← Chapters

ဒုတိယမြောက်ချိပ်တံဆိပ်

Vol. 014 Ch. 667

ဒုတိယမြောက်ချိပ်တံဆိပ်

Vol. 014 Ch. 667

ဝမ်လင်းက စဉ်းစားကာ နေသည်။သူက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ ပို၍ အချိန်ကြာကြာနေလေလေ အရာရာက ပိုထူးခြား၊ထူးဆန်းလာလေ ဖြစ်နေ၏။ပထမဦးဆုံးတစ်ခုက ဟောင်လုံပန်းချီကားပင်။သည့်နောက် နတ်ဆိုးဗိုလ်ချုပ်မိုဖန်နှင့် ပုံတူ တစ်ယောက်ရှိနေခြင်း၊နောက်ဆုံးတစ်ခုက လင်းထျန်ဟူနှင့် ဆင်တူသည့် လူကြီးတို့ ဖြစ်ကြ၏။

ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်လို့နေသည်။သူက သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ရှေ့ဖြစ်ဟောသူက ကောင်းကင်ဘုံရဲ့ ဆန္ဒနောက်ကို လိုက်လံ ရှာဖွေတယ်။သူက ငါ့ကို ဒီနေရာကို အတင်းလာစေခဲ့တာက သူ့မှာ ကိုယ်ပိုင် အကြောင်းရင်းတစ်ခုတော့ ရှိရမယ်။ ဒါ့အပြင် ငါက ထျန်ယွမ်ဂြိုဟ်ပေါ်မှာတုန်းက ဘိုင်ဝေက ငါ့ကို လွန်ခဲ့တဲ့ နှစ်သောင်းတဲ့ချီအတွင်းမှာ ရှေ့ဖြစ်ဟောသူရဲ့ တပည့်များစွာက ပျောက်ဆုံးကုန်ကြတယ်လို့ ထောက်ပြခဲ့ဖူးတယ်။ငါက ဒီစီနီယာတွေ ပျောက်ဆုံးတာက ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေနဲ့ ပတ်သတ်နေလားတော့ ငါ သေချာမသိဘူး…”က ပျောက်ဆးစရှေောင်းတဲ့ချီအတြာခဲ့ကို ်ုက လင်းထျန်ဟူန

ဝမ်လင်းက သိုလှောင်အိတ်ကို ထိလိုက်၏။သူ့မျက်လုံးက အေးစက်လာခဲ့သည်။သူက ဆက်တွေးနေသည်။ “ငါက သန်မာလာတာနဲ့အမျှ ဒီနေရာက ဘယ်လောက်ပဲ ထူးဆန်းထူးဆန်း ငါ့တာအိုနှလုံးသားကိုတော့ သက်ရောက်မှု ဖြစ်အောင် လုပ်နိုင်မှာ မဟုတ်ဘူး…”

ဝမ်လင်းက မျက်လုံးမှိတ်ကာ သူ့မူလစိတ်ဝိညာဉ်သည် နတ်ဆိုးမိစ္ဆာ၏ စိတ်ဝိညာဉ်ကို ဆက်လက် အမှတ်အသား ခပ်နှိပ်နေသည်။

သည့်အပြင် စိတ်ဝိညာည်သန့်စင်ခြင်း မျိုးနွယ်စုသည်လည်းဆက်လက် ကြီးထွားနေကာ စိတ်ဝိညာဉ်သန့်စင်ခြင်းမန္တာန်ကို ကျင့်ကြံသောလူများသည်လည်း ပိုပို များပြားလာ၏။သည့်အပြင် သည်နေရာက ရှေးဟောင်းတိုက်ပွဲမြေ ဖြစ်သည့်အတွက် စိတ်ဝိညာဉ်အပိုင်းအစများစွာ ရှိလို့နေ၏။ထိုစိတ်ဝိညာဉ်အပိုင်းအများက မြေအောက်အနက်ပိုင်း၌ ရှိနေကြသော်လည်း စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်ကို ဝင်ရောက်လာနေသည့်လူများက မြေကြီးများကို တွင်းပေါက်များဖြစ်အောင် စတင် တူးစွကြသည်။ထိုတွင်းပေါက်များထဲသို့ ဝင်၍ ကျင့်ကြံခြင်းသည် စိတ်ဝိညာဉ်သန့်စင်ခြင်းမန္တာန်ကို ကျင့်ကြံရန်အတွက် ကောင်းမွန်လှပေသည်။

နောက်ထပ် နည်းလမ်းတစ်ခုကတော့ မီးနတ်ဆိုးနိုင်ငံသို့ သား၍ သေဆုံးသွားသော နတ်ဆိုးတပ်သားများ၏ စိတ်ဝိညာဉ်များကို စုပ်ယူခြင်း ဖြစ်သည်။

သို့ရာတွင် သူတို့၏ ကျင့်ကြံခြင်း၌ အချို့အောင်မြင်မှု ရနေသူများသာ ထိုသို့သွားရောက်ရန် အရည်အချင်း ရှိကြ၏။ထိုသို့ သွားရောက်လိုသူများသည် ချူးယောင်ဟွာ၏ စစ်ဆေးခြင်းကို ဖြတ်ကျော်ရ၏။သူ စစ်ဆေးသည်ကို အောင်မြင်မှသာ သွားရောက်ခွင့် ရှိ၏။

စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုသည် အလွန်မြန်ဆန်လှသော နှုန်းဖြင့် တိုးတက်ကြီးထွားလာနေခဲ့၏။တနေ့ကျလျှင် သူတို့၏ အင်အားစုက နိုင်ငံကိုးခုကိုပင် တုန်လှုပ်သွားနိုင်စွမ်း ရှိပေလိမ့်မည်။

မျိုးနွယ်စုဝင်များ၏ စိတ်ထဲ၌ ရှေးဟောင်းတိုက်ပွဲမြေ၏ အလယ်ဗဟိုရှိ မျှော်စင်သည် မြင့်မြတ်သည့်နေရာအဖြစ် သတ်မှတ်ထားကြ၏။

ဆယ်နှစ်တိတိ ထွက်ပေါ်လာခြင်း မရှိသည့် ဝမ်လင်းကတော့ သူတို့၏ ဘိုးဘေးပင် ဖြစ်ချေသည်။ဝမ်လင်းက သူတို့၏ လမ်းပြသူ အကြီးအမှူးပင် ဖြစ်၏။

နေ့စဉ်နေ့တိုင်း သူက နတ်ဆိုးမိစ္ဆာ စိတ်ဝိညာဉ်ကို အမှတ်အသားခပ်နှိပ်ခြင်းကလွဲ၍ ကျန်သည့်အချိန်ကို အတားအဆီးအလံပေါ်၌ မရေမတွက်နိုင်သောအတားအဆီးများစွာအား ဖန်တီးနေခဲ့ပေသည်။သည်ဆယ်နှစ်အတွင်း ဝမ်လင်းသည် အတားအဆီးများနှင့် ပတ်သတ်၍ ပိုပို၍ ဆင်ခြင်နိုင်ခဲ့ပေသည်။သူက အတားအဆီးပေါင်း (၉၉၉၉)ခု အစုံလိုက်ရဖို့ ဖြည်းဖြည်းချင်း နီးကပ်လို့လာ၏။

စိတ်ဝိညာဉ်တစ်ကုဋေအလံကိုတော့ ဝမ်လင်းက အချိန်အတန်ကြာကတည်းက ထုတ်လွှတ်ထားကာ စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု၏ ကောင်းကင်ထက်၌ စိတ်ဝိညာည်အပိုင်းအစ သန်းတစ်ရာအား လွှမ်းခြုံဖုံးအုပ်ထားစေပေသည်။စိတ်ဝိညာဉ်အပိုင်းအစများ၏ ငြီးသံများက နေ့စဉ်လိုလို ကြားနေရသည်သာ။ထိုအရာကပင် မျိုးနွယ်စု၏ သင်္ကေတတစ်ခု ဖြစ်လာခဲ့ပေ၏။

ဝမ်လင်းက သူ့အချိန်အများစုကို နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားပေါ်ရှိ ချိပ်တံဆိပ်များကို လေ့လာရာတွင်လည်း အသုံးပြုခဲ့ပေသည်။ဝမ်လင်းက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်အဆင့်တွင် ရှိစဉ်က သူသည် ပထမဆုံးချိပ်ပိတ်မှုကိုသာ ဖြေလျှော့၍ အသုံးပြုရုံမျှသာ ပြုလုပ်နိုင်စွမ်း ရှိခဲ့၏။ခု သူက အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိချိန်တွင်တော့ ပထမဆုံးချိပ်တံဆိပ်ကို သက်တောင့်သက်သာ အသုံးပြုနိုင်ပြီ ဖြစ်သည်။သို့ရာတွင် ထိုအရာက ဝမ်လင်းအတွက် မလုံလောက်သေးပေ။သူက ဒုတိယမြောက်ချိပ်တံဆိပ်ကိုပါ အသုံးပြုနိုင်စွမ်း ရှိချင်နေ၏။

ပထမချိပ်တံဆိပ်ကို အသက်သွင်း ဖြေလျော့နိုင်ပြီးနောက် သည်နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအထွတ်အထိပ်အဆင့်ကိုပင် ကြောက်လန့်စေနိုင်ခဲ့သည်။ဒုတိယချိပ်တံဆိပ်အတွက်မူ ဝမ်လင်းသည် ၎င်းကို သူ့နတ်ဘုရားအာရုံဖြင့် ကြည့်ရှုရုံမျှသာ လုပ်နိုင်စွမ်း ရှိ၍ လျှပ်စီးတန်းများကို ပေါ်ထွက်စေသည်။ထိုလျှပ်စီးတန်းများက သူ့နတ်ဘုရားအာရုံနောက်ကနေ ထပ်ကြပ်မကွာလိုက်ပါလာသိလို ချိပ်ပိတ်မှု ပြင်ပတွင်လည်း သူ့နောက်သို့ လိုက်ပါလာပေသည်။ဝမ်လင်းက ထိုအရာအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်သဖြင့် သူက ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို အသက်ဝင်စေကာ အသက်ရှုစာ အကြိမ်များစွာ ကြာပြီးမှ ထိုလျှပ်စီးကို ပက်သယ်ပစ်နိုင်ခဲ့ပေသည်။

ထိုလျှပ်စီးတန်းမှ တစ်ဆင့် ဝမ်လင်းသည် သူသာ ဒုတိယမြောက်ချိပ်ပိတ်မှုကို ဖယ်ရှားလိုက်သည်နှင့် သားရဲသည် ပိုမိုစွမ်းအားကောင်းလာမည်ကို ဆုံးဖြတ်လိုက်နိုင်၏။သည့်အပြင် ထိုဒုတိယမြောက်ချိပ်တံဆိပ်က စိတ်ဝိညာဉ်သားရဲ၏ လျှပ်စီးစွမ်းအားကို ချိပ်ပိတ်ထားခြင်းသာ ဖြစ်၏။

သည်နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားသည် ကောင်းကင်ဘုံနယ်မြေမှ ဆင်းသက်လာသည်ဟု ပြော၍ ရ၏။ထိုစစ်ရထားကို ဖန်တီးသူသည် စစ်ရထား၏ သားရဲများသည် စွမ်းအားကောင်းလှသည့် လက်နက်များ ဖြစ်သည်ဟု ပြောခဲ့ပေသည်။ နတ်ဘုရားသတ်ဖြတ်ခြင်း ဆိုသည့်နာမည်ကပင် တင်စီးလွန်းလှသော်လည်း ၎င်းစစ်ရထားနှင့် နှစ်ရာချီ အတူကုန်ဆုံးစေခဲ့ပြီးသည့်နောက် ဝမ်လင်းသည် ၎င်း၏ စွမ်းအားကို အပြည့်အဝ မယုံကြည်တော့ချေ။သူက ၎င်းစစ်ရထား၏ စွမ်းအားနှင့်ပတ်သတ်၍ သုံးဆယ်ရာခိုင်နှုန်းလောက်ကိုသာ ယုံကြည်တော့၏။

ဒုတိယချိပ်တံဆိပ် အပေါ် ဝမ်လင်း၏ စိတ်ဝင်စားမှုက သားရဲစိတ်ဝိညာဉ်သည် လျှပ်စီးစွမ်းအားကို ရရှိလာသည်ကို ရှာတွေ့မိချိန်မှစ၍ ကြီးစွာ တိုးလာခဲ့သည်။

အနက်ရောင်မျှော်စင်အောက်မှ အဘိုးအို အသုံးပြုခဲ့သော လေ၊မိုး၊မိုးကြိုးနှင့်လျှပ်စီးမန္တာန်သည် လွန်စွာ စွမ်းအား ကောင်းခဲ့၏။ဝမ်လင်းက ၎င်းမန္တာန်အကြောင်း တွေးမိတိုင်း သူ့နှလုံးသားက တုန်ယင်ရသည်သာ။ ထိုမန္တာန်၏ စွမ်းအားအကောင်းဆုံး အပိုင်းက အနက်ရောင်လျှပ်စီးပင်။၎င်းလျှပ်စီး မရှိပါက မန္တာန်၏စွမ်းအားသည် များစွာ အားနည်းသွားပေလိမ့်မည်။

ဝမ်လင်းက ဒုတိယချိပ်ပိတ်မှုကို ဖွင့်လှစ်နိုင်ဖို့ ယုံကြည်ချက် ရှိပေသည်။သို့ရာတွင် ထိုလျှပ်စီးကို သေချာစမ်းစစ်ကြည့်ပြီးနောက် သူက ဒုတိယချိပ်ပိတ်မှုကို ဖွင့်လှစ်လိုက်သည်နှင့် သားရဲချုပ်နှောင်ခြင်းလက်ကောက်သည် ထိုသားရဲ၏ ခွန်အားကြောင့် ပျက်စီးသွားနိုင်ပေသည်။

သားရဲချုပ်နှောင်ခြင်းလက်ကောက်က ရှေးဟောင်းနတ်ဘုရားထူစီ လက်အောက်ရှိ ရှေးဟောင်းကျင့်ကြံသူတစ်ယောက်က သူတို့ကို ကူညီပေးရန်အတွက် ဝမ်လင်းကို ပေးထားခဲ့ခြင်း ဖြစ်၏။ထိုလက်ကောက်က ပြီးခဲ့သောနှစ်ရာချီအတွင်း သူ့အတွက် အလွန်အထောက်အကူ ဖြစ်စေခဲ့ပေသည်။အထူးသဖြင့် နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားနှင့် ပတ်သပ်ရာ၌ ဖြစ်၏။၎င်းသည် ဝမ်လင်းကို သူ့ကျင့်ကြံခြင်းအဆင့် လုံလောက်အောင်မြင့်မားခြင်း မရှိကတည်းက စစ်ရထားကို အသုံးပြုနိုင်စေခဲ့ပေသည်။

သို့သော် ခုချိန်၌ ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်က များစွာ တိုးတက်လာခဲ့ပြီဖြစ်ကာ စစ်ရထားပေါ်ရှိ ပိုများသော ချိပ်ပိတ်မှုများကို ဖွင့်လှစ်လာသည်နှင့်အမျှ ၎င်းလက်ကောက်သည် သားရဲစိတ်ဝိညာဉ်ကို ဆက်လက် ထိန်းချုပ်နိုင်စွမ်း မရှိ ဖြစ်သွားပေလိမ့်မည်။

ဝမ်လင်းက အနည်းငယ်စဉ်းစားပြီးနောက် သိုလှောင်အိတ်ထဲမှ သားရဲချုပ်နှောင်ခြင်းလက်ကောက်ကို ထုတ်ယူလိုက်သည်။ထိုလက်ကောက်က မရေမတွက်နိုင်သော ရှေးဟောင်းအတားအဆီးများနှင့် ပြည့်နှက်နေကာ ရှေးဟောင်းသားရဲများ၏ ရုပ်သွင်များကိုပါ ၎င်းလက်ကောက်အပေါ်၌ ထွင်းထုထားလေ၏။

သားရဲချုပ်နှောင်ခြင်း လက်ကောက်ကို ကြည့်နေရင်း ဝမ်လင်းက ချီတုံ့ချတုံ ဖြစ်နေသည်။ထိုလက်ကောက်၏ အကူအညီမပါဘဲ ဝမ်လင်းက သူ့ခွန်အားသပ်သပ်ဖြင့် စစ်ရထား၏ စိတ်ဝိညာဉ်သားရဲကို ဖိနှိပ်နိုင်စွမ်း မရှိပေ။သူက စစ်ရထားဖန်တီးသူ၏ အမွေအနှစ်ကို ပြည့်စုံအောင် လုပ်ကာ ထိုသူ ထားရှိခဲ့သော နည်းလည်းကို လိုက်နာရမည် ဖြစ်သည်။မဟုတ်လျှင် သည်ရတနာသည် အသုံးမဝင်ပေ။

ဝမ်လင်းက ထိုသားရဲချုပ်နှောင်ခြင်းလက်ကောက်ကို ဆုပ်ကိုင်ထားရင်း ဆုံးဖြတ်ချက် ချလိုက်ဟန် ပေါ်ထွက်လာသည်။သူက မတ်တပ်ထရပ်လိုက်၏။သူက မျှော်စင်အတွင်းကနေ ပျောက်ကွယ်သွားကာ စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု၏ ကီလိုမီတာငါးထောင်အကွာတွင် ပြန်ပေါ်လာခဲ့တော့သည်။

ထိုနေရာက လွင်ပြင်တစ်ခု ဖြစ်ကာ လူသူလုံးဝ ကင်းမဲ့နေ၏။ဝမ်လင်းက လက်ကောက်ကို မြေပေါ်သို့ ပစ်ချလိုက်၏။ထိုနောက် သူက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ ၎င်းလက်ကောက်ထံသို့ လက်ညွှန်လိုက်သည်။ထိုလက်ကောက်က အနက်ရောင်အလင်းတစ်ခုကို ပေးစွမ်းလာပြီးနောက် နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားအသွင်သို့ ပြောင်းလဲသွားတော့သည်။

ထိုစစ်ရထားက စူးချွန်များနှင့် ဖုံးအုပ်နေကာ အားကောင်းသောအလင်းကို ပေးစွမ်းလို့နေ၏။တစ်ပြိုင်နက်တည်းမှာပင် ရထား၏ သားရဲစိတ်ဝိညာဉ်က ပေါ်ထွက်လာခဲ့သည်။၎င်းသားရဲ၏ အမြင့်က ပေတစ်ထောင်ခန့်ရှိကာ တောင်အသေးတစ်ခုစာလောက်ပင် ရှိလို့နေသည်။

၎င်းကပေါ်ထွက်လာသည်နှင့် နီရဲသောမျက်လုံးများဖြင့် ဝမ်လင်းကို စူးစိုက်ကြည့်နေသည်။၎င်းက ဦးမညွတ်သောဟိန်းသံ ပြုကာ ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေလိုက်သည်။

၎င်းက ဟိန်းဟောက်ပြီးသည်နှင့် ဝမ်လင်းထံသို့ ရုတ်တရက် တိုးဝင်လာ၏။ထိုအခါ လေထုဆုတ်ပြဲသံများပင် ထွက်ပေါ်လာခဲ့တော့သည်။ဝမ်လင်းအသွင်က ပင်ကိုယ်အတိုင်းရှိနေကာ သူ့ညာလက်ကို ရှေ့သို့တွန်းထုတ်လိုက်၏။

ထိုအရာက ဧရာမလက်ကြီးတစ်ခု ကောင်းကင်မှ သက်ဆင်းလာသည့်အလားပင်။ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာပြီးနောက် သားရဲစိတ်ဝိညာဉ်၏ ခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်သို့ ဖိချခြင်း ခံလိုက်ရသည်။

ဖုန်များ ထောင်းထောင်းထသွားကာ ကျယ်လောင်သောအသံနှင့်အတူ မြေပြင်သည် တုန်ခါသွား၏။

စိတ်ဝိညာဉ်သားရဲက ခေါင်းမော့ကြည့်လာသည်။၎င်း၏မျက်လုံးထဲ၌ ရုန်းကန်နေသော စိတ်ဆန္ဒတို့ ပြည့်နေ၏။၎င်းက ကြမ်းကြုတ်စွာ ဟိန်းသံပြု၍ ဝမ်လင်းကို စူးရဲစွာ ကြည့်နေသည်။၎င်း၏ အညံမခံလိုသောအော်ရာက ပေါက်ကွဲထွက်လာလေသည်။

ဝမ်လင်းက ထိုစိတ်ဝိညာဉ်သားရဲကို တည်ငြိမ်စွာ ကြည့်သည်။အတိတ်တုန်းက ဝမ်လင်းသည် ထိုစိတ်ဝိညာဉ်သားရဲကို ဖက်ပြိုင်နိုင်ခြင်း မရှိပေ။သို့ရာတွင် ခုချိန်၌ သူသည် ထိုသားရဲကို ချုပ်နှောင်ခြင်းမှ မလွတ်ကင်းသွားရန် လွယ်ကူစွာ ဖိနှိပ်ထားနိုင်ပြီ ဖြစ်သည်။

သူက အကာအဝေးတစ်ခုကပင် ထိုသားရဲကို ညာလက်ဖြင့် လဲကျသွားစေခဲ့၏။ဝမ်လင်းက သူ့လျှာကို အနည်းငယ်ကိုက်လိုက်၏။သည့်နောက် သူက ကောင်းကင်ထက်၌ လက်ဟန်တစ်ခု ရေးစွဲလိုက်ရာ သွေးသင်္ကေတတစ်ခုသည် ဖြည်းဖြည်းချင်း သိပ်သည်းလာသည်။ထိုသင်္ကေတသည် နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထား၏ ဖန်တီးသူ ချန်ထားခဲ့သော အရာ ဖြစ်၏။စုစုပေါင်း သင်္ကေတခုနစ်ခု ရှိကာ ခုနစ်ခုလုံးကို ချမှတ်နိုင်သည်နှင့် စစ်ရထားက ပိုင်ရှင်အဖြစ် အသိအမှတ်ပြုပေလိမ့်မည်။

သို့ရာတွင် ထိုသင်္ကေတခုနစ်ခုလုံးထဲမှ နှစ်ခုသည် လေးခုမြောက်ချိပ်ပိတ်မှုကို ဖြေလျှော့နိုင်ချိန်မှသာ အသုံးပြုနိုင်မည် ဖြစ်သည်။

သွေးသင်္ကေတပြည့်စုံသွားသည်နှင့် ဝမ်လင်းက ၎င်းကို ဆက်ခနဲ တောက်ထုတ်လိုက်၏။၎င်းက သွေးအလင်းတန်းအဖြစ် ပြောင်းလဲကာ မြေပြင်ပေါ်တွင် ရုန်းကန်နေသော သားရဲထံသို့ တိုက်ရိုက် ပျံသန်းသွားသည်။သွေးသင်္ကေတက သားရဲ၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်ကာ သွား၏။

သားရဲစိတ်ဝိညာဉ်၏ ခန္ဓာကိုယ်က တုန်ယင်သွားကာ ၎င်းက အတော်လေးနာကျင်သွားဟန် ရသည်။၎င်းက အရူးအမူး ဟိန်းသံပြုကာ စတင် ရုန်းကန်လေတော့သည်။

ဝမ်လင်းမျက်လုံးများက တဖျပ်ဖျပ် လင်းလက်နေကာ သူ့ညာလက်ကို ဖြေလျှော့ပေးလိုက်၏။

ထိုအခါမှသာ သားရဲက ပြန်လွတ်လပ်သွား၏။သားရဲက လွတ်လပ်သွားသည်နှင့် ဝမ်လင်းကို စူးရဲစွာ ကြည့်လာပြန်သည်။၎င်းက ဆက်တိုက်ဟိန်းဟောက်လိုက်ကာ ၎င်းမျက်လုံးထဲရှိ အညံမခံသည့်သဘာဝက ပိုမိုအားကောင်းလာခဲ့တော့၏။

ဝမ်လင်းက စိတ်ဝိညာဉ်သားရဲကို အေးစက်စွာ ကြည့်၍ ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။သူ့လက်ထဲရှိ ထိုချိပ်တံဆိပ်မှ အနက်ရောင်အလင်းတစ်ခု ပေါ်လာ၏။သည့်နောက် သူက‌ အော်ပြောလိုက်၏။ “ပထမဆုံးချိပ်ပိတ်မှု ပွင့်ဟစမ်း…”

အနက်ရောင်အလင်းက စိတ်ဝိညာဉ်သားရဲပေါ်သို့ ကျရောက်လို့သွားသည်။အက်ကွဲသံများ ထွက်ပေါ်လာ၏။သည့်နောက် ပြင်းထန်သောအော်ရာတစ်ခုက ၎င်းသားရဲ၏ ခန္ဓာကိုယ်ကနေ ရုတ်တရက် ထွက်ပေါ်လာတော့သည်။

ချက်ခြင်းလိုလိုပင် စိတ်ဝိညာဉ်သားရဲက ပြန်ထရပ်လာ၏။၎င်း၏ သွေးနီရောင်ပါးစပ်ကြီးကို ဟကာ ဝမ်လင်းထံသို့ တဟုန်ထိုး ပြေးဝင်လာတော့သည်။

ဝမ်လင်းခန္ဓာကိုယ်က ရွှေ့လျားခြင်း မရှိပေ။သူက သူ့ညာလက်ကို နောက်တစ်ဖန် လှုပ်ရှားလိုက်ကာ ဝှေ့ယမ်းလိုက်၏။

ထိုအရာက လေပြင်းတစ်ခုဖြစ်တည်ကာ လက်ဝါးအသွင်သို့ ပြောင်းလဲ ဖြစ်ပေါ်သွားပြီး သားရဲပေါ်သို့ ကျရောက်ထိမှန်သွားသည်။ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာကာ သားရဲ၏ ပါးစပ်ကြီးက ဖိချခံရကာ စုတ်ပြတ်သွားလေ၏။သားရဲက နောက်သို့ ချက်ခြင်း ဆုတ်လိုက်၏။၎င်းက နောက်ဆုတ်ရင်း ၎င်း၏ခန္ဓာကိုယ်သည် အနက်ရောင်အခိုးငွေ့များအဖြစ် ပြောင်းလဲ၍ အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားကာ ဝမ်လင်းထံသို့ အရူးအမူး တိုးဝင်လာတော့သည်။

ဝမ်လင်းက လက်နှစ်ဖက်လုံးဖြင့် လေထဲ၌ ရေးဆွဲဟန် ပြုလိုက်ရာ သူ့ရှေ့၌ သွေးသင်္ကေတနှစ်ခုပေါ်လာခဲ့တော့၏။

ထိုအခိုက်အတန့်၌ အနက်ရောင်အလင်းအားလုံးနီးပါးသည် ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ သူ့မူလစိတ်ဝိညာဉ်ထဲသို့ တိုးဝင်သွားချေသည်။ဝမ်လင်းက နှာခေါင်းရှုံ့လိုက်၏။သူ့မျက်လုံးထဲမှ ရွှေရောင်အလင်းတစ်ခု ဖျပ်ခနဲ ထွက်ပေါ်လာသည်။

“မူလစိတ်ဝိညာဉ်…ထွက်ခွာချေ…” ဝမ်လင်းက မာန်သွင်းအော်ဟစ်လိုက်၏။သူ့မျက်လုံးကတော့ မှိန်ဖျော့လို့သွားသည်။သည့်နောက် သူ့မူလစိတ်ဝိညာဉ်သည် ပျံသန်းထွက်သွားတော့၏။ထို့နောက် သားရဲစိတ်ဝိညာဉ်သည် ဝမ်လင်းမူလစိတ်ဝိညာဉ်၏ လည်ပင်းဆုပ်ကိုင်ခြင်းကို ခံလိုက်ရလေသည်။

သွေးသင်္ကေတနှစ်ခုက မြန်ဆန်စွာ ပျံသန်းထွက်လာပြီးနောက် ဝမ်လင်းမူလစိတ်ဝိညာဉ်၏ ဘယ်လက်ဖြင့် ဖမ်းဆုပ် ခံလိုက်ရသည်။သည့်နောက် သူက ထိုသင်္ကေတနှစ်ခုကို သားရဲစိတ်ဝိညာဉ်၏ မျက်ခုံးနှစ်ခုကားသို့ ဖိနှိပ်ချလိုက်သည်။

သားရဲစိတ်ဝိညာဉ်၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။သည့်နောက် ပိုမိုပြင်းထန်သောအော်ရာတစ်ခုက တဟုန်ထိုး ထွက်ပေါ်လာတော့သည်။ထိုအခါ ဝမ်လင်းမူလစိတ်ဝိညာဉ် လက်ထဲကနေ မမျှော်လင့်ဘဲ လွတ်မြောက်သွား၏။

ဝမ်လင်းမူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်သွားသည်။သူ့မျက်လုံးများက ပွင့်ဟလာကာ သူက သားရဲထံသို့ ကြည့်လိုက်သည်။

ထိုအချိန်အခိုက်အတန့်၌ ဝမ်လင်းနှင့် ကီလိုမီတာများစွာ ဝေးကွာသော တစ်နေရာ၌ မီးနတ်ဆိုးနိုင်ငံနှင့် ရွှေရောင်နတ်ဆိုးနိုင်ငံတို့ကြား နယ်နိမိတ်တစ်ခု ရှိလေသည်။ထိုနေရာက ကြီးမားသောတောင်တန်းတစ်ခုပင် ဖြစ်၏။အနံ့အသက်ဆိုးများက ထိုနေရာတွင် တစ်နှစ်ပတ်လည်လုံး ပြည့်လို့နေသည်။ထို့ကြောင့် ထိုနေရာသည် နတ်ဆိုးနိုင်ငံများ မကိုင်တွယ်သည့် နေရာတစ်ခု ဖြစ်လို့နေ၏။

ထိုအနံအသက်ဆိုးများကြား၏ အတွင်းနက်ပိုင်း၌ အဖြူရောင်မြို့တစ်မြို့ရှိလို့နေသည်။တိတိကျကျဆိုလျှင် ပေတစ်ရာလောက်မြင့်သည့် အဖြူရောင်ကျောက်နံရံများ ဝန်းရံထားသော ရဲတိုက်တစ်ခုပင်။ထိုရဲတိုက်၏ အတွင်းဘက်ကနေ ထူးဆန်းအံ့ဖွယ်ခံစားချက်ကို ပေးစွမ်းလို့နေသည်။

အခုအခိုက်အတန့်၌ ထိုအနက်အသက်ဆိုးများကြားသို့ အနက်ရောင်အရိပ်တစ်ခုသည် လျင်မြန်စွာ ပျံသန်းလာနေ၏။လေထဲ၌ ရှိနေစဉ်မှာပင် ထိုအရိပ်သည် ဒူးတစ်ဖက်ထောက်ချကာ လေးစားစွာ ပြောလိုက်၏။ “ဘိုးဘေးကို နှုတ်ဆက်ပါတယ်။ဒီအစေခံက ကောင်းကင်နတ်ဆိုးနိုင်ငံကနေ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လုံးလုံး ပျောက်ဆုံးသွားခဲ့တဲ့ ဝမ်လင်းရဲ့ တည်နေရာကို ရှာတွေ့ခဲ့ပါပြီ…”

ရဲတိုက်ထဲ၌ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကျောချမ်းဖွယ်အသံတစ်သံ ထွက်ပေါ်လာသည်။ “သူ့ ခုလက်ရှိ ကျင့်ကြံမှုက ဘယ်အဆင့်မှာလဲ…”

အနက်ရောင်အရိပ်က ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်၏။ “ဒီ…ဒီအစေခံက သူ့ကျင့်ကြံမှုအဆင့်ကိုတော့ မသိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အရင်တုန်းက သူ့ကို ဖမ်းဖို့ လွှတ်ခဲ့တဲ့အဖွဲ့က အသတ်ခံလိုက်ရလို့ပါ။ဒါ့ကြောင့် ဘာသတင်းမှ ပြန်မကြားခဲ့ရပါဘူး။ဒါပေမဲ့ ဒီအစေခံသိတာကတော့ ဒီလူဟာ ရှေးဟောင်းနတ်ဆိုးရဲ့တမန်တော် အဖြစ် ညွှန်းဆိုခြင်း ခံထားရတယ် ဆိုတာပါပဲ…”

“ရှေးဟောင်းနတ်ဆိုးရဲ့တမန်တော်…ဟားဟား…ဒီအဘိုးအိုမျက်စိကျတဲ့လူက တကယ် သာမန်မဟုတ်ဘူးပဲ။ ကောင်းကင်ဘုံသက်တော်စောင့်တစ်ယောက်ကို ခေါ်သွားပါ။ ပြီးရင် သူ့ကို အသက်ရှင်လျက် ဖမ်းလာခဲ့ချေ…”

အနက်ရောင်အရိပ်က အမိန့်ကို နာခံပြီးနောက် ပြန်လည် ပျောက်ကွယ်သွားတော့သည်။

ရဲတိုက်ထဲ၌ ပိန်ပါးပါးအဘိုးအိုတစ်ယောက်သည် ခပ်တိုးတိုး ရေရွတ်လာသည်။ “ဒီဝမ်လင်းကိုသာ ကောင်းကောင်းလေ့ကျင့်ပေးမယ်ဆိုရင် သူက ငါ့အတွက် နောက်ထပ် ကောင်းကင်ဘုံသက်တော်စောင့်တစ်ယောက် ဖြစ်လာနိုင်တယ်။သူ့ကျင့်ကြံမှုအဆင့်က ဘယ်လောက်ပဲ မြင့်မြင့် သူက အာဏာတက်ခြင်းအဆင့်ကို မရောက်သေးသ၍ ငါလွှတ်လိုက်တဲ့ ကောင်းကင်ဘုံသက်တောင်စောင့်က သူ့ကို ဖမ်းခေါ်လာနိုင်ဖို့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး…”

***

All Chapters