← Chapters

အခန်း ၇၈၂

Vol. 38 Ch. 782

အခန်း ၇၈၂

Vol. 38 Ch. 782

အခန်း (၇၈၂)

"ဟုတ်ကဲ့ပါခင်ဗျာ"

အိမ်တော်ထိန်းသည် ခေါင်းညိတ်ပြလျက် ဘေးမှ အစောင့်များကို မျက်စိတစ်ချက်ပြလိုက်ရာ ထိုအစောင့်များသည် ချင်ယွမ်ဖုန်းနှင့် မေတို့ရှိရာသို့ လျှောက်လှမ်းသွားကြချေသည်။

"မင်း စားလို့ ဝပြီလား"

ချင်ယွမ်ဖုန်းသည် သူ၏မုခ်ဝကို သုတ်သင်ကာ မျက်နှာဖုံးကို ပြန်လည်စွပ်လျက် မေးမြန်းလိုက်၏။

မေက ခေါင်းညိတ်ပြကာ "ဝပါပြီရှင်" ဟု ပြန်လည်ဖြေကြားသည်။

"ဒါဆိုရင်တော့ စကြစို့"

ချင်ယွမ်ဖုန်း၏ မျက်နှာဖုံးအောက်ရှိ မျက်နှာထက်တွင် ပြုံးယောင်သန်းသွားချေသည်။

အစောင့်များက ချင်ယွမ်ဖုန်းတို့အနားသို့ ရောက်ရှိလာချိန်တွင် ချင်ယွမ်ဖုန်းသည် ရုတ်တရက် ရှေ့သို့တစ်လှမ်းတိုးကာ အထက်ပလ္လင်ပေါ်တွင် ထိုင်နေသော သခင်ကြီး ဆာဘာဒါအား မျက်နှာမူလိုက်၏။

"သခင်ကြီး... ကျွန်တော့်မှာ သခင်ကြီးအတွက် ဖျော်ဖြေတင်ဆက်မှုတစ်ခု ရှိပါတယ်" ဟု ချင်ယွမ်ဖုန်းက အသံကျယ်ကျယ်ဖြင့် ပြောဆိုလိုက်သည်။

ပတ်ဝန်းကျင်ရှိ လူအပေါင်းတို့သည် တိတ်ဆိတ်သွားကြပြီး ချင်ယွမ်ဖုန်းနှင့် မေတို့အား နှာခေါင်းရှုံ့လျက် အထင်သေးသော မျက်လုံးများဖြင့် ကြည့်ရှုကြကုန်၏။

"မင်းတို့က ဘယ်သူတွေလဲ... ငါ့ရဲ့ တည်ခင်းဧည့်ခံပွဲထဲကို ဘယ်လိုနည်းနဲ့ ဝင်လာကြတာလဲ" ဟု သခင်ကြီး ဆာဘာဒါက အေးစက်စက် လေသံဖြင့် မေးမြန်းချေသည်။

ချင်ယွမ်ဖုန်းသည် ထိုမေးခွန်းကို ပြန်လည်ဖြေကြားခြင်းမပြုဘဲ ယဉ်ကျေးပျူငှာစွာ အနည်းငယ် ဦးညွှတ်လျက် "ဒီဖျော်ဖြေပွဲရဲ့ အမည်ကတော့ 'မင်းရဲ့ ဦးခေါင်း မြေခဏ ကျသွားတာကို မင်းကိုယ်တိုင် မြင်တွေ့စေရမယ်' လို့ ခေါ်ပါတယ်" ဟု ရေရွတ်လိုက်၏။

ပတ်ဝန်းကျင်ရှိ အထက်တန်းလွှာ ပုဂ္ဂိုလ်များမှာလည်း လန့်ဖျပ်သွားကြပြီး သခင်ကြီး ဆာဘာဒါ၏ မျက်နှာမှာမူ အလွန်ပင် ညိုမှောင်သွားချေသည်။

"သူတို့နှစ်ယောက်လုံးကို ဖမ်းဆီးပြီး အကျဉ်းထောင်ထဲကို ပို့ပစ်ကြစမ်း" ဟု သခင်ကြီး ဆာဘာဒါက အေးစက်စွာ အမိန့်ပေးလိုက်၏။

အစောင့်များသည် မိမိတို့၏ ဓားရှည်များကို ဆွဲထုတ်ကာ ရုတ်တရက် ပြေးဝင်လာကြရာ ဓားသွားများ၏ အလင်းရောင်သည် တက်ရောက်လာသူ အပေါင်းတို့၏ မျက်ဝန်းထဲတွင် ထင်ဟပ်သွားချေသည်။

အစောပိုင်းတွင် ထိတ်လန့်သွားခဲ့ကြသော်လည်း ထိုအထက်တန်းလွှာ လူစုသည် မကြာမီပင် ပြန်လည်တည်ငြိမ်သွားကြပြီး ယင်းကို စားပွဲအပြီး ဖျော်ဖြေမှုတစ်ခုကဲ့သို့ သဘောထားလိုက်ကြ၏။

အမှန်စင်စစ် မိစ္ဆာနယ်မြေအတွင်း၌ အထက်တန်းလွှာအဆင့်သို့ တက်လှမ်းနိုင်သူများသည် အနည်းနဲ့အများတော့ စွမ်းဆောင်ရည် ရှိကြပေရာ ဖြစ်တန်ရာသည်။

သို့သော် နောက်တစ်ခဏ၌မူ သူတို့၏ မျက်နှာအမူအရာများ ခက်ထန်သွားကြချေသည်။ အကြောင်းမူကား မေသည် လှုပ်ရှားလိုက်သောကြောင့် ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းသည် ထိုနေရာ၌ပင် ရပ်တန့်နေဆဲဖြစ်ပြီး သူ၏မျက်နှာဖုံးမှာ ပြုံးရွှင်နေသော ဝတုတ်တုတ် ကလေးငယ်တစ်ဦး၏ ပုံသဏ္ဌာန် ဖြစ်ချေသည်။

မေသည် ချင်ယွမ်ဖုန်း၏ ဘေးမှ ကျော်ဖြတ်ကာ အစောင့်များ၏ ရှေ့တွင် ပိတ်ရပ်လိုက်၏။

သူမ၏ လက်နှစ်ဖက်တွင် ဓားမြှောင်နှစ်စင်း ပေါ်ထွက်လာချေသည်။

ထိုဓားမြှောင်များသည် တိုတောင်းသော်လည်း ယင်းတို့ထံမှ ဖြာထွက်နေသော မိစ္ဆာအရှိန်အဝါသည် အလွန်ပင် ပြင်းထန်လှရာ အဆင့်မြင့် မိစ္ဆာလက်နက်များ ဖြစ်ကြောင်း ထင်ရှားလှပေသည်။

ဤသည်ကား မေက ဘက်ခ်၏ ရတနာတိုက်တော်ထဲမှ ရွေးချယ်ခဲ့သော မိစ္ဆာလက်နက် ဖြစ်ပြီး အမည်အားဖြင့် ဝိညာဉ်စားဓားမြှောင် ဟု ခေါ်တွင်ချေသည်။

ယင်းသည် ရန်သူကို ဒဏ်ရာရရှိစေရုံမျှမက တစ်ပြိုင်နက်တည်းတွင် ဝိညာဉ်ကိုပါ တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။

မေအား ပျိုးထောင်ပေးစဉ်အခါက ချင်ယွမ်ဖုန်းသည် သူမ၏ ဝိညာဉ်စွမ်းအား ကျင့်ကြံမှုကို အထူးပင် ဂရုပြုပေးခဲ့၏။

အကြောင်းမှာ ချင်ယွမ်ဖုန်း၏ အင်အားအကောင်းဆုံး စွမ်းအားသည်လည်း ဝိညာဉ်စွမ်းအားပင် ဖြစ်ပေရာ သူ၏ကျင့်ကြံမှု အတွေ့အကြုံမှာ အလွန်ပင် ကြွယ်ဝလှသောကြောင့် ဖြစ်သည်။

ယေဘုယျအားဖြင့် သိုင်းပညာရှင်များသည် စနစ်တကျ သင်ကြားပြသမှုကို မရရှိကြချေ။ ထို့ပြင် သိုင်းပညာရှင်အဆင့်သို့ ရောက်ရှိပြီးနောက် ရရှိသော ကျင့်စဉ်ပညာရပ်များသည်လည်း အလွန်မြင့်မားခြင်း မရှိပေရာ သူတို့၏ ကျင့်ကြံမှု အဆင့်အတန်း တိုးတက်ခြင်းသည် အလွန်ပင် နှေးကွေးလှ၏။

သူတို့၏ ကျင့်ကြံမှုအဆင့်များသည် သိုင်းပညာရှင်အဆင့် ဝန်းကျင်၌သာ ရှိကြပြီး မဟာဆရာနယ်ပယ်သို့ တက်လှမ်းနိုင်သူမှာ အလွန်ပင် ရှားပါးလှချေသည်။

မဟာဆရာနယ်ပယ်သို့ ရောက်ရှိရန်အတွက်မူ အနည်းဆုံးအားဖြင့် မှူးမတ်အဆင့်ငယ် တစ်ဦး ဖြစ်ရပေမည်။ ထို့ကြောင့် မဟာဆရာနယ်ပယ်သို့ တက်လှမ်းပြီးဖြစ်သော မေသည် ထိုသိုင်းပညာရှင်များနှင့် ရင်ဆိုင်ရသောအခါတွင် တစ်ဖက်သတ် ချေမှုန်းနိုင်သော အခြေအနေမျိုး ဖြစ်နေတော့သည်။

ဓားမြှောင်များသည် တစ္ဆေတစ်ကောင်ကဲ့သို့ သူတို့၏ လည်ပင်းများကို ဖြတ်သန်းခုတ်ပစ်လိုက်ပြီးနောက် ပြင်းထန်လှသော စွမ်းအားဖြင့် သူတို့၏ ဝိညာဉ်များကို ရိုက်ခတ်ဖျက်ဆီးပစ်လိုက်ချေသည်။

အစောင့်များသည် မျက်စိရှေ့တွင် ရုတ်တရက် မှောင်အတိကျသွားသကဲ့သို့ ခံစားလိုက်ရပြီး ဦးခေါင်းအတွင်း၌ စူးရှသော နာကျင်မှုကို ခံစားရကာ သူတို့၏ အသက်ဇီဝိန်ချုပ်ငြိမ်းသွားကြရတော့သည်။

ခဏမျှသော အချိန်ကာလအတွင်းမှာပင် အစောင့်အနည်းငယ် ရောက်ရှိလာသော်လည်း မေသည် သူမ၏ ဓားမြှောင်ကို ဓားအိမ်ထဲသို့ ပြန်လည်ထည့်သွင်းပြီး ဖြစ်ချေသည်။

"ကောင်းပြီလေ... မင်းတို့က ငါကဘယ်သူလဲဆိုတာ သိရဲ့လား... ဒီဧည့်ခံပွဲကို တက်ရောက်နေတဲ့သူတွေက ဘယ်သူတွေလဲဆိုတာရော သိရဲ့လား... ဦးချိုကျိုးတွေဖြစ်တဲ့ မင်းတို့နှစ်ယောက်က ဒီနေရာမှာ လာပြီး အကြမ်းဖက်ရဲတယ်ပေါ့လေ"

သခင်ကြီး ဆာဘာဒါ၏ အသံ ကွယ်ပျောက်သွားသည်နှင့်အမျှ နောက်ထပ် သိုင်းပညာရှင် အများအပြားသည် ဝုန်းဒိုင်းကြဲ ပြေးဝင်လာကြပြီး ချင်ယွမ်ဖုန်းနှင့် မေတို့ကို ဝိုင်းရံပိတ်ဆို့လိုက်ကြ၏။

" မင်းလက်ထဲပဲ အပ်ခဲ့မယ်နော်" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

မေသည်လည်း လေ့ကျင့်မှု လိုအပ်ပေရာ ထိုသို့မဟုတ်ပါက အောင်မြင်မှု ရရှိနိုင်မည်မဟုတ်ချေ။

ဤနေရာသည် မေအတွက် လေ့ကျင့်ရန် အခွင့်ကောင်းတစ်ခု ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းသည် အစောင့်များကို ပေါ့ပါးစွာ ကျော်လွှားခုန်ပျံလျက် အထက်ပလ္လင်ပေါ်တွင် ထိုင်နေသော သခင်ကြီး ဆာဘာဒါထံသို့ တရှိန်ထိုး ပြေးဝင်သွားချေသည်။

မှူးမတ်တစ်ဦးဖြစ်သော သခင်ကြီး ဆာဘာဒါ၏ ကျင့်ကြံမှုအဆင့်မှာ ပထမအဆင့် ဘိုးဘေးနယ်ပယ် ဝန်းကျင်၌ ရှိချေသည်။ ချင်ယွမ်ဖုန်း တရှိန်ထိုး ပြေးဝင်လာသည်ကို မြင်သောအခါ သူ၏ နှုတ်ခမ်းထက်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်ထွက်လာ၏။

ကျွန်ပိုင်ရှင်ကြီး တစ်ဦးဖြစ်သည့်အတွက် သူသည် ဦးချိုကျိုးများ၏ မုန်းတီးခြင်းကို အမြဲခံရလေ့ရှိပြီး ကလဲ့စားချေရန် ပစ်မှတ်ထားခြင်းကိုလည်း ခံရလေ့ရှိပေသည်။

သူသည် ဦးချိုကျိုးများ၏ လုပ်ကြံခြင်းကို အကြိမ်ကြိမ် ခံခဲ့ရဖူးသော်လည်း အကြိမ်တိုင်းတွင် လွတ်မြောက်ခဲ့ရစမြဲ ဖြစ်၏။ ယခုအချိန်အထိပင် သူသည် ချင်ယွမ်ဖုန်းအား ကလဲ့စားချေရန် လာရောက်သော အနည်းငယ် အင်အားသန်သည့် ဦးချိုကျိုးတစ်ယောက်မျှသာ ဟု ထင်မှတ်နေဆဲ ဖြစ်ချေသည်။

"သေချင်နေတာပဲ"

သခင်ကြီး ဆာဘာဒါသည် ရုတ်တရက် ထရပ်လိုက်ရာ သူ၏ခန္ဓာကိုယ်ထက်တွင် ထူထဲသော အကြေးခွံများ ဖုံးလွှမ်းသွားပြီး ချင်ယွမ်ဖုန်းထံသို့ လက်သီးတစ်ချက် ဝှေ့ယမ်း ထိုးနှက်လိုက်၏။

ထိုလက်သီးချက်ကြောင့် လေထုထဲ၌ ပြင်းထန်သော အသံလှိုင်း ပေါက်ကွဲမှု ဖြစ်ပေါ်သွားပြီး ပြင်းထန်လှသော စွမ်းအားကြောင့် သခင်ကြီး ဆာဘာဒါ၏ ရှေ့ရှိ စားပွဲမှာ အစိပ်စိပ်အမွှာမွှာ ပျက်စီးသွားရချေသည်။

ချင်ယွမ်ဖုန်းသည်လည်း လက်သီးတစ်ချက် ပြန်လည်ထိုးနှက်လိုက်ရာ သူ၏ လက်သီးဆုပ်ထက်တွင် ခရမ်းရောင်မီးလျှံများ တောက်လောင်နေတော့သည်။

လက်သီးနှစ်ခု ပြင်းထန်စွာ ထိတွေ့မိကြရာ ဖြစ်ပေါ်လာသော တုန်ခါမှုလှိုင်းကြောင့် ဘေးမှ အိမ်တော်ထိန်းမှာ လွင့်ထွက်သွားရချေသည်။

သို့သော် သခင်ကြီး ဆာဘာဒါ၏ လက်သီးသည် ခဏမျှသာ တောင့်ခံနိုင်ပြီးနောက် စက်ဆုပ်ဖွယ်ကောင်းသော အရိုးကျိုးသံကြီး ပေါ်ထွက်လာ၏။

တက်ရောက်လာသူ အပေါင်းတို့ အံ့အားသင့်သွားရသည်မှာ သခင်ကြီး ဆာဘာဒါ၏ လက်သီးဆုပ်သည် ပုံပျက်ပန်းပျက် လိမ်ကောက်သွားခြင်းပင် ဖြစ်ပေသည်။

"အား..."

သခင်ကြီး ဆာဘာဒါ၏ မျက်နှာထက်တွင် နာကျင်သော အမူအရာ ပေါ်ထွက်လာချေသည်။ မိမိရှေ့ရှိ ဤလူသည် ဤမျှလောက်အထိ အင်အားကြီးမားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။

ချင်ယွမ်ဖုန်းသည် ရှေ့သို့တစ်လှမ်းတိုးကာ မိမိ၏ နဂါးကျောရိုးဓားမကြီးထက်တွင် ထူထဲသော မိစ္ဆာအရှိန်အဝါများကို လွှမ်းခြုံစေလျက် သခင်ကြီး ဆာဘာဒါ၏ လည်ပင်းကို တစ်ချက်တည်းဖြင့် ချက်ချင်း ဖြတ်တောက်လိုက်ချေသည်။

သခင်ကြီး ဆာဘာဒါ၏ မျက်နှာအမူအရာသည် ထိတ်လန့်မှု၊ နာကျင်မှုများနှင့်အတူ အေးခဲသွားပြီး သူ၏ ဦးခေါင်းသည် မြေပြင်ထက်သို့ လိမ့်ဆင်းကာ နှစ်ပတ်မျှ လိမ့်သွားတော့သည်

။

ချင်ယွမ်ဖုန်းက ပုခုံးတွန့်ပြကာ "တွေ့လား... မင်းရဲ့ဦးခေါင်း မြေပေါ်ကျသွားတာကို မြင်စေရမယ်လို့ ငါပြောသားပဲ" ဟု ဆိုလိုက်၏။

သူသည် ခေါင်းကိုလှည့်၍ ပတ်ဝန်းကျင်ရှိ လူစုကို အေးစက်စွာ ဝေ့ကြည့်လိုက်ရာ ထိုအထက်တန်းလွှာ ပုဂ္ဂိုလ်များမှာ လုံးဝ တိတ်ဆိတ်သွားကြပြီး မလှုပ်ရဲကြတော့ချေ။

သခင်ကြီး ဆာဘာဒါပင်လျှင် ရသူကို မယှဉ်နိုင်ပါက သူတို့၏ ကျင့်ကြံမှုအဆင့်မှာမူ ပြောပလောက်စရာ မရှိတော့ပေ။

"မင်းတို့အားလုံး ဒီနေ့ကို မှတ်ထားကြပေါ့... မင်းတို့ထဲက ဘယ်သူမဆို မကောင်းမှုတွေ လုပ်နေတယ်လို့ ငါကြားရင်တော့ နောက်တစ်ယောက်က မင်းတို့ပဲ ဖြစ်ရမယ်" ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောဆိုကာ ဝေးရာသို့ ခုန်ပျံထွက်ခွာသွားချေသည်။

မေသည် တိုးကပ်လာသော အစောင့်များကို နောက်သို့ ဆုတ်ခွာသွားစေပြီးနောက် အထက်သို့ ခုန်တက်ကာ ချင်ယွမ်ဖုန်း ကမ်းပေးလိုက်သော လက်ကို လှမ်းကိုင်လိုက်၏။

ထို့နောက် သူတို့နှစ်ဦးသည် ညမှောင်မှောင်အတွင်းသို့ လျင်မြန်စွာ ကွယ်ပျောက်သွားကြတော့သည်။

ဤတိုက်ပွဲအတွင်း၌ သခင်ကြီး ဆာဘာဒါ၏ အစောင့်တစ်ဆယ်ကျော် သေဆုံးခဲ့ပြီး အများအပြား ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြချေသည်။

သခင်ကြီး ဆာဘာဒါကိုယ်တိုင်လည်း ကာရီမြို့တော်ကြီးမှ ထာဝရ ကွယ်ပျောက်သွားရတော့သည်။

"အကိုဖုန်း... ဒါက တကယ်ကို ပျော်စရာကောင်းတာပဲနော်" ဟု မေက သဘောကျစွာ ရယ်မောလိုက်၏။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ မေနှင့်အတူ ဆိတ်ငြိမ်သော နေရာတစ်ခုသို့ ဆင်းသက်လိုက်ကြသည်။ ထို့နောက် သူ၏ မျက်နှာဖုံးကို လျင်မြန်စွာ ချွတ်ပစ်လိုက်ပြီး အဝတ်အစားသစ်တစ်စုံကို လဲလှယ်ဝတ်ဆင်လိုက်ချေသည်။

ဤအရာအားလုံးကို ပြုလုပ်ပြီးနောက် သူတို့နှစ်ဦးသည် ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်ခွာခဲ့ကြ၏။

"အကိုဖုန်း... ရတနာတွေ အများကြီး ထပ်ရလာပြန်ပြီပဲ... ဒါတွေကို ဘာလုပ်ဖို့ စိတ်ကူးထားလဲ" ဟု မေက မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လျက် "ငါလည်း သေသေချာချာ မသိသေးဘူး... ဒါပေမဲ့ အသုံးဝင်တဲ့ အရာတစ်ခုခု လုပ်ရမယ်လို့တော့ ငါ ခံစားနေရတယ်" ဟု ဆို၏။

"ဒါက လွယ်ပါတယ်... မြို့အပြင်ဘက်မှာ ဒုက္ခသည်တွေ အများကြီး ရှိနေတာပဲ... ဒီရတနာတွေကို သူတို့ကို ခွဲဝေပေးလိုက်ရင် မကောင်းဘူးလား" ဟု မေက မျှော်လင့်ချက်အပြည့်ရှိသော မျက်နှာဖြင့် ပြောဆိုလိုက်သည်။

"ဒါဆိုရင် ငါတို့က သူရဲကောင်းတွေ ဖြစ်သွားမှာပေါ့"

ချင်ယွမ်ဖုန်းသည် ရယ်မောလျက် ငွေမက်လှသော မေအား အံ့ဩတသသဖြင့် ကြည့်ရှုလိုက်မိသည်။

"ဒါက လိုက်ဖက်ညီတဲ့ စုံတွဲတစ်တွဲ ဖြစ်သွားတာပေါ့" ဟု မေက ပြောဆိုလိုက်ပြီးနောက် သူမ၏ မျက်နှာလေးမှာ ချက်ချင်းပင် ရဲခနဲ နီမြန်းသွားချေသည်။

ချင်ယွမ်ဖုန်းသည် ထိုအရာကို ဂရုမပြုမိဘဲ မေအား ခေါ်ဆောင်လျက် ရင်ပြင်ဆီသို့ ဦးတည်လျှောက်လှမ်းခဲ့၏။

"ငါတို့က ဒီရတနာတွေကို သူတို့ဆီ ဒီတိုင်းပဲ ပေးလိုက်မယ်ဆိုရင် ကာရီမြို့ကလူတွေက သူတို့ကို လွှတ်ထားမှာမဟုတ်ဘူး... ရတနာတွေကိုလည်း ပြန်လည်လုယူကြလိမ့်မယ်... ဒါကြောင့် ငါတို့က ဒီရတနာတွေကို မိစ္ဆာကျောက်တုံးတွေအဖြစ် အရင်ဆုံး ပြောင်းလဲပစ်ဖို့ လိုအပ်တယ်" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ရှင်းလင်းပြောပြလိုက်ချေသည်။

All Chapters