← Chapters

အခန်း ၇၇၉

Vol. 38 Ch. 779

အခန်း ၇၇၉

Vol. 38 Ch. 779

အခန်း (၇၇၉)

ထင်မှတ်သည့်အတိုင်းပင် ထိုမျှများပြားလှသော ပစ္စည်းပစ္စယများကို မြင်တွေ့လိုက်ရသောအခါ အကဲဖြတ်ပညာရှင်ကြီးပင်လျှင် အနည်းငယ် အံ့အားသင့်သွားရချေသည်။

သိုလှောင်လက်စွပ်တစ်ကွင်း ပါရှိသော ဦးချိုကျိုးတစ်ခုအတွင်း၌ မှူးမတ်မျိုးနွယ်များထံ ဆက်သရန် ရည်ရွယ်ထားကြောင်း ထင်ရှားလှသည့် ပစ္စည်းများစွာ ပါဝင်နေပေရာ ယင်းဦးချိုကျိုး၏ နောက်ခံသမိုင်းကြောင်းမှာ ရိုးရှင်းလှသည်တော့ မဟုတ်တန်ရာပေ။

အကဲဖြတ်ပညာရှင်ကြီးသည် ထိုအချက်ကို ရိပ်မိသော်လည်း တစ်စုံတစ်ရာ ဖွင့်ဟပြောဆိုခြင်း မပြုဘဲ ချင်ယွမ်ဖုန်းအတွက် တိတ်တဆိတ်သာ တန်ဖိုးဖြတ်ပေးလိုက်လေသည်။

"မိတ်ဆွေ... မိတ်ဆွေရဲ့ ပစ္စည်းတွေက အရမ်းတန်ဖိုးရှိတာ မှန်ပေမဲ့ ဒါက အသင်းက ပြန်ဝယ်ရတာမျိုးမို့လို့ ဈေးနှုန်းအနည်းငယ် လျှော့တွက်ရတာကိုတော့ နားလည်ပေးပါ၊ စုစုပေါင်းဆိုရင် အဆင့်မြင့် မိစ္ဆာကျောက်တုံး တစ်သိန်း ပေးနိုင်ပါတယ်" ဟု အကဲဖြတ်ပညာရှင်ကြီးက ဆိုလာ၏။

ချင်ယွမ်ဖုန်းသည် မျက်နှာအမူအရာမပျက်ဘဲ ခေါင်းညိတ်ပြလိုက်သော်လည်း စိတ်ထဲ၌မူ တိတ်တဆိတ် ဝမ်းသာပီတိဖြစ်သွားရသည်။ အသုံးမဝင်လှသော ဤအရာများဖြင့် ဤမျှများပြားသည့် မိစ္ဆာကျောက်တုံးများကို လဲလှယ်နိုင်လိမ့်မည်ဟု သူ လုံးဝမထင်မှတ်ထားခဲ့မိပေ။

"ကျိုးကြောင်းဆီလျော်မှု ရှိပါတယ်" ဟု ချင်ယွမ်ဖုန်းက တုံ့ပြန်ပြောကြားလိုက်သည်။

ချင်ယွမ်ဖုန်းက ဤမျှလွယ်လွယ်ကူကူ သဘောတူလိမ့်မည်ဟု အကဲဖြတ်ပညာရှင်ကြီး ထင်မထားခဲ့သဖြင့် အလျင်အမြန်ပင် ထွက်ခွာသွားတော့သည်။

မကြာမီအချိန်၌ပင် စောစောက မိစ္ဆာမလေး ပြန်လည်ဝင်ရောက်လာပြီး ချင်ယွမ်ဖုန်းထံသို့ အဆင့်မြင့် မိစ္ဆာကျောက်တုံး အတိအကျ တစ်သိန်း ပါရှိသော သိုလှောင်အိတ်တစ်အိတ်ကို ကမ်းပေးလာခဲ့သည်။

"မိတ်ဆွေ... တခြား လိုအပ်တာမျိုး ရှိပါသေးလား" ဟု မိစ္ဆာမလေးက မေးမြန်းရှာသည်။

ချင်ယွမ်ဖုန်းသည် မိစ္ဆာကျောက်တုံးအားလုံးကို မိမိ၏ သိုလှောင်လက်စွပ်အတွင်းသို့ ပြောင်းရွှေ့ထည့်သွင်းလိုက်ပြီးနောက် ခေါင်းညိတ်လျက် "ငါ စုံစမ်းချင်တဲ့ အကြောင်းအရာအချို့ ရှိလို့ပါ" ဟု ပြောလိုက်၏။

"မေးမြန်းနိုင်ပါတယ်ရှင်" ဟု မိစ္ဆာမလေးက ခေါင်းညိတ်ပြသည်။

သတင်းအချက်အလက်ဟူသည် တန်ဖိုးရှိလှပေရာ ချင်ယွမ်ဖုန်းသည် အဆင့်မြင့် မိစ္ဆာကျောက်တုံး တစ်တုံးကို ထုတ်ယူ၍ စားပွဲပေါ်သို့ တင်ပေးလိုက်လေသည်။

"ငါ သတင်းအချက်အလက်တချို့ ဝယ်ချင်လို့၊ ဘယ်နေရာကို သွားရမလဲ" ဟု ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။

မိစ္ဆာမလေးသည် ချက်ချင်းပင် သဘောပေါက်သွားတော့သည်။ ချင်ယွမ်ဖုန်း စုံစမ်းလိုသော ကိစ္စရပ်မှာ သာမန်သတင်းမျိုး မဟုတ်ဘဲ ပုံမှန်အားဖြင့် ပြောဆိုဆွေးနွေးရန် တားမြစ်ထားသည့် လျှို့ဝှက်ချက်မျိုး ဖြစ်ရပေမည်။

"ကာရီရင်ပြင်အနီးမှာ ဗေဒင်ဆရာတစ်ယောက် ရှိပါတယ်၊ အဲဒီလူဆီကနေ မိတ်ဆွေ လိုချင်တဲ့ သတင်းအချက်အလက်တွေကို ရနိုင်ပါလိမ့်မယ်" ဟု မိစ္ဆာမလေးက တည်ငြိမ်စွာ ဆိုသည်။

ချင်ယွမ်ဖုန်းသည် အရာရာ ဤမျှချောမွေ့နေသဖြင့် အံ့အားသင့်ရသော်လည်း ခေါင်းညိတ်ပြလိုက်ရင်း "ဒါနဲ့... ငါ ဦးချိုကျိုးအကြောင်းလည်း သိချင်သေးတယ်၊ အဲဒါကို ဘယ်လိုမျိုး စုံစမ်းရမလဲ" ဟု ထပ်ဆင့်မေးမြန်းလိုက်ပြန်သည်။

မိစ္ဆာမလေးက ဖွဖွလေး ရယ်မောလိုက်ရင်း "ကျွန်ပိုင်ရှင်တိုင်းရဲ့ လက်ထဲမှာ မှတ်တမ်းစာအုပ် တစ်အုပ်စီ ရှိကြပါတယ်၊ သူတို့လက်ထဲကို ရောက်ခဲ့ဖူးတဲ့ ဦးချိုကျိုးတွေရဲ့ အကြောင်းကို အဲဒီထဲမှာ မှတ်တမ်းတင်ထားလေ့ ရှိတယ်လေ၊ ဒါကြောင့် မိတ်ဆွေအနေနဲ့ ဦးချိုကျိုးတွေအကြောင်း စုံစမ်းချင်တယ်ဆိုရင် အဲဒီကျွန်ပိုင်ရှင်တွေဆီကနေ စတင်တာဟာ အကောင်းဆုံး နည်းလမ်းပါပဲ" ဟု ပြောပြရှာသည်။

"ကောင်းပြီလေ" ချင်ယွမ်ဖုန်းသည် မိစ္ဆာကျောက်တုံးကို မိစ္ဆာမလေး၏ ရှေ့သို့ တွန်းပေးလိုက်ရင်း "ဒါက မင်းရသင့်ရထိုက်တဲ့ အရာပဲ" ဟု ဆိုလိုက်သည်။

မိစ္ဆာမလေးက ကျေးဇူးတင်ကြောင်း ခေါင်းညိတ်ပြလျက် "မိတ်ဆွေ... နောက်ထပ် ရက်အနည်းငယ်ကြာရင် ကျွန်မတို့ ကာရီမြို့ရဲ့ 'သေမင်းတမန် ပြိုင်ပွဲ' ကျင်းပတော့မှာပါ၊ မိတ်ဆွေ စိတ်ဝင်စားတယ်ဆိုရင် ဝင်ရောက်ယှဉ်ပြိုင်ကြည့်ဖို့ တိုက်တွန်းပါရစေ" ဟု ပြောလာပြန်သည်။

"သေမင်းတမန် ပြိုင်ပွဲ ဟုတ်လား" ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားရသည်။

မိစ္ဆာမလေးက ပြုံးလျက် "ဟုတ်ပါတယ်၊ ဒါဟာ ကျွန်မတို့ရဲ့ မြို့စားမင်းဖြစ်တဲ့ ပျော်ရွှင်ခြင်း မင်းသား ကိုယ်တိုင် ကျင်းပတဲ့ ပြိုင်ပွဲပါ၊ နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိပြီး အနိုင်ရတဲ့သူဟာ ပျော်ရွှင်ခြင်း မင်းသားရဲ့ လူကိုယ်တိုင် တွေ့ဆုံချီးမြှင့်မှုကို ခံရမယ့်အပြင် ကြီးမားတဲ့ ဆုလာဘ်တွေကိုလည်း ရရှိမှာ ဖြစ်ပါတယ်" ဟု ရှင်းပြသည်။

"ဒီပြိုင်ပွဲကြောင့်ပဲ ဦးချိုကျိုးသူ အများအပြားဟာ ဦးချိုကျိုးဘဝကနေ လွတ်မြောက်ပြီး မှူးမတ်မျိုးနွယ်တွေ ဖြစ်လာခဲ့ကြတာပါ"

"နားထောင်ရတာတော့ တော်တော်လေး ဆွဲဆောင်မှု ရှိတာပဲ" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သော်လည်း "ဒါပေမဲ့ အရာရာဟာ ဒီလောက်အထိတော့ မရိုးရှင်းနိုင်ဘူး ထင်တယ်" ဟု ထောက်ပြလိုက်၏။

"ဒါပေါ့ရှင်... သေမင်းတမန် ပြိုင်ပွဲလို့ ခေါ်တဲ့အတိုင်း အလွန်ပဲ အန္တရာယ်ကြီးမားလှပါတယ်၊ ပြိုင်ပွဲကြောင့် နှစ်တိုင်း အသက်ဆုံးရှုံးရသူတွေ ရှိပေမဲ့ လူအမြောက်အမြားကတော့ စာရင်းပေးသွင်းနေကြတုန်းပါပဲ"

ချင်ယွမ်ဖုန်း ခေါင်းညိတ်လိုက်မိသည်။ စာရင်းပေးသွင်းကြသူ အများစုမှာ ဦးချိုကျိုးသူများသာ ဖြစ်တန်ရာပြီး ယင်းအခွင့်အရေးကို အသုံးချကာ မှူးမတ်မျိုးနွယ် ဖြစ်လာစေရန်နှင့် မိမိတို့ဘဝကို အမှန်တကယ် ပြောင်းလဲပစ်နိုင်ရန် မျှော်လင့်နေကြခြင်း ဖြစ်ပေလိမ့်မည်။

"ငါ နားလည်ပါပြီ"

ထိုသို့ ပြောကြားပြီးနောက် ချင်ယွမ်ဖုန်းနှင့် သူ၏ အဖော်ဖြစ်သူတို့သည် ကုန်သည်ကြီးများအသင်းထဲမှ လှမ်းထွက်ခဲ့ကြတော့သည်။

"အကိုဖုန်း... ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ" ဟု မေက မေးမြန်းလာပြီး "ဒီတစ်ခါတော့ ဘာပဲလုပ်လုပ် ညီမကို ကြိုတင်ပြီး ရှင်းရှင်းလင်းလင်း ပြောပြရမယ်နော်၊ ပြီးခဲ့တဲ့ အခေါက်ကလို တစ်ယောက်တည်း အန္တရာယ်များတဲ့ အလုပ်မျိုး သွားမလုပ်ပါနဲ့တော့" ဟု မှာတမ်းခြွေရှာသည်။

"ငါ နားလည်ပါတယ်" ချင်ယွမ်ဖုန်းက သက်ပြင်းကို မတတ်သာဘဲ ချလိုက်မိ၏။ လမ်းခရီးတစ်လျှောက်လုံးတွင် မေသည် ဤကိစ္စကို အကြိမ်ကြိမ် အဖန်ဖန် ပြောဆိုနေခဲ့ခြင်း ဖြစ်ပေသည်။

သူတို့နှစ်ဦးသည် စားသောက်ဆိုင်တစ်ဆိုင်အတွင်းသို့ ဝင်ရောက်ကာ စားပွဲအပြည့် ဟင်းလျာများကို မှာယူလိုက်ကြသည်။ မေသည် ဤမျှ ကောင်းမွန်လှသော အစားအစာများကို တစ်ခါမျှ မစားဖူးသည့်အလား ချက်ချင်းပင် အငန်းမရ စားသောက်တော့သည်။

ချင်ယွမ်ဖုန်းလည်း မြည်းစမ်းကြည့်လိုက်ရာ မိစ္ဆာနယ်မြေ၏ အစားအစာများမှာ တော်တော်လေး အရသာရှိလှကြောင်း တွေ့ရှိလိုက်ရပေသည်။

မကြာမီပင် စားပွဲပေါ်ရှိ ဟင်းလျာအားလုံးကို ရှင်းလင်းလိုက်ကြပြီးနောက် နှစ်ဦးသား ဗိုက်ပူပူကလေးများကို ပွတ်သပ်ရင်း စိတ်ကျေနပ်သွားကြတော့သည်။

ဤထမင်းတစ်နပ်အတွက် အဆင့်မြင့် မိစ္ဆာကျောက်တုံး တစ်ထောင်ခန့် ကုန်ကျသွားရာ မေမှာ နှမြောတသဖြစ်၍ ရင်နာနေမိသော်လည်း ချင်ယွမ်ဖုန်းကမူ မည်သို့မျှ မနေပေ။

စားသောက်ဆိုင်မှ လှမ်းထွက်လာကြချိန်တွင် ညဉ့်နက်နေပြီ ဖြစ်သော်လည်း ကာရီမြို့လယ်ခေါင်ကြီးမှာမူ ညဉ့်အခါ၌သာ အမှန်တကယ် ပိုမိုတောက်ပ စည်ကားလှပေသည်။

မီးရောင်စုံများ လင်းထိန်ကာ စည်ကားသိုက်မြိုက်လှသော ပျော်ပါးရာ နေရာမျိုးစုံတို့သည် တံခါးများကို ဖွင့်လှစ်၍ စီးပွားရှာနေကြပေရာ ချင်ယွမ်ဖုန်းနှင့် မေတို့သည် ဖျော်ဖြေရေးနှင့် ကာမဂုဏ်ခံစားရာ မြို့တော်ကြီးအဖြစ် ကျော်ကြားလှသော ကာရီမြို့၏ ဂုဏ်သတင်းကို အမှန်တကယ် မြင်တွေ့လိုက်ရတော့သည်။

လမ်းမများထက်၌မူ လူသူချင်း တိုးဝှေ့နေကြပြီး လူပင်လျှံထွက်မတတ် စည်ကားလှပေသည်။

"အကိုဖုန်း... ဟိုလူတွေ ဘာလုပ်နေကြတာလဲ" မေက အနီးနားရှိ အဆောက်အအုံတစ်ခုကို လက်ညှိုးထိုးပြရင်း မေးမြန်းလာသည်။

ယင်းနေရာမှာ ပြည့်တန်ဆာအိမ်တစ်ခု ဖြစ်ပြီး အဝတ်အစား ဗလာနတ္ထိနီးပါး ဝတ်ဆင်ထားသော မိစ္ဆာမလေးများက ဧည့်သည်များကို လှမ်း၍ မျှားခေါ်နေကြကာ ထိုအထဲတွင် ဦးချိုကျိုး မိစ္ဆာမလေးများပင် ပါဝင်နေကြပေသည်။

ထိုမေးခွန်းကြောင့် ချင်ယွမ်ဖုန်း မျက်နှာရဲတက်သွားရပြီး "ကလေးတွေက အများကြီး မမေးရဘူး၊ အဲဒါ နင်သွားရမယ့် နေရာမျိုး မဟုတ်ဘူး" ဟု ပိတ်ပင်လိုက်ရသည်။

"ညီမက ဘာလို့ သွားလို့မရရတာလဲ" ဟု မေက စူးစမ်းလိုစိတ်ဖြင့် ထပ်မေးပြန်၏။

"နင်က မိန်းကလေးမို့လို့ပေါ့" ချင်ယွမ်ဖုန်းသည် မေ့ကို ဆွဲခေါ်လျက် ထိုနေရာမှ အလျင်အမြန်ပင် ဖယ်ခွာလာခဲ့တော့သည်။

ကာရီရင်ပြင်သည် ကာရီမြို့၏ ဗဟိုအချက်အချာတွင် တည်ရှိပေသည်။

မိစ္ဆာမလေး လမ်းညွှန်ပေးခဲ့သည့်အတိုင်း ချင်ယွမ်ဖုန်းသည် ထောင့်စွန်းတစ်နေရာရှိ ဗေဒင်ဆရာကို လျင်မြန်စွာ ရှာဖွေတွေ့ရှိသွားခဲ့သည်။

"မိတ်ဆွေ... ဘာကို တွက်ချက်ချင်လို့လဲခင်ဗျာ" ထိုတစ်ပါးကျွန်းသား မိစ္ဆာသည် လူလိမ်ဗေဒင်ဆရာတစ်ဦး၏ အမူအရာမျိုးဖြင့် မျက်စိမှိတ်၊ ပြုံးစိစိလုပ်လျက် အနားသို့ တိုးကပ်လာကာ မေးမြန်းလိုက်သည်။

ဤအချက်မှာ ဗေဒင်ဆရာများ၏ ထုံးစံတစ်ခုလားတော့မသိ၊ ကမ္ဘာမြေပေါ်တွင် ဖြစ်စေ၊ ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်တွင် ဖြစ်စေ၊ သို့မဟုတ် မိစ္ဆာနယ်မြေ၌ ဖြစ်စေ ဤဗေဒင်ဆရာဆိုသူများသည် အမြဲတမ်း မျက်စိကန်းဟန် ဆောင်နေတတ်ကြပေသည်။

ထိုသို့ မျက်စိမှိတ်ထားခြင်းက ပိုမိုတိကျစွာ တွက်ချက်နိုင်စွမ်း ရှိစေသည့်အလား ထင်ရပေသည်။

"ငါ သတင်းအချက်အလက်တချို့ စုံစမ်းချင်လို့ပါ" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်၏။

ထိုစကားကို ကြားလိုက်ရသောအခါ လူလိမ်ဗေဒင်ဆရာသည် ချက်ချင်းပင် မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး ချင်ယွမ်ဖုန်းအား စိုက်ကြည့်ကာ မျက်ဝန်းထဲ၌ ကြောက်ရွံ့တုန်လှုပ်မှု အမူအရာများ ထင်ဟပ်လာတော့သည်။

"မင်းက... မိစ္ဆာလား... ဆီယာမြို့ကနေ လိုက်လံဖမ်းဆီးနေတဲ့ အဆိုးဝါးဆုံး တော်လှန်ရေးသမား မဟုတ်လား"

ချင်ယွမ်ဖုန်းက ပြုံးလိုက်ရင်း "မင်းရဲ့ သတင်းကွန်ရက်က တကယ်ကို မဆိုးပါဘူး၊ ငါ့ရဲ့ ရုပ်သွင်ကိုတောင် သိနေတာပဲ၊ မင်းဆီကို လာခဲ့တာ ငါ အမှန်ကန်ဆုံး ရွေးချယ်မှု လုပ်ခဲ့တာပဲ ထင်တယ်" ဟု ဆိုလိုက်သည်။

ချင်ယွမ်ဖုန်းကိုယ်တိုင် ဝန်ခံလိုက်သည်ကို ကြားသောအခါ လူလိမ်ဗေဒင်ဆရာသည် အနည်းငယ် ပျာယာခတ်သွားပြီး သူ၏ အမူအရာမှာလည်း ပိုမိုတည်ကြည်လေးနက်သွားကာ "ကျွန်တော်တို့လို လုပ်ငန်းခွင်မျိုးမှာတော့ မိစ္ဆာနယ်မြေအတွင်း ဖြစ်ပျက်သမျှကို အမြန်ဆုံး သိရှိထားဖို့ လိုအပ်ပါတယ်" ဟု ပြောရှာသည်။

"ဟုတ်ပြီ" ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလျက် "ငါ ယာဘိုလို့ ခေါ်တဲ့ ဦးချိုမဲ့လူသားတစ်ယောက်အကြောင်း စုံစမ်းချင်တယ်၊ သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းခန့်က မိစ္ဆာနယ်မြေထဲကို ရောက်ရှိခဲ့ပြီး ဆီယာမြို့ရဲ့ ပတ်ဝန်းကျင်အနီးအနားမှာ ဖြစ်ဖို့များတယ်" ဟု ဆိုလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းက ဟုတ်လား" လူလိမ်ဗေဒင်ဆရာက မျက်မှောင်ကြုတ်လိုက်ရင်း "မိတ်ဆွေ... လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းက ကိစ္ဆရပ်တွေကို စုံစမ်းချင်တယ်ဆိုရင်တော့ သမိုင်းဝင် ကျမ်းစာစာရွက်စာတမ်းတွေကိုပဲ ရှာဖွေရမှာပါ၊ ကျွန်တော့်ဆီ လာနေလို့တော့ ထူးမှာ မဟုတ်ဘူး" ဟု ငြင်းဆန်ရန် ကြိုးစားသည်။

"မင်းဆီကို လာရတဲ့အကြောင်းရင်း ငါ့မှာ ရှိပါတယ်၊ ဒီယာဘိုဆိုတဲ့ လူဟာ လုံးဝကို ထူးခြားတဲ့သူ ဖြစ်ရမယ်၊ သူက အရမ်းကို အစွမ်းထက်တဲ့သူ ဖြစ်နိုင်သလို တခြား ထူးခြားချက် တစ်ခုခုလည်း ရှိနိုင်တယ်၊ ဒါကြောင့် မင်းကို အဲဒီလူအကြောင်း စုံစမ်းပေးဖို့ တောင်းဆိုချင်တယ်"

ချင်ယွမ်ဖုန်းသည် အဆင့်မြင့် မိစ္ဆာကျောက်တုံး တစ်ရာကို ထိုလူလိမ်ဗေဒင်ဆရာထံသို့ ပစ်ပေးလိုက်လေသည်။

မိစ္ဆာကျောက်တုံးများကို မြင်လိုက်ရသောအခါမှ လူလိမ်ဗေဒင်ဆရာသည် သဘောတူလိုက်ပြီး "ကောင်းပါပြီ၊ ဒါပေမဲ့ ကျွန်တော် အသေအချာ စုံစမ်းပေးနိုင်လိမ့်မယ်လို့တော့ အာမမခံနိုင်ဘူးနော်၊ ဘာလို့လဲဆိုတော့ နှစ်ပေါင်း တစ်သောင်းကျော်တောင် ကြာမြင့်ခဲ့ပြီဆိုတော့ ကျွန်တော့်ရဲ့ ဘိုးဘေးတွေထက်တောင် စောနေသေးလို့ပဲ" ဟု ပြောကြားလိုက်တော့သည်။

All Chapters