← Chapters

အခန်း ၇၇

Vol. 8 Ch. 77

အခန်း ၇၇

Vol. 8 Ch. 77

အခန်း (၇၇) ဆရာ့အဖွဲ့ထံသို့ ပူးပေါင်းခြင်း။

"ငရဲကိုသွားကြစမ်း၊ အားလုံး ငရဲကိုပဲ သွားကြစမ်း" ကျင်းမင်ဂျွန်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ရက်စက်နဂါးမှာ ပါးစပ်မှ မီးတောက်များကို တရစပ် မှုတ်ထုတ်နေ သည်။

မီးတောက်များမှာ ဒရမ်စည်ပမာ ကြီးမားပြီး မီးလုံးကြီးအဖြစ် စုစည်းသွားကာ တောင်နံရံ နှင့် မြေပြင်ကို ထိတွေ့သည်နှင့် ပေါက်ကွဲထွက်သွားသည်။ ထိုမှတစ်ဆင့် ပိုမိုပြင်းထန် သော မီးတောက်များအဖြစ် လေးဘက်လေးတန်သို့ လောင်ကျွမ်းသွားသည်။

ကျင်းမင်ဂျွန်က သူ၏ အမျက်ဒေါသကို လူမျက်နှာကြွက်များပေါ်တွင် အကုန်အစင် ပုံချ လိုက်သည်။ သူ မြင်မြင်သမျှသော လူမျက်နှာကြွက် တစ်ကောင်ကိုမျှ အလွတ်မပေးတော့ ပေ။

"စီနီယာအစ်ကို ကျင်း၊ စိတ်လျှော့ပါဦး။ ဒီအတိုင်းသာ ဆက်လုပ်နေရင် ကျွန်တော်တို့ အားလုံး မီးပင်လယ်ထဲမှာပဲ မြုပ်သွားကြလိမ့်မယ်" ကျူးမင်လန်က သက်ပြင်းချကာ ပြောလိုက်သည်။

"မင်းတို့ သွားကြတော့။ ငါ ဒီနေရာကို ပြာဖြစ်တဲ့အထိ မီးရှို့ပစ်မယ်။ ဒီလို အန္တရာယ်ရှိတဲ့ သတ္တဝါတွေကို တစ်ကောင်မှ အလွတ်မပေးနိုင်ဘူး" ကျင်းမင်ဂျွန်က ပြန်ပြောသည်။

"စီနီယာအစ်ကို ကျင်း..." လုရှောင်ယောင်က သူ့ကို နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။

ကျူးမင်လန်သည် ဒဏ်ရာအနည်းငယ် ရရှိထားသော ဂျူနီယာညီမများကို တစ်ချက်ကြည့် လိုက်သည်။ အပေါ်တွင် ရှိနေသေးသည့် ချူယန်ယန်မှလွဲ၍ ကျန်လူများထဲတွင် ကျောက်သူတစ်ယောက် လျော့နည်းနေသည်ကို သူ သတိထားမိသည်။

ထိုလူမှာ ဂျူနီယာညီမ ယန် ဖြစ်သည်။

ကျူးမင်လန်က ညနွယ်ကြွက်ဝံပုလွေမိစ္ဆာဝိညာဉ်ကို ကိုင်တွယ်နေစဉ် ကျင်းမင်ဂျွန်က ချောက်ကမ်းပါး အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားခဲ့သည်။ သို့သော် ခဏ အကြာတွင် ကျင်းမင်ဂျွန်မှာ စိတ်ရူးပေါက်နေသည့်အလား သူ၏ ရက်စက်နဂါးနှင့်အတူ လူမျက်နှာကြွက်များကို အငမ်းမရ သတ်ဖြတ်နေတော့သည်။ ချောက်ကမ်းပါး အောက်ခြေ မှ စတင်လောင်ကျွမ်းသော မီးတောက်များကြောင့် ချောက်ကမ်းပါးရှိ ဂူများထဲတွင် ပုန်းအောင်းနေကြသော လူမျက်နှာကြွက်များမှာ အသက်ရှူကျပ်လာပြီး အားလုံး ထွက်ပြေးလာကြရသည်။

ထွက်ပေါက်မှာ မိုးပြာနဂါးနက်ကြီး ပြုတ်ကျခဲ့သည့် နေရာပင် ဖြစ်သည်။ သွားမည်းကြီးနှင့် ရက်စက်နဂါးတို့သည် အောက်အဆင့်တွင် လူမျက်နှာကြွက် ၁၀ ကောင်ခန့်ကို သတ်ဖြတ်ပြီး ဖြစ်သော်လည်း ကျင်းမင်ဂျွန်၏ မီးတောက်ကိုမူ မငြိမ်းသတ်နိုင်သေးပေ။

အကြောင်းမှာ သူသည် ဂျူနီယာညီမ ယန်ကို တွေ့ရှိချိန်တွင် သူမ၏ ရင်ဘတ်နှင့် ဝမ်းဗိုက် တွင် သွေးစွန်းနေသော အပေါက်ကြီးတစ်ခု ဖြစ်နေပြီး အတွင်းအင်္ဂါများအားလုံးကို ထုတ်ယူစားသုံးခံထားရသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသည့် မည်သူမဆို စိတ်ရူးပေါက်သွားနိုင်သည်မှာ အမှန်ပင်။

မီးရှို့ခြင်းက ညနွယ်ပင်များနှင့် ချောက်ကမ်းပါးတွင် ပုန်းအောင်းနေသော လူမျက်နှာကြွက် အားလုံးကို သုတ်သင်ရန် မှန်ကန်သော နည်းလမ်း ဖြစ်သော်လည်း ကျင်းမင်ဂျွန်၏ လုပ်ရပ်မှာ အလွန်ပင် ပေါ့ဆလွန်းသည်။ သူတို့အနေဖြင့် တောအုပ်အတွင်းမှ အခြားလူများ ထွက်ခွာသွားသည်အထိ စောင့်ဆိုင်းသင့်သည်။ ထို့နောက် လူမျက်နှာကြွက်များ ထွက်ပြေး နိုင်သည့် ထွက်ပေါက်များကို ဝိုင်းဝန်းပိတ်ဆို့ကာ ရက်စက်နဂါးကို မီးတောက်များဖြင့် တိုက်ခိုက်ခိုင်းပါက လူမျက်နှာကြွက် တစ်ကောင်မျှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

"အဖြူလေး၊ အပေါ်ကနေ စောင့်ကြည့်ပေးထားလိုက်" ကျူးမင်လန်က ပြောသည်။

လူသားစားသော မိစ္ဆာများကို အမြစ်မပြတ် ရှင်းလင်းနိုင်ခြင်းမရှိပါက နောင်တွင် အဆုံးမရှိ သော ဒုက္ခများ ကြုံတွေ့ရလိမ့်မည်။ ကျူးမင်လန်နှင့် ကျင်းမင်ဂျွန်တို့လည်း အတွေးတူကြ သည်။ သူတို့အားလုံးကို ရှင်းလင်းပစ်ရန် လိုအပ်သည်။

သွားမည်းကြီးနှင့် ရက်စက်နဂါးတို့သည် ချောက်ကမ်းပါး အောက်ခြေကို ပိတ်ဆို့ထားပြီး မီးတောက်များကိုလည်း တောအုပ်အတွင်းသို့ ပျံ့နှံ့စေမည်။ ဤနည်းဖြင့် လူမျက်နှာ ကြွက်အားလုံးကို တစ်ပြိုင်နက်တည်း ဖမ်းဆီး သုတ်သင်နိုင်မည်ဖြစ်သည်။

"ထောင်ချောက်ထဲ မကျကိုလည်း သတိထားကြဦး" ချူယန်ယန်က မျက်ရည်ဝဲလျက် တိုးတိုးလေး ပြောသည်။

ဤလူမျက်နှာကြွက်များမှာ သူတို့၏ နဂါးများကို မယှဉ်နိုင်ပေ။ အစကတည်းက ပတ်ဝန်း ကျင်ကို စူးစမ်းခဲ့မည်ဆိုပါက ယခုသုံးနေသည့် နည်းလမ်းဖြင့်ပင် အထိအခိုက်မရှိဘဲ မိစ္ဆာ အားလုံးကို ရှင်းလင်းနိုင်မည်ဖြစ်သည်။ မိစ္ဆာဝိညာဉ်တစ်ကောင် ပေါ်လာလျှင်ပင် သူတို့ တွင် ရင်ဆိုင်နိုင်သည့် လူအင်အား လုံလုံလောက်လောက် ရှိနေမည် ဖြစ်သည်။

"ဘာပဲဖြစ်ဖြစ်၊ ငါတို့ မိစ္ဆာဝိညာဉ်တစ်ကောင်ကို ရှင်းလင်းနိုင်ခဲ့တယ်။ ဒီလူသားစားမိစ္ဆာကို သာ အလွတ်ပေးထားမိရင် နောက်ထပ် မိသားစု ဘယ်နှစ်ခုလောက် ပျက်စီးသွားမလဲဆို တာ ဘယ်သူမှ မသိနိုင်ဘူး" ကျူးမင်လန်က ဂျူနီယာညီမများကို နှစ်သိမ့်ပေးလိုက်သည်။

ဂျူနီယာညီမများမှာ စကားမဆိုတော့ပေ။ တောအုပ်ကြီးထဲတွင် တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်များကို ကြည့်ရင်း ကျူးမင်လန်၏ စကားများဖြင့်သာ တခဏတာ နှစ်သိမ့်မှု ရှာဖွေနေကြရသည်။

တောင်ပုလေးမြို့သို့ ပြန်ရောက်သောအခါ လူမျက်နှာကြွက်များ၊ ကြွက်ဝံပုလွေမိစ္ဆာ ဝိညာဉ်များနှင့် ပတ်သက်သည့် အဖြစ်အပျက်များကို အကယ်ဒမီထံ သတင်းပို့ခဲ့ကြသည်။

ခဏအကြာတွင် အသက်အရွယ်ကြီးရင့်သော ဆရာတစ်ဦး ရှေ့ထွက်လာခဲ့သည်။ သူသည် အခြားမြို့တစ်မြို့သို့ သွားရန် လမ်းခရီးတွင် ရောက်ရှိနေခြင်း ဖြစ်ပြီး၊ ထိုမြို့၌လည်း ကျောင်းသားများမှာ လူသားစားမိစ္ဆာများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရကြောင်း သိရှိရ သည်။

ကျောင်းသားများ စတင်ထွက်ခွာသည့်နေ့ကတည်းက ဆရာတိုင်းက ဤမိစ္ဆာအမဲလိုက် ခြင်း တာဝန်မှာ အန္တရာယ်များလှသဖြင့် ပေါ့ပေါ့ဆဆ မပြုမူမိကြရန် သတိပေးထားခဲ့ ကြသည်။

"မိစ္ဆာဝိညာဉ် တစ်ကောင်နဲ့ ရင်ဆိုင်ရပြီး အသက်ရှင်လျက် ပြန်လာနိုင်တာက တကယ့်ကို မဟာကံကောင်းမူပဲ" ထိုဆရာကြီးက သူကိုယ်သူ့ကိုကြားအောင် တိုးတိုးရေရွတ်ရင်း သူတို့ကို နှစ်သိမ့်စကား ပြောသည်။ "မြောက်ဘက်ဒေသမှာဆိုရင် ဆရာတစ်ယောက် တောင် မိစ္ဆာဝိညာဉ်သွေးရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေ ရောက်နေတယ်"

"ဆရာ၊ ကျွန်တော်တို့ ဂျူနီယာညီမ ယန်ရဲ့ ရုပ်အလောင်းကို အကယ်ဒမီဆီ ပုဂ္ဂိုလ်ရေးအရ လိုက်ပါပို့ဆောင်ခဲ့ပါတယ်" ကျင်းမင်ဂျွန်က ပြောသည်။

"အင်း၊ မင်းတို့ တကယ်ကို ဂုဏ်ယူစရာ လုပ်ရပ်တစ်ခု လုပ်ခဲ့တာပဲ။ တောင်ပုလေးမြို့ကို အတိုင်းအတာတစ်ခုအထိ ငြိမ်းချမ်းမှု ပြန်ယူပေးခဲ့တာပဲ။ မင်းတို့လည်း အနားယူကြ တော့" ထိုဆရာကြီးက ခေါင်းညိတ်သည်။ ဂျူနီယာညီမယန်၏ သေဆုံးမှုကြောင့် ကျောင်းသားများ၏ စိတ်ဓာတ်ကျဆင်းမှုနှင့် ဝမ်းနည်းပူဆွေးမှုကို သူ ကောင်းစွာ နားလည်နေပုံရသည်။

"ဂျူနီယာကျူး….၊ မင်းရော ဘယ်လိုလုပ်မလဲ" ချူယန်ယန်က မေးသည်။

ကျူးမင်လန်က ခေါင်းခါယမ်းကာ ပြန်ဖြေသည် "ကျွန်တော် မြောက်ဘက်ကို ဆက်သွားဖို့ စီစဉ်ထားတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်မှာ လိုက်ပါပို့ဆောင်ပေးရမယ့် မိတ်ဆွေ တစ်ယောက် ရှိသေးတယ်လေ"။

"ဒါပေမဲ့ တစ်ယောက်တည်းသွားတာ အန္တရာယ်များတယ်။ ပြီးတော့ တစ်ယောက်တည်း လှုပ်ရှားတာက ဘာအကယ်ဒမီ ခရက်ဒစ်အမှတ်မှ ရမှာ မဟုတ်ဘူးလေ" ချူယန်ယန်က စိုးရိမ်တကြီး ပြောသည်။

"မိစ္ဆာတွေကို သတ်ဖြတ်တာက ပြည်သူတွေအတွက် ဘေးအန္တရာယ်ကို ဖယ်ရှားပေးတာပဲ။ ဒီလိုအရာမျိုးမှာ ခရက်ဒစ်အမှတ်က ဘာအရေးကြီးလို့လဲ" ကျူးမင်လန်က ကျယ်ပြန့်သော စိတ်ထားဖြင့် ပြောလိုက်သည်။

"ကောင်းလိုက်တဲ့စကား….. မှန်လိုက်တာ။ အဲဒီလို စိတ်ဓာတ်မျိုးနဲ့ဆိုရင် မင်းအတွက် အကယ်ဒမီက အထက်လူကြီးတွေကို ငါကိုယ်တိုင် ရှင်းပြပေးထားလိုက်မယ်" ဆရာကြီးက ပြောသည်။

"ဂျူနီယာ ကျူး၊ ငါ တောင်းပန်ပါတယ်။ တကယ်တော့ ငါတို့ တစ်ဝက်တစ်ပျက်နဲ့ နောက်ပြန် မဆုတ်ခဲ့သင့်ဘူး။ ဒါပေမဲ့ ဒီအဖြစ်အပျက်တွေက ငါတို့အတွက် အရမ်းကို ထိတ်လန့်စရာ ဖြစ်နေခဲ့တယ်..." ကျင်းမင်ဂျွန်က ကျူးမင်လန်ကို ဆက်လက် တောင်းပန် နေပြီး ပိုမိုအရှက်ရနေဟန်တူသည်။

ကျင်းမင်ဂျွန်သည် အစပိုင်းတွင် ကျူးမင်လန်၏ ပန်းတိုင်ဖြစ်သည့် ဝိညာဉ်နယ်မြေ သစ်သီး ရရှိရေးကို အတူမျှော်မှန်းခဲ့သော်လည်း၊ ဤအဖြစ်အပျက်များအပြီးတွင် သူသည် တိုးတက် ရန် များစွာ လိုအပ်နေသေးကြောင်း သဘောပေါက်သွားခဲ့သည်။ သူ၏ ကိုယ်ပိုင် စွမ်းရည် များကို မမြှင့်တင်နိုင်မီအထိ သူသည် ဂျူနီယာညီမများ၏ ဘေးကင်းရေးကို စွန့်စားရဲခြင်း မရှိတော့ပေ။

"ကျွန်တော် နားလည်ပါတယ်။ အကယ်ဒမီကို ပြန်ကြပါ။ အရမ်း စိတ်မကောင်းမဖြစ်ပါနဲ့၊ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်မတင်ကြပါနဲ့" ကျူးမင်လန်က သူတို့ကို ပြောသည်။

"ပြောရရင်တော့ ပိုင်ရီရှူး မင်းအကြောင်း ပြောပြတာ ငါကြားဖူးတယ်။ မင်းရဲ့ စွမ်းအားက နည်းပြတချို့နဲ့တောင် ယှဉ်နိုင်တယ်။ မင်းက တစ်ယောက်တည်း လှုပ်ရှားမှာဖြစ်လို့ ကျောင်းသားဆုလာဘ်တွေ ဘာမှရမှာ မဟုတ်ဘူး။ အဲဒီအစား ငါ့နေရာမှာ ကိုယ်စားဝင်ပြီး 'ကြည်လင်ရေမြစ်မြို့' (Clear Water River City) ကို သွားပေးမလား။ အကယ်ဒမီက ဆရာတွေအတွက် အလွန်ရက်ရောတဲ့ ဆုလာဘ်တွေ ပေးထားတယ်" ထိုဆရာကြီးက ပြောသည်။

ဤဆရာကြီးမှာ မြောက်ဘက်ဒေသသို့ ဆက်လက်သွားရောက်ရဦးမည် ဖြစ်သည်။ ကျောင်းသားများ သေဆုံးခဲ့ရသည့်ကိစ္စတွင် သူသည် တာဝန်ကို ပေါ့ဆ၍ မဖြစ်သော် လည်း၊ ကြည်လင်ရေမြစ်မြို့မှာလည်း နဂါးစစ်သူကြီးအဆင့် နဂါးထိန်းတစ်ဦး၏ အကူ အညီ လိုအပ်နေသည်။ စဉ်းစားကြည့်သောအခါ ကျူးမင်လန်ကဲ့သို့ ထက်မြက်သော ကျောင်းသားတစ်ဦးကို ဆရာများ၏ မိစ္ဆာသတ်သည့် လုပ်ငန်းစဉ်များတွင် ပါဝင်ခိုင်းခြင်းမှာ အဓိပ္ပာယ်ရှိပေသည်။

နှစ်တစ်ထောင်သက်တမ်းရှိ မိစ္ဆာဝိညာဉ်တစ်ကောင်ကို တစ်ယောက်တည်း အနိုင်ယူခဲ့ခြင်း က သူ၏စွမ်းအားကို သက်သေပြပြီးသား ဖြစ်သည်။

"ဒါဆိုရင် ပိုတောင် ကောင်းသေးတာပေါ့" ကျူးမင်လန်က ထပ်ခါတလဲလဲ ခေါင်းညိတ်ကာ ပြောသည်။

"ဆရာတွေနဲ့ အလုပ်အတူတူ လုပ်တဲ့အခါမှာလည်း မပေါ့ဆမိစေနဲ့။ တကယ်လို့ မင်းက သက်တမ်းသုံးထောင်ကျော် လူသားစား မိစ္ဆာဝိညာဉ်ကို ကူညီတိုက်ခိုက်ပေးရမယ်ဆိုရင် မဆင်မခြင် မလုပ်မိစေနဲ့။ အန္တရာယ် တစ်စုံတစ်ရာ ရှိမယ်ထင်တာနဲ့ ကြာပန်းနီမြို့ရဲ့ ကြီးကြပ်သူကို အကြောင်းကြားလိုက်၊ သူပဲ ကိုင်တွယ်လိမ့်မယ်။ နားလည်လား" ဆရာကြီး က အထူးမှာကြားသည်။

"နားလည်ပါတယ်" ကျူးမင်လန်က ပြန်ဖြေသည်။

ကျူးမင်လန် တစ်ယောက်တည်း လှုပ်ရှားစရာ မလိုတော့သည်ကို မြင်ရသဖြင့် ချူယန်ယန်၊ ကျင်းမင်ဂျွန်နှင့် အခြားသူများမှာ စိတ်သက်သာရာ ရသွားကြသည်။ ချူယန်ယန်မှာလည်း နောက်မှာ ဆက်နေခဲ့သင့်သလားဟု တွေးတောနေခဲ့သည်။ ကျူးမင်လန်ကို ကူညီပေးနိုင် ခြင်း မရှိလျှင်ပင်၊ အကယ်ဒမီ စည်းမျဉ်းများ၏ ဖိအားကြောင့် သူ အကယ်ဒမီခရက်ဒစ် အမှတ်များ ဆုံးရှုံးသည်ကို သူမ မမြင်လိုပေ။

ကျူးမင်လန်နှင့် နှုတ်ဆက်ပြီးနောက် ကျင်းမင်ဂျွန်၊ ချူယန်ယန်၊ လုရှောင်ယောင်နှင့် အခြားသူများမှာ ဂျူနီယာညီမ ယန်၏ ရုပ်အလောင်းကို အကယ်ဒမီသို့ ပြန်လည် သယ်ဆောင်သွားကြသည်။ ကျူးမင်လန်မှာမူ ကြည်လင်ရေမြစ်မြို့သို့ ချက်ချင်း မသွားခဲ့ ပေ။ အကြောင်းမှာ ကျိန်းယွီသည် တောင်ပေါ်တွင် ဓားပြများနှင့် တိုက်ခိုက်နေဆဲဖြစ်ပြီး ပြန်ရောက်မလာသေးသောကြောင့် ဖြစ်သည်။ ကျူးမင်လန်သည် စိုးရိမ်စိတ်ဖြင့် သူတို့၏ လမ်းကြောင်းတစ်လျှောက်တွင် တစ်စုံတစ်ရာ အမှတ်အသား ရှိမရှိ စစ်ဆေးရန် ဆုံးဖြတ် လိုက်သည်။

မြို့တံခါးသို့ ရောက်သည်နှင့် ခရီးပန်းနေသည့် စစ်သည်တပ်ဖွဲ့တစ်ခု ပြန်လည်ရောက်ရှိ လာသည်။ မြေညိုရောင် မြင်းတစ်ကောင်ကို စီးကာ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ပညာရှင် လူငယ်တစ်ဦးကဲ့သို့ ပုံပန်းရှိသည့် ကျိန်းယွီပင် ဖြစ်သည်။

All Chapters