← Chapters

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း (၁၃၅) အားလပ်ချိန်များ၊ ရှေးဟောင်းစစ်မြေပြင်သို့ ဦးတည်ခြင်း

နင်ယို့ချီ၏ လမ်းညွှန်မှုဖြင့် ရှုချွမ်းသည် ပထမဆုံးအနေဖြင့် သူ့အတွက် စီစဉ်ပေးထားသော နားမယ့် နေရာသို့ ရောက်ရှိလာခဲ့သည်။

ထို့နောက်တွင်မူ နင်ယို့ချီက ရှုချွမ်းကို မြို့တော်ရှိ အကြီးဆုံး စားသောက်ဆိုင်ဖြစ်သော 'ထျန်ရှန်းမျှော်စင်' သို့ ခေါ်ဆောင်သွားခဲ့သည်။

လွန်ခဲ့သော အချိန်ကာလများကတည်းက နင်ယို့ချီက ရှုချွမ်းကို မြို့တော်သို့ ရောက်ရှိလာပါက ဟော့ပေါ့ ကျွေးမည်ဟု ပြောဆိုခဲ့ဖူးသည်။

ယနေ့တွင်မူ သူမက မိမိ၏ ကတိကို နောက်ဆုံး၌ အကောင်အထည်ဖော်နိုင်ခဲ့ပြီ ဖြစ်သည်။

သူတို့နှစ်ဦးက အတူတူ စားသောက်ရင်း စကားစမြည်ပြောရင်းဖြင့် ပြီးခဲ့သည့် ကာလပတ်လုံး ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို အပြန်အလှန် မျှဝေခဲ့ကြသည်။

မသိမသာဖြင့်ပင် သူတို့အကြားမှ ဆက်ဆံရေးမှာ ပိုမိုနီးကပ်လာခဲ့ရတော့၏။

နောက်ဆုံးတွင်မူ သူတို့သည် တစ်ဦးနှင့်တစ်ဦး ကပ်လျက် ထိုင်နေကြရုံမျှမက နင်ယို့ချီက ရှုချွမ်း၏ ရင်ခွင်ထဲသို့ မှီတွယ်ထားပြီး သူမ၏ သွယ်လျသော ခါးလေးကိုလည်း ရှုချွမ်းက ဖက်ထားခဲ့ကာ နှစ်ဦးသား တိုးတိုး စကားဆိုနေကြတော့သည်။

ညစာ စားသောက်ပြီးနောက် နင်ယို့ချီက ရှုချွမ်းကို မြို့တော်ရှိ 'ကြယ်တာရာကြည့်မျှော်စင်' သို့ ခေါ်ဆောင်သွားခဲ့ပြန်သည်။

ဤအချိန်တွင် ညချမ်းအချိန်ခါသို့ ရောက်ရှိနေပြီ ဖြစ်၏။ တောက်ပသော လမင်းကြီးမှာ ကောင်းကင်ယံ၌ မြင့်မားစွာ သာထွန်းနေပြီး ကြယ်တာရာများမှာလည်း တဖျတ်ဖျတ် တောက်ပနေကြသည်။

ရှုချွမ်းနှင့် နင်ယို့ချီတို့က ဘေးချင်းယှဉ်လျက် မတ်တပ်ရပ်ရင်း ကြယ်ပွင့်စုံလင်သော ကောင်းကင်ယံကြီးကို ငေးမောကြည့်ရှုနေခဲ့ကြသည်။

အေးမြသော လရောင်ဝါးဝါးမှာ သူတို့၏ ကိုယ်ပေါ်သို့ ဖြာကျနေခဲ့ရာ ကြည့်ရသည်မှာ နတ်သက်ကြွေသော ဖူးစာ စုံတွဲတစ်တွဲကဲ့သို့ပင် ဖြစ်နေတော့၏ အဝေးမှ ဖြတ်သန်းသွားလာကြသော လမ်းသွားလမ်းလာများမှာ ဤမြင်ကွင်းကို မြင်သောအခါ မချီးမွမ်းဘဲ မနေနိုင်ကြတော့ဘဲ အားကျမနာလို ဖြစ်ခဲ့ကြရသည်။

ညဉ့်နက်သန်းခေါင်အချိန်သို့ ရောက်ရှိမှသာ သူတို့သည် မိမိတို့၏ တည်းခိုရာ နေရာများသို့ အသီးသီး ပြန်လည်ရောက်ရှိခဲ့ကြသည်။

နောက်ထပ် ရက်အနည်းငယ်အတွင်းမှာပင် ရှုချွမ်းသည် နင်ယို့ချီနှင့်အတူ မြို့တော်အတွင်း လှည့်လည်စူးစမ်းခဲ့ပြီး သူတို့အကြားမှ သံယောဇဉ်ပမာဏမှာလည်း တဟုန်ထိုး မြင့်တက်လာခဲ့သည်။

နင်ယို့ချီ၏ ရှုချွမ်းအပေါ် ထားရှိသော ချစ်ခင်မှုရမှတ်မှာမူ ၉၇ မှတ်အထိ တိုက်ရိုက် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ထိုနေ့တွင်မူ...

ရှုချွမ်းနှင့် နင်ယိုချီတို့က လျိုရီ အသတ်ခံခဲ့ရသော လမ်းမကြီးထံသို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့ကြပြန်သည်။

ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် မျက်စိလျင်လှသော ရှုချွမ်းသည် မိမိ ယခင်က ကယ်တင်ခဲ့ဖူးသော '‌ကျိုးလင်းအာ' ကို ချက်ချင်း မြင်တွေ့လိုက်ရသည်။

သူမက လမ်းဘေးတွင် ကြောက်ရွံ့တုန်လှုပ်စွာ မတ်တပ်ရပ်နေပြီး ပတ်ဝန်းကျင်ကို အမြဲမပြတ် လှည့်ပတ်ကြည့်ရှုနေခဲ့ရာ၊ ကြည့်ရသည်မှာ တစ်စုံတစ်ခုကို ရှာဖွေနေခဲ့သကဲ့သို့ပင်။

ရုတ်တရက် သူမက ရှုချွမ်းကို မြင်တွေ့သွားခဲ့သည်။

သူမ၏ မျက်လုံးများထဲတွင် အံ့အားသင့် မှုများ ချက်ချင်း ပေါ်ထွက်လာခဲ့ပြီးနောက် ရှုချွမ်း၏ ထံသို့ လျင်မြန်စွာ ပြေးဝင်လာခဲ့တော့သည်။

သူမသည် ရှုချွမ်း၏ အနားသို့ ရောက်ရှိချိန်တွင်မှ အရှိန်သတ်လိုက်၏။

"သခင်လေး... ကျွန်မရဲ့ တာဝန် ပြီးဆုံးသွားပါပြီ၊ ကျေးဇူးတင်ပါတယ် သခင်လေး" ဟု ပြောဆိုရင်း သူမက ရှုချွမ်းကို ဦးညွှတ်လိုက်ပြီးနောက် တစ်စုံတစ်ခုကို သတိရသွားပုံရသည်။

သူမသည် မိမိ၏ ရင်ခွင်အတွင်းသို့ ခဏမျှ နှိုက်ယူရှာဖွေလိုက်ပြီးနောက် ယွမ်ကျောက်တုံး အရေအတွက် ဒါဇင်အချို့နှင့် ရှုချွမ်း၏ တိုကင် ကို ထုတ်ယူလိုက်သည်။

"သခင်လေး... ဒါကတော့ သခင်လေးရဲ့ တိုကင် နဲ့... ကျန်ရှိနေတဲ့ ယွမ်ကျောက်တုံးတွေ ပါ" ပြောပြီးသည်နှင့် သူမက ၎င်းတို့ကို လက်နှစ်ဖက်ဖြင့် မြှောက်ကိုင်လျက် ရှုချွမ်းထံသို့ ရိုသေစွာ ကမ်းပေးလိုက်သည်။

ရှုချွမ်းက သူမ၏ လက်ထဲမှ သူတော်စင်သားတော်အဆင့် တိုကင် ကို ပြန်လည်ယူဆောင်လိုက်သော်လည်း ယွမ်ကျောက်တုံး ဒါဇင်အချို့ကိုမူ ပြန်လည်ယူဆောင်ခြင်း မပြုခဲ့ပေ။

"ဒီယွမ်ကျောက်တုံးတွေကိုတော့ မင်းပဲ သိမ်းထားလိုက်ပါ၊ မင်း ဝယ်ချင်တာရှိရင် ဝယ်ဖို့ သုံးပေါ့" ရှုချွမ်းက သူ၏ လက်ကို ဝေ့ယမ်းလျက် ပြောလိုက်သည်။

၎င်းမှာ ယွမ်ကျောက်တုံး ဒါဇင်အချို့မျှသာ ဖြစ်ရာ ယခု လက်ရှိအချိန်တွင် သူ့အနေဖြင့် စိုးစဉ်းမျှ ဂရုစိုက်နေရန် မလိုတော့ ပေ။

သို့သော်လည်း ယွမ်ကျောက်တုံး ဒါဇင်အချို့မှာ သာမန်လူတန်းစားများအကြားတွင်မူ လွန်စွာ ကောင်းမွန်သော ဝယ်ယူနိုင်စွမ်းရှိနေဆဲ ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် သခင်လေး" ကျိုးလင်းအာက ယွမ်ကျောက်တုံးများကို သိမ်းဆည်းလိုက်ပြီး ရှုချွမ်းကို နောက်တစ်ကြိမ် ထပ်မံဦးညွှတ်လိုက်သည်။

ယခုအခါတွင် သူမက မိမိကိုယ်ကိုယ် ရှုချွမ်း၏ အစေခံမိန်းကလေးတစ်ဦးအဖြစ် လုံးဝ ခံယူထားခဲ့ပြီ ဖြစ်ကာ စကားလုံးတိုင်းနှင့် အပြုအမူတိုင်းတွင် လေးစားမှုများ အပြည့်အဝ ထင်ဟပ်နေခဲ့သည်။

"သူမက ဘယ်သူလဲ" နင်ယို့ချီက ဤမြင်ကွင်းကို မြင်တွေ့သောအခါ ရှုချွမ်းကို မေးမြန်းလိုက်သည်။

သူမတွင် အခြားသော ရည်ရွယ်ချက်မျိုး ရှိမနေဘဲ သာမန် စူးစမ်းချင်စိတ်သက်သက်သာ ဖြစ်၏။

ဂုဏ်သရေရှိလှသော သူတော်စင် သားတော်အဆင့် ရှုချွမ်းအနေဖြင့် ဤကဲ့သို့သော ဆင်းရဲနွမ်းပါးသည့် ကုန်းကောက်စရာမရှိသည့် မိန်းကလေးမျိုးကို မည်သို့ သိရှိနေရသနည်းဆိုသည်ကို သူမ စူးစမ်းချင်နေခြင်း ဖြစ်သည်။

နင်ယိုချီ၏ မေးခွန်းနှင့် ရင်ဆိုင်ရချိန်တွင် ရှုချွမ်းသည် ထိုမိန်းကလေးနှင့် ပတ်သက်၍ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည်ပြောပြခဲ့သည်။

ရှုချွမ်း၏ ပြောပြချက်ကို ကြားနာပြီးနောက်တွင်မူ သူမ၏ မျက်လုံးများထဲတွင်လည်း သနားကရုဏာစိတ်များ ပေါ်ထွက်လာခဲ့တော့၏။

"သနားစရာလေးပဲ... စိတ်မပူပါနဲ့တော့၊ နောက်ဆိုရင် ဘယ်သူမှ မင်းကို လာပြီး မနှိပ်စက်ရဲတော့စေရဘူး" ပြောပြီးသည်နှင့် နင်ယို့ချီသည် ကျိုးလင်းအာ၏ လက်ကို ဆွဲကိုင်လိုက်ပြီး ဘေးနားရှိ အဝတ်အထည်ဆိုင်တစ်ဆိုင်ထံသို့ ဦးတည်လှမ်းလျှောက်သွားခဲ့တော့သည်။

"လာပါ... ငါ မင်းအတွက် အဝတ်အစားတချို့ ဝယ်ပေးမယ်"

ရှုချွမ်းမှာမူ သက်ပြင်းချလျက် သူတို့၏ နောက်မှတိတ်တိတ်‌လေး လိုက်ပါသွားခဲ့ရတော့သည်။

မည်ကဲ့သို့သော ကမ္ဘာလောကသို့ ရောက်ရှိနေပါစေ အမျိုးသမီးဟူသည် အမျိုးသမီးပင် ဖြစ်သည်ဟု ပြောရပေလိမ့်မည်။

ရှုချွမ်းသည် ဆိုင်၏ အပြင်တွင် တစ်နာရီအပြည့် စောင့်ဆိုင်းပြီးနောက်မှသာ နင်ယို့ချီ နှင့် ကျိုးလင်းအာတို့ ဆိုင်အတွင်းမှ ထွက်လာခဲ့ကြသည်။

သို့သော်လည်း ကျိုးလင်းအာကို မြင်လိုက်ရသည့် ခဏ၌ ရှုချွမ်းပင် စိတ်ထဲ၌ အနည်းငယ် လှုပ်ခတ်သွားခဲ့ရသည်။

'တိုင်းပြည်ကိုဖျက်စီးနိုင်လောက်သော အလှအပ' ကဲ့သို့သော ကံကြမ္မာမျိုးကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးဇာတ်လိုက် ဖြစ်သည့်အတိုင်းပါပဲ သူမသည် အဝတ်အစားကို လဲလှယ်လိုက်ရုံမျှဖြင့် လူတစ်ယောက်လုံး လုံးဝ ကွဲပြားခြားနားသွားခဲ့သကဲ့သို့ ဖြစ်နေတော့သည်။

ယခုအခါတွင် သူမ၏ အလှအပမှာ နင်ယို့ချီနှင့်ပင် ရင်ဘောင်တန်းနိုင်မည့် အနေအထားသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ရာ နင်ယိုချီကိုယ်တိုင်ပင် အလွန်အမင်း အံ့အားသင့်သွားခဲ့ရသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာပင် နန်းတော်တော်ဝင်အစေခံတစ်ဦးက ရှုချွမ်းနှင့် လူစုကို လာရောက်ရှာဖွေတွေ့ရှိသွားခဲ့သည်။

"မင်းသမီးလေး.... သူ‌တော်စင် သားတော် ရှုချွမ်း... ဧကရာဇ်မင်းမြတ်က သင်တို့နှစ်ဦးကို နန်းတော်ထဲကို ကြွရောက်ပေးဖို့ အမိန့်တော်ချမှတ်လိုက်ပါတယ်" သူက ရှုချွမ်းနှင့် နင်ယို့ချီတို့ကို မြင်တွေ့သောအခါ ချက်ချင်းပင် ဦးညွှတ်ဂါရဝပြုလျက် သတင်းစကားပါးလိုက်၏။

ဤသည်ကို ကြားလိုက်ရသောအခါ ရှုချွမ်းက ရှေးဟောင်းစစ်မြေပြင်သို့ ထွက်ခွာရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်သည်။

ရုတ်တရက် ရှုချွမ်းက ဝေခွဲမရ ဖြစ်မနေတော့ဘဲ နင်ယိုချီနှင့်ကျိုးလင်းအာတို့ကို ခေါ်ဆောင်လျက် နန်းတော်သို့ ဦးတည်ထွက်ခွာခဲ့တော့သည်။

သို့သော်လည်း နန်းတော်အတွင်းသို့ မဝင်ရောက်မီ ရှုချွမ်းက ကျိုးလင်းအာ တွက် တည်းခိုခန်း တစ်ခုကို ရှာဖွေပေးခဲ့သည်။

ရှုချွမ်းက "ဒီနေရာမှာ ရက်အနည်းငယ်လောက် တည်းခိုနေဦး၊ ငါ အလုပ်တွေပြီးရင် မင်းကို လာရှာပါ့မယ်"

"ဟုတ်ကဲ့ပါ" ကျိုးလင်းအာက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်၏။

ထို့နောက်တွင်မူ ရှုချွမ်းက သူ၏ လက်ဖဝါးကို သူမ၏ နဖူးထက်သို့ တင်လိုက်ပြီး ကျင့်စဉ်တစ်ခုကို လွှဲပြောင်းပေးလိုက်သည်။

၎င်းမှာ 'ဖန်တီးခြင်းကျင့်စဉ်' ဟု ခေါ်ဆိုသော ကျင့်စဉ်တစ်ခု ဖြစ်ပြီး နွီဝါးမျိုးနွယ်စု ထံမှ တိုက်ရိုက်ဆင်းသက်လာသောအရာ ဖြစ်၏။

ဤကျင့်စဉ်ကို ကျင့်ကြံခြင်းအားဖြင့် ကျိုးလင်းအာက သူမ၏ ကိုယ်ပေါ်တွင် ရှိနေသော နွီဝါးသွေးမျိုးဆက်ကို မကြာမီအတွင်းမှာပင် နိုးထလာစေနိုင်မည် ဖြစ်သည်။

ကျန်ရှိသော အခြားကိစ္စများကိုမူ ရှုချွမ်းအနေဖြင့် စိုးရိမ်ပူပန်နေရန် မလိုအပ်တော့ ပေ။

မိမိ၏ စိတ်ထဲတွင် ကျင့်စဉ်၏ အမွေအနှစ်များကို ခံစားသိရှိလိုက်ရသောအခါ ကျိုးလင်းအာမှာ သူမ၏ ခေါင်းကို အနည်းငယ် ငုံ့လိုက်ပြီး အံ့အားသင့်စွာ ပြောဆိုလိုက်တော့သည်။

"ကျင့်စဉ်ကို သင်ကြားပေးတဲ့အတွက်... သခင်လေးကို ကျေးဇူးအများကြီး တင်ပါတယ်"

သူမအနေဖြင့် ဤကျင့်စဉ်မှာ မည်ကဲ့သို့သော အဆင့်အတန်းရှိသနည်းဆိုသည်ကို မသိရှိသော်လည်း အနိမ့်ဆုံးဖြစ်သော 'အဝါ‌ရောင်အဆင့်' ကျင့်စဉ်မျိုးပင်လျှင် သူမကဲ့သို့သော လူတန်းစားအတွက် ရရှိနိုင်သောအရာ မဟုတ်‌ပေ။

သို့သော်လည်း ယခုအခါတွင်မူ ရှုချွမ်းက ၎င်းကို ပေါ့ပေါ့ပါးပါးပင် ပေးသနားခဲ့ခြင်း ဖြစ်ရာ ဤသည်မှာ သူမအနေဖြင့် အိပ်မက်ပင် မမက်ရဲခဲ့ဖူးသောအရာ ဖြစ်ပေသည်။

"ဘာမှမဟုတ်ပါဘူး... မင်းက ငါ့ရဲ့ အစေခံမိန်းကလေး ဖြစ်နေမှတော့ ကျင့်ကြံခြင်း စွမ်းအား မရှိလို့ ဘယ်ဖြစ်ပါ့မလဲ" ရှုချွမ်းက အေးဆေးစွာ ပြောလိုက်သည်။

ထို့နောက်တွင်မူ သူသည် သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်ပြီး အခြေခံကျင့်ကြံခြင်း ပစ္စည်းအချို့နှင့် ယွမ်ကျောက်တုံးအချို့ကို ထည့်သွင်းကာ ကျိုးလင်းအာထံသို့ ကမ်းပေးလိုက်သည်။

"ဒီနေရာမှာ ကောင်းကောင်းမွန်မွန် ကျင့်ကြံနေပါ။ ငါ ပြန်လာတဲ့အချိန်မှာ... မင်းအနေနဲ့ သိုင်းတာအို ကို တရားဝင် စတင်ခြေလှမ်းလှမ်းနိုင်ပြီဖြစ်ဖို့ မျှော်လင့်ပါတယ်" ပြောပြီးသည်နှင့် ကျိုးလင်းအာ၏ ပြန်လည်ပြောကြားမည့် စကားကို စောင့်ဆိုင်းမနေတော့ဘဲ ရှုချွမ်းက နင်ယို့ချီ၏ လက်ကို ဆွဲကိုင်ကာ နန်းတော်သို့ လျင်မြန်စွာ ဦးတည်ထွက်ခွာခဲ့တော့သည်။

"ကျွန်မ သေချာပေါက် ကြိုးစားပါ့မယ်" ရှုချွမ်းနှင့် နင်ယို့ချီတို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း ကျိုးလင်အာ၏ မျက်နှာထက်တွင် ပြတ်သားသော စိတ်ပိုင်းဖြတ်မှု အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ပြီး သူမဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။

သူမက အခြားသူများ၏ နှိပ်စက်ညှဉ်းပန်းမှုကို ဆက်လက်၍ မခံယူလိုတော့ ပေ။

သူမက သန်မာလာချင်ပြီး မိမိ၏ ဖခင်အတွက် ကလဲ့စားချေချင်နေခဲ့ပြီ ဖြစ်သည်။

အဓိကတရားခံဖြစ်သော လျိုရီမှာ သေဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း အကယ်၍ ကျန်းယွမ်မင်းသား လျိုချီသာ အလိုလိုက်ထားခြင်း မရှိခဲ့ပါက လျိုရီအနေဖြင့် သူမ၏ ဖခင်ကို သတ်ဖြတ်ဝံ့မည် မဟုတ် ပေ။

ထို့ကြောင့် သူမက မိမိ၏ နာကျည်းမှုပစ်မှတ်ကို ကျန်းယွမ်မင်းသားကြီး လျိုချီထံသို့ ပြောင်းလဲသတ်မှတ်လိုက်တော့သည်။

သူမက တစ်နေ့တွင် ထိုသူတို့ကို သွေးကြွေးပြန်ဆပ်စေရမည်ဟု ဤအခိုက်အတန့်တွင် ကျိန်ဆိုလိုက်တော့၏။

အခြားတစ်ဖက်တွင်မူ...

ရှုချွမ်းနှင့် နင်ယို့ချီတို့က နန်းတော်၏ ပင်မညီလာခံခန်းမကြီးထံသို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။

သူတို့က ခန်းမ အတွင်း၌ နင်ချန်ထျန်း အပါအဝင် ကျန်းယွမ်မင်းသားကြီး လျိုချီ၊ ယန်ရှန်းနှင့် ကမ္မနယ်ပယ် သိုင်းပညာရှင် အဖွဲ့တစ်ဖွဲ့တို့ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

ရှုချွမ်းနှင့် နင်ယို့ချီတို့ အတူတူ ဝင်ရောက်လာသည်ကို မြင်သောအခါ ထိုသူအားလုံး၏ အကြည့်များမှာ သူတို့ထံသို့ ကျရောက်လာခဲ့ကြ၏။

ရှုချွမ်းက သူတို့၏ သတင်းအချက်အလက်များကို စစ်ဆေးရန် စနစ်ကို အသုံးပြုလိုက်ရာ အသစ်အဆန်းအချို့ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

ရှုချွမ်း မသိရှိသော ထိုလူစုအကြားတွင် ထိုသူထဲမှ တစ်ဦးမှာ အမှန်စင်စစ်အားဖြင့် ရုပ်ဖျက်ထားသော 'ချန်ဖုန်း' ပင် ဖြစ်နေခဲ့တော့သည်။

ရှုချွမ်းအနေဖြင့် စနစ်၏ သတင်းအချက်အလက်များ မရှိခဲ့ပါက ထိုသူ၏ သရုပ်မှန် ကို ခွဲခြားသိရှိနိုင်မည် မဟုတ် ပေ။

ဤကဲ့သို့သော မိမိ၏ ရုပ်သွင်ကို ပြောင်းလဲနိုင်သည့် ကျင့်စဉ် က ရှုချွမ်း၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့သည်။

ထို့ပြင် ချန်ဖုန်းသည်လည်း ရှုချွမ်း ရောက်ရှိလာခြင်းကို သေချာပေါက် သတိပြုမိလိုက်ပြီး သူက ရှုချွမ်းကို စူးစိုက်ကြည့်ကာ မျက်လုံးများထဲတွင် မုန်းတီးမှုအရိပ်အယောင်များ ပေါ်ထွက်နေခဲ့သော်လည်း ၎င်းကို လွန်စွာ ကောင်းမွန်စွာ ဖုံးကွယ်ထားခဲ့သည်။

"အရိုအသေပေး ပါတယ် ဧကရာဇ်နင်" လူတိုင်း၏ အကြည့်များနှင့် ရင်ဆိုင်ရချိန်တွင်ပင် ရှုချွမ်းမှာမူ တည်ငြိမ်အေးဆေးစွာဖြင့် ယဉ်ကျေးပျူငှာစွာ ဦးညွှတ်နှုတ်ဆက်လိုက်တော့သည်။

All Chapters