← Chapters

ပန်းဓား သူတော်စင် ဖူချူ

Vol. 21 Ch. 229

ပန်းဓား သူတော်စင် ဖူချူ

Vol. 21 Ch. 229

ညဇီးကွက် အစောင့်တပ် ၏ တောင်ပိုင်း တပ်မှူး ဖြစ်သူ ဇီနုန် သည် ချန်းလန် နယ်မြေ ၏ အခြေအနေ ကို ကောင်းစွာ သိရှိ နေပေသည်။ချန်းလန် ဘုရင် ဟောင်း ရှောင်ယွမ် ကွယ်လွန် ပြီးနောက် ဘုရင် အသစ် ဖြစ်လာသော ရှောင်လျဲ့ သည် တည်ငြိမ်မှု မရှိဘဲ ရှေး အင်ပါယာ ဟောင်း မှ အကြွင်းအကျန် များ နှင့် နီးကပ်စွာ ဆက်သွယ် နေခဲ့သည်။

၎င်းမှာ မိသားစု ကိုးဆက် တိုင်အောင် သတ်ဖြတ် အပြစ်ပေး ခံရနိုင်သော ကြီးလေးသည့် ရာဇဝတ်မှု မျိုး ဖြစ်သည်။သို့သော်လည်း ညဇီးကွက် ဘုရင် ထံမှ ချန်းလန် နယ်မြေ အပေါ် မည်သည့် အရေးယူမှု မျိုး မှ မပြုလုပ် ရန် အမိန့် ထွက်ပေါ် ထားသဖြင့် မည်သည့် အစောင့်တပ် မှ လှုပ်ရှားခြင်း မရှိကြပေ။

အစပိုင်း တွင် ဇီနုန် သည် ဘုရင်ကြီး အနေဖြင့် ရှောင်ချင်အာ ၏ မျက်နှာ ကို ထောက်ထား ၍ တောင်ပိုင်း နယ်စပ် ဒေသ နှင့် နယ်စပ် အခြေအနေ ကို တည်ငြိမ် စေရန် အတွက် ရှောင်လျဲ့ ကို လွှတ်ထား ပေးသည် ဟု ထင်မြင် ခဲ့မိသည်။သို့သော် ထပ်မံ စဉ်းစား ကြည့်သော အခါ ဘုရင်ကြီး သည် မည်သူ့ မျက်နှာ ကို မျှ ထောက်ထား တတ်သူ မျိုး မဟုတ်ကြောင်း သူမ ကောင်းစွာ သိရှိ လိုက်ရသည်။

ဘုရင်ကြီး ၏ လှုပ်ရှားမှု တိုင်း နှင့် ထုတ်ပြန်သော အမိန့် တိုင်း မှာ နက်ရှိုင်းသော အဓိပ္ပာယ် များ ရှိနေပြီး ပိုမို ကြီးမားသော အစီအစဉ် များ၏ အစိတ်အပိုင်း များ ပင် ဖြစ်သည်။လင်းယွဲ့ တွင် ယူဘုရင် အသတ် ခံရခြင်း နှင့် ဖုန်းလီ တွင် ယင်းဘုရင် လက်နက် စွန့် ခဲ့ရခြင်း တို့မှ စ၍ ဇီနုန် သည် အခြေအနေ ကို ရိပ်မိ ခဲ့ချေပြီ။

ဘုရင်ကြီး သည် မတူညီသော မျိုးရိုး အမည် ရှိသော ဘုရင် များကို ချန်ထား မည် မဟုတ်ဘဲ အင်ပါယာ အာဏာ ကို တစ်စုတစ်စည်းတည်း ဖြစ်စေရန် နှင့် စနစ် ဟောင်း များကို ဖျက်သိမ်း ရန် ဆုံးဖြတ် ထားကြောင်း သူမ သိလိုက်ရသည်။သို့သော်လည်း ထို ဘုရင် ငါးပါး ၏ ဘိုးဘေး များမှာ တာ့ယန် အင်ပါယာ ၏ တည်ထောင်သူ သူရဲကောင်း များ ဖြစ်ကြပြီး မျိုးရိုး ဆက်ခံသော ဘုရင် အဆင့်အတန်း မှာလည်း ပထမဆုံး ဧကရာဇ် ကိုယ်တိုင် ပေးသနား ခဲ့ခြင်း ဖြစ်သဖြင့် ညဇီးကွက် အစောင့်တပ် များ အနေဖြင့် အတင်းအကြပ် မဖီဆန် ဝံ့ကြပါချေ။

ထို့ကြောင့် ပင် ...ဘုရင်ကြီး သည် မင်းညီမင်းသား များ နှင့် မှူးမတ် များ စည်းမျဉ်း ဥပဒေ ကို ချိုးဖောက် ကာ အုပ်ချုပ်ရေး ယန္တရား ကို ပျက်ပြား စေမည့် အချိန် ကိုသာ စောင့်ဆိုင်း နေခြင်း ဖြစ်ရပေမည်။ချန်းလန် ဘုရင် အသစ် ရှောင်လျဲ့ သည် အသင့်တော်ဆုံး နယ်ရုပ် တစ်ခု ပင် ဖြစ်သည်။ရှောင်လျဲ့ သာ တစ်ကြိမ် တစ်ခါ လှုပ်ရှား လာပါက အကျပ်အတည်း နှင့် ရင်ဆိုင် နေရသော ဟန် ဘုရင် နှင့် ချန် ဘုရင် တို့သည်လည်း သေချာပေါက် လိုက်ပါ လာကြမည် ဖြစ်၏။နှုတ်ခမ်း မရှိလျှင် သွားများ အေး စေလိမ့်မည် ဟူသော အမှန်တရား ကို လူတိုင်း သိရှိ ကြသည်ပင်။

ထို အချိန် ကျမှ သာ ဘုရင်ကြီး ၏ ရည်မှန်းချက် အောင်မြင် ပေလိမ့်မည်။

“ဘုရင်ကြီး က ... အမြဲတမ်း ရဲရင့် လွန်းတယ် ... ဒါက ထိန်းချုပ်မှု အောက်က လွတ်သွားရင် အကျိုးဆက် တွေက မှန်းဆ လို့ မရ နိုင်ဘူး ... ဘုရင်ကြီး တစ်ယောက်တည်း သာ ဒီလောက်ထိ ပြတ်သား ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနိုင် တာ ပဲ ...”

ဇီနုန် သည် အလွန်အမင်း ကိုးကွယ် ဆည်းကပ် သော အကြည့် များ ဖြင့် ကြည့်နေမိသည်။

ထိုကဲ့သို့သော အမျိုးသား မျိုး မှာ ပြီးပြည့်စုံ လွန်းလှသည်။မျက်နှာဖုံး အနောက်ကွယ် မှ မျက်နှာ ကို မြင်တွေ့ ခွင့် မရသည် က လွဲလျှင် ပေါ့လေ။

...

လောက ၏ ပထမဆုံးသော ခံတပ်ကြီး။

ရှန်းဟိုင်ကွမ်။

ချီလင် က အမှောင် နဂါး ကျန်းလင်း ကို သတ်ဖြတ် နိုင်ခဲ့သည် ဟူသော သတင်း ရေပန်းစားသွားသည် နှင့် တစ်ပြိုင်နက် လျော့ပါး နေခဲ့သော နယ်စပ် အခြေအနေ များမှာ နောက်တစ်ကြိမ် တင်းမာ လာခဲ့ပြန်သည်။အကြီးအကျယ် စစ်ပွဲကြီး တစ်ပွဲ ဖြစ်ပွား တော့မည့် အရိပ်အယောင် များမှာလည်း ပိုမို ထင်ရှား လာတော့သည်။

ကျန်းဟူ လောက မှ အင်အားကြီး အဖွဲ့အစည်း များစွာ သည်လည်း ရှန်းဟိုင်ကွမ် သို့ စုရုံး လာကြပြီး သွေးထွက် သံယို တိုက်ပွဲကြီး အတွက် ပြင်ဆင် နေကြသည်လင်းရှောင် ဓားဂိုဏ်း ၏ ဂိုဏ်းချုပ် ယွင်မိုဝမ် သည်လည်း ပန်းဓား သူတော်စင် ဖူချူ ၏ သတင်းနောက် သို့ လိုက်ပါ ရင်း ဤ နေရာသို့ ရောက်ရှိ လာခဲ့သည်။

“ဖူချူ လေး ... ကျွန်တော် နဲ့ လက်ဖက်ရည် တစ်ခွက် လောက် အတူတူ သောက် လို့ ရမလား”

“ယွင်မိုဝမ် လား ...” ဖူချူ က သူမ ရှေ့မှ အမျိုးသား ကို ကြည့်ကာ ဇဝေဇဝါ ဖြစ်နေသော မျက်နှာ ထား ဖြင့် မေးလိုက်သည်။

“ရှင် တစ်ခုခု လိုအပ် လို့လား ...”

သူမ သည် ဓား သိုင်းကွက် များ ထဲတွင်သာ အမြဲ နစ်မြုပ် နေတတ်ပြီး အများ နှင့် ရောရောနှောနှော နေထိုင် လေ့ မရှိပါပေ။သူမ အတွက် တစ်ခုတည်းသော ပျော်ရွှင်မှု မှာ အခြား သူများ နှင့် လက်ရည်စမ်း တိုက်ခိုက် ခြင်း ပင် ဖြစ်သည်။လွန်ခဲ့သော နှစ်ပေါင်း များစွာ က သူမ သည် လင်းရှောင် ဓားဂိုဏ်း သို့ သွားရောက် ကာ အကြီးအကဲ များ နှင့် ဂိုဏ်းချုပ် ကို တိုက်ခိုက် ခဲ့ဖူးသည်။သူမ မှတ်မိ သလောက် လင်းရှောင် ဓားဂိုဏ်း ၏ ဂိုဏ်းချုပ် မှာ ဓား စွမ်းရည် ပိုင်း တွင် သာမန် အဆင့် မျှ သာ ရှိပေသည်။

“ဖူချူ လေး ... ကျွန်တော့် မှာ တောင်းဆို စရာ တစ်ခု ရှိပါတယ် ... အဲဒါ က ဓားဂိုဏ်း ရဲ့ လျှို့ဝှက်ချက် တစ်ခု နဲ့ ပတ်သက် နေလို့ ပါ ... တခြား တစ်နေရာ မှာ သီးသန့် စကားပြော လို့ ရမလား ...” ယွင်မိုဝမ် က အလွန် နှိမ့်ချသော အမူအရာ ကို ဖော်ပြ လိုက်သည်။

“ရှင့် ရဲ့ ဓားဂိုဏ်း လျှို့ဝှက်ချက် တွေ က ကျွန်မ နဲ့ ဘာ ဆိုင်လို့ လဲ ...”

ဖူချူ သည် သူမ ၏ ဓား ကို ဆုပ်ကိုင် ကာ လှည့်ထွက် သွားရန် ပြင်လိုက်သည်။

ယွင်မိုဝမ် က အလျင်အမြန် ပင် …

“ဖူချူ လေး သာ ကူညီ မယ် ဆိုရင် ကျွန်တော်တို့ ဓားဂိုဏ်း က ဘယ်တော့မှ ကျေးဇူး ကန်း မှာ မဟုတ်ပါဘူး ... အခု နတ်ဆိုး နှိမ်နင်းရေး က ရတဲ့ အကျိုးအမြတ် (၃၀) ရာခိုင်နှုန်း ကို ပေးဖို့ အသင့် ပါပဲ ”

“ဟင် ...”

ဖူချူ သည် စိတ်ဝင်စား သွားတော့သည်။

“ဘာ ကိစ္စ မလို့လဲ ... ရှင့် ရဲ့ ဓားဂိုဏ်း က ဘာလို့ ဒီလောက်ထိ ပေးဆပ် ဖို့ ကြိုးစား နေရ တာလဲ ...”

လင်းရှောင် ဓားဂိုဏ်း မှာ မည်မျှ ပင် ကျဆင်း နေသည် ဆိုပါစေ အလယ်ပိုင်း လွင်ပြင် ရှိ အင်အားကြီး အဖွဲ့အစည်း များ ထဲမှ တစ်ခု ဖြစ်နေဆဲ ပင်။ဤ နယ်စပ် တိုက်ပွဲ တွင် သူတို့ ရရှိ ထားသော အကျိုးအမြတ် မှာလည်း မနည်းလှ ပေ။(၃၀) ရာခိုင်နှုန်း ဆိုသည်မှာ အတော်လေး များပြားသော ပမာဏ ပင် ဖြစ်သည်။၎င်းမှာ သူမ အတွက် တော်ဝင် သိုင်းပညာ ဂေဟာ သို့ သွားရောက် ကာ နတ်ဘုရား အဆင့် ဓား သိုင်းကွက် တစ်ခု ကို လေ့လာ ခွင့် ရရန် အတွက် လုံလောက် နေပေသည်။

“ဒီနေရာ က စကားပြော ဖို့ မသင့်တော် ပါဘူး ... ဖူချူ လေး ... ကြွပါ ”

ယွင်မိုဝမ် သည် ပန်းဓား သူတော်စင် ဖူချူ ကို လက်ဖက်ရည်ဆိုင် ၏ သီးသန့် ခန်း ထဲသို့ ဖိတ်ခေါ် လိုက်ပြီး ပြင်ပ မှ မကြား နိုင်ရန် တားမြစ်ချက် အစီအရင် တစ်ခု ကို ခင်းကျင်း လိုက်သည်။

ဖူချူ က လက်ဖက်ရည် ကို တစ်ငုံ သောက်လိုက် ရင်း ...မေး၏။

“ဂိုဏ်းချုပ်ယွင် ဘာ အလိုရှိ တာလဲ ... ပွင့်ပွင့်လင်းလင်း သာ ပြောပါ ...”

“ဟုတ်ကဲ့ ပါ ... ဖူချူ လေး လည်း ကျွန်တော်တို့ ဂိုဏ်း ရဲ့ ဓားနတ်သမီး အကြောင်း ကြားဖူး မယ် ထင်ပါတယ် ... ဘိုးဘေးကြီး က နှစ်ပေါင်း (၃,၀၀၀) ကြာ အိပ်စက် နေခဲ့ရာ ကနေ အခု ပြန်ပြီး နိုးထ လာခဲ့ ပါပြီ ...”

“သေချာတာ ပေါ့ ...”

ဖူချူ က ခေါင်းညိတ် လိုက်သည်။

ဓားနတ်သမီး သည် သူမ အလေးစား ဆုံးသော ပညာရှင် များ ထဲမှ တစ်ဦး ဖြစ်သည်။အမျိုးသမီး တစ်ဦး အနေဖြင့် ဓားနတ်သမီး မှာ သူမ ထက် များစွာ သာလွန် ခဲ့ပြီး ခေတ်တစ်ခေတ် ကို လွှမ်းမိုး ခဲ့ကာ နှစ်ပေါင်း (၃,၀၀၀) တိုင်အောင် သမိုင်းတွင် ကျန်ရစ် ခဲ့သည်လေ။အကယ်၍ စောစောစီးစီး မကျဆုံး ခဲ့ပါက သေချာပေါက် သိုင်းတာအို ဓား ပညာရှင်ကြီး တစ်ဦး ဖြစ်လာ ပေလိမ့်မည်။

“ကျွန်တော်တို့ ဂိုဏ်း က ဓားနတ်သမီး ဘိုးဘေးကြီး ကို ရှာချင် နေတာ ပါ ...”

ယွင်မိုဝမ် သည် အချိန်ဆွဲ မနေတော့ဘဲ တိုက်ရိုက် ပင် ပြောလိုက်သည်။

“ဘိုးဘေးကြီး က နှစ်ပေါင်း (၃,၀၀၀) တိုင်အောင် အိပ်စက် ခဲ့ရတာ ဆိုတော့ သူ့ဝိညာဉ် က မနိုးထ သေးဘဲ အတိတ်က အကြောင်းအရာ တွေ ကို မေ့နေ တာလည်း ဖြစ်နိုင် ပါတယ် ... ကျွန်တော်ကတော့ ဘိုးဘေးကြီး ကို နှိုးပြီး ဂိုဏ်း ကို ပြန်ပြီး ကြိုဆို ချင်တာ ပါ ...”

ဖူချူ က မျက်မှောင်ကြုတ် လိုက်ရင်း …

“ဒါက ရှင့် ရဲ့ ဂိုဏ်း တွင်း ကိစ္စ ပဲ ... ကျွန်မ ကို ဘာလို့ လာမေး နေတာ လဲ ...”

ယွင်မိုဝမ် က ပြန်လည် ရှင်းပြလာသည်။

“ကျွန်တော်တို့ ဓားဂိုဏ်း မှာ လင်းရှောင် ဓား သေတ္တာ ထဲက နတ်ဘုရား ဓား ခုနစ် လက် အပေါ် အခြေခံ ထားတဲ့ 'နတ်ဘုရား ဓား ပေါင်းစပ်ခြင်း နည်းစနစ်' ဆိုတာ ရှိပါတယ် ... အဲဒါ ကို အသုံးပြု ဖို့ ဆိုရင် အနည်းဆုံး နတ်ဘုရား ဓား သုံး လက် ကို ပိုင်ဆိုင် ထားဖို့ လိုပါတယ် ...”

“အဲဒီ ပေါင်းစပ် တိုက်ကွက် ကို အသက်သွင်း လိုက်တာ နဲ့ သတ်မှတ် ထားတဲ့ အကွာအဝေး အတွင်းက တခြား နတ်ဘုရား ဓား တွေ ကို နိုးထ စေနိုင် ပါတယ် ... အဲဒီ ထဲမှာ ဓားနတ်သမီး ရဲ့ နှင်းပွင့်ကြွေ နတ်ဘုရားဓား လည်း ပါဝင် ပါတယ် ”

အခြေအနေ မှာ ယခု ဆိုလျှင် ရှင်းလင်း သွားခဲ့ချေပြီ။

“ရှင် က ဒီ နည်းလမ်း နဲ့ ဓားနတ်သမီး ကို နှိုးချင် တာ ပေါ့ လေ ...” ဖူချူ က သံသယ ဖြင့် မေးလိုက်သည်။“ဒါပေမဲ့ ဓားနတ်သမီး က လောကကြီး ကို ခြေမချ ချင်တော့ဘူး လို့ မှာခဲ့တယ် မဟုတ်လား ...”

“အဲဒါ က ဘိုးဘေးကြီး စိတ်ရှုပ်ထွေး နေတဲ့ အချိန် မှာ ပြောခဲ့တာ လည်း ဖြစ်နိုင် ပါတယ် ...”

ယွင်မိုဝမ် က အရှုံး မပေး လို ပါချေ။

“ကျွန်တော်တို့ ဓားဂိုဏ်း က ဒီ ကိစ္စ ကို အသေအချာ ဆွေးနွေး ပြီးပါပြီ ... ဒီ စကား တစ်ခွန်း တည်း နဲ့တော့ လက်မလျှော့ နိုင်ပါဘူး ... ဘိုးဘေးကြီး ကို ကိုယ်တိုင် ကိုယ်ကျ တွေ့ပြီးတော့ ရှင်းလင်းချက် တောင်း ရမှာ ပါ ...”

“ကျွန်မ ကို ဘာလုပ် ပေးစေ ချင်တာ လဲ ...” ဖူချူ က မေးလိုက်သည်။

“ကျွန်တော် အလိုရှိ တာ ကတော့ ဖူချူ လေး အနေနဲ့ နတ်ဘုရား ဓား ခုနစ် လက် ထဲက တစ် လက် ကို ခေတ္တ အသုံးချ ပြီးတော့ ကျွန်တော်တို့ ဂိုဏ်း နဲ့ အတူ နတ်ဘုရား ဓား ပေါင်းစပ်ခြင်း အခမ်းအနား ကို ပြုလုပ် ပေးဖို့ ပါ ပဲ ...”

“ရှင့် ရဲ့ ဓားဂိုဏ်း က ကျွန်မ ကို လျှို့ဝှက်ချက် တွေ ပေါက်ကြား သွားမှာ မကြောက် ဘူးလား ...”

“ဖူချူ လေး အနေနဲ့ ဒီ လျှို့ဝှက် နည်းစနစ် တွေ ကို ဘယ်သူ့ ကို မျှ ထုတ်ဖော် မပြောပါဘူး လို့ ဓား နှလုံးသား နဲ့ ကျိန်ဆို ပေးမယ် ဆိုရင် ရပါပြီ ... ဒီ နတ်ဘုရား ဓား ပေါင်းစပ်ခြင်း နည်းစနစ် က ဖူချူ လေး အတွက်လည်း အကျိုးရှိ စေမှာ ပါ ”

“ကောင်းပြီ လေ ...” ဖူချူ က လွယ်လွယ်ကူကူ ပင် သဘောတူ လိုက်သည်။

“ဒါပေမဲ့ ကျွန်မ မှာ နောက်ထပ် အခြေအနေ တစ်ခု ရှိသေး တယ် ...”

ယွင်မိုဝမ် က ပြုံးလျက် ... “ပြောပါ ခင်ဗျာ ...” ဟု ဆိုသည်။

“အကယ်၍ ရှင် တို့ တကယ်ပဲ ဓားနတ်သမီး ကို ပြန်ခေါ် လာနိုင်ရင် ... ကျွန်မ ရမယ့် အကျိုးအမြတ် (၃၀) ရာခိုင်နှုန်း ကို စွန့်လွှတ် လိုက်မယ် ... အဲဒီ အစား ဓားနတ်သမီး နဲ့ လက်ရည်စမ်း တိုက်ခိုက် ခွင့် ရချင် တယ် ... ဘယ်လိုလဲ ...”

ဖူချူ ၏ မျက်လုံး များမှာ အရောင်လက် သွားတော့သည်။နတ်ဘုရား အဆင့် ဓား သိုင်းကွက် ကို လေ့လာ ရသည် ထက် ဓားနတ်သမီး ၏ စွမ်းဆောင်ရည် ကို ကိုယ်တိုင် တွေ့မြင် ရသည် က ပို၍ စိတ်လှုပ်ရှား စရာ ကောင်းသည်။

ယွင်မိုဝမ် က ပြုံးလိုက် ရင်း ...

“ဒါကတော့ ဘိုးဘေးကြီး ရဲ့ သဘောထား အပေါ်မှာ ပဲ မူတည် ပါတယ် ခင်ဗျာ ... ကျွန်တော် ဆုံးဖြတ် ပေးလို့ မရပါဘူး ...”

ဖူချူ က ပြုံးလျက် ...

“ရှင် အမှန်အတိုင်း သာ ပြောလိုက် ပါ ... အကယ်၍ ဓားနတ်သမီး က သဘော မတူဘူး ဆိုရင်လည်း ကျွန်မ လက်ခံ ပါ့မယ် ...”

“ဒါဆိုရင်တော့ ဓားဂိုဏ်း ကိုယ်စား ဖူချူ လေး ကို ကျေးဇူးတင် ပါတယ် ”

ယွင်မိုဝမ် သည် မတ်တပ် ရပ်ကာ အရိုအသေ ပေးလိုက်ပြီး သက်ပြင်း တစ်ချက် ကို အသာအယာ ချလိုက်သည်။အခက်အခဲ များစွာ ကြားမှ ပန်းဓား သူတော်စင် ၏ အကူအညီ ဖြင့် နောက်ဆုံး တော့ ဓားနတ်သမီး ဘိုးဘေးကြီး ကို ရှာတွေ့ ရန် မျှော်လင့်ချက် ရှိလာ ခဲ့ချေပြီ။

...

ရက် အနည်းငယ် ကြာပြီးနောက်

ကျိုးဝူပင်း သည် ရှန်းဟိုင်ကွမ် သို့ အမြန် ပြန်ရောက် လာခဲ့သည်။

ယွင်မိုဝမ် မှာ ပျော်ရွှင် နေသော မျက်နှာ ထား ဖြင့် ...

“ဝူပင်း ... ဒီ တစ်ခေါက် ခရီး က မင်း အတွက် ပင်ပန်း သွားပြီ ... ငါတို့ ဂိုဏ်း က ပန်းဓား သူတော်စင် ဖူချူ နဲ့ သဘောတူညီချက် ရခဲ့ပြီ ... သူက ဘိုးဘေးကြီး ကို ရှာဖို့ ငါတို့ကို ကူညီ မှာ ပဲ ...”

ကျိုးဝူပင်း က လက်နှစ်ဖက် ကို ယှက်ကာ နှုတ်ဆက် လိုက်ပြီး …

“ဂိုဏ်းချုပ် ခင်ဗျာ ... တပည့် မှာလည်း အလွန် အရေးကြီး တဲ့ သတင်း တစ်ခု ရှိပါတယ် ”

“မင်း ပြောကြည့် လေ ...”

“အိပ်မက် ကုန်းပြင်မြင့် ပေါ်မှာ ကျွန်တော် နှင်းပွင့်ကြွေ နတ်ဘုရားဓား ရဲ့ အငွေ့အသက် ကို ခံစား ခဲ့ရပါတယ် ”

“ဘာ ...” ယွင်မိုဝမ် သည် ချက်ချင်း ပင် တည်ငြိမ်မှု ပျက်ပြား သွားတော့သည်။

“မင်း အတည် ပြောနေ တာ လား ...”

ကျိုးဝူပင်း က ခေါင်းညိတ် ပြလိုက် ရင်း ... အတည်ပြုလာ၏။

“အဲဒီ အချိန် က အုတ်အော်သောင်းနင်း ဖြစ်နေ ခဲ့တာ ပါ ... နှင်းပွင့်ကြွေ နတ်ဘုရားဓား ရဲ့ အငွေ့အသက် က ချီလင် ရှိနေတဲ့ စစ်မြေပြင် မှာ ပေါ်ထွက် ခဲ့တာ ပါ ... ကျွန်တော် ပင်လယ်ပြာ နတ်ဘုရား ဓား နဲ့ အာရုံခံ ခဲ့တာ မလို့ လွဲစရာ မရှိပါဘူး ”

ယွင်မိုဝမ် က မျက်လုံး များကို မှေးစင်း လိုက်ရင်း ... ရေရွတ်လိုက်၏။

“ကြည့်ရတာ ဘိုးဘေးကြီး က အစ ကတည်းက ကူနန်းတော် မှာ ရှိနေ ခဲ့တာ ပဲ ... တစ်စုံတစ်ယောက် ရဲ့ ဘေးမှာ အမြဲ ရှိနေ ခဲ့တာ ပေါ့ လေ …”

All Chapters