အခန်း ၇၆၉
Vol. 38 Ch. 769
အခန်း (၇၆၉) အာရုံခံစားမှု ကင်းမဲ့ခြင်း
တစ်နည်းအားဖြင့်ဆိုရသော် ဘက်ခ်သည် ပဉ္စမအဆင့် ဘိုးဘေးနယ်ပယ်ကိုပင် ကျော်လွန်သွားခဲ့သော အစွမ်းထက်သည့် သိုင်းပညာရှင်ကြီးတစ်ဦး ဖြစ်ချေသည်။
ထိုအသိကြောင့် ချင်ယွမ်ဖုန်းသည် စိတ်ကို ပြန်လည်တည်ငြိမ်စေလိုက်၏။
သူသည် ယနေ့ညတွင် မြို့တော်ဝန်အိမ်တော်အတွင်းသို့ တိတ်တဆိတ် ခိုးဝင်လာခဲ့သည့် အဓိကရည်ရွယ်ချက်မှာ ဆေးဖော်စပ်ရန်အတွက် မှော်ဆေးပင်ကို ရှာဖွေရန်ဖြစ်ကြောင်း ပြန်လည်သတိရမိသွားသည်။
မြို့တော်ဝန်အိမ်တော်၏ ရတနာတိုက်တော်နှင့် ဆန်စပါးသိုလှောင်ရုံတို့သည် မျက်နှာချင်းဆိုင်အနေအထားဖြင့် တစ်နေရာတည်းတွင် တွဲလျက်တည်ရှိနေကြသည်။
ထိုအခန်းကြီးနှစ်ခုစလုံးမှာ လွန်စွာပင် ကြီးမားလှသဖြင့် အတွင်း၌ ရတနာများနှင့် ဆန်စပါးများ မည်မျှအထိ အဆမတန် သိုလှောင်ထားမည်ကို အလွယ်တကူပင် ခန့်မှန်းကြည့်နိုင်ချေသည်။
"ဟင်း... အပြင်က ဒုက္ခသည်တွေကတော့ ငတ်ပြတ်ပြီး မြေကြီးတွေကိုတောင် စားနေကြရပြီ။ မင်းတို့ကတော့ ဒီမှာ စည်းစိမ်ယစ်လို့ ကောင်းတုန်းပေါ့။ မင်းတို့ကို အံ့ဩစရာ လက်ဆောင်တစ်ခု ပေးလိုက်ရမလား"
ချင်ယွမ်ဖုန်းသည် နှာခေါင်းတစ်ချက်ရှုံ့ကာ အေးစက်စွာ ရေရွတ်လိုက်၏။
ရတနာတိုက်တော်နှင့် ဆန်စပါးသိုလှောင်ရုံကို ကာကွယ်စောင့်ရှောက်ရန်အတွက် အရံစောင့်တပ်သား တစ်ရာကျော်ခန့် ထားရှိထားသည်။
၎င်းတို့သည် ထိုအရေးကြီးသော နေရာနှစ်ခုလုံးကို အရပ်မျက်နှာအနှံ့မှ ဝိုင်းရံကာ စေ့စေ့စပ်စပ် ကင်းလှည့်စောင့်ကြပ်နေကြသဖြင့် ယင်ကောင်တစ်ကောင်မျှပင် သီ၍မရနိုင်ချေ။
သို့သော်လည်း သူတို့ သတိမထားမိလိုက်သည်မှာ အရိပ်တစ်ခုသည် မိမိတို့၏ ဘေးနားမှ ဖြည်းညှင်းစွာ ရွေ့လျားသွားပြီး ကြီးမားသော အရိပ်ထုကြီးအတွင်းသို့ ရောနှောဝင်ရောက်သွားခြင်းပင် ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် ဝင်ပေါက်တံခါးကြီးကို ဖြတ်ကျော်သွားပြီးနောက် ဆန်စပါးသိုလှောင်ရုံအတွင်းသို့ ရောက်ရှိမှသာ အရိပ်အသွင်မှ သူ၏ခန္ဓာကိုယ်အစစ်အမှန်ကို ဖြည်းဖြည်းချင်း ပြန်လည်ဖော်ပြလိုက်၏။
သူ့ရှေ့မှောက်တွင် တောင်တစ်ပြိုစာမျှ စုပုံနေသော ဆန်စပါးတောင်ကြီးကို ကြည့်ရင်း ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင် ရင်ခုန်စိတ်လှုပ်ရှားမှုများ လှိုင်းလုံးတမျှ တိုးဝှေ့လာခဲ့သည်။
ဤမိစ္ဆာနယ်မြေသို့ ရောက်ရှိနေခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သဖြင့် သူသည် ဤနေရာ၏ အခြေအနေအရပ်ရပ်ကို ယေဘုယျအားဖြင့် နားလည်သဘောပေါက်ထားပြီး ဖြစ်၏။
မိစ္ဆာဘုရင်ဟု ခေါ်ဝေါ်ကြသူ ပျောက်ဆုံးသွားပြီးသည့်နောက်တွင် မိစ္ဆာနယ်မြေ၌ အဆုံးမရှိသော စစ်မီးများ တောက်လောင်လာခဲ့ပြီး ကဏ္ဍအသီးသီးတွင်လည်း နောက်ပြန်ဆုတ် ယုတ်လျော့လာခဲ့ရသည်။
ဥပမာအားဖြင့်ဆိုရသော် သိုလှောင်အိတ် သို့မဟုတ် သိုလှောင်ရတနာပစ္စည်းများသည် ရှန်းဝူ စကြဝဠာ တိုက်ကြီးတွင် ဆန်းပြားသောအရာ မဟုတ်ပေ။
သိုင်းပညာရှင် အများစုတွင် တစ်ခုစီ ရှိကြပြီး အသုံးပြုရသည်မှာ လွန်စွာ အဆင်ပြေလှသည်။
သို့သော်လည်း ချင်ယွမ်ဖုန်းသည် ဤနေရာတွင် ဟင်းလင်းပြင်ဆိုင်ရာ တန်ခိုးပစ္စည်းများကို အသုံးပြုသူဟူ၍ မတွေ့ရသလောက်ပင် ရှားပါးလှသည်။
ခုနကတင် မြို့တော်ဝန်ဘက်ခ်၏ လက်တွင် မြင်တွေ့ခဲ့ရသော သိုလှောင်လက်စွပ်တစ်ကွင်းသာ ရှိချေသည်။
ထို့ကြောင့် မိစ္ဆာနယ်မြေတွင် သိုလှောင်လက်စွပ်များမှာ အလွန်တရာ ရှားပါးလှပြီး ဘက်ခ်ကဲ့သို့သော အဆင့်မြင့် မြင့်မြတ်သည့် မှူးမတ်မျိုးနွယ်စုများသာ ပိုင်ဆိုင်နိုင်ကြသည်ဟု ယူဆရသည်။
ဤအချက်သည် ချင်ယွမ်ဖုန်းအတွက် အခွင့်ကောင်းကြီးတစ်ခု ဖြစ်လာခဲ့၏။ အကြောင်းမူကား သူ၏လက်တွင် ရှိနေသော သိုလှောင်လက်စွပ်မှာ လွန်စွာ ကြီးမားကျယ်ဝန်းသည့် ဟင်းလင်းပြင် စွမ်းအားရှိပြီး ဤနေရာရှိ ဆန်စပါးအားလုံးကို အကြွင်းမဲ့ သိမ်းဆည်းရန် လုံလောက်လှသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ချင်ယွမ်ဖုန်းသည် စိုးစဉ်းမျှ တုံ့ဆိုင်းမနေတော့ဘဲ စပါးနှံများကို သူ၏သိုလှောင်လက်စွပ်အတွင်းသို့ စတင်ထည့်သွင်းလိုက်တော့သည်။
လုပ်ငန်းစဉ်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်လွန်းလှသဖြင့် အပြင်ဘက်ရှိ ကာကွယ်ရေးအစောင့်များ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေခဲ့ပေ။
မကြာမီအချိန်အတွင်းမှာပင် ချင်ယွမ်ဖုန်းသည် ဆန်စပါးသိုလှောင်ရုံအတွင်းရှိ ရိက္ခာအားလုံးကို ပြောင်စင်အောင် သိမ်းဆည်းလိုက်နိုင်သဖြင့် သူ၏သိုလှောင်လက်စွပ်ပင် သိသိသာသာ လေးလံသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် ခန္ဓာကိုယ်ကို အရိပ်တစ်ခုအဖြစ် ထပ်မံပြောင်းလဲလိုက်ပြီး ရတနာတိုက်တော်အတွင်းသို့ ဖြည်းညှင်းစွာ ချဉ်းနင်းဝင်ရောက်ခဲ့ရာ အတွင်းရှိ ပစ္စည်းများကြောင့် မျက်စိပင် ကျိန်းမတတ် အံ့ဩမှင်သက်သွားရပြန်သည်။
ရက်စက်လှသော ရတနာလက်နက်များကို စီတန်းချထားရာ ၎င်းတို့ထဲမှ တစ်ခုချင်းစီသည် ချင်ယွမ်ဖုန်း၏ လက်ထဲရှိ သုံးခွလှံနှင့် ယှဉ်နိုင်စွမ်းရှိပြီး အစွမ်းထက်သော အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။
ထို့ပြင် အဖိုးတန်ဆေးလုံးများနှင့် အဆင့်မြင့် မှော်ဆေးပင်များမှာလည်း စိတ်ကူးထဲရှိသမျှ အစုံအလင် ရှိနေချေသည်။
ချင်ယွမ်ဖုန်းသည် လက်တွန့်မနေတော့ဘဲ ပစ္စည်းမှန်သမျှကို သူ၏သိုလှောင်လက်စွပ်အတွင်းသို့ အကုန်အစင် ထည့်သွင်းလိုက်ရာ တစ်ခုမျှပင် ကျန်ရစ်ခြင်း မရှိတော့ပေ။
ထိုထက်မြက်လှသော လက်နက်များကို သူကိုယ်တိုင် အသုံးမပြုနိုင်လျှင်ပင် ရှီလင်တို့အဖွဲ့ထံ ပြန်လည်ပေးပို့လိုက်ပါက ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။
ဦးချိုကျိုးနေသော အဆင့်နိမ့် စစ်သည်တော်များက အထက်တန်းစား စစ်သည်တော်များနှင့် ရင်ဆိုင်ရချိန်တွင် ထိုရက်စက်လှသော ရတနာလက်နက်များကို ထုတ်ယူကာ လှောင်ပြုံးပြုံးနေကြမည့် မြင်ကွင်းကို တွေးကြည့်ယုံတင် စိတ်ကူးကြည့်ရသည်မှာ လွန်စွာ စိတ်ကျေနပ်စရာ ကောင်းလှပေသည်။
ရတနာတိုက်တော်နှင့် ဆန်စပါးသိုလှောင်ရုံကို ပြောင်စင်အောင် လုယက်ပြီးနောက် ချင်ယွမ်ဖုန်းသည် တိတ်တဆိတ် ပြန်လည်ထွက်ခွာလာခဲ့၏။
ဘက်ခ်တွင် ဤကဲ့သို့သော ရတနာတိုက်နှင့် စပါးကျီများ ယခုထက်မက အခြားနေရာများတွင်လည်း ရှိနေဦးမည်ကို သူ သိသော်လည်း ချင်ယွမ်ဖုန်း၏ သိုလှောင်လက်စွပ်မှာမူ အတော်ပင် ပြည့်လျှံနေပြီ ဖြစ်သည်။
"ဒီဆန်စပါးတွေကို ပြန်ပို့ပေးပြီးမှပဲ နောက်ထပ် စပါးကျီတွေကို ဆက်ရှာရမယ်" ချင်ယွမ်ဖုန်းသည် မိမိဘာသာ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
တစ်ညတည်းနှင့် သူဌေးဖြစ်သွားရသည့် ဤခံစားချက်က ချင်ယွမ်ဖုန်းကို လွန်စွာ စိတ်လှုပ်ရှားစေသည်။ "လူသတ်မီးရှို့တဲ့သူတွေက ရွှေခါးပတ်ပတ်လို့၊ တံတားခင်းလမ်းပြင်တဲ့သူတွေကျတော့ အလောင်းတောင် ရှာမရဘူး" ဟူသော စကားပုံတစ်ခုကို ယခင်က ကြားဖူးခဲ့သည်မှာ မမှားပေ။
လူဆိုးလုပ်ရသည်က ငွေရှာရ ပိုမိုမြန်ဆန်သည်မှာ အမှန်ပင် ဖြစ်ချေသည်။
ချင်ယွမ်ဖုန်းသည် မြို့တော်ဝန်အိမ်တော်မှ လျင်မြန်စွာ ရုန်းထွက်လာခဲ့ပြီး ဘက်ခ်၏ အစီအစဉ်များကို စိတ်ထဲမှ တမင်တကာ မေ့ဖျောက်ထားလိုက်သည်။
သူသည် လောကကြီးကို ကယ်တင်မည့် သူတော်စင်တစ်ဦး မဟုတ်သဖြင့် လူအများအပြားကို တစ်ပြိုင်နက်တည်း မကယ်တင်နိုင်ပေ။
ထိုအစီအစဉ်မှာ တော်လှန်ရေးအဖွဲ့ကို ဦးတည်ထားခြင်း ဖြစ်၍ ရှီလင်တို့အဖွဲ့က မလွဲမသွေ နည်းလမ်းရှာဖွေနိုင်လိမ့်မည်ဟု ယုံကြည်သည်။
ချင်ယွမ်ဖုန်းသည် အဝေးတစ်နေရာရှိ ထောင့်ချိုးတစ်ခုမှ အသွင်သဏ္ဌာန် ပြန်လည်ပေါ်လာပြီးနောက် သူ၏ခေါင်းစွပ်ကို ဝတ်ဆင်ကာ နံရံကို ကပ်လျက် လမ်းကြားကွေ့ကောက်များအတိုင်း ဖြတ်သန်းပြီး ပျက်စီးယိုယွင်းနေသော အိမ်အိုကြီးတစ်လုံးဆီသို့ ဦးတည်လိုက်သည်။
ထိုအိမ်မှာ အလွန်အမင်း ပျက်စီးနေပြီး လူသူမနေထိုင်သည်မှာ ကြာမြင့်နေပြီဖြစ်၍ ချင်ယွမ်ဖုန်းသည် မေကို ထိုနေရာ၌ ခေတ္တမျှ ထားရစ်ခဲ့ခြင်း ဖြစ်၏။
မေသည် အိပ်ပျော်မနေခဲ့ပေ။ ချင်ယွမ်ဖုန်း ပြန်လည်ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ သူမသည် ဝမ်းမြောက်ဝမ်းသာဖြင့် သူ့ထံသို့ ချက်ချင်း ပြေးဝင်လာခဲ့သည်။
"အကိုဖုန်း... ရှင် ဘာမှမဖြစ်ဘူးမလား" မေက စိုးရိမ်တကြီး မေးမြန်းရှာသည်။
ချင်ယွမ်ဖုန်းသည် ခေါင်းစွပ်ကို ချွတ်လိုက်ရင်း ပြုံးပြကာ "စိတ်မပူပါနဲ့၊ ဘာမှမဖြစ်ပါဘူး။ ပြီးတော့ ငါ အလိုရှိတဲ့အရာကိုလည်း ရခဲ့ပြီ" ဟု ဆိုလိုက်၏။
"အဲဒါ ဘာလဲဟင်" မေက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်ပြန်သည်။
ချင်ယွမ်ဖုန်းသည် သိုလှောင်လက်စွပ်အတွင်းမှ ရာနှင့်ချီသော မိစ္ဆာဆေးပင်များကို ထုတ်ယူကာ မေ၏ရှေ့တွင် ချပြလိုက်ရာ သူမမှာ ဆွံ့အမှင်သက်သွားရတော့သည်။
"ဒါ... ဒါက မျက်လှည့်ပြတာလား" မေသည် မျက်လုံးဝိုင်းကြီးများဖြင့် စူးစမ်းစွာ မေးရှာသည်။
ချင်ယွမ်ဖုန်းက သူ၏လက်၌ စွပ်ထားသော လက်စွပ်ကို ပြသရင်း "မျက်လှည့်မဟုတ်ပါဘူး။
ကြည့်စမ်း... ဒါကို သိုလှောင်လက်စွပ်လို့ ခေါ်တယ်။ အထဲမှာ ပစ္စည်းတွေ အများကြီးအပြားကြီး ထည့်ထားလို့ရတယ်"
"တကယ်ကြီးလား..." မေ၏မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ ထင်ဟပ်သွားသည်။ "ဒီလို ဆန်းကြယ်တဲ့အရာမျိုးကို ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး"
"စိတ်မပူပါနဲ့" ချင်ယွမ်ဖုန်းသည် မေ၏ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်ရင်း "ငါ မင်းအတွက်လည်း တစ်ကွင်း အနှေးနဲ့အမြန် ရှာပေးမယ်" ဟု ကတိပြုလိုက်၏။
ဤအချိန်တွင် ချင်ယွမ်ဖုန်းသည် မြို့တော်ဝန်ဘက်ခ်၏ သိုလှောင်လက်စွပ်ကိုပါ ကြိုတင်ပစ်မှတ်ထားပြီးသား ဖြစ်နေချေပြီ။
"ဒါနဲ့... အကိူဖုန်း... ရှင် ကျွန်မတို့ကို ပေးမယ်ဆိုတဲ့ အံ့ဩစရာ လက်ဆောင်က ဒါတွေလား။ ဒီမြေပေါ်က ပစ္စည်းတွေက ဘာတွေလဲ" မေသည် ကြမ်းပြင်ပေါ်ရှိ ထူးဆန်းသော ဆေးပင်များကို ကြည့်ကာ မေးလိုက်သည်။
"ဒါက မင်းကို သိုင်းပညာရှင်တစ်ယောက် ဖြစ်လာစေမယ့် အရာတွေပဲ" ချင်ယွမ်ဖုန်းက မသိမသာ ပြုံးလိုက်ပြီး "ဟိုဘက်မှာ ခဏသွားရပ်ပြီး သေသေချာချာ ကြည့်နေနော်" ဟု ဆိုသည်။
မေသည် လိမ္မာယဉ်ကျေးစွာဖြင့် ဘေးဘက်သို့ ဆုတ်ခွာသွားပြီး ချင်ယွမ်ဖုန်းသည် တင်ပျဉ်ခွေ လိုက်လျောညီထွေ ထိုင်လိုက်၏။ ထို့နောက် သိုလှောင်လက်စွပ်ကို အသာအယာ သုတ်သပ်လိုက်ရာ နဂါးဖမ်းဆေးမီးဖိုကြီးသည် ချင်ယွမ်ဖုန်း၏ ရှေ့မှောက်တွင် ရုတ်ချည်း ပေါ်ထွက်လာတော့သည်။
ဤလှုပ်ရှားမှုကြောင့် ဘေးတွင်ရပ်ကြည့်နေသော မေမှာ အံ့အားသင့်သွားရပြန်သော်လည်း ချင်ယွမ်ဖုန်းကို အနှောင့်အယှက် မဖြစ်စေရန်အတွက် အသံတစ်ချက်မျှ မထွက်ဘဲ အောင့်အီးထားရှာသည်။
ချင်ယွမ်ဖုန်းသည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ ယခုအကြိမ်သည် မိစ္ဆာနယ်မြေမှ မိစ္ဆာဆေးပင်များကို အသုံးပြု၍ ဆေးလုံးဖော်စပ်ခြင်း ပထမဆုံးအကြိမ် ဖြစ်သော်လည်း ဆေးဖော်စပ်ခြင်း၏ အခြေခံသဘောတရားမှာ မည်သည့်နည်းလမ်းဖြစ်စေ အတူတူပင် ဖြစ်ချေသည်။
ချင်ယွမ်ဖုန်း ယခုအကြိမ် ဖော်စပ်မည့် ဆေးလုံးမှာ သတ္တမအဆင့်ရှိသော ‘မိစ္ဆာဘုရင်ဆေးလုံး’ ဖြစ်သည်။ ဤဆေးလုံးအမျိုးအစားမှာ ကျင့်စဉ်မကျင့်ကြံနိုင်သော မေကဲ့သို့သော မိစ္ဆာများအတွက် အထူးရည်ရွယ်၍ ဖော်စပ်ထားခြင်း ဖြစ်၏။
၎င်းသည် သူမ၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်စွမ်း ရှိပေသည်။
သို့သော်လည်း ဤဆေးလုံး၏ ပါဝင်ပစ္စည်းများမှာ အလွန်တရာ ရှားပါးလှသည့်အပြင် သတ္တမအဆင့် ဆေးဖော်စပ်သူများမှာလည်း အလွယ်တကူ ရှာမရနိုင်သဖြင့် မိစ္ဆာနယ်မြေရှိ လူနည်းစုသာ ဤဆေးလုံး တည်ရှိကြောင်း သိကြသည်။
အမှန်စင်စစ် ချင်ယွမ်ဖုန်းအနေဖြင့် မေအား ‘အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်း ဆေးလုံး’ တစ်လုံးတည်းဖြင့် သိုင်းပညာရှင်တစ်ဦး ဖြစ်လာအောင် လုပ်ဆောင်ပေးနိုင်သည်ဟု ယုံကြည်ချက်ရှိသော်လည်း ထိုဆေးလုံးသည် တစ်ပါးကျွန်းသား မိစ္ဆာများအပေါ် အာနိသင်သက်ရောက်မှု ရှိ၊ မရှိကိုမူ သူ သေချာမသိပေ။
ထို့ကြောင့် သူသည် မေ၏ ပါရမီအရည်အချင်းကို ကျင့်ကြံနိုင်စွမ်းရှိအောင် အရင်ဆုံး ပြောင်းလဲပေးလိုပြီး၊ ထို့နောက်မှ ပါရမီကို ပိုမိုမြင့်မားလာစေရန် ‘အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်း ဆေးလုံး’ ကို ဆက်လက်အသုံးပြုခြင်းဖြင့် မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများ မဖြစ်ပေါ်စေရန် စီမံခြင်း ဖြစ်သည်။
ချင်ယွမ်ဖုန်း၏ လက်ညှိုးထိပ်တွင် ခရမ်းရောင်မီးလျှံတစ်စ ပေါ်ထွက်လာခဲ့သည်။ သူက လက်ညှိုးကို ခါထုတ်လိုက်ရာ ထိုမီးလျှံသည် ဆေးမီးဖိုအတွင်းသို့ ကျရောက်သွားပြီး ပြင်းထန်စွာ တောက်လောင်လာတော့သည်။
မေ၏စိတ်မှာ အာရုံခံစားမှု ကင်းမဲ့လုနီးပါး ဖြစ်နေချေပြီ။ ချင်ယွမ်ဖုန်း ယနေ့ ထုတ်ဖော်ပြသသမျှ အရာအားလုံးသည် သူမ၏ အသိဉာဏ်နှင့် နားလည်နိုင်စွမ်းတို့ထက် များစွာ ကျော်လွန်နေသောကြောင့် ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် သာမန်ဆေးလုံးများကို ဖော်စပ်သကဲ့သို့ပင် အခက်အခဲမရှိဘဲ ဆေးမီးဖိုအတွင်းသို့ မိစ္ဆာဆေးပင်များကို တစ်ပင်ပြီးတစ်ပင် ထည့်သွင်း၍ ကျွမ်းကျင်စွာ ဆေးဖော်စပ်ခြင်းကို စတင်လိုက်တော့သည်။