← Chapters

အခန်း ၇၆၇

Vol. 38 Ch. 767

အခန်း ၇၆၇

Vol. 38 Ch. 767

အခန်း (၇၆၇) ကျင့်စဉ်ပညာရပ်

“ကဲ... ရောက်ပြီ၊ ဒါက တော်လှန်ရေးအဖွဲ့ခွဲရဲ့ စခန်းပဲ”

ချင်ယွမ်ဖုန်းသည် တည်ငြိမ်စွာ ဆိုရင်း တောင်ပေါ်စခန်းအတွင်းသို့ တိုက်ရိုက် လျှောက်လှမ်းဝင်ရောက်ခဲ့ချေသည်။

သူတို့အားလုံးသည် စစ်သည်တော်များကဲ့သို့ ဝတ်ဆင်ထားကြသဖြင့် စခန်းရှိ လူအားလုံးက ကျူးကျော်သူ စစ်သည်တော်များ ရောက်ရှိလာသည်ဟု ထင်မှတ်မှားကာ တရုန်းရုန်း ထွက်လာကြပေသည်။

ချင်ယွမ်ဖုန်းသည် မိမိနောက်မှ ဦးချိုကျိုး စစ်သည် သုံးဆယ်ကို ဦးဆောင်၍ စစ်ဆေးမှု ခံယူနေသည့် စစ်ကြောင်းတစ်ခုကဲ့သို့ လျှောက်လှမ်းလာရာ စခန်းတွင်းရှိ လူများ၏ စိတ်ထဲ၌ မတင်မကျ ဖြစ်နေရချေသည်။

“တပ်မှူး... ကျွန်တော် ပြန်ရောက်ပါပြီ”

ရှီလင်ကို မြင်လိုက်ရသောအခါ ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ နှုတ်ဆက်လိုက်သည်။

ရှီလင်သည် လွန်စွာ ဝမ်းမြောက်သွားပြီး “မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ၊ ပြီးခဲ့တဲ့ ရက်ပိုင်းက မင်းအကြောင်းတွေ အများကြီး ကြားနေရတာ” ဟု ဆိုသည်။

“အို... ဘာသတင်းများလဲ” ချင်ယွမ်ဖုန်း၏ မျက်လုံးများ ကျယ်သွားရချေသည်။

“မင်း စစ်သည်တော် ဘယ်နှစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေပေါ့” ရှီလင်က ပြုံးရွှင်စွာ ပြောဆိုရင်း ချင်ယွမ်ဖုန်းကို လိုဏ်ဂူထဲသို့ ခေါ်ဆောင်သွားလေသည်။

ဒုတိယတပ်မှူး ဇေခါသည် ချင်ယွမ်ဖုန်း ခေါ်ဆောင်လာသော လူသုံးဆယ်ကို အကဲခတ်ကြည့်ရာ ထိုလူများသည် သိသာထင်ရှားစွာ ပြောင်းလဲသွားကြကြောင်း သတိပြုမိပေသည်။

“မင်း စစ်သည်တော်တွေကို တကယ် ခေါ်လာခဲ့တာ မဟုတ်ဘူးမလား” ဇေခါက ထိုသို့ မေးမြန်းချင်သော်လည်း ထိုလူသုံးဆယ်၏ ဦးခေါင်းထက်တွင် ဦးချိုများ မရှိတော့သဖြင့် ဦးချိုကျိုးများ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ချေသည်။

ယခုအခါ ဇေခါသာမက အခြားသော အရာရှိများပါ ချင်ယွမ်ဖုန်း၏ စွမ်းဆောင်ရည်အပေါ် လုံးဝ ယုံကြည်သွားကြပြီ ဖြစ်သည်။

မည်သည့်အသင်းဖော်၏ ကူညီပံ့ပိုးမှုနှင့် စီမံကိန်းမျှ မလိုဘဲ ကျွန်ပိုင်ရှင်ကြီးကို သတ်ဖြတ်နိုင်ခဲ့ရုံမက စစ်သည်တော် အဖွဲ့ သုံးလေးဖွဲ့ကိုပါ အမှုန့်ချေနိုင်ခဲ့ချေသည်။

တပ်မှူးနှင့် ဒုတိယတပ်မှူးပင်လျှင် ထိုမျှကြီးမားသော အောင်မြင်မှုကို မရရှိဖူးချေ။

သူတို့သည် မိမိတို့ကိုယ်မိမိ ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည်ဟု ချင်ယွမ်ဖုန်း ပြောခဲ့သည့် စကားကို ယခုမှပင် ကောင်းစွာ သဘောပေါက်သွားကြတော့သည်။

ရှီလင်သည် ချင်ယွမ်ဖုန်းကို အစည်းအဝေးခန်းမသို့ ခေါ်ဆောင်သွားပြီး သူ ခေါ်ဆောင်လာသော ဦးချိုကျိုးများကိုမူ အနားယူရန် ခေါ်ထုတ်သွားကြချေသည်။

“တပ်မှူး... ကျွန်တော် ရှင်းပြရမယ့် ကိစ္စတချို့ ရှိပါတယ်၊ ဒီလူသုံးဆယ်ထဲက နှစ်ဆယ့်ရှစ်ယောက်က ကျင့်ကြံခြင်း ပြုလုပ်နိုင်စွမ်း ရှိလို့ အစပျိုးပေးထားပြီးပါပြီ၊ ကျန်တဲ့ နှစ်ယောက်ကတော့ ဘယ်လိုမှ လုပ်လို့မရလို့ တပ်မှူးဆီပဲ အပ်ခဲ့ပါရစေ” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုသည်။

ရှီလင်က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြီး “ငါ နားလည်ပါပြီ၊ ဒါနဲ့... သူတို့ ကျင့်ကြံခြင်း စတင်နိုင်ပြီဆိုတော့ ကျင့်စဉ်ပညာရပ်ကို ဘယ်က ရတာလဲ” ဟု မေးမြန်းပြန်သည်။

ချင်ယွမ်ဖုန်းသည် ခဏမျှ စဉ်းစားလိုက်ပြီး မိမိကိုယ်တိုင် ဖန်တီးခဲ့သည်ဟု ပြောပါက လွန်စွာ တုန်လှုပ်ဖွယ်ရာ ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် “ကျွန်တော် အရင်က အဆင့်နိမ့် ကျင့်စဉ်ပညာရပ်တစ်ခု ရခဲ့ဖူးလို့ သူတို့ကို သင်ပေးလိုက်တာပါ၊ ဒီလောက် ထိရောက်လိမ့်မယ်လို့ မထင်ထားမိဘူး” ဟု မုသာဝါဒ ဆိုလိုက်ချေသည်။

ရှီလင်သည် အနည်းငယ် အားနာသွားဟန်ဖြင့် “ဖုန်း... နင် မြင်တဲ့အတိုင်းပဲ ငါတို့ ကျင့်ကြံနေတဲ့ ပညာရပ်တွေက ကိုယ်ခန္ဓာကို သိပ်ထိခိုက်စေတယ်၊ နင်ရဲ့ ကျင့်စဉ်ကို အဲ့လူတွေကို သင်ပေးနိုင်ရင် ငါတို့ကိုကော သင်ပေးလို့ ရမလား” ဟု မျှော်လင့်တကြီး မေးမြန်းလာသည်။

ချင်ယွမ်ဖုန်း မျက်မှောင်ကြုတ်သွားရချေသည်။ ရှီလင်သည် အဘယ်ကြောင့် ဤကျင့်စဉ်ပညာရပ်များကို အလွန် ရှားပါးသည်ဟု ထင်မြင်နေရသနည်း။

စင်စစ် ရှီလင်နှင့် ဇေခါမှအပ ဤစခန်းရှိ လူအားလုံးနီးပါးသည် ထိုသို့သော မိစ္ဆာကျင့်စဉ်ဆိုးများကိုသာ ကျင့်ကြံနေကြရခြင်း ဖြစ်ပေသည်။

“ရပါတယ်” ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြပြီး “ဒါပေမဲ့ ဒုတိယတပ်မှူးရဲ့ ကျင့်စဉ်က တပ်မှူးတို့နဲ့ မတူဘူးမလား” ဟု မေးလိုက်သည်။

ရှီလင်က ခါးသက်သက် အပြုံးဖြင့် ခေါင်းညိတ်ကာ “နင်မသိလို့ပါ၊ ငါတို့က မူလကတည်းက ဦးချိုကျိုးတွေ ဖြစ်ပြီး ကယ်တင်ခြင်း ခံရပြီးမှ ဒီကျင့်စဉ်တစ်ခုတည်းကိုပဲ သင်ယူခွင့်ရခဲ့ကြတာ၊ ဒုတိယတပ်မှူးကတော့ မူလက မှူးမတ်မျိုးနွယ် ဖြစ်လို့ သူ့မှာ ကိုယ်ပိုင် ကျင့်စဉ်ရှိတယ်၊ အဲဒါကို သူက ပြင်ပလူတွေကို အလွယ်တကူ မသင်ပေးဘူးလေ” ဟု ဆိုသည်။

ချင်ယွမ်ဖုန်း နားလည်သွားချေပြီ။ ယင်းသည် အထက်မှ ချပေးသော မိစ္ဆာကျင့်စဉ်မျိုး ဖြစ်သဖြင့် ထိုလူများအတွက် ပြောင်းလဲရန် မဖြစ်နိုင်တော့ချေ။

ထို့ပြင် မိစ္ဆာနယ်မြေ၌ ကျင့်စဉ်ပညာရပ်များသည် လွန်စွာ ရှားပါးသော ပစ္စည်းများ ဖြစ်ဟန်တူပေသည်။ သုံးလတိုင်တိုင် လှုပ်ရှားခဲ့သော်လည်း အခြား ကောင်းမွန်သော ကျင့်စဉ်ကို မရရှိခဲ့ခြင်းက ယင်းကို သက်သေပြနေချေသည်။

“တကယ် ကျေးဇူးတင်ပါတယ်၊ ဒါဆိုရင် နင်က ငါတို့အဖွဲ့ရဲ့ သူရဲကောင်းကြီးပဲ” ရှီလင်က စိတ်လှုပ်ရှားစွာ ဆိုရင်း “နင် စခန်းမှာပဲ နေပြီး သူတို့ကို သိုင်းပညာ သင်ပေးပါလား၊ တကယ်လို့ ကျင့်ကြံလို့မရတဲ့ သူတွေရှိရင် ငါ့ရဲ့ သိုင်းပညာကိုပဲ ပေးသင်လိုက်မယ်” ဟု ဆက်ပြောသည်။

ချင်ယွမ်ဖုန်းသည် ရှီလင်က မိမိဘေးကင်းစေရန် စခန်း၌ နေစေချင်မှန်း သိသော်လည်း ခေါင်းခါပြကာ “ဒီကိစ္စကို တခြားလူကိုပဲ လွှဲပေးလိုက်ပါ၊ ဒါမှမဟုတ် တပ်မှူးကိုယ်တိုင် လုပ်လည်း ရတာပဲ” ဟု ဆိုသည်။

“ငါလား” ရှီလင်က ခေါင်းခါလျက် “ငါကတော့ နောက်ကျသွားပြီ၊ ပြန်လှည့်လို့ မရတော့ဘူး” ဟု ညည်းတွားသည်။

“မဟုတ်ဘူး... လက်ရှိ ကျင့်စဉ်အဆင့်ကို စွန့်လွှတ်လိုက်ရင် ပြန်လှည့်လို့ ရပါတယ်၊ ပြီးတော့ အရင်က ကျင့်ကြံဖူးတဲ့အတွက် အခုတစ်ခေါက် ကျင့်ကြံရင် ပိုပြီးတောင် မြန်ဆန်ဦးမှာပါ” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ရှင်းပြလိုက်ချေသည်။

ရှီလင်သည် စိတ်လှုပ်ရှားသွားသော်လည်း ခေါင်းခါမြဲ ခေါင်းခါလျက် “အစကနေ ပြန်ကျင့်ဖို့က အချိန်အများကြီး ပေးရလိမ့်မယ်၊ ငါ့မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်၊ သူတို့ကိုပဲ အချင်းချင်း ကျင့်ကြံခိုင်းလိုက်မယ်၊ မသိတာရှိရင် ငါ့ကို မေး၊ ငါမသိရင် နင့်ကိုပဲ အကူအညီ တောင်းရတော့မယ်” ဟု ဆိုသည်။

“ကောင်းပါပြီ” ချင်ယွမ်ဖုန်းက ခေါင်းညိတ်ကာ မိမိ ပြုစုထားသော ကျင့်စဉ်လက်စွဲစာအုပ်ကို ကမ်းပေးလိုက်ရာ ရှီလင်သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး မိမိတို့အဖွဲ့ ကယ်တင်ခြင်း ခံရပြီဟု ရေရွတ်နေတော့သည်။

ရှီလင်ကို အဘယ်ကြောင့် တပ်မှူးအဖြစ် ရွေးချယ်ခဲ့သည်ကို ချင်ယွမ်ဖုန်း ယခုမှ ကောင်းစွာ သဘောပေါက်သွားချေသည်။ သူမသည် အများအတွက် အမြဲ ငဲ့ညှာတတ်သော နှလုံးသား ရှိပေသည်။

အကယ်၍ တာဝန်မဲ့သော လူသာဆိုပါက လက်ရှိ ကျင့်စဉ်ကို ဖျက်ဆီး၍ အသစ် ပြန်ကျင့်ကောင်း ကျင့်လိမ့်မည် ဖြစ်သော်လည်း ရှီလင်သည် ထိုသို့ မလုပ်နိုင်ချေ။

သူမသည် ဤအဖွဲ့ကို ကာကွယ်ရမည်ဖြစ်ပြီး လူပေါင်းများစွာကို ကယ်တင်ရဦးမည် မဟုတ်လော။

“တကယ် ကျေးဇူးတင်ပါတယ်၊ နင်ဒီလောက်အထိ တော်လိမ့်မယ်လို့ မထင်ထားမိဘူး” ရှီလင်က ဆိုသည်။

ချင်ယွမ်ဖုန်းက ခေါင်းခါရင်း “ဒါက စာမဖွဲ့လောက်ပါဘူး၊ ကျွန်တော် သိချင်တာက ဝိညာဉ်ဆေးပင်တွေကို ဘယ်ကရနိုင်မလဲ ဆိုတာပါပဲ” ဟု မေးမြန်းလိုက်သည်။

“ဝိညာဉ်ဆေးပင်လား” ရှီလင် မျက်မှောင်ကြုတ်ကာ “နင် ဘာကို ပြောတာလဲ” ဟု မေးသည်။

ချင်ယွမ်ဖုန်းသည် မိမိ စကားမှားသွားမှန်း သတိပြုမိသဖြင့် “ဆေးလုံးဖော်စပ်တဲ့ နေရာမှာ သုံးတဲ့ ပစ္စည်းတွေကို ပြောတာပါ” ဟု ချက်ချင်း ပြင်ပြောလိုက်ရချေသည်။

“ဪ... မှော်ဆေးပင်တွေကို ပြောတာကိုး၊ အဲဒါတွေက မြို့စားမင်းရဲ့ အိမ်တော်မှာပဲ ရှိလိမ့်မယ်၊ အခု ငါတို့ မိစ္ဆာနယ်မြေမှာ မှူးမတ်တွေပဲ မှော်ဆေးပင်တွေကို စိုက်ပျိုးနိုင်စွမ်း ရှိကြတာလေ” ရှီလင်က သဘောပေါက်သွားဟန်ဖြင့် ရှင်းပြသည်။

ချင်ယွမ်ဖုန်း ခေါင်းညိတ်လိုက်သည်။ မိစ္ဆာနယ်မြေမှ မှော်ဆေးပင်သည် ရှန်းဝူ စကြဝဠာ တိုက်ကြီးရှိ ဝိညာဉ်ဆေးပင်နှင့် အခေါ်အဝေါ်သာ ကွဲပြားပြီး အတူတူပင် ဖြစ်ချေသည်။

ထို့ပြင် ချင်ယွမ်ဖုန်း၏ စိတ်ထဲရှိ အပင်စုံလင်ခြင်းကျမ်း၌ ရှန်းဝူ စကြဝဠာ တိုက်ကြီး၏ ဆေးပင်များသာမက မိစ္ဆာနယ်မြေ၏ မှော်ဆေးပင်များပါ ပါဝင်သဖြင့် သူ အနည်းငယ် စဉ်းစားရုံဖြင့် များစွာ သိရှိနိုင်ပေသည်။

“ဒါဆိုရင် မြို့စားမင်း အိမ်တော်ကို သွားရဦးမှာပေါ့” ချင်ယွမ်ဖုန်းက တိုးတိုးရေရွတ်လိုက်သည်။

“နင်ဘာပြောလိုက်တာလဲ” ရှီလင်က မေးသည်။

“ဘာမှမဟုတ်ပါဘူး၊ အခြား တာဝန်တွေ ရှိသေးလားလို့ မေးတာပါ”

ရှီလင် ခဏမျှ စဉ်းစားပြီး ခေါင်းခါကာ “အခု ငါတို့အဖွဲ့တွေက လူနှစ်ဆယ်၊ သုံးဆယ်စီ ခေါ်လာကြတော့ အခြေအနေက တင်းမာနေတယ်၊ အခြေအနေ ငြိမ်သက်သွားတဲ့အထိ ခေတ္တ စောင့်ဆိုင်းရလိမ့်မယ်” ဟု ဆိုသည်။

“ကောင်းပါပြီ၊ ဒါနဲ့... တောင်ပေါ်မှာ ရိက္ခာကော လုံလောက်ရဲ့လား” ချင်ယွမ်ဖုန်းက မေးသည်။

ရှီလင် မျက်နှာ ပျက်သွားပြီး “တကယ်တော့ မလောက်ဘူး၊ နောက်ထပ် ရိက္ခာတွေ ရောက်ဖို့က နှစ်လလောက် လိုသေးတယ်၊ အခု လူတွေ ရုတ်တရက် တိုးလာတော့ အားလုံးအတွက် ရိက္ခာ မလောက်မင ဖြစ်မှာကို စိုးရိမ်နေရတယ်” ဟု ဖွင့်ဟလာချေသည်။

“မိစ္ဆာသားရဲတွေကို သွားရောက် ဖမ်းဆီးစားသောက်လို့ မရဘူးလား” ချင်ယွမ်ဖုန်းက အံ့ဩစွာ မေးမြန်းသည်။

ရှီလင်က သက်ပြင်းချကာ “အနီးအနားက မိစ္ဆာသားရဲတွေကို ငါတို့ အကုန်နီးပါး သတ်ဖြတ်စားသောက်ပြီးပြီ၊ ကျန်တဲ့ ကောင်တွေကလည်း အစွမ်းထက်ကြတယ်၊ အဝေးကြီးကို သွားဖို့ကျတော့လည်း စစ်သည်တော်တွေ ကင်းလှည့်နေလို့ ငါတို့ မသွားရဲကြဘူး” ဟု ဆိုသည်။

“ကောင်းပါပြီ၊ ဒါဆိုရင် ကျွန်တော် တောင်အောက်ဆင်းပြီး ရိက္ခာတချို့ ရှာဖွေနိုင်မလား ကြည့်လိုက်ဦးမယ်” ချင်ယွမ်ဖုန်းက ထိုသို့ ဆိုလိုက်လေတော့သည်။

All Chapters