← Chapters

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း (၁၃၈) ချန်ဖုန်း ပေါ်လာခြင်း၊ ဆိုက်ရောက်လာသော သေခြင်း

ရှုချွမ်း၏ ဝိညာဉ်ရှာ‌ဖွေမှုကို ခံလိုက်ရပြီးနောက် ညှို့မှော်မိစ္ဆာမမှာ ထိုနေရာ၌ပင် အသက်ပျောက်သွားခဲ့တော့သည်။

ရှုချွမ်းက သူမ၏ အလောင်းကို ပစ်ထားခဲ့ပြီး ထိုဂူကိုလည်း စိတ်မဝင်စားတော့ချေ။

၎င်းအရာမှာ မိစ္ဆာမျိုးနွယ်စုများက သားကောင်များကို ဆွဲဆောင်ရန် ဖန်တီးထားသည့် ထောင်ချောက်တစ်ခုမျှသာ ဖြစ်သည်။

ထို့နောက် ရှုချွမ်းသည် သူ၏ ခရီးစဉ်ကို ဆက်လက်လျှောက်လှမ်းခဲ့၏။

အခြားတစ်ဖက်တွင်မူ...

ချန်ဖုန်းသည် သက်ပြင်းအရှည်ကြီးတစ်ချက်ကို စိတ်သက်သာရာရစွာ ချလိုက်မိသည်။

သူ ဤရှေးဟောင်းစစ်မြေပြင်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့ခြင်းမှာ ကမ္မနယ်ပယ်ရှိ ပါရမီရှင်တစ်ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက် ထိုသူ၏ ရုပ်သွင်ကို အသွင်ပြောင်းလဲခြင်းကျင့်စဉ် ဖြင့် အတုအယောင် ဟန်ဆောင်ခဲ့သောကြောင့် ဖြစ်၏။

ယခင်က တော်ဝင်နန်းတော်အတွင်း၌ ရှိနေစဉ်က နင်ချန်ထျန်းတစ်ယောက် မိမိ၏ မမှန်မကန်မှုကို ရိပ်မိသွားပြီး အတုအယောင်မှန်း သိရှိသွားမည်ကို စိုးရိမ်သဖြင့် အသက်ကိုပင် ပြင်းပြင်းမရှူရဲခဲ့ချေ။

ကံကောင်းထောက်မစွာဖြင့် သူ မတော်တဆ ရရှိထားခဲ့သော အသွင်ပြောင်းလဲခြင်းကျင့်စဉ် မှာ အလွန်အမင်း ဆန်းကြယ်လှသဖြင့် အထွတ်အထိပ် ကောင်းကင်ဘုရင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် နင်ချန်ထျန်းပင်လျှင် သူ၏ အသွင်ဖုံးကွယ်မှုကို ထိုးထွင်းမမြင်နိုင်ခဲ့ချေ။

ထိုသို့ဆိုစေဦးတော့ သူက အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေခဲ့ရဆဲ ဖြစ်သည်။

ကံကောင်းစွာဖြင့် နောက်ဆုံးတွင်မူ ရှေးဟောင်းစစ်မြေပြင်အတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်၏။

သူက အဘယ်ကြောင့် ဤရှေးဟောင်းစစ်မြေပြင်သို့ လာချင်နေခဲ့ရသနည်း။

၎င်းမှာ ဝမ်ပေါင်ကုန်သွယ်‌ရေးမျှော်စင်၌ ရှိသမျှ သူ၏ အခွင့်အလမ်းမှန်သမျှကို ရှုချွမ်းက ကြားဖြတ်လုယူသွားခဲ့သောကြောင့် ဖြစ်ပေသည်။

သူက ဤသည်ကို မကျေမနပ် ဖြစ်နေခဲ့သဖြင့် မိမိ၏ ခွန်အားကို အသည်းအသန် မြှင့်တင်ကာ ရှုချွမ်းကို ကလဲ့စားချေရန် အမြဲတစေ ကြံစည်နေခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် သူက မိမိကိုယ်ကိုယ် တိုးတက်စေမည့် နည်းလမ်းများကို အဆက်မပြတ် ရှာဖွေနေခဲ့သည်။

သို့သော်လည်း တိုက်ဆိုင်မှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။

လွန်ခဲ့သော နှစ်ရက်ခန့်က သူက ဈေးအတွင်း၌ ရှေးဟောင်းစက္ကူစာရွက်တစ်ရွက်ကို ရရှိခဲ့ပြီး ၎င်း၏ အလွှာများအတွင်း၌ အခွင့်အလမ်းကြီးတစ်ခု တည်ရှိရာနေရာကို မှတ်တမ်းတင်ထားခြင်း ဖြစ်ပေသည်။

ဤအခွင့်အလမ်းသာ ရှိပါက သူက ပိုမိုမြင့်မားသော ကျင့်ကြံခြင်းနယ်ပယ်သို့ တစ်ဟုန်ထိုး အဆင့်တက်လှမ်းနိုင်မည်ဟု မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိနေခဲ့သည်။

သို့သော်လည်း ထိုအခွင့်အလမ်းမှာ ရှေးဟောင်းစစ်မြေပြင်အတွင်း၌ ဝှက်နေခဲ့သဖြင့် ချန်ဖုန်းအနေဖြင့် သွားရောက်ရန် လမ်းစမရှိ ဖြစ်နေခဲ့ရသည်။

သို့သော် ပို၍ပင် တိုက်ဆိုင်လှသောအရာတစ်ခု ဖြစ်ပျက်ခဲ့ပြန်သည်။

ချန်ဖုန်းတစ်ယောက် ရှေးဟောင်းစစ်မြေပြင်အတွင်းသို့ မည်သို့ဝင်ရောက်ရမည်ကို စိတ်ပူပန်နေရသည့် အချိန်၌ပင် ပါရမီရှင်တစ်ဦးက သတင်းအချို့ကို ပေါက်ကြားခဲ့ရာ ချန်ဖုန်းက ၎င်းကို အခွင့်အရေးကောင်းအဖြစ် ချက်ချင်း ဆုပ်ကိုင်လိုက်တော့သည်။

သူက အားလုံးကို လောင်းကြေးထပ်ရန် ဆုံးဖြတ်လိုက်ပြီး ထိုပါရမီရှင်ကို တိုက်ရိုက် အစဖျောက်သတ်ဖြတ်ပစ်ကာ အသွင်ပြောင်းလဲခြင်းကျင့်စဉ် ဖြင့် ထိုသူအဖြစ် ဟန်ဆောင်လျက် ရှေးဟောင်းစစ်မြေပြင်အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်၏။

"မင်း စောင့်နေလိုက်ဦး ရှုချွမ်း... ငါ အဲဒီအခွင့်အလမ်းကို ရရုံရှိသေးတယ်"

"ရှုချွမ်းပဲဖြစ်ဖြစ် သူတော်စင်သားတော်အဆင့်ပဲဖြစ်ဖြစ် ဝမ်ပေါင် ကုန်သွယ်ရေးအဖွဲ့ပဲဖြစ်ဖြစ်... မင်းတို့အားလုံးကို မြေမြှုပ်စရာနေရာတောင် မရှိစေရဘူး"

"အဲဒီအချိန်ကျရင် နင်ယို့ချီက ငါ့အပိုင် ဖြစ်လာလိမ့်မယ်"

"ငါ့ကို ရန်စဝံ့တဲ့သူမှန်သမျှ ဘယ်တော့မှ နိဂုံးမလှစေရဘူးဆိုတာကို လူတိုင်းသိအောင် ငါ ပြပေးမယ်"

ဤသို့ တွေးတောမိရင်း ချန်ဖုန်း၏ မျက်နှာထက်တွင် ကျေနပ်ပီတိဖြစ်နေသော အမူအရာတစ်ခုမှာ မတတ်သာဘဲ ပေါ်ထွက်လာခဲ့ရတော့သည်။

အနာဂတ်ကြီးမှာ သူ၏ မျက်စိရှေ့မှောက်တွင် ဖြန့်ကျက်လာခဲ့သကဲ့သို့ပင်။

သူက ရှုချွမ်းကို ခြေဖဝါးဖြင့် နင်းခြေထားပြီး နင်ယို့ချီကို ရင်ခွင်ထဲ ထည့်ထားကာ မိမိကို ရန်စခဲ့ဖူးသူမှန်သမျှ မြေပြင်ပေါ်တွင် ဒူးထောက်လျက် အသက်ချမ်းသာပေးရန် တောင်းပန်နေကြသည်ကို စိတ်ကူးယဉ်နေခဲ့သည်။

သူက စိတ်ကူးယဉ်မှုများထဲမှ ရုန်းထွက်လိုက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ခရီးကို အရှိန်မြှင့်တင်လိုက်တော့သည်။

သူက ထိုအခွင့်အလမ်းကို အမြန်ဆုံး ရယူကာ လျင်မြန်စွာ အင်အားကြီးမားလာပြီး အစွမ်းထက်ဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာချင်နေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ကံကြမ္မာ၏ အလှည့်အပြားတစ်ခုကဲ့သို့ပင်။

သူ ခရီးနှင်နေသော လမ်းကြောင်းနှင့် ရှုချွမ်း လာနေသော လမ်းကြောင်းမှာ တည့်တည့်ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။

ထို့ကြောင့် မကြာမီ အချိန်အတွင်းမှာပင် သူတို့နှစ်ဦးမှာ ထိပ်တိုက်ဆုံတွေ့ကြရတော့မည် ဖြစ်၏။

...

တစ်ရက်တာ ကုန်ဆုံးသွားခဲ့ပြီးနောက်

ရှုချွမ်းသည် လမ်းခရီး၌ ရှိနေဆဲ ဖြစ်သည်။

လမ်းခရီးတစ်လျှောက်တွင် ရှုချွမ်းက မိစ္ဆာမျိုးနွယ်စုဝင် အချို့ကို တွေ့ရှိခဲ့ရသော်လည်း သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာ မမြင့်မားလှဘဲ နိဗ္ဗာနနယ်ပယ်နှင့် ၎င်းအောက်၌သာ ရှိနေကြသဖြင့် အလွယ်တကူပင် အစဖျောက်ပေးလိုက်သည်။

ထိုမိစ္ဆာများ သေဆုံးသွားပြီးနောက် မည်သည့်အရာမျှ ကျန်ရစ်ခြင်းမရှိဘဲ ကျန်ရှိနေသော အကြွင်းအကျန်များက ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသဖြင့် ရှုချွမ်းမှာ တော်တော်လေး စိတ်ပျက်မိသည်။

၎င်းတို့က တကယ့်ကို အသုံးမဝင်လှချေ။

အလွန်အမင်း အေးစက်လှသော 'အအေးပိုင်းဒေသ' သို့ ရောက်ရှိလာချိန်တွင်မူ ရှုချွမ်း၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားခဲ့ရသည်။

ချက်ချင်းပင် သူက နှစ်အတော်ကြာအောင် အသုံးမပြုဖြစ်ခဲ့သော 'ကောင်းကင်လှည့်စား ကျောက်စိမ်းအဆောင် ' ကို ထုတ်ယူလိုက်ပြီး သူ၏ ရုပ်သွင်ကို ဖြတ်ခနဲ လက်ခနဲ ဖြစ်သွားစေလျက် ကိုယ်ယောင်ဖျောက်လိုက်တော့သည်။

သူ့ရှေ့မှာ တည့်တည့်ရှိနေတဲ့ သူက အသွင်ပြောင်းလဲထားသော ချန်ဖုန်း ရှိနေခဲ့ခြင်း ဖြစ်၏။

ယခုအချိန်တွင် သူက ပတ်ဝန်းကျင်ကို ခိုးကြောင်ခိုးဝှက် ကြည့်ရှုနေပြီး မည်သူမျှမရှိကြောင်း သေချာမှသာ အအေးပိုင်းဒေသ၏ နက်ရှိုင်းရာဆီသို့ လှမ်းလျှောက်သွားခဲ့သည်။

ရှုချွမ်းက ချန်ဖုန်း၏ ရုပ်သွင်ကို လှမ်းမြင်လိုက်ရသဖြင့် ကိုယ်ယောင်ဖျောက်လိုက်ခြင်း ဖြစ်ပြီး သူ မည်သည်ကို လုပ်ဆောင်မည်နည်းဆိုသည်ကို စောင့်ကြည့်လိုခြင်း ဖြစ်ပေသည်။

သို့သော်လည်း ထိုသို့မလုပ်ဆောင်မီ ရှုချွမ်းက သူ၏ စနစ်ကို အသုံးပြု၍ ချန်ဖုန်း၏ အချက်အလက် ဇာတ်ညွှန်းကို နောက်တစ်ကြိမ် ထပ်မံစစ်ဆေးလိုက်သည်။

မည်သည့် အပြောင်းအလဲများ ရှိနေသနည်းဆိုသည်ကို သိရှိနိုင်ရန် ဖြစ်၏။

【အမည် - ချန်ဖုန်း】

【ကျင့်ကြံခြင်းအဆင့် - ကမ္မနယ်ပယ် အဆင့် ၂】

【ပါရမီ - ပြိုင်ဘက်ကင်း ဘုရင်】

【ကံကြမ္မာ - ရွေးချယ်ခံရသော ဇာတ်လိုက် (ရွှေရောင်)၊ ကံကောင်းခြင်းနှင့် ကံဆိုးခြင်း ရောနှောနေသူ (ရွှေရောင်)၊ ကံ ဆိုးကို ပြောင်းပြန်လှန်နိုင်သူ (ခရမ်းရောင်)၊ မွေးရာပါ စိတ်ပုပ်သူ (အဖြူရောင်)၊ ကပ်ဘေးကြယ် (အဖြူရောင်)၊ သေခြင်း ဆိုက်ရောက်နေသူ (အဖြူရောင်)】

【နတ်ဘုရား စွမ်းရည် - အနန္တ ဝိညာဉ်ပေါင်းစပ်ခြင်း 】

【ဘဝဇာတ်ညွှန်း - 'အနန္တ ဝိညာဉ်တို့ဧ။် ဘိုးဘေး' ၏ ဇာတ်လိုက်】

【ဘဝလမ်းကြောင်း - ချန်မိသားစု‌၏ တရားမဝင် သားဖြစ်ပြီး မိသားစုအတွင်း၌ အသိအမှတ်ပြုခြင်းမခံရဘဲ အပယ်ခံခဲ့ရသည်။ နောက်ပိုင်းတွင် 'အနန္တ ဝိညာဉ် သုံးချောင်းထောက် မီးဖိုကြီး ' ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီး နောက်ဆုံး၌ ထို အနန္တ ဝိညာဉ် သုံးချောင်းထောက် အိုးကြီး၏ အရာအားလုံးကို အရည်ပျော်စေနိုင်သော စွမ်းအားကို အသုံးချကာဧကရာဇ်အရှင်နယ်ပယ် သို့ ရောက်ရှိခဲ့ကာ 'အနန္တ ဝိညာဉ်တို့ဧ။် ဘိုးဘေး' အဖြစ် လေးစားကြည်ညိုခြင်း ခံခဲ့ရသည်။】

【နှစ်သက်မှုအဆင့် - -၇၀ (အလွန်အမင်း ရန်လိုသူ)】

【အခွင့်အလမ်း - အခွင့်အလမ်းတစ်ခု၏ သတင်းအချက်အလက်ကို ရရှိခဲ့ပြီး ရှေးဟောင်းစစ်မြေပြင်ရှိ အအေးပိုင်းဒေသသို့ ဝင်ရောက်ကာ လျှိုဝှက်ဆန်းကြယ်‌သော ရေခဲကျောက်စိမ်း ကို ရရှိလိမ့်မည်။ ဤအရာက ကျင့်ကြံနေစဉ်အတွင်း စိတ်ကို ငြိမ်သက်စေရန် ကူညီပေးနိုင်ပြီး တာအိုကို နားလည်သည့်အခြေအနေသို့ ဝင်ရောက်ရန် ပိုမိုလွယ်ကူစေပါသည်။ ရေရှည်ပိုင်ဆိုင်ထားခြင်းသည် တာအိုကို အဆက်မပြတ်နားလည်နိုင်စေပြီး အလွန်အမင်း တန်ဖိုးကြီးမားလှသော ရတနာ ဖြစ်ပေသည်】

【ရွေးချယ်ခံရသော ဇာတ်လိုက် - ကောင်းကင်ဘုံ၏ သတ်မှတ်ခြင်းခံရသူ၊ ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုကို ရရှိထားသော သားတော်။】

【ကံကောင်းခြင်းနှင့် ကံဆိုးခြင်း ရောနှောနေသူ - အခွင့်အလမ်းများ၏ ဘေးနားတွင် အန္တရာယ်ကပ်ဘေးများ အမြဲ ခြုံခိုနေတတ်သည်။ ဤကံကြမ္မာကြောင့် ဘေးဒုက္ခနှင့် ရင်ဆိုင်ရချိန်တိုင်း အခွင့်အလမ်းကောင်းကို အမြဲရရှိတတ်ပြီး အခွင့်အလမ်းကို ရရှိချိန်တွင်လည်း အန္တရာယ်နှင့် ကြုံတွေ့ရတတ်သည်။】

【သတ်ဖြတ်ခြင်းခုနစ်ပါး လွှမ်းမိုးခြင်း - မိမိ၏ ဘေးပတ်ဝန်းကျင်ရှိသူများကို ကံဆိုးမှုများ ဆောင်ကြဉ်းပေးတတ်သော်လည်း မိမိကိုယ်တိုင်အတွက်မူ ၎င်းကံဆိုးမှုများကို ကံကောင်းခြင်းအဖြစ် ပြောင်းလဲပစ်နိုင်သည်။ ဘေးလူများ၏ ကံဆိုးမှု ပိုမိုကြီးမားလေလေ မိမိ၏ ကံကောင်းမှု ပိုမိုမြင့်မားလေလေ ဖြစ်၏။ (အလိုအလျောက် သက်ရောက်မှု - လူတိုင်း၏ အထင်သေးအမြင်သေးခြင်းကို ခံရလိမ့်မည်။)】

【မြင့်တက်လာသော ကံဇာတာ - ခွန်အားကြီးမားလာသည်နှင့်အမျှ ကံဇာတာကလည်း အဆက်မပြတ် မြင့်တက်လာလိမ့်မည်။ ကျင့်ကြံခြင်းအဆင့် မြင့်မားလေလေ၊ ကံကောင်းမှု ပိုမိုများပြားလေလေ ဖြစ်၏။]

【မွေးရာပါ စိတ်ပုပ်သူ - အပြင်ပန်းတွင် တည်ငြိမ်အေးဆေးဟန် ရှိသော်လည်း ငယ်စဉ်ကတည်းက နှိမ်ချခြင်းနှင့် အနိုင်ကျင့်ခြင်းကို ခံခဲ့ရသဖြင့် စိတ်ဓာတ်မှာ ရေရှည်တွင် ပျက်စီးယိုယွင်းနေခဲ့ပြီ ဖြစ်သည်။ မည်သည့်အရာကိုမဆို လုပ်ဆောင်ရာတွင် အယုတ်မာဆုံးသော နည်းလမ်းများကို အသုံးပြုတတ်ပြီး ရောက်လေရာနေရာတိုင်းတွင် ပြဿနာများကို ဖန်တီးတတ်သည်။】

【ကပ်ဘေးကြယ် - ငယ်စဉ်က မိခင်ဖြစ်သူကို သေဆုံးစေခဲ့သည်။ အသက် ဆယ့်ရှစ်နှစ် အရွယ်တွင်မူ ဖခင်ဖြစ်သူကို သေဆုံးစေလိမ့်မည်။ ကြီးပြင်းလာသည်နှင့်အမျှ ဘေးနားရှိသူများကို သေဆုံးပျက်စီးစေလိမ့်မည်။ ကံတရား ကြီးမားလှသော အမျိုးသမီးအမျိုးမျိုးနှင့် အဆက်မပြတ် ပေါင်းစပ်ခြင်းဖြင့်သာ ဤကံကြမ္မာဆိုးကို ချေဖျက်နိုင်လိမ့်မည်။】

【သေခြင်း ဆိုက်ရောက်နေသူ - ကြီးမားလှသော ကပ်ဘေးကြီး ဆိုက်ရောက်တော့မည်ဖြစ်ရာ သက်တမ်းမှာ တိုတောင်းလှတော့သည်။ မရဏမင်းက သူ၏ ဝိညာဉ်ကို ခေါ်ယူရန် ဖိတ်ခေါ်နေခဲ့ပြီ ဖြစ်၏။】

...

ချန်ဖုန်း၏ ဇာတ်ညွှန်းအချက်အလက်များကို ဖတ်ရှုပြီးနောက် ရှုချွမ်းက တစ်ခုခုကို သဘောပေါက်သွားခဲ့ရသလို အနည်းငယ်လည်း အံ့အားသင့်သွားခဲ့ရသည်။

ရက်အနည်းငယ်မျှအတွင်းမှာပင် ချန်ဖုန်းက ကမ္မနယ်ပယ် အဆင့် ၂သို့ အဆင့်တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

ထို့အပြင် သူ၏ ဇာတ်ညွှန်းရှိ 'အခွင့်အလမ်း' ကဏ္ဍတွင်လည်း အသစ်စက်စက် အခွင့်အရေးတစ်ခု ထွက်ပေါ်နေခဲ့ပြန်သည်။

၎င်းက လျှိုဝှက်ဆန်းကြယ်ရေခဲကျောက်စိမ်း ကဲ့သို့သော တန်ဖိုးကြီးမားလှသည့် ရတနာတစ်ပါး ဖြစ်နေခဲ့ခြင်းပင်။

ဇာတ်လိုက်တစ်ယောက် ဖြစ်သည့်အတိုင်း အခွင့်အလမ်းကောင်းများက နေရာအနှံ့ ရှိနေခဲ့ပြီး ရောက်လေရာရာ၌ ကြုံတွေ့နေရစမြဲ ဖြစ်ပေသည်။

ထို့ပြင် ချန်ဖုန်း၏ မိမိအပေါ် ထားရှိသော နှစ်သက်မှုအဆင့်မှာ -၇၀ အထိ ထိုးဆင်းသွားခဲ့ပြီဖြစ်ရာ အလွန်အမင်း ရန်လိုသော အဆင့်အတန်းသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ချန်ဖုန်း၏ ကံကြမ္မာကဏ္ဍတွင်မူ ကံကြမ္မာအသစ်တစ်ခုဖြစ်သည့် 【သေခြင်း ဆိုက်ရောက်နေသူ】 ဆိုသည်မှာ ထွက်ပေါ်နေခဲ့ပြီ ဖြစ်၏။

သေချာပေါက်ပင် စနစ်ကြီးသည် ချန်ဖုန်းတစ်ယောက် ဤရှေးဟောင်းစစ်မြေပြင်အတွင်း၌ သေဆုံးတော့မည်ဖြစ်ကြောင်း ကြိုတင်မြင်တွေ့ထားခဲ့ခြင်း ဖြစ်ပေသည်။

"မင်းကတော့ မင်းပါပဲ ချန်ဖုန်း... တကယ်လို့ မင်းသာ ရှိမနေခဲ့ရင် ဒီနေရာမှာ လျှိုက်ဆန်းကြယ်ရေခဲကျောက်စိမ်းလိုမျိုး အဖိုးတန်ရတနာ ရှိနေမှန်း ငါ သိမှာ မဟုတ်ဘူး"

"ဒီလိုဖြစ်မှတော့... ဒီနေ့ ဒီနေရာကို မင်းရဲ့ အရိုးမြေချရာနေရာအဖြစ် ငါ သတ်မှတ်ပေးလိုက်မယ်၊ ဒါက မင်းရဲ့ ကူညီမှုအတွက် ကျေးဇူးဆပ်ခြင်းပေါ့" ရှုချွမ်းသည် အမှောင်ထဲမှနေ၍ ခပ်ဖွဖွ ပြုံးလိုက်မိသည်။

သူက ဤလူကို သတ်ဖြတ်ရန် ဆုံးဖြတ်ချက်ချပြီး ဖြစ်သဖြင့် ညှာတာနေမည် မဟုတ်ချေ။ ဒီနေ့တွင်မူ ချန်ဖုန်းက ဤနေရာ၌ သေချာပေါက် အသက်ပျောက်ရပေတော့မည်။

ရှုချွမ်းက ချန်ဖုန်း၏ အနောက်မှနေ၍ အသာအယာ နောက်ယောင်ခံလိုက်ခဲ့ပြီး ချက်ချင်း တိုက်ခိုက်ခြင်း မပြုခဲ့ချေ။ သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် သူသာ လှုပ်ရှားလိုက်ပါက ချန်ဖုန်းမှာ တစ်စက္ကန့်အတွင်း၌ပင် ချက်ချင်း သေဆုံးသွားနိုင်ပေသည်။

ရှုချွမ်းသည် ချန်ဖုန်းတစ်ယောက် ဆန်းကြယ်ရေခဲကျောက်စိမ်းကို လက်ဝယ်ရရှိသည့် အချိန်အထိ စောင့်ဆိုင်းပြီးမှသာ လှုပ်ရှားရန် စိတ်ကူးထားခြင်း ဖြစ်၏။

သူ၏ စိတ်ထဲ၌ မျှော်လင့်ချက်များကို ပေးပြီးမှသာ နောက်ဆုံးတွင် မျှော်လင့်ချက်မဲ့ တုန်လှုပ်ခြောက်ခြားမှုကို ပေးစွမ်းရန် ဖြစ်ပေတော့သည်။

All Chapters