အခန်း (၂၆၉-၂၇၀)
Vol. 27 Ch. 269-270
အပိုင်း ၂၆၉ + ၂၇၀
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
အရှေ့ဘက်သို့ ခရီးစဉ်မှာ အလွန်ကြမ်းတမ်းလှ၏။ ထူလင်းတိက ဆိုလွန်အား ထျန်ယဲ့မြို့မှ လီသုံးထောင်ကွာဝေးသည့် တောင်တစ်သောင်း တောင်တန်း၏ အောက်ခြေသို့ ခေါ်ဆောင်လာခဲ့သည်။
သူမ ဤနေရာသို့ လျှို့ဝှက်တာဝန်တစ်ခုအား လုပ်ဆောင်ရန် ရောက်လာခြင်းဖြစ်၏။ သို့သော် တိုက်ဆိုင်စွာပင် ဤနေရာမှာ ဆိုလွန်၏ ခရီးပန်းတိုင် ဖြစ်နေပြန်သည်။
ထူလင်းတိက မိစ္ဆာတစ်ကောင်ကဲ့သို့ ပြုံးလိုက်သည်။ "ဒီငါးရက်အတွင်းမှာ ပျော်ရဲ့လား ဆိုလွန်။"
ဆိုလွန်ကမူ မဲ့ပြုံး ပြုံးလိုက်၏။ "သေချာပေါက် ပျော်တာပေါ့။ ကျုပ်ရဲ့ နာကျင်မှုကို သာယာတဲ့ဘက်ကို ဖော်ထုတ်ပေးလို့ ကျေးဇူးပဲ သခင်မလေး ထူလင်း။ မင်း ဖယောင်းစက်လောင်းတာ ဒီလောက် တော်မယ်မှန်း ကျုပ်မထင်ထားဘူး။" (BDSM 🧐)
လက်ရှိအချိန်၌ ဆိုလွန်မှာ ကိုယ်လုံးတီးဖြင့် ထိုင်နေရပြီး သူ၏ တစ်ကိုယ်လုံး၌လည်း အမာရွတ်များဖြင့် ဖုံးလွှမ်းနေသေးသည်။ လောလောလတ်လတ် မီးလောင်ဒဏ်ရာများမှာ ယမန်နေ့ညက အရာများပင်။
ဤမျှ စုတ်ပြတ်နေသည့်တိုင် သူ၏ မျက်နှာအထက်၌ အမြင်ကပ်စရာ အပြုံးက ရှိနေသေး၏။
ထူလင်းတိက လှောင်ပြုံး ပြုံးလိုက်သည်။ "အတော် ခေါင်းမာတဲ့ အကောင်ပဲ။ ငါ နင့်ကို လီသုံးထောင်လောက် ဆွဲခေါ်လာတာတောင် လမ်းတစ်လျှောက်လုံး ရန်ပြန်စနေသေးတယ်။ ငါ နင့်ရဲ့ သွားတွေကို ဆွဲနှုတ်လိုက်ရင်ရော ဘယ်လိုနေမလဲ။"
ဆိုလွန်က ခြောက်ကပ်ကပ် ရယ်မောလိုက်၏။ "မလုပ်ပါနဲ့ဗျာ။ မင်းကို ကိုက်ဖို့ ကျုပ်ရဲ့ သွားတွေ လိုအပ်သေးတယ်လေ။"
ထူလင်းတိက သူမ၏ ကြာပွတ်ဖြင့် ဆိုလွန်၏ မျက်နှာဆီသို့ ရိုက်ချလိုက်၏။ ဆိုလွန် ရှောင်လိုက်သော်လည်း သူ၏ ပခုံးကို ထိမှန်သွားကာ ပူလောင်စွာ စူးရှနာကျင်သွားရသည်။
သူမက အေးစက်စွာ ပြောလိုက်၏။ "နင်က ငါသိသမျှထဲမှာ ဉာဏ်အကောင်းဆုံး လူပဲ ဆိုလွန်။ နင့်ကို နှိပ်စက်တဲ့ အချိန်တိုင်း မတောင်းပန်ဘူး။ အဲဒီအစား ငါ့ ဒေါသကို ဆွတယ်။ ငါ ဒေါသထွက်တာ ရပ်သွားပြီး စိတ်ဝင်စားမှု ပျောက်သွားတာနဲ့ နင် သေရမယ်ဆိုတာကို သိနေတယ်လေ။"
ဆိုလွန်က ခပ်သဲ့သဲ့ ရယ်မောလိုက်၏။ ထူလင်းတိ မှန်၏။ ထွက်ပြေးရန် အချိန်ရစေရန်အတွက် သူမကို အမြဲတမ်း ဒေါသထွက်နေစေရန် သူ လုပ်ရမည်။ အကယ်၍ သူမသာ စိတ်ဝင်စားမှု ပျောက်ဆုံးသွားပါက သူ သေချာပေါက် သေရမည်သာ။
ထူလင်းတိက မောက်မာစွာ ပြောလိုက်သည်။ "နင့်မှာ နောက်ဆုံး အခွင့်အရေး တစ်ကြိမ် ရှိသေးတယ်။ နင်သိတဲ့ အဆိုးဝါးဆုံး စကားလုံးတွေနဲ့ ငါ့ကို ကျိန်ဆဲလိုက်စမ်း။"
ဆိုလွန် အံ့ဩသွားရ၏။ "ကျုပ်ကို သတ်တော့မလို့လား။"
သူမက တည်ငြိမ်စွာ ပြန်ဖြေသည်။ "ဟုတ်တယ်။ မနက်ဖြန် ငါ တာဝန်အတွက် တောင်တန်းထဲကို ဝင်ရမယ်။ နင့်ကို ခေါ်သွားလို့ မရဘူး။ ဒါကြောင့် နင် သေရမယ်။"
သူမ၏ တည်ငြိမ်နေသည့် လေသံက ဆိုလွန်ကို ကြက်သီးထသွားစေ၏။ ထူလင်းတိ ထိုအမျိုးသမီးက သူ့အား သတ်ရန် လုံးဝ ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သူမ ကိုယ်တိုင်အတွက်သာမက မင်းသား ကျိလီနှင့် ထူလင်း မိသားစုအတွက်ပါ ဖြစ်၏။
ခဏကြာပြီးနောက် ဆိုလွန်က သူမအား စိုက်ကြည့်လိုက်သည်။ "မဆဲတတ်လို့ မဆဲတော့ဘူး။ ကျုပ် သိချင်တာက မင်း ကျုပ်ကို ဘာလို့ ဒီလောက်တောင် မုန်းနေရတာလဲ။ မင်းကို ကျုပ် ဘာလုပ်ခဲ့လို့လဲ။"
ထူလင်းတိ တစ်ယောက် တိတ်ဆိတ်သွားပြီး သူမ၏ မျက်လုံးများထဲ၌ အမုန်းတရားတို့ဖြင့် ပြည့်နှက်လာ၏။ ထိုကလေးဘဝက အဖြစ်အပျက်မှာ သူမ၏ အဆိုးဝါးဆုံး အိပ်မက်ဆိုးကြီးဖြစ်ကာ မည်သူ့ကိုမှ ဖွင့်မပြောခဲ့သည့် လျှို့ဝှက်ချက်တစ်ခုပင်။
ထိုအရာက ယောင်္ကျားအားလုံးကို သူမ ရွံရှာမုန်းတီးရသည့် အကြောင်းအရင်းလည်း ဖြစ်သည်။
သူမက အေးစက်စွာ မေးလိုက်သည်။ "နင် တကယ် သိချင်လို့လား။"
ဆိုလွန်က တည်ငြိမ်စွာ ပြောလိုက်၏။ "ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ကို သတ်တော့မှာပဲ။ အနည်းဆုံးတော့ အကြောင်းအရင်းကို ပြောပြသင့်တယ်။ ကျုပ် အမှန်တရားကို သိပြီးမှ သေချင်တယ်။"
ထူလင်းတိ အံကြိတ်လိုက်၏။ သူမ တုံ့ဆိုင်းနေသည်။ လျှို့ဝှက်ချက်ကို ဖွင့်ပြောရန် ခက်ခဲလှသော်လည်း ရင်ထဲ၌ ဆက်သိမ်းထားရခြင်းက သူမကို ရူးသွပ်စေပေလိမ့်မည်။
သူမ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ "အဲဒီတုန်းက ငါ အသက် ခုနစ်နှစ်ပဲ ရှိသေးတယ်။ အဒေါ် ထူလင်းစီရဲ့ အိမ်မှာ နေနေတုန်းပေါ့။ နင်လည်း အဲဒီမှာ ရှိနေပြီး နေ့တိုင်း ငါ့ကို လာလာစနေခဲ့တာ။ ငါ နင့်ကို ရိုက်ချင်ခဲ့တယ်။" သူမ၏ အသံများ တုန်ယင်နေ၏။ "ဒါပေမဲ့ နင်က အဲဒီလို ကောက်ကျစ်တဲ့ နည်းလမ်းနဲ့ ငါ့ကို လက်တုံ့ပြန်မယ်လို့ ငါ တစ်ခါမှ မတွေးမိခဲ့ဘူး။"
ဆိုလွန်က မျက်မှောင်ကုတ်လိုက်သည်။ "ကျုပ် တကယ် ဘာလုပ်ခဲ့လို့လဲ။ ကျုပ်တို့က ကလေးတွေပဲ ရှိသေးတာလေ။ ကျုပ် အများကြီး လုပ်နိုင်စရာ အကြောင်းမှ မရှိတာ။"
ထူလင်းတိ မတ်တတ်ရပ်ကာ လှည့်လိုက်ပြီး သူမ၏ ဘောင်းဘီကို ဆွဲချလိုက်၏။ ဖြူရော်နေသည့် အရေပြားထက်၌ ကောက်ကွေးနေသည့် စာလုံးများကို ရေးသားထားသည်။
[ဆိုလွန် ဒီကို ရောက်ခဲ့သည်]
စာလုံးများမှာ တောက်ပသည့် အနီရောင်ဖြစ်ပြီး ကလေးတစ်ယောက်၏ လက်ရေးကဲ့သို့ ရှုပ်ပွနေ၏။
သူမက ဒေါသတကြီး ပြောလာသည်။ "ငါ တစ်ရေးအိပ်နေတုန်း ရုတ်တရက် စူးခနဲ နာသွားလို့ နိုးလာတော့ ကြိုးနဲ့ အတုပ်ခံထားရပြီ။ နင်က သွေးစုတ်တံကို သုံးပြီး ငါ့အပေါ်မှာ စာရေးခဲ့တာလေ။"
သွေးစုတ်တံ၏ မှင်သည် အသားနှင့် အရိုးထဲသို့ တိုက်ရိုက် စိမ့်ဝင်သွားတတ်၏။ အရေပြားကို လှီးထုတ်မပစ်သရွေ့ အခြား နည်းလမ်းရှိမည် မဟုတ်ချေ။
ဆိုလွန်တစ်ယောက် ဆွံ့အသွားရသည်။ 'တကယ့် အမှိုက်ကောင်ပဲ' သူ တွေးလိုက်မိ၏။ 'ဘာလို့ ရိုးရိုးစုတ်တံကို မသုံးရတာလဲ။ သွေးဆာစုတ်တံက တစ်သက်လုံး ခံတာလေ။ အခု သူ ဘယ်လိုလုပ် အိမ်ထောင်ပြုမလဲ။'
"အဲဒါတင် မကဘူး။ နင်က ငါ့ရဲ့... ငါ့ရဲ့... အပေါ်ကို ခူယားကောင် တင်ထားခဲ့သေးတယ်။" ထူလင်းတိ အံကြိတ်လိုက်၏။ "အဲဒီ ဆိုးရွားတဲ့ နာကျင်မှု... ငါ မနေ့ကမှ ဖြစ်ခဲ့သလို မှတ်မိနေတုန်းပဲ။ ငါ နင့်ကို မသတ်သင့်ဘူးလား။"
ယခင် ဆိုလွန်မှာ အသက်ခုနစ်နှစ်အရွယ်ဖြင့် ထိုသို့ ပြုမူခဲ့သည်မှာ တကယ့် ယုတ်မာလွန်းသည်ဟု ပြောရမည်။ သို့သော် ထိုဆိုလွန်မှာ သေဆုံးသွားလေပြီ။
သူမက အေးစက်စွာ ပြောသည်။ "ငါ့ရဲ့ စိတ်တွင်းမိစ္ဆာဖြစ်တဲ့ နင့်ကို ငါ သတ်မှဖြစ်မယ်။ ကောင်းကောင်းမွန်မွန် အနားယူလိုက်တော့။"
သူမ၏ စကားများမှာ တည်ငြိမ်လွန်းနေသောကြောင့် ကြောက်မက်ဖွယ်ကောင်းလှ၏။ သူ့အား သတ်ရန် ဆုံးဖြတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ ခံစားချက်များ အားလုံး ပျောက်ကွယ်သွားပြီး အမုန်းတရားများပင် မရှိတော့ချေ။
ဆိုလွန်က သူမအား စိုက်ကြည့်လိုက်သည်။ "မင်း ကျုပ်ကို သတ်တာ မင်းကိုယ်တိုင်အတွက်လား ဒါမှမဟုတ် ကျိလီ အတွက်လား။"
"အဲဒါ အရေးကြီးလို့လား။"
ဆိုလွန်က ဆက်ပြောသည်။ "ကျုပ်ရဲ့ ခရီးပန်းတိုင်ကလည်း တောင်တစ်သောင်း တောင်တန်းပဲ။ ကျုပ် နဂါးတံဆိပ်တုံး အမွေအနှစ်ကို လာရှာတာ။ အဲဒါကိုသာ တွေ့ရင် ကျုပ် ယန်ယန်ကို ကယ်နိုင်ကောင်း ကယ်နိုင်လိမ့်မယ်။"
ထူလင်းတိက ပြန်လည် ချေပလိုက်သည်။ "နင် ပြောချင်တာက ငါသာ အဲဒီအမွေအနှစ်ကို ရရင် ချက်ချင်း နဂါးစစ်သည်တော် ဖြစ်လာနိုင်တယ် ဆိုတာကို မဟုတ်လား။ ငါ အခုမှ အသက် နှစ်ဆယ့်တစ်နှစ်ပဲ ရှိသေးတယ်။ ငါဆိုရင် နုလန်ဘုရင့်နိုင်ငံရဲ့ အသက်အငယ်ဆုံး နဂါးစစ်သည်တော် ဖြစ်လာမယ်။ ဟုတ်တယ်မလား။"
"ဟုတ်တယ်။ ယန်နိုင်အာ အဲဒါကို တွေ့တုန်းကလည်း ချက်ချင်း အဆင့်တက်သွားတာပဲလေ။"
ထူလင်းတိက နှာခေါင်းရှုံ့လိုက်သည်။ "ဒါပေမဲ့ အဲဒါကို ရှာတွေ့နိုင်မယ့် လျှို့ဝှက်ချက်က နင့်ခေါင်းထဲမှာပဲ ရှိတာလေ။ ငါ နင့်ကို ဘယ်လောက်ပဲ နှိပ်စက်နှိပ်စက် နင်က ငါ့ကို ဘယ်တော့မှ ပြောပြမှာ မဟုတ်ဘူး။ ဒါကြောင့် ငါ အဲဒါကို လိုချင်ရင် နင့်ကို သတ်လို့ မရဘူး။ နင်ပဲ ငါ့ကို လမ်းပြပေးရမယ် မဟုတ်လား။"
ဆိုလွန် သဘောတူလိုက်၏။ "ဟုတ်တယ်။"
"ဆိုလွန်.. နင်နဲ့ ဆိုဟန်ရီကြားက အကြီးမားဆုံး ကွာခြားချက်က ဘာလဲ။"
ဆိုလွန်က ပြန်ဖြေသည်။ "သူက သိုင်းပညာ တော်ပြီး ကျုပ်က မတော်တာပဲ။"
သူမက လှောင်ပြုံး ပြုံးလိုက်သည်။ "သူ့မှာ ဘာမှမရှိဘူး။ ဒါကြောင့် သူ့လမ်းကို သူဖောက်ဖို့ တိုက်ခိုက်ရတယ်။ ဒါပေမဲ့ နင်ကတော့ မြို့စားကြီးတစ်ယောက်ရဲ့ အမွေဆက်ခံသူအဖြစ် မွေးဖွားလာခဲ့တာ။ နင်က မိန်းမလိုက်စားပြီး ကျင့်ကြံဖို့ကို လျစ်လျူရှုခဲ့တယ်။ ဘာလို့လဲဆိုတော့ နင့်က သိုင်းပညာဆိုတာ ဟန်ပြသက်သက်ပဲလို့ ထင်နေတာကိုး။"
ဆိုလွန် ခါးသီးစွာ ပြုံးလိုက်၏။ "အခုတော့ အဲလို မထင်တော့ပါဘူး။ ကျုပ်သာ ပိုသန်မာရင် အခုလို မင်းရဲ့ လက်အောက်မှာ အသနားခံနေရမှာ မဟုတ်ဘူး။"
ထူလင်းတိက အေးစက်စွာ ပြောသည်။ "ဒါက မတော်တဆမှု သက်သက်ပါပဲ။ မင်းသား ကျိလီက ထျန်းရွှေမြို့ကို မလိုချင်ခဲ့ရင် ၊ ပြီးတော့ နင့်အဖေသာ မသေခဲ့ရင် နင့်လို အထက်တန်းလွှာ တစ်ယောက်က သိုင်းပညာကို ဘယ်တော့မှ လိုအပ်မှာ မဟုတ်ဘူး။ ငါ ငယ်ငယ်ကတည်းက ဘာလို့ ဒီလောက် ကြိုးစားပန်းစား ကျင့်ကြံခဲ့ရလဲ နင် သိလား။"
ဆိုလွန်က တုန့်ပြန်၏။ "ယောက်ျားတွေထက် ပိုတော်တယ်ဆိုတာ သက်သေပြချင်လို့။"
ထူလင်းတိက ခေါင်းညိတ်လိုက်၏။ "အတိအကျပဲ။ ရိုးရိုးသားသား ပြောရရင် သိုင်းပညာ နည်းနည်းပါးပါး သိထားတာက ငါ့အတွက် လုံလောက်ပါတယ်။ ကွေ့ချင်းရှောင်းက သူ့ရဲ့ ခန္ဓာကိုယ် အချိုးအစားကို ထိန်းသိမ်းဖို့နဲ့ ကြွားဖို့သက်သက် ဓားသိုင်းကျင့်ကြံသလိုမျိုးပေါ့။ ငါတို့လို လူတွေအတွက်က သိုင်းပညာဆိုတာ အလှဆင်စရာ တစ်ခုပါပဲ။"
ဆိုလွန်၏ အပြုံးက ပို၍ပင် ခါးသီးသွားရသည်။
သူမက ဆက်ပြော၏။ "အမွေအနှစ်ကို ငါ တကယ် မက်မောမိပါတယ်။ ဒါပေမဲ့ လောဘကြောင့် ငါ့မျက်စိ အကန်းမခံနိုင်ဘူး။ နင့်ကို သတ်ရမှာက အများကြီး ပိုအရေးကြီးတယ်။"
ဆိုလွန်က ချီးကျူးလိုက်သည်။ "မင်းက တကယ်ကို ကျုပ် တွေ့ဖူးသမျှထဲမှာ အထင်ကြီးစရာ အကောင်းဆုံး အမျိုးသမီးပါပဲ။ ကျုပ်ကို သတ်ပြီး မင်းရဲ့ စိတ်တွင်းမိစ္ဆာကို အနိုင်ယူလိုက်တာနဲ့ မင်း ပိုပြီး သန်မာလာလိမ့်မယ်။ မင်း အဖေရဲ့ နေရာကိုတောင် ဆက်ခံနိုင်လိမ့်မယ်။"
သူမ သက်ပြင်းချလိုက်၏။ "အဲဒီလောက် မလွယ်ပါဘူး။ ဒီကမ္ဘာကြီးက မိန်းမတွေအပေါ် ကြိုတင် သတ်မှတ်ချက်တွေ ရှိနေတယ်။ ယန်နိုင်အာရဲ့ ကြေးစားစစ်သည်အဖွဲ့ ဒါမှမဟုတ် နုလန်ဘုရင့်နိုင်ငံကိုပဲ ကြည့်လေ။ အရည်အချင်းမရှိတဲ့ ငါ့အစ်ကိုကိုပဲ ငါ အပြစ်တင်နိုင်တော့တယ်။ နင်က အရမ်းတော်ပြီး ဇွဲရှိတယ် ဆိုလွန်။ ဝမ်းနည်းစရာက နင်က ငါ့မိသားစုရဲ့ လမ်းကြောင်းကို ပိတ်ဆို့နေတာပဲ။ အခုတော့ နင် သေရတော့မယ်။"
ဆိုလွန်က နောက်ပြောင်လိုက်သည်။ "လက်နက်ချဖို့ နောက်ကျသွားပြီလား။ အခု ကျုပ် မင်းသား ကျိလီဘက်ကို ဝင်လိုက်ရင်ရော ဘယ်လိုလဲ။ ကွေ့ချင်းရှောင်းက ကျုပ်ကို မလိုချင်ဘူးဆိုတော့ ကျုပ် မင်းအဖေဆီမှာ မင်းကို လက်ထပ်ခွင့်တောင်းပြီး ကွပ်ကဲရေးဌာနမှာ အလုပ်ဝင်လုပ်လို့ ရတာပဲ။"
ထူလင်းတိက ပြန်ဖြေ၏။ "နင် ဘယ်တော့မှ အဲဒီလို လုပ်မှာ မဟုတ်ဘူး။ နင်က အရမ်းကို ခေါင်းမာလွန်းတယ်။ အဲဒါကြောင့် နင် သေရမယ်။ စကားပြောတာ တော်ပြီ။ အချိန်ကျပြီ။"
ဆိုလွန် တောင်းဆိုလိုက်သည်။ "နောက်ဆုံး တောင်းဆိုချက်တစ်ခုလောက် တောင်းဆိုလို့ ရမလား။"
"ပြောကြည့်လေ။"
ဆိုလွန်က တည်ငြိမ်စွာ ပြောလိုက်၏။ "ကျုပ် ခန္ဓာကိုယ်ကို အကောင်းတိုင်း ထားပေးပါ။ သွေးသံရဲရဲနဲ့ မဖြစ်အောင် ကြိုးစားပေးပါ။"
ထူလင်းတိ သဘောတူလိုက်သည်။ "ကောင်းပြီလေ။"
ထို်နောက် မြင်းကြာပွတ်ကို သူ၏ လည်ပင်း၌ ပတ်ကာ ခပ်ပြင်းပြင်း ဆွဲလိုက်၏။
သာမန်လူတစ်ယောက်ဆိုလျှင် မိနစ်ပိုင်းအတွင်း အသက်ရှူကြပ်ပြီး ဦးနှောက်သေဆုံးသွားမည် ဖြစ်၏။ ဆိုလွန်ကမူ အနည်းငယ် ပို၍ ကြာရှည် ခံနိုင်ရည်ရှိနေသည်။
အသူရာမိစ္ဆာကြယ်က ဦးနှောက်လုပ်ဆောင်ချက်များကို နှေးကွေးစေပြီး အောက်ဆီဂျင် လိုအပ်ချက်ကို အနည်းဆုံးသို့ လျှော့ချပေးထားနိုင်သည်။ သို့သော် နောက်ဆုံး၌မူ သေရမည်သာ ဖြစ်၏။
ကြာပွတ်ကို ပို၍ တင်းကျပ်အောင် ဆွဲရင်း ထူလင်းတိ၏ မျက်နှာက တည်ငြိမ်နေ၏။ သူမ၏ စိတ်ထဲ၌ ကလေးဘဝက အိပ်မက်ဆိုးကြီး ပြန်လည် ထွက်ပေါ်လာသည်။
ဆိုလွန်က သူမ၏ အဝတ်အစားများကို ချွတ်ကာ ကြိုးဖြင့်တုပ်ပြီး သွေးဆာစုတ်တံဖြင့် စာရေးကာ ယားယံသည့် ခူကောင်ကို သူမအပေါ် တင်ထားခဲ့သည်။
ယခုကဲ့သို့ သတ်ဖြတ်ရန် နှစ်ပေါင်းများစွာ အိပ်မက်မက်ခဲ့ရ၏။ ယခုအခါ သူမ၏ ဆန္ဒများ ပြည့်ဝလာလေပြီ။
ဆိုလွန်၏ သူငယ်အိမ်များ တဖြည်းဖြည်း ကျယ်လာသည်ကို သူမ စောင့်ကြည့်နေလိုက်၏။ ဆိုလွန်ကမူ ထိတ်လန့်ခြင်း မရှိချေ။ သေခြင်းတရားနှင့် ရင်ဆိုင်နေရချိန်၌တွင်ပင် သူ၏ မျက်လုံးထဲ၌ ကြောက်ရွံ့မှုများ မရှိနေဘဲ တည်ငြိမ်နေ၏။ သူ အနည်းငယ်မျှသာ ရုန်းကန်ပြီး အဆုံးသတ်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။
လူတစ်ယောက် လည်ပင်းညှစ်ခံရပြီးနောက် ခြောက်မိနစ်အကြာ၌ သေဆုံးလေ့ရှိကြောင်းကို သူမ သိထား၏။ သေချာစေရန်အတွက် ဆိုလွန်အား ဆယ့်ငါးမိနစ်ခန့် လည်ပင်းညှစ်ထားရန် ထူလင်တိ စီစဉ်ထားသည်။
ဆိုလွန်ကမူ လုံးဝ လှုပ်ရှားခြင်းမရှိဘဲ သူမ၏ မျက်လုံးများထဲသို့သာ ပြန်လည် စိုက်ကြည့်နေ၏။
အပိုင်း ၂၆၉ + ၂၇၀ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team