← Chapters

အခန်း ၃၇၇

Vol. 38 Ch. 377

အခန်း ၃၇၇

Vol. 38 Ch. 377

အခန်း(377)

အားလပ်ရက် တစ်ရက်။

စုဝေ့ချင်းက မနက်စောစောတွင် အိပ်ရာမှထကာ ဝမ်တုန်နှင့်အတူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီသို့ သွားခဲ့၏။

မည်သို့ပင်ဖြစ်စေ အဆုံးတွင် ဝမ်တုန်တစ်ယောက် ယာဉ်မောင်းအလုပ်သင် ဘဝမှ စာရင်းကိုင်အလုပ်သင်ဘဝသို့ အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့လေသည်။

ထို့အတွက် စုဝေ့ချင်းက ဝမ်တုန်အနေဖြင့် ညကျောင်းတက်နိုင်ရန် ငွေကြေးစိုက်ထုတ်ပေးခဲ့၏။

သူတို့က ကျောင်းအပ်နှံသည့် နေရာမှ ထွက်ခွာလာကြသည့်အချိန်တွင် စုဝေ့ချင်းက လက်ကို ဆန့်ထုတ်က် ဝမ်တုန်၏ ပခုံးကို အသာအယာနှင့် လေးနက်စွာ ပုတ်လိုက်လေ၏။

သူ၏ လေသံထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်သည်။

“အမြန်ဆုံး အချိန်ပြည့် ဝန်ထမ်းတစ်ယောက် ဖြစ်လာအောင် ကြိုးစားရမယ်”

“ကောင်းပါပြီ ဆရာ”

ဝမ်တုန်က စိတ်လှုပ်ရှားနေခဲ့ရလေသည်။

သူ အလယ်တန်းကျောင်းသားဘဝ၌ ပေကျင်းတွင် အလွန် ကြီးမားသော လှုပ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ထို့ကြောင့် ကျောင်းအများအပြားက ကျောင်းသင်ခန်းစာများကို ရပ်ဆိုင်းခဲ့ကြ၏။

သူက အလယ်တန်းပညာရေးကိုပင် မပြီးဆုံးသေးမီ ကျောင်းမှ ထွက်ခဲ့ရသည်။

ထို့ကြောင့် သူ့တွင် အလယ်တန်းအောင် လက်မှတ်ပင် မရှိသေးပေ။ ယခင်က ဆရာများ သင်ကြားပေးခဲ့သော ပညာအများစုကိုလည်း မေ့လျော့နေခဲ့ပြီ ဖြစ်သည်။

ယခုအချိန်တွင် စာရင်းကိုင်ပညာကို လေ့လာရန်အတွက် အနည်းဆုံး သင်္ချာဘာသာရပ်တွင် အစကတည်းက ပြန်လည်စတင်ရလိမ့်မည်။

“မင်း စာရင်းကိုင်လက်မှတ်ရပြီးရင်လည်း စာဖတ်တာကို မလျှော့နဲ့၊

အထက်တန်းအောင်လက်မှတ်ကို အမြန်ဆုံး ရအောင်လုပ်၊ အဲဒီအချိန်ကျမှ မင်းရဲ့ဆရာက မင်းအတွက် ပိုပြီးကောင်းမွန်တဲ့ အလုပ်တစ်ခုကို ကူညီရှာဖွေပေးမယ်”

စုဝေ့ချင်းက ဝမ်တုန်၏ ပခုံးကို ပုတ်လိုက်လေ၏။

ကောင်းမွန်တဲ့ အလုပ်တစ်ခုလား။

ဝမ်တုန်တစ်ယောက် ထိုနေ့က စုဝေ့ချင်းနှင့် ရန်ရှောင်တို့ ပြောဆိုခဲ့ကြသော အလုပ်အကြောင်းကို ပြန်တွေးတောမိသွားခဲ့၏။

နန်းတော်ပြတိုက်ဟောင်းမှ ပြန်လည်ပြုပြင်မွမ်းမံသူများ...

“ကျွန်တော် အထက်တန်းအောင်ရင်တောင် အဲဒီထဲကို ဝင်နိုင်ပါ့မလား”

သူက ဝေဝါးစွာဖြင့် မေးမြန်းလိုက်လေ၏။

“ပညာရေးက အရေးကြီးတယ်၊ ဒါပေမဲ့ ဒီအလုပ်ခွင်မှာတော့ ငါတို့က အရည်အချင်းရှိတဲ့ လက်မှုပညာသည်တွေကို ပိုပြီးတော့ လိုအပ်တာ”

“ဒါပေမဲ့ မင်း ဒီအလုပ်ကို လုပ်ချင်တယ်ဆိုရင် အနည်းဆုံးတော့ သမိုင်းကြောင်းဆိုင်ရာ အသိပညာတွေ ရှိရမယ်၊

အဲဒါကြောင့် မင်း ညကျောင်းဆင်းရင် ငါ့အိမ်ကို လာခဲ့၊ အဲဒီအချိန်ကျရင် ငါလည်း ကျောင်းကိစ္စတွေ ပြီးလောက်ပြီ၊

ငါ မင်းကို အိမ်စာတချို့ ပေးမယ်၊ မင်း အားလပ်ချိန် ရတဲ့အချိန်တိုင်း အဲဒါတွေကို ထုတ်ပြီးတော့ လေ့လာရမယ်၊ မင်း သေသေချာချာ ကြိုးစားရမယ်”

ဝမ်တုန်: “...”

သူက အလုပ်လည်း သွားရမည်။

ညကျောင်းလည်း တက်ရမည်။

သူ၏ လက်မှုပညာကိုလည်း လေ့ကျင့်ရမည်ဖြစ်ပြီး နောက်ဆုံးတွင် သမိုင်းစာအုပ်များကိုလည်း ဖတ်ရှုရဦးမည် ဖြစ်၏။

ဝမ်တုန်ကို ကျောင်းအပ်နှံပေးပြီးနောက် စုဝေ့ချင်းက သူ၏ စက်ဘီးကို အလျင်အမြန် စီးကာကျောင်းသို့ သွားရောက်ခဲ့၏။

တစ်ဖက်တွင် လီရှန်းက စုရှောင်လော်ကို သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်သို့ အရင်ဆုံး ခေါ်ဆောင်သွားခဲ့ပြီးနောက် သူမ၏ လေ့ကျင့်ရေးစခန်းသို့ အပြေးအလွှားပြန်လာခဲ့သည်။

သူမက စာသင်ခန်းထဲ၌ ထိုင်လိုက်သည်နှင့် ဆရာဖြစ်သူက စာသင်ခန်းထဲသို့ ဝင်ရောက်လာခဲ့၏။

“မင်းက မနက်တိုင်း အလုပ်ရှုပ်နေတာပဲ၊ စစ်ပွဲတစ်ခု ဆင်နွှဲနေရသလိုပဲ၊ မင်း ရင်ဆိုင်နိုင်ရဲ့လား”

တစ်ဝိုင်းတည်းတွင် ထိုင်နေသော ရွှီကျိန်းက ဘေးဘက်သို့ အသာအယာ ယိမ်းလိုက်ပြီးနောက် လည်ချောင်းထဲ၌ ပိတ်ဆို့နေသော အသံဖြင့် မေးမြန်းလိုက်လေ၏။

“အခုတော့ အဆင်ပြေပါတယ်”

လီရှန်းက သူမ၏ အပြုအမူအတိုင်း လိုက်နာလျက် သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်၍ ခပ်တိုးတိုး ပြန်ပြောလိုက်လေသည်။

ယခုအခိုက်အတန့်တွင် သူမက သူမ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်သော ဝေဒနာရှင်များကို ကုသပေးခြင်းနှင့် လူသားတို့၏ အသက်ပေါင်းများစွာကို ကယ်တင်ခြင်း အလုပ်အပေါ်၌သာ အာရုံစိုက်ထားလေတော့၏။

ဤအာရုံစိုက်မှုမှာ ဆရာဝန်တိုင်း၏ အခြေခံအကျဆုံးသော လိုအပ်ချက်ဖြစ်သည်။

အထွေထွေရောဂါကုပညာ၊ ခွဲစိတ်ကုပညာ၊ ရောဂါဗေဒပညာ…

အခြေခံဘာသာရပ် အမြောက်အမြား ရှိပြီး စုစုပေါင်း ဘာသာရပ် ဒါဇင်ပေါင်းများစွာ ရှိ၏။

ယခုအချိန်အထိ ဘာသာရပ်အများအပြားတွင် ကျောင်းသုံးပြဌာန်းစာအုပ်ဟူ၍ မရှိကြသေးပေ။

ဆရာ၊ ဆရာမများက သူတို့ကိုယ်တိုင် သင်ရိုးညွှန်းတမ်းများကို ရေးသားကာ သူတို့၏ အတွေ့အကြုံများကို အသုံးပြုပြီး သင်ကြားပေးနေကြခြင်း ဖြစ်ပေသည်။

ထို့ကြောင့် လီရှန်းက စကားလုံးတစ်လုံးလောက် လွတ်သွားမည်ကိုပင် စိုးရိမ်သောကြောင့် အလွန် အလေးအနက်ထားပြီး လေ့လာနေခဲ့၏။

စနစ်တကျမဟုတ်ဘဲ အတွေ့အကြုံ သက်သက်အပေါ်၌သာ မှီခိုနေရသော ဤကဲ့သို့သော အသိပညာမျိုးကသာ အစစ်အမှန် လက်တွေ့ကျလွန်း၏။

အကယ်၍ စနစ်သာ သူမ၏ခန္ဓာကိုယ်ပေါ်၌ ရှိမနေခြင်းမဟုတ်ခဲ့ပါက၊ စနစ်က အလွန် ဝေးကွာလွန်းသော နေရာ၌ ရှိမနေခဲ့ပါက သူမက စနစ်ကိုပင် ဤအသံများကို မှတ်တမ်းတင်ခိုင်းထားမိလိမ့်မည်။

တစ်နေ့တာ စာသင်ချိန် ပြီးဆုံးသွားသည့်အချိန်တွင် လီရှန်းအနေဖြင့် အနည်းငယ် မူးဝေနေရ၏။

လီရှန်းက သူမ၏ အတန်းဖော်များနှင့်အတူ ထမင်းစားဆောင်သို့ သွားခဲ့သည်။

ယနေ့ ထမင်းစားဆောင်တွင် ဝက်နံရိုးချိုချဥ်ရှိသောကြောင့် လီရှန်းက သူမ၏ အစားအသောက်ကူပွန်များကို အလျင်အမြန်ထုတ်ယူ၍ နှစ်ပွဲ ဝယ်ယူလိုက်လေ၏။

ထို့နောက် သူမ၏ ထမင်းချိုင့်ကို ကိုင်လျက် စုရှောင်လော်ကို သွားကြိုရန် သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်သို့ အပြေးအလွှား သွားခဲ့ပြန်သည်။

ထိုတက္ကသိုလ်က ဉာဏ်ကြီးရှင်ကလေးများအတွက် သီးသန့်အစီအစဉ် ဖြစ်သောကြောင့် ကလေးငယ်များက ကြီးထွားဖွံ့ဖြိုးရန်အတွက် စောစောအိပ်ရာဝင်ရန် လိုအပ်သည်။ သာမန်တက္ကသိုလ်များကဲ့သို့ ညစာသင်ချိန်မျိုး မရှိကြပေ။

လီရှန်းတစ်ယောက် ကျောင်းသို့ ရောက်ရှိသွားသည့်အချိန်တွင် အတော်ပင် နောက်ကျနေခဲ့ပြီ ဖြစ်သည်။

သို့သော် စာသင်ခန်းထဲ၌ ကလေးငယ်တချို့က စာများကို အာရုံစိုက်၍ ဖတ်ရှုနေကြဆဲ ဖြစ်လေ၏။

စုရှောင်လော်က ရှေ့ဆုံးတန်းတွင် ထိုင်နေခဲ့ပြီး သူမ၏ မျက်နှာလေးက တည်ကြည်နေကာ ပေတံနှင့် ခဲတံကို ကိုင်ဆောင်ပြီး တစ်စုံတစ်ခုကို တွက်ချက်နေခဲ့သည်။

ယခုတစ်ကြိမ်တွင် သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်က သိပ္ပံပညာရှင် ပါရမီရှင်များကို လေ့ကျင့်ပျိုးထောင်ပေးနေခြင်း ဖြစ်၏။

စုရှောင်လော်က အတန်းထဲတွင် အသက်အငယ်ဆုံး ကလေးလည်း ဖြစ်ပေသည်။

ကျောင်းသားသစ်တစ်ဦး ဖြစ်သည့်အတွက် သူမ မသိရှိသေးသော အရာများစွာရှိနေသေး၏။

မည်သို့ပင်ဖြစ်စေ စုရှောင်လော်ကို ညတွင်းချင်းပင် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာလိမ့်မည်ဟူ၍တော့ မျှော်လင့်၍ မရနိုင်ပေ။

သို့သော် ဤနေရာသို့ ရောက်ရှိလာပြီးနောက် သူမက အသိပညာများကို ရူးသွပ်မတတ် စုပ်ယူလေ့လာခဲ့၏။

ထို့အပြင် သူမက ညဘက်တွင်လည်း စနစ်၏ နေရာလွတ်ထဲ၌ စာပေများကို ကြိုးစားအားထုတ်ကာ လေ့လာခဲ့သည်။

ဤအတောအတွင်းတွင် သူမက သင်ခန်းစာများ၏ တိုးတက်မှုကို တဖြည်းဖြည်းချင်း လိုက်မှီလာနိုင်ခဲ့လေပြီ။

စနစ်ထံမှတစ်ဆင့် စုရှောင်လော်၏ ကြိုးစားအားထုတ်မှုများကို သိရှိရပြီးနောက် လီရှန်းက

သူမကိုယ်တိုင်က ပျင်းရိနေသကဲ့သို့ ခံစားမိသည်။

ယခုအခိုက်အတန့်တွင် ထိုမိန်းကလေးငယ်၏ ခေါင်းထဲ၌ ရေဒါတစ်ခု တပ်ဆင်ထားသကဲ့သို့ ဖြစ်နေခဲ့၏။

လီရှန်းတစ်ယောက် ပြတင်းပေါက်အနီးတွင် ရပ်လိုက်သည်နှင့် စုရှောင်လော်က ခေါင်းမော့လာပြီး ပြတင်းပေါက်အပြင်ဘက်သို့ လှမ်း ကြည့်လာ၏။

သူမက လီရှန်းကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် မျက်လုံးများ တောက်ပသွားရကာ ပြတင်းပေါက်ဆီသို့ ချစ်စဖွယ်ကောင်းသော အသံလေးဖြင့် လှမ်းခေါ်လိုက်သည်။

“အမေ”

ထိုအသံက တိတ်ဆိတ်ငြိမ်သက်နေသော စာသင်ခန်းထဲ၌ ကျယ်လောင်သွားစေခဲ့သည်။

တခြားကလေးငယ်များက ခေါင်းမော့၍ ကြည့်ရှုလိုက်ကြပြီးနောက် ထူးခြားမှုမရှိသကဲ့သို့ ခေါင်းကို ပြန်ငုံ့သွားကြသည်။

သူတို့အနေဖြင့် အစပိုင်းတွင် အားကျမိခဲ့ကြသော်လည်း ယခုအချိန်တွင်တော့ ကျင့်သားရနေခဲ့ကြလေပြီ။

စုရှောင်လော်က သူမ၏ စာအုပ်များကို လွယ်အိတ်ထဲသို့ ထိုးထည့်ပြီး ဇစ်ဆွဲပိတ်လိုက်လေသည်။

“အမေ၊ အဘိုးကျန်းပြောတာတော့ ဒီနေ့ သမီးတို့ကျောင်း စားသောက်ဆောင်မှာ ဝက်လက်ချိုချဥ်ချက်ရှိတယ်တဲ့၊ သမီး ဝက်လက် ချိုချဥ် စားချင်တယ်”

“ကောင်းပြီ၊ အမေ သွားဝယ်ပေးမယ်”

လီရှန်းက စုရှောင်လော်၏ လွယ်အိတ်ကို ကောက်ယူကာ သူမ၏ ပခုံးတွင် လွယ်ပိုးလိုက်လေသည်။

ထို့နောက် တခြားလက်တစ်ဖက်ဖြင့် စုရှောင်လော်၏ လက်လေးကို ဆွဲကိုင်လိုက်ရင်း ပြောဆိုလိုက်လေ၏။

“အမေတို့ကျောင်းမှာလည်း ဒီနေ့ ဝက်နံရိုးချိုချဥ်ရှိတယ်”

“ဝိုး၊ ရှောင်လော်က ဝက်နံရိုးကိုလည်း ကြိုက်တယ်”

ထိုသားအမိနှစ်ဦး၏ ရယ်မောသံများက တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။

နောက်ဆုံးတွင် စာသင်ခန်းထဲရှိ တစ်စုံတစ်ဦးက ပြောဆိုလာခဲ့သည်။

“အိမ်ကို ပြန်နိုင်တာက တကယ်ကို ကောင်းတာပဲ”

“ဒါဆို ငါတို့တွေ ကြိုးစားအားထုတ်ကြရအောင်၊ သုတေသနလုပ်ငန်းတွေမှာ အမြန်ဆုံးပါဝင်နိုင်အောင် ကြိုးစားပြီး အိမ်တစ်လုံးရအောင် လုပ်ရမယ်၊အဲဒီအချိန်ကျမှ အဖေနဲ့အမေကို ဒီကို ခေါ်လာလို့ရမှာ”

“မင်း ပြောတာ မှန်တယ်၊ ငါတို့ ပိုပြီးတော့ ကြိုးစားဖို့ လိုအပ်တယ်”

အနည်းဆုံးတော့ သူတို့က ဤမျှငယ်ရွယ်သော ကလေးတစ်ဦး၏ နောက်တွင် ကျစ်ရစ်မနေစေရန် လုပ်ဆောင်ကြရပေလိမ့်မည်။

မျက်စိတစ်မှိတ်အတွင်း၌ပင် သုံးနှစ်တာ အချိန်ကာလက ကုန်ဆုံးသွားခဲ့လေပြီ။

ဆေးတက္ကသိုလ်က အောင်မြင်စွာ ပြန်လည်ဖွင့်လှစ်နိုင်ပြီး လီရှန်းသည်လည်း ဆရာဖြစ်သူ၏ ခြေလှမ်းများအတိုင်း အောင်မြင်စွာ လျှောက်လှမ်းနိုင်ခဲ့သည်။

သူမက လက်တွေ့ကုသရေးအတန်း၏ ကျောင်းသူတစ်ဦး ဖြစ်လာခဲ့၏။

လေ့ကျင့်ရေးစခန်းတွင် နှစ်နှစ်တာ အချိန်ကို ကုန်လွန်စေခဲ့သည့်အပြင် လွန်ခဲ့သော နှစ်နှစ်က နိုင်ငံတော်မှ ဘွဲ့လွန်သင်တန်း အစီအစဉ်များကို ဖွင့်လှစ်ပေးခဲ့သည်။

ထို့ကြောင့် လီရှန်းအနေဖြင့် တက္ကသိုလ်သို့ တိုက်ရိုက်တက်နိုင်ခဲ့ပြီး ငါးနှစ်တာဘွဲ့ကြိုနှင့် မဟာဘွဲ့ ပေါင်းစပ်သင်တန်းသို့ တက်ရောက်ခွင့် ရရှိခဲ့၏။

ကျောင်းပြီးဆုံးသည့်အချိန်တွင် သူမက ဘွဲ့လွန်လက်မှတ်ကို ရရှိပေလိမ့်မည်။

စုရှောင်လော်ကလည်း သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်၌ တက်ရောက်ရသော ဒုတိယမြောက်နှစ်တွင် သုတေသနပရောဂျက်တစ်ခု၌ အောင်မြင်စွာ ပါဝင်ခွင့် ရရှိခဲ့၏။

တိတိကျကျ ပြောရလျှင် စုရှောင်လော်၏ အသက်အရွယ်က ဆယ်ကျော်သက်တစ်ဦးအဖြစ်ပင် မသတ်မှတ်နိုင်သေးဘဲ ကလေးငယ်တစ်ဦးအဖြစ်သာ သတ်မှတ်နိုင်၏။

သို့သော် သူမ၏ ထူးခြားလွန်းသော ဉာဏ်ရည်ဉာဏ်သွေးနှင့် ကြောက်မက်ဖွယ်ကောင်းလွန်းသော လေ့လာသင်ယူနိုင်စွမ်းတို့က နိုင်ငံတော်၏ အာရုံစိုက်မှုကို အောင်မြင်စွာ ရရှိစေခဲ့သည်။

သူမက နိုင်ငံထဲ၌ ကိုယ်ရံတော်များကို ထားရှိခွင့်ရသော အသက်အငယ်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့၏။

သူမက ဩဇာအာဏာကြီးမားသော ပုဂ္ဂိုလ်ကြီးနှစ်ဦးထံတွင်ပင် တပည့်အဖြစ် ဆည်းကပ်ခွင့် ရရှိခဲ့သည်။

သူမ၏အဓိက သုတေသန နယ်ပယ်က လက်နက်ခဲယမ်း ထုတ်လုပ်ရေးပညာရပ် ဖြစ်၏။

ဤသုတေသနပညာရှင်ငယ်လေးက အလွန် အရည်အချင်းရှိလွန်းသည်။

သုတေသနအဖွဲ့အစည်းသို့ ဝင်ရောက်ပြီးနောက် နှစ်လမျှသော အချိန်တိုအတွင်းမှာပင် သူမက သေးငယ်သော အောင်မြင်မှုတချို့ကို ရရှိခဲ့၏။

ထို့ကြောင့် သူမက ဦးလေးများနှင့် အဒေါ်များစွာတို့၏ စိတ်နှလုံးကို အောင်မြင်စွာ ဖမ်းစားနိုင်ခဲ့သည်။

သူမထံတွင် ဖခင်ဖြစ်ကို အရူးအမူး ဖက်တွယ်ထားတတ်ခြင်းဟူသော အချက်မှလွဲ၍ တခြားမည်သည့် အပြစ်အနာအဆာမျှ မရှိပါချေ။

*

All Chapters