← Chapters

ဒုတိယမြောက်မူလစိတ်ဝိညာဉ်

Vol. 014 Ch. 662

ဒုတိယမြောက်မူလစိတ်ဝိညာဉ်

Vol. 014 Ch. 662

ကောင်းကင်နတ်ဆိုးမြို့အပြင်ဘက် နဂါးရေကန်ထဲ၌။

နဂါးရေကန်ကို နှစ်စဉ်အလှည့်ကျ စောင့်ကြပ်နေကြသော နတ်ဆိုးတပ်သားများစွာ ရှိလို့နေ၏။မြို့တောက်၏ ပုန်းအောင်းနေသော ကျွမ်းကျင်သူများစွာသည်လည်း သူတို့အချိန်ကို သည်နေရာ၌ ကျင့်ကြံရင်း ကုန်ဆုံးနေကြ၏။မည်မျှကြီးမားသည့် ကိစ္စဖြစ်ပျက်နေပါစေ နဂါးရေကန်သို့ ဦးတည်ခြင်း မရှိသ၍ သူတို့က ထွက်ပေါ်လာလိမ့်မည် မဟုတ်ပေ။

သည်နေရာရှိ အားကောင်းလှသော နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကြောင့် လွန်ခဲ့သောဆယ်နှစ်က ဖြစ်ပျက်ခဲ့သည့် နတ်ဘုရားပြစ်ဒဏ်ပင် သည်နေရာကို မည့်သည့် ထိခိုက်မှုမှ မဖြစ်စေနိုင်ခဲ့ပေ။

နဂါးရေကန်ထဲရှိ ရေများက နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နှက်နေသည်။ရေကန်အောက်ခြေတွင်လည်း သီးခြားကမ္ဘာတစ်ခု ရှိနေ၏။နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် အကာက မြေအောက်လှိုဏ်ဂူသို့ သွားသည့်လမ်းကြောင်းကို ပိတ်ဆို့ထားပေသည်။

မြေအောက်လှိုဏ်ဂူထဲ၌ ရုပ်တု တစ်ခု ရှိနေ၏။သည်ရုပ်တုက အလွန်နက်မှောင်ကာ ရှေးဟောင်းနတ်ဆိုးတစ်ပါးနှင့် အလွန်ဆင်တူလှသည်။

ခုချိန်၌ ထိုရုပ်တု၏မျက်လုံးထဲမှ နတ်ဆိုးအလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုရုပ်တု၏ အောက်ခြေ၌ ရေကန်တစ်ခု ထပ်ရှိနေသည်။ထိုရေကန်ထဲရှိ ရေများက စီးကပ်ပျစ်ချွဲနေ၏။ခုလက်ရှိတွင် ဝမ်လင်းက ထိုရေကန်ထဲ၌ ကြာပွင့်သဏ္ဌာန်ထိုင်လျက် ရှိနေ၏။ သူက ချပ်ဝတ်ကို ဝတ်ဆင်ထားလျက် ရှိနေတုန်းပင်။သူက မျက်လုံးမှိတ်ထားလျက် ရှိနေသည်။

လင်းထျန်ဟူနှင့် ဆင်တူသည့်လူကြီးက ဝမ်လင်းရှေ့၌ ထိုင်နေ၏။သူက ခရမ်းရောင်သလင်းကျောက်ထဲ၌ ဖုံးထားခံရကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ နတ်ဆိုးစွမ်းအင်တန်းနှင့် တိုက်စားခံထားရမှုများကို ဖြည်းဖြည်းချင်း ကုစားလို့နေသည်။

ထိုရုပ်တုထံမှ နတ်ဆိုးအလင်းအမျှင်တန်းများ ထွက်ပေါ်နေပြီး ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လျက် ရှိသည်။နတ်ဆိုးအလင်းများ ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ဝင်သွားချိန်တိုင်း သူက တုန်ယင်ရ၏။

သူ့မူလစိတ်ဝိညာဉ်ထဲရှိ နတ်ဆိုးစိတ်ဝိညာဉ်သည် ရှေးဟောင်းနတ်ဆိုး၏ အကူအညီဖြင့် ဖိနှိပ်နိုင်ခဲ့ပြီးပြနိုင်ခတ်ဆိုး၏ အကူအညီဖြင့် ဖိနေန်းများ ထည်း ဖြစ်သည်။

နတ်ဆိုးစိတ်ဝိညာဉ်က ခုချိန်၌ မေ့မြောနေသည်။ သို့သော် ဝမ်လင်း ပန်းတိုင်က ၎င်းကို ဖိနှိပ်ထားနိုင်ရန် သပ်သပ်မဟုတ်ဘဲ ဝါးမြိုပစ်နိုင်ရန်ပင် ဖြစ်၏။

သူက သည်နတ်ဆိုးစိတ်ဝိညာဉ်ကို ဝါးမြိုကာ သူ့ကိုယ်ပိုင်ကျင့်ကြံမှုကို တိုးတက်အောင်လုပ်ရာ၌ အကူအညီ ဖြစ်စေမည်။

သို့ရာတွင် သည်နတ်ဆိုးစိတ်ဝိညာဉ်က သူလွယ်လင့်တကူ ဝါးမြိုနိုင်သည့်အရာ မဟုတ်ပေ။ဝမ်လင်းက လပေါင်းများစွာ သည်ရေကန်ထဲ၌ ထိုင်ကာ နတ်ဆိုးစိတ်ဝိညာဉ်ကို ဖြည်းဖြည်းချင်း ဝါးမြိုပစ်နေ၏။သို့သော် ခုထိ သူက ၎င်းကို လုံးဝ ဝါးမြိုနိုင်စွမ်း မရှိသေးပေ။

သို့သော်လည်း ဝမ်လင်းက သည်လများစွာ ဆက်တိုက် အတားအဆီးများစွာကို ဖန်တီးနေကာ ၎င်းတို့ကို နတ်ဆိုးစိတ်ဝိညာည်ပေါ်၌ ချမှတ်နေ၏။လအနည်းငယ် ကုန်လွန်ပြီးနောက် မရေမတွက်နိုင်သောအတားအဆီးများက နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်ပေါ်၌ နေရာချထားပြီး ဖြစ်လာ၏။

သည့်အပြင် ရှေးဟောင်းနတ်ဆိုး၏ အကူအညီဖြင့် ဝမ်လင်းက နတ်ဆိုး၏စိတ်ဝိညာဉ်ပေါ်၌ အမှတ်အသားတစ်ခု ထားရှိနိုင်ခဲ့သေးသည်။သို့သော သည်နတ်ဆိုးက သိသာစွာ အလွန်စွမ်းအားကောင်းလှ၏။ထို့ကြောင့် ၎င်းအပေါ် အမှတ်အသား ခပ်နှိပ်ထားနိုင်မှုက အားနည်းလွန်းနေသေးသည်။အချိန်ယူ၍ ဝမ်လင်းက ထိုနတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်ပေါ်၌ ၎င်းကို လုံးဝ ထိန်းချုပ်နိုင်သည့်အထိ အမှတ်အသားကို ဆက်လက် ခပ်နှိပ် နေသည်။

သည်နေ့တွင် ဝမ်လင်းက မျက်လုံးပွင့်လာခဲ့သည်။သူ့မျက်လုံးထဲ၌ နတ်ဆိုးဆန်သောအလင်းတစ်ချက် ဖျက်ခနဲ တောက်ပသွား၏။

“ငါ့ခုလက်ရှိ ကျင့်ကြံမှုအဆင့်နဲ့ ဒီနတ်ဆိုးကို ဝါးမြိုနိုင်စွမ်း မရှိသေးဘူး။ငါက ဒီနတ်ဆိုးရဲ့စိတ်ဝိညာဉ်မှာ အမှတ်အသား ဆက်လက်ပြီး ခပ်နှိပ်တာပဲ လုပ်နိုင်မယ်။ ဒီလို လုပ်ရင် တစ်နေ့မှာ ငါက ဒါကို ထိန်းချုပ်နိုင်စွမ်း ရှိလာလိမ့်မယ်။အဲ့အချိန်ကြလာရင် ငါက ဒီနတ်ဆိုးကို ဝါးမြိုတာထက် အခြားတစ်ဖက်မှာ ဒါကို ငါ့ဒုတိယစိတ်ဝိညာဉ်အဖြစ် သန့်စင်မွန်းမံနိုင်သွားလိမ့်မယ်...”ိုင်သ သန့်စင်မါကို ငါ့်စင်နိုင်ပြ

ဒုတိယမြောက်မူလစိတ်ဝိညာဉ်က ကျင့်ကြံသူတွေ သူတို့ အာဏာတက်ခြင်ြးအဆင့်ကို ရောက်မှ အသုံးပြုနိုင်သည့် အထူးမန္တာန်တစ်ခု ဖြစ်သည်။သို့ရာတွင် သည်မန္တာန်က လူတိုင်း အောင်မြင်အောင် အသုံးပြုနိုင်သည့် မန္တာန်တစ်ခုတော့ မဟုတ်ချေ။ဒုတိယမြောက်မူလစိတ်ဝိညာဉ် ပြုလုပ်နိုင်ရန်အတွက် ပင်မအကြောင်းရင်းသည် သန္ဓေသားကို အသုံးပြုရခြင်း ဖြစ်၏။

သန္ဓေသား၏ခွန်အားသည် ဒုတိယမူလစိတ်ဝိညာဉ်တစ်ခု ဖန်တီးနိုင်ရန် အောင်မြင်မှုနှုန်းကို အဆုံးအဖြတ် ပေးပေသည်။ကျင့်ကြံသူတစ်ယောက်က ဒုတိယမူလစိတ်ဝိညာဉ်ကို ဖန်တီးရာ၌ ကျရှုံးပါက ပြင်းထန်သောတန်ပြန်ဒဏ် သက်ရောက်ခြင်းကို ခံရမည် ဖြစ်၏။

သည့်အပြင် ဒုတိယမူလစိတ်ဝိညာဉ်တစ်ခုက ကျင့်ကြံသူတစ်ယောက်ကို ကြီးကြီးကျယ်ကျယ် ဆုံးရှုံးမှုများကိုပါ ဖြစ်သွားစေနိုင်၏။ထို့အတွက်ကြောင့်လည်း အာဏာတက်ခြင်းကျင့်ကြံသူအများစုက ဒုတိယမြောက်မူလစိတ်ဝိညာဉ်ကို မသန့်စင်၊မမွန်းမံခြင်း ဖြစ်၏။ဝမ်လင်းတွေ့ကြုံဖူးသည့် အာဏာတက်ခြင်းကျင့်ကြံသူများတွင် ဒုတိယမြောက်မူလစိတ်ဝိညာဉ် ပိုင်ဆိုင်သည့်ဟူ၍ မရှိခဲ့ပေ။

ဝမ်လင်းက တွေးနေမိ၏။ “ဒီနတ်ဆိုးစိတ်ဝိညာဉ်က ရှေးဟောင်းနတ်ဆိုးမိစ္ဆာရဲ့ ပြန့်ကျဲနေတဲ့ နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်တွေထဲက တစ်ခုပဲ။ဒုတိယမြောက်မူလစိတ်ဝိညာဉ် ဖန်တီးဖို့အတွက် ဒီလောက် သင့်တော်တဲ့ဟာ မရှိဘူး။ငါက ဒီနတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်နဲ့ဆိုရင် ဒုတိယမြောက် မူလစိတ်ဝိညာဉ်ကို ဖန်တီးနိုင်လိမ့်မယ်လို တစ်ရာရာခိုင်နှုန်း ယုံကြည်တယ်…”

“ခုချိန်မှာ ငါ့မူလစိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်က လုံးဝ ပေါင်းစပ်သွားခဲ့ပြီး ငါ့အာဏာတက်ခြင်းအဆင့်ကျင့်ကြံခြင်းကလည်း ခိုင်မာသွားခဲ့ပြီ။ခု ငါ့မှာ ဘာအန္တရာယ်မှလည်း မရှိတော့ဘူးဆိုတော့ ငါ ခုချက်ခြင်းလုပ်ရမယ့် အချို့အရာတွေ ရှိနေသေးတယ်။ငါက ဓားသူတော်စင်လင်းထျန်ဟူ ပြုလုပ်ခဲ့တဲ့ ကျန်နေခဲ့တဲ့ ဓားစွမ်းအင်ကိုလည်း မရရအောင် လုပ်ရမယ်။မဟုတ်ရင် ဒီစွမ်းအင်က အလကားဟသ ဖြစ်သွားလိမ့်မယ်…”

ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွား၏။သူက ရေကန်ထဲက‌နေ မတ်တပ်ထရပ်လာသည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်ကြောင့် ဝမ်လင်းသည် နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်နှင့်ပင် တူနေသေး၏။သူ့ဆံပင်ရှည်များက လွင့်မြောနေကာ နတ်ဆိုးဆန်သောခံစားချက်ကို ပေးစွမ်းနေသည်။

ချပ်ဝတ်ကို ထိကိုင်ကြည့်ပြီးနောက် ဝမ်လင်းမျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုအရိပ်အယောင်တို့ ပေါ်ထွက်လာ၏။သည်ချပ်ဝတ်သည် အလွန်ပင် စွမ်းအင်ကောင်းလှ၏။သို့ရာတွင် ထိုစွမ်းအားကို ဝမ်လင်းစုပ်ယူနိုင်ခြင်းမရှိသည်ကတော့ သနားစရာ အဖြစ်ပင်။

ဒီလို ဆိုပေမဲ့လည်း ငါက ဒီချပ်ဝတ်နဲ့အတူ နတ်ဆိုးလက်ချောင်းကို အသုံးပြုရင်တော့ ငါ့တစ္ဆေလောကမြစ်ထက်တောင် စွမ်းအားကောင်းလာမှာကို စိုးရိမ်မိတယ်။ငါ့ကျင့်ကြံမှုအဆင့်က ဒီချပ်ဝတ် သူ့အရှင်အဖြစ် အသိအမှတ်ပြုဖို့ လုံလောက်အောင် မြင့်မားခြင်း မရှိသေးဘူး။ ဒါ့ကြောင့် ငါက ဒီချပ်ဝတ်ရဲ့ အချို့စွမ်းရည်တွေကိုပဲ ထုတ်ယူအသုံးပြုလို့ရတယ်။ ဒါပေမဲ့လည်း ငါက နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်အပိုင်းအစကို သန့်စင်မွန်းမံလိုက်နိုင်တာနဲ့ ဒီချပ်ဝတ်ရဲ့ စွမ်းအားအပြည့်ကို အသုံးပြုနိုင်လိမ့်မယ်…”

ဝမ်လင်းသည် ချပ်ဝတ်ကို ထိတွေ့လိုက်ပြီးနောက် သိုလှောင်အိတ်ထဲကနေ လက်ကောက်တစ်ခုကို ထုတ်ယူလိုက်သည်။

သည်လက်ကောက် ပေါ်လာသည်နှင့်၎င်းက အနက်ရောင်အလင်းတန်အသွင်ပြောင်း၍ သူ့လက်ကောက်ဝတ်၌ ဝတ်ဆင်လိုက်သည်။

“မင်း ထွက်သွားတော့မလို့လား…” ရှေးဟောင်းနတ်ဆိုး၏အသံက ရုပ်တုထံကနေ ထွက်ပေါ်လာသည်။

ဝမ်လင်းက လှည့်၍ ကြည့်လိုက်၏။သူက လက်နှစ်ဖက်ကိုယှက်ကာ ပြောလိုက်သည်။ “စီနီယာ ရှေးဟောင်းနတ်ဆိုးက ငါ့ကို သုံးကြိမ်တိတိ ကူညီခဲ့ပြီးပြီး။ငါက ဒါက နှလုံးသားထဲကနေ သတိရနေပါ့မယ်။ခုတော့ ငါက အရင်တုန်းက သဘောတူညီမှုတစ်ခုကို ဖြည့်ဆည်းပေးရဦးမယ်။ဒါပေမဲ့ အဲ့သဘောတူညီမှုကို မလုပ်ပေးင် ငါ လုပ်စရာလေးအချို့ ရှိသေးတယ်။ စီနီယာ ရှေးဟောင်းနတ်ဆိုးက ငါ့ကို ကူညီပေးဖို့ မျှော်လင့်ပါတယ်…”

ရှေးဟောင်းနတ်ဆိုးက အနည်းငယ်စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဘာကိစ္စတွေလဲ…”

ဝမ်လင်းက အနည်းငယ်စဉ်းစားပြီးနောက် သိုလှောင်အိတ်ထဲမှ ကျောက်ရီသူ့ကို ပေးခဲ့သော စေတီကို ထုတ်ယူလိုက်သည်။

“ငါက ဓားစိတ်ဝိညာဉ်တစ်ခုကို ရှာချင်လို့ပါ။ဒီစေတီမှာ ဓားစိတ်ဝိညာဉ်ရဲ့နတ်ဘုရားအာရုံရှိတယ်။ စီနီယာရှေးဟောင်းနတ်ဆိုးက ဒါကို ရှာပေးဖို့ အကူအညီတောင်းပါတယ်…”

ရှေးဟောင်းနတ်ဆိုးသည် သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ပြောလိုက်သည်။ “ငါ့ ကောင်းကင်နတ်ဆိုးနိုင်ငံမှာတော့ ဒီဓားစိတ်ဝိညာဉ်ရဲ တည်ရှိမှုကို မတွေ့ရဘူး။အခြားနေရာတွေမှာတော့ ငါမပြောတက်ဘူး။နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတစ်ခုလုံးကို ရှာဖို့က ငါ့အတွက် သိသာစွာ ကြီးမားကျယ်ပြန့်လွန်းတယ်လေ။မင်းက အခြားရှေးဟောင်းနတ်ဆိုးတွေထဲက တစ်ယောက်ကို ငါ့အတွက် ယူဆောင်လာပေးမယ်ဆိုရင်တော့ ငါက သူ့ကို စုပ်ယူပြီး ကျယ်ပြန့်စွာရှာဖွေခြင်း မန္တာန်ကို အသုံးပြုနိုင်လိမ့်မယ်။ခုချိန်မှာတော့ ငါ့လက်ရှိခွန်အားနဲ့ ဒီမန္တာန်ကို အသုံးမပြုနိုင်သေးဘူး။မင်းမှာ နတ်ဆိုးမိစ္ဆာမျှော်စင်ရှိရင်လည်း မင်း နတ်ဘုရားအာရုံကို ဖြန့်ကျက်နိုင်လိမ့်မယ်…”

ဝမ်လင်းက စေတီကို ပြန်သိမ်းဆည်းကာ ခေါင်းညိတ်ပြလိုက်သည်။ သည့်နောက် သူက ခရမ်းရောင်သလင်းများ ဝန်းရံထားသည့် လူကြီးထံသို့ လက်ညှိုးထိုးကာ ပြောလိုက်သည်။ “ငါ ဒီလူ့ကို အလိုရှိပါတယ်…”

ရှေးဟောင်းနတ်ဆိုးက အချိန်အတန်ကြာ စဉ်းစားပြီးနောက် ပြောလိုက်၏။ “ငါ သူ့ကို မင်းရှိ ပေးလိုက်နိုင်တယ်။ဒါပေမဲ့ မင်းက နှစ်တစ်ရာအတွင်း ရှေးဟောင်းနတ်ဆိုတစ်ပါးကို ငါ့အတွက် သိမ်းယူပေးနိုင်ရမယ်…”

ဝမ်လင်းက ခေါင်းညိတ်ပြလိုက်သည်။ “ငါက ရှေးဟောင်းနတ်ဆိုးရဲ့ အမွေအနှစ်ထဲကို ဝင်ရောက်ချင်ပြီး ဒီထူးဆန်းအံ့ဖွယ်နယ်မြေကို နားလည်အောင် လုပ်ချင်တယ်။ဒါကို အသုံးပြုပြီး ငါ့မန္တာန်တွေကို မွန်းမံနိုင်လိမ့်မယ်…”

“ဒါက မခက်ပါဘူး။ဒါပေမဲ့ ငါက မင်းကို အကြိမ်များစွာ ကူညီခဲ့ပေးပြီးပြီး။အခြားတစ်ဖက်မှာတော့ မင်းက ငါ့အတွက် ဘာမှ မလုပ်ပေးရသေးဘူး။ ဒီတော့ မင်း ရှေးဟောင်းနတ်ဆိုးတစ်ပါးကို ထုတ်ယူလာပြီးမှ ငါတို့ ဒီအကြောင်းကို ဆက်ပြောကြတာပေါ့…”

ဝမ်လင်းက ပြုံး၍ ဆို၏။ “ကောင်းပါပြီ…။ဒါပေမဲ့ ဒီလို လုပ်နိုင်ဖို့က ငါ တစ်ယောက်တည်းနဲ့ဆိုရင် တော်တော်လေး ခက်ခဲလိမ့်မယ်…”

“ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ တမန်တော်ပဲ။ မင်းရဲ့ အဆင့်အတန်းက ခုချိန်မှာ နတ်ဆိုးအင်ပါယာထက် ပိုမြင့်သွားပြီ။ ငါ့ ကောင်းကင်နတ်ဆိုးနိုင်ငံက မင်းကို ကူညီပေးဖို့ မီးနတ်ဆိုးနိုင်ငံနဲ့ တရားဝင်စစ်ပွဲတစ်ခု ဆင်နွှဲလိုက်မယ်။မင်းက မီးနတ်ဆိုးနိုင်ငံရဲ့ နတ်ဆိုးစမ်းအိုင်ကို ရောက်တာနဲ့ ငါမင်းကို ပေးလိုက်တဲ့ မန္တာန်ကို သတိရပါ…”

ဝမ်လင်းက လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်၏။သည့်နောက် သူ ခရမ်းရောင်သလင်းကျောက်များ ဝန်းရံနေသည့်လူကြီးထံသို့ လက်ဆန်တန်းလိုက်သည်။ထို့နောက်တွင် သူက ခြေတစ်လှမ်းလှမ်းကာ နဂါးရေကန်ကနေ ထွက်ခွာသွားတော့၏။

ရှေးဟောင်းနတ်ဆိုးကို ကျောက်ရီကို ရှာဖွေရန်နှင့် အမွေအနှစ်ထဲသို့ ဝင်ရောက်ခွင့် ပြုရန် တောင်းဆိုခဲ့သည့် အကြောင်းရင်းသည် ရှေးဟောင်းနတ်ဆိုးသည် သူ့အတွက် များစွာ လုပ်ပေးခဲ့ပြီး ဖြစ်သောကြောင့်ပင်။သူသာ မည်သည့်ဆန္ဒမှ မရှိသလို ဆက်လက် လုပ်ဆောင်နေပါက ရှေးဟောင်းနတ်ဆိုးသည် အထင်အမြင်လွဲ သံသယ ရှိသွားနိုင်၏။

ရှေးဟောင်းနတ်ဆိုးအား သူ အကူအညီတောင်းသော တောင်းဆိုချက်နှစ်ခုသည်လည်း ရှေးဟောင်းနတ်ဆိုးကို မည်သည့်လှည့်ဖျားမှုမှ မလုပ်ဘဲ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ထိုနည်းဖြင့် ရှေးဟောင်းနတ်ဆိုးသည် သူ့အပေါ်၌ စိတ်ပိုရှည်လာနိုင်မည် ဖြစ်၏။

ဝမ်လင်းက ကောင်းကင်နတ်ဆိုးမြို့၏ ကီလိုမီတာငါးထောင်အကွာရှိ လေဟာနယ်ထဲမှ ပြန်ပေါ်လာခဲ့သည်။သူက သူ့လက်ထဲရှိ သလင်းကျောက်ကို သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်၏။

“ဒီလူက ဓားသူတော်စင်လင်းထျန်ဟူနဲ့ ပတ်သတ်မှုအချို့ ရှိရမယ်။သူက အနာဂတ်မှာ အချို့နေရာတွေမှာ အသုံးဝင်ကောင်း ဝင်လာနိုင်တယ်…” ဝမ်လင်းမျက်လုံးများက စဉ်းစားနေသည့်ဟန် ဖြစ်ပေါ်နေသည်။သည့်နောက် သူက နောက်တစ်ကြိမ်ခြေလှမ်းကာ တည်နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုလိုက်၏။

ဝမ်လင်းက ဆက်ကာဆက်ကာ တည်နေရာ ရွှေ့ပြောင်းသွား၏။သူ့ဦးတည်ရာသည် ဓားသူတော်စင်လင်းထျန်ဟူ၏ တပည့် ဇီရှုသေဆုံးသွားခဲ့သော နေရာ ဖြစ်၏။သူက ဓားစိတ်ဆန္ဒကို ရရန် လွယ်လွယ်နှင့် လက်လျော့လိမ့်မည် မဟုတ်ပေ။ထို့ကြောင့်သူက ခုလို ရှာဖွေရမည်သာ ဖြစ်၏။ တကယ်တော့ လင်းထျန်ဟူ၏ ဓားစွမ်းအင်သည် အလွန်ပင် အဖိုးတန်လွန်းလှသည် မဟုတ်လော။

မဟာ တည်နေရာရွှေ့ပြောင်းခြင်း မန္တာန်က အားကောင်းသောမန္တာန်တစ်ခု ဖြစ်၏။ထိုမန္တာန်ကို အကြိမ်အနည်းငယ် အသုံးပြုပြီးသည့်နောက် ဝမ်လင်းက မီးနတ်ဆိုးနိုင်ငံထဲသို့ ဝင်ရောက်လာခဲ့တော့သည်။

ဇီရှုက တောတစ်ခုထဲ၌ သေဆုံးခဲ့ခြင်းဖြစ်ကာ ထိုနေရာရှိ အပင်အများစုသည် ခြောက်သွေ့ကာ နေ၏။ထိုနေရာ၌ ပုတ်သိုး ပျက်စီးနေသော အလောင်းများလည်း ရှိလို့နေသည်။တကယ်တော့ ဇီရှုသေဆုံးသွားခဲ့သည်မှာ လအချို့ ကြာမြင့်နေခဲ့ပြီ ဖြစ်၏။

သို့ရာတွင် ဇီရှု၏အလောင်းက ထိုနေရာတွင် ခုထိ ရှိလို့နေသေးသည်။

သူ့အလောင်းဘေး၌ ရွှေရောင်အလင်းတစ်ခု ခပ်ဖျော့ဖျော့ ထွက်ပေါ်နေကာ တိရိစ္ဆာန်များနှင့် ငှက်များသည်လည်း အလောင်းပတ်ပတ်လည်၌ ရှိနေကြသည်။အစ၌ သည်တိရိစ္ဆာန်များသည် အလောင်းများကို စားသောက်ရန် ရောက်လာကြခြင်း ဖြစ်သော်လည်း ဇီရှု၏အလောင်းနားသို့ နီးကပ်လာချိန်၌ သူတို့က ချက်ခြင်း သေဆုံးသွားခဲ့ရပေသည်။

ယနေ့တွင် အကွာအဝေးတစ်ခုမှ အပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။၎င်းအလင်းတန်းက အပြာရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းလူကြီး တစ်ယောက် ဖြစ်သည်။သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ မြေပြင်ပေါ်ရှိ ဇီရှု၏အလောင်းကို ရှာတွေ့သွား၏။ထို့နောက် သူက ကောင်းကင်ထက်မှ ချက်ခြင်းဆင်းသက်လာကာ ဇီရှုအလောင်းနှင့် ပေတစ်ရာ အကွာသို့ ရောက်ရှိလာသည်။

“ဒီနေရာပဲ။ငါမျှော်လင့်ထားသလိုပဲ ဒီလူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရတနာတစ်ခု ရှိကိုရှိရမယ်။မဟုတ်ရင် ဒီလို ဓားစွမ်းအင်မျိုး ထုတ်လွှတ်နေမှာ မဟုတ်ဘူး…”

သက်လတ်ပိုင်းလူကြီး၏ မျက်လုံးများသည် ဇီရှုအလောင်းကို ကြည့်နေရင်း ပျော်ရွှင်မှုနှင့် ပြည့်လို့နေသည်။

ဇီရှုက အလွန်ခေါင်သောနေရာတွင် သေသွားခဲ့ခြင်း ဖြစ်၏။လူတစ်ယောက်က သေချာ မကြည့်ပါက သူ့အလောင်းကို ရှာတွေ့ရန် ခက်ခဲပေလိမ့်မည်။သက်လတ်ပိုင်းလူကြီး၏ ကျင့်ကြံမှုနည်းလည်းသည် ငှက်နှင့်သားရဲများကို ပိုင်ဆိုးသည့်နည်း ဖြစ်၏။သူ့နတ်ဘုရားအာရုံက စွမ်းအားကောင်းလှခြင်း မရှိသော်လည်း သူက ကျင့်ကြံနေစဉ် သူပိုင်ဆိုးထားသည့် ငှက်သည် ဇီရှုအလောင်းကို ရှာတွေ့နိုင်ခဲ့ခြင်း ဖြစ်သည်။

သည်လူက မှင်သက်သွားကာ တစ်ခုခု ဖြစ်နေသည်ကို သတိပြုမိသွားသည့်အတွက်ကြောင့် အလောင်းကို အလျင်အမြန် ခုလို လိုက်ရှာခဲ့ခြင်း ဖြစ်၏။

သူက ဇီရှု၏ခန္ဓာကိုယ်ကို ကြည့်ကာ အသက်ဝဝရှူသွင်းလိုက်မိ၏။သည့်နောက် သူက သိုလှာ်အိတ်ထဲမှ အနက်ရောင်ပိုးတောင်မာ များကို ထုတ်ယူလိုက်၏။ ၎င်းပိုးကောင်တို့သည် အလောင်းထံသို့ ချက်ခြင်းပျံသန်းသွားကြသည်။

သို့ရာတွင် သည်ပိုးတောင်မများက အလောင်းနှင့် ပေတစ်ရာအတွင်းသို့ ရောက်သည်နှင့် သူတို့ခန္ဓာကိုယ်များမှ ရွှေရောင်အလင်းများ ပေါက်ကွဲထွက်လာကြ၏။သည့်နောက် ပိုးတောင်များအားလုံးသည် မျိုးပြုတ်သွားချေတော့သည်။

သက်လတ်ပိုင်းလူကြီးက တုန်လှုပ်သွားခြင်း မရှိသည့်အပြင် သူ့ပုံစံက ပျော်သည့်ပုံပင် ဖြစ်သွားသေး၏။သူက ဇီရှုအလောင်းကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ဒီနေရာမှာ ကျိန်းသေ ရတနာတစ်ခု ရှိနေပြီ…” သူက အသက်ဝဝရှူသွင်းကာ သူ့မန္တာန်များကို ဆက်လက်အသုံးပြုရန် ဟန်ပြင်လိုက်၏။ထိုအခိုက်မှာပင် သူ့နောက်ဘက်မှ အေးစက်စက်နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာတော့၏။

ထိုလူက တုန်လှုပ်သွား၏။သူက နောက်သို့ ဆက်ခနဲ လှည့်ကြည့်ကာ သူ့ညာလက်ကို ဝှေ့ယမ်းလိုက်၏။သူ့အင်္ကျီလက်အိုးထဲမှ အနက်ရောင်တိမ်ထုများ ပျံသန်းထွက်သွားလေသည်။သည်တိမ်တိုက်များသည် အမှန်တော့ ဆန်စေ့အရွယ် အင်းဆက်ပိုးကောင်များ ဖြစ်ကြလေ၏။ထို့နောက် အနက်ရောင်တိမ်ထုသည် သူ့နောက်ရှိ လူထံသို့ တိုးဝင်သွားချေသည်။

ထိုအခွင့်အရေးကို အသုံးပြုကာ ထိုလူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်၍ တစ်ချက်ကြည့်လိုက်၏။ထို့နောက် သူက ချက်ခြင်း လေအေးတစ်ချက် ရှိုက်သွင်းလိုက်ရသည်။

အနက်ရောင်ချပ်ဝတ်နှင့် လူတစ်ယောက်က သူ့နောက်တွင် မားမားရပ်နေကာ ထိုသူ့ကို မွန်းစတားဆန်သော နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်လှိုင်းများ ဝန်းရံကာနေ၏။ထိုလူပစ်လွှတ်လိုက်သည့် အင်းဆက်များသည်လည်း သည်လူ့အနား နီးကပ်လာသည်နှင့် ချက်ခြင်း သေဆုံးသွားရတော့သည်။

သက်လတ်ပိုင်းလူကြီးအသွင်က ပြောင်လဲသွားတော့၏။သူက ခြေလှမ်းအနည်းငယ် နောက်သို့ ဆက်ဆုတ်လိုက်သည်။သူက လက်နှစ်ဖက်ယှက်ကာ မေးလိုက်၏။ “မိတ်ဆွေက ငါ ငါ့ဂျူနီယာညီလေးခန္ဓာကိုယ်ကို လာယူတာကို ဘာကြောင့်များ တားဆီးချင်ရတာလဲ…”

“မင်းရဲ့ ဂျူနီယာညီလေးလား…” ချပ်ဝတ်နှင့်လူက ဝမ်လင်းပင် ဖြစ်၏။သူက တည်နေရာရွှေ့ပြောင်းမှုများစွာ ပြုလုပ်ပြီး သည်နေရာသို့ ရောက်လာပြီးနောက် ဝမ်လင်းက ဇီရှုအလောင်းကို ကျေနပ်ပျော်ရွှင်စွာကြည့်နေသည့် သည်သက်လတ်ပိုင်းလူကြီးကို တွေ့မြင်ခဲ့ရ၏။

“ဟုတ်တာပေါ့။ သူက ငါ့ ဂျူနီယာညီလေးပဲ။ငါတို့က ဟီယွမ်ကလန်က တပည့်တွေ ဖြစ်ကြတယ်။ ဒီလူ့ကိုတော့ ကျိုးချူလို့ ခေါ်တယ်။ ငါ့နည်မည်ကတော့ ထုံယွမ်ပါ။ ငါတို့နှစ်ယောက်လုံးက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကို အတူလာခဲ့ကြတာ။လွန်ခဲ့တဲ့ တစ်လက ငါ့ဂျူနီယာညီ ကျိုးနဲ့ ငါက ကွဲသွားခဲ့ကြတာ။ငါကတော့ သူအသတ်ခံခဲ့ရတယ်လို့ မထင်ထားဘူး။ ဂျူနီယာညီလေးရှိမှာသာ ကလန်ရဲ့ ရွှေရောင်အလင်း ထုတ်လွှတ်ပေးတဲ့ ခြေရာခံအရာဝတ္ထု မရှိရင် ငါက ဒီနေ့ သူ့ကို ရှာနိုင်မှာ မဟုတ်ဘူး…”

ထုံယွမ်အသွင်က ဝမ်းနည်းနေသည့်ဟန် ဖြစ်ပေါ်နေသည်။

***

All Chapters