← Chapters

ကောင်းကင်ဘုံနယ်မြေမှ အရာဝတ္တု

Vol. 014 Ch. 670

ကောင်းကင်ဘုံနယ်မြေမှ အရာဝတ္တု

Vol. 014 Ch. 670

အနက်ရောင်ဝတ်စုံနှင့်လူက မြေပေါ်သို့ ပြုတ်ကျသွားသည့်အချိန်၌ ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူ့ညာလက်ကို ဝှေ့ယမ်းလိုက်သည်။မရေမတွက်နိုင်သောအတားအဆီးများက ချက်ခြင်းပျံသန်းထွက်သွား၏။သူက ထိုလူ၏ သွေးကြောများအားလုံးကို ချိပ်ပိတ်ပစ်လိုက်သည်။

ထို့နောက် ဝမ်လင်းသည် လက်ဆန့်တန်းကာ သူ့မရဏလက်ချောင်းထံမှ လေပြင်းကို အသုံးပြုလိုက်သည်။သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူက အကြည့်တစ်ချက်ဖြင့်ပင် ထိုအနက်ရောင်လူကြီး၏ ခန္ဓာကိုယ်သည် ထူးခြားသည်ကို ပြောနိုင်၏။သည်လူ၏ မူလစိတ်ဝိညာဉ်သည် မည်သည့်မူလစွမ်းအင်မှ ရှိမနေပေ။ထိုအစား လက်သည်းခွံအရွယ်လောက် ရှိသည့် ကျောက်စိမ်းပြားတစ်ခု ရှိလို့နေ၏။

ထို့ကြောင့် သည်လူက အာဏာတက်ခြင်းအဆင့်ကို ရောက်ရှိနေသော်လည်း သူက အာဏာတက်ခြင်းအဆင့်တစ်ယောက်၏ နယ်ပယ် ရှိမနေချေ။ဝမ်လင်းအမြင်၌ သည်လူသည် အရိုင်းအစိုင်းတိရိစ္ဆာန်သာသာမျှသာ ဖြစ်သည်။

ဝမ်လင်း ခုလို အာဏာတက်ခြင်းအဆင့်ကို မချိုးဖျက်ခင်ချိန်မှာပင် သူက ထိုလူ့ကို လွယ်လွယ်ကူကူ ရင်ဆိုင်နိုင်ပေသည်။

သို့ရာတွင် အပြင်မှကြည့်နေသူများအဖို့ ဝမ်လင်း၏ ရိုးရှင်းသော ဖမ်းဆုပ်မှုတစ်ခုက သူတို့ဦးနှောက်များကို လှိုင်းထန်သွာစေခဲ့သည်။ကျင့်ကြံခြင်းအဖွဲ့အစည်း၏ လူများက မှင်သက်ကြောင်ငေးသွားကြ၏။

ရွှေရောင်ဝတ်စုံနှင့်လူ၏ ခန္ဓာကိုယ်က တုန်ယင်နေကာ သူ့မျက်နှာက အလွန်အမင်း ဖြူရောနေ၏။သူ့နောက်ရှိ လမ်းသာ ချိပ်ပိတ်ထားခြင်း မဟုတ်ပါက သူက အလျင်အမြန် အရင်ဆုံး ပြန်ပြေးပေတော့မည်။

အခြားကျင့်ကြံသူများကတော့ ဝမ်လင်းဖမ်းကာ ကိုင်ပေါက်ခံလိုက်ရသည့် သက်လတ်ပိုင်းလူထံသို့ ကြောင်ရီရီ ငေးကြည့်နေကြသည်။အချိန်အတန်ကြသည့်အထိ သူတို့က စကားတစ်ခွန်းမှ မဆိုနိုင် ဖြစ်ရ၏။

ရှုယွမ်ရှန်၏ စိတ်လှုပ်ရှားမှုက အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။သူက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်တော့၏။

ရွှေရောင်ဝတ်စုံနှင့်လူက တုန်ယင်စွာ ခပ်မြန်မြန် ပြောလိုက်၏။ “စီ..စီနီယာ…နားလည်မှုလွဲတာပါ။ဒါတွေအားလုံးက နားလည်မှုလွဲတာပါ။ငါတို့က ဒီကို ရောက်လာတာ ကျင့်ကြံခြင်းအဖွဲ့အစည်ကို ကိုယ်စားပြုပြီး သင့်ကို ဖိတ်ခေါ်ဖို့ ရောက်လာကြရုံပါ…”

ရှုယွမ်ရှန်က နှာခေါင်းရှုံ့ကာ အုပ်စု၏ ပေတစ်ရာကျော်သို့ မြန်ဆန်စွာ ရွှေ့လျားသွား၍ သူက အော်ပြောလိုက်၏။ “အကိုဝမ်…သူတို့ ဒီကိုရောက်လာတဲ့ ရည်ရွယ်ချက်က အကို့ကို အသက်ရှင်လျက် ဖမ်းဆီးကြဖို့ပဲ…”

ဝမ်လင်းက ရှုယွမ်ရှန်ကို အချိန်အတန်ကြာကတည်းက တွေ့မြင်ထားပေသည်။သူ ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်၏။

ရွှေရောင်ဝတ်စုံနှင့်လူ၏ အသွင်က ပို၍ ဖြူရောသွားတော့သည်။သည့်နောက် သူ့အသွင်က ရှုယွမ်ရှန်သို့ စူးစိုက်ကြည့်ကာ ကြမ်းကြုတ်ရက်စက်လိုဟန် ဖြစ်ပေါ်လာ၏။သူက အော်ပြောလိုက်သည်။ “ရှုယွမ်ရှန်…မင်းက ဘိုးဘေးကို သစ္စာဖောက်ဝံ့တယ်ပေါ့…”

ရှုယွမ်ရှန်၏ခန္ဓာကိုယ်က တုန်ယင်သွားသည်။သူက ဝမ်လင်း ပြောဟန် ပြင်လိုက်စဉ်မှာပင် ဝမ်လင်းက လက်ဝှေ့ယမ်းလိုက်၏။လေပြေတစ်ခုက ရွှေရောင်ဝတ်စုံနှင့်လူထံသို့ ရိုက်ခတ်သွားကာ သူ့ခန္ဓာကိုယ်က ရုတ်တရက် ပေါက်ကွဲထွက်သွားလေ၏။သူ့မူလစိတ်ဝိညာဉ်သည်လည်း ခန္ဓာကိုယ်ကနှင့် စွန့်ခွာသွားရကာ ရှုပ်ထွေးဟန် ဖြစ်ပေါ်နေသည်။သို့ရာတွင် သူ့မူလစိတ်ဝိညာဉ်သည်လည်း ကောင်းကင်ထက်မှ အနက်ရောင်တိမ်ထု၏ ဝါးမြိုခြင်းကို ခံလိုက်ရပေသည်။

သွေးနံ့များက ခုထိပင် မပျောက်ပျက်သေးချေ။ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအားလုံးက ကြောက်လန့်နေကြ၏။သူတို့က ကောင်းကင်ဘုံသက်တော်စောင့်သည် တစ်ချက်တည်းဖြင့် အဖမ်းခံလိုက်ရမည်ဟု လုံးဝ မထင်ထားမိကြချေ။လက်တစ်ချက်ဝှေ့ယမ်းရုံဖြင့် ရွှေရောင်ဝတ်စုံနှင့်လူက ပေါက်ကွဲထွက်သွားရ၏။

“အာဏာတက်ခြင်းနောက်ဆုံးအဆင့်…သူက အာဏာတက်ခြင်းနောက်ဆုံး အဆင့် ဖြစ်ရမယ်…”

ဝမ်လင်းက ထိုကျင့်ကြံသူများကို လစ်လျူရှုထား၏။သို့သော် သူက ရှုယွမ်ရှန်ထံသို့ ကြည့်ကာ ပြုံးပြလိုက်၏။ “အကိုရှု…ငါတို့ မတွေ့ရတာ နှစ်ချီနေပြီ…”

ရှုယွမ်ရှန်က သက်ပြင်းချကာ ခါးသီးစွာ ပြောလိုက်၏။ “အကိုဝမ်…ငါ့ကို ကယ်ပေးပါ…”

ဝမ်လင်းအသွင်က ပုံမှန်အတိုင်း ရှိနေပြီး သူက ပြုံး၍ဆိုလာ၏။ “အထဲကိုလာပြီး စကားပြောကြရအောင်…” ထိုသို့ပြောပြီးနောက် သူက မြေပြင်ပေါ်ရှိ အနက်ရောင်ဝတ်စုံနှင့်လူကို ဆုပ်ကိုင်ကာ မျှော်စင်ထဲသို့ လျှောက်လှမ်းဝင်သွားတော့၏။

ရှုယွမ်ရှန်က အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် သူက ရှေ့သို့ ဆက်လက်ပျံသန်းကာ ဝမ်လင်းနောက်သို့ လိုက်ပါသွား၏။သူ့တုန်လှုပ်မှုက အခြားကျင့်ကြံသူများထက် အားမနည်းသည့်အပြင် ပို၍ပင် ပြင်းထန်နေသေး၏။

သူက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ မဝင်ရောက်ခင်တွင် ဝမ်လင်း၏ ကျင့်ကြံမှုသည် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအလယ်အဆင့်တွင်သာ ရှိသေးကြောင်း မှတ်မိနေ၏။သို့ရာတွင် ခုဆယ်စုနှစ်များစွာတွင်ပင် ဝမ်လင်းက အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိလို့နေခဲ့ပေပြီ။သူ့ကို အကြီးအကျယ်တုန်လှုပ်စေသည့်အပြင် ထိုအချင်းအရာက ဝမ်လင်း၏အဆင့်အတန့်းသည် သူ့စိတ်ထဲ၌ များစွာ မြှင့်တက်လာခဲ့စေ၏။

ကောင်းကင်ထက်၌ ကျင့်ကြံသူဆယ့်နှစ်ယောက်ကျော်က ရှိလို့နေဆဲသာ။သူတို့အားလုံးက ထွက်မသွားဝံ့သလို တိုက်ခိုက်ဝံ့ခြင်းလည်း မရှိကြချေ။သူတို့က ထိုနေရာ၌သာ ပျံဝဲနေကြရ၏။သူတို့အားလုံး၏ နှလုံးသားက မသေမချာမှုတို့နှင့် ပြည့်နေ၏။သူတို့က အသက်တစ်ရှိုက်ရှုသွင်းလိုက်ရချိန်တိုင်း တစ်နှစ်လောက်ကြာမြင့်သည်ဟု ခံစားနေရ၏။

မျှော်စင်ထဲ၌ ဝမ်လင်းက ကြာပွင့်သဏ္ဌာန်ထိုင်နေ၏။သူက ရိုးစင်းသောစားပွဲဝိုင်းတစ်ခုနှင့် အရက်တစ်အိုးကို ထုတ်ယူလိုက်သည်။သည့်နောက် သူက ရှုယွမ်ရှန်အတွက် တစ်ခွက်ငှဲ့ပေးကာ ပြုံး၍ဆို၏။ အကိုရှု…ထိုင်ပါ…”

ရှုယွမ်ရှန်က ဘေး၌ တောင့်တောင့်ကြီး ရပ်နေမိ၏။သူက အနည်းငယ် ချီတုံချတုံ ဖြစ်ပြီးမှ ဝမ်လင်း၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ ပြောလိုက်၏။ “အကိုဝမ်…ငါ…”

“သင်က ဒီကို ရောက်နေပြီးပြီ ဖြစ်တဲ့အတွက် ငါ့ရှိက အကူအညီတောင်းရုံနဲ့ အန္တရာယ် မဖြစ်စေရပါဘူး…” ဝမ်လင်းက အရက်အိုးကိုချကာ ရှုယွမ်ရှန်ထံသို့ ကြည့်လိုက်၏။

ရှုယွမ်ရှန်က ခဏတာစဉ်းစားလိုက်ပြီးနောက် အရက်ခွက်ကို ကောက်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်၏။သည့်နောက်သူက အရက်အိုးလိုက် ကောက်ယူကာ မော့သောက်ချလိုက်သည်။သူက အရက်များစွာ သောက်ပြီးသွားမှ ပြန်ချ၏။သူ့မျက်လုံးက ဝမ်လင်းကို ကြည့်နေရင်း တောက်ပကာ နေသည်။သူက အနက်ရောင်ဝတ်စုံနှင့်လူကို လက်ညွှိုးထိုးကာ ပြောလိုက်သည်။ “အကိုဝမ်…ဒီလူက နာမည်မရှိဘူး။သူ့ကို ကောင်းကင်ဘုံသက်တော်စောင့်လို့ပဲ ခေါ်တာ။ငါတို့က သူ့တို့ကိုယ်သူတို့ ကျင့်ကြံခြင်းအဖွဲ့အစည်းလို့ခေါ်တဲ့ တူညီတဲ့အစုအဖွဲကနေ လာခဲ့တာပါ…”

ဝမ်လင်းအသွင်က ပြောင်းလဲသွားခြင်း မရှိပေ။သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ကောင်းကင်ဘုံသက်တော်စောင့်…”

ရှုယွမ်ရှန်က နောက်ထပ် အရက်နောက်တစ်ကျိုက် ထပ်မော့၏။သည့်နောက် သူ့မျက်လုံးက အနည်းငယ် နီမြန်းလာ၏။သူက ပြောလိုက်သည်။ “ကျင့်ကြံခြင်းအဖွဲ့အစည်းထဲမှာ သူ့ကိုယ်သူ ကောင်းကင်ဘုံနယ်မြေဘိုးဘေးလို့ ခေါ်တဲ့ ပုဂ္ဂိုဟ်တစ်ယောက် ရှိတယ်။ဒီလူရဲ့ ကျင့်ကြံမှုအဆင့်က တော်တော်လေး မြင့်မားလှတယ်။သူ့မှာ ကောင်းကင်ဘုံသက်တော်စောင့်လို့ သူခေါ်တွင်တဲ့ လူတွေလည်း ရှိတယ်။ဒါ့အပြင် ဒီဘိုးဘေးမှာ ကောင်းကင်ဘုံသက်တော်စောင့် စုစုပေါင်း ဆယ်ယောက်တိတိ ရျိတယ်။သူတို့ရဲ့ခွန်အားကတော့ သိပ်ကွာခြားတာ မရှိဘူး…”

“ကောင်းကင်နတ်ဆိုးနိုင်ငံရဲ့ ရှေးဟောင်းနတ်ဆိုးမြို့မှာ ဖြစ်ခဲ့တဲ့ သင်နဲ့ ဗိုလ်ချုပ်မိုလီဟိုင်နဲ့ တိုက်ပွဲက ဒီဘိုးဘေးရဲ့ အာရုံစိုက်မှုကို ရရှိသွားခဲ့တာ။ မသိရတဲ့အချို့အကြောင်းတွေ အတွက် သူက အကိုဝမ်ကို ဖမ်းဖို့ လူတွေ လွှတ်လိုက်တာပဲ။ကောင်းကင်နတ်ဆိုးမြို့မှာ သင့်ကို လာဖမ်းတဲ့လူတွေနဲ့ ရင်ဆိုင်ခဲ့ရမယ်ဆိုတာ ငါ ယုံကြည်ပါတယ်…”

“အဲ့နောက်မှာတော့ အကိုဝမ်က ကောင်းကင်နတ်ဆိုးမြို့ကနေ ပျောက်ကွယ်သွားပြီးနောက် ဒီကိစ္စက အဆုံးသပ်သွားတာ။ဒါပေမဲ့လည်း လွန်ခဲ့တဲ့လအနည်းငယ်က တစ်စုံတစ်ယောက်က သင် ဒီနေရာမှာ ရှိနေတယ်ဆိုတာ ရှာတွေ့သွားခဲ့တယ်။ဒါ့ကြောင့် ဘိုးဘေးက ငါ့တို့ကို အကိုဝမ်ကို အသက်ရှင်လျက် ဖမ်းဖို့ ဒီနေရာကို လွှတ်လိုက်တာပဲ…”

ဝမ်လင်း မျက်လုံးက ကျဉ်းမြောင်းသွား၏။သူက ကောင်းကင်နတ်ဆိုးမြို့တွင် သူ ကုချင်းဂီတသံ နားထောင်နေစဉ်၌ သူ့အားလာရောက် တိုက်ခိုက်ခဲ့သော အုပ်စုကို ပြန်သတိရသွား၏။သူတို့အုပ်စု ခေါင်းဆောင်က သူဖမ်းတာ ခံရခါနီး၌ သူ့ကိုယ်သူ ပေါက်ကွဲပစ်စေခဲ့သည်။တမ်လင်းက သည်အဖြစ်ကို သူ့စိတ်ထဲ၌ မှတ်မိနေပါသေး၏။

အတိတ်တုန်းကတော့ သူက သည်လူတွေကို အခြားနတ်ဆိုးဗိုလ်ချုပ်တစ်ယောက်ယောက် လွှတ်ခဲ့တာဟု ထင်နေခဲ့မိ၏။သို့ရာတွင် ယနေ့ ရှုယွမ်ရှန်၏ စကားကို နားထောင်ပြီးသည့်နောက် နောက်ထပ် တစ်စုံတစ်ယောက် ဖြစ်လို့နေတော့သည်။

ရှုယွမ်ရှန်က လက်သီးတင်းတင်းဆုပ်ကာ ဆက်ပြောလာသည်။ “အကိုဝမ်…သင်က အတိတ်က အကြောင်းကို မသိလောက်ဘူး။ အတိတ်တုန်းက ငါ့ညီမက ဒီနေရာကို ငါတို့နောက်ကနေ လျှို့ဝှက်နည်းလမ်းတစ်ခု အသုံးပြုပြီး လိုက်လာခဲ့တယ်။သူမက ဘိုးဘေးရဲ့ ညှို့ငင်ဖမ်းစားတာ ခံရပြီး ကျင့်ကြံခြင်းအဖွဲ့အစည်းရဲ့ အဖွဲ့ဝင် ဖြစ်လာခဲ့ရတယ်။သူမက ငါနဲ့ တွေ့တဲ့နောက် ငါ့ကို အဲ့အဖွဲ့အစည်းကို ဝင်ဖို့ လှည့်ဖျားခဲ့တယ်။ငါက တစ်ခုခုမှားနေတာကို သတိထားမိတဲ့အခါမှာ ငါက ထွက်ပြေးလိုခဲ့တယ်။ဒါပေမဲ့လည်း ဘိုးဘေးပေါ်လာပြီး မန္တာန်တစ်ခုထဲနဲ့ သူက ငါအပါအဝင် ငါနဲ့အတူ လာခဲ့တဲ့ ဦးလေး လေးယောက်လုံးကို ဖမ်းစီးလိုက်တယ်။အဲ့အချိန်ကစပြီး သူတို့လေးယောက်လုံးက မှတ်ဉာဏ်တွေ ပယ်ဖျက်ခြင်း ခံလိုက်ရပြီး ရုပ်သေးတွေ ဖြစ်လာခဲ့ရတယ်။ငါ့မှာတော့ ကောင်းကင်ဘုံမျိုးစေ့ တစ်ခု ရှိနေခဲ့တယ်။ ဒါ့ကြောင့် ခုချိန်မှာ ငါက ငါ့ဘဝကို မပိုင်စိုးတော့ဘူး…”

ဝမ်လင်းမျက်လုံးများက ရွှေရောင်အလင်းကို ထုတ်လွှတ်လာ၏။သူက ရှုယွမ်ရှန်၏ ခန္ဓာကိုယ်အား ကြည့်လိုက်၏။သည့်အကြည့်က ရှုယွမ်ရှန်၏မူလစိတ်ဝိညာဉ်ကို တုန်ခါသွားစေကာ ပျက်စီးလုနီးပါး ဖြစ်သွားရ၏။သူက သူနှင့်ပတ်သတ်သည့်လျှို့ဝှက်ချက်လုံး ဝမ်လင်းရှေ့တွင် ပေါ်ပေါက်သွားပြီဟု ခံစားရမိသည်။

ထိုခံစားချက်က ခဏသာကြာ၍ ပြန်ပျောက်ကွယ်သွားသည်။သို့ရာတွင်ရှုယွမ်ရှန်သည် ချွေးများဖြင့် ရွှဲနစ်သွားချေသည်။ဝမ်လင်းအပေါ် သူ့အကြည့်က ပို၍ လေးစားသွားခဲ့၏။

ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ကာ ရှုယွမ်ရှန်နှဖူးထက်သို့ လက်ညွှန်လိုက်၏။သည့်နောက် ရှုယွမ်ရှန် နှဖူးပေါ်၌ အစိမ်းရောင်မျဉ်းလိုင်းအမျှင်တန်းများ ပေါ်လာခဲ့တော့သည်။ထိုအမျှင်တန်းများက သိပ်မကြာခင်မှာပင် ရှုယွမ်ရှန်ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးလွှမ်းသွားတော့၏။

ဝမ်လင်းက တိုးညှင်းသော အာမေဋိတ်သံ ဖြစ်ပေါ်သွားကာ သူ့မျက်လုံးက လေးနက်လာခဲ့၏။သူက အစိမ်းရောင်လိုင်းများကို သေချာကြည့်နေ၏။သည့်နောက် သူက မျက်လုံးမှိတ်ကာ စတင်စဉ်းစားနေသည်။

ရှုယွမ်ရှန်က စိတ်ထဲ၌ ကြောင့်ကြနေမိသည်။သည်ကောင်းကင်ဘုံမျိုးစေ့သာ ဖယ်ရှားနိုင်ခြင်း မရှိပါက သူက ဘိုးဘေး၏ ထိန်းချုပ်မှုအောက်၌ ထာဝရ ကျရောက်ကာ ပြန်လွတ်နိုင်တော့မည် မဟုတ်ပေ။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက မျက်လုံးဖွင့်လာကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဘိုးဘေးက ဒီအတားအဆီးကို ကောင်းကင်ဘုံမျိုးစေ့လို့ ခေါ်တာလား…”

ရှုယွမ်ရှန်က ခပ်မြန်မြန် ခေါင်းညိတ်၍ ပြောလိုက်သည်။ “မှန်ပါတယ်။ဘိုးဘေ တစ်ခါပြောဖူးတာက သက ဒါကို ကောင်းကင်ဘုံနယ်မြေ မပြိုကျခင်တုန်းက ရခဲ့တာတဲ့။ဒါက ကောင်းကင်ဘုံနယ်မြေရဲ့ အရာဝတ္ထုတစ်ခု ဖြစ်တယ်၊သူကလွဲလို့ ဘယ်သူကမှ ဒါကို မချိုးဖျက်နိုင်ဘူးလို့ ပြောတယ်…”

ဝမ်လင်းမျက်လုံးက အနက်ရောင်ဝတ်စုံနှင့်လူကို ကြည့်၍ ထူးဆန်းသောအလင်းတို့ ထွက်ပေါ်နေသည်။သူက စိတ်ထဲ၌ တွေးနေ၏။ “ဒီလူက ကောင်းကင်ဘုံသက်တော်စောင့်လို့ ခေါ်ဆိုခံရတယ်။ဒီအတားအဆီးကလည်း ကောင်းကင်ဘုံမျိုးစေ့လို့ ခေါ်ဆိုခံရတယ်…ဆိုတော့ ဒီဘိုးဘေးကလည်း သူက ကောင်းကင်ဘုံနယ်မြေကလာတာလို့ ပြောဆိုနေပြန်တယ်…။ဒါက ကောင်းကင်ဘုံအင်ပါယာ ချီလင်းများ ဖြစ်နေနိုင်မလား…။ဖြစ်နိုင်ချေ နည်းလွန်းပေမဲ့လည်း ဒီအတားအဆီးက တကယ့်ကို မရိုးရှင်းဘူး။ဒီထဲမှာ အဆုံးအဆမဲ့ကောင်းကင်ဘုံစွမ်းအင်တွေ ပါဝင်နေတယ်။ဒါ့ကြောင့် ဒါက ကောင်းကင်ဘုံနယ်မြေက တစ်ခုခုဖြစ်နေလောက်တယ်…”

ဝမ်လင်းသည် အနည်းငယ်စဉ်းစားပြီးနောက် လေဟာနယ်ထဲသို့ လက်ဆန့်ထုတ်လိုက်သည်။ထို့နောက် ကောင်းကင်ဘုံသက်တော်စောင့်သည် သူ့လက်ထဲသို့ ရောက်ရှိလာ၏။ဝမ်လင်းက သူ့လက်ကို ထိုလူ၏ဦးခေါင်းထက်သို့ နေရာချလိုက်သည်။သည့်နောက် ဝမ်လင်းက စိတ်ဝိညာဉ်ရှာဖွေခြင်းမန္တာန်ကို အသုံးပြု၏။

ထိုလူသာ အစစ်အမှန်အာဏာတက်ခြင်းအဆင့်တစ်ယောက် ဖြစ်ပါက ဝမ်လင်းသည် သူနှင့်ကျင့်ကြံခြင်းအဆင့်တူ တစ်ယောက်ကို အခုလို စိတ်ဝိညာဉ်ရှာဖွေမည် မဟုတ်ပေ။သို့ရာတွင် သည်လူ၏ခန္ဓာကိုယ်သည် မူလစွမ်းအင်လုံးဝ ရှိမနေချေ။အမှန်တော့ သည်လူ၏အာဏာတက်ခြင်းအဆင့်က သူ့မူလစိတ်ဝိညာဉ်ထဲရှိ ပျက်စီးနေသောကျောက်စိမ်းပြားက ပေးစွမ်းထားခြင်းသာ ဖြစ်၏။သူ့အစစ်အမှန်ကျင့်ကြံမှုက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်အဆင့်လောက်သာ ရှိပေသည်။

ဝမ်လင်းက သူ့စိတ်ဝိညာဉ်ကို ရှာဖွေနေရင်း သူ့အသွင်က တဖြည်းဖြည်း သုန်မှုန်လာခဲ့၏။ထိုလူ၏ မှတ်ဉာဏ်များက တိုတောင်းလှကာ သူ ကောင်းကင်ဘုံသက်တောင့်စောင့်ဖြစ်လာချိန် မှတ်ဉာဏ်များသာ ပါဝင်၏။ထိုအရင်တုန်းက မှတ်ဉာဏ်များကတော့ ဗလာကြီး ဖြစ်လို့နေချေသည်။

ဝမ်လင်းက သူ့ညာလက်ကို ဆန့်၍ တစ်ချက် ပုတ်လိုက်ရာ ထိုလူ၏မူလစိတ်ဝိညာဉ်ကို ထုတ်ယူလိုက်၏။ဝမ်လင်းမျက်လုံးက အေးစက်နေပြီးနောက် သူ့ပါးစပ်ထဲက မူလမီးတောက်ကို ထွေးထုတ်လိုက်၏။သည့်နောက် သူက ရှုယွမ်ရှန်ရှေ့တွင်ပင် မူလစိတ်ဝိညာဉ်ကိုသန့်စင်မွန်းမံ တော့သည်။

ရှုယွမ်ရှန်က သူ့ကို ကြည့်နေ၏။သူ့နှလုံးသားက တုန်လှုပ်သွားကာ ကြောက်လန့်မှုနှင့် ပြည့်သွားတော့သည်။

ဝမ်လင်းက မူလစိတ်ဝိညာဉ်ကို သန့်စင်နေရင်း သူ့အကြည့်က ရှုယွမ်ရှန်ထံသို့ ကျရောက်လာ၏။သူက ထိုသို့ပြုလုပ်ရသည့်မှာ အကြောင်းရင်းများ ရှိသည်။ထိုလူ၏ မူလစိတ်ဝိညာဉ်က အမှန်ပင် ထူးဆန်းလှ၏။ထို့ကြောင့် ဝမ်လင်းသည် ရှုယွမ်ရှန်ပြောသမျှကို မယုံချေ။သူက ကြိုတင်ပြင်ဆင်မှုများကို ခုထိ ပြုလုပ်ထား၏။ခုလိုမျိုး ရှုယွမ်ရှန်ကို ကြောက်လန့်စေခြင်းမျိုးပင်။

ကောင်းကင်ဘုံသက်တော်စောင့်၏ မူလစိတ်ဝိညာဉ်သည် မြန်ဆန်စွာ သန့်စင်ခြင်းခံလိုက်ရ၏။လက်သည်းခွံလောက်အရွယ်စားရှိသည့် ကွဲကြေနေသည့် ကျောက်စိမ်းပြားက ဝမ်လင်းရှေ့၌ မြောလွင့်လာသည်။သူက ထိုကွဲကြေနေသောကျောက်စိမ်းပြားကို စူးစိုက်ကြည့်နေရင်း စတင်စဉ်းစားသည်။

ထိုကျောက်စိမ်းပြားက မည်သည့်စိတ်ဝိညာဉ်စွမ်းအင်ကိုမျှ ပေးစွမ်းနေခြင်း မရှိသော်လည်း ဝမ်လင်း ၎င်းကို စစ်ဆေးကြည့်သည့်အခါတွင်တော့ သူက ၎င်းအထဲ၌ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်မြောက်များစွာ ပါဝင်နေသည်ကို တွေ့ရှိလိုက်ရ၏။သို့ရာတွင် သည်ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက စုပ်ယူ၍ မရနိုင်ချေ။

“ကျင့်ကြံသူတစ်ယောက်ရဲ့မူလစိတ်ဝိညာဉ်နဲ့ ဒီကွဲကြေနေတဲ့ ကျောက်စိမ်းပြားကို ပေါင်းစပ်ပြီး အာဏာတက်ခြင်းအစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ဆင်တူ တစ်ယောက်ကို ဖန်တီးနိုင်တယ်။ဒါပေမဲ့ ငါက ဒီလိုပေါင်းစပ်နိုင်ဖို့ အောင်မြင်နိုင်တဲ့နှုန်းက အတော်လေး နှေးကွေးလိမ့်မယ်လို့ ယုံကြည်တယ်။မဟုတ်ရင် ဒီဘိုးဘေးဆိုတဲ့လူက ကောင်းကင်ဘုံသက်တော်စောင့် ဆယ်ယောက်ပဲ ရှိနေမှာ မဟုတ်တော့ဘူး…”

“ဒီပေါင်းစပ်မှုက ကွဲကြေနေတဲ့ ကျောက်စိမ်းပြားနဲ့ ပျော်ဝင်စေတာသပ်သပ်လောက် ရိုးစင်းမှာ မဟုတ်ဘူး။ဒီကျောက်စိမ်းပြားထဲမှာ ရှိနေတဲ့ စိတ်ဆန္ဒကသာ သော့ချက် ဖြစ်ရမယ်။ဒီစိတ်ဆန္ဒနဲ့ ပေါင်းစပ်နိုင်မှသာ ဖြစ်စဉ်က ပြည့်စုံနိုင်လိမ့်မယ်…”

ဝမ်လင်းစိတ်ထဲ၌ ထိုအကြံဉာဏ်အတွေးများ တဖျပ်ဖျပ် ဖြစ်လို့နေလေသည်။

ကျင့်ကြံခြင်းအဖွဲ့အစည်း၏ ဘိုးဘေးကသာ ဝမ်လင်း ခုလိုတွေးမိနေတာကို သိသွားမည်ဆိုပါက အမှန်ပင် တုန်လှုပ်သွားပေလိမ့်မည်။သူက အခုနည်းလမ်းကို ရှာဖွေနိုင်ဖို့ အချိန်များစွာ အသုံးပြုခဲ့ရတယ်လို့တောင် ပြောနိုင်ပေသည်။

ဝမ်လင်းမျက်လုံးများက အေးစက်နေကာ သူက ဖြည်းဖြည်းချင်း မေးလိုက်၏။ “ကျင့်ကြံခြင်းအဖွဲ့အစည်းက ဘယ်နေရာမှာ ရှိတာလဲ…”

***

All Chapters