← Chapters

ချီလင် ဟူသော အမည်နာမ

Vol. 21 Ch. 228

ချီလင် ဟူသော အမည်နာမ

Vol. 21 Ch. 228

နတ်ဆိုး ကိုးပါး ၏ ခေါင်းဆောင် ဖြစ်သူ အမှောင် နဂါး အနီရင့်ရောင် အကြေးခွံ ကျန်းလင်း အား သတ်ဖြတ် နိုင်ခဲ့သည့် သတင်းသည် အနောက်တောင်ဘက် နယ်စပ် ဒေသ နှစ်ခု စလုံးတွင် ခေတ္တ ခဏ အတွင်း လေအလျင်လို တိုက်ခတ်သွားပြီး ဟိုးလေးတကျော် ဖြစ်သွား သည်။ ကျန်းဟူ လောက တစ်ခုလုံး လည်း ထို သတင်းကြောင့် ဆူညံ ပွက်လော ရိုက်သွား ခဲ့၏။ နယ်စပ် မြို့လေး ရှိ လက်ဖက်ရည်ဆိုင် စားသောက်ဆိုင် နှင့် လမ်းကြား တိုင်းတွင် လူတိုင်း ပါးစပ် ဖျား၌ ရေပန်းစား နေသည်မှာ ပါရမီရှင် ချီလင် ၏ အကြောင်း ပင်။

လူအများ သည် ချီလင် ၏ အမည် ရှေ့မှ ကူ လမ်းစဉ် ဟူသော ဂုဏ်ပုဒ်ကို အမှတ်မထင် ပယ်ဖျက် လိုက်ကြပြီး သူ့အား တာ့ယန် အင်ပါယာ ၏ နံပါတ် (၁) ပါရမီရှင် အဖြစ် နန်းတင် လိုက်ကြ တော့၏။ သိုင်းတာအို ကို လေ့လာ လိုက်စားကြသည့် လူငယ် မျိုးဆက် များ ပင်လျှင် သူ့အတွက် ဂုဏ်ယူ နေကြ သည်။

“တကယ့်ကို မယုံနိုင်စရာပဲ... ဒီ ကောင်ကတော့ တကယ် ရက်စက် တာပဲ...”

“ကူ လမ်းစဉ် တော့ တစ်ခေတ် ပြန်ဆန်း တော့မှာပဲ...”

“အဆင့် (၉) နတ်ဆိုး တစ်ကောင် ရဲ့ မျက်စိ အောက်မှာ တင် အစွမ်း အထက်ဆုံး နတ်ဆိုး ပါရမီရှင် သုံးယောက် ဖြစ်တဲ့ ကျန်းလင်း ဂူတစ်ထောင် နဲ့ ဆူးဈာပနထုံးစံ တို့ကို တစ်ယောက်တည်း နဲ့ အပြတ် ရှင်းပစ် ခဲ့တာ... တကယ့်ကို သတ္တိ ခဲပဲ... ချီလင် ကတော့ ယောက်ျား စစ်ပဲ...”

ထောင်လွှား မာနကြီး သူ တစ်ဦး အဖြစ် မှသည် ယောက်ျား စစ် ယောက်ျား မြတ် နတ်ဆိုး နှိမ် သူရဲကောင်း တစ်ဦး အဖြစ်သို့ ပြောင်းလဲ သွားရန် အတွက် တိုက်ပွဲ တစ်ပွဲ တည်းကပင် လုံလောက် နေခဲ့သည်။ ချီလင် ၏ ဂုဏ်သတင်းမှာ လုံးဝ ဥဿုံ ပြောင်းလဲ သွားခဲ့ချေပြီ။ ဤ တိုက်ပွဲသည် အလယ်ပိုင်း လွင်ပြင် မှ သူရဲကောင်း လေးယောက်ကို အနိုင်ယူ ခဲ့စဉ်က နှင့် လုံးဝ မတူညီ ပေ။ ထိုစဉ်က တိုက်ပွဲမှာ လမ်းစဉ် နှစ်ခု ကြားမှ ချစ်ကြည်ရေး လက်ရည်စမ်းမှု လူသား မျိုးနွယ်စု ကြားမှ ပြည်တွင်း ကိစ္စ မျှသာ ဖြစ်သော်လည်း ယခု နတ်ဆိုး ကိုးပါးကို သတ်ဖြတ် နိုင်ခြင်းမှာ မျိုးနွယ်စု စစ်ပွဲ ဖြစ်ပြီး ကံကြမ္မာ အလှည့်အပြောင်း အတွက် တိုက်ပွဲဝင် ခြင်း ပင်။

နယ်စပ်ရှိ စစ်သည်တော် များ ဖြစ်စေ ကျန်းဟူ လောကမှ သိုင်းသမား များ ဖြစ်စေ အားလုံးမှာ ဂုဏ်ယူ ဝင့်ကြွား နေကြ တော့၏။ ချီလင် ၏ အတိတ် က လုပ်ရပ်များ အားလုံးကို လူအများက ချီးမွမ်း ခန်း ဖွင့်ပြီး ဂုဏ်တင် လာကြသည်။ အကယ်၍ တစ်စုံတစ်ဦး ကသာ သူ့အား ကဲ့ရဲ့ ရှုတ်ချ ရန် ကြိုးစား လာပါက မရေမတွက် နိုင်သော လူအုပ်ကြီး ၏ ဝိုင်းဝန်း တိုက်ခိုက် ကျိန်ဆဲခံရပေလိမ့်မည်။

‘မာနကြီး သလား... မဟုတ်ပါဘူး... အဲဒါက ယုံကြည်မှု ပါ...

ဘဝင် မြင့်သလား... မဟုတ်ပါဘူး... အဲဒါက စစ်မှန်တဲ့ စွမ်းရည် ပါ...

စကား ပြောတာ ရိုင်းသလား... မဟုတ်ပါဘူး... အဲဒါက ဟန်ဆောင်မှု ကင်းတဲ့ သူ၏ အစစ်အမှန် သဘာဝ ပါ…’

ချီလင် သည် အတိတ်တွင် မည်သို့သော အရာများကို လုပ်ဆောင် ခဲ့သည် ဖြစ်စေ အမြဲတမ်း ပင် သူ့ဘက်မှ ကာကွယ် ပြောဆို ပေးမည့် ပညာရှင် များ ရှိနေ တော့၏။ ကူ သခင် မျိုးဆက် များ၏ အဆင့်အတန်း မှာလည်း အလိုအလျောက် မြင့်တက် လာခဲ့ပြီး လမ်းစဉ် နှစ်ခု ကြားမှ အာဃာတ များမှာလည်း ချီလင် ၏ နတ်ဆိုး နှိမ် စစ်ဆင်ရေး ကြောင့် တဖြည်းဖြည်း အားနည်း ပျောက်ကွယ် လာခဲ့ချေပြီ။

ဤ သတင်းသည် နယ်စပ် ဒေသများ သာမက တောင်ပိုင်း နယ်စပ် မှသည် အလယ်ပိုင်း လွင်ပြင် အထိ တရွေ့ရွေ့ ပျံ့နှံ့ သွားပြီး အင်အားကြီး မိသားစု များနှင့် ဂိုဏ်း အသီးသီး ကပါ သိရှိ သွားကြ သဖြင့် တစ်ကမ္ဘာလုံးတွင် နာမည် ကျော်ကြား သွားသည်။ ၎င်းမှာ ယန်ဝူရုန် နှင့် သူ၏ ဆဋ္ဌမ ကူနန်းတော် မှ လူများ၏ ကြိုးပမ်း အားထုတ်မှု ကြောင့်လည်း ပါဝင် ပေသည်။ ယခု အခြေအနေ တွင် ကူ လမ်းစဉ် သည် ချဲ့ ထွင်ရန် ခိုင်မာသော အုတ်မြစ်ကို ချနိုင် ခဲ့ပြီ ဖြစ်သော်လည်း ထို လမ်းအား အမှန်တကယ် ခင်းကျင်း ပြီး နေရာ အနှံ့သို့ ဆက်သွယ် နိုင်ရန် မှာမူ စောင့်ကြည့် ရဦးမည်။

ယင်းသို့ ဖြစ်လာ စေရန် အတွက် လွန်ခဲ့သော နှစ်ပေါင်း (၃,၀၀၀) က ကူ အင်မော်တယ် ကဲ့သို့သော ခေတ်တစ်ခေတ်ကို လွှမ်းမိုး နိုင်မည့် ကူ သခင် တစ်ဦး ပေါ်ထွက် လာရန် လိုအပ် လှပေသည်။ သို့မှသာ အခွင့်အရေး ရှိပေ လိမ့်မည်။ ထိုသို့ မဟုတ်ပါက ယခု ရရှိ ထားသော အရှိန်အဝါများ လျော့ပါး သွားသည်နှင့် အမျှ ချီလင် လုပ်ဆောင် ခဲ့သမျှမှာ အချိန်နှင့် အမျှ မေ့ပျောက်ခြင်း ခံရလေမည်။

...

ချန်းလန် နယ်မြေ။

ကြီးကျယ် ခမ်းနား လှသော စံအိမ်တော် အတွင်းတွင် မုရုံစု ၏ မျက်နှာသည် ပြာနှမ်း နေ၏။ သူ၏ ယုံကြည် စိတ်ချ ရသော လက်ရုံး ဖြစ်သူ အိုးရန်ရှန်း သေဆုံး သွားခဲ့လေပြီ။ သူသည် ချီလင် ၏ လက်ချက်ဖြင့် သေဆုံး ခဲ့ရခြင်း ပင် ဖြစ်၏။ ချီလင် ဟူသော ထို လူမှာ တကယ့်ကို ကြောက်စရာ ကောင်းလှ ပေသည်။ ကျန်းလင်း ဂူတစ်ထောင် နှင့် ယီကျန်း တို့ ကဲ့သို့သော နတ်ဆိုး ပါရမီရှင် သုံးဦး ၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံရသည့် အပြင် သဲကန္တာရ မှ မှော် ပညာဖြင့် ကျိန်စာ တိုက်ခံထား ရပါလျက် နှင့် ဝိုင်းရံ ပိတ်ဆို့မှု ကြားမှ ဖောက်ထွက် နိုင်ခဲ့သည် ။

ဤ အချက်က မုရုံစု အား သူ၏ ယခင် ခန့်မှန်းချက် အပေါ် သံသယ ဝင်လာ စေတော့၏။ ချီလင် သည် အမှန်တကယ် ပင် လီယွမ် လား။ ယခင်က ထို နှစ်ဦးမှာ တစ်ယောက်တည်း ဖြစ်နိုင်ခြေ ရာခိုင်နှုန်း (၉၀) ရှိသည်ဟု သူ ထင်ခဲ့ သော်လည်း ယခုမူ သူ၏ စိတ်ထဲတွင် မေးခွန်းထုတ်စရာ ဖြစ်လာ ခဲ့သည်။ လွန်ခဲ့သော နှစ်အနည်းငယ် က လီယွမ်သည် ပန်ရှန်း သိုင်းသူတော်စင် ၏ လက်ချက်ဖြင့် ပြင်းထန်စွာ ဒဏ်ရာ ရခဲ့ပြီး မဟာ သူတော်စင် များနှင့် ယှဉ်ပြိုင် နိုင်စွမ်း မရှိခဲ့ချေ။ သို့သော် နှစ်အနည်းငယ် မျှသာ ကြာမြင့် သေးသည့် အချိန်တွင် ပြိုင်ဘက် လေးဦးကို တစ်ပြိုင်နက် ရင်ဆိုင် နိုင်ပြီး မဟာ သူတော်စင် အဆင့်နှင့် ညီမျှသော ကျန်းလင်း ကိုပါ သတ်ဖြတ်နိုင်ခဲ့သည်။

“ငါ အခြေအနေကို မှားတွက် မိတာများ လား...”

တစ်ချိန်က ခွေးပြေး ဝက်ပြေး ပြေးခဲ့ရသည့် လီယွမ် ထံတွင် မိမိ ရှုံးနိမ့် လိမ့်မည် မဟုတ်ဟု မုရုံစု ခံစား နေမိသည်။ ချီလင် က ချီလင် ပါပဲ လီယွမ် နဲ့ ဘာမှ မသက်ဆိုင် ဘူး။ ချီလင် ဤမျှ အစွမ်းထက် နေခြင်းမှာ ကူနန်းတော် ဘိုးဘေးကြီး ကိုယ်တိုင် သင်ကြား ပေးပြီး ကူ လမ်းစဉ် ၏ ကံကြမ္မာ အလှည့်အပြောင်း အတွက် အဓိက လူသား အဖြစ် မြေတောင် မြှောက် ပေးထားခြင်း ကြောင့် ဖြစ်ရမည်။

မိမိသည် ချီလင် ထက် ကံကောင်းမှု အနည်းငယ် လျော့နည်း သွားခဲ့ခြင်း သာ ဖြစ်ပေသည်။

“အိုးရန်ရှန်း သေသွားပြီ ဆိုတော့ သူ ငါ့ကို သစ္စာဖောက် သွားမလား...”

“သူ သစ္စာ မဖောက် ရင်တောင်မှ... ကူနန်းတော် ရဲ့ နည်းလမ်းတွေနဲ့ ဆိုရင် သူ့ ပါးစပ်ကို ဟအောင် လုပ်ဖို့ နည်းလမ်းတွေ အများကြီး ရှိတာပဲ... အဲဒီကျရင် ငါ့ အကြောင်းတွေ အကုန် ပေါ်ကုန် တော့မှာ...”

ဤ ကျရှုံးမှုမှာ မုရုံစု လုံးဝ မျှော်လင့် မထားသော အရာ ပင်။ သူ၏ အစီအစဉ် အရ နတ်ဆိုး ပါရမီရှင် သုံးဦး နှင့် အိုးရန်ရှန်း ၏ မှော် ပညာ ပေါင်းစပ် လိုက်ပါက ချီလင် မှာ သေချာပေါက် သေဆုံး ရမည် ဖြစ်ပြီး နောက်ထပ် ပြဿနာများ ရှိလာမည် မဟုတ်ပေ။

“ငါ့ရဲ့ ကိုယ်ပိုင် နောက်ကြောင်းကို သူတို့ သိသွားပြီ ဆိုရင်တော့... ချီလင် က လီယွမ် ဖြစ်ဖြစ် မဖြစ်ဖြစ်... ရန်ငြိုး ကတော့ စွဲသွားပြီ... သေရေးရှင်ရေး တိုက်ပွဲ ပဲ ကျန်တော့တယ်...”

“ချီလင် ရဲ့ စရိုက် အရ ဆိုရင် သူ ငါ့ကို သတ်ဖို့ နည်းလမ်း ပေါင်းစုံ သုံးမှာ သေချာတယ်...”

“ငါ ဘယ်လို လုပ်ရမလဲ...”

မုရုံစု သည် အကျပ်ရိုက် နေ၏။ သူသည် ပြိုလဲ ပျက်စီး နေသော တံတိုင်း အထက်တွင် ရပ်နေရင်း ကမ္ဘာကြီး ၏ အမြင်တွင် ယခင် အင်ပါယာ ဟောင်း၏ အကြွင်းအကျန် အဖြစ် သာ ရှုမြင်ခြင်း ခံနေရ သော်လည်း သူ၏ နိုင်ငံ ပြန်လည် တည်ထောင် လိုသော ရည်မှန်းချက် ကိုမူ မည်သူမျှ နားမလည် နိုင်ကြ ပေ။ အကယ်၍ တစ်ဖက်လူ ကသာ သူ၏ အစစ်အမှန် ကို ညဇီးကွက်ဘုရင် ထံ ဖွင့်ဟ လိုက်ပါက သူသည် ဘယ်သောအခါမျှ မြေမြှုပ် သင်္ဂြိုဟ် ခွင့် ပင် ရတော့မည် မဟုတ်ချေ။

“ငါ အခု ရှောင်လျဲ့ ကို နယ်ရုပ် အဖြစ် သုံးရမယ့် အချိန် ရောက်ပြီ ထင်တယ်...”

၎င်းမှာ မုရုံစု စောင့်မျှော် နေခဲ့သည့် အခွင့်အရေး တိုက်ပွဲ၏ အလှည့်အပြောင်းကို ဖြစ်စေမည့် အရေးကြီးသော အကွက် တစ်ကွက် ပင်။ ယခု အခါ သူ့ထံတွင် ရွေးချယ်စရာ လမ်း နှစ်သွယ် သာ ကျန်ပါတော့၏။

တစ်ဖက်ကမူ ရှောင်လျဲ့ ၏ အမည်ကို အသုံးချကာ အသံ မြှင့်တင်ပြီး ညဇီးကွက်ဘုရင် ၏ “ဧကရာဇ်ကို ဖမ်းဆီး ကာ မင်းညီမင်းသား များကို အမိန့်ပေး နေသည့်” သစ္စာဖောက် ဂုဏ်သတင်းကို ဖွင့်ချ ရန်ပင်။

ထို့နောက် စစ်သူကြီးချုပ် ပိုင်ချန် ၊ ချန် ဘုရင် နှင့် ဟန် ဘုရင် တို့နှင့် ပူးပေါင်းကာ ညဇီးကွက် အစောင့်တပ် ကို ဆန့်ကျင်သည့် မဟာ လှုပ်ရှားမှု ကြီး တစ်ခု ဖန်တီးပြီး တာ့ယန် အင်ပါယာ ကို ဖြိုခွဲ ရန် ဖြစ်သည်။

အခြား တစ်ဖက်ကမူ နှစ်ပေါင်း များစွာ ချမှတ် ခဲ့သမျှ အစီအစဉ် များကို စွန့်လွှတ် ကာ အကာအကွယ် များ ရုတ်သိမ်း ပြီး အမှောင်ထဲတွင် ပုန်းကွယ် နေလျက် မိမိ၏ သားစဉ်မြေးဆက် များမှ နိုင်ငံ ပြန်လည် တည်ထောင်ရေး အလုပ်ကို ဆက်ခံ မည့် အချိန်ကို စောင့်ဆိုင်း ရန် ဖြစ်သည်။

“ဟင့်အင်း... ငါ အရှုံး မပေးနိုင်ဘူး...”

မုရုံ မိသားစု သည် နှစ်ပေါင်း (၁,၀၀၀) တိုင်အောင် စောင့်ဆိုင်း ခဲ့ရသည် ။ ဤအခြင်းအရာမှာ သူတို့ စောင့်မျှော် နေသည့် အခိုက်အတန့် ပင်။ နတ်ဆိုးများ သောင်းကျန်း နေပြီး တာ့ယန် အင်ပါယာ ကြီး အစိတ်စိတ် အမွှာမွှာ ကွဲနေသည့် ဤ အချိန်တွင် သူ၏ ဆန္ဒကို မပြည့်ဝ နိုင်ခဲ့ပါက ကျန်း အင်ပါယာ ကြီး၏ နောက်ဆုံး ကျန်ရှိသော အလင်းတန်း လေးမှာ လုံးဝ ပျောက်ကွယ် သွားပေလိမ့်မည်။

“စွန့်စား ကြည့်ကြတာ ပေါ့... အစွမ်းကုန် ကြိုးစား ကြည့်မယ်...”

“ငါတို့ အင်ပါယာ ဟောင်း ကြီး သေချာပေါက် နိုင်ရမယ်...”

မုရုံစု သည် ချန်းလန် ဘုရင် ရှောင်လျဲ့ ၏ စံအိမ် ရှိရာ ဘက်သို့ ပြင်းထန်သော အကြည့်များဖြင့် လှမ်းကြည့် လိုက်၏။ ဤ နယ်ရုပ် လေးသည် မုန်တိုင်း တစ်ခုကို ဖန်တီး ပေးမည့် သော့ချက် ပင် ဖြစ်တော့ ၏။

...

အလယ်ပိုင်း လွင်ပြင်။

တော်ဝင် မြို့တော် ထျန်းအန်း မြို့။

ညဇီးကွက်ဘုရင် သည် ကန်ဘေးတွင် အေးအေးလူလူ ငါးမျှား နေ၏။ ကန်အတွင်း၌ ငါးများစွာ ရှိနေသော်လည်း ညဇီးကွက်ဘုရင် ၏ ငါးမျှားချိတ် တွင် ငါးစာ မရှိပေ။ သို့သော်လည်း ငါးများမှာ ထို ချိတ်ကို လုယက် နေကြ သည်။

သူတို့ အနားတွင်တော့ တောင်ပိုင်း တပ်မှူးလေး ဖြစ်သူ ဇီနုန် သည် ငါးစာ များကို ပြင်ဆင် ပေးနေ၏။ ကန်အတွင်းမှ လူးလွန့် နေသော ငါးများကို ကြည့်ကာ ဇီနုန် က ရယ် လျက်...

“အရှင်မင်းကြီး... ကျွန်မတို့ ငါးစာ တောင် မချ ရသေး ဘူး... ငါးတွေက ချိတ်ကို ခဲဖို့ အလုအယက် ဖြစ်နေ ကြပြီ...”

ညဇီးကွက်ဘုရင် က တည်ငြိမ်စွာပင် ပြန်ဖြေ၏။

“မြို့တော် က ငါးတွေ ဆိုတာ စစ်မှန်တဲ့ နဂါး မျိုးဆက် တွေ ဖြစ်ရမယ်... သူတို့က ပါးနပ် ပြီးတော့ ရည်မှန်းချက် ကြီးကြ တယ်လေ... ငါးတွေ အားလုံးက နဂါး တံခါး ကို ကျော်ဖြတ် ချင်နေ ကြတာ ပေါ့...”

“ဒါပေမဲ့ နှမြော စရာ ကောင်းတာ ကတော့...”

“သူတို့ နားမလည် ကြတာ က... ငါး ဆိုတာ အမြဲတမ်း ငါး ပါပဲ...”

ငါးမျှားချိတ် မှာ အလွတ် ဖြစ်နေ လျှင်ပင် ညဇီးကွက်ဘုရင် သည် မည်သည့် ငါးကို ဖမ်းမည်ဟု ရွေးချယ် နိုင်ပြီး ထို ငါးသည်လည်း အလိုလို ချိတ် ရပေလိမ့်မည်။

“အရှင်မင်းကြီး... ချီလင် ရဲ့ နောက်ကြောင်းဇာစ်မြစ် က အရမ်းကို လျှို့ဝှက်လွန်းတယ်... ညဇီးကွက် အစောင့်တပ် တွေ အနေနဲ့ သတင်း အချက်အလက် စုဆောင်း ရတာ အတော်လေး နည်းပါးနေသေး တယ်... မကြာခင် ကမှ ကူ အင်မော်တယ် လျှို့ဝှက် နယ်မြေ ထဲမှာ ထူးထူးခြားခြား ပြောင်းလဲမှုတွေ ဖြစ်ခဲ့တယ် လို့ပဲ သိရတယ်... အဲဒါ က ချီလင် နဲ့ ပတ်သက် နေနိုင်ပါတယ် ”

“ကျူးယန် တံခါးဝ တိုက်ပွဲ နဲ့ ချင်ချန် နဲ့ တိုက်ခဲ့တဲ့ တိုက်ပွဲ တွေကို နှိုင်းယှဉ် ကြည့်မယ် ဆိုရင် သူ တိုးတက် လာတာ က သာမန် စံနှုန်းတွေနဲ့ တိုင်းတာ လို့ မရအောင် မြန်ဆန် လွန်းနေတယ် ”

“အသေးစိတ် အချက်အလက် တွေကနေ ခန့်မှန်း ရတာက လွဲလို့ ညဇီးကွက် အစောင့်တပ် တွေက သူ့ဆီကို အနား မကပ် နိုင်ကြ ပါဘူး... အရိပ်ဝှက် မြို့စားကြီး ယုရှန်းယင်း ကိုယ်တိုင် သွားတွေ့ တာတောင်မှ ချီယန် က လက်မခံ ဘဲ ပြန်လွှတ် လိုက်ပါတယ် ”

ဇီနုန် က အစီရင်ခံ သည်။

“ရပါတယ်... အရေး မကြီး ပါဘူး...”

ညဇီးကွက်ဘုရင် က ဂရုမစိုက် သည့် ဟန်ဖြင့်...

“သူက ရှန်းဟိုင်ကွမ် တိုက်ပွဲ အတွက် အကျိုး ပြုခဲ့တာ ဆိုတော့ လူကောင်း တစ်ယောက် ပါပဲ... လောလောဆယ် သူ့ နောက်ကြောင်းဇာစ်မြစ် အတွက် စိတ်ပူ နေစရာ မလို ပါဘူး...”

“ချီယန် ကလည်း အိုနေ ပါပြီ... သူ့ကို မျက်နှာ ပေးရမယ့် အချိန် ရောက်နေ ပြီလေ...”

“ချီယန် တစ်ယောက် တောင်တန်းတွေ ထဲမှာ မြေမြှုပ် ခံလိုက် ရပြီးတဲ့ နောက်မှာတော့... ပေါ်လာ ရမယ့် လူတွေက အလိုလို ပေါ်လာ ကြမှာပါ...”

“ရှူး...”

ထို အခိုက်အတန့်တွင် ကန်အထက်မှ ငါးမျှားကြိုးမှာ ရုတ်တရက် တင်းကျပ် သွားပြီး ငါးတစ်ကောင် ချိတ် ခဲလိုက် သည်။ ညဇီးကွက်ဘုရင် သည် ငါးမျှားတံ ကို ဆွဲတင် လိုက်ပြီး ငါးအား ကမ်းပေါ်သို့ ပစ်တင် လိုက်၏။ ဧရာမ ငါးကြီးမှာ ဇီနုန် ၏ အနီးသို့ တည်ငြိမ်စွာ ကျရောက် လာခဲ့သည်။

ဇီနုန် သည် ထို ငါးအား အသည်းအသန် ဖမ်းဆီး လိုက်သော်လည်း မော့ကြည့် လိုက်ချိန်တွင် ကမ်းပါး ပေါ်ရှိ ပုံရိပ်မှာ ပျောက်ကွယ် သွားခဲ့ချေပြီ။ ငါးကြီး၏ လူးလွန့် နေသော ခန္ဓာကိုယ် ပေါ်သို့ ပြန်ကြည့် လိုက်သော အခါ သူမ သည် စာလုံး နှစ်လုံးကို မြင်တွေ့ လိုက်ရ သည်။

ချန်းလန်...။

All Chapters