← Chapters

အခန်း ၂၆၁

Vol. 27 Ch. 261

အခန်း ၂၆၁

Vol. 27 Ch. 261

အခန်း (၂၆၁) - ကံကြမ္မာရဟတ် တစ်ပတ်လည်ခြင်း

"ခွေးကောင်လေး မြန်မြန်ထွေးထုတ်လိုက်စမ်း..."

သစ်တောအုပ်ထဲတွင် ချူလျန်က ရွှေလိပ်ပြာပေါက်စလေးကို ဇောက်ထိုးကိုင်ကာ အတင်းလှုပ်ရမ်းနေပြီး ၎င်းမျိုချသွားသောပုလဲကို ပြန်ထုတ်နိုင်ရန်ကြိုးစားနေ၏။

ဘေးနားရှိ လော့ယောင်မှာ သူ၏လုပ်ရပ်ကိုကြည့်ကာ မျက်မှောင်ကြုတ်သွားလေသည်။

"သူက လိပ်ပြာလေးတစ်ကောင်ပါပဲ ဘာလို့ဒီလိုလုပ်ရတာလဲ..."

"တော်လိုက်ပါတော့..."

ဘုန်းတော်ကြီးပုရှန်ကလည်း မကြည့်ရက်တော့ဘဲ ခေါင်းခါယမ်းလိုက်၏။

"လမ်းဘေးက သက်ရှိလေးတွေအပေါ်တောင် မေတ္တာထားသင့်တာကို ဝိညာဉ်အိမ်မွေးတိရစ္ဆာန်လေးကို အနိုင်ကျင့်တာက ကောင်းတဲ့အပြုအမူ မဟုတ်ဘူးနော်..."

"သူ မျိုချသွားတာက နဂါးပုလဲတစ်လုံး ဖြစ်နိုင်တယ် နဂါးပြာကြီးရဲ့ နဂါးပုလဲလေ..."

ချူလျန်က ပြောလိုက်သည်။

ယခု ၎င်းတို့၏ရှေ့တွင် ဤကိစ္စကိုဖုံးကွယ်ထားရန် မလွယ်ကူတော့သဖြင့် ချူလျန်က ပွင့်ပွင့်လင်းလင်းပင် ပြောပြလိုက်ခြင်းဖြစ်လေသည်။

"ငါ သူ့ပါးစပ်ကိုဟပေးမယ် မင်း အားသုံးပြီးညှစ်..."

ဘုန်းတော်ကြီးပုရှန်က အင်္ကျီလက်စကိုပင့်တင်လိုက်ကာ စစ်ကူဝင်ပေးလေတော့သည်။

"ဟင်..."

လော့ယောင်က ထိုစကားကိုကြားသောအခါ ဓားကောက်ကိုဆွဲထုတ်လိုက်၏။

"ဒါမှမဟုတ် ဗိုက်ကို ခွဲလိုက်ကြမလား..."

"အကြံကောင်းပဲ..."

ဘုန်းတော်ကြီးပုရှန်က ချက်ချင်းပင် ခေါင်းညိတ်ထောက်ခံလိုက်သည်။

မေတ္တာတရားကိုဘေးဖယ်ထားကာ နဂါးပုလဲကို အဓိကထားလိုက်ကြခြင်းပင်။

အဓိကအကြောင်းရင်းမှာ နဂါးပုလဲသည် မည်သည့်အရာကိုကိုယ်စားပြုကြောင်း ၎င်းတို့အားလုံးသိထားကြသောကြောင့် ဖြစ်ပေသည်။

ဤလျှို့ဝှက်နယ်မြေအတွင်း၌ နဂါးပြာကြီး၏နဂါးပုလဲကို ရရှိပါက လျှို့ဝှက်နယ်မြေကိုထိန်းချုပ်သူ ဖြစ်လာမည်နှင့် အတူတူပင်ဖြစ်၏။

ရှေးဟောင်းနဂါးအစစ်တစ်ကောင်၏ လျှို့ဝှက်နယ်မြေဖြစ်လေသည်။

ရွှေလိပ်ပြာပေါက်စလေး၏ မူလကတည်းက သေးငယ်လှသောမျက်လုံးလေးများမှာ ပဲစေ့လေးများပမာပြူးကျယ်နေပြီး ၎င်း၏အကြည့်များတွင် အပြစ်ကင်းစင်မှုများပြည့်နှက်နေ၏။

'ကိုယ့်စွမ်းဆောင်ရည်နဲ့ကိုယ် မျိုချထားတဲ့ ပုလဲကို ဘာလို့ ပြန်ထွေးထုတ်ခိုင်းနေရတာလဲ...'

'ငါက ဗိုက်ဆာနေတဲ့ လိပ်ပြာပေါက်စလေးပါနော်...'

'ငါ ဘယ်သူ့ကိုမှဒုက္ခမပေးခဲ့ပါဘူး...'

'ဝူး... ဝူး... ဝူး...'

ချူလျန်ကလည်း ဤအကောင်ပေါက်လေးသည် တကယ်ကို ဆန်းကြယ်ကြောင်း ဝန်မခံဘဲမနေနိုင်တော့ပေ။

ယခုအချိန်တွင် ၎င်းမှာ မည်သည့် ခုခံနိုင်စွမ်းမှမရှိပုံပေါ်ကာ မိမိလက်ထဲတွင် အနယ်နယ်အရွတ်ရွတ် အချေခံနေရ၏။

သို့သော် နဂါးရစ်ပတ်တိုင်ပေါ်ရှိ ကျောက်သေတ္တာ၏ ခိုင်ခံ့မှုမှာ အစွမ်းထက်ပုဂ္ဂိုလ်ကြီးများပင် အကြမ်းဖက်ဖျက်ဆီး၍မရနိုင်လောက်အောင် ခိုင်မာလှသော်လည်း ၎င်းက နဂါးပုလဲကို အလွယ်တကူထုတ်ယူနိုင်ခဲ့လေသည်။

ယခုအခါ အထဲတွင်စားစရာသာရှိပါက ရွှေလိပ်ပြာပေါက်စလေးသည် လောကရှိ မည်သည့်ကာကွယ်မှုကိုမဆို ကိုက်ဖောက်နိုင်စွမ်းရှိမရှိကိုပင် သူ သံသယဝင်လာမိတော့သည်။

၎င်းက အစားအသောက်မက်သူများ၏ ယုံကြည်ချက်ကြောင့်များ ဖြစ်လေမည်လော။

သို့ရာတွင် နဂါးပုလဲကလည်းသာမန်မဟုတ်ပေ။ ဤသည်မှာ ရွှေလိပ်ပြာပေါက်စလေး အစာမကြေနိုင်သော အရာနှင့် ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်နိုင်၏။

၎င်း၏အစောဆုံးပုံစံဖြစ်သော နို့နှစ်ရောင်လောက်ကောင်လေး အခြေအနေတွင်ပင် မည်သည့်အရာကိုစားစား ရွှေရောင်ပိုးကြိုးများကို ချက်ချင်းထုတ်လုပ်နိုင်စွမ်း ရှိခဲ့သည်မဟုတ်ပါလော။

"လိမ္မာတယ် ပြန်ထွေးထုတ်လိုက်နော်... ဒါက အစာကြေဖို့မလွယ်ဘူး... စားလို့မရဘူး..."

ချူလျန်က ချော့တစ်လှည့် ခြောက်တစ်လှည့်ဖြင့် စတင်ပြောဆိုလိုက်သည်။

"ဒါလေးကို ပြန်ထွေးထုတ်ပေး... အိမ်ပြန်ရောက်ရင် ဒီထက်ပိုကောင်းတဲ့ စားစရာတွေကျွေးမယ်..."

လူသုံးယောက်သည် ထိုသို့ဖြင့် အချိန်အတော်ကြာ အလုပ်ရှုပ်နေခဲ့ကြပြီးနောက် နောက်ဆုံးတွင်တော့ လက်သီးဆုပ်ခန့်ရှိသော ရွှေရောင်ရင့်ရင့်ပုလဲတစ်လုံးကို ရွှေလိပ်ပြာပေါက်စလေး၏ပါးစပ်ထဲမှ ထွက်ကျလာအောင် ပုတ်ထုတ်နိုင်ခဲ့လေတော့သည်။

ထိုပုလဲထွက်လာသည်နှင့်တစ်ပြိုင်နက် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ချူလျန်၏ရင်ဘတ်ထဲသို့ ရွှီးခနဲ ဝင်ရောက်သွားလေ၏။

"ဝုန်း..."

ပြိုင်ဘက်ကင်းသော ခမ်းနားကြီးကျယ်မှုနှင့် မြင့်မြတ်သော စိတ်ဆန္ဒတစ်ခုသည် သူ၏သေးငယ်လှသော ခန္ဓာကိုယ်ထဲသို့စီးဝင်လာသည်ကို ချူလျန် ချက်ချင်းခံစားလိုက်ရသည်။

နားထဲတွင် မိုးခြိမ်းသံကြီးများ ဆက်တိုက်ထွက်ပေါ်လာပြီး ၎င်းမှာ ရှေးဟောင်းနဂါးပြာကြီး၏ ဟိန်းဟောက်သံပင် ဖြစ်ပေသည်။

အချိန်အတော်ကြာမှသာ ထိုတုန်လှုပ်ဖွယ်ရာ အရှိန်အဝါများထဲမှ သူ လွတ်မြောက်လာနိုင်ခဲ့၏။

သူ့ချီစွမ်းအင်ပင်လယ်ထဲတွင် နေမင်းပမာတောက်ပနေသော အကောင်းဆုံး ရွှေအမြုတေအပြင် ရွှေရောင်ရင့်ရင့်ကြယ်တစ်ပွင့်ပါ ထပ်တိုးလာပြီး အထက်အောက်လှုပ်ရှားနေလေသည်။

လော့ယောင်နှင့် ဘုန်းတော်ကြီးပုရှန်တို့မှာလည်း ဤနဂါးပုလဲအပေါ် စိတ်ဝင်စားမှု ရှိကြသော်လည်း နဂါးပုလဲက ချူလျန်ကို တိုက်ရိုက်ရွေးချယ်သွားခဲ့သဖြင့် ၎င်းတို့အတွက် လုယူရန်အခွင့်အရေးပင် မရလိုက်ချေ။

ဤသည်မှာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ နဂါးအစစ်၏အရှိန်အဝါကြောင့် ဖြစ်နိုင်ပေသည်။

သူတို့နှစ်ယောက်မှာ အားကျရုံမှလွဲ၍ ဘာမျှမတတ်နိုင်တော့ပေ။

"ဘယ်လိုနေလဲ..."

ဘုန်းတော်ကြီးဖူဆန်းက မေးလိုက်၏။

"နဂါးပုလဲရသွားပြီဆိုတော့ လျှို့ဝှက်နယ်မြေကို ဖွင့်ပြီး ထွက်သွားလို့ရပြီလား..."

"ထွက်သွားမယ်..."

ချူလျန်က မျက်တောင်တစ်ချက်ခတ်လိုက်ပြီး ရုတ်တရက်ပြုံးလိုက်လေသည်။

"မလောပါနဲ့ဦး..."

တစ်ဖက်တွင်ကား…။

“ဒါ ဘယ်သူလုပ်သွားတာလဲ..."

နဂါးအရိုးနန်းတော်မှထွက်ခွာလာသော လမ်းခရီးတစ်လျှောက်တွင် ဆရာမုမှာ ရင်ဘတ်ထဲ၌ သွေးဟောင်းများပိတ်ဆို့နေသကဲ့သို့ ဒေါသများပြည့်နှက်နေဆဲ ဖြစ်လေသည်။

"အရိုးဖြူခန်းမဆောင်က တပည့်သုံးယောက်များဖြစ်နေမလား..."

မိစ္ဆာမယ်လျိုက ခန့်မှန်းပြောဆိုလိုက်၏။

"မဖြစ်နိုင်ဘူး..."

ဆရာမုက ဖြည်းညင်းစွာ ခေါင်းခါယမ်းလိုက်သည်။

"သူတို့က နည်းနည်း ထူးဆန်းတယ်ဆိုပေမယ့် ဘယ်လိုလုပ် ဒီလောက်စွမ်းဆောင်နိုင်ရည်မျိုးရှိမှာလဲ…”

“တကယ်လို့ ရှိခဲ့ရင်တောင် ဟိုပြေးဒီလွှားလုပ်နေရမှာက သူတို့မဟုတ်ဘဲ ငါတို့ဖြစ်နေမှာပေါ့..."

"ပြောတော့လည်း ဟုတ်သားပဲ... ဟင်..."

မိစ္ဆာမယ်လျိုက ခေါင်းညိတ်ထောက်ခံရန်ပြင်လိုက်စဉ် ရုတ်တရက်အံ့ဩတကြီး ရေရွတ်လိုက်လေသည်။

အဘယ်ကြောင့်ဆိုသော် သူမသည် နဂါးအရိုးနန်းတော်မှ ထွက်ထွက်ချင်း ဝတ်ရုံနက်ဝတ်ဆင်ထားသော လူငယ်တစ်ဦး အပြင်ဘက်တွင်ရပ်စောင့်နေသည်ကို မြင်လိုက်ရသောကြောင့်ဖြစ်၏။

ခန္ဓာကိုယ်အချိုးအစားကို ကြည့်ရသည်မှာ အရိုးဖြူခန်းမဆောင်၏ တပည့်သုံးယောက်အနက် အကောက်ကျစ်ဆုံးလူနှင့်တူနေသည်။

သို့သော် ယခုအချိန်တွင် သူသည် ခေါင်းစွပ်ကိုဖယ်ရှားထားကာ ရှင်းလင်းတောက်ပသော လူငယ်မျက်နှာလေးကိုဖော်ပြထားလေသည်။

သူ့မျက်နှာပေါ်တွင် အပြစ်ကင်းစင်ပြီး နွေးထွေးသောအပြုံးတစ်ခုလည်း ရှိနေပေသည်။

"ဘာတွေ စိတ်ညစ်စရာရှိလို့ သေလမ်းလာရှာနေတာလဲ..."

မိစ္ဆာမယ်လျိုက သူ့ကို ထူးဆန်းစွာစိုက်ကြည့်လိုက်ပြီး သူ့ရည်ရွယ်ချက်ကို ချက်ချင်း နားမလည်နိုင်ဖြစ်သွား၏။

ထိုကောင်လေးကိုသတ်ချင်နေသည်မှာ ကြာပြီဖြစ်သော်လည်း သူက ဤသို့ ရှေ့တည့်တည့်တွင် လာရပ်နေသောအခါ တွေဝေသွားမိသည်မှာ မလွှဲသာမရှောင်သာပင်။

“ခင်ဗျားကို ပြစရာတစ်ခု ရှိလို့ပါ..."

ချူလျန်က အလွန်နွေးထွေးသောလေသံဖြင့် ပြောလိုက်လေသည်။

"ဘာလဲ... ရတနာဆက်သပြီး မင်းရဲ့အသက်ကိုလဲလှယ်ချင်လို့လား..."

မိစ္ဆာမယ်လျိုက အေးစက်စွာ ရယ်မောလိုက်သည်။

"ဒါဆိုရင်လည်း အရည်အသွေးကို ငါတို့ မြင်ရအောင် အရင်ထုတ်ပြမှရမယ်လေ..."

"ဒီအတိုင်းထုတ်ပြရမှာ သေချာလို့လား..."

ချူလျန်က မျက်တောင်တစ်ချက်ခတ်လိုက်၏။

"ဒါမှမဟုတ် မင်းသေသွားမှ ငါတို့ဘာသာရှာယူရမလား..."

မိစ္ဆာမယ်လျိုက အေးစက်သောအသံဖြင့် ပြောလိုက်လေသည်။

"ကောင်းပါပြီ ကောင်းပါပြီ... ဒါဆိုရင်လည်း..."

ချူလျန်က သက်ပြင်းချကာ ခေါင်းခါယမ်းလိုက်ပြီး ရင်ဖုံးအင်္ကျီတစ်ထည်ကို ထုတ်ယူကာ လက်နှစ်ဖက်ဖြင့်ဖြန့်ပြလိုက်၏။

၎င်းပေါ်တွင် ကြာပန်းနက်တစ်ပွင့် ပုံဖော်ထားပေသည်။

"အရည်အသွေးကိုသာ ကြည့်လိုက်ပါတော့ဗျာ..."

ထိုအရာကို မြင်လိုက်ရသောအခါ မိစ္ဆာမယ်လျိုမှာ အနည်းငယ်ကြက်သေ သေသွားပြီးနောက် မျက်လုံးထဲမှ ဒေါသမီးတောက်များ ထွက်ပေါ်လာလေတော့သည်။

ဤရင်ဖုံးအင်္ကျီကို သူမထက် ပိုသိသူမရှိနိုင်ပေ။

ဤသည်မှာ သူမ၏ သီးသန့်အဝတ်အစားဖြစ်ကြောင်း ထင်ရှားလှ၏။

သူမမှလွဲ၍ ဤအရာကိုရရှိနိုင်သူမှာ လူဆယ်ဂဏန်းလောက်သာရှိပေသည်။

သို့သော် ထိုသူအများစုမှာ သူမလက်ဖြင့်ပင် အသတ်ခံခဲ့ရပြီး တောင်ပိုင်းလမ်းပြသူသာကျန်ရှိတော့၏။

သူက ထိုနေ့သို့ပင်မရောက်လိုက်ဘဲ တိုင်းတစ်ပါးတွင်သေဆုံးသွားခဲ့လေပြီ။

အစောပိုင်းက နဂါးပြာလျှို့ဝှက်နယ်မြေကိုဖွင့်လှစ်ခဲ့သည့် သူ့လုပ်ရပ်ကို ပြန်စဉ်းစားကြည့်လိုက်သောအခါ မိစ္ဆာမယ်လျိုသည် ဤအရိုးဖြူခန်းမဆောင်မှ တပည့်က တောင်ပိုင်းလမ်းပြသူ၏ကျန်ရစ်သောပစ္စည်းများကို ရရှိသွားကြောင်း ချက်ချင်းရိပ်မိသွားလေသည်။

ဤအချိန်အထိ သူမသည် တောင်ပိုင်းလမ်းပြသူကိုသတ်ဖြတ်ခဲ့သူမှာ ချူလျန် ဖြစ်သည်ဟု တွေးတောမိခြင်းမရှိသေးပေ။

မိမိရင်ဖုံးအင်္ကျီကိုကိုင်ကာ ခင်းကျင်းပြသနေသည်ကို မြင်လိုက်ရသောအခါ မိစ္ဆာမယ်လျိုမှာ ဒေါသထွက်လွန်း၍မထိန်းနိုင်တော့ဘဲ ကိုယ်နေဟန်ထား တစ်ချက်လှုပ်ရှားကာ အနီရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲပြီး သူ့ထံသို့ ပြေးဝင်သတ်ဖြတ်လာလေတော့သည်။

ချူလျန်လည်း နောက်လှည့်ကာထွက်ပြေးလေ၏။

မိစ္ဆာခေါင်းဆောင်နှစ်ဦးသည် မျက်စိတစ်မှိတ်အတွင်း တောင်ကြားသစ်တောအုပ်ထဲသို့ လိုက်လံဝင်ရောက်သွားပြီး ချူလျန်ကို မီတော့မည့်အချိန်တွင် ဆရာမုက မိစ္ဆာမယ်လျိုကိုဆွဲတားလိုက်သည်။

"တစ်ခုခု လွဲနေတယ်..."

တကယ်ကို တစ်ခုခုလွဲမှားနေခြင်းပင်။

ပတ်ဝန်းကျင်တစ်ခုလုံးတွင် ရက်စက်ကြမ်းကြုတ်သောဖိအားများဖြင့် ပြည့်နှက်နေပေသည်။

မိစ္ဆာမယ်လျိုလည်းသတိဝင်လာပြီး ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်ရာ တောင်ကြား၏တစ်ဖက်စွန်းတွင် ကြီးမားလှသောခေါင်းကြီးတစ်ခုနှင့် အတောင်ပံတစ်ခြမ်း ထွက်ပေါ်လာသည်ကိုမြင်လိုက်ရ၏။

၎င်းခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများမှာ ကွဲကြေနေပြီး သွေးသဲ့သဲ့ထွက်နေလေသည်။

၎င်းမှာ သူတို့ အစောပိုင်းက တိုက်ခိုက်ခဲ့သော ဧရာမ အတောင်ပံပါနဂါးသားရဲကြီးပင် ဖြစ်လေသည်။

ထို့နောက် ဒုတိယမြောက်နဂါးခေါင်းကြီး ထွက်ပေါ်လာ၏။

ဆက်တိုက်ဆိုသလို တတိယမြောက်၊ စတုတ္ထမြောက်၊ ပဉ္စမမြောက်... အရှိန်အဝါများကို ဖုံးကွယ်ထားသော ရေတွက်၍မရနိုင်သည့် နဂါးအနွယ်ဝင် မိစ္ဆာသားရဲများက ၎င်းတို့၏အစွယ်နှင့် လက်သည်းများကို ထုတ်ဖော်လာကြလေတော့သည်။

အရေအတွက်မှာ ပြည့်နှက်ကြပ်ညပ်နေခြင်းပင်။

ဤတောင်ကြားတစ်ခုလုံးမှာ ပိတ်လှောင်ထားသောဝိုင်းရံမှုကြီးတစ်ခု ဖြစ်နေပေသည်။

ချူလျန်ကနောက်လှည့်လာပြီး သူတို့ကိုပြုံး၍ကြည့်လိုက်ရာ သူ့မျက်လုံးများမှာ တောက်ပနေလေ၏။

နဂါးပုလဲကိုပိုင်ဆိုင်ပြီးနောက် လျှို့ဝှက်နယ်မြေကို ထိန်းချုပ်ခွင့်အာဏာကို သူရရှိခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် နဂါးအနွယ်ဝင် မိစ္ဆာသားရဲအားလုံးကို အမိန့်ပေးကာ မိစ္ဆာခေါင်းဆောင်နှစ်ဦးကို လာရောက်သတ်ဖြတ်ရန် စေခိုင်းခဲ့ခြင်းပင်ဖြစ်ပေသည်။

သို့သော် သူတို့နှစ်ဦးစလုံးမှာ ဆဋ္ဌမအဆင့်စွမ်းအားရှိသူများဖြစ်ပြီး မိစ္ဆာဂိုဏ်း၏ ထူးဆန်းလှသော နည်းလမ်းများကိုပါ ပိုင်ဆိုင်ထားကြ၏။

အကယ်၍ မျက်နှာချင်းဆိုင်သွားရောက်တိုက်ခိုက်ပါက သူတို့၏ပါးနပ်မှုကြောင့် နဂါးအနွယ်ဝင်မိစ္ဆာသားရဲအားလုံး ဝိုင်းဝန်းပိတ်ဆို့ထားလျှင်တောင် ချက်ချင်းအနိုင်ယူနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ချူလျန်က နဂါးအနွယ်ဝင်မိစ္ဆာသားရဲများကို ချုံခိုစောင့်ဆိုင်းစေခဲ့ပြီး သူကိုယ်တိုင်သွား၍ တစ်ဖက်လူကို ထောင်ချောက်ထဲသို့ဝင်လာစေရန် မြှူဆွယ်ခဲ့ခြင်းဖြစ်လေသည်။

ယခုအခါ မရေမတွက်နိုင်သော နဂါးအနွယ်ဝင်များ၏ဝိုင်းရံမှုကို ခံထားရသဖြင့် မိစ္ဆာမယ်လျိုနှင့် ဆရာမုတို့ သေဆုံးခြင်းဖိအားကို ခံစားရမည့်အလှည့် ရောက်လာချေပြီ။

All Chapters