← Chapters

ဇီရှု၏ဓားစွမ်းအင်

Vol. 014 Ch. 663

ဇီရှု၏ဓားစွမ်းအင်

Vol. 014 Ch. 663

သည်ထုံယွမ်၏ တုံ့ပြန်မှုအမူအရာက မြန်ဆန်စွာ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။သူက ဝမ်လင်းကို စကားပြောနေချိန်၌ အလွန်ဝမ်းနည်းနေသည့်အသွင်ဖြင့် ပြောလို့နေခြင်းပင်။

သာမန်လူတစ်ယောက်သာ ဆိုလျှင် ထိုလူ၏ လှည့်ဖျားမှုကို အနည်းနှင့်အများ ခံရမည်သာ ဖြစ်သည်။

ဝမ်လင်းက ထုံယွမ်ကို အေးစက်စွာ ကြည့်သည်။သည့်နောက် သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ ရှေ့သို့ ဆက်လျှောက်လာ၏။ထုံယွမ်၏အသွင်က အနည်းငယ် ပြောင်းလဲသွား၏။သူက ဝမ်လင်းထံသို့ စူးစိုက်ကြည့်နေရင်း နောက်သို့ ဆုတ်ကာ စိတ်ထဲ၌ တွေးနေမိသည်။

“ဒီလူ ဝတ်ဆင်ထားတဲ့ ချပ်ဝတ်က တော်တော်လေး ကြောက်ဖို့ ကောင်းတယ်။ ဒါ့အပြင် ငါက သူ့ကျင့်ကြံမှုအဆင့်ကိုလည်း မမြင်နိုင်ဘူး။ဒီလူက ကျင့်ကြံသူတစ်ယောက်လား၊ ဒါမှမဟုတ် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေရဲ့ ဒေသခံတစ်ယောက်လား ငါ သေချာမသိဘူး။ဒါပေမဲ့ ဒီလူက ဘယ်လောက်ပဲ စွမ်းအားကောင်းပါစေ အလောင်းနဲ့ ပေတစ်ရာအတွင်း ရောက်သွားတာနဲ့ သူက သံသယမရှိ သေဆုံးသွားရလိမ့်မယ်။ငါက သူ့ကို ဘာမှ လုပ်စရာမလိုဘူး။သူက ဟို ရတနာက ထုတ်လွှတ်နေတဲ့ ရွှေရောင်အလင်းကြောင့်ပဲ သူ့ဟာသူ သေသွားရလိမ့်မယ်။အဲ့ကျမှ ငါက ငါ့ကိုယ်ပိုင်နည်းလမ်းကို အသုံးပြုပြီး ဒီရတနာကို သိမ်းယူရမယ်။အဲ့အခါကျရင် အဲ့လူဝတ်ထားတဲ့ ချပ်ဝတ်တောင် ငါဟာ့ ဖြစ်လာလိမ့်မယ်…”

ထုံယွမ်က စိတ်ထဲ၌ နှာခေါင်းရှုံ့သည်။သို့သော် အပြင်ပိုင်းတွင်တော့ သူက ဒေါသထွက်ဟန် ပြုမူလိုက်၏။သို့ရာတွင် သူက ဝမ်လင်းကို တားဆီးဝံ့ခြင်း မရှိပေ။

ဝမ်လင်းက ရှေ့သို့ ဆက်လျှောက်လှမ်းလာကာ ဇီရှုအလောင်း၏ ပေတစ်ရာအတွင်းသို့ ဝင်ရောက်လာသည်။သူက ပေတစ်ရာအတွင်းသို့ ဝင်ရောက်လာသည်နှင့် ဇီရှုထံမှ ရွှေရောင်အလင်းတစ်ချက် ဖျပ်ခနဲ လင်းလက်လာသည်။သည်ရွှေရောင်အလင်းက ဝမ်လင်းကို အပ်တစ်သောင်းနှင့် ထိုးစိုက်လာသကဲ့သို့ ဖြစ်စေသည်။

ထုံယွမ်က ပျော်ရွှင်လို့သွား၏။သို့ရာတွင် သူက လေအေးတစ်ချက် ချက်ခြင်း ရှိုက်သွင်းလိုက်ရကာ သူ့မျက်လုံးထဲရှိ ဂုဏ်ယူနေမှုသည်လည်း ရုတ်တရက် ပျောက်ကွယ်သွား၏။

စစ်ခမောက်အောက်ရှိ ဝမ်လင်းမျက်လုံးများထံမှ အေးစက်စက် အကြည့်တစ်ခုကို ထုတ်ဖော်လာ၏။သူက လက်ဝှေ့ယမ်းလုက်ရာ ရွှေရောင်အလင်းသည် ဘေးသို့ လွင့်စင်သွားသည်။ဝမ်လင်းသည် လင်းထျန်ဟူ၏ ဓားစွမ်းအင်နှင့်ပတ်သတ်၍ တစ်ကြိမ် တွေ့ကြုံခဲ့ဖူးပြီးသား ဖြစ်၏။ခုချိန်တွင် သူက နောက်ထပ် ခြေတစ်လှမ်းကို သက်တောင့်သက်သာ လှမ်းလိုက်ကာ ဇီရှုဘေးနားသို့ ရောက်ရှိသွားတော့သည်။

သူ့ခြေလှမ်းက ပေတစ်ရာအပြင်တွင် ရှိနေသည့် ထုံယွမ်အား တုန်လှုပ် ကြောက်လန့်သွားစေသည်။သူက သူ့အတွက် အခြေအနေမဟန်သည်ကို သဘောပေါက်သွားကာ ထွက်ပြေးရန် လှည့်လိုက်၏။သို့သော် ထိုအခိုက်မှာပင် သူ့နားထဲသို့ အေးစက်စက်နှာခေါင်းရှုံ့သံတစ်ခု တိုးဝင်လာလေသည်။

ထုံယွမ်ခန္ဓာကိုယ်က တုန်ယင်သွားကာ ရပ်တန့်သွား၏။သူက ထွက်ပြေးရန် ကြိုးစားလိုက်သည်နှင့် သံသယမရှိသေဆုံးရလိမ့်မည်ဟု ခံစားမိလိုက်သည်။သေခြင်းတရားက သူ့နှလုံးသားထဲသို့ ဆင်းသက်လာချေ၏။

“မင်းက မင်းဂျူနီယာညီရဲ့ အလောင်းကို မလိုချင်တော့ဘူးလား…” ဝမ်လင်းက ထိုသို့လှမ်းပြောလိုက်သော်လည်း နောက်သို့ လှည့်ပင် မကြည့်ချေ။

ထုံယွမ်မျက်နှာက ရှုံ့တွသွား၏။သူက ခပ်သွက်သွက် ပြန်ပြောလိုက်၏။ “စီနီယာက ဒါကို လိုချင်တယ်ဆိုရင်တော့ ကျေကျေနပ်နပ် ယူသွားပါ။ဂျူနီယာက ဘာမှ အထွန့်တက်စရာ မရှိပါဘူး။ငါ့ဂျူနီယာက ကြမ်းတမ်းတဲ့ဘဝတစ်ခု ရှိခဲ့တယ်။ခုတော့ စီနီယာလို လူမျိုးက သူ့ကို အသုံးပြုလိုတဲ့အတွက် ဒါက သူ့အတွက် ချီးမြှောက်ခံရတာ ဖြစ်တယ်…”

ခုချိန်၌ ထုံယွမ်သည် အမှန်တကယ် ကြောက်ရွှံ့နေခဲ့ပြီ ဖြစ်၏။

ဝမ်လင်းသည် ဇီရှုအလောင်းသို့ ကြည့်နေ၏။သည့်နောက် သူ့အကြည့်က ဇီရှု၏နှဖူးထက်သို့ ရောက်ရှိသွားသည်။ရွှေရောင်အလင်းက သူ့မျက်ခုံးနှစ်ခုကြားမှ ထွက်ပေါ်နေခြင်းပင်။

ဝမ်လင်းက သေချာအာရုံစိုက်ကာ ဇီရှု၏ခေါင်းကို ဖြတ်တောက်လိုက်၏။သည့်နောက် သူက ခေါင်းကို ကိုင်ယူကာ မူလမီးတောက်ကို ပါးစပ်အပြည့် ထွေးထုတ်လိုက်၏။

အရောင်မဲ့သော မီးတောက်က ဇီရှုခေါင်းကို ထွေးခြုံသွားပြီးနောက် စတင်လောင်ကျွမ်းပြီး ထိုခေါင်းကို သန့်စင်မွန်းမံလေ၏။

တစ်ခြားတစ်ဖက်တွင်တော့ ထုံယွမ်က သည်အရာများအားလုံးကို တွေ့မြင်နေရသည်။သူ့နှလုံးသားက နောက်တစ်ကြိမ် တုန်ယင်သွားရပြန်၏။သူက ခါးသီးစွာ တွေးနေမိသည်။ သူ…သူက မူလမီးတောက်ရှိတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်ရမယ်။ဒါပေမဲ့ သူက နတ်ဆိုးလမ်းကြောင်းကို လျှောက်လှမ်းတဲ့ အလွန်ရက်စက်ကြမ်းကြုတ်တဲ့ ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်ရမယ်။

ဝမ်လင်းက သန့်စင်မွန်းမံခြင်း ခံနေရသည့် ဇီရှုဦးခေါင်းကို ကြည့်နေသည်။သူ့မျက်လုံးများက တလက်လက်တောက်ပနေ၏။သူက ပိုများသောမူလမီးတောက်များကို ထွေးထုတ်လိုက်ပြန်သည်။သိပ်မကြာခင်တွင် ဇီရှုခေါင်းသည် ပျောက်ကွယ်သွားကာ ရွှေရောင်အလင်းတစ်ခုသာ ကျန်ရစ်တော့၏။

ဝမ်လင်းက ထိုရွှေရောင်အလင်းကို ဖမ်းယူကာ အသက်ဝဝရှူသွင်းလိုက်သည်။ထို့နောက် သူက ၎င်းကို ပါးစပ်နားသို့ ယူကာ ဝါးမြို့လိုက်၏။

သည့်နောက်တွင်တော့ ဝမ်လင်းသည် ဘယ်ခြေထောက်ဖြင့် ဇီရှုခန္ဓာကိုယ်ကို ထုံယွမ်ရှိရာသို့ ကန်ထုတ်လိုက်၏။သူက ပြောလိုက်သည်။ “ဒါက မင်းရဲ့ ဂျူနီယာညီလေးရဲ့ ခန္ဓာကိုယ်ပဲ။သူ့ကို ကောင်းကောင်း မြုပ်နှံ့ပေးလိုက်ပါ…”

ထုံယွမ်၏မျက်နှာက အလွန်ဖြူရောသွားသည်။သူက ထိုအလောင်းကို လျင်မြန်စွာ ဖမ်းယူကာ ပြောလိုက်၏။ “ဟုတ်…ကျေးဇူးတင်ပါတယ်…စီနီယာ။ကျေးဇူးပါ စီနီယာ…”

သူက ထိုအလောင်းကို သယ်ကာ အလျင်အမြန် ထွက်ခွာသွားတော့သည်။

သူက ဝမ်လင်းနှင့် ကီလိုမီတာများစွာ ဝေးသောနေရာရောက်မှ စိတ်သက်သာရာရတော့သည်။ သူ့တစ်ကိုယ်လုံးသည်လည်း ချွေးများနှင့် ရွှဲနစ်ကာနေသည်။သူက သူ့လက်ထဲရှိ အလောင်းကို ကြည့်ကာ မုန်းတီးစွာ ခံစားလိုက်ရ၏။သည့်နောက် ယင်းအလောင်းကို ဘေးသို့ လွှင့်ပစ်လိုက်လေသည်။ထို့နောက် သူက ညာလက်ကိုဝှေ့ယမ်းလိုက်ရာ အနက်ရောင်တိမ်ထုကြီး တစ်ခု ပေါ်လာချေသည်။သည်အနက်ရောင်တိမ်ထုက အလောင်းကို ဖုံးအုပ်သွားပြီး မျက်စိတစ်မှိတ်အတွင်း အလောင်းတစ်ခုလုံးသည် အရိုးမကျန် ဝါးမြိုခြင်း ခံလိုက်ရတော့သည်။

“ဒါတွေအားလုံးက ဒီအလောင်းအမှားကြောင့် ဖြစ်ရတာ။ငါက အဲ့နေရာမှာ အသက်ဆုံးရှုံးတော့မလို့ပဲ။ အဲ့စီနီယာရဲ့ ကျင့်ကြံမှုအဆင့်က မြင့်မားပေမဲ့လည်း သူ့အတွေးကတော့ နည်းနည်းလိုသေးတယ်။သူက ဒီလူဟာ ငါ့ဂျူနီယာညီ ဖြစ်တယ်လို့ တကယ်ထင်နေခဲ့တာပဲ…”

ထုံယွမ်က မြေကြီးပေါ်သို့ သတွေး ပက်ခနဲ ထွေးလိုက်၏။သူက ဖြစ်ပျက်ခဲ့သည်ကို ပြန်တွေးမိကာ ကြောက်ရွှံ့မှုကို ခံစားရသည်။

လင်းထျန်ဟူ၏ဓားစွမ်းအင်ကို ဝါးမြိုပြီးသည့်နောက် ဝမ်လင်းခန္ဓာကိုယ်သည် မြေကြီးထဲသို့ ဖြည်းဖြည်းချင်း နစ်မြုပ်သွားသည်။သူက မြေအောက်တွင် ကြာပွင့်သဏ္ဌာန်ထိုင်ချကာ တိတ်ဆိတ်စွာ ဆက်လက် မွန်းမံနေ၏။

အချိန်တစ်ခုမပေးပါက လင်းထျန်ဟူ၏ဓားစွမ်းအင်ကို သူ့ကိုယ်ပိုင်အဖြစ် ပြုလုပ်နိုင်ရန် ခက်ခက်ပေလိမ့်မည်။

မြေကြီးအောက်၌ ဝမ်လင်းက နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ သိပ်မဝေးသော နေရာတွင် နောက်ထပ်နတ်ဘုရားအာရုံတစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။သည့်နောက် သူ့ လက်ကို မြေအောက်ထဲ၌ ဆန့်ထုတ်လိုက်ရာ အကွာအဝေးတစ်ခုရှိ ဓားစွမ်းအင်သည် ချက်ခြင်း ရုန်းကန်လာသည်ကို တွေ့လိုက်ရ၏။ထို့နောက် ၎င်းက ဧရာမကြွက်ကြီးတစ်ကောင်အဖြစ်သို့ ပြောင်း၍ ဝမ်လင်းအား ဟိန်းလိုက်၏။

ဝမ်လင်းက အံ့အားသင့်သွား၏။သူက သူ့အာဏာတက်ခြင်းကျင့်ကြံမှုအော်ရာကို ထုတ်လွှတ်လိုက်ရာ ထိုကြွက်သည် နာကျင်စွာအော်ဟစ်လိုက်ရကာ ဝမ်လင်း၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

ဝမ်လင်းရှေ့၌ ပေါ်လာသည့်အရာက ရိုးရှင်းသော ရှေးဟောင်းဓားတစ်လက်ပင် ဖြစ်၏။ဓားပေါ်၌ ဝမ်လင်းအား စူးရဲစွာ ကြည့်နေသည့် အနက်ရောင်ကြွက်တစ်ကောင် ရှိလို့နေသည်။

“ဇီရှုရဲ့ဓား…” ဝမ်လင်းက ပြုံးလိုက်၏။သူက ဇီရှုကို သတ်ခဲ့သည့်အချိန်၌ သူ့မူလစိတ်ဝိညာဉ်သည် ရူးသွပ်နေသည့်အနေထားတွင် ရှိနေ၏။ထို့ကြောင့် သူက ဓားကိုဖမ်းဆုပ်ကာ လွှင့်ပစ်ခဲ့ခြင်းပင်။ခု နောက်မှ ပြန်တွေးမိကာ သူက အလွန်နောင်တရစွာ ခံစားခဲ့ရ၏။သို့ရာတွင် ယနေ့၌ သူသည် လင်းထျန်ဟူ၏ မူလစိတ်ဝိညာဉ်ကို ရသည့်အပြင် ဇီရှု၏ဓားကိုပါ ရှာတွေ့နိုင်ခဲ့ပေသည်။

“ဓားသူတော်စင် လင်းထျန်ဟူ။တစ်နေ့ ငါ ဝမ်လင်းက ဓားဆယ့်နှစ်လက်လုံး ယူဆောင်နိုင်ရင် သင် ဘယ်လိုများ နေမလဲ…”

ဝမ်လင်းက ဓားကို ဆွဲကိုင်ကာ သူ့ကိုယ်ပိုင်နတ်ဘုရားအာရုံကို ယင်းဓားပေါ်၌ ခပ်နှိပ်ပြီးနောက် သိုလှောင်အိတ်ထဲသို့ ထည့်ထားလိုက်တော့သည်။

လင်းထျန်ဟူ၏ တပည့် ဓားဆယ့်နှစ်လက်၏ ရတနာဓားများက ရိုးရှင်းလှခြင်း မရှိပေ။ဓားဆယ့်နှစ်လက်၏ ကျင့်ကြံမှုသည် ထိုရတနာဓားများ၏ စွမ်းအားအပြည့် ထုတ်ဖော်အသုံးပြုနိုင်ရန် လုံလောက်ခြင်း မရှိပေ။သို့ရာတွင် ဝမ်လင်းလက်ထဲတွင် ထိုအရာက ခြားနားသွားခဲ့ပေပြီ။

ဝမ်လင်းက မြေအောက်၌ တစ်လတိတိ ကုန်ဆုံးပြီးနောက် ဓားစွမ်းအင်ကို သန့်စင်မွန်းမံနိုင်ခဲ့၏။ခုချိန်၌ သူက ဓားစွမ်းအင်ကို ကိုယ်ပိုင်အဖြစ် အသုံးပြုနိုင်ပြီ ဖြစ်သည်။ထိုအရာက သူ သိမ်းဆည်းထားခဲ့သော မိုယန်၏ ဓားစွမ်းအင်နှင့် မတူညီချေ။မိုယန်၏ ဓားစွမ်းအင်က ပြင်ပသို့ ထုတ်ဖော်လိုက်သည်နှင့် တစ်ကြိမ်သာ အသုံးပြုနိုင်မည် ဖြစ်သည်။

ဇီရှုဓားစွမ်းအင်ကို သန့်စင်ပြီးသည့်နောက်တွင်တော့ ဝမ်လင်းသည် ၎င်းစွမ်းအင်ကို သူဆန္ဒရှိသလို ထုတ်လွှတ်နိုင်သလို ပြန်သိမ်းဆည်းမှုကိုလည်း ပြုလုပ်နိုင်ပြီ ဖြစ်သည်။သူက ဤဓားစွမ်းအင်ကို မတူညီသော ဓားစွမ်းအင် ဆယ်မျိုးလောက်ထိ ခွဲထွက်ကာ အသုံးပြုနိုင်ပြီ ဖြစ်၏။တကယ်တော့ သူသာ ထိုစွမ်းအင်ကို တစ်ပေါင်းတစ်စည်းတည်း အသုံးပြုပါက လင်းထျန်ဟူ ဓားစွမ်းအင်တန်း၏ အံ့မခန်းစွမ်းအားကို ယှဉ်နိုင်မည် ဖြစ်သည်။

ထို့ကြောင့် ရလဒ်အနေဖြင့် ယခုဓားစွမ်းအင်သည် ပို၍ သင့်တင့်ကောင်းမွန်လှ၏။အရင်က ဓားစွမ်းအင်နှင့် နှိုင်းယှဉ်ပါက ကောင်းကင်နှင့်မြေကြီးလောက် ကွာခြားသွားခဲ့ပြီ ဖြစ်သည်။ဓားဆယ့်နှစ်လက်တွင် အများစုသည် လင်းထျန်ဟူ သူတို့အား ပေးခဲ့သော ဓားစွမ်းအင်ကို တစ်ကြိမ်သာ အသုံးပြုနိုင်ကြ၏။သူတို့က ထိုစွမ်းအင်ကို ဆန္ဒရှိသလို ထုတ်လွှတ်လိုက် ပြန်သိမ်းဆည်းလိုက် လုပ်နိုင်စွမ်း မရှိကြပေ။

သို့သော် ဝမ်လင်းကတော့ အာဏာတက်ခြင်းအဆင့်အစောပိုင်းအဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်သည့်အတွက် ထိုသို့ လုပ်နိုင်ပေ၏။

ထိုသို့ ပြုလုပ်ခြင်းဖြင့် ဓားသူတော်စင်လင်းထျန်ဟူသည် သူ့တပည့်များကို ရှေ့ဖြစ်ဟောသူ၏ တပည့်များထက် ပို၍ ကာကွယ်ပေးနိုင်စွမ်း ရှိမည် ဖြစ်၏။ရှေ့ဖြစ်ဟောသူ သူ့တပည့်များကို အသက်ကယ်ရတနာများ ပေးထားချိန်၌ လင်းထျန်ဟူသည် သူ့တပည့်များကို အားကောင်းသော ဓားစွမ်းအင်တန်းတစ်ခုစီ ပေးထားခဲ့ပေသည်။

သည့်အပြင် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကို ဝင်ရောက်ရာ၌ လင်းထျန်ဟူသည် သူ့တပည့်များကို ကာကွယ်ပေးရန်အတွက် လောဘကြီးကိုပါ အထဲသို့ လိုက်ပါဝင်ရောက်နိုင်ရန် စီစဉ်ပေးခဲ့၏။သို့သော် ရှေ့ဖြစ်ဟောသူကတော့ ထိုသို့ မပြုလုပ်ခဲ့ချေ။

ထိုသို့ လုပ်ဆောင်သော အရာများက သူတို့၏ အသီးသီးသောတာအိုများနှင့် သက်ဆိုင်ပေ၏။လင်းထျန်ဟူ၏ တာအိုသည် ကြီးစိုးလွှမ်းမိုးသည့် တာအို ဖြစ်၏။ထိုတာအိုက သူ့ကို သူ့တပည့်များအား အခြားပြင်ပကလူများ လာရောက် နှောက်ယှက်ခွင့်မပြုစေရန် အလွန်အမင်း ကာကွယ်ပေးထားမှုကို ဖြစ်ပေါ်စေ၏။

မည်သည့် သူစိမ်းတရံကမှ တာ့လော့ဓားကလန်၏ တပည့်များကို အနိုင်ကျင်ခွင့် မပေးလိုခြင်းသာ ဖြစ်၏။ထို့ကြောင့်လည်း တာ့လော့ဓားကလန်က နာမည်စိုးရှိကြ၏။သို့သော် ထိုကလန်၏ တပည့်များအားလုံးကတော့ လင်းထျန်ဟူအပေါ် အလွန်အမင်း ရိုသေလေးစားကြပေ၏။

ကောင်းကင်ကံကြမ္မာကလန်ကတော့ ထိုကလန်နှင့် ဆန့်ကျင်ဘက်ပင်။ရှေ့ဖြစ်ဟောသူ၏ တာအိုက ကောင်းကင်ဘုံ၏စိတ်ဆန္ဒနောက်ကို လိုက်ပါခြင်း ဖြစ်၏။သူက ကောင်းကင်ဘုံအတိုင်း အလိုကျ အလိုက်သင့် ကျင့်ကြံသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်၏။သူ့တပည့်များ၏ သေခြင်းရှင်ခြင်းကို ကောင်းကင်ဘုံကသာ ဆုံးဖြတ်ပေလိမ့်မည်။ကံကြမ္မာကသာ သူတို့၏ ခွန်အားကို ဆုံးဖြတ်စေလိမ့်မည် ဖြစ်၏။

ကောင်းကင်ကလန်က ထိုသို့ လုပ်ဆောင်သည့်အတွက် များစွာသောကျွမ်းကျင်သူများကို ပိုင်ဆိုင်ကြသည်။ထို့ကြောင့်လည်း အစစ်အမှန်တပည့်ခုနစ်ယောက်အားလုံးသည် စွမ်းအားကောင်းလှခြင်း ဖြစ်သည်။ကလန်အတွင်း၌ မရေမတွက်နိုင်သောလူများသည် သေခြင်းရှင်ခြင်း အခြေအနေများကို ဖြတ်ကျော်ခဲ့ရသည်သာ ဖြစ်၏။

ဝမ်လင်း မြေအောက်တွင် ကျင့်ကြံနေသည့် တစ်လအတွင်း နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတွင် အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပွားသွားခဲ့၏။ထိုကိစ္စကြောင့် ပြင်ပကျင့်ကြံသူတစ်ယောက်စီတိုင်း နီးပါးသည် သူတို့၏ အသီးသီးသောအနေထားများကို ထားခဲ့ကာ မီးနတ်ဆိုးနိုင်ငံနှင့် ကောင်းကင်နတ်ဆိုးနိုင်ငံသို့ ဝရောသုန်းကား ရောက်လာနေကြပေသည်။

ကောင်းကင်နတ်ဆိုးနိုင်ငံက တပ်သား သန်းသုံးဆယ်ကို စုစည်းစေကာ မီးနတ်ဆိုးနိုင်ငံထံသို့ တရားဝင် စစ်ကြေငြာခဲ့ခြင်းပင် ဖြစ်ပေတော့သည်။

နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ စစ်ပွဲများက တွေ့ရှိရများတက်သော်လည်း အငယ်စား တိုက်ပွဲများလောက်သာ ဖြစ်၏။နိုင်ငံနှစ်ခုကြား စစ်ပွဲကြီးကတော့ အလွန် ဖြစ်တောင့်ဖြစ်ခဲပင်။

ကျင်ကြံသူများ နှစ်ပေါင်းငါးထောင်ကြာလို့ ပေါ်လာတိုင်းလည်း နိုင်ငံကိုးခုကြားတွင် အချို့သော စစ်ပွဲလောက်မျှသာ ဖြစ်ခဲ့ပေသည်။နိုင်ငံနှစ်ခုကြား သေခြင်းရှင်ခြင်းလိုမျိုး စစ်ပွဲမျိုးကတော့ ရှားပါးလွန်းလှပေ၏။

ထိုသို့ ဖြစ်ခဲလှသည့် အကြောင်းမှာ နိုင်ငံကိုးခုကြား မျှခြေကို ပျက်ယွင်းသွားပြီး မခန့်မှန်းနိုင်သည့် အပြောင်းအလဲတစ်ခု ဖြစ်သွားစေ နိုင်သောကြောင့်ပင် ဖြစ်သည်။

သို့ရာတွင် ကျင့်ကြံသူများအတွက်တော့ ထိုအရာက ဘုရားပေးသည့် အခွင့်အလမ်းပင်။ဤသို့သော စစ်ပွဲက သူတို့အတွက် အကျိုးရလဒ်များ ရရှိနိုင်ရန် အမြန်ဆုံး နည်းလမ်း ဖြစ်နေသည် မဟုတ်လော။

ကောင်းကင်နတ်ဆိုးနိုင်ငံ၏ ဗိုလ်ချုပ်မှူးရှစ်ယောက်နှင့် ဒုဗိုလ်ချုပ်မှူးရှစ်ယောက်တို့သည် တပ်ဖြန့်ထားခဲ့ကြပြီ ဖြစ်သည်။ဒုဗိုလ်ချုပ်မှူးအသစ်နှစ်ယောက်သည် မိုလီဟိုင်နှင့် နံပါတ်တစ် နတ်ဆိုးဗိုလ်ချုပ် မိုဖန် တို့ပင် ဖြစ်ကြလေ၏။

ထိုအရာများအပြင် ကောင်းကင်နတ်ဆိုးနိုင်ငံ၏ နတ်ဆိုးအင်ပါယာကိုယ်တိုင် စစ်တပ်အား ဦးဆောင်မည် ဖြစ်၏။

စစ်တပ်တစ်ခုလုံးကို သုံးပိုင်းခွဲထားပေ၏။ထို စစ်တပ်သုံးခုသည် မီးနတ်ဆိုးနိုင်ငံသို့ မတူညီသည့် နေရာသုံးခုကတော့ ချီတက်ကာ စစ်ပွဲကို ဆင်နွှဲ၍ လမ်းတစ်လျှောက် သတ်ဖြတ်မှုများကို ပြုလုပ်ကြပေမည်။ထို့နောက် ယင်းစစ်တပ်သုံးခုသည် မီးနတ်ဆိုးနိုင်ငံ၏ မြို့တော် ပြင်ပ၌ ပြန်လည် စုဝေး တွေ့ဆုံကြပေမည်။

မြေအောက်ထဲမှ ဝမ်လင်းထွက်လာသည့်နေ့သည် ကောင်းကင်နတ်ဆိုးနိုင်ငံ၏ စစ်တပ်က မီးနတ်ဆိုးနိုင်ငံ၏ နယ်စပ်သို့ ဝင်ရောက်လာသည့်နေ့ပင် ဖြစ်နေသည်။

သူက မြေကြီးထဲမှ ထွက်လာသည်နှင့် ဝမ်လင်းသည် လေထုထဲ၌ ထူထဲသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒများကို ခံစားမိလိုက်၏။ထိုသတ်ဖြတ်မှု စိတ်ဆန္ဒသည် လူတစ်ယောက်ထံမှ ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ သန်းနှင့်ချီသောလူများထံမှ ဖြစ်ပေါ်လာခြင်းပင်။သည် သတ်ဖြတ်ခြင်းစိတ်ဆန္ဒအောက်၌ ကောင်းကင်ပင် မှိန်ဖျော့သွားသည်ဟု ထင်မှတ်ရ၏။

ကောင်းကင်ထက်ရှိ အဖြူရောင်တိမ်များအစား အနက်ရောင်တိမ်ထုက အစားဝင်လာခဲ့၏။သည့်နောက် မိုးများ စတင်ရွာသွန်းလာလေသည်။

ဝမ်လင်းက ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်၏။သူက စဉ်းစားနေပြီးနောက် ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။ “ရှေးဟောင်းနတ်ဆိုးက သေချာပေါက် ဆုံးဖြတ်ပြီးသွားပြီပဲ။မရေမတွက်နိုင်တဲ့ နှစ်တွေ စောင့်ဆိုင်းလာတဲ့သူ့ စိတ်ရှည်သည်းခံမှုက အကန့်အသတ်ရောက်လာခဲ့ပြီ။ ဒီလိုဖြစ်လာတော့ ငါက ပိုဂရုစိုက်ရတော့မယ်…”

“ဒါပေမဲ့…ဒီစစ်ပွဲက ငါနဲ့ အများကြီး မသက်ဆိုင်ဘူး။ခုချိန်မှာ အရေးကြီးဆုံးက ငါက ဓားသူတော်စင်လင်းထျန်ဟူရဲ့ ကျန်နေသေးတဲ့ တပည့်ဆယ်ယောက်ကို သတ်ပစ်နိုင်ဖို့နဲ့ သူတို့ရဲ့ ဓားစွမ်းအင်တွေကို ရယူနိုင်ဖို့ပဲ ဖြစ်တယ်။အဲ့တာပြီးရင် ငါက မရေမတွက်နိုင်သော သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းတွေကိုလည်း သန့်စင်ဖို့ လိုမယ်။ဒီအရာတွေ လုပ်နိုင်ပြီးရင်တော့ ငါက ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာတောင် ခြေကုပ်ကောင်းကောင်း ရဖို့ စွမ်းရည် ရှိလာလိမ့်မယ်…”

“ငါက ဟိုလှိုဏ်ဂူထဲကိုလည်း ဆက်ပြီး ရှာဖွေတူးဖော် ကြည့်ဖို့ လိုသေးတယ်။ဖြစ်နိုင်တာက အဲ့လှိုဏ်ဂူမှာတောင် ရတနာတွေ ပိုများများ ရှိနေနိုင်လောက်တယ်…”

ဝမ်လင်းက မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ရှေ့သို့ ခြေတစ်လှမ်းလှမ်းပြီး ပျောက်ကွယ်သွားတော့၏။

ဝမ်လင်းက ပျံသန်းနေရင်း စဉ်းစားလို့နေ၏။

“အရင်တုန်းက မိုဖန်ရဲ့ဘေးမှာ ဓားသူတော်စင်ရဲ့ တပည့်နှစ်ယောက်ရှိတာ ငါ တွေ့ခဲ့တယ်။သူတို့က ငါ့ ပစ်မှတ်ပဲ။ဒါပေမဲ့ ဒီမိုဖန်က နည်းနည်း‌ ထူးဆန်းနေတယ်…။ဟုန်အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ ဆံပင်အနက်ရောင်နဲ့လူကလည်း သူနဲ့ တော်တော်လေး ဆင်တူနေတယ်။ ငါ စိုးရိမ်မိတာက ဒီအရာတွေ အားလုံးနောက်မှာ ထူးဆန်းတာ တစ်ခုခု ရှိနေမှာကိုပဲ…”

***

All Chapters