ဓားစွမ်းအင်၏ သုံးခုမြောက်အလင်းတန်း
Vol. 014 Ch. 664
မိုးကုပ်စက်ဝိုင်းစွန်း၌ ဖုန်လိပ်များတက်လာ၏။ရွာသွန်းနေသောမိုးပင် ထိုဖုန်ထုအား ခဏတာ ဖိနှိပ်နိုင်စွမ်း မရှိ ဖြစ်ရသည်။မရေမတွက်နိုင်သော တပ်သားများသည် မြင်းများဖြင့် ဖုန်များတလိပ်လိပ်ကြား၌ တဟုန်ထိုး ချီတက်လာကြသည်။သူတို့အားလုံးက သတ်ဖြတ်ခြင်းစိတ်ဆန္ဒများကို ထုတ်လွှတ်ထားကြ၏။
မျှော်စင်တစ်ခုသည်လည်း ထိုနတ်ဆိုးတပ်သားများ၏ အထက်၌ စစ်တပ်နှင့်အတူ ရွှေ့လျားလာနေ၏။
ထိုမျှော်စင်ပတ်လည်၌ အားကောင်းသောအကြည့်များနှင့် နတ်ဆိုးတပ်သားများစွာ ရှိနေကြသည်။
ထိုအခိုက်အတန့်မှာပင် မိုးကုပ်စက်ဝိုင်းစွန်းမျ အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ စစ်တပ်ထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်လို့လာသည်။အလင်းတန်း အနားသို့ မရောက်ခင်မှာပင် လူတစ်ယောက်သည် မျှော်စင်ထဲမှ လှမ်းလျှောက်၍ ထွက်လာ၏။ထိုလူ၏ ဝတ်စားဆင်ယင်မှုသည် သာမန်သာ ဖြစ်သော်လည်း သူ့ထံမှ ခန့်ညားထည်ဝါမှုကို ပေးစွမ်းကာနေ၏။
သူက အကွာအဝေးတစ်ခုမှ အလင်းတန်းကို ကြည့်ကာ ပြုံး၍ ပြောလိုက်၏။ “အကိုဝမ်…အဆင်ပြေရဲ့လား…”
ထိုအလင်းတန်းက မျှော်စင်အပြင်ဘက်၌ ဝမ်လင်းအဖြစ်သို့ ပြောင်းလဲသွား၏။သူက မျှော်စင်ထဲမှ ထွက်လာသည့်လူကို ကြည့်လိုက်သည်။ဝမ်လင်းက ထိုလူ့ကို ကြည့်ကာ အံ့အားသင့်သွားခြင်းမရှိဘဲ ပြောလိုက်၏။ “ဝမ်လင်းက နတ်ဆိုးအင်ပါယာကို နှုတ်ဆက်ပါတယ်…”
ထိုလူသည် ဝမ်လင်းနှင့်အတူ တစ်ညလုံး လှေပေါ်တွင် အရက်အတူ သောက်ခဲ့သော လူငယ်ပင် ဖြစ်သည်။အတိတ်တုန်းက ဝမ်လင်းသည် ထိုလူ့ထံမှ မည်သည့် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်ကိုမျှ ဖြတ်မြင်နိုင်စွမ်း မရှိ ဖြစ်ခဲ့ရသည်။သို့သော် သူက သည်လူနှင့်ပတ်သတ်၍ သာမာန်မဟုတ်ကြောင်း ရေးတေးတေးခံစားမိခဲ့ပေသည်။
သူက ထိုလူ့ကို အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်အနေဖြင့် ထပ်မံမြင်တွေ့ရချိန်တွင်တော့ အချို့အရာများကို မြင်တွေ့နိုင်စွမ်း ရှိလာခဲ့ပြီ ဖြစ်သည်။ထိုလူ၏ ဒန်တျန်ထဲ၌ လက်သီးစုပ်ခန့် နတ်ဆိုးသလင်းကျောက်တစ်လုံး ရှိလို့နေသည်။သည် နတ်ဆိုးသလင်းကျောက်က သာမာန်ဟုထင်ရကာ မည်သည့်နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်ကိုမျှ မပေးစွမ်းနေသော်လည်း ထိုသလင်းကျောက်က ဝမ်လင်းက များစွာ အာရုံစိုက်မိစေသည်။
ဝမ်လင်းက ထိုလူ့ကို သေချာကြည့်ရှုနေရင်း သူသည်လည်း ဝမ်လင်းကို ပြန်လည် စမ်းစစ်ကြည့်လို့နေသည်။သူက ပြုံး၍ ဆိုလာ၏။ “အကိုဝမ်လက အရမ်းယဉ်ကျေးနေစရာ မလိုပါဘူး။သင်က ဘိုးဘေးညွှန်းဆိုထားတဲ့ တမန်တော်ပဲ။သင့်ရဲ့ အဆင့်အတန်းက ငါနဲ့တူတူပါပဲ။ ဒါ့ကြောင့် အကိုဝမ်က ငါ့ကို ဂူယွမ်သွမ်းလို့ နာမည်ပဲ ခေါ်နိုင်ပါတယ်။ဒါပေမဲ့ ငါနည်းနည်း မတင်မကျ ဖြစ်မိတာက အကိုဝမ်က ငါ့ကို နတ်ဆိုးအင်ပါယာမှန်း ဘယ်လိုလုပ် သိတာလဲ…”
ဝမ်လင်းက ပြုံး၍ ပြောလိုက်၏။ “အရင်တုန်းကတော့ ငါ သံသယရှိရုံပါပဲ။ဒီနေ့ ငါ အကိုဂူကို ထပ်တွေ့ရတော့ ငါ့အတွက် သေချာသွားတာပါ…”
ဝမ်လင်းက ထိုသို့ပြောဆိုလိုက်ပြီးနောက် သူ့သိုလှောင်အိတ်ထဲမှ နတ်ဘုရားအာရုံတစ်ခုသည် သူ့အား စကားဆိုလာ၏။
“အရှင်…အရှင်ကို ငါ ရှုလီကောက အရမ်းလေးစားပါတယ်။ဆရာ့မှာ အရမ်းချစ်တဲ့ ချစ်သူနှစ်ယောက်ကို ပေါင်းစည်းပေးဖို့ ခွင့်ပြုနိုင်တဲ့ နှလုံးသား ရှိတယ်မလား။ အရှင် ငါက အလှလေးကို မတွေ့ရတာ ဆယ်နှစ်တောင် ကြာခဲ့ပါပြီ…ငါ…”
ဝမ်လင်းက မျက်မှောင်ကြုတ်သွားရင်း သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ရှုလီကောသည် ချက်ခြင်း ပျံသန်းထွက်လာတော့သည်။
သည်တစ်ကြိမ်၌ သူက လိမ်မာပါးနပ်သွားပေပြီ။သူက ဝမ်လင်း ဒေါသထွက်သွားမှာ ဆိုးသည့်အတွက် သူကိုယ်တိုင်သာ ထွက်လာ၍ ကောင်းကင်ဘုံဓားကို ယူဆောင်လာခြင်း မပြုပေ။
သူထွက်ပေါ်လာသည်နှင့် သူက သူ့မူလအသွင်ကို ပြောင်းကာ နတ်ဆိုးအင်ပါယာအား လေးစားစွာ စူးစမ်းလေ၏။အချိန်အတန်ကြာ ကြည့်ရှုပြီးသည့်နောက် သူက နတ်ဆိုးအင်ပါယာ၏ဓားကို ရှာမတွေ့နိုင်ဘဲ ဖြစ်နေသည်။သူက အကူအညီမဲ့ဟန်ဖြင့် သက်ပြင်းချမိသည်။ “အလှလေးနဲ့ငါက ဆုံတွေ့ဖို့ ကံမပါတာများလား။ငါတို့က တစ်ယောက်နဲ့ တစ်ယောက် မတွေ့ရတာ ဆယ်နှစ်ရှိခဲ့ပြီ။ဒါက တစ်သက်လုံး ကြာမြင့်သလိုပဲ…”
ရှုလီကောက ခုလိုမျိုး နူးနူးညံညံ ပြောသည်မှာ ရှားလွန်းလှ၏။သို့သော် ဝမ်လင်းနားထဲ၌ သူ့အသံသည် နားကလော်လှ၏။သူက နတ်ဆိုးအင်ပါယာထံသို့ လက်နှစ်ဖက်ယှက်၍ ပြောလိုက်သည်။ “အကိုဂူ…သူကက ငါ့ဓားစိတ်ဝိညာဉ်ပါ။သူက သင့်ရဲ့ ဓားစိတ်ဝိညာဉ်နဲ့ အချို့ နားလည်မှုလွဲနေတာလေး ရှိလို့နေတယ်…
နတ်ဆိုးအင်ပါယာက ရှုလီကောကို ကြည့်ကာ ပြောလိုက်၏။ “ပြဿနာမရှိပါဘူး။ ငါက ငါ့တူမ လွန်ခဲ့တဲ့ ဆယ်နှစ်လုံးလုံး မုန်းတီးနေတဲ့ ဓားစိတ်ဝိညာဉ်ကို သိပြီးသားပါ…”
သူက ထိုသို့ပြော်ဆိုရင်း လေဟာနယ်ထဲသို့ လက်ဆန့်တန်းလိုက်ရာ အက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လို့လာ၏။လေဟာနယ်က ပွင့်ဟသွားကာ နတ်ဆိုးအင်ပါယာ၏ဓားသည် ပျံသန်းထွက်လာချေသည်။
“နင်ပဲ…” ထိုဓားပေါ်လာသည့်အခိုက်မှာပင် ၎င်းက တုန်ခါကာ ဓားတေးသံတစ်ခုကို ထုတ်လွှတ်လာသည်။သည့်နောက် ထိုဓားသည် ရှုလီကောကအား ပိုင်းချလိုက်ရာ ဓားစွမ်းအင်တစ်ခုသည် ပျံသန်းထွက်လာတော့၏။
ရှုလီကောကမျက်လုံးထဲရှိ အကူအညီမဲ့နေမှုက ချက်ခြင်း ပြန်ပျောက်ကွယ်သွားသည်။ကံကောင်းစွာဖြင့် သူက အလှလေး၏ သခင်က သည်နေရာတွင် ရှိနေသည်ကို သိထား၏။ ထို့ကြောင့်သာ သူက သူ့မျက်လုံးထဲရှိ တွယ်ငြှိမှုရမ္မက်ကို ဖိနှိပ်ထားနိုင်လိုက်သည်။သူက အချစ်နာကျနေသည့်အသွင်ဖြင့် နတ်ဆိုးအင်ပါယာဓားထံသို့ ပြောလိုက်၏။ “အချစ်လေး..ငါတို့မတွေ့ရတာ ဆယ်နှစ်တောင် ရှိနေပြီ။ငါက နင့်ကို အရမ်းလွမ်းဆွတ်နေခဲ့ရတာ…”
သူက ထိုသို့ပြောဆိုရင်း ဓားစွမ်းအင်ကို ရှောင်တိမ်းလိုက်လေ၏။
ရှုလီကောက သူ့စိတ်ဝိညာဉ်သပ်သပ်အဖြစ်သာ ထွက်ပေါ်လာခြင်း ဖြစ်သည့်အတွက် ထိုဓားစွမ်းအင်ကို ရှောင်တိမ်းရန် နည်းနည်းအခက်တွေ့သွားရသည်။
ဝမ်လင်းမျက်လုံးက အေးစက်လို့သွားသည်။ ရှုလီကောက ဓားစိတ်ဝိညာဉ်တစ်ခုသာ ဖြစ်သော်လည်း သူ့ပိုင်ဆိုင်သည့်အရာ ဖြစ်သည်။သူကသာ ရှုလီကောကို သူကြိုက်သလို ဆက်ဆံမည် ဖြစ်သော်လည်း အခြားလူများကိုတော့ ထိုသို့ လုပ်ခွင့်ပေးမည် မဟုတ်ပေ။
သူက နတ်ဆိုးအင်ပါယာဓားက နောက်တစ်ဖန် တိုက်ခိုက်ဟန် ပြင်လိုက်ကာ နတ်ဆိုးအင်ပါယာသည်လည်း သူမကို တားဆီးခြင်း မပြုသည့်အခါ ဝမ်လင်းအသွင်က မကျေမချမ်း ဖြစ်သွား၏။သူက လက်ဝှေ့ယမ်းလိုက်ရာ ထူးဆန်းသောလေပြင်းတစ်ခုက အင်ပါယာဓားတစ်လျှောက် စီးမြောသွားသည်။ထိုအရာက ဓားကို တုန်ယင်သွားစေ၏။
“ဒီအော်ရာ…နင်ပဲ…။နင်က ငါ့အတွက် အစာသပ်သပ်ပဲ။ကောင်းတယ်…နင်တို့နှစ်ယောက်လုံး အတူရှိနေတာ ကောင်းတယ်…”
အင်ပါယာဓားထက်မှ အမျိုးသမီးငယ်တစ်ယောက်၏ ပုံရိပ်တစ်ခု ပေါ်ထွက်လာ၏။သူမက ဝမ်လင်းနှင့်ရှုလီကောတို့ထံ ကြမ်းကြုတ်စွာ ကြည့်၏။ထို့နောက် အင်ပါယာဓားကို အသက်သွင်းလိုက်သည်။ချက်ခြင်းပင် ပတ်ဝန်းကျင်က ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နှက်ကာ ၎င်းဓားသည် ဝမ်လင်းထံသို့ တိုးဝင်လာ၏။
ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်ကာ အေးစက်စွာ နှာခေါင်းရှုံ့သည်။ခုချိန်၌ သူက အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။သူက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်ထက် များစွာ သန်မာလာခဲ့ပြီ မဟုတ်လော။အတိတ်တုန်းက သူသည် အင်ပါယာဓားကို အမှန်ပင် ထိတ်လန့်ခဲ့ရ၏။သိုသော် ခုချိန်၌ သူက ဓားတစ်လက်လောက်မျှကို ဘာကြောင့် ကြောက်လန့်နေရဦးမည်နည်း။
အေးစက်စက်နှာခေါင်းရှုံ့သံက ဓားစွမ်းအင်အားလုံးကို ပြိုပျက်သွားစေသည်။အင်ပါယာဓာသည့် နောက်တစ်ဖန် တိုက်ခိုက်ရန် ကြံရွယ်လိုက်၏။သို့သော နတ်ဆိုးအင်ပါယာသည် လက်ဆန့်ထုတ်ကာ ၎င်းဓားကို ဖမ်းယူလိုက်၏။
နတ်ဆိုးအင်ပါယာ ဂူယွမ်သွမ်းသည် ပြုံး၍ ဆိုလာသည်။ “အကိုဝမ်…ငါ့တူမက ကျီစယ်တက်တာပါ။ဒါက ရှက်စရာ ကောင်းတယ်။သူမက ဓားစိတ်ဝိညာဉ် ဖြစ်နေပေမဲ့လည်း သဘာဝအတိုင်းဖြစ်တည်နေတဲ့ စိတ်ဝိညာဉ် မဟုတ်ဘူး။သူမက ငါ့မိတ်ဆွေကောင်းတစ်ယောက်ရဲ့ သမီးတစ်ယောက်ပါ။အချို့အခြေအနေတွေကြောင့် သူမက ဓားစိတ်ဝိညာဉ် အဖြစ် ပြောင်းလဲခဲ့ရတာ…”
သူက ရှုလီကော ထံသို့ ဖျပ်ခနဲ တစ်ချက် လှမ်းကြည့်လိုက်၏။သို့ရာတွင် ထိုအကြည့်တစ်ချက်ကပင် ရှုလီကောကို ပျက်စီးတော့မတက် တုန်ယင်သွားစေပေသည်။
ဝမ်လင်း မျက်လုံးသူငယ်အိမ်က ယောင်ယောင်လေး ကျုံ့သွားသည်။သည်အခိုက်အတန့်၌ နတ်ဆိုးအင်ပါယာကိုယ်ထဲရှိ နတ်ဆိုးသလင်းကျောက်သည် အသက်ဝင်သွားခဲ့ပေသည်။ထွက်ပေါ်လာသော နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်သည်လည်း အာဏာတက်ခြင်းနောက်ဆုံး ကျင့်ကြံသူထက် လုံးဝ အားနည်းလိမ့်မည် မဟုတ်ပေ။
ဝမ်လင်းက ရှုလီကောကို ဖမ်းဆုပ်ကာ သိုလှောင်အိတ်ထဲသို့ ပြန်ထည့်သိမ်းလိုက်သည်။သူ့အသွင်က သုန်မှုန်နေ၏။သည့်နောက် ဝမ်လင်းက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ “ဒါက အရှက်ရစရာပဲ။အကိုဂူ…ငါက ဒီနေရာကို နတ်ဆိုးဗိုလ်ချုပ်မို ဘယ်မှာ ရှိလဲဆိုတာ သိချင်လို့ ရောက်လာခဲ့တာပါ…”
နတ်ဆိုးအင်ပါယာက စိတ်ထဲ၌ သက်ပြင်းချမိသည်။ပုံမှန်အားဖြင့် သူက ဝမ်လင်းနှင့် ဆက်ဆံရေးကို ခုလိုမျိုး ကတော်ကဆ မဖြစ်လိုပေ။သို့သော် သူက ရွှမ်းအာကို အနိုင်ကျင့်သည်ကိုလည်း ခွင့်မပြုနိုင်ချေ။
ဝမ်လင်း ဓားစိတ်ဝိညာဉ်က ကောင်းစွာ ဖုန်းကွယ်ထားနိုင်သော်လည်း ၎င်း၏ မျက်လုံးထဲရှိ ရမ္မက်ကို သူက လွယ်လင့်တကူ မြင်နိုင်ပေသည်။နတ်ဆိုးအင်ပါယာက ကြိတ်၍ သက်ပြင်းချကာ ဆိုလာသည်။ “အကိုဝမ်…မိုဖန်က ဒုဗိုလ်ချုပ်မှူး ဖြစ်လာခဲ့ပါပြီ။သူက ဗိုလ်ချုပ်မှူးကောင်းကင်နဲ့အတူ ရှိနေတယ်။ သူတို့နှစ်ယောက် ဘယ်တောင်ပံ စစ်တပ်ကို အတူ ဦးဆောင်သွားပြီး ခုလောက်ဆို မီးနတ်ဆိုးနိုင်ငံရဲ့ စုန်တောက်မြို့ကို ရောက်သင့်နေပြီ…”
သူက ထိုသို့ ပြောဆိုလိုက်ပြီးနောက် ခဏတာ တုန့်ဆိုင်းကာ ပြောလိုက်၏။
“ငါက အကိုဝမ်ကို ဘိုးဘေးရဲ့တမန်တော်လို့ ကြေငြာခဲ့ပြီးပြီး။ဒါ့ကောင့် အကိုဝမ်အတွက် တော်တော်များများကို လုပ်ဆောင်ရာမှာ လွယ်ကူစေမှာပါ။ထပ်ပြောရရင် သင်က ငါ့ကျောက်စိမ်းပြားကို ကိုင်ဆောင်ထားတာပဲ။ဒါ့ကြောင့် ဒါက ငါကိုယ်တိုင် ရှိနေတာနဲ့ တူတူပဲ။တစ်ယောက်ယောက်က သင့်ကို မလေးမစား လုပ်လာတာနဲ့ သင်က ဗိုလ်ချုပ်မှူးကောင်းကင်ကို အမိန့်ပေးပြီး အဲ့လူတွေကို သတ်ပစ်ခိုင်းလို့ရတယ်…”
ထိုသို့ပြောပြီးနောက် သူက ကျောက်စိမ်းပြားတစ်ခုကို ဝမ်လင်းထံသို့ ပစ်ပေးလိုက်သည်။
ထိုကျောက်စိမ်းပြားထဲ၌ အလွန်သီးသန့်ဆန်သည့် နတ်ဆိုးအော်ရာတစ်ခု ရှိနေသည်။ထိုကျောက်စိမ်းပြားကို အတုပြုလုပ်ရန် အလွန်အမင်း ခက်ခဲ ပေလိမ့်မည်။
ဝမ်လင်းအသွင်က ပုံမှန်အတိုင်းသာ ရှိနေ၏။သူက ကျောက်စိမ်းပြားကို လက်ခံပြီးနောက် ပြောလိုက်သည်။ “ကျေးဇူးအများကြီး တင်ပါတယ်…”
သူက လက်နှစ်ဖက်ယှက်ကာ နတ်ဆိုးအင်ပါယာကို နှုတ်ဆက်ပြီးနောက် ခြေတစ်လှမ်းလှမ်း၍ ပျောက်ကွယ်သွားတော့သည်။
ဂူယွမ်သွမ်းက ဝမ်လင်းပျောက်ကွယ်သွားသော နေရာသို့ ကြည့်ကာ ခေါင်းယမ်းလိုက်မိသည်။
“ဝမ်လင်း…ကုချင်းဂီတက ငါ့နားထဲ ဝင်လာတဲ့အခါကတည်းက ငါတို့နှစ်ယောက်က တူညီမှု ရှိတယ်ဆိုတာ ငါသိခဲ့တယ်။ငါက မင်းနဲ့ ဆိုးရွားတဲ့ဆက်ဆံရေး မရှိချင်ဘူး။ ဒါ့ကြောင့် ငါမင်းကို ငါ့ ယုံကြည်မှုကို ပြသတဲ့အနေနဲ့ ကျောက်စိမ်းပြား ပေးခဲ့တာ ဖြစ်တယ်။ မင်း နားလည်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်…”
သူတို့က တည်နေရာ ရွှေ့ပြောင်းသွားစဉ်တွင် ရှုလီကော၏ အသံက ဝမ်လင်းမူလစိတ်ဝိညာဉ်ထဲသို့ တိုးဝင်လာ၏။
“အရှင်…အလှလေး…”
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒါကို ဆက်မပြောတော့နဲ့…”
သူက လက်ထဲရှိ ကျောက်စိမ်းပြားကို ဖျစ်ညှစ်ကာ သူ့ သိုလှောင်အိတ်ထဲသို့ ထည့်ထားလိုက်၏။ ဝမ်လင်း ဉာဏ်ရည်ဖြင့် သူက နတ်ဆိုးအင်ပါယာ၏ ရည်ရွယ်ချက်ကို နားမလည်ဘဲ မည်သို့ ရှိပါ့မည်နည်း။
ကောင်းကင်နတ်ဆိုးနိုင်ငံ၏ ဘယ်တောင်ပံ စစ်တပ်သည် နတ်ဆိုးတပ်သား ဆယ်သန်း ပိုင်ဆိုင်ထား၏။ထိုတပ်သားများ ဖြတ်ကျော်သွားသည့် တစ်လျှောက် မြေပြင်သည် တုန်ခါကာ ပေါက်ကွဲမှုများပင် ဖြစ်ရ၏။ကောင်းကင်၊ထာဝရ၊ကပ်ဘေး စသည့် နတ်ဆိုးဗိုလ်ချုပ်မှူး သုံးယောက်သည် စစ်တပ်ကို ဦးဆောင်၏။ဟုန်၊အံဖွယ်၊နှင့် ဟွမ်စီ(အဝါ)တို့သည် စစ်တပ်ကို ထောက်ပံ့ပေးရန် ရှိနေကြသည်။သူတို့သည် နတ်ဆိုးတပ်သား ဆယ်သန်းကို ဦးဆောင်ကာ မီးနတ်ဆိုးနိုင်ငံ၏ စုန်တောက်မြို့သို့ တိုက်ရိုက်ဦးတည် သွားနေကြ၏။
သည်အခိုက်အတန့်၌ ကောင်းကင်၊ထာဝရနှင့်ကပ်ဘေး နတ်ဆိုးဗိုလ်ချုပ်များသည် မတူညီသော နတ်ဆိုးသားရဲများ စီးနင်းကာ စစ်တပ်ထဲ၌ လိုက်ပါလာကြသည်။
သူတို့သုံးယောက် တစ်ယောက်နှင့်တစ်ယောက် စကားပြောဆိုခြင်း မရှိကြပေ။ကောင်းကင်နတ်ဆိုးနိုင်ငံ၏ စစ်တပ်က စုန်တောက်မြို့သို့ နီးကပ်လာချိန်၌ ပြင်းထန်သော သတ်ဖြတ်ခြင်းအော်ရာသည် ပတ်ဝန်းကျင်ဧရိယာသို့ ပျံနှံ့ကာနေ၏။
ထိုကြီးမားလှသည့် စစ်တပ်၏ ညာဘက်ခြမ်းတွင် ဒုဗိုလ်ချုပ်မှူး မိုဖန်သည် ဦးချိုတစ်ချောင်းမြင်းမကို စီးနင်း၍ လိုက်ပါလာသည်။သူ့မျက်လုံးများက လုံးဝ တည်ငြိမ်နေကာ သူ့ဦးချိုတစ်ချောင်းမြင်းမ၏ အမြီး၌ မတ်တပ်ရပ်နေသော လူတစ်ယောက် ရှိလေသည်။ထိုလူက သက်လတ်ပိုင်းအရွယ်ရှိကာ မျက်လုံးမှိတ်ထားလျက် ရှိ၏။သူ့နောက်ကျောတွင်တော့ ဓားကြီးတစ်လက်ကို လွယ်ထားကာ သူ့ထံမှ ကောင်းကင်ဘုံဆန်သောလေထုကို ပေးစွမ်းနေ၏။
မိုးကုပ်စက်ဝိုင်းစွန်းမှ မိုးခြမ်းသံ ပေါက်ကွဲမှုတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာ၏။ထို့နောက် ကျယ်လောင်သော ဆက်တိုက်ပေါက်ကွဲတုန်ခါမှုများက နတ်ဆိုးတပ်သားဆယ်သန်း ပါဝင်သည့် စစ်တပ်တစ်ခုလုံးကို ဖိနှိပ်ချင်လာသလား ထင်မှတ်ရ၏။ထို ကျယ်လောင်သော တုန်ခါမှုအတွင်း၌ လူတစ်ယောက်သည် ရုတ်တရက် ပေါ်လာခဲ့သည်။
ထိုလူသည် အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားကာ နတ်ဆိုးတစ်ပါး ဆင်းသက်လာသည်နှင့်ပင် ဆင်တူလှ၏။သူ့ပတ်လည်၌လည်း နတ်ဆိုးစွမ်းအင်တို့ လွှမ်းခြုံကာ နေသည်။
သူ့ပုံပန်းသွင်ပြင်က လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပေသည်။
သူကတော့ ဝမ်လင်းပင် ဖြစ်၏။မျက်စိတစ်မှိတ်အတွင်း သူ့မျက်လုံးများက အေးစက်လာခဲ့သည်။သည့်နောက် သူက ခြေတစ်လှမ်းလှမ်းကာ စစ်တပ်ထံသို့ ကြယ်ပျံတစ်စင်းအလား တဟုန်ထိုး တိုးဝင်လာ၏။
သူက စကားတစ်ခွန်းမှ မဆိုပေ။သူက စစ်တပ်ရှိရာသို့ ဦးတည်လာနေရင်း သူ့နတ်ဘုရားအာရုံကိုပါ ဖြန့်ကျက်လိုက်ရာ စစ်တပ်၏ ညာဘက်ခြမ်းရှိ မိုဖန်ပေါ်သို့ သူ့နတ်ဘုရားအာရုံသည် ကျရောက်သွားသည်။
တစ်ချိန်လုံး မျက်လုံးမှိတ်ထားသော သက်လတ်ပိုင်းလူကြီးသည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာခဲ့သည်။သူ့မျက်လုံးထဲမှ လေးနက်သောအလင်းတစ်ခု ထွက်ပေါ်လာ၏။
လူအများ ကောင်းကောင်း သတိမပြုမိလိုက်ခင်မှာပင် ဝမ်လင်းသည် မရေမတွက်နိုင်သော နတ်ဆိုတပ်သားများကို ဖြတ်ကျော်ပျံသန်းလာ၏။ထိုအခါ ကောင်းကင်ဗိုလ်ချုပ်မှူးကလွဲ၍ ကျန်သည့် ဗိုလ်ချုပ်မှူးနှစ်ယောက်၏ မျက်လုံးများသည် လက်ခနဲ ဖြစ်သွားကြသည်။
နတ်ဆိုးတပ်သားဆယ်သန်း၏ သတ်ဖြတ်လိုမှု စိတ်ဆန္ဒက ရုန့်ရင်းကြမ်းကြုတ်စွာ ကောင်းကင်ထက်သို့ ထိုးတက်လာ၏။သို့သော် ဝမ်လင်းက ၎င်းအရာကို လစ်လျူရှုထားလေ၏။သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ့အတွက် အချိန်အခါမှန်ကို ဖြစ်စေ၏။သူ့အတွက် အခြားလူများ မတုန့်ပြန်လာမိ ဆောင်ရွက်ရန် အချိန်ရစေပေလိမ့်မည်။ ဝမ်လင်းက ခုလိုမလုပ်ဆောင်ပဲ သူ့အဆင့်အတန်းကို ကြေငြာကာ နတ်ဆိုးအင်ပါယာကျောက်စိမ်းပြားကို ထုတ်ယူအသုံးပြု၍ သတ်ဖြတ်ရန် ကြိုးစားလျှင် သူ့အတွက် လက်ဦးမှုအခွင့်အရေးကို ဆုံးရှုံးသွားပေလိမ့်မည်။ သူသာ ထိုသို့ လုပ်ဆောင်ပါက တာ့လော့ဓားကလန်မှ တပည့်သည် လင်းထျန်ဟူ၏ ဓားစွမ်းအင်ကို အသုံးပြုနိုင်မည့် အခွင့်ရေး ရသွားလိမ့်မည် ဖြစ်သည်။
“ငါက နတ်ဆိုးအင်ပါယာထံကနေ ဒုဗိုလ်ချုပ်မှူးမိုဖန်ကို ဖမ်းပြီးသတ်နိုင်ဖို့ အမိန့်ရထားတယ်…မင်းတို့အားလုံး လမ်းဖယ်ပေးကြချေ…” ဝမ်လင်းက အော်ပြော၍ နတ်ဆိုးအင်ပါယာကျောက်စိမ်းပြားကို ပင့်မြှောက်ကာ လှုပ်ရှားဟန် ပြင်လာသည့် ဗိုလ်ချုပ်မှူးနှစ်ယောက်ထံသို့ ပစ်ပေးလိုက်သည်။
ထိုအရာများအားလုံးက ချက်ခြင်းလိုလို ဖြစ်ပျက်သွားခြင်းပင်။သည့်နောက် တစ္ဆေလောကမြစ် ထွက်ပေါ်လာခြင်းနှင့်အတူ ဝမ်လင်းက တည်နေရာ ရွှေ့ပြောင်းလိုက်၏။ သူက ပျောက်ကွယ်မသွားခင်မှာပင် သူ့ညာလက်ညှိုးကို ရှေ့သို့ ညွှန်လိုက်၏။
“မရဏလက်ချောင်း…”
မရဏလက်ချောင်းက လျှပ်စီးတန်းအလား မိုဖန်ထံသို့ တိုးဝင်သွား၏။မိုဖန်အသွင်က တည်ငြိမ်နေကာ သူက သူ့ညာလက်ကို မြှောက်လိုက်၏။သူ့နောက်ရှိ သက်လတ်ပိုင်းလူကြီးအသွင်ကတော့ အလေးအနက် ဖြစ်သွားသည်။သက်လတ်ပိုင်းလူကြီးက သူ့လက်ကို လှုပ်ရှားလိုက်ရာ သူ့ဓားကြီးက ပျံသန်းထွက်လာ၏။ဓားပေါ်၌ ကြမ်းကြုတ်သော တောဝက်ထီးတစ်ကောင် ပေါ်လာခဲ့၏။
မရဏလက်ချောင်းက မြန်ဆန်လွန်းလှသည်။သို့သော် ၎င်းက မိုဖန်နှင့် နီးကပ်လာချိန်၌ ရုတ်တရက်ပ ပျက်စီးသွားက သဲလွန်စမရှိ ပျောက်ကွယ်သွား၏။ထိုအရာက မိုဖန်ကို တုန်လှုပ်သွားစေသည်။သို့သော် သူ့အသွင်က ချက်ခြင်း ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်မှ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး သူ့အား ဝန်းရံလို့သွားသည်။
သက်လတ်ပိုင်းလူကြီးသည်လည်း တုန်လှုပ်သွားရ၏။
ထိုတုန်လှုပ်မှု အခိုက်အတန့်သည် သေခြင်းတရားကို ဆိုလိုနေပေသည်။
ဝမ်လင်းပုံရိပ်က သက်လတ်ပိုင်းလူကြီး ဘေးနား၌ ရုတ်တရက် ပေါ်လာသည်။သူ့လက်ချောင်းက ထိုလူ့ထံသို့ ညွှန်လာ၏။သူ့ချပ်ဝတ်မှ နတ်ဆိုးစွမ်းအင်များသည် စုစည်းလာကာ နတ်ဆိုးမီးတောက်အသွင် ဖြစ်ပေါ်သွားသည်။
ထိုလက်ချောင်းတိုက်ခိုက်မှုက ဝမ်လင်း၏ အထွတ်အထိပ် တိုက်ခိုက်မှု ဖြစ်၏။ခုခံရန် မဖြစ်နိုင်ပေ။သက်လတ်ပိုင်းလူကြီးအသွင်က ကြီးစွာ ပြောင်းလဲသွားသည်။ထို သေခြင်းရှင်ခြင်း အခိုက်အတန့်၌ သူက လင်းထျန်ဟူပေးခဲ့သော ဓားစွမ်းအင်ကို အသုံးပြုရန် ကြံရွယ်လိုက်၏။သို့သော် ထိုအခိုက်အတန့်မှာပင် တစ္ဆေလောကမြစ်သည် မြေအောက်ထဲကနေ ရုတ်တရက် မြင့်တက်လာကာ ကောင်းကင်ထက်သို့ ပျံတက်၍ ပြန်လည်မွေးဖွားခြင်းမြစ် အဖြစ်သို့ ပြောင်းလဲသွား၏။ထိုအခိုက်အတန့်၌ အရာအားလုံးက ထိုမြစ်ကြောင့် ခဏတာ ရပ်တန့်သွားခဲ့လေသည်။
ထို တုံ့ဆိုင်းသွားသည့် အချိန်လေးအတွင်း သက်လတ်ပိုင်းလူကြီး မျက်ခုံးနှစ်ခုကြားမှ ရွှေရောင်အလင်းတန်းသည် တဖျပ်ဖျပ် စတင်တောက်လာကာ ဝမ်လင်းလက်ချောင်း တိုက်ခိုက်မှုသည်လည်း ကျရောက်သွားတော့၏။
လက်ချောင်း ကျရောက်သွားသည်နှင့် ထိုလူက သေဆုံးသွားခဲ့ရပေသည်။
ထိုလူ့၏ ဦးခေါင်းကို ဖြတ်တောက်ပြီးနောက် ဝမ်လင်းခန္ဓာကိုယ်က ဆက်ခနဲ လှုပ်ရှားသွားသည်။သူက ဓားကြီးကို ဖမ်းဆုပ်ကာ ထွက်ခွာသွားတော့၏။
သူ့လှုပ်ရှားလုပ်ဆောင်မှုများက အဆင်ပြေချောမွတ်၊ ရှင်းလင်း သေသပ်လှပေ၏။
***