← Chapters

အခန်း ၇၆၅

Vol. 38 Ch. 765

အခန်း ၇၆၅

Vol. 38 Ch. 765

အခန်း (၇၆၅) တင့်တယ်လျောက်ပတ်ခြင်း

လူတိုင်းက သွားကိုကြိတ်ကာ ချင်ယွမ်ဖုန်း၏ နောက်သို့ လိုက်ပါကြလေသည်။ ယခုကဲ့သို့သော အချိန်၌ အနောက်တွင် ကျန်ရစ်ခဲ့ခြင်းသည် သေမင်းထံ သွားခြင်းနှင့် အတူတူပင် ဖြစ်ချေသည်။

လမ်းခရီးတစ်လျှောက်တွင် အနောက်မှ ထက်ကြပ်မကွာ လိုက်ပါလာသည့် စစ်သည်တော်များသာမကဘဲ အဆိပ်ပြင်းမြွေများနှင့် ဧရာမပင့်ကူကြီးများကဲ့သို့သော တောအုပ်၏ မွေးရာပါ ဘေးအန္တရာယ်များလည်း ရှိနေပေရာ ပထမအကြိမ် အနည်းငယ်တွင်မူ အဖွဲ့သားများမှာ ဖရိုဖရဲ ဖြစ်ခဲ့ရပြီး အချို့မှာ ဒဏ်ရာပင် ရခဲ့ကြချေသည်။

သို့ရာတွင် ချင်ယွမ်ဖုန်း၏ လမ်းညွှန်မှုနှင့် ကွပ်ကဲမှုအောက်၌ ယင်းတို့က တဖြည်းဖြည်းနှင့် အတွေ့အကြုံများ ရရှိလာကြလေသည်။

စိတ်အာဃာတမိစ္ဆာ အရှိန်အဝါကို အာရုံခံမိပြီး စုပ်ယူနိုင်ခဲ့ကြသည့် မိစ္ဆာများကမူ အကာအကွယ်ပေးသူများအဖြစ် စတင် ဆောင်ရွက်လာကြချေသည်။

ယင်းတို့က တောရိုင်းတိရစ္ဆာန်များကိုလည်း နှိမ်နင်းနိုင်စွမ်းရှိပြး ထိုသတ္တဝါများကို စားစရာအဖြစ် အသုံးချနိုင်ကြ၏။

မှော်သားရဲများနှင့် ရင်ဆိုင်ရသည့် အခါတွင်ပင် ယင်းတို့က မိမိတို့၏ ကြောက်ရွံ့မှုကို နှိမ်နင်းကာ ချင်ယွမ်ဖုန်း၏ အကူအညီကို စောင့်ဆိုင်းတတ်လာကြသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်မိသည်။ ရက်ပေါင်းနှစ်ရက်မျှ အတွင်းမှာပင် ဤအဖွဲ့ငယ်လေးသည် အခြေခံ တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်နေပြီ ဖြစ်ချေသည်။

ဤသည်ကား ဘေးအန္တရာယ်၏ အကျိုးသက်ရောက်မှုပင် ဖြစ်ပေရာ အန္တရာယ်နှင့် ကြုံတွေ့ရသည့် အခါတွင်မူ လူသားများကို စည်းလုံးစေနိုင်ချေသည်။

ထိုစစ်သည်တော်များ၏ အရှိန်အဝါမှာ ချင်ယွမ်ဖုန်းနှင့် ယင်း၏အဖွဲ့ထက် များစွာ ပိုမိုမြန်ဆန်ပေသည်။ ညနေစောင်း အချိန်သို့ ရောက်သောအခါ ယင်းတို့က နောက်မှ ထက်ကြပ်မကွာ လိုက်လံမှီခိုသွားခဲ့ပြီး ဦးချိုကျိုးများမှာမူ ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်သည်။

"ကဲ... မင်းတို့အားလုံး ဒီနေ့ တော်တော်လေး လုပ်နိုင်ခဲ့ကြတယ်။ ဒါပေမဲ့ ကင်းလှည့်ရမယ့်သူတွေကလည်း ဆက်ပြီး ကင်းလှည့်ရမယ်၊ ထမင်းချက်ရမယ့်သူတွေကလည်း မြန်မြန်ဆန်ဆန် ချက်ပြုတ်ကြပေါ့။

စားသောက်ပြီးရင်တော့ အနားယူလို့ ရပါပြီ" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောကြားလိုက်သည်။

လမ်းခရီးတွင် ယင်းတို့က မှော်သားရဲတစ်ကောင်နှင့် တောရိုင်းတိရစ္ဆာန် အချို့ကို ကြုံတွေ့ခဲ့ရပြီး ယင်းတို့ အားလုံးမှာ ထိုအဖွဲ့အတွက် အစားအစာ ဖြစ်သွားခဲ့ချေသည်။

ယခုအခါတွင်မူ ယင်းတို့ ခရီးတစ်ထောက် ရပ်နားလိုက်ပြီ ဖြစ်ပေရာ အသားများကို ကင်စားရန် အကောင်းဆုံး အချိန်ပင် ဖြစ်တော့သည်။

သို့သော်လည်း ဟောကမူ စိုးရိမ်ပူပန်နေဆဲ ဖြစ်ပေရာ "သခင်... ဟိုစစ်သည်တော်တွေက နောက်ကနေ မှီလာနေပြီလေ။ ကျွန်တော်တို့ ဒီမှာ ရပ်နားနေမယ်ဆိုရင် သေမင်းကို ဖိတ်ခေါ်နေတာနဲ့ အတူတူပဲ မမဟုတ်ဘူးလားဗျာ" ဟု ဆိုလေသည်။

"ငါ ပြောပြီးပြီပဲ။ ကျန်တာတွေကို ငါ့ကိုပဲ လွှဲထားလိုက်စမ်းပါ။ မင်းတို့အားလုံး စိတ်အေးလက်အေးနဲ့သာ အနားယူကြစမ်းပါ" ဟု ချင်ယွမ်ဖုန်းက အေးဆေးစွာ ပြန်လည် တုံ့ပြန်လိုက်ချေသည်။

မေသည် စိတ်သက်သာရာရသွားဟန်ဖြင့် အိုင်နာကို ဆွဲခေါ်ကာ ရေနှင့် ထင်း ရှာဖွေရန် ထွက်ခွာသွားတော့သည်။ ထို့နောက်တွင်မူ ထိုအုပ်စုတစ်ခုလုံးမှာ အစားအစာ ပြင်ဆင်ရန် အလုပ်ရှုပ်သွားကြလေတော့သည်။

အနောက်မှ လိုက်ပါလာသည့် တစ်ဆယ်ဂဏန်းမျှ ရှိသော စစ်သည်တော်များမှာမူ ထိုဦးချိုကျိုး သတ္တဝါများက မိမိတို့အား လျစ်လျူရှုထားသည်ကို မြင်သောအခါ ဒေါသအလိပ်လိပ် ထွက်သွားကြချေသည်။

"တကယ်ကို အောက်တန်းကျလွန်းတာပဲ။ ငါတို့လို စစ်သည်တော်တွေကိုတောင် အလေးမထားဘဲ ငါတို့မျက်စိအောက်တင် အေးအေးလူလူ အနားယူနေကြတာပါလား"

"သူတို့ ကြည့်ရတာ လက်လျှော့လိုက်တဲ့ ပုံပဲ" ဟု အခြား စစ်သည်တော်တစ်ဦးက အေးစက်စွာ ပြောဆိုလိုက်သည်။

ထိုသို့သော အချိန်၌ အလယ်တွင် ရှိနေသည့် စစ်သည်တော်က ခေါင်းကို ခါယမ်းလိုက်ရင်း "သတိမလွတ်စေနဲ့။ သူတို့ထဲမှာ တကယ့်ကို အစွမ်းထက်တဲ့ တည်ရှိမှုတစ်ခု ရှိနေတာ သေချာတယ်" ဟု ဆိုချေသည်။

"ဟုတ်ကဲ့ပါ တပ်စုမှူး။ တပ်စုမှူး ပြောတာက ဟို ဖျက်ဆီးရေးဘုရင် လို့ လူသိများတဲ့ လူကို ပြောတာလား" ဟု စစ်သည်တော်တစ်ဦးက အနည်းငယ် ကြောက်ရွံ့စွာဖြင့် မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းမှာ အတုံးအရုံး သတ်ဖြတ်ခြင်းမျိုးကို မပြုလုပ်ခဲ့ပေ။ ယင်းက အစောင့်အရှောက် အနည်းငယ်၊ စစ်သည်တော် နှစ်ဦးနှင့် ကျွန်ကုန်သည်ကြီး ဂျရတ်တို့ကိုသာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ချေသည်။

ကျန်ရှိနေသည့် အစောင့်အရှောက်များမှာမူ ဆီယာမြို့သို့ ပြန်လည်ရောက်ရှိချိန်တွင် ချင်ယွမ်ဖုန်း၏ လုပ်ရပ်များကို သဘာဝအတိုင်း အထက်သို့ တင်ပြခဲ့ကြပေသည်။

ထို့ကြောင့်ပင် ချင်ယွမ်ဖုန်းသည် ဖျက်ဆီးရေးဘုရင် ဟူသော အမည်ပြောင်ကို ရရှိခဲ့ခြင်း ဖြစ်သည်။

'ဖျက်ဆီးရေးဘုရင် ဟုတ်လား။ ဒါက ရှန်းဝူ စကြဝဠာ တိုက်ကြီးတုန်းက ငါ့ရဲ့ အမည်နာမနဲ့ အတူတူပဲ ပါလား။ တိုက်ဆိုင်လှချေကော' ဟု ချင်ယွမ်ဖုန်းက ယင်း၏ ဝိညာဉ်စွမ်းအားကို အသုံးပြု၍ စစ်သည်တော်များ၏ စကားဝိုင်းကို တစ်လုံးမကျန် ကြားသိနေခဲ့ချေသည်။

ချင်ယွမ်ဖုန်းက တရွေ့ရွေ့ ရှေ့သို့ လျှောက်လှမ်းသွားခဲ့ရာ ထိုစစ်သည်တော်များကလည်း ယင်း၏ထံသို့ ဦးတည်ကာ လျှောက်လာကြသည်။

"မင်းက တော်လှန်ရေးသမားလား" တပ်စုမှူးက ချင်ယွမ်ဖုန်းကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်ချေသည်။ ဤလူသည် ဂျရတ်၏ အစောင့်များ ဖော်ပြခဲ့သည့်အတိုင်း ကျင့်စဉ်အဆင့်မှာ အားအင်ချိနဲ့ပုံရပြီး အတန်ငယ် ရုပ်ဖြောင့်သော်လည်း တကယ့်ကို စွမ်းအားကြီးမားပုံ ရပေသည်။

"ဟုတ်တယ်။" ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး "မင်းတို့က ငါ့ကို ဖမ်းဖို့ လာကြတာလား" ဟု ဆိုလေသည်။

"ဟွန့်... မင်းကိုတင် ဖမ်းမှာ မဟုတ်ဘူး၊ မင်းရဲ့ အနောက်က ဦးချိုကျိုး သတ္တဝါတွေ အားလုံးကိုပါ တစ်ယောက်မကျန် ဖမ်းဆီးသွားမှာပေါ့" ဟု အခြား စစ်သည်တော်တစ်ဦးက အေးစက်စွာ ဆိုလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ရင်း "နားလည်ပြီ။ ငါ့နာမည်က ဖုန်းလို့ ခေါ်တယ်" ဟု ဆိုချေသည်။

"ဟူး... ဘာ ဖုန်းလဲ။ ငါတို့က ဟိုအစောင့်တွေလို မဟုတ်ဘူးဟေ့။ ငါတို့က ဆီယာမြို့ရဲ့ ပထမတပ်မ၊ သတ္တမတပ်စုကွ" ဟု တပ်စုမှူးက ဟိန်းဟောက်ကာ ရှေ့သို့ ပြေးဝင်လာပြီး ယင်း၏ လက်ထဲမှ ဓားရှည်မှာ အေးစက်လှသော အလင်းရောင် အနည်းငယ်ကို ဖြာထွက်နေစေချေသည်။

ချင်ယွမ်ဖုန်းက အပြုံးမပျက်ဘဲ ခေါင်းညိတ်လိုက်ရာ ရုတ်တရက်ပင် ယင်း၏ ခန္ဓာကိုယ်မှာ လှုပ်ရှားသွားခဲ့တော့သည်။

ယင်းသည် တောင်ပေါ်မှ ဆင်းသက်လာသည့် ကျားတစ်ကောင်ကဲ့သို့ ပြင်းထန်လှပေရာ ထိုစစ်သည်တော်များမှာမူ သတ်ဖြတ်ခြင်းကို ခံရမည့် သိုးသူငယ်များကဲ့သို့ ဖြစ်သွားကြပြီး ခုခံနိုင်စွမ်း အလျဉ်းမရှိကြတော့ချေ။

ယခုအခါတွင်မူ တပ်စုမှူးသည် မိမိတို့ ရှေ့မှလူမှာ ထင်မှတ်ထားသည်ထက် များစွာ ပိုမိုအစွမ်းထက်ကြောင်းနှင့် မိမိတို့ကိုယ်တိုင် သေမင်းထံ သိုးသူငယ်များကဲ့သို့ လာရောက် အပ်နှံခဲ့ခြင်းဖြစ်ကြောင်းကို နောက်ကျစွာ နားလည်သွားခဲ့ရတော့သည်။

ချင်ယွမ်ဖုန်းက လက်ကို ပုတ်လိုက်ကာ ထိုတစ်ဆယ်ကျော်မျှသော စစ်သည်တော်များကို အလွယ်တကူပင် ရှင်းလင်းလိုက်ပြီးနောက် ယင်းတို့၏ လက်နက်များနှင့် အဝတ်အစားများကို ချွတ်ယူကာ ပြန်လည် ထွက်ခွာလာခဲ့ချေသည်။

ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသည့် မိစ္ဆာများမှာမူ ယင်းတို့အား ထိုနေ့က ကယ်တင်ခဲ့သည့် အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးကို ပြန်လည် မြင်ယောင်လာကြပြီး မည်သူမျှ စကားတစ်ခွန်းပင် မဟရဲကြချေ။

"အိုင်နာ၊ ဟော... ပြီးတော့ မင်း၊ မင်း..." ချင်ယွမ်ဖုန်းက လူပေါင်း တစ်ဆယ်ကျော်ကို ဆက်တိုက် ခေါ်ယူလိုက်ချေသည်။ ယင်းတို့ အားလုံးမှာ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါကို အာရုံခံမိထားသည့် လူများ ဖြစ်ကြပေသည်။

ထို့နောက်တွင်မူ ယင်းက ထိုအဝတ်အစားများနှင့် လက်နက်များကို ယင်းတို့ထံသို့ လွှဲပြောင်း ပေးအပ်လိုက်သည်။

"ဒါတွေကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ယူထားကြ။ ဒါတွေက မင်းတို့ကို ပိုပြီး ကောင်းကောင်း တိုက်ခိုက်နိုင်အောင် ကူညီပေးလိမ့်မယ်" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။

ဟောနှင့် အခြားသူများမှာ အလွန်ပင် စိတ်လှုပ်ရှားသွားကြချေသည်။ ယခင်ကမူ ယင်းတို့သည် အရိုးတုတ်များ သို့မဟုတ် သစ်သားတုတ်များကိုသာ လက်နက်အဖြစ် အသုံးပြုခဲ့ကြရသော်လည်း ယခုအခါတွင်မူ စစ်မှန်သော လက်နက်များကို ပိုင်ဆိုင်ခွင့် ရရှိသွားကြပြီ ဖြစ်သည်။

သို့ရာတွင် ဟောက ယင်း၏လက်ထဲမှ အဝတ်အစားများကို ကြည့်လိုက်ပြီးနောက် အဝတ်အစား မလုံမခြုံ ဖြစ်နေသည့် အမျိုးသမီး မိစ္ဆာများကို ကြည့်ကာ ယင်း၏ အဝတ်အစားများကို အမျိုးသမီး တစ်ဦးထံသို့ ပေးကမ်းလိုက်ချေသည်။

ကျန်ရှိနေသည့် တစ်ပါးကျွန်းသား မိစ္ဆာအမျိုးသားများကလည်း ထိုနည်းတူ လိုက်လံ လုပ်ဆောင်ကြပြီး မိမိတို့၏ အဝတ်အစားများကို အမျိုးသမီး တစ်ပါးကျွန်းသား မိစ္ဆာများထံသို့ ပေးအပ်လိုက်ကြသည်။

ဤနည်းဖြင့် အမျိုးသမီး တစ်ပါးကျွန်းသား မိစ္ဆာအားလုံးမှာ တင့်တယ်လျောက်ပတ်သော အဝတ်အစားများကို ဝတ်ဆင်ခွင့် ရရှိသွားကြတော့သည်။

ယင်းတို့မှာ အမျိုးသား ဝတ်စုံများ ဖြစ်ကြသော်လည်း ကောင်းစွာ ပွပွယောယော ရှိလှပေရာ အမျိုးသမီးများ ဝတ်ဆင်ရန်အတွက် လုံလောက်လှပေသည်။

ချင်ယွမ်ဖုန်းက အနည်းငယ် ပြုံးလိုက်မိသည်။ ဤအဖွဲ့သည် ယခုအခါမှသာလျှင် တင့်တယ်လျောက်ပတ်သော ပုံစံသို့ စတင် ကူးပြောင်းလာခဲ့ချေပြီ။

အသားအားလုံးကို ကင်ပြီးနောက်တွင်မူ လူတိုင်းက စတင် အနားယူကြလေသည်။ ယင်းတို့က စိတ်အာဃာတမိစ္ဆာ အရှိန်အဝါကို အာရုံခံမိရန်နှင့် အစွမ်းထက်သော မိစ္ဆာများ ဖြစ်လာစေရန် ကြိုးပမ်းနေကြသဖြင့် မည်သူမျှ အိပ်စက်ခြင်း မရှိကြချေ။

ချင်ယွမ်ဖုန်း ညွှန်ကြားထားခဲ့သည့်အတိုင်း အိုင်နာနှင့် အခြားသူများမှာ မိမိတို့၏ ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်နေကြသည်။

ဤမြင်ကွင်းကို ကြည့်ကာ ချင်ယွမ်ဖုန်းမှာ အလွန် ဝမ်းမြောက်မိရုံမကဘဲ မေသည်ပင်လျှင် ကျင့်ကြံခြင်းကို ကြိုးကြိုးစားစား စတင် လုပ်ဆောင်လာခဲ့ချေသည်။

သို့သော်လည်း ချင်ယွမ်ဖုန်းအနေဖြင့် မေ၏အပေါ်၌ မျှော်လင့်ချက် ကြီးကြီးမားမား မထားရှိပေ။ မေသည် အလွန် ငယ်ရွယ်လွန်းလှပေရာ ပါရမီအရည်အချင်း ရှိပါက အိုင်နာနှင့် အခြားသူများထက် ပိုမိုအစွမ်းထက်သင့်ပေသည်။

သို့သော်လည်း မေသည် ယခုတိုင် စိတ်အာဃာတမိစ္ဆာ အရှိန်အဝါကို တစ်စုံတစ်ရာမျှ အာရုံမခံနိုင်သေးပေရာ မျှော်လင့်ချက် များစွာ မရှိလှချေ။

ချင်ယွမ်ဖုန်းက စိတ်အာဃာတမိစ္ဆာ အရှိန်အဝါကို ရရှိရန် ပြင်းပြင်းထန်ထန် ကြိုးစားနေသည့် မေကို တစ်ချက် ကြည့်လိုက်ပြီးနောက် ပြုံးလိုက်မိသည်။ ယင်းက ဆဋ္ဌမအဆင့် ဆေးဖော်စပ်သူ တစ်ဦး ဖြစ်ချေသည်။

မေသည် ကျင့်ကြံခြင်း မပြုနိုင်လျှင်ပင် ယင်းအား ကူညီပေးနိုင်မည့် နည်းလမ်းကို ရှာဖွေကာ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာစေရန် ဆောင်ရွက်ပေးနိုင်ပေသည်။

ညတာသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ချေသည်။ ထူးဆန်းသည်မှာ ကျားသစ်နှင့် တူသော သားရဲတစ်ကောင်က ထိုအဖွဲ့ကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သော်လည်း ချင်ယွမ်ဖုန်းက ယင်းကို သုတ်သင်လိုက်ကာ အသားကို ယူဆောင်ထားခဲ့သည်။

မိုးလင်းပြီးနောက်တွင်မူ ယင်းတို့က ရှေ့သို့ ဆက်လက် ချီတက်ခဲ့ကြသည်။ ညဥ့်အခါ၌ အခြားလူအချို့သည်လည်း စိတ်အာဃာတမိစ္ဆာ အရှိန်အဝါကို အာရုံခံမိသွားကြပေရာ ယင်းတို့ကို အလွန်ပင် စိတ်လှုပ်ရှားသွားစေခဲ့ချေသည်။

တစ်နေ့တာလုံး လျှောက်လှမ်းပြီးနောက်တွင်မူ ယင်းတို့က တောအုပ်ထဲမှ ထွက်ခွာရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ ရှေ့တည့်တည့်တွင်မူ ဆီယာမြို့၏ အရှေ့ဘက်တံခါးသို့ ဦးတည်ထားသည့် လမ်းမကြီး ရှိနေပေရာ ထိုနေရာ၌ စစ်သည်တော် အများအပြား ကင်းလှည့်နေကြချေသည်။

ဤစစ်သည်တော်များမှာ ကျွန်ကုန်သည်များကို တော်လှန်ရေးသမားများ လာရောက် တိုက်ခိုက်ခြင်းမှ အထူး ကာကွယ်ရန်အတွက် စေလွှတ်ခြင်း ခံထားရသူများ ဖြစ်ကြသည်။

"ရှေ့တည့်တည့်မှာ လမ်းမကြီး ရှိတယ်၊ ဒါပေမဲ့ စစ်သည်တော်တွေ ကင်းလှည့်နေကြတယ်" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။

လူတိုင်းက ရှေ့သို့ လှမ်းကြည့်လိုက်ကြသော်လည်း ယင်းတို့အတွက်မူ တောအုပ်ကြီးတစ်ခုသာ ဖြစ်နေဆဲပင်။ ချင်ယွမ်ဖုန်းက မည်သို့ကြောင့် ဤမျှ ဝေးလံသော နေရာကို မြင်နိုင်ရသနည်းဟု ယင်းတို့ တွေးတောမရ ဖြစ်နေကြချေသည်။

ယခင်ကလည်း ထိုနည်းတူပင် ဖြစ်ပေရာ နေရာတစ်ခုသို့ မရောက်ရှိမီကတည်းက ချင်ယွမ်ဖုန်းသည် မည်သည့်နေရာ၌ အနားယူနိုင်ကြောင်း၊ မည်သည့်နေရာ၌ ရေရှိကြောင်းနှင့် မည်သည့်နေရာ၌ မှော်သားရဲများ ရှိကြောင်းကို တိကျစွာ ပြောပြနိုင်ခဲ့ချေသည်။

All Chapters