← Chapters

အခန်း ၇၁

Vol. 8 Ch. 71

အခန်း ၇၁

Vol. 8 Ch. 71

အခန်း (၇၁) ဓားပြများကို နှိမ်နင်းပြီး မိစ္ဆာများကို ချေမှုန်းခြင်း။

တောင်ပုလေးမြို့……..။

အိမ်တော်ခြံဝင်းအတွင်းမှ ကျိန်းယွီသည် ကျောက်ခင်းလမ်းအတိုင်း လျှောက်ထွက်လာ သည်။ သူ၏ မျက်နှာအမူအရာတွင် အနည်းငယ် စိတ်ပျက်နေဟန် ပေါ်နေသော်လည်း သူ့ကို စည်းရုံး၍ မရခဲ့သည်မှာ မဆန်းလှပေ။

"ဘယ်လိုနေလဲ" မြို့တံခါးဝတွင် စောင့်နေသော ကျူးမင်လန်က ကျိန်းယွီကို မေးမြန်း လိုက်သည်။

ကျိန်းယွီက ခေါင်းခါလိုက်ပြီး "တစ်ဖက်မှာလည်း လူသားစားမိစ္ဆာတွေကြောင့် ဘေးဒုက္ခ တွေ များလွန်းနေပြီ။ နောက်တစ်ဖက်မှာလည်း ဝူထူနယ်မြေက လူအများရဲ့ လက်ခံမှုကို မရသေးဘူး" ဟု ပြန်ဖြေသည်။

ကျူးမင်လန်က နှစ်သိမ့်စကား ပြောရန် ပြင်လိုက်စဉ် အရာရှိဝတ်စုံနှင့် လူတစ်ဦးမှာ နောက်မှ အလျင်အမြန် လိုက်လာပြီး ကျိန်းယွီကို ရှာဖွေနေဟန်ဖြင့် ရောက်ရှိလာသည်။

ဤအရာရှိဝတ်စုံနှင့် လူမှာ ဤနေရာ၏ စီမံခန့်ခွဲသူဖြစ်ပြီး ကျိန်းယွီ ဝေးဝေးမသွားသေး သည်ကို မြင်လိုက်ရ၍ စိတ်သက်သာရာ ရသွားဟန်ရှိသည်။

"မြို့သခင်လျန်" ကျိန်းယွီက ဦးညွတ်ကာ နှုတ်ဆက်သည်။

"မြို့သခင်ကျိန်း၊ ဘာလိုများ အခုမထွက်ခွာခင် ရွာဈေးလမ်းကြောင်းတွေကို ကင်းလှည့်ဖို့ တိုးမြှင့်ရမယ်လို့ ပြောသွားရတာလဲ။ လူသားစားမိစ္ဆာက ကျွန်တော်တို့ရဲ့ ရွာလမ်းတွေ၊ ဈေးလမ်းတွေအတိုင်း သွားလာလေ့ မရှိပါဘူး" အရာရှိဝတ်စုံနှင့် လူက မေးသည်။

"လူသားစားမိစ္ဆာတွေက ဘေးဒုက္ခတွေကို ဖြစ်စေတယ်၊ အဲဒီအခွင့်အရေးကို အသုံးချပြီး ဓားပြတွေကလည်း လုယက်ကြတော့မှာ။ သဘာဝဘေးအန္တရာယ်တွေကို ပိတ်ဆို့ရုံတင် မကဘဲ လူ့ဘေးဒုက္ခတွေကိုလည်း လျစ်လျူမရှုသင့်ဘူး၊ မဟုတ်ရင်တော့ ကပ်ဆိုးအသစ် တွေ ဖြစ်လာလိမ့်မယ်" ကျိန်းယွီက ရှင်းပြသည်။

အရာရှိဝတ်စုံနှင့်လူမှာ ကျိန်းယွီကို အံ့ဩစွာ ကြည့်လိုက်သည်။

"မြို့သခင်ကျိန်း၊ ဒီတောင်ပုလေးမြို့ကို ရောက်လာတာ မကြာသေးဘဲနဲ့ ဓားပြတွေ ဒီလောက်ထိ ရှုပ်ထွေးအောင် လုပ်လိမ့်မယ်ဆိုတာ ဘယ်လိုလုပ် သိတာလဲ။ ရွာသူရွာသား တွေဆီကနေ အစီရင်ခံစာတွေ ရောက်လာတယ်။ ရေကန်ရွာမှာ ဓားပြအုပ်စုကြီးကို ဖမ်းမိ လိုက်တယ်။ အဲဒီမှာ နဂါးထိန်း တစ်ယောက်သာ ရှိမနေရင် တစ်ရွာလုံး အသတ်ခံလိုက် ရမှာ" အရာရှိက ပြောသည်။ (ရှေ့မှာတုန်းက တစ်ရွာလုံး အသတ်ခံရသည့်အနေဖြင့် ရေးသားထားပါသည်။ ပါသည့်အတိုင်း ပြန်ဆိုလိုက်ပါသည်။)

"ရေကန်ရွာက ပထမဆုံး ဆိုးဆိုးဝါးဝါး ခံလိုက်ရတဲ့ ရွာတော့ မဖြစ်သင့်ဘူး။ မြို့သခင် လျန်၊ ဘေးဒုက္ခဖြစ်ပွားခဲ့တဲ့ ရွာတွေကို ကိုယ်တိုင် သွားရောက်ကြည့်ရှုပြီး ဘယ်အရာက မိစ္ဆာတွေ ကြောင့်၊ ဘယ်အရာက လူတွေကြောင့် ဖြစ်တာလဲဆိုတာ ခွဲခြားဖို့ လိုအပ်မယ် ထင်တယ်။ မဟုတ်ရင်တော့ လီချွမ်းနဂါးထိန်းအကယ်ဒမီက ကျောင်းသားတွေက ရွာတစ်ရွာပြီး တစ်ရွာ အလကား လျှောက်သွားနေရပြီး အချိန်ကုန်ရုံ ဖတ်တင်လိမ့်မယ်" ကျိန်းယွီက ဆက်ပြောသည်။

"မြို့သခင်ကျိန်းက ပညာရှိပီသလှပါတယ်။ ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်။ လူသားစားမိစ္ဆာတွေကို အမြန်ဆုံး ရှင်းလင်းနိုင်ပြီး ဒီရက်စက်တဲ့ ဓားပြအုပ်စုကိုလည်း ဖျက်ဆီးနိုင်မယ်ဆိုရင် ကျွန်တော်တို့ တောင်ပုလေးမြို့မှာ ကုန်သွယ်ရေးလမ်းကြောင်း တွေကို ပြန်ဖွင့်နိုင်မှာပါ" မြို့သခင် လျန်က ရိုးသားစွာ ပြောသည်။ ကျိန်းယွီအပေါ် သူ၏ အမြင်မှာ လုံးဝ ပြောင်းလဲသွားသည်။

"ဓားပြတွေ မကြာခဏ လုယက်နေမယ်ဆိုရင် သူတို့ လုယက်လာတဲ့ ပစ္စည်းတွေကို သိမ်းဆည်းဖို့ နေရာတစ်ခု လိုအပ်လိမ့်မယ်။ မြို့သခင် လျန်အနေနဲ့ ဓားပြတွေကို နှိမ်နင်းဖို့ တပ်ဖွဲ့တွေကို စေလွှတ်မယ်ဆိုရင် ရွာတွေဆုံတဲ့ နေရာကနေ တောင်တန်းတွေ တစ်လျှောက် အရင်ရှာကြည့်ပါ။ နင်းခြေထားတဲ့ အရာတွေ၊ မြင်းခွာရာတွေ၊ လှည်းဘီးရာ တွေ ထင်ရှားနေတဲ့ တောင်တက်လမ်းတွေကို ရှာကြည့်ပါ၊ အဲဒီနေရာတွေက ဓားပြတွေရဲ့ စခန်းတွေ ဖြစ်ဖို့ များတယ်" ကျိန်းယွီက ဆက်လက် ရှင်းပြသည်။

"အစ်ကိုကျိန်း၊ ပြည်သူတွေအတွက် ဒီရန်သူတွေကို ရှင်းလင်းပေးဖို့ ကျွန်တော့် လက်အောက်က တပ်ဖွဲ့ကိုပဲ ဘာကြောင့် မကိုင်ခိုင်းတာလဲ။ အမှန်တော့ အထက်ပိုင်း မြို့တွေမှာ ရက်စက်ကြမ်းကြုတ်တဲ့ ဓားပြအုပ်စုတစ်ခုက နှိပ်စက်နေတာ အချိန်အတော် ကြာပြီ။ ရေကန်ရွာက ဓားပြတွေက အဲဒီအုပ်စုရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ မြို့သခင် ကျိန်းသာ ဒီနှစ်ပေါင်းများစွာ နှိပ်စက်နေတဲ့ ဒုက္ခကြီးကို ရှင်းလင်းပေးနိုင်မယ်ဆိုရင် ကျွန်တော် ကိုယ်တိုင် အစ်ကိုကြီးနဲ့အတူ လိုက်ပါပြီး ကုန်သွယ်ရေးလမ်းကြောင်းတွေအတွက် ဆွေးနွေးပေးပါ့မယ်" မြို့သခင် လျန်က ကမ်းလှမ်းသည်။

ကျိန်းယွီလည်း အံ့ဩသွားသည်။ မြို့သခင် လျန်သည် ပြည်သူတွေအတွက် ရဲရင့်သော သူရဲကောင်းတစ်ယောက် ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ၏တပ်ဖွဲ့ကို အခြားမြို့က လူတစ်ယောက်ကို အပ်နှင်းခြင်းမှာ သတ္တိရှိမှ လုပ်နိုင်သည့် ဆုံးဖြတ်ချက် ဖြစ်သည်။

"ပြည်သူတွေကို ဝန်ဆောင်မှု ပေးရမယ့်ကိစ္စမှာ ကျွန်တော် တာဝန်မပျက်ကွက်နိုင်ပါဘူး။ ကုန်သွယ်ရေးလမ်းကြောင်းအတွက် မဟုတ်ရင်တောင် ဒီတာဝန်ကို ကျွန်တော် ယူမှာပါ" ကျိန်းယွီက ချက်ချင်း ဦးညွတ်ကာ ပြန်ဖြေသည်။

"ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်။ လီချွမ်းနဂါးထိန်းအကယ်ဒမီက ကျောင်းသား လေး၊ မင်းနဲ့အတူတူ လိုက်ပါလာတဲ့ ကျောင်းသားတွေကိုလည်း ဘေးဒုက္ခသင့် ရွာတွေကို သွားရောက် ကူညီပေးဖို့ တောင်းဆိုပါတယ်။ လူသားစားမိစ္ဆာတွေက အုပ်စုလိုက် စတင် လှုပ်ရှားနေမှာကို စိုးရိမ်မိပါတယ်" ကျူးမင်လန်၏ အဝတ်အစားကို မြင်လိုက်ရသဖြင့် မြို့သခင် လျန်က အလျင်အမြန် ဦးညွတ်ကာ တောင်းဆိုသည်။

ကျူးမင်လန်က ခေါင်းညိတ်ပြီး "ကျွန်တော်တို့ အသင့်ရှိပါတယ်။ ဘယ်အချိန်မဆို ထွက်ခွာ နိုင်ပါတယ်၊ မြို့သခင် လျန်၊ အမြန်ဆုံးသာ ပြင်ဆင်ပေးပါ" ဟု ပြောသည်။

အိမ်တော်မှ ထွက်လာပြီးနောက် ကျူးမင်လန်က စမ်းရေကြည်ကို တစ်ငုံသောက်ကာ ဘေးမှ ကျိန်းယွီအား "အစ်ကိုကျိန်းကတော့ အစ်ကိုကျိန်းပါပဲ" ဟု ပြောလိုက်သည်။

"ညီငယ်ကျူးရဲ့ ချီးမွမ်းမှုကို နောက်တစ်ကြိမ် ထပ်ရလိုက်တာလား"

"ပြည်သူတွေအတွက်ဆိုရင် ငြင်းဆန်စရာ အကြောင်းမရှိပါဘူး။ အစ်ကိုကြီး ပြောတာ ကောင်းလိုက်တာ" ကျူးမင်လန်က ပြောသည်။

ကျိန်းယွီက ခါးသက်သက် ပြုံးလိုက်ပြီးနောက် ကူရာမဲ့ဟန်ဖြင့် ခေါင်းခါလိုက်ကာ "ကျွန်တော်က ညီငယ်ကျူးရဲ့ ကြီးမားတဲ့ ပညာဉာဏ်အကြောင်း ချီးမွမ်းသံကို ကြားချင်ခဲ့ တာ၊ ဒါပေမဲ့ အဲဒီလို ဖြစ်လာဖို့တော့ အကြောင်းမရှိလောက်တော့ဘူး။ ဒါပေမဲ့ ဧကရီ ဘုရင်မရဲ့ဉာဏ်ရည်နဲ့ ယှဉ်ရင်တော့ ကျွန်တော်က နိမ့်ကျကြောင်း ဝန်ခံရမှာပဲ" ဟု ပြောလိုက်သည်။

"အဲဒီလိုတော့ မဟုတ်ပါဘူး။ ဧကရီဘုရင်မက အုပ်စိုးရှင် မိသားစုထဲမှာ မွေးဖွားလာတာ ဆိုတော့ မြို့တော်နဲ့ နိုင်ငံရေးရာကိစ္စတွေကို ပိုသတိရှိတာပေါ့။ အစ်ကိုကြီးကတော့ မြို့သခင်တစ်ယောက်အနေနဲ့ ဒီကိစ္စတွေကို ကြိုတင်မြင်နိုင်တာကကိုပဲ အလွန်အံ့ဩဖို့ ကောင်းနေပါပြီ" ကျူးမင်လန်က ပြန်ပြောသည်။

"ညီငယ်ကျူးရဲ့ ချီးမွမ်းစကားအတွက် ကျေးဇူးတင်ပါတယ်" ကျိန်းယွီက ပြောလိုက်သည်။ သူ့မျက်နှာမှာ ကျူးမင်လန်၏ အဖြေကို စောင့်နေခဲ့သူပမာ ပျော်ရွှင်နေသည်။

ကျူးမင်လန်က စကားဆက်မပြောတော့ဘဲ ရေဘူးထဲမှ ရေကိုသာ တစ်ငုံ ထပ်သောက် လိုက်သည်။

သောက်လိုက်သော ရေမှာ အရင်ကလောက် မချိုမြိန်တော့ဘဲ အနည်းငယ် ခါးသက်နေ သည်။

ကျိန်းယွီသည် အမှန်တကယ်ပင် အလွန်ဉာဏ်ကောင်းသူ ဖြစ်သည်။ မြို့သခင်က သူတို့ကို တပ်ဖွဲ့များ ပေးအပ်လိုက်ပြီးနောက် သူသည် ဓားပြစခန်းကို ရှာဖွေရန် လမ်းမကြီးများ အတိုင်း ချက်ချင်း ခရီးမနှင်ခဲ့ပေ။

သူသည် စစ်သည်များအားလုံးနှင့် ကျူးမင်လန်တို့အဖွဲ့ကို အတူတူ လှုပ်ရှားစေပြီး ဓားပြ များကို နှိမ်နင်းရန် စေလွှတ်လိုက်သည့် တပ်ဖွဲ့မှာ မြို့များနှင့် ရွာများဆုံရာ နေရာများတွင် လူသားစားမိစ္ဆာများကို ရှင်းလင်းရန် တာဝန်ဖြင့် ထွက်ခွာလာဟန် ဖန်တီးထားလိုက်သည်။

"ဒီနည်းနဲ့ဆိုရင် တောင်ပေါ်မှာ စောင့်ကြည့်နေတဲ့ ဓားပြတွေက ကျွန်တော်တို့ရဲ့ ပေါ်လွင် ထင်ရှားတဲ့ ချဉ်းကပ်မှုကို မြင်လိုက်ရတဲ့အခါ သူတို့ကို ဝိုင်းဝန်းတိုက်ခိုက်ဖို့ လာတယ်လို့ မထင်တော့ဘဲ သတိလျှော့သွားလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ပစ်မှတ်က လူသားစားမိစ္ဆာတွေ မဟုတ်ဘူးဆိုတာကို သူတို့ သိလိုက်တဲ့အချိန်မှာတော့ ထွက်ပြေးဖို့ နောက်ကျသွားလိမ့် မယ်" ကျိန်းယွီက မြို့သခင်လျန်အား ပြောသည်။

မြို့သခင်လျန်၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားပြီး ကျိန်းယွီကို ပိုမိုလေးစားသွားတော့ သည်။

ဓားပြတွေကို နှိမ်နင်းဖို့က မခက်ခဲပေ။ စစ်သည်များကို သူတို့ မည်သို့ ခုခံနိုင်ပါ့မလဲ။ အခက်အခဲမှာ စစ်သည်များ အင်အားအများအပြားဖြင့် စတင်လှုပ်ရှားလိုက်သည်နှင့် ဓားပြ များက အလွယ်တကူ သိရှိသွားနိုင်ပြီး တောင်ပုလေးမြို့ရှိ တောင်တန်းများထဲသို့ ပုန်းအောင်းသွားနိုင်သဖြင့် စစ်တပ်ကြီးမှာ အလကားသာ ပြန်လာရတတ်သည်။

ထို့ကြောင့် မြို့သခင်လျန် ရေကန်ရွာမှ ဓားပြများကို ဖမ်းဆီးခဲ့စဉ်ကလည်း အသံတိတ် ကင်းလှည့်မှုကိုသာ အားဖြည့်ခဲ့သည်။

အကယ်ဒမီ၏ တာဝန်များထဲတွင် ဓားပြအုပ်စုများကို နှိမ်နင်းရမည့် အလုပ်များ ပါဝင် သော်လည်း ထိုတာဝန်များမှာ ပြီးမြောက်ရန် အလွန်ခက်ခဲသည်။ ဓားပြများသည် အမြဲ တမ်း လှုပ်ရှားနေသူများ မဟုတ်သလို၊ ထူးခြားဆန်းပြားသော မိစ္ဆာမျက်နှာအသွင်မျိုး လည်း မရှိကြသဖြင့် နဂါးထိန်းများအနေဖြင့် တောင်တန်းမြို့တော်များထဲတွင် ပုန်းအောင်း နေသော ဓားပြများကို တိတိကျကျ ရှာဖွေရန် မဖြစ်နိုင်ပေ။

"ဓားပြအုပ်စုတွေက ခင်ဗျားတို့ရဲ့ကိစ္စပါ။ ကျွန်တော်တို့ ဒီအတွက် အချိန်ကုန်မခံတော့ဘူး။ မြို့သခင်လျန်…..၊ လူသားစားမိစ္ဆာတွေကို ရှာဖွေဖို့နဲ့ သူတို့ရဲ့ စခန်းတွေကို ရှာဖွေဖို့ပဲ အဓိကထား ကူညီပေးပါ" စီနီယာကျင်းက မြို့သခင် လျန်အား ပြောသည်။

"စိတ်ချပါ၊ မိစ္ဆာတွေ လိုက်ရှာတဲ့ကိစ္စမှာ ဘယ်လိုမှ နှောင့်နှေးကြန့်ကြာမှု မဖြစ်စေရပါဘူး" မြို့သခင်လျန်က ပြန်လည် ဖြေကြားသည်။

All Chapters