပ်ငန်းသုံး လူသားစက်ရုပ်ကြီးမှာ အမြဲတမ်း လှုပ်ရှားနေပြီး ဘယ်တော့မှ မပင်ပန်းသည့်အလား ဖြစ်နေ‌လေသည်။

ယန်ကျောက်က ဤမျှ ကြိုးစားပမ်းစား အလုပ်လုပ်နေသည်ဖြစ်ရာ ချန်မေ့လန်သည် သူ့အား ကျေးဇူးတင်သည့်အနေဖြင့် ညစာကောင်းကောင်းလေး ချက်ကျွေးချင်သော်ငြား သူ့အကြိုက်ကို မသိသဖြင်ပ ဘာချက်ရမှန်းမသိ ဖြစ်နေခဲ့လေ၏။

နောက်ထပ် ရေနွေးတစ်ခွက် အအေးခံပြီးနောက် သူမ ခေတ္တမျှ စဉ်းစားလိုက်သည်။

ဤအမျိုးသားမှာ အလွန် ကြိုးစားပမ်းစား အလုပ်လုပ်နေသဖြင့် ချန်မေ့လန်က ရေထဲသို့ သကြားအနည်းငယ် ဖြူးထည့်ပေးလိုက်ပြီး ယန်ကျောက်အား ကမ်းပေးကာ မေးလိုက်၏။

“ဒီည ဘာစားချင်လဲ၊

ယန်ကျောက်က ဆေးသုတ်တံကို ခေတ္တရပ်လိုက်ပြီး ပြန်ဖြေလာသည်။

“ဘာဖြစ်ဖြစ် ရပါတယ်၊ ခင်ဗျား ချက်ချင်တာချက်ပါ”

‘ဒါက လူနဲ့ စကားပြောတဲ့ပုံစံလား'

‘ဒီအမျိုးသားက တခြားသူတွေနဲ့ ဘယ်လိုပြောဆိုဆက်ဆံမယ်ဆိုတာရော သိရဲ့လား'

ချန်မေ့လန်မှာ အိမ်ထောင်နှစ်ဆက် ရှိခဲ့ဖူးသော်လည်း ယန်ကျောက်နှင့် စကားပြောရာတွင် မကြာခဏ စကားမှားသွားသလို ခံစားရပြီး သူနှင့် မည်သို့ဆက်ဆံရမည်ကို လုံးဝမသိတော့ပေ။

‘ပြီးတော့ ငါ ပြုံးနေတာကို သူ မမြင်ဘူးလား။ ုါ့ကို ပြန်ပြုံးပြဖို့က အဲဒီလောက်တောင် ခက်ခဲနေတာလား'

သို့သော် ထိုအချိန်မှာပင် သူမ၏အနောက်မှ ကြောက်ရွံ့နေသောအသံလေးတစ်ခု ထွက်ပေါ်လာသည်။

“ဖေဖေက ဆီပူလောင်းခေါက်ဆွဲ အရမ်းကြိုက်တာ၊ ပြီးတော့ ရှာလကာရည်အများကြီးနဲ့ ငရုတ်ဆီအများကြီးထည့်တာကို သဘောကျတယ်”

အနောက်သို့ လှည့်ကြည့်လိုက်ရာ အတွင်းခံစွပ်ကျယ်အဖြူလေးသာ ဝတ်ဆင်ထားပြီး ပိန်လှီနေသော ယန်ရှောင်ဝမ် ရပ်နေသည်ကို မြင်လိုက်ရ၏။

တကယ်တော့ ဆီပူလောင်းခေါက်ဆွဲနှင့် ငရုတ်ဆီအား အရမ်းကြိုက်သည့်သူက ယန်ရှောင်ဝမ်ပင်။

လွန်ခဲ့တဲ့ နှစ်ညက ငရုတ်ဆီကို သူ အခုထိ အရသာခံ၍ မဝသေးပေ။

ယန်ကျောက်က သူ့သားကို ပြောလိုက်သည်။

“မင်းအမေ ချက်တာကို မင်းစားရမှာပဲ၊ နေရာတကာ ဝင်မပါစမ်းနဲ့”

ယန်ရှောင်ဝမ်က နှုတ်ခမ်းကိုက်ကာ လိမ္မာစွာဖြင့် လှည့်ထွက်သွားလေ၏။

‘ဒါဆိုလည်း ဆီပူလောင်းခေါက်ဆွဲပဲ လုပ်ရမှာပေါ့'

သို့သော် သူမ ထွက်သွားရန်ပြင်လိုက်ချိန်တွင် သူမ၏ အကြည့်က ကြမ်းပြင်ပေါ်ရှိ သတင်းစာပေါ်သို့ ကျရောက်သွားပြီး ရုတ်တရက်ရပ်တန့်သွားသည်။

သတင်းစာတွင် ရေးသားထားသည်မှာ -

“မနေ့က အစိုးရငွေတိုက်စာချုပ် အတိုးနှုန်းများ ၅ ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားပြီး သမိုင်းတစ်လျှောက် အနိမ့်ဆုံးသို့ ရောက်ရှိသွားသည်။”

ဤရက်ပိုင်းအတွင်းမှာ ငွေရှိသူများ ငွေကိုင်ထားရ‌သည်မှာ အရှုံးပေါ်နေလေ၏။

အကြောင်းမှာ ကုန်ဈေးနှုန်းများ ဆက်တိုက်တက်နေသောကြောင့်ပင်။

ယမန်နေ့က အသားညှပ်ပေါင်မုန့်တစ်လုံး ဝယ်ရသည့်ငွေက မနက်ဖြန်ကျလျှင် ပေါင်မုန့်အလွတ်တစ်လုံးပဲ ဝယ်ရတော့မည့် အခြေအနေမျိုး ဖြစ်နေလေ၏။

သို့သော် ဘဏ်၌ အချိန်သတ်မှတ်ချက်ဖြင့် အပ်ထားရန်လည်း မတန်ပေ။

အကြောင်းမှာ အချိန်သတ်မှတ်ချက်နှင့် အပ်နှံငွေတွေအတွက် ဝန်ဆောင်ခများ ရှိနေသောကြောင့်ပင်။

ယွမ် ၁၀,၀၀၀ အပ်ထားလျှင် တစ်နှစ်ကို ဝန်ဆောင်ခ ယွမ် ၁၀၀ ကုန်ကျမည်ဖြစ်ရာ စုဆောင်းငွေများ အချိန်ကြာလာသည်နဲ့အမျှ လျော့နည်းလာပေလိမ့်မည်။

လူကြိုက်အများဆုံး ရွေးချယ်မှုကတော့ စတော့ရှယ်ယာများအလား အစိုးရငွေတိုက်စာချုပ်များ ဝယ်ယူခြင်းပင်။

စာချုပ်ဈေးနှုန်းများက နေ့စဉ် အတက်အကျရှိပြီး ချက်ချင်း အရောင်းအဝယ် လုပ်၍ ရလေ၏။ တစ်နည်းအားဖြင့် ပြောရလျှင် ယနေ့ စာချုပ်မျာူဝယ်ပြီး မကိုင်ထားချင်လျှင် မနက်ဖြန် ပြန်ရောင်း၍ ရလေသည်။

သူမ၏ အတိတ်ဘဝတွင် ချန်မေ့လန်သည် ဤအချိန်၌ လုကျင်းယွီကို လက်ထပ်ခဲ့ခြင်းဖြစ်သည်။

သူတို့ လက်ထပ်စာချုပ်ရပြီးနောက် လုကျင်းယွီက အစိုးရငွေတိုက်စာချုပ် ယွမ် ၅၀၀ ဖိုး သွားဝယ်ခဲ့သည်ကို သူမ မှတ်မိနေသေးသည်။ နောက်တစ်နေ့တွင် စာချုပ်အတိုးနှုန်းများ အဆမတန် မြင့်တက်သွားသဖြင့် လုကျင်းယွီမှာ ၇၅ ယွမ် မြတ်သွားပြီး သူမအား ‘ကံကောင်းစေတဲ့ဇနီးလေး’ ဟု ချီးကျူးခဲ့ဖူး၏။

‘အခု စာချုပ်အတိုးနှုန်းက လေးရာခိုင်နှုန်းလောက်ပဲ ရှိသေးတယ်၊ သန်ဘက်ခါကျရင် စာချုပ်တွေ ရုတ်တရက် တစ်ဆယ့်ခြောက်ရာခိုင်နှုန်းအထိ တက်သွားမယ်ဆိုတာကို ငါ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးတယ်၊ ငါ့လက်ထဲမှာလဲ ယွမ် ၁၈,၀၀၀ ရှိနေတယ်'

ချန်မေ့လန်သည် ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် သူမ၏ဘဏ်စာအုပ်ကို ယူကာ ယန်ကွမ်ရွာနှင့် အနီးဆုံးရှိ ငွေစုငွေချေး သမဝါယမသို့ တိုက်ရိုက်ဦးတည်သွားခဲ့သည်။

သူမ၏ ငွေအားလုံးကို ထုတ်ယူပြီးနောက် လမ်းတစ်ဖက်ကူးရှိ တရုတ်နိုင်ငံတော်ဘဏ်သို့ တိုက်ရိုက်သွားခဲ့သည်။

သူမ အစိုးရငွေတိုက်စာချုပ် လာဝယ်ကြောင်း ကြားသောအခါ ဘဏ်စာရေးမလေးက ပြုံးကာ ပြောလာ၏။

All Chapters