အခန်း ၇၂
Vol. 8 Ch. 72
အခန်း (၇၂) အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့်မြို့။
ကျူးမင်လန်ကတော့ အထူးတလည် ဂရုမစိုက်ပေ။ ဓားပြအုပ်စုများမှာ လူသတ်မှုများစွာကို ကျူးလွန်ပြီး ဖြစ်လိမ့်မည်ဟု ယူဆမိသောကြောင့် ကျိန်းယွီကို ဓားပြဂိုဏ်းများ ရှင်းလင်းရာ တွင် ကူညီပေးရမည်ဆိုလျှင်လည်း သူ စိတ်ထဲမထားပေ။ သို့သော်လည်း လူသားစားမိစ္ဆာ များ၏ ကိစ္စက ပို၍ အရေးကြီးပြီး ၎င်းတို့ကို တစ်ကောင်ချင်းစီ ရှင်းလင်းနိုင်ခြင်းက လူဆယ်ဂဏန်း သို့မဟုတ် ထိုထက်မကသော အသက်များကို ကယ်တင်ခြင်းနှင့် အတူတူ ပင် ဖြစ်သည်။
"အစ်ကိုး ကျိန်းယွီ၊ ဒီလူသားစားမိစ္ဆာတွေက ဘယ်လိုလာမလဲဆိုတာ ခန့်မှန်းရခက်တယ်။ ကျွန်တော်တို့ မြို့တွေရဲ့ အားနည်းချက်နေရာတွေကိုပဲ အမြဲတိုက်ခိုက်နေတာ။ အစ်ကိုကြီး ဆီမှာ တစ်စုံတစ်ရာ အသိမြင်များ ရှိမလား" ကျူးမင်လန်က မေးမြန်းသည်။
"ညီငယ်ကျူး၊ မင်းကတော့ ငါ့ကို အထင်ကြီးလွန်းနေပြီ။ ဒီမိစ္ဆာတွေအကြောင်း ငါ ဘာမှ နားမလည်ပါဘူးကွာ" ကျိန်းယွီက ပြန်ဖြေရှာသည်။
"ကောင်းပါပြီ၊ ဓားပြတွေကို လိုက်လံရှင်းလင်းတဲ့အခါ သတိထားပါ။ အစ်ကိုကြီးက စာပေ သမားပဲ၊ တိုက်ပွဲတွေထဲ အလောတကြီး မဝင်မိစေနဲ့" ကျူးမင်လန်က သတိပေးသည်။
ကျူးမင်လန်တွင် အလေ့အကျင့်တစ်ခု ရှိသည်။ သူ့ပတ်ဝန်းကျင်ရှိလူများက ဦးနှောက် သုံး၍ စဉ်းစားနေပြီဆိုလျှင် သူက ထိုပြဿနာကို ထိုသူများဆီသို့ ပစ်ပေးလိုက်တတ်သည်။ သူ နှစ်ပေါင်းများစွာ စိတ်အေးလက်အေး နေနိုင်ခဲ့ခြင်းမှာ ပိုးစာပင်များ မွေးမြူခြင်းက ဦးနှောက်ခြောက်ခံပြီး ရှုပ်ထွေးသော ပြဿနာများကို စဉ်းစားရန် မလိုအပ်သောကြောင့် ဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ သူသည် ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရတော့မည်။ သက်ဆိုင် ရာနေရာသို့ ရောက်သောအခါ သူ ပိုမိုလေ့လာရမည်၊ ပိုမိုစဉ်းစားရမည်။
အဖြူရောင်လဖက်ရည်မြို့ငယ်လေးသို့ ရောက်သောအခါ မြို့ကို အစိုးရတပ်ဖွဲ့များစွာက လုံခြုံရေးယူထားပြီး ဖြစ်သည်။ အရေးကြီးသည့် ထွက်ပေါက်အချို့တွင်လည်း တပ်များက စောင့်ကြပ်နေကြသည်။
လူသားစားမိစ္ဆာများ ကိုက်ဖြတ်ထားသည့် အလောင်းအချို့မှာ နေပူထဲတွင် ပုပ်သိုးနေပြီး သဲလွန်စ ရှာဖွေရန် လိုအပ်သဖြင့် မရှင်းလင်းဘဲ ထားရှိထားသောကြောင့် လူသေအနံ့များ က မြို့ထဲမှ ထွက်ပေါ်နေဆဲ ဖြစ်သည်။
"လူတွေ အကုန်သေမှပဲ အစိုးရတပ်ဖွဲ့တွေ ရောက်လာကြတယ်။ အခု မြို့ကို ပိတ်ဆို့ထား လို့ ဘာအကျိုးရှိမှာလဲ။ အလောင်းတွေက မိစ္ဆာပြန်ဖြစ်မှာကို ကြောက်နေကြတာလား" မြို့တံခါးဝတွင် အဘိုးကြီးတစ်ဦးက ဒေါသတကြီး ပြောဆိုနေသည်။
မြို့သခင်မှာ ရှက်ရွံ့သဖြင့် ထိုအဘိုးကြီးကိုပင် မကြည့်ရဲပေ။
သူက ကျူးမင်လန်၊ ကျင်းမင်ဂျွန်၊ ချူယန်ယန်နှင့် အခြားသူများကို ဤဆိတ်သုဉ်းနေသော နေရာသို့ ခေါ်ဆောင်သွားရာ လီချွမ်းနဂါးထိန်းအကယ်ဒမီမှ အခြားအဖွဲ့တစ်ခုက အရင် ရောက်နှင့်နေသည်ကို တွေ့ရ၏။ သူတို့ထဲတွင် ကျူးမင်လန်နှင့် ရင်းနှီးသော နန်ရီလည်း ပါဝင်နေသည်။
နန်ရီ၏ အဖွဲ့မှာ နန်မျိုးနွယ်စုဝင်များဖြင့်သာ ဖွဲ့စည်းထားပုံရပြီး သူတို့၏ ကိုယ်ပိုင် တောလိုက်မုဆိုး သတ္တဝါများက မိစ္ဆာများကို ရှာဖွေရာတွင် မြို့သခင်၏ လမ်းညွှန်ချက် မလို အပ်ပေ။ ကျူးမင်လန်တို့အဖွဲ့ ရောက်လာသည်ကို မြင်သော်လည်း နန်မျိုးနွယ်စုဝင်များမှာ နှုတ်ဆက်ခြင်းပင် မပြုလုပ်ဘဲ သူတို့တွင် သဲလွန်စ ရရှိထားပြီးဖြစ်ဟန်ဖြင့် တောအုပ်ထဲသို့ မာနကြီးစွာ ထွက်ခွာသွားကြသည်။
"ငါတို့ နောက်ကျသွားပြီ" ကျင်းမင်ဂျွန်က မျက်မှောင်ကြုတ်လိုက်သည်။
"မိစ္ဆာတွေက အများကြီးပဲ၊ တစ်ဖွဲ့တည်းနဲ့ အကုန်ရှာဖို့ မဖြစ်နိုင်ပါဘူး။ မြို့သခင်နောက်ကို ပဲ လိုက်ကြရအောင်" ချူယန်ယန်က အကြံပေးသည်။
"မင်းတို့ အလောင်းတွေကို သွားကြည့်လိုက်၊ ငါတို့ကတော့..." လီယွင်ဇီနှင့်အတူ လှပမှု ကြောင့် နာမည်ကြီးသည့် ကျောင်းသူလေးက ရနံ့သင်းသည့် လက်ကိုင်ပဝါဖြင့် နှာခေါင်းကို အုပ်ရင်း ပြောသည်။
"ကောင်းပါပြီ၊ စီနီယာကျင်းနဲ့ ကျွန်တော် အလောင်းတွေကို သွားကြည့်မယ်။ ကျန်တဲ့ လူတွေကတော့ လူသားစားမိစ္ဆာတွေ ချန်ထားခဲ့တဲ့ သဲလွန်စတွေကို ရှာကြပါ။ ဥပမာ လက်သည်းအပိုင်းအစတွေ၊ အမွေးအမျှင်တွေ၊ တံတွေးစတွေ စတာတွေကို ရှာပါ" ကျူးမင်လန်က သူမတို့၏ စိတ်ပိုင်းဆိုင်ရာ အနေထားကို နားလည်သဖြင့် ခေါင်းညိတ် လိုက်သည်။
အကယ်ဒမီရှိ ကျောင်းသားတိုင်းမှာ အပြင်လောကကို မသွားဖူးကြပေ။ အထူးသဖြင့် အမျိုးသမီး နဂါးထိန်းများမှာ သွေးပျက်ဖွယ်ရာ မြင်ကွင်းများကို မြင်တွေ့ရလေ့ မရှိသလို အဖွဲ့ဝင်မပါဘဲ တစ်ယောက်တည်း သွားလာရန်မှာလည်း ရှားပါးလှသည်။
စီနီယာကျင်းနှင့် ကျူးမင်လန်မှာ အလောင်းများ သိမ်းဆည်းထားသည့် နေရာသို့ သွားကြ သည်။ နေရာက အုတ်ခဲများ ပြန့်ကျဲနေပြီး ပျက်စီးနေသော အိမ်ဟောင်းတစ်လုံး ဖြစ်သည်။
မိစ္ဆာများ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ခံလိုက်ရသော မိသားစုမှာ ဤနေရာတွင် အများဆုံး ဖြစ်သဖြင့် နောက်ပိုင်းတွင် တွေ့ရသည့် အလောင်းများကိုလည်း ဤနေရာသို့ ပင် သယ်ဆောင်ထားကြသည်။
အိမ်ဟောင်းကြီးတစ်ခုလုံးမှာ အလောင်းများဖြင့် ပြည့်နှက်နေသည်။ စီနီယာကျင်း ဝင်လိုက်သည်နှင့် သူ့မျက်နှာမှာ ပျက်ယွင်းသွားပြီး နှာခေါင်းကို အုပ်ရန် ရနံ့သင်းသော လက်ကိုင်ပဝါကို ထုတ်လိုက်သည်။ ထိုပဝါပုံစံမှာ ယခုလေးတင် ထိုလှပသော ကျောင်းသူ လေး သုံးစွဲသည့် ပဝါနှင့် တူနေသည်။
သို့သော်လည်း စီနီယာကျင်းမှာ သွေးပျက်ဖွယ် မြင်ကွင်းများကို ကျင့်သားရပြီးသူ ဖြစ်သည်။ မြို့သခင်၏ ပြောပြချက်ကို နားထောင်ရင်း အလောင်းများကို စစ်ဆေးကြည့်ရှု သည်။
"ကိုက်ရာတွေက အလွန်ရှင်းနေတယ်။ အတွင်းအင်္ဂါအများစုကို စားထားတယ်။ ဒါက ဘာမိစ္ဆာမျိုးလဲဆိုတာ သိနိုင်မလား" ကျူးမင်လန်က စီနီယာကျင်းကို မေးမြန်းသည်။
ပန်းငါးပွင့်၏ ကိုယ်ရံတော် အစောင့်အရှောက် ဖြစ်လာနိုင်သူ စီနီယာကျင်းမှာ ထူးချွန်သော အရည်အချင်းရှိသူ ဖြစ်မည်မှာ သေချာသည်။
"ကိုက်ဖြတ်ထားတဲ့ ဒဏ်ရာတွေက ပြင်းထန်လွန်းတော့ ခွဲခြားရခက်တယ်၊ ဒါပေမဲ့ အတွင်း အင်္ဂါတွေကိုစားတဲ့ မိစ္ဆာဆိုရင် လူမျက်နှာနဲ့ကြွက်ဖြစ်ဖို့ များတယ်" ကျင်းမင်ဂျွန်က ပြောသည်။
"ဒီအမျိုးသမီးရဲ့ လည်ပင်းမှာတော့ ညှစ်ထားတဲ့ အမှတ်အသားတွေ ရှိနေတယ်။ ခန္ဓာကိုယ် လည်း ကြေမွနေတယ်။ တစ်ယောက်ယောက်က ဖရိုဖရဲဖြစ်နေတဲ့ အချိန်ကို အခွင့်ကောင်း ယူပြီး လုယက်သတ်ဖြတ်သွားပုံပဲ" ကျူးမင်လန်က ခေါင်းခါရင်း အလောင်းတစ်ခုကို လက်ညှိုးထိုးကာ မြို့သခင် လျန်ကို ပြောသည်။ "မြို့သခင်၊ ဒီအမျိုးသမီးရဲ့ အိမ်နီးချင်းတွေ က ဘယ်သူတွေလဲဆိုတာ စစ်ဆေးကြည့်ဖို့ လူလွှတ်ပေးပါ။ သူတို့ကို တိုက်ရိုက် ရင်ဆိုင်ပြီး သူမကို သတ်ခဲ့လားလို့ မေးကြည့်တာ အကောင်းဆုံးပဲ"
မြို့သခင် လျန်က ကိုင်းညွတ်ကြည့်လိုက်ရာ ထိုအမျိုးသမီး၏ လည်ပင်းတွင် ညှစ်ထား သော အမှတ်အသားများကို တွေ့ရှိရသဖြင့် သူ့ဘေးမှ စာရေးကို မှတ်တမ်းတင်ရန် အလျင်အမြန် မှာကြားပြီး စုံစမ်းစစ်ဆေးရန် လူလွှတ်လိုက်သည်။
"အဲဒီကိစ္စတွေကို စိတ်မပူပါနဲ့။ ကျွန်တော်တို့ထက် အရင်ရောက်နေတဲ့လူတွေ ရှိသေး တယ်။ လူသားစားမိစ္ဆာတစ်ကောင်ကို ဖမ်းနိုင်ရင် ခရက်ဒစ်ဆယ်မှတ် ရမယ်" စီနီယာ ကျင်းက ကျူးမင်လန်၏ ဝင်ပါမှုအပေါ် မကျေမနပ်ဖြင့် ကြည့်ကာ ပြောသည်။
"တချို့လူတွေရဲ့ ဆိုးဝါးယုတ်မာမူက လူသားစားမိစ္ဆာတွေထက် မလျော့နည်းဘူး။ သူတို့ကို လူအုပ်ကြားထဲမှာ ပုန်းအောင်းနေခွင့် မပေးသင့်ဘူး" ကျူးမင်လန်က ဆိုသည်။
"မင်း ဘာတွေ ရှာတွေ့ထားလို့လဲ" ကျင်းမင်ဂျွန်က အေးစက်စက် နှာခေါင်းရှုံ့ကာ မေးသည်။
"ဒီအိမ်ဟောင်းကြီးမှာ ဘေးတံခါးတွေ အများကြီးပဲ။ အတွင်းဖက်နဲ့ အပြင်ဖက်က အိမ်ရှင် တွေ၊ အစေခံတွေ အပါအဝင် လူတစ်ဒါဇင်ကနေ နှစ်ဆယ်ကြားလောက် နေကြတယ်။ သူတို့ထဲက တစ်ယောက်မှ လူသားစားမိစ္ဆာရဲ့လက်ကနေ မလွတ်မြောက်ခဲ့ကြဘူး၊ ဒါပေမဲ့ တိုက်ခိုက်ခဲ့တဲ့ အရိပ်အယောင်လည်း လုံးဝ မတွေ့ရဘူး..." ကျူးမင်လန်၏ အာရုံစိုက်မှုမှာ ဤအိမ်ဟောင်းကြီးတွင် အရင်ဆုံး သေဆုံးခဲ့သည့် လူများထံသို့ ရောက်နေသည်။
"အဲဒီတော့ ဘာဖြစ်လဲ" စီနီယာ ကျင်းက မေးသည်။
"သူတို့ကို မေ့မျောနေပြီးမှ လူသားစားမိစ္ဆာက တစ်ယောက်ချင်းစီရဲ့ အတွင်း အင်္ဂါတွေကို ခွဲထုတ်စားသောက်သွားတာလို့ ထင်တယ်။ ဒါကြောင့် သူတို့ရဲ့ သေဆုံးပုံတွေက အဲဒီ လောက် နာကျင်နေပုံမရတာ ဖြစ်မယ်။ ဗိုက်ဖောက်စားခံရတာကလွဲရင် ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေက အကောင်းအတိုင်းပဲ..." ကျူးမင်လန်က ဆက်ပြောသည်။
"မေ့ဆေးလား…..၊ ဒါဆို ညနွယ်ကြွက်ဝံပုလွေ ဖြစ်နိုင်မလား" စီနီယာကျင်းက ထိုသတ္တဝါ အကြောင်း ချက်ချင်း တွေးမိသည်။
ညနွယ်ကြွက်ဝံပုလွေများသည် ညနွယ်ပင်များကို စားသုံးကြသည်။ အပင်ထဲမှ မေ့ဆေး ဓာတ်ကို စုပ်ယူထားသဖြင့် သူတို့ထုတ်လွှတ်သည့် အငွေ့မှာ အဝါရောင်မြွေပါများကဲ့သို့ ပုပ်အဲ့အဲ့အနံ့ မဟုတ်ဘဲ ပြင်းထန်သော မေ့ဆေးအာနိသင်ကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်သည်။
ဤမိသားစုကို သတ်ဖြတ်သွားသည့် လူသားစားမိစ္ဆာမှာ အနည်းဆုံး နှစ်ပေါင်း ငါးရာကျော် ကျင့်ကြံထားသည့် မိစ္ဆာကြီးတစ်ကောင် ဖြစ်ရပေမည်။ သူသည် ညဉ့်အချိန်ကို အခွင့် ကောင်းယူကာ မိသားစုတစ်ခုလုံးကို မေ့ဆေးပေးပြီးနောက် မည်သူတစ်ဦးတစ်ယောက်မျှ မသိရှိလိုက်အောင် အတွင်းအင်္ဂါများကို အကုန်အစင် စားသောက်သွားခြင်း ဖြစ်သည်။ အနီးအနားရှိ အိမ်နီးချင်းများပင် ဘာမျှ မသိလိုက်ကြပေ။
"ဒါဆို ကျွန်တော်တို့ တောင်တန်းတွေကို ရှာဖွေတဲ့အခါ ညနွယ်ပင်တွေ ပေါများတဲ့နေရာ ကို အဓိကထား ရှာကြည့်ရမယ်၊ အဲဒီမှာ တစ်ခုခုတော့ တွေ့လိမ့်မယ်လို့ ထင်တယ်" ကျူးမင်လန်က ပြောသည်။
"ဂျူနီယာကျူး၊ မင်းရဲ့ စဉ်းစားတွေးခေါ်မှုက ထက်မြက်သားပဲ" စီနီယာကျင်းက ချက်ချင်း ခေါင်းညိတ် အသိအမှတ်ပြုလိုက်သည်။ ကျူးမင်လန်အပေါ်ထားရှိသည့် သူ၏ သဘော ထားမှာလည်း အနည်းငယ် ပြောင်းလဲသွားသည်။
"တည်းခိုခန်းမှာ သေဆုံးသွားတဲ့ ခရီးသွားတွေမှာတော့ ဆွဲဖြဲတိုက်ခိုက်ခံထားရတဲ့ ဒဏ်ရာ တွေ ရှိနေတယ်။ အသက်ရှင်ကျန်ရစ်သူလည်း အလွန်နည်းတယ်။ မြို့သခင်၊ တိုက်ခိုက်ခံ လိုက်ရတဲ့ တည်းခိုခန်းတွေကို စုံစမ်းပေးဖို့ ကူညီနိုင်မလား၊ အထူးသဖြင့် စာပို့စခန်းတွေ နားက တည်းခိုခန်းတွေကိုပေါ့။ ပထမဆုံး တိုက်ခိုက်ခံလိုက်ရတဲ့ တည်းခိုခန်းရဲ့ တည်နေရာက အရမ်းအရေးကြီးတယ်။ အဲဒါက လူမျက်နှာကြွက်တွေရဲ့ စခန်းနဲ့ နီးစပ်ဖို့ များတယ်" ကျူးမင်လန်က ပြောသည်။
မြို့သခင် လျန်က ခေါင်းညိတ်ပြီး သူ့နောက်မှ စာရေးကို မေးမြန်းသည်။
"ပထမဆုံး တိုက်ခိုက်ခံလိုက်ရတာက မြို့နဲ့ မိုင်နှစ်ဆယ်အကွာမှာရှိတဲ့ ရေကန်ငယ်တောင် စာပို့စခန်းပါ" စာရေးက မှတ်တမ်းများကို လှန်လှောကြည့်ရှုပြီး လေးလေးစားစား ပြန်ဖြေ သည်။
"အဲဒီမှာ လူမျက်နှာကြွက်အုပ်စုကြီး ရှိနေမှာပဲ။ ရေကန်ငယ်တောင်ကို သွားမယ်ဆိုရင် ကျွန်တော်တို့ အဖွဲ့လိုက်ပဲ လှုပ်ရှားမှ ဖြစ်မယ်" ကျူးမင်လန်က ဆိုသည်။
လူမျက်နှာကြွက်များသည် ညနွယ်ကြွက်ဝံပုလွေများလို တစ်ကောင်တည်း မဟုတ်ဘဲ အုပ်စုလိုက် နေထိုင်တတ်ကြသည်။ သူတို့မှာ အရေအတွက် များပြားသဖြင့် နဂါးထိန်းများ ပင်လျှင် သူတို့၏ သားကောင် ဖြစ်သွားနိုင်သည်။
ကျင်းမင်ဂျွန်က လေးနက်စွာ ခေါင်းညိတ်သည်။ လူမျက်နှာကြွက်များ၏ အဓိက လိုဏ်ဂူ ကြီး ဖြစ်နေနိုင်ခြေ ရှိသည်။
မိစ္ဆာအချို့ သို့မဟုတ် ထိုထက်ပိုသော မိစ္ဆာများမှာ ညအချိန်တွင် မြို့ထဲသို့ အတူတူ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူတို့၏ မျိုးစိတ်ကို ကြိုတင်ခွဲခြားသိရှိနိုင်ပါက ဤကျယ်ပြောလှသော တောင်တန်းလွင်ပြင်များတွင် ရှာဖွေရန် အခြေခံအချက်တစ်ခု ရရှိနိုင်မည် ဖြစ်သည်။ သို့မဟုတ်ပါက ရည်မှန်းချက်မဲ့ ရှာဖွေနေလျှင် ဆောင်းတွင်းတစ်ခုလုံး တစ်ကောင်မျှပင် ဖမ်းမိမည် မဟုတ်ပေ။
"အစ်မချူမှာ အနံ့ခံ အလွန်ကောင်းတဲ့ နဂါးတွေ ရှိတယ်။ နောက်ပိုင်းကျရင် ကျွန်တော်တို့ ဝိညာဉ်စွမ်းအားကို သုံးပြီး တောင်တွေထဲက မိစ္ဆာအငွေ့အသက်ကို အာရုံခံနိုင်ပါလိမ့်မယ်။ အဲဒီအခါ တခါတည်း အကုန်ဖမ်းနိုင်မယ်လို့ ယုံကြည်တယ်" ကျင်းမင်ဂျွန်က ပြောသည်။