← Chapters

အခန်း ၇၈

Vol. 8 Ch. 78

အခန်း ၇၈

Vol. 8 Ch. 78

အခန်း (၇၈) ပန်းချီမြို့တော်။

စစ်ကြောင်း၏ နောက်ဆုံးတွင် ဓားပြအုပ်စုကြီးတစ်ခုကို တာဝန်ရှိသူများက ဝိုင်းရံထားကြ သည်။ ဓားပြများ၏လက်များ ကျိုးကြေနေပြီး ပုံစံပျက်ယွင်းလုနီးပါး ဖြစ်နေပြီး။ မျက်နှာ ပေါ်တွင် ပေါ်လွင်နေသော နာကျင်မှုများက သူတို့ခံစားနေရသည့် အရိုးချိုး ပြစ်ဒဏ်၏ ရက်စက်မှုကို သက်သေပြနေသည်။

ဤအရိုးချိုး ပြစ်ဒဏ်မှာ ကျိန်းယွီ၏ အမိန့်ဖြစ်သည်။ သူသည် ဖမ်းဆီးရမိသမျှသော ဓားပြ အားလုံး၏ အရိုးအဆစ်များကို ချိုးပစ်သည်။

တကယ်ပင် ဤဓားပြများ လုယက်သတ်ဖြတ်ခဲ့သည့် ရွာများ၊ မြို့များတွင် ကျူးလွန်ခဲ့သော ရက်စက်မှုများကို ကြားသိရသည့် မည်သည့်မြို့သခင်မဆို သူတို့ကို ထိုနေရာ၌ပင် အပိုင်း ပိုင်း ခုတ်ထစ်ပစ်ချင်ကြပေလိမ့်မည်။

ကျိန်းယွီကိုယ်တိုင်လည်း သူ့နှလုံးသားထဲမှ အမျက်ဒေါသကို အံကြိတ်ကာ ထိန်းချုပ်ပြီး ဤအရိုးချိုးပြစ်ဒဏ် ပေးကာ တောင်ပုလေးမြို့သို့ ပြန်လည်ပို့ဆောင်လာခဲ့ခြင်း ဖြစ်သည်။

"ညီငယ် ကျူး၊ မင်းတာဝန်က မအောင်မြင်ခဲ့ဘူးလား" ကျိန်းယွီက အနည်းငယ် တွန့်ကွေး ဟန် အပြုံးဖြင့် မေးလိုက်သည်။

"ကျွန်တော်တို့ ဂျူနီယာညီမလေး တစ်ယောက် ဆုံးရှုံးလိုက်ရတယ်" ကျူးမင်လန်က ပြန်ဖြေသည်။

"ဘယ်တစ်ယောက်လဲ"

"ကျွန်တော် သိတာကတော့ သူမနာမည်က 'ယန်'တဲ့။ ကျွန်တော်နဲ့ စတွေ့တုန်းက သူမ ပုံစံက ထူးဆန်းတာမျိုး ရုပ်ဆိုးတဲ့ပုံစံမျိုး မဟုတ်ပါဘူး..." ဂျူနီယာညီမယန်နှင့် ပတ်သက် ပြီး ကျူးမင်လန် မှတ်မိသမျှမှာ ထိုမျှပင်။

သို့သော် ဘာကြောင့်မှန်းမသိ၊ ဤအချက်က သူ့ကို ပို၍ ဝမ်းနည်းကြေကွဲစေသည်။

သူမ၏ အမည်အပြည့်အစုံကိုပင် မသိလိုက်ရသော ထိုမိန်းကလေးမှာ ယခုအခါ ထာဝရ အိပ်စက် အနားယူသွားခဲ့လေပြီ။

ကျင်းမင်ဂျွန်နှင့် အခြား ဂျူနီယာညီမများမှာ တိုက်ခိုက်လိုစိတ်ကုန်ခမ်းပြီး ပြန်သွားခဲ့ကြ ခြင်းမှာ မထူးဆန်းပေ။ လမ်းခရီးတစ်လျှောက်တွင် ပျော်ရွှင်စွာ ရယ်မောခဲ့ကြပြီး ကြီးကျယ် ခမ်းနားသော ရည်မှန်းချက်များဖြင့် အတူတူ လျှောက်လှမ်းခဲ့ကြရာမှ၊ ယခုအခါတွင်မူ အေးစက်နေသော ရုပ်အလောင်းတစ်ခုကို ပွေ့ဖက်ရင်း သူမနှင့် ပတ်သက်၍ အမှတ်တရ များထဲတွင် နစ်မွန်းကာ သူတို့ကိုယ်သူတို့ အပြစ်ရှိသလို ခံစားရသည့် ဝေဒနာကို ပိုမိုခံစား နေကြရသည်။

"ဟင်း…..၊ ဓားပြတွေရဲ့ အခြေစိုက်စခန်းကို ရောက်တဲ့အခါ မိန်းမပျိုလေးတွေကို ကယ်တင်နိုင်ခဲ့တယ်။ သူတို့ ဘယ်မှာနေလဲ မေးပြီး ကျွန်တော်က အစိုးရအရာရှိ တစ်ယောက်ပါလို့ ပြောလိုက်တဲ့အခါ သူတို့က ကျွန်တော့်ကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းပန်ကြတယ်..." ကျိန်းယွီ၏ မျက်နှာမှာ မှောင်မိုက်သွားပြီး သူ့အဖြစ်အပျက်ကို ကျူးမင်လန်အား ဖြည်းညင်းစွာ ပြောပြသည်။

စကားအနည်းငယ်မျှဖြင့်ပင် ထိုအချိန်က ကျိန်းယွီခံစားခဲ့ရသော ထိတ်လန့်ခြင်းနှင့် ဒေါသ ကို သိသာစေသည်။

ကျူးမင်လန်က အရိုးချိုးပြစ်ဒဏ် ခံစားနေရသော ဓားပြများကို တစ်ချက်ကြည့်လိုက် သည်။ သူတို့၏ အရိုးဆစ်များမှာ အစအနမကျန် ကြေမွနေသည်။ ကျိန်းယွီသည် အရှင် ဖမ်းမိပါလျက်နှင့် အဘယ်ကြောင့် ဤသို့ ပြုလုပ်ရသည်ကို သူ ယခုအခါ နားလည်သွားပြီ။

လူသားဆန်မှု အနည်းငယ်မျှ ရှိသူတိုင်းမှာ ဤသို့ပင် ပြုလုပ်ကြလိမ့်မည်။

ယှဉ်ကြည့်မည်ဆိုလျှင် ဂျူနီယာညီမ ယန်သည် အိပ်ပျော်နေရင်းနှင့်ပင် သေဆုံးခဲ့ရပြီး၊ ထိုဓားပြများကြောင့် ခံစားခဲ့ရသော ကြောက်မက်ဖွယ်ကောင်းသည့် ဒုက္ခများ၊ သေခြင်း ထက် ဆိုးဝါးသော ကံကြမ္မာများကို မကြုံတွေ့ခဲ့ရပေ။

"အစ်ကို ကျိန်းယွီ၊ ဝမ်းနည်းကြောင်း ပြောပါရစေ။"

"ညီငယ် ကျူး၊ မင်းကိုလည်း ကိုယ်ချင်းစာမိပါတယ်။"

လျှန်မြို့သခင်က ကျေးဇူးတင်စကားများ ပြောကြားကာ ကျူးမင်လန်နှင့် ကျိန်းယွီတို့ကို ဆက်လက်နေထိုင်စေရန် အမျိုးမျိုး ကြိုးပမ်းခဲ့သော်လည်း သူတို့နှစ်ဦးစလုံးမှာ ကြာရှည် မနေလိုကြပေ။

ကိစ္စများမှာ ပြီးဆုံးသွားသော်လည်း သူတို့၏ စိတ်မှာ ပို၍ပင် လေးလံလာခဲ့သည်။ ငြိမ်းချမ်းသော ဘဝတစ်ခု ရရှိရန်အတွက် လျှောက်လှမ်းရမည့် လမ်းခရီးမှာ ရှည်လျားလှ ကြောင်း သူတို့ သိရှိကြသည်။ စိတ်ပင်ပန်းနေကြသော်လည်း သူတို့၏ ခရီးကို ဆက်လက် လျှောက်လှမ်းရပေမည်။

လျှန်မြို့သခင် ပေးအပ်လိုက်သော မြင်းကောင်းများကို စီးနင်းကာ သူတို့နှစ်ဦးသည် နောက်တစ်မြို့သို့ ဦးတည်သည့် လမ်းမကြီးအတိုင်း ခရီးနှင်ကြသည်။

ကြည်လင်ရေမြစ်မြို့မှာ သူတို့၏ နောက်ဆုံးပန်းတိုင်ဖြစ်သည်။ လမ်းတစ်နေရာရှိ စခန်း တစ်ခုတွင် သူတို့ တည်းခိုကြသည်။ ကျိန်းယွီ၏ အားနည်းသော ခန္ဓာကိုယ်နှင့် ကျူးမင်လန် ၏ အဝေးကြီး ခရီးမသွားနိုင်သည့် အခြေအနေကြောင့် တည်းခိုခန်းတွင် ဦးစွာ ဝင်ရောက် နားခိုရန် ဆုံးဖြတ်လိုက်သည်။

"ညီလေး ကျူး၊ မင်းလက်ထဲက အလုံးက ဘာလဲ" ကျိန်းယွီက သိလိုစိတ်ဖြင့် မေးသည်။

"ဒါက 'မိစ္ဆာဝိညာဉ်' အနှစ်ပုလဲပဲ။ အဲဒီ 'ညနွယ်ကြွက်ဝံပုလွေ' ဆီကနေ ထုတ်ယူထားတာ။ ကျွန်တော့်ရဲ့ ဝါးစိမ်းလေးကို ကျွေးဖို့ စီစဉ်ထားတယ်။ ညနွယ်ပင်ရဲ့ ဂုဏ်သတ္တိတွေက သူ့ရဲ့ သဘာဝစွမ်းရည်တွေနဲ့ အထူးကိုက်ညီတယ်" ကျူးမင်လန်က ရှင်းပြသည်။

မိစ္ဆာဝိညာဉ်အဆင့်ရှိ ဝိညာဉ်ပုလဲမှာ မြို့ငယ်လေးတစ်မြို့ကိုပင် ဝယ်ယူနိုင်လောက်သည့် ဈေးကွက်တန်ဖိုး ရှိသဖြင့် ဤပစ္စည်းမှာ မိစ္ဆာဝိညာဉ်သတ်ခြင်းမှ ရရှိသော အဖိုးတန်ဆုံး ဆုလာဘ်ပင် ဖြစ်သည်။

"နဂါးတွေကို လေ့ကျင့်ပေးခြင်းဆိုတာ ချမ်းသာကြွယ်ဝမှုတွေကို စုဆောင်းခြင်းနဲ့လည်း သက်ဆိုင်တယ်လို့ ကြားဖူးတယ်။ ညီငယ်ကျူးရဲ့ ထူးချွန်တဲ့ စွမ်းအရည်တွေနဲ့ဆိုရင် မြို့တွေကို သိမ်းပိုက်ပြီး အခွန်ကောက်တာမျိုး ဘာလို့ မလုပ်တာလဲ။ နဂါးထိန်းသခင် အချို့ ဒီလိုလုပ်တာ ကျွန်တော် မြင်ဖူးတယ်။ သူတို့က ဒေသရဲ့ ငြိမ်းချမ်းရေးကို ကာကွယ် ပေးရင်းနဲ့ အခွန်တွေ အများကြီး ကောက်ခံကြတယ်..." ကျိန်းယွီက မေးသည်။

"အခုလောလောဆယ်တော့ အဲဒီလို အစီအစဉ် မရှိသေးဘူး။ ဒါပေမဲ့ တစ်နေ့နေ့မှာ ငွေကြေးမပြည့်စုံလို့ ဆင်းရဲသွားရင်တော့ မြို့တွေကို သိမ်းပိုက်မိလိမ့်မယ်။ အဲဒီအခါကျရင် အစ်ကိုကျိန်းယွီကို ကျွန်တော့်အတွက် အုပ်ချုပ်ပေးဖို့ အကူအညီတောင်းရတော့မှာပဲ" ကျူးမင်လန်က ရယ်မောကာ ပြောသည်။

"မြို့တွေကို သိမ်းပိုက်ဖို့အကြောင်း ပြောရရင် 'ဧကရီဘုရင်မ' ရဲ့ သံမဏိတပ်ဖွဲ့တွေက တောင်ဘက်ဒေသကို ခြေချလိုက်ပြီ။ သူတို့က မြို့ ၁၀ မြို့ကို ဆက်တိုက် သိမ်းပိုက်ပြီး ဘိုးဘေးနဂါးမြို့တော်ရဲ့ နယ်မြေကို တိုးချဲ့လိုက်ပြီလို့ ကြားတယ်..." ကျိန်းယွီက ဆိုသည်။

ကျူးမင်လန်က ခေါင်းကို အသာကုပ်ကာ အန်းတမ်းတမ်း ဖြစ်သွားသည်။

အနာဂတ်မှာ သူသည် လီယွင်ဇီ သိမ်းပိုက်ထားသော မြို့များကို ကာကွယ်ပေးခြင်း၊ မိစ္ဆာများကို ရှင်းလင်းခြင်းဖြင့်သာ နေထိုင်သွားတော့မည် ဖြစ်နိုင်သည်။

သူ၏ဇနီးဖြစ်သူ တိုက်ပွဲဝင်၍ ရရှိလာသော နယ်မြေကို ကာကွယ်ပေးခြင်းပင်။

ကျူးမင်လန်က မိစ္ဆာဝိညာဉ်ပုလဲမှ မကောင်းသော စွမ်းအင်များကို သန့်စင်ပြီးနောက် ဝါးစိမ်းလေးအား ကျွေးလိုက်သည်။

ဝါးစိမ်းလေးမှာ ငယ်ရွယ်ပြီး ဒဏ်ရာရထားသော်လည်း ဤဝိညာဉ်ပုလဲကြောင့် သိသာ ထင်ရှားစွာ တိုးတက်လာလိမ့်မည်။ အနည်းဆုံးတော့ ကြီးထွားမှုအဆင့်သို့ ရောက်ရှိသွား နိုင်သည်။

နှစ်တစ်ထောင် ကျင့်ကြံခြင်းအခြေခံ ဝိညာဉ်ပုလဲ……။

အကယ်၍ ညနွယ်ကြွက်ဝံပုလွေမှာ ဝိညာဉ်သစ်သီးများ၊ ဝိညာဉ်ဆေးဝါးများကို စားသုံးခဲ့ပါ က ဝါးစိမ်းလေးအနေဖြင့် နှစ်ပေါင်းများစွာ ကျင့်ကြံခြင်းအခြေခံ အမွေနှစ်ကို ဆက်ခံနိုင် မည် ဖြစ်သည်။ ကံမကောင်းစွာဖြင့် မိစ္ဆာဝိညာဉ်ပုလဲများကနေ ကျင့်ကြံခြင်းအခြေခံ လွှဲပြောင်းရယူခြင်းမှာ မြင့်မားခြင်းမရှိဘဲ ဝါးစိမ်းလေးနှင့် ကိုက်ညီမှုကလည်း ကန့်သတ် ချက် ရှိနေသည်။

မူလက ကျူးမန်လန်သည် သွားမည်းကြီးအတွက် ဝိညာဉ်ပုလဲများ ဝယ်ယူရန် စီစဉ်ထား သော်လည်း ဤဝိညာဉ်ပုလဲမှာမူ သွားမည်းကြီးနှင့် မကိုက်ညီပေ။ ထို့ကြောင့် ဝါးစိမ်းလေး အား ကျွေးခြင်းကသာ ပို၍ ထိရောက်သည်။

သွားမည်းကြီးအတွက်မူ လေလံပွဲများတွင် ဆက်လက်ရှာဖွေရဦးမည်။ ရှေးဟောင်းနဂါး သွေးမျိုးဆက်ပါဝင်သည့် ဝိညာဉ်ပုလဲကသာ သွားမည်းကြီးအတွက် ပို၍ အကျိုး သက်ရောက်မူ ရှိလိမ့်မည်။

မိစ္ဆာဝိညာဉ်ပုလဲကို မျိုချလိုက်ပြီးနောက် ဝါးစိမ်းလေးမှာ ဝိညာဉ်နယ်မြေအတွင်းတွင် အိပ်ပျော်သွားသည်။ ကျူးမင်လန်သည် ဝါးစိမ်းလေး၏ သစ်ခေါက်နှင့်တူသော အရေပြား ပေါ်တွင် ထူးခြားသည့် အရောင်အလင်းများ ထွက်ပေါ်လာကာ အကြိမ်ကြိမ် ပြောင်းလဲနေ သည်ကို ရှင်းလင်းစွာ မြင်တွေ့ရသည်။

၎င်း၏ အမွေးများလည်း ပြောင်းလဲနေသည်။ အစပိုင်းတွင် နူးညံ့ပျော့ပျောင်းသော အစိမ်း ရောင် အမွေးနုများမှာ တဖြည်းဖြည်းနှင့် အပြာရောင် ထင်းရှူးအပ်များကဲ့သို့ မာကျော သည့် ဆူးချွန်များအဖြစ် ပြောင်းလဲလာသည်။

အမွေးများအားလုံး ဤထင်းရှူးအပ်ကဲ့သို့ မာကျောလာသောအခါတွင် ၎င်းတို့မှာ သံမဏိ ယပ်တောင်များကဲ့သို့ ထက်ရှလာပြီး ပျံသန်းသည့်အခါ ကျောက်တုံးများကိုပင် ဖြတ်တောက်နိုင်မည်မှာ အသေအချာပင်။

ဝါးစိမ်းလေး၏ ငယ်ရွယ်စဉ်ကာလ ပုံပန်းသဏ္ဍာန်မှာ ၎င်း၏ အစ်ကိုဖြစ်သူနှင့် လုံးဝမတူညီ ကြောင်း ကျူးမင်လန် အစကတည်းက သတိထားမိခဲ့သည်။ ကြီးထွားမှုအဆင့်သို့ ရောက်ရှိ လာသည်နှင့်အမျှ ဝါးစိမ်းလေးသည် ၎င်း၏ ကိုယ်ပိုင်ထူးခြားသည့် လမ်းကြောင်းအတိုင်း ပြောင်းလဲတိုးတက်လာခဲ့သည်။

၎င်း၏အရေပြားမှာ ကျောက်စိမ်းကဲ့သို့၊ သစ်သားကဲ့သို့ တောက်ပနေပြီး အမွေးများမှာ သံမဏိကဲ့သို့၊ အရွက်များကဲ့သို့ ဖြစ်နေသည်။ ၎င်း၏ အမြီးမှာ ငှက်ဝိညာဉ်အချို့ထက်ပင် ပိုမိုလှပပြီး သူ့တစ်ကိုယ်လုံးတွင် 'နတ်ဘုရား သူတော်စင်နဂါးစိမ်း' ၏ အရှိန်အဝါများက ထူးခြားသော အကာအကွယ်အရှိန်အဝါကဲ့သို့ တစ်လှည့်စီ တောက်ပနေ၏။

၎င်း၏ ဒေါင်လိုက်မျက်လုံးများမှာမူ သစ်ပင်ပန်းမန်အားလုံးကို အမိန့်ပေးနိုင်စွမ်း ရှိသည်။ ငယ်ရွယ်သေးသော်လည်း 'နတ်ဘုရားတောအုပ်' ကို ထိန်းချုပ်နိုင်သည့် ထူးခြားသော စွမ်းရည်ကို ပြသနေသည်။ မိစ္ဆာဝိညာဉ်ပုလဲကြောင့် ဝါးစိမ်းလေး၏ ဆက်တိုက် ပြောင်းလဲ မူများကို ကြည့်ရူရင်း ကျူးမင်လန်မှာ အလွန်ပင် ကျေနပ်အားရမိသည်။

ချောက်ကမ်းပါးမှ ပြုတ်ကျကာ ဒဏ်ရာဒဏ်ချက်များဖြင့် သေခါနီး ခွေးပေါက်စလေးကဲ့သို့ အကူအညီမဲ့နေသည့် အချိန်မှစ၍ ယခုအခါတွင် နတ်ဘုရားသူတော်စင်နဂါးစိမ်း၏ အစစ်အမှန် အသွင်ပြင်ကို ဖော်ပြတော့မည့် အရိပ်အယောင်ဖြင့် အစိမ်းရောင်အမွှေး အငွေ့ အသက်များ ဖြာထွက်နေသည်အထိ သူ၏ ကြိုးပမ်းအားထုတ်မှု၊ ပင်ပန်းဆင်းရဲမှုများနှင့် မဆုတ်မနစ်သော ဇွဲလုံ့လတို့မှာ အလဟဿ မဖြစ်ခဲ့ပေ။

"ကြီးထွားမူအဆင့် ဝါးစိမ်းလေးက ငွေပြာရောင် ရိုင်းစိုင်းနဂါးသံချပ်ကာ မဝတ်ထားတဲ့ သွားမည်းကြီးထက် ပိုပြီး သန်မာသင့်တယ်။ ဟုတ်တယ်မလား" ကျူးမင်လန်မှာ မျှော်လင့် ချက်များဖြင့် စိတ်လှုပ်ရှားလာသည်။

"အိုး… အိုး….."

သူ့စိတ်ထဲက အတွေးများကို သွားမည်းကြီး သိရှိသွားသည့်အလား မိုးပြာနဂါးနက်မှာ တိုးညင်းစွာ ဟိန်းဟောက်လိုက်သည်။

"စိတ်မပူပါနဲ့၊ စိတ်မပူပါနဲ့။ ငါတို့လက်ထဲမှာ ငွေကြေးတွေအများကြီး ရှိတယ်၊ အကုန်လုံးက မင်းအတွက် ဝိညာဉ်ပုလဲဝယ်ဖို့ ပြင်ဆင်ထားတာပါ။ အချိန်တန်လို့ မင်းလည်း နှစ် ၂၀၀၀ သက်တမ်းရှိတဲ့ ရှေးဟောင်းမိစ္ဆာဝိညာဉ်ပုလဲ မျိုချလိုက်ရင် မင်းလည်း နဂါးစစ်သူကြီး အဆင့်ကို ရောက်သွားမှာပါ" ကျူးမင်လန်က သွားမည်းကြီး၏ စိတ်မကျေနပ်မှုကို နှစ်သိမ့် ပေးလိုက်ရသည်။

သွားမည်းကြီးသာ နဂါးစစ်သူကြီးအဆင့်သို့ ရောက်ရှိပြီး သံချပ်ကာကို ဝတ်ဆင်လိုက်ပါက ယခုလက်ရှိ အခြေအနေရှိ အဖြူလေးနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိလိမ့်မည်။

သူ၏နဂါးကလေး သုံးကောင်စလုံး မကြာမီ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တော့ မည့်အဖြစ်ကို တွေးမိရင်း ကျူးမင်လန်၏ အပြုံးမှာ ဖခင်တစ်ယောက်၏ ကျေနပ်အားရ သည့် အပြုံးမျိုး ဖြစ်ပေါ်လာခဲ့သည်။

"ညီငယ်ကျူး၊ မင်း ဧကရီဘုရင်မကို လွမ်းနေတာလား။ ဘာတွေတွေးပြီး ဒီလောက်တောင် ကြည်နူးနေတဲ့ အပြုံးမျိုးနဲ့ ပြုံးနေတာလဲ" ကျိန်းယွီက လက်ဖက်ရည် တစ်ငုံသောက်ကာ မေးလိုက်သည်။

"အဟွတ်…..၊ အဟွတ်….၊ အနားယူတာ လုံလောက်ပြီတော့ ခရီးဆက်ကြရအောင်" ကျူးမင်လန်က စကားလမ်းကြောင်း လွှဲလိုက်သည်။

မြင်းဇောင်းတွင် မြင်းပေါ် တက်စီးစဉ် ကျူးမင်လန်သည် ဝိညာဉ်နယ်မြေထဲတွင် ခန္ဓာကိုယ် လျင်မြန်စွာ ကြီးထွားနေသော ဝါးစိမ်းလေးကို ရုတ်တရက် သတိရသွားသည်။

တောအုပ်စိမ်း ဧရာမနဂါးမျိုးနွယ်၏ သွေးမျိုးဆက်ကြောင့် ဝါးစိမ်းလေးသည် ကြီးထွားမှု အဆင့်မှာပင် သူ့မိခင်နှင့် နီးစပ်သည့် အရွယ်အစားအထိ ကြီးထွားလာမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် သူသည် မကြာမီ နတ်ဘုရားသူတော်စင်နဂါးစိမ်းကို စီးနင်းနိုင်တော့မည်။

နဂါးတစ်ပိုင်းငှက်ပျံမှာ နှေးကွေးပြီး ယဉ်ပါးအောင် လေ့ကျင့်ထားရသဖြင့် အမိန့်ကို သေချာ နားမထောင်သည့်အတွက် ကျူးမင်လန်အနေဖြင့် စီးနင်းရသည်မှာ အလွန်ပင် အဆင်မပြေ ဖြစ်ရသည်။ ထို့ကြောင့်ပင် ဤတစ်ခေါက် ကြည်လင်ရေမြစ်မြို့သို့ မြင်းစီးသွားရန် ရွေးချယ် ခဲ့ခြင်း ဖြစ်သည်။

မြင်း၏အမြန်နှုန်းမှာ ကန့်သတ်ချက် ရှိပြီး လမ်းမကြီးအတိုင်းသာ သွားရသဖြင့် အဆင်မ ပြေမှုများစွာ ရှိသည်။ မကြာမီတွင် သူသည် နတ်ဘုရားသူတော်စင်နဂါးစိမ်းကို စီး၍ ကောင်းကင်တွင် ပျံသန်းနိုင်တော့မည်ဟူသော အသိက သူ့နှုတ်ခမ်းထောင့်ကို ပို၍ ကွေးညွတ်သွားစေသည်။

နဂါးကိုစီး၍ ပျံသန်းနိုင်မှသာလျှင် နဂါးထိန်းတစ်ယောက်၏ ပုံစံနှင့် တူပေလိမ့်မည်။

ကြာပန်းနီမြို့တွင်……၊ ပွဲတော်အတွက် ချိတ်ဆွဲထားသည့် မီးအိမ်များကဲ့သို့ တောက်ပ သော အနီရောင်ကြာပန်းများမှာ မြို့တံခါးအောက်ရှိ မြစ်ထဲတွင် ညို့ဓာတ်ပြင်းစွာ လှုပ်ခတ် နေသည်။

အနီရောင် ကြာပန်းများမှာ တစ်နှစ်ပတ်လုံး မီးတောက်များကဲ့သို့ လင်းလက်တောက်ပနေ ပြီး အလွန်ပင် ခမ်းနားထည်ဝါ၏။ ၎င်းသည် ကြာပန်းနီမြို့၏ အကြီးမားဆုံး ဆွဲဆောင်မှု တစ်ရပ်ဖြစ်ပြီး အထက်ပိုင်းမြို့များမှ ခရီးသွားများစွာကို ဆွဲဆောင်ထားသည်။

ယခင်နှစ်များတွင် မြို့၏ ရေလမ်းကြောင်းများမှာ ကြာပန်းကြည့်ရှုသူများဖြင့် ပြည့်နှက်နေ လေ့ရှိသော်လည်း၊ ယခုအခါတွင်မူ လူသားစားမိစ္ဆာကြောင့် စည်ကားသော ကြာပန်းနီမြို့ ပင်လျှင် လူသူကင်းမဲ့နေသယောင် ရှိသည်။ ဆောင်းဦး၏ မီးကြာပန်းများသာ အပြည့်အဝ ပွင့်လန်းနေပြီး အလွန်ပင် လှပကာ ဆွဲဆောင်မှု ရှိနေသည်။

ရှည်လျားသော သစ်သားတံတားပေါ်တွင် ဖြည်းညင်းစွာ လမ်းလျှောက်နေသော ပါးရိုး အနည်းငယ် ပေါ်လွင်နေသည့် လူတစ်ယောက်က မြို့ထဲတွင် ရပ်တန့်လိုက်၏။ သူသည် မြစ်ထဲမှ အနီရောင် ကြာပန်းများကို မြင်ရသဖြင့် ခဏတာ ငေးမောကြည့်ရှုနေမိသည်။

အချိန်အတော်ကြာပြီးနောက် သူက မြို့ထဲသို့ ခရီးဆက်ခဲ့သည်။ စည်ကားနေဆဲဖြစ်သော လမ်းမများကို ကြည့်ရင်း ကျန့်အန်းမှာ ရပ်တန့်သွားပြီး အဝတ်အစား အမျိုးမျိုး ဝတ်ဆင် ထားသော လူအုပ်ကြီးကို အကဲခတ်လိုက်သည်။

မကြာမီပင် သူ့အကြည့်များက လမ်းဘေးရှိ ဆိုင်များ၊ ရွှေဆိုင်၊ ငွေဆိုင်များ၊ မြင့်မားသော လက်ဖက်ရည်ဆိုင်များ၊ ခမ်းနားစွာ ဆောက်လုပ်ထားသော တိုက်တာ အဆောက်အအုံ များနှင့် သူ၏ နောက်ကျောဘက်ရှိ ခမ်းနားသော မြို့ရိုးများပေါ်သို့ ကျရောက်သွားသည်။

တခဏတာ တွန့်ဆုတ်ပြီးနောက် ကျန့်အန်းသည် ရှေ့သို့ ဆက်လက် လျှောက်သွားသော် လည်း သူ၏အရှိန်မှာ စတင်ချိန်ကထက် များစွာ နှေးကွေးသွားသည်။

"သခင်ကြီး၊ အတွင်းကို ဝင်ကြည့်ပါဦးမလား" "အဖိုးတန် ကျောက်စိမ်းဆံထိုး၊ အဖိုးတန် ကျောက်စိမ်းဆံထိုး၊ လာကြည့်ပါဦး"

"သကြားလုံးချောင်း၊ သကြားလုံးချောင်း... ဒီတစ်ချောင်းကတော့ ရောင်းဖို့ မဟုတ်ဘူးနော်၊ ကျွန်တော့် သမီးအတွက်"

"မုန့်တစ်ထုတ်တည်းနဲ့ ဈေးဆစ်နေတာ၊ ကြေးပြားနှစ်ပြားပဲ၊ ဘယ်လိုမှ မလျှော့ပေးနိုင် ဘူး။"

ကျန့်အန်း ရှေ့သို့ ဆက်လျှောက်သွားသည်။ သူဖြတ်သန်းခဲ့သော မြို့များနှင့် မတူညီဘဲ စည်ကားနေသော်လည်း သူ့အတွက်မူ တစ်စုံတစ်ခုမှာ ထူးဆန်းနေသည်။

အတိအကျ ဘာတွေ မှားယွင်းနေလဲ။ သူ မပြောတတ်ပေ။

ဤမြို့ထဲသို့ ဝင်ရောက်လာချိန်တွင် သူသည် မှင်နံ့ ပြင်းပြင်းကို ရလိုက်သည်။ အနီးအနား တွင် မှင်ဆိုင် သို့မဟုတ် ပန်းချီဆိုင် မရှိပါဘဲနှင့် ထိုရနံ့မှာ နေရာတိုင်းမှ ထွက်ပေါ်နေသ ယောင် ရှိသည်။

ရုတ်တရက်၊ သူ၏ရှေ့ရှိ လမ်းခင်းကျောက်တုံးများမှာ ထူးဆန်းစွာ လှိုင်းထလာ၏။ လမ်းမကြီးတစ်လျှောက် စနစ်တကျ ခင်းကျင်းထားသော မီးခိုးရောင် ကြွေပြားများမှာ ရေကန်ထဲ ကျောက်တုံးတစ်ခု ပစ်ချလိုက်သကဲ့သို့ လှိုင်းထလာပြီး တစ်မြို့လုံးသို့ ပျံ့နှံ့သွား သည်။

ထိုလှိုင်းများမှာ မီးခိုးရောင် အိမ်တန်းလျားများဆီသို့ ရောက်ရှိသွားသောအခါ အဆောက် အအုံများနှင့် ဆိုင်ခန်းများမှာပင် ရေပြင်ပေါ်တွင် ရောင်ပြန်ဟပ်နေသည့် မြင်ကွင်းကဲ့သို့ လှုပ်ခတ်နေသည်။ စိတ်ကူးဖို့ပင် အလွန်တရာ ခက်ခဲလှသည်။

သူ၏ဘေးတွင် ရှိနေသော လမ်းသွားလမ်းလာများနှင့် ဆိုင်ရှင်များမှာ ရုတ်တရက် ရပ်တန့် သွားကြသည်။

ထိုတခဏ၌ ဆူညံသံများမှာ လုံးဝ တိတ်ဆိတ်သွားတော့သည်။

ကျောင်းသားဝတ်စုံနှင့် ခရီးသွားတစ်ဦးမှာ ကျန့်အန်းအနားကို အလျင်အမြန် ဖြတ်လျှောက် သွားသည်။ သို့သော် သူလျှောက်လှမ်းနေရင်းနှင့်ပင် သူ၏ ခြေထောက်အောက်ရှိ လှိုင်း ဂယက်များထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားသည်။ သူ လျှောက်လှမ်းနေရင်းနှင့်ပင် သူ၏ ကိုယ်ခန္ဓာမှာ မှင်ရည်များအဖြစ် ပြောင်းလဲသွားတော့သည်။

ကျန့်အန်း နောက်သို့ လှည့်ကြည့်လိုက်သည်။

သူ၏နောက်ဘက်ရှိ လမ်းမကြီးများ၊ လမ်းသွားလမ်းလာများ၊ မြို့ရိုးတံခါးများ... မည်သည့် အချိန်ကတည်းက ဖြစ်မှန်းမသိ၊ ၎င်းတို့အားလုံးမှာ အလွန်ပင် လက်ရာမြောက်လှပြီး၊ အသေးစိတ်ကျသော မှင်ပန်းချီကားကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။

သူကိုယ်တိုင်မှာလည်း လူသားတစ်ယောက်အနေဖြင့် မှင်နှင့်ရေတို့ဖြင့် ရေးဆွဲထားသော ဤကမ္ဘာကြီးထဲတွင် ရောက်ရှိနေသည်။ အသက်ဝင်လွန်းလှသော ပန်းချီမြို့တော် တစ်ခု အတွင်းသို့……..။

All Chapters