← Chapters

အခန်း ၇၈၅

Vol. 38 Ch. 785

အခန်း ၇၈၅

Vol. 38 Ch. 785

အခန်း (၇၈၅) ဒုတိယမြောက် စိန်ခေါ်မှု

မြစ်ကမ်းဘေးတစ်လျှောက်မှ ထူးဆန်းဆိုးဝါးလှသော အော်မြည်သံအချို့ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။ ထိုအသံများကို ကြားရသည်နှင့် ခေါင်းသုံးလုံး မိစ္ဆာသတ္တဝါကြီးသည် ချက်ချင်းပင် လှည့်ပြန်သွားပြီး ၎င်း၏ လှောင်အိမ်အတွင်းသို့ လိမ္မာရေးခြားစွာ ဝင်ရောက်သွားတော့သည်။

ကပြဖျော်ဖြေမှု ပြီးဆုံးသွားသော ကချေသည်များကဲ့သို့ပင် မြေပြင်ထက်၌ ကျန်ရစ်ခဲ့သော သွေးကွက်ချင်းချင်းတို့မှာ ၎င်းတို့၏ အကောင်းဆုံး နှုတ်ဆက်ခြင်း အထိမ်းအမှတ်များပင် ဖြစ်ချေသည်။

“အခုအချိန်မှာ ကွင်းပြင်ထဲမှာ အသက်ရှင်ကျန်ရစ်တဲ့သူကတော့ ဒီအဆင့်ရဲ့ အောင်နိုင်သူပဲ ဖြစ်ပါတယ်။ ခေတ္တခဏ အနားယူပြီးရင်တော့ ဒုတိယအဆင့်ကို မကြာခင်မှာ စတင်ပါတော့မယ်။” ဟု တာဝန်ခံ၏ အသံကြီးက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

ချင်ယွမ်ဖုန်းနှင့် ကျန်ရှိနေသူများသည် မြစ်ကမ်းဘေးဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့ကြသည်။ ထိုစဉ် မေသည် အပြေးအလွှား ရောက်ရှိလာပြီး ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ပေါ်မှ သွေးများကို သုတ်သင်နိုင်ရန် အဝတ်စတစ်ခု လှမ်းပေးရှာသည်။

“အကိုဖုန်း... အဆင်ပြေရဲ့လား။” မေ၏ မျက်နှာလေးမှာ အနည်းငယ် ပျက်ယွင်းနေခဲ့၏။

“ဘာမှမဖြစ်ပါဘူး။” ချင်ယွမ်ဖုန်းက ပြုံး၍ ရေရွတ်လိုက်သည်။ “ဒီလို မြင်ကွင်းမျိုးက မင်းကို စိတ်မသက်မသာ ဖြစ်သွားစေလား။”

“ဟုတ်တယ်၊ ညီမရှေ့တင် လူတွေအများကြီး သေဆုံးသွားတာကို မြင်ရတော့ ရင်ထဲမှာ သဲဦးလှိုက်မတတ် ခံစားရတယ်။ ကြည့်ရတာ... ကြည့်ရတာ သူတို့အားလုံးက ညီမရဲ့ ကလေးတွေလိုပဲ။” ဟု မေက ဝမ်းနည်းပက်လက် ပြောရှာသည်။

ချင်ယွမ်ဖုန်းသည် မေ၏ ဦးခေါင်းကို ညင်သာစွာ ပုတ်ပေးလိုက်ပြီးနောက် “လက်တွေ့လောကကြီးက သိပ်ပြီး ရက်စက်လွန်းတယ်ဆိုတာ မင်း အမြဲမှတ်ထားရမယ်။ မင်းရဲ့ စိတ်နှလုံးကို သံမဏိလို ခိုင်မာအောင် ထားနိုင်မှပဲ ဒီလိုရက်စက်တဲ့ ကမ္ဘာကြီးထဲမှာ အသက်ရှင်ရပ်တည်နိုင်လိမ့်မယ်။” ဟု နှစ်သိမ့် စကားဆိုလိုက်သည်။

မေက ခေါင်းညိတ်ပြရှာသည်။ “ညီမ နားလည်ပါပြီ။ နောင်ဆိုရင် ပိုပြီးတော့ စိတ္တဇဆန်ဆန် သွေးအေးနိုင်အောင် ကြိုးစားပါ့မယ်။”

မြစ်ကမ်းနှစ်ဖက်လုံးရှိ လူအုပ်ကြီးမှာမူ လူစုခွဲခြင်း မရှိကြသေးပေ။ ချင်ယွမ်ဖုန်းကမူ ဒုတိယမြောက် စိန်ခေါ်မှုကိုလည်း ဤကာရီမြစ်၌ပင် ကျင်းပလိမ့်မည်ဟု ခန့်မှန်းထားမိသည်။

သူ ခန့်မှန်းထားသည့်အတိုင်းပင် ပထမဆုံး စိန်ခေါ်မှု ပြီးဆုံးပြီးနောက် မကြာမီမှာပင် ရေခဲပြင်ကို ဖန်တီးခဲ့သော မိစ္ဆာသည် ကာရီမြစ်၏ ကောင်းကင်ယံထက်သို့ ပြန်လည်ရောက်ရှိလာပြီး ရေခဲပြင်အားလုံးကို အရည်ပျော်သွားစေခဲ့သည်။

မြစ်ရေနှင့် ရောနှောသွားသော သွေးညှီတို့သည် မြစ်ရေစီးကြောင်းနှင့်အတူ အောက်ဘက်သို့ မျောပါသွားကြတော့သည်။

နှစ်နာရီခန့် ကြာမြင့်ပြီးနောက် ဒုတိယအဆင့်ကို တရားဝင် စတင်လိုက်ပြီဖြစ်ရာ ပြိုင်ပွဲဝင်တစ်ဦးချင်းစီသည် တစ်ကိုယ်တော်စီး ဝိညာဉ်လှေငယ် တစ်စင်းစီကို ရရှိကြသည်။

ဤဝိညာဉ်လှေငယ်မှာ အလွန်ပင် သေးငယ်လှပြီး ချင်ယွမ်ဖုန်း ကမ္ဘာမြေပေါ်တွင် ရှိစဉ်က စီးနင်းခဲ့ဖူးသော ရေလှိုင်းစီး ပျဉ်ပြားတစ်ခုခန့်သာ အရွယ်အစား ရှိပေသည်။

“ကဲ... အခုဆိုရင် ဒုတိယအဆင့်ကို စတင်ပါတော့မယ်။ ပြိုင်ပွဲဝင်တွေအနေနဲ့ ဝိညာဉ်လှေငယ်ကို အသုံးပြုပြီး ပန်းတိုင်ကို ရောက်ရှိအောင် မောင်းနှင်ရမှာ ဖြစ်ပါတယ်။ ပန်းတိုင်ကို ရောက်ရှိနိုင်တဲ့သူတွေကတော့ နောက်တစ်ဆင့်ကို တက်လှမ်းခွင့် ရရှိမှာ ဖြစ်ပါတယ်။” ဟု တာဝန်ခံ၏ ကြေညာသံ ထွက်ပေါ်လာခဲ့သည်။

ချင်ယွမ်ဖုန်းသည် ကာရီမြစ်၏ အစနှင့် အဆုံး သတ်မှတ်ချက် နေရာနှစ်ခုလုံးတွင် ကြိုးများဖြင့် ချည်နှောင်ထားသည်ကို မြင်လိုက်ရသဖြင့် မျက်မှောင် အနည်းငယ် တွန့်သွားမိသည်။

ဤအကွာအဝေးမှာ တစ်ကီလိုမီတာခန့်သာ ရှိသဖြင့် တိုတောင်းလွန်းလှရာ ချင်ယွမ်ဖုန်းအနေဖြင့် စဉ်းစားမရ ဖြစ်နေမိသည်။

“အကွာအဝေးက ဒီလောက်တိုတောင်းပြီး ပန်းတိုင်ကို ရောက်တာနဲ့ နောက်တစ်ဆင့် တက်ရမှာဆိုတော့ ဘာမှ စိန်ခေါ်မှု မရှိသလိုပဲ။” ဟု ချင်ယွမ်ဖုန်းက တိုးညင်းစွာ ရေရွတ်မိသည်။

သို့သော်လည်း သူသည် မကြာမီမှာပင် ထိုအရာ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို သဘောပေါက်သွားခဲ့သည်။

ပထမနေရာကို ရယူနိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ ပထမရရှိရန် ပြိုင်ဆိုင်နေခြင်း မဟုတ်ဘဲ မိမိနှင့်အတူ ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အားလုံးကို ရှုံးနိမ့်သွားအောင် ပြုလုပ်ခြင်းသာ ဖြစ်ပေသည်။

ကျန်ရှိနေသော လူပေါင်းသုံးရာကျော်အနက် အများစုမှာ အမှန်တကယ် အစွမ်းထက်မြက်သူများ ဖြစ်ကြပြီး အနည်းငယ်မျှသော သူများကမူ ကံကောင်းလွန်းသဖြင့် လွတ်မြောက်လာကြသူများ ဖြစ်တန်ရာသည်။

မိမိကိုယ်မိမိ ထင်ရှားပေါ်လွင်စေရန်အတွက် ပြိုင်ဘက် နည်းပါးလေ လေ ပိုမိုကောင်းမွန်လေ ဖြစ်ပေသည်။ ထို့ကြောင့် ဤအဆင့်တွင် လူတိုင်းသည် မိမိတို့၏ ပြိုင်ဘက်များကို လျှော့ချရန်အတွက် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုကြပေလိမ့်မည်။

“ဒီလိုကိုး။” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ရေရွတ်ရင်း ဝိညာဉ်လှေငယ်ကို အစပြုရာ နေရာသို့ တိုက်ရိုက်ယူဆောင်လာခဲ့ပြီးနောက် မြစ်ရေပြင်ထက်သို့ ဖြည်းညင်းစွာ လျှောက်လှမ်းဝင်ရောက်လိုက်သည်။

“စည်းမျဉ်းတွေကို သတိရပေးကြပါဦး။ မိမိတို့ရဲ့ ဝိညာဉ်လှေငယ်ကို ပန်းတိုင်အထိ ပါအောင် ယူဆောင်သွားရမှာ ဖြစ်ပါတယ်။ အကယ်၍ ဝိညာဉ်လှေငယ် မပါရှိတော့ဘူးဆိုရင်တော့ ရှုံးနိမ့်တယ်လို့ သတ်မှတ်မှာ ဖြစ်ပါတယ်။” ဟု တာဝန်ခံက စေတနာအရ ကဲ့သို့သတိပေး စကားဆိုလာသည်။

သို့သော်လည်း ယင်းက ပြိုင်ပွဲဝင်များအား ပြိုင်ဘက်များကို မည်သို့ ဖယ်ရှားရမည်ကို လမ်းညွှန်ပြသလိုက်ခြင်းသာ ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး ဤအဆင့်သည် ပြိုင်ဘက်များကို လျှော့ချရန် လိုအပ်ရုံရုံမျှမက မိမိ၏ ဝိညာဉ်လှေငယ်ကိုပါ ကာကွယ်ရမည်ဖြစ်ကြောင်း နားလည်လိုက်သည်။

မမြင်ရသော အမိန့်တစ်ခု ပေးလိုက်သည်နှင့်အမျှ နောက်ကွယ်မှ ဧရာမ ရေလှိုင်းကြီးတစ်ခု တက်လာခဲ့ပြီး ဝိညာဉ်လှေငယ် ပေါ်ရှိ မိစ္ဆာပေါင်း သုံးရာကျော်တို့သည် တစ်ပြိုင်နက်တည်း ရှေ့သို့ ပြေးထွက်သွားကြတော့သည်။

တစ်ကီလိုမီတာ အကွာအဝေးမှာ လွန်စွာ တိုတောင်းလှပေရာ ပုံမှန်အခြေအနေတွင် လူတိုင်းသည် အမွှေးတိုင်တစ်တိုင် ကုန်ဆုံးမည့် အချိန်အတွင်း၌ ပန်းတိုင်သို့ ရောက်ရှိနိုင်ကြသည်။

သို့သော်လည်း ရေလှိုင်းများ၏ အကူအညီဖြင့် ရှေ့သို့ ပြေးထွက်သွားသည်နှင့် ချင်ယွမ်ဖုန်းသည် ဘေးပတ်ဝန်းကျင်မှ မကောင်းသော ရည်ရွယ်ချက်ရှိသည့် အကြည့်အချို့ကို ခံစားလိုက်ရသည်။

ရုတ်ချည်းပင် မိစ္ဆာအရှိန်အဝါတစ်ခုသည် ထက်မြက်သော ဓားသွားတစ်ခုကဲ့သို့ ချင်ယွမ်ဖုန်းဆီသို့ တိုက်ရိုက် ပြေးဝင်လာခဲ့တော့သည်။

ယင်းနှင့်တစ်ပြိုင်နက် အခြားတစ်ဖက်မှလည်း အေးစက်သော အလင်းတန်းတစ်ခု လျှပ်ခနဲ လက်သွားခဲ့ပြီး ဓားရှည်တစ်စင်းသည် ချင်ယွမ်ဖုန်း၏ ခါးဆီသို့ တည့်တည့်မတ်မတ် ဦးတည်လာခဲ့သည်။

လူနှစ်ဦးက ချင်ယွမ်ဖုန်းအား တစ်ပြိုင်နက်တည်း တိုက်ခိုက်လာခြင်း ဖြစ်ပေသည်။

မြစ်ကမ်းဘေးရှိ မေသည်လည်း ထိုအခိုက်တွင် အနည်းငယ် ရင်တထိတ်ထိတ် ဖြစ်သွားခဲ့သော်လည်း မကြာမီမှာပင် ပြန်လည်တည်ငြိမ်သွားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ချင်ယွမ်ဖုန်းသည် မြို့စားမင်းတစ်ဦးကိုပင် သတ်ဖြတ်နိုင်စွမ်းရှိသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး မဟုတ်လော။

ချင်ယွမ်ဖုန်းသည် ဝိညာဉ်လှေငယ်ပေါ်သို့ ခြေစုံပစ်နင်းကာ ကောင်းကင်ယံထက်သို့ ခုန်တက်လိုက်ပြီး တိုက်ခိုက်မှုနှစ်ခုလုံးကို သီသီလေး ရှောင်ကွင်းလိုက်သည်။ သို့သော်လည်း ဝိညာဉ်လှေငယ်မှာမူ သူနှင့် ကွဲကွာသွားခဲ့ရ၏။

ဓားရှည်ကို ကိုင်ဆောင်ထားသော မိစ္ဆာသည် စိတ်လှုပ်ရှားသွားသော မျက်နှာပေးဖြင့် သူ၏ ဓားသွားကို ရုတ်ချည်း ပြောင်းလဲကာ အောက်ဘက်သို့ ပြင်းထန်စွာ ခုတ်ချလိုက်တော့သည်။

လူမိုက်တစ်ယောက်ပင်လျှင် ဤဝိညာဉ်လှေငယ်များသည် အရည်အသွေး ညံ့ဖျင်းလှသဖြင့် ဓားချက်တစ်ချက် ထိမှန်ရုံမျှဖြင့် အပိုင်းပိုင်းအစစ ပျက်စီးသွားလိမ့်မည်ကို သိရှိနိုင်ပေသည်။

ထိုစဉ် ဓားရှည်ကို ကိုင်ဆောင်ထားသော မိစ္ဆာသည် သူ၏ မျက်လုံးထဲတွင် လက်ဝါးတစ်ဖက် တရိပ်ရိပ် ကြီးမားလာသည်ကို ရုတ်ချည်း မြင်လိုက်ရသည်။

သူ မည်သို့မျှ မပြင်ဆင်နိုင်မီမှာပင် ချင်ယွမ်ဖုန်း၏ ပြင်းထန်သော ရိုက်ချက်တစ်ခုက ၎င်း၏ မျက်နှာထက်သို့ ကျရောက်သွားခဲ့တော့သည်။

သူသည် မိမိ၏ မျက်နှာထက်သို့ ပြင်းထန်သော ခွန်အားတစ်ခု ကျရောက်လာသည်ကို ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်သည် ဦးခေါင်းနှင့်အတူ လည်ထွက်သွားခဲ့ရ၏။

လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့်ပင် ချင်ယွမ်ဖုန်းသည် ထိုမိစ္ဆာအား မြစ်ရေထဲသို့ ရိုက်ချလိုက်ပြီး ဝိညာဉ်လှေငယ်ပေါ်သို့ တည်ငြိမ်စွာ ပြန်လည်သက်ဆင်းလိုက်သည်။

ထိုအခိုက်တွင် ချင်ယွမ်ဖုန်းအား တိုက်ခိုက်ခဲ့သော အခြားမိစ္ဆာတစ်ကောင်မှာမူ သွေးသားပြောင်းလဲခြင်းကို အပြီးသတ်လုပ်ဆောင်ထားပြီး ဖြစ်ရာ ၎င်း၏ ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင် ထူထပ်လှသော အကြေးခွံများနှင့် ထက်မြက်သော အရိုးစူးများ ထွက်ပေါ်နေခဲ့သည်။

သူသည် ရုတ်ချည်း အရှိန်မြှင့်တင်လိုက်ပြီး ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ကာ ခြေဖျားဖြင့် ချင်ယွမ်ဖုန်း၏ မျက်နှာကို ပြင်းထန်စွာ ကန်ကျောက်လိုက်တော့သည်။

ယင်းနှင့်တစ်ပြိုင်နက် မိစ္ဆာစွမ်းအင်များသည်လည်း ၎င်း၏ ခန္ဓာကိုယ်အား ဖုံးလွှမ်းသွားခဲ့ပြီး ဒိုင်းကာဝတ်ရုံသဖွယ် ဖြစ်ပေါ်သွားခဲ့၏။

ချင်ယွမ်ဖုန်းသည် လွန်စွာ တည်ငြိမ်နေခဲ့ပြီး သူ၏ လက်သီးချက်ကို ပစ်လွှတ်လိုက်ရာ လိုဏ်ဂူအတွင်းမှ ထွက်ပေါ်လာသော မြွေဆိုးတစ်ကောင်ကဲ့သို့ ထိုမိစ္ဆာ၏ ခြေထောက်ကို ဝိုက်၍ ရှောင်ကွင်းကာ ၎င်း၏ မျက်နှာတည့်တည့်သို့ ပြင်းထန်စွာ ထိမှန်သွားခဲ့တော့သည်။

ချက်ချင်းပင် ထိုမိစ္ဆာ၏ နှာခေါင်းမှ သွေးများ ပန်းထွက်လာခဲ့ပြီး ၎င်း၏ နှာခေါင်းရိုးမှာလည်း မိစ္ဆာစွမ်းအင်များနှင့် အကြေးခွံများ၏ အကာအကွယ်များ ရှိနေသည့်ကြားမှပင် ကြေမွပျက်စီးသွားခဲ့ရသည်။

ချင်ယွမ်ဖုန်းသည် သူ၏ လက်ညှိုးကို အသာအယာ ဆန့်ထုတ်လိုက်ပြီး ထိုတစ်ပါးကျွန်းသား မိစ္ဆာ၏ မျက်ခုံးအစုံကြားသို့ ခပ်ဖွဖွလေး လှမ်း၍ တောက်လိုက်သည်။

ထိုတစ်ပါးကျွန်းသား မိစ္ဆာ၏ ခန္ဓာကိုယ်သည် နောက်ပြန်လွင့်စင်သွားခဲ့ရပြီး မြစ်ရေပြင်ထက်သို့ ကျရောက်သွားတော့သည်။

ထိုအခါမှသာ ချင်ယွမ်ဖုန်း၏ ပတ်ဝန်းကျင်သည် ပြန်လည်တိတ်ဆိတ်သွားခဲ့ရ၏။ သူ၏ ဦးခေါင်းကို လှည့်ကြည့်လိုက်ရာ လူတိုင်းသည် မိမိတို့၏ ဘေးပတ်ဝန်းကျင်ရှိ သူများကို အပြင်းအထန် တိုက်ခိုက်နေကြသည်ကို မြင်တွေ့လိုက်ရသည်။

မြစ်ရေပြင်ကြီးသည် ချက်ချင်းပင် စစ်တလင်းပြင်တစ်ခုကဲ့သို့ ဖြစ်သွားခဲ့ရပြီး မိစ္ဆာများသည် မြစ်ရေထဲသို့ ဆက်တိုက် ကျရောက်သွားကြသလို အချို့၏ ဝိညာဉ်လှေငယ်များမှာလည်း ရိုက်ခွဲခြင်း ခံနေကြရသည်။

ချင်ယွမ်ဖုန်း၏ မိစ္ဆာစွမ်းအင်များသည် ဝိညာဉ်လှေငယ်အတွင်းသို့ ဖြည်းညင်းစွာ စီးဝင်သွားခဲ့ပြီး ၎င်းအား အေးအေးလူလူ ရှေ့သို့ ရွေ့လျားစေခဲ့ရာ မည်သို့မျှ လောဆော်ခြင်း မရှိသည့်နှယ်ပင်။

ဘေးပတ်ဝန်းကျင်ရှိ မိစ္ဆာများသည် ချင်ယွမ်ဖုန်းအား မြင်သောအခါ ပြေးဝင်၍ ထပ်မံတိုက်ခိုက်ကြသော်လည်း ချင်ယွမ်ဖုန်းကမူ အသာအယာပင် ခုခံကာကွယ်နိုင်ခဲ့သည်။

ချင်ယွမ်ဖုန်းသည် မိမိကဲ့သို့ပင် စိတ်အေးလက်အေး ရှိနေကြသော အခြားလူ ဆယ်ဂဏန်းခန့် ရှိနေသည်ကို တွေ့ရှိလိုက်ရပြီး ၎င်းတို့အနက် ဦးခေါင်းတွင် အကောင်းပကတိ ဦးချိုနှစ်ဖက် ပါရှိသော မိစ္ဆာတစ်ကောင်လည်း ပါဝင်နေခဲ့သည်။

ထိုစဉ် အဝေးဆီရှိ မြင့်မားလှသော မျှော်စင်ထက်တွင် ဝတ်ရုံရှည်ကြီးကို ခြုံလွှမ်းထားသော ပျော်ရွှင်ခြင်း မင်းသား ကာရီသည် ထိုင်နေခဲ့ပြီး သူ၏ ရှေ့မှောက်ရှိ မြင်ကွင်းကို လွန်စွာ စိတ်လှုပ်ရှားဖွယ်ရာ အသွင်ဖြင့် ကြည့်ရှုနေခဲ့သည်။

ထိုမြင်ကွင်းသည် မိစ္ဆာစွမ်းအင်များဖြင့် ဖန်တီးထားခြင်း ဖြစ်ပြီး မြစ်ပြင်ထက်ရှိ ပြင်းထန်လှသော တိုက်ပွဲကို ပကတိအတိုင်း တံလျှပ်ထင်ဟပ် ပြသပေးနေခြင်း ဖြစ်ပေသည်။

“ဟားဟားဟား... ဒါက တကယ့်ကို ပျော်စရာကောင်းလှချည်လား။ ဒီကောင်က တကယ့်ကို အစွမ်းထက်တာပဲ။” ဟု ကာရီ၏ အသံကြီး ထွက်ပေါ်လာခဲ့သော်လည်း ယင်းအသံက အနည်းငယ် ဆန်းကြယ်နေခဲ့သည်။

“အရှင်မင်းကြီး... အခု အရှင်ကြည့်နေတဲ့လူက ဆီယာမြို့ကနေ ထွက်ပြေးလာတဲ့ အလိုရှိနေတဲ့ ရာဇဝတ်ကောင် ဖြစ်ပုံရပါတယ်။ သူက ဘက်ခ်ကို သတ်ခဲ့တဲ့သူပဲ ဖြစ်ပါတယ်။” ဟု ၎င်း၏ ဘေးနားရှိ မိစ္ဆာတစ်ကောင်က တိုးညင်းစွာ သတင်းပို့လိုက်လေတော့သည်။

All Chapters