← Chapters

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း (၁၃၃) ယန်ရှန်းနှင့် ပြန်လည်ဆုံတွေ့ခြင်း၊ တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်လာသော နင်ယို့ချီ

အခုချက်ချင်း ပေါ်လာတဲ့ သတ်ဖြတ်ချင်စိတ်တွေ ပျောက်ကွယ်သွားပြီး ကျန်းယွမ် မင်းသားကြီး 'လျိုချီ'က တခြား မူမမှန်တဲ့ပုံ မပေါ်ပေ။

မိမိ၏ စိတ်ခံစားချက်များကို ဤမျှ ပြည့်စုံကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်သောသူမှာ သေချာပေါက် ရိုးရှင်းသောလူစားမျိုး မဟုတ်ပေ။

အဆုံးတွင်မူ ရှုချွမ်းက သူ၏ တစ်ဦးတည်းသော သားဖြစ်သူကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ အခြားသူသာဆိုလျှင် ဤကဲ့သို့သော ကမ္ဘာ့ရန်သူကို မြင်တွေ့လိုက်ရသည့်ခဏ၌ တိုက်ခိုက်ရန် စိတ်ရူးပေါက်ခြင်းကို သေချာပေါက် အောင့်အီးထားနိုင်မည် မဟုတ်ပေ။

ဤအချက်က ရှုချွမ်း၏ စိတ်ထဲ၌ သတိထားမှုကို ပိုမိုမြင့်မားလာစေခဲ့သည်။

သို့သော်လည်း ကျန်းယွမ်မင်းသားကြီး လျိုချီ၏ ဘေးတွင် မတ်တပ်ရပ်နေသောသူမှာမူ ရှုချွမ်း၏ မျှော်လင့်ချက်ကို အနည်းငယ် ကျော်လွန်နေခဲ့သည်။

ထိုသူမှာ ကာလအတန်ကြာ ပျောက်ကွယ်နေခဲ့သော 'ယန်ရှန်း' ပင် ဖြစ်သည်။

ပြီးခဲ့သည့်အကြိမ် ရွှေရောင်ရှေးဟောင်းနန်းတော် ခရီးစဉ် ပြီးဆုံးသွားကတည်းက ရှုချွမ်းအနေဖြင့် သူ့ကို ပြန်လည်မတွေ့ရှိခဲ့ရပေ။

ထိုသူက မြင်မြတ်နယ်မြေအတွင်း၌သာ အသေအလဲ ကျင့်ကြံနေခဲ့သည်ဟုသာ သူ ကြားသိထားခဲ့ခြင်း ဖြစ်သည်။

ထိုသူ ဤမဟာဝေဧကရာဇ်မင်းဆက်၏ မြို့တော်သို့ ရောက်ရှိနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိပေ။

ထို့အပြင်... သူက ကျန်းယွမ်မင်းသားကြီး လျူချီနှင့်ပင် ပတ်သက်ဆက်နွှယ်နေခဲ့သေးသည်။

ထို့အပြင် ရှုချွမ်းကို ပိုမိုအံ့အားသင့်သွားစေသည်မှာ ယန်ရှန်း၏ သိုင်းပညာနယ်ပယ်မှာ 'ကမ္မနယ်ပယ် အဆင့်၆ ' သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ဤသည်က သူ့ကို 'ဇာတ်ကွက်ပြုပြင်ပြောင်းလဲခြင်း ' ၏ စွမ်းအားကြီးမားပုံကို တွေးတောကာ သက်ပြင်းချမိစေခဲ့တော့၏။

ထိုသူ၏ အရှိန်အဟုန်ဖြင့် တိုးတက်လာမည့် အခွင့်အလမ်းကို ရှုချွမ်းက ကြားဖြတ်လုယူခဲ့ပြီး ဖြစ်သော်လည်း သူက ဤအဆင့်သို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်ဆဲ ဖြစ်သည်။

ဤအချက်က ရှုချွမ်းကို ယန်ရှန်းအား ရှင်းလင်းပစ်ရန် ပိုမိုပြတ်သားသော စိတ်ပိုင်းဖြတ်မှုကို ဖြစ်ပေါ်စေခဲ့သည်။

အကယ်၍ ထိုသူကို ဆက်လက်၍ ကြီးထွားခွင့်ပေးထားမည်ဆိုပါက မည်ကဲ့သို့သော အပြောင်းအလဲများ ထပ်မံပေါ်ပေါက်လာမည်ကို မည်သူမျှ မသိနိုင်ပေ။

ယခုအခါတွင် ယန်ရှန်းသည်လည်း ရှုချွမ်း ရောက်ရှိလာခြင်းကို သတိပြုမိသွားခဲ့ပြီး မျက်မှောင်ကြုတ်လျက် သူ့ကို အကဲခတ်သည့်မျက်လုံးများဖြင့် အကြိမ်အနည်းငယ် လှည့်ကြည့်လိုက်သည်။

မည်သည့်အကြောင်းကြောင့်ရယ်မသိ ရှုချွမ်းကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် သူ၏ စိတ်ထဲ၌ အမည်မသိ ဒေါသတရားများနှင့် မနာလိုဝန်တိုမှုများ ပေါက်ကွဲထွက်ပေါ်လာခဲ့ရသည်။

သူက မိမိကိုယ်ကိုယ် ကမ္မနယ်ပယ် အဆင့် ၆ ရှိ အစွမ်းထက် သိုင်းပညာ ရှင်တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်ပြီး ရှုချွမ်းမှာမူ နိဗ္ဗာနနယ်ပယ် အဆင့် ၂ မှာသာ ရှိနေသေးသဖြင့် ထိုသူ့ကို စိတ်ထဲမထားတော့ဟု မူလက တွေးထင်ထားခဲ့သည်။

သို့သော်လည်း ယခု ရှုချွမ်းကို မြင်တွေ့လိုက်ရချိန်တွင်မူ ထိုစိတ်ခံစားချက်များက ထပ်မံ၍ အုန်းအုန်းထွက်လာခဲ့ပြန်သည်။

ဤသည်က သူ့ကို လွန်စွာ နေရထိုင်ရ ခက်ခဲစေခဲ့၏။

ရှုချွမ်းကို သတ်ဖြတ်ချင်စိတ်ကို အတင်းအကျပ် နှိမ်နင်းလိုက်ရင်း ရန်ရှန့်သည် သူ၏ ခေါင်းကို အခြားတစ်ဖက်သို့ လွှဲလိုက်ပြီး ထိုသူ့ကို ဆက်လက်၍ မကြည့်တော့ပေ။

"ဧကရာဇ်မင်းမြတ်... သက်တော်ရာကျော် ရှည်ပါစေ" နင်ဟောက်ရွှမ်းက ဧကရာဇ်နင်ကို ရိုသေစွာဖြင့် အနည်းငယ် ဦးညွတ်ဂါရဝပြုလိုက်သည်။

"ဆဋ္ဌမအကြီးအကဲ... အခမ်းအနားတွေ လုပ်မနေပါနဲ့တော့" ဧကရာဇ်နင်က ဤသည်ကို မြင်သောအခါ ခေါင်းညိတ်လျက် တည်ငြိမ်စွာ ပြောလိုက်သည်။

"နှုတ်ဆက်ပါတယ် ဧကရာဇ်နင်" ရှုချွမ်းသည်လည်း နင်ချန်ထျန်းကို ကြည့်ကာ ခေါင်းကို အနည်းငယ် ညိတ်လျက် နှုတ်ဆက်လိုက်၏။

သူ၏ အဆင့်အတန်းအရ ဒူးထောက်အရိုအသေပေး ခြင်းမျိုးကို သဘာဝကျစွာပင် ပြုလုပ်မည် မဟုတ်ပေ။

နင်ချန်ထျန်းကမူ ဤသည်ကို မြင်သော်လည်း မည်သည့်စကားမျှ မဆိုခဲ့ ပေ။

သို့သော်လည်း အောက်တွင် မတ်တပ်ရပ်နေသော ကျန်းယွမ်မင်းသားကြီး လျိုချီမှာမူ မကျေမနပ် ဖြစ်သွားခဲ့ရပြီး ချက်ချင်းပင် အေးစက်စွာ ပြောဆိုလိုက်တော့သည်။

"ရဲတင်းလှချေလား ရှုချွမ်း... ဧကရာဇ်မင်းမြတ်ကို မြင်တွေ့ရတာတောင် ဘာဖြစ်လို့ ဒူးမထောက်တာလဲ၊မင်းရဲ့ 'သူ‌တော်စင် သားတော်' ဆိုတဲ့ အဆင့်အတန်းက... ဧကရာဇ်မင်းမြတ်ရဲ့ တန်ခိုးအရှိန်အဝါ နဲ့ ယှဉ်ပြိုင်နိုင်တယ်လို့ ထင်နေတာလား"

"ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ၊ အဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောနေတာလဲ" ရှုချွမ်းက တွန့်ဆုတ်ခြင်းမရှိဘဲ ပြန်ပြောလိုက်သည်။

အစောပိုင်းက သတ်ဖြတ်လိုစိတ်ကို အာရုံခံမိပြီးကတည်းက ရှုချွမ်းအနေဖြင့် ထိုသူ့ကို မျက်နှာသာပေးရန် စိတ်ကူးမရှိ ပေ။

သူက အထွတ်အထိပ် ကောင်းကင်ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦးမျှသာ ဖြစ်သည်။

မမျှော်လင့်မထားသော သတိထားမှုအချို့ ပေးစွမ်းနိုင်သည်ကို အသာထားဦး၊ သူက ရှုချွမ်းကို ကြောက်ရွံ့နေသည်ဟု တကယ်ပဲ ထင်မှတ်နေသလား။

အကယ်၍ လျိုချီသာ တိုက်ခိုက်ရန် ရဲဝံ့လာပါက ရှုချွမ်းအနေဖြင့် 'ရွှမ်လျဲ့ ' ကို အချိန်မရွေး ထုတ်နိုင်ပြီး သူ၏ လက်ထဲတွင် ရှိနေသော ရွှေရောင်ရှေးဟောင်းနန်းတော်နှင့်ဆိုပါက နင်ချန်ထျန်းနှင့်ပင် ရင်ဆိုင်တိုက်ခိုက်ရန် ယုံကြည်ချက် ရှိပေသည်။ လျူချီကိုမူ ပြောနေရန်ပင် မလိုတော့ပေ။

ဤသည်ကို ကြားလိုက်ရသောအခါ လျိုချီ၏ မျက်နှာပေးမှာ ချက်ချင်းပင် ဆိုးရွားသွားခဲ့ရပြီး သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ထပ်မံပေါ်ထွက်လာခဲ့၏။

ဘေးတွင် မတ်တပ်ရပ်နေသော နင်ဟောက်ရွှမ်းကလည်း ခါးသီးသော အပြုံးတစ်ခုကိုသာ ပြသနိုင်ခဲ့တော့သည်။

ထိုက်ယိမြင့်မြတ်နယ်မြေ၏ သူတော်စင် သားတော်အဆင့် ရှုချွမ်းမှာ မည်သူ့ကိုမျှ ကြောက်ရွံ့ခြင်းမရှိဘဲ ရဲတင်းလှကြောင်း၊ ကောင်းကင်ဘုရင်နယ်ပယ် သိုင်းပညာ ရှင်ကြီး လင်ထျန်းနှင့် ရင်ဆိုင်ရချိန်တွင်ပင် စိုးစဉ်းမျှ တုန်လှုပ်ခြင်းမရှိကြောင်း သူ ကြိုတင်ကြားသိထားခဲ့ဖူးသည်။

ယနေ့ ကိုယ်တိုင်မြင်တွေ့လိုက်ရချိန်တွင်မူ ၎င်းမှာ အမှန်စင်စစ်ပင် ဖြစ်ပေတော့သည်။

ယန်ရှန်းကမူ ဘေးမှနေ၍ ဤမြင်ကွင်းကို စောင့်ကြည့်နေခဲ့သည်။ သူသည် လက်တွေ့တွင် ထိုသူနှစ်ဦး ချက်ချင်း တိုက်ခိုက်ကြရန် သို့မဟုတ် လျိုချီက ရှုချွမ်းကို ဤနေရာတွင်တင် တိုက်ရိုက် နှိမ်နင်းသတ်ဖြတ်ပစ်ရန် မျှော်လင့်နေခဲ့ခြင်း ဖြစ်သည်။

"ဟားဟားဟား..."

ထိုသူနှစ်ဦးအကြား အခြေအနေမှာ တင်းမာနေဆဲအချိန်မှာပင် နင်ချန်ထျန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ မျက်နှာထက်၌ ကျေနပ်အားရသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

သူက ရှုချွမ်းကို ကြည့်ကာ ပြောလိုက်သည်။ "ထိုက်ယိမြင့်မြတ်နယ်မြေရဲ့ သူတော်စင် သားတော်ဆိုတဲ့အတိုင်းပါပဲ။ ဒီလို အရှိန်အဝါမျိုးက သာမန်ပါရမီရှင်တွေ ပိုင်ဆိုင်နိုင်တဲ့အရာ မဟုတ်ဘူး"

"ဧကရာဇ်နင်ရဲ့ ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်" ရှုချွမ်းက အနည်းငယ် ဦးညွှတ်လျက် ကျေးဇူးတင်စကား ဆိုလိုက်သည်။

မဟာဝေဧကရာဇ်မင်းဆက်၏ ဧကရာဇ် နင်ချန်ထျန်းနှင့် ရင်ဆိုင်ရချိန်တွင် သူက ယဉ်ကျေးပျူငှာစွာ ပြုမူခဲ့သည်။

ထိုသူမှာ အထွတ်အထိပ် ကောင်းကင်ဘုရင်နယ်ပယ် စွမ်းအားရှင်ကြီးတစ်ဦး ဖြစ်နေခြင်းကြောင့်သာမက နင်ယို့ချီ၏ ဖခင် ဖြစ်နေခြင်းကြောင့်လည်း ဖြစ်သည်။

"မျိုးဆက်သစ်လူငယ်တွေက တကယ်ကို ကြောက်စရာကောင်းလှတယ်၊ တကယ့်ကို ထူးကဲလှပေတယ်" နင်ချန်ထျန်းက မချီးမွမ်းဘဲ မနေနိုင်ခဲ့ပေ။

အခြားတစ်ဖက်တွင်မူ ကျန်းယွမ်မင်းသားကြီး လျိုချီ၏ မျက်နှာမှာမူ အလွန်အမင်း မည်းမှောင်နေခဲ့သည်။

နင်ချန်ထျန်းက သူ့အတွက် မပြောရုံတင်မကဘူး ရှုချွမ်းကို တောင် ချီးကျူးလိမ့်မယ်လို့ သူ မမျှော်လင့်ထားပေ။

ဤအရာအားလုံးသည် သူ၏အစီအစဉ်၏ အစိတ်အပိုင်းတစ်ခု မဟုတ်ပေ။

ထိုအခိုက်အတန့်မှာပင် ရှုချွမ်းက နန်းတော်အပြင်ဘက်မှ ဆူညံသံအချို့ကို ရုတ်တရက် ကြားလိုက်ရသည်။

ထို့နောက်တွင်မူ မင်းသမီး ရောက်ရှိလာကြောင်း တော်ဝင်မိန်းမစိုးတစ်ဦးက ဝင်ရောက်သတင်းပို့လာခဲ့၏။

"ယို့ချီကို ဝင်ခွင့်ပြုလိုက်ပါ" နင်ချန်ထျန်းက ပြုံးလျက် ပြောလိုက်သည်။

"နှုတ်ဆက်ပါတယ် ခမည်းတော်"

မကြာခင်မှာပဲ ရှုချွမ်းဟာ နန်းတော်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆီးနှင်းလိုဖြူဖွေးတဲ့ အသားအရေနဲ့ လှပပြီး ကြည်လင်တဲ့ မျက်နှာနဲ့ ပြိုင်ဘက်ကင်းတဲ့ အမျိုးသမီးငယ် တစ်ယောက် ခန်းမဆောင်ထဲကို လျှောက်ဝင်လာတာကို မြင်တွေ့လိုက်ရသည်။

သူမမှာ အခြားသူမဟုတ် ရှုချွမ်းနှင့် အချိန်အတော်အတန်ကြာ ခွဲခွာနေခဲ့ရသော မဟာ‌ဝေ မင်းသမီးလေး 'နင်ယို့ချီ ' ပင် ဖြစ်ပေသည်။

သူမက ဝင်ရောက်လာပြီးနောက် ပထမဆုံးအနေဖြင့် နင်ချန်ထျန်းကို ဂါရဝပြုလိုက်သည်။

ထို့နောက်တွင်မူ သူမ၏ အကြည့်များက ရှုချွမ်း၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့တော့၏။

"ရှုချွမ်း"

သူမက ရှုချွမ်းကို စိုက်ကြည့်ကာ သူ၏ အမည်ကို တိုးညှင်းစွာ ခေါ်ဆိုလိုက်သည်။

သူမ၏ အနည်းငယ် အေးစက်လှသော အမူအရာများမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့ရပြီး မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့တော့၏။

ရှုချွမ်းသည်လည်း နင်ယို့ချီကို ကြည့်လိုက်ရာ သူ၏ မျက်နှာထက်တွင်လည်း အပြုံးတစ်ခု ထပ်တူပေါ်ထွက်လာခဲ့သည်။

ထို့ပြင် နင်ယို့ချီ၏ သတင်းအချက်အလက်များမှာ ရှုချွမ်း၏ မျက်စိရှေ့မှောက်တွင် ချက်ချင်း ပေါ်ထွက်လာခဲ့တော့၏။

【အမည် - နင်ယို့ချီ 】

【နယ်ပယ် - ကမ္မနယ်ပယ် အဆင့် ၆]

【ပါရမီ - ပြိုင်ဘက်ကင်း】

【ကံကြမ္မာ - ကံကြမ္မာ၏ သမီးတော် (ရွှေရောင်)၊ ထိုက်ယင်နတ်သမီး (ရွှေရောင်)၊ တိုင်းပြည်ဖျက်လောက်သော အလှအပ (ရွှေရောင်)၊ မိမိကိုယ်ကိုယ် တိုးတက်စေခြင်း (ရွှေရောင်)】

【နတ်ဘုရားစွမ်းရည် - ထိုက်ယင်သက်ဆင်းခြင်း၊ နတ်သမီးအစစ်အမှန်ခန္ဓာကိုယ်】

【ဘဝဇာတ်ညွှန်း - ရွေးချယ်ခံရသော အမျိုးသမီးဇာတ်လိုက် ၊ မွေးရာပါ အထွတ်အထိပ်မြင့်မြတ်သူ】

【ဘဝလမ်းကြောင်း - မဟာဝေဧကရာဇ်မင်းဆက်၏ မင်းသမီးလေး ဖြစ်သည်။ သူမ မွေးဖွားသောနေ့တွင် ဆန်းပြားလှသော ကောင်းကင်ဖြစ်စဉ်များက ကောင်းကင်ယံကို လှုပ်ခတ်စေခဲ့သည်။ သိုင်းပညာကျင့်ကြံခြင်းလမ်းစဉ်သို့ ခြေလှမ်းလှမ်းပြီးနောက်တွင်မူ သူမ၏ တိုးတက်မှုနှုန်းမှာ ပိုမိုမြန်ဆန်လှပေသည် ၁ နှစ်အတွင်း ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်၊ ၂ နှစ်အတွင်း ချီစုစည်းခြင်းနယ်ပယ် နှင့် ၃ နှစ်အတွင်း သေမျိုးအဆင့်‌ကျော်လွန်ခြင်း ပြည့်စုံခြင်း သို့ ရောက်ရှိခဲ့သည်။ သို့သော်လည်း သူမ၏ ကိုယ်ပေါ်တွင် ရှိနေသော ထိုက်ယင်သွေးမျိုးဆက်၏ လွှမ်းမိုးမှုကြောင့် သူမသည် နတ်ဘုရားစွမ်းအားနယ်ပယ်သို့ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် သူမက တော်ဝင်နန်းတော်မှ ထွက်ပြေးခဲ့ပြီး ထိုက်ယင်မူလစွမ်းအား ကို ရှာဖွေရန်အတွက် 'အမှောင် ဝိညာဉ်တောင်တန်း ' ရှိ ထိုက်ယင်ဂိုဏ်းအပျက်အစီးနယ်မြေ သို့ ရောက်ရှိလာခဲ့ကာ ၎င်းမူလစွမ်းအား က သူမအား နတ်ဘုရားစွမ်းအားနယ်ပယ်သို့ ဝင်ရောက်နိုင်ရန် ကူညီပေးခဲ့သည်။ မူလစွမ်းအား ကို ရရှိပြီးနောက်တွင်မူ သူမက 'ထိုက်ယင်နတ်သမီး ' ဖြစ်လာခဲ့ပြီး ထိုအချိန်မှစ၍ အမြင့်ပျံသန်းနိုင်ခဲ့တော့သည်။】

【နှစ်သက်မှု- ၉၅ (မပြိုကွဲနိုင်သော အချစ်စစ်)】

【အခွင့်အလမ်း - သုံးရက်ကြာပြီးနောက် သူမက ရှေးဟောင်းစစ်မြေပြင် အပျက်အစီးနယ်မြေ သို့ ဝင်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး အံ့အားသင့်ဖွယ်ရာ ကံကောင်းလှသော အခွင့်အလမ်းတစ်ခုကို ရရှိလိမ့်မည်။】

…

ဤမျှ တိုတောင်းလှသော အချိန်ကာလအတွင်းမှာပင် နင်ယို့ချီ၏ ကျင့်ကြံခြင်းနယ်ပယ်မှာ ကမ္မနယ်ပယ် အဆင့်၆ သို့ တဟုန်ထိုး မြင့်တက်သွားခဲ့ခြင်းက ရှုချွမ်းကို စိတ်ထဲ၌ လှုပ်ခတ်သွားစေခဲ့သည်။

'ကံကြမ္မာရဲ့ သမီးတော် ဖြစ်တဲ့အတိုင်းပါပဲ... မွေးရာပါ အထွတ်အထိပ် မြင့်မြတ်လှပေတယ်။ ထိုက်ယင်သွေးမျိုးဆက်နဲ့ ထိုက်ယင်နတ်ဘုရားခန္ဓာကိုယ်ကို နိုးထစေပြီးတဲ့နောက်မှာ... သူမရဲ့ ကျင့်ကြံခြင်းနယ်ပယ်က အလွန်အမင်း မြန်ဆန်စွာ တိုးတက်လာခဲ့တာပဲ။ တကယ့်ကို အစွမ်းထက်လွန်းလှတယ်' ရှုချွမ်းက စိတ်ထဲတွင် ကျိတ်၍ သက်ပြင်းချလိုက်မိသည်။

သူက ဤအချိန်အတောအတွင်း မြောက်မြားစွာသော အခွင့်အလမ်းများကို ရရှိခဲ့ပြီးမှသာ နိဗ္ဗာနနယ်ပယ် အဆင့် ၂ သို့ ရောက်ရှိနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း နင်ယို့ချီနှင့် ယန်ရှန်းကဲ့သို့သော ကံကြမ္မာလမ်းညွှန်မှုရှိသည့် လူများနှင့် နှိုင်းယှဉ်ပါက သူက အနည်းငယ် နိမ့်ကျနေသေးဆဲ ဖြစ်၏။

ထို့အပြင် နင်ယိုချီ၏ မိမိအပေါ်ထားရှိသော နှစ်သက်မှုပမာဏကလည်း ရှုချွမ်းကို အံ့အားသင့်သွားစေခဲ့သည်။

ရှုချွမ်းက မူလက ကာလအတန်ကြာ ခွဲခွာနေခဲ့ရသဖြင့် သူတို့အကြားမှ နှစ်သက်မှုအမှတ်မှာ အနည်းငယ် လျော့နည်းသွားနိုင်ပြီး သာမန်မိတ်ဆွေအဆင့်သို့ ပြန်လည်ရောက်ရှိသွားနိုင်သည်ဟု တွေးထင်ထားခဲ့သည်။

သို့သော်လည်း မျှော်လင့်မထားဘဲ နှစ်သက်မှုပမာဏမှာ လျော့နည်းမသွားသည့်အပြင် ပိုမိုတိုးပွားလာခဲ့ပြီး ၉၅ မှတ်အထိ တိုက်ရိုက်မြင့်တက်သွားကာ မပြိုကွဲနိုင်သော အချစ်စစ် အဆင့်သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

'တကယ်ပဲ ဘာတွေဖြစ်နေတာလဲ ငါ့ရဲ့ ဆွဲဆောင်မှုက တကယ်ပဲ ဒီလောက်အထိ ကြီးမားနေတာလား' ရှုချွမ်းကိုယ်တိုင်ပင် အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့ရသည်။

သို့သော်လည်း ရှုချွမ်းက ထိုအကြောင်းကို အများကြီး ထပ်မံ၍ မတွေးတောတော့ပေ။

ဤသည်မှာ ကောင်းသောအရာ မဟုတ်ပါလော။ ဘာပဲဖြစ်ဖြစ် သူ့အတွက် ဆုံးရှုံးမှုမရှိသည့်အပြင် လက်တွေ့တွင် အကျိုးအမြတ်များစွာ ရရှိထားခြင်း ဖြစ်သည်။

သူ၏ အတွေးများကို လျင်မြန်စွာ ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် ရှုချွမ်းက ပြုံးလျက် ပြောလိုက်သည်။ "ယို့ချီ"

"ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ... မင်းရဲ့ ကျင့်ကြံခြင်းက ကမ္မနယ်ပယ် အဆင့် ၆အထိ ရောက်သွားပြီပဲ၊ ငါ့ကို အဝေးကြီးမှာ ချန်ထားခဲ့ပြီပေါ့" ရှုချွမ်းက ပြုံးလျက် ပြောလိုက်၏။

"ရှင့်လောက်တော့ မတော် သေးပါဘူး။ ကျွန်မ ရှင့်ရဲ့ လုပ်ရပ်တွေအကြောင်းကို ကြားသိထားပြီးသားပါ။ အဲဒီလောက် အမြောက်အမြားရှိတဲ့ ပါရမီရှင်တွေတောင်မှ ရှင့်ရဲ့ ပြိုင်ဘက် မဟုတ်ကြတာ... ကျွန်မက ဘာပြောစရာ လိုဦးမှာလဲ" နင်ယို့ချီက ရှုချွမ်းကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် ချီးမွမ်းခြင်းနှင့် ချစ်ခင်မှုအရိပ်အယောင်များ တောက်ပနေခဲ့သည်။

"ကျွန်မ ယုံကြည်တယ်... ရှင့်ရဲ့ တကယ့် အစစ်အမှန်ခွန်အားနဲ့ဆိုရင် ကမ္မနယ်ပယ် အဆင့် ၉ သိုင်းပညာရှင်တစ်ယောက် ရောက်လာရင်တောင်မှ ရှင့်ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး"

ဤစကားကို ကြားလိုက်ရသောအခါ ရှုချွမ်းက မပြုံးဘဲ မနေနိုင်ခဲ့ပေ။ "မင်းကတော့ ငါ့ကို အထင်ကြီးလွန်းနေပြန်ပြီ"

All Chapters