← Chapters

အခန်း ၂၆၆

Vol. 27 Ch. 266

အခန်း ၂၆၆

Vol. 27 Ch. 266

အခန်း (၂၆၆) - ထပ်မံသေတ္တာဖွင့်ခြင်း

ရှုတောင်သို့ ပြန်ရောက်သည်မှာ နှစ်ရက်ရှိနေပြီဖြစ်ကာ ချူလျန်သည် နဂါးပုလဲ၏ ထူးခြားဆန်းကြယ်မှုများကို အသားကျစေရန်လေ့လာနေခဲ့သည်။

အရိုးဖြူနန်းတော်ကို ဝိုင်းဝန်းချေမှုန်းသည့်ကိစ္စ ကျရှုံးသွားခြင်းအပေါ် သူက ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည်။ အရိုးဖြူနန်းတော်၏ ခန်းမရှစ်ရာနှင့် မိစ္ဆာတစ်သိန်းဆိုသည့် အင်အားအောက်တွင် ပုံမှန်အားဖြင့်မည်မျှပင် လျှို့ဝှက်ထားစေကာမူ လူများလာသည်နှင့်အမျှ သတင်းပေါက်ကြားမှုများ ရှိလာမည်မှာ သေချာလှပေသည်။

ပြင်ပရန်သူများ လာရောက်ရှာဖွေချိန်တွင်လည်း တန်ပြန်ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှိနေမည်မှာအသေအချာပင်။

ထိုဧရာမအရိုးဖြူတောင်ကြီးမှာ သန့်စင်ထားသော မှော်ဝင်ပစ္စည်းတစ်ခုနှင့်တူပြီး ဟင်းလင်းပြင်ကိုတောင် ဖျက်ဆီးနိုင်စွမ်းရှိနေကာ ကမ္ဘာမြေ့ရတနာတစ်သောင်း မှတ်တမ်း၏ထိပ်ဆုံးအခုတစ်ရာစာရင်းတွင် ဝင်ရောက်နိုင်သည့် အဆင့်အတန်းမျိုး ရှိနေလေသည်။

အရိုးဖြူနန်းတော်သည် ယခင်ကတည်းက ၎င်းကို နောက်ဆုံးဖဲချပ်အဖြစ် ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်ပုံရ၏။

သို့သော် အင်မော်တယ်ဂိုဏ်းသုံးဂိုဏ်း၏ ဝိုင်းဝန်းချေမှုန်းမှုသည် လုံးဝကျရှုံးသွားသည်ဟု မဆိုနိုင်ပေ။

အကြောင်းမှာ သူတို့သည် အရိုးဖြူနန်းတော်၏ အသက်ကယ်နည်းလမ်းကို ဖော်ထုတ်နိုင်ခဲ့သောကြောင့်ဖြစ်သည်။ နောက်တစ်ကြိမ် အရိုးဖြူနန်းတော်ကို ရင်ဆိုင်ရမည်ဆိုပါက ရည်ရွယ်ချက်ရှိရှိဖြင့် ကြိုတင်ပြင်ဆင်ထားနိုင်မည်ဖြစ်သည်။

ယခုကဲ့သို့ အင်အားကြီးအဖွဲ့အစည်းများအကြားတိုက်ပွဲမျိုးတွင် တစ်ချက်တည်းဖြင့် အပြတ်အသတ်အနိုင်ရနိုင်ရန် ခဲယဉ်းလှသည်။ သူတစ်ပြန် ကိုယ်တစ်ပြန်ဖြင့် တစ်ဖက်၏နောက်ဆုံးဖဲချပ်ကို ဖော်ထုတ်လိုက်၊ ကိုယ့်နည်းလမ်းကို ထုတ်သုံးလိုက်နှင့် အပြန်အလှန်ယှဉ်ပြိုင်ပြီးမှသာ နောက်ဆုံးအဖြေပေါ်မည် ဖြစ်လေသည်။

သမာဓိလမ်းစဉ်နှင့် မိစ္ဆာဂိုဏ်းတို့၏တိုက်ပွဲများမှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်၍ ထိုကိစ္စမှာမဆန်းတော့ပေ။

ထို့ပြင် အရိုးဖြူနန်းတော်သည်လည်း အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ခြင်း မဟုတ်ချေ။ တာအိုပညာရှင်ယန့်၏ ကောင်းကင်ထောက်ဓားချက်က ထိုအရိုးဖြူတောင်ကြီးကို ကြီးမားသောထိခိုက်မှု ဖြစ်စေခဲ့သည်မှာအမှန်ပင်။

သူလျှိုသုံးယောက်၏သံယောဇဉ်ကြောင့် ရှုတောင်ဂိုဏ်း၊ ယွင်ချွယ်ကျောင်းတော်နှင့် သုံးသွယ်ချောက်နက်ဂိုဏ်းတို့အကြားတွင် ထူးဆန်းသော ရေစက်တစ်ခု ဖြစ်တည်လာခဲ့သည်။

မူလက ထိုသုံးဂိုဏ်းအကြား ဆက်ဆံရေးသိပ်မနက်ရှိုင်းသော်လည်း ပူးပေါင်းစစ်ဆင်ရေးအပြီးတွင် မဟာမိတ်များကဲ့သို့ နားလည်မှုအချို့ရှိလာခဲ့သည်။

သေချာပေါက် တရားဝင်မဟာမိတ်ဖွဲ့ခြင်းမျိုးမဟုတ်ဘဲ အချင်းချင်း စေတနာထားမှုကိုသာ ပြသနေခြင်းဖြစ်သည်။ ဥပမာအားဖြင့် နဂါးလျှို့ဝှက်နယ်မြေကိစ္စကို ယွင်ချွယ်ကျောင်းတော်နှင့် သုံးသွယ်ချောက်နက်တို့က ကောင်းစွာပူးပေါင်းကာ နှုတ်ဆိတ်နေပေးခဲ့ကြ၏။

ထို့နောက် အမည်မဖော်လိုသူ သတင်းပေးတစ်ဦး၏ဖွင့်ဟပြောဆိုမှုကြောင့် နဂါးလျှို့ဝှက်နယ်မြေကို မိစ္ဆာမယ်လျိုနှင့် ဆရာမုတို့ သိမ်းကျုံးယူဆောင်သွားကြောင်း သတင်းများပျံ့နှံ့သွားလေတော့သည်။

ဖမ်းဆီးခံထားရသော စစ်သူကြီးဟေးယွီမှာမူ တစ်ရက်အကြာတွင် ရုတ်တရက် သေဆုံးသွားခဲ့၏။

သူပြောခဲ့သော အရိုးဖြူနှလုံးသားမိစ္ဆာဆိုသည်မှာ အမှန်ပင်ဖြစ်လောက်သည်။ အရိုးဖြူတောင်အဘိုးအိုသည် မည်သည့်လက်အောက်ငယ်သားက သတင်းပေါက်ကြားစေခဲ့သည်ကို သိရှိသွားပြီးနောက် မည်သည့်နည်းလမ်းကို အသုံးပြုလိုက်သည်မသိပေ။

စစ်သူကြီးမှဟေးယွီမှာ ရုတ်တရက်သွေးသားများ အရည်ပျော်ကျကာ အရိုးစုတစ်ခုသာကျန်ရစ်ပြီး သေဆုံးသွားခဲ့လေသည်။

ထိုကိစ္စက ချူလျန်ကို အနည်းငယ်စိုးရိမ်သွားစေသည်။ အရိုးဖြူတောင်အဘိုးအိုက ထိုမျှ ကြောက်စရာကောင်းနေလျှင် သူတို့သုံးယောက်ကိုပါ ရှာဖွေနိုင်မည့်နည်းလမ်းများ ရှိနေမည်လား။

သို့သော် တိနွီဖုန့်ကမူ ပေါ့ပေါ့ပါးပါးလက်ကာပြကာ သူ့ကို မစိုးရိမ်ရန် ပြသခဲ့သည်။ စစ်သူကြီးဟေးယွီကဲ့သို့ ခန်းမသခင်အဆင့်ရှိသူများကို အရိုးဖြူတောင်အဘိုးအိုက တစ်ခုခုစီရင်ထားမည်မှာ သေချာသည်။

ထို့ကြောင့် သစ္စာဖောက်မှန်းသိလိုက်သည်နှင့် မည်မျှပင်ဝေးကွာနေပါစေ အပြစ်ပေးနိုင်ခြင်း ဖြစ်ပေမည်။

လူတိုင်းကိုတော့ ထိုသို့လုပ်နိုင်မည် မဟုတ်ပေ။

ချူလျန်လည်း တွေးကြည့်လိုက်ပြီးနောက် ဟုတ်လောက်မည်ဟု မှတ်ယူကာ ထပ်မံ၍မစိုးရိမ်တော့ချေ။

နဂါးပုလဲ၏ထူးခြားဆန်းကြယ်မှုများကို တဖြည်းဖြည်းရင်းနှီးလာပြီးနောက်၊ သူသည် ပိုမိုမြင့်မားသောအဆင့်သို့ ရောက်ရှိသွားမည့်အချိန်ကို ပို၍မျှော်လင့်လာမိသည်။

နဂါးပုလဲမှာ သော့တစ်ချောင်းနှင့် တူညီပြီး နဂါးမျိုးနွယ်၏တန်ခိုးစွမ်းအင်တံခါးကို ဖွင့်လှစ်ပေးနိုင်သော်လည်း သူကိုယ်တိုင်မှာလည်း ထိုတံခါးကို တွန်းဖွင့်နိုင်မည့်အင်အားရှိရန် လိုအပ်ပေသည်။

အကယ်၍ နဂါးမျိုးနွယ်၏ထူးခြားဆန်းကြယ်မှု အားလုံးကိုသာ ဖွင့်လှစ်နိုင်ပါက နဂါးပြာကြီး၏ အခွင့်အာဏာများကို လုံးဝအမွေဆက်ခံနိုင်မည်ဖြစ်ပြီး ထိုအချိန်ရောက်လျှင် လေခေါ်မိုးရွာခြင်း၊ တောင်များကိုရွှေ့ကာ ပင်လယ်ကိုဖြည့်ခြင်းများမှာ အိပ်မက်တစ်ခုမဟုတ်တော့ချေ။

နဂါးပုလဲကို လေ့လာနေသည်နှင့် တစ်ချိန်တည်းမှာပင်၊ သူသည် နဂါးပုလဲကိုရရှိရန် ကူညီပေးခဲ့သော ကျေးဇူးရှင်လေးကိုလည်းမေ့မထားခဲ့ပေ။

“စားလိုက်ပါဦး... နဂါးပုလဲကလည်းအလုံးပဲ... ဒီသစ်သီးကလည်း အလုံးပဲဆိုတော့ အတူတူပါပဲ..."

သူက ရွှေရောင်အစင်းအပြောက်ဘယ်ရီသီးဖြင့် ရွှေလိပ်ပြာလေးကို စနောက်နေသည်။

သို့သော် ရွှေလိပ်ပြာလေးမှာမူ ၎င်း၏တောက်ပနေသော တောင်ပံကြီးများဖြင့် ခေါင်းကိုဖုံးအုပ်ထားကာ သူ့ကိုမကြည့်ပေ။

အလွန် စိတ်ဆိုးနေပုံရ၏။

"အခုထိ ရန်ငြိုးဖွဲ့နေတုန်းလား... ဘယ်နှစ်ရက်တောင် ရှိနေပြီလဲ..."

ချူလျန်က သူ့လက်ချောင်းဖြင့် အသာအယာထိုးဆွလိုက်သည်။

ရွှေလိပ်ပြာလေးက တကျီကျီမြည်ကာ တစ်ဖက်သို့လှည့်သွားပြီး ချူလျန်ကို ဖင်ပေးထားလိုက်၏။

'မှတ်ထားတုန်းပဲ...'

"ဟီးဟီး..."

ချူလျန်လည်း ခြောက်ကပ်ကပ်သာ ရယ်မောနိုင်တော့သည်။

'ဒီကောင်လေးက ဒေါသတော်တော်ကြီးတာပဲ...'

ရွှေလိပ်ပြာလေးကိုလှည့်စားရန် အလွန်ခက်ခဲလှသည်။ ရွှေရောင်အစင်းအပြောက် ဘယ်ရီသီးမှာ အရသာရှိသော်လည်း ဝိညာဉ်စွမ်းအင်သိပ်မပါဝင်သဖြင့် ၎င်းက အနည်းငယ်မျှပင်ဂရုမစိုက်ပေ။

၎င်း၏အကြိုက်မှာ အလွန်ရိုးရှင်းပြီး ဝိညာဉ်စွမ်းအင်များသည့် အရာများကိုသာ စားချင်ခြင်းဖြစ်သည်။

ထိုအရာက စားစရာဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဂရုမစိုက်ပေ။ ၎င်း၏ကမ္ဘာတွင် ကိုက်၍ရလျှင်စား၍ရသည်။ ကိုက်မရလျှင်လည်း ဗိုက်ထဲသို့ အရင်မြိုချကာ တဖြည်းဖြည်းအစာချေဖျက်နိုင်လေသည်။

သို့သော် ဝိညာဉ်စွမ်းအင်များသည့်ပစ္စည်းများမှာ မည်သူကပေါများနေမည်နည်း။ ချူလျန်မှာ ယခုငွေကြေးပြည့်စုံနေသော်လည်း အိမ်မွေးတိရစ္ဆာန်ကို ဝိညာဉ်ပစ္စည်းများနှင့် ကျွေးမွေးနိုင်သည်အထိ ဇိမ်မကျနိုင်သေးချေ။

အသုံးမပြုနိုင်တော့သည့် မှော်ဝင်ပစ္စည်းအဟောင်းများပင်လျှင် ကုန်ကြမ်းတန်ဖိုးအရ ပြန်ရောင်းပါကဈေးမပေါပေ။

ကြည့်ရသည်မှာ အပြင်သို့ခေါ်သွားပြီး ရတနာရှာဖွေနိုင်သည့်စွမ်းရည်ဖြင့် ၎င်းကို ကိုယ်တိုင် အစာရှာခိုင်းရမည်ဖြစ်သည်။

ရွှေလိပ်ပြာလေးနှင့် ပတ်သက်၍ ခေါင်းခဲနေချိန်တွင် ဝမ်ယွီလုံ၏ စာတိုလေး ရောက်ရှိလာ၏။

...

ယခင်ကသစ္စာခံအဖြစ် အလုပ်အကျွေးပြုရန် သွားရောက်ချိန်တွင်၊ ချူလျန်သည် တိတ်တဆိတ်မိစ္ဆာဆေးလုံးများ ဖော်စပ်နေသောအဂ္ဂိရတ်ပညာရှင်တစ်ဦးကို သတ်ဖြတ်ခဲ့ပြီး သိုလှောင်ရေးမှော်ဝင်ပစ္စည်းတစ်ခုကို ရရှိခဲ့သည်။

ရှုတောင်သို့ ပြန်ရောက်ပြီးနောက်၊ သူသည် ထိုမှော်ဝင်ပစ္စည်းကို ဝမ်ယွီလုံထံ ပေးအပ်ကာ အကူအညီတောင်း၍ဖွင့်ခိုင်းခဲ့သည်။

"ဒီတစ်ခါ တော်တော်မြန်တာပဲ..."

ချူလျန်က ဓားလက်ဆင့်ကမ်းအဆောက်အအုံသို့ ရောက်လာပြီး ပြုံးကာ နှုတ်ဆက်လိုက်သည်။

"တခြားကြောင့်မဟုတ်ပါဘူး... လက်ရည်ကျွမ်းသွားလို့ပါ..."

ဝမ်ယွီလုံက ပြုံးကာ တုံ့ပြန်လိုက်၏။

တကယ်ပင် ချူလျန် အပြင်ထွက်၍ စွန့်စားခန်းများမှ ပြန်လာတိုင်း၊ သူက သော့ဖွင့်ကျွမ်းကျင်သူအဖြစ် အလုပ်များခဲ့ရသည်။

ယခင်က ပိုမိုခက်ခဲသော မကောင်းဆိုးဝါးတိကျန်း၊ စွမ်းအားရှင်များ၏ ဦးခေါင်းခွံများကိုပင် ဖွင့်နိုင်ခဲ့ရာ ယခုသိုလှောင်ရေးမှော်ဝင်ပစ္စည်းမှာမူ ကလေးကစားစရာအဆင့်သာ ရှိတော့သည်။

စားပွဲပေါ်တွင်တော့ ကျောက်စိမ်းဘူးသီးပုလေးတစ်ခု တင်ထားလေသည်။

"ဘာတွေရလာလဲ ကြည့်လိုက်ကြရအောင်..."

ချူလျန်က မျှော်လင့်ချက်အပြည့်ဖြင့်ဖွင့်လိုက်သည်။

ဤတစ်ကြိမ်တွင်မူ သူက တစ်ခုချင်းစီထုတ်ယူမနေတော့ဘဲ၊ အတွင်းရှိပစ္စည်းများ အားလုံးကို တိုက်ရိုက်ထုတ်ယူကာ ထိုနေရာတွင် တန်းစီချထားလိုက်သည်။

အထင်ရှားဆုံးအရာမှာ လူတစ်ဝက်ခန့်အမြင့်ရှိသော အစိမ်းရောင် ရွှေချဆေးဖိုကြီးတစ်ခုဖြစ်သည်။

၎င်းအပေါ်တွင် တောင်တန်းများနှင့် ပင်လယ်ပြင်ပုံများကို ထွင်းထုထားပြီး၊ တောက်ပမှုက နူးညံ့ကာသက်ဝင်လှုပ်ရှားနေသည်။

အနီးသို့ကပ်၍နားထောင်ကြည့်ပါက ဆေးဖိုထဲမှ ပင်လယ်လှိုင်းပုတ်သံများကိုပင် ကြားနေရ၏။

"ဒါ ဆေးဖိုတစ်ခုဖြစ်ရမယ်...ကြည့်ရတာအဆင့်အတန်းမနိမ့်ဘူး... အပေါ်မှာ ထွင်းထုထားတဲ့ ဝင်္ကပါအစီအရင်တွေက ခမ်းနားကြီးကျယ်ပြီးတော့၊ ဧရာမချီစွမ်းအင်တွေနဲ့ နတ်မီးတောက်တွေကိုပါ ခံနိုင်ရည်ရှိတယ်..."

ဝမ်ယွီလုံက အနည်းငယ်စမ်းသပ်ကြည့်ပြီးနောက် အဖုံးကိုဖွင့်ကာ အတွင်းဘက်ကို ကြည့်ရှုလိုက်ပြီး နောက်ဆုံးတွင်အတည်ပြုလိုက်သည်။

"ဒါ ပစ္စည်းကောင်းပဲ... ကောင်းမွန်တဲ့ ဆေးဖိုတွေဆိုတာ အမြဲတမ်း လူလုဝယ်ကြတာဆိုတော့၊ ဒါ သေချာပေါက် ဈေးကောင်းရမှာပဲ..."

"ဆေးဖိုလား..."

ချူလျန်က အံ့သြမနေချေ။ မည်သို့ပင်ဖြစ်စေ မူလပိုင်ရှင်မှာ အဂ္ဂိရတ်ပညာရှင်တစ်ဦး ဖြစ်နေသောကြောင့်ပင်။

ဘေးနားတွင်တော့ လက်ဝါးအရွယ်အစားခန့်ရှိသော ကျောက်စိမ်းအရုပ်လေးတစ်ခု ရှိနေသည်။ ယောက်ျား၊ မိန်းမ ခွဲခြား၍မရဘဲ၊ ဖြူစင်ချောမွတ်ကာ လက်ရာအလွန် သေသပ်လှသည်။

ဝမ်ယွီလုံက ၎င်းကို ကောက်ကိုင်ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"ကျွန်တော် အရင်က အဂ္ဂိရတ်ပညာကို သင်ထားလို့တော်သေးတာပေါ့... မဟုတ်ရင် တကယ်ကို သိမှာမဟုတ်ဘူး... ဒါက ဆေးစမ်းသပ်တဲ့ ရုပ်သေးရုပ်ပဲ…”

“ဆေးလုံးဖော်စပ်ပြီးတာနဲ့ ရုပ်သေးရုပ်ကို အရင်စမ်းသပ်ထိတွေ့ခိုင်းရတာ... အကယ်လို့ ဆေးလုံးက လူခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေမယ်ဆိုရင် ဒီရုပ်သေးရုပ်က မည်းသွားလိမ့်မယ်..."

"ဒီလိုကိုး..."

ချူလျန်လည်း ဗဟုသုတအသစ်တစ်ခု ရရှိသွားခဲ့၏။

ဆက်လက်၍ ကြည့်ရှုရသည်မှာ ကျောက်စိမ်းစာလိပ်တစ်ခု ဖြစ်သည်။ ချူလျန်က ကောက်ကိုင်လိုက်ပြီး ဝိညာဉ်အာရုံဖြင့် ဖြတ်ရှုလိုက်ရာ၊ ၎င်းအတွင်းတွင် ရှုပ်ထွေးလှသော ဆေးဖော်စပ်နည်း ရာပေါင်းများစွာကို သိပ်သည်းစွာ သိမ်းဆည်းထားကြောင်း တွေ့လိုက်ရသည်။

ဝမ်ယွီလုံကလည်း ယူကြည့်လိုက်ပြီး ပြောလိုက်သည်။

"ဒါတွေအများစုကတော့ ဈေးကွက်ထဲမှာ ပျံ့နှံ့နေတဲ့ ဆေးဖော်စပ်နည်းတွေပဲ... အနည်းငယ်လောက်ကတော့ တွေ့ရခဲတယ်... ပြီးတော့ မိစ္ဆာဆေးလုံး တချို့လည်း ပါသေးတယ်…”

“ထိန်းသိမ်ရေးခန်းမကို ယူသွားရင်တောင် ဆုလာဘ်တချို့ လဲလှယ်လို့ရတယ်..."

ကျန်ရှိနေသည်များမှာ ဆေးလုံးအချောထည် ဘူးသီးပုအချို့နှင့် ကုန်ကြမ်းပစ္စည်းများ ဖြစ်သည်။ ဝမ်ယွီလုံက တစ်ခုချင်းစီ စစ်ဆေးလိုက်၏။

"အလှမပျက်ဆေးလုံး... ဒါကတော့ လုံးဝဖျက်ဆီးပစ်ရမယ့် မိစ္ဆာဆေးလုံးပဲ... ချီဖြည့်တင်းနုပျိုခြင်းဆေးလုံး... ဒါကတော့ တိုက်ပွဲဝင်ချိန်မှာ ဒဏ်ရာကုသတဲ့ နတ်ဆေးတစ်ပါးပဲ…”

“နဂါးခေါင်းထောင်ဆေးလုံး... ဒါ... ဒါက ယောက်ျားလေးတွေရဲ့ ကိစ္စတွေမှာ အဆင်မပြေတာကို ကုသဖို့အတွက်..."

"ဒီ သဘာဝရတနာပစ္စည်းတွေကလည်း အဂ္ဂိရတ်ကုန်ကြမ်းတွေချည်းပဲ... အားလုံးပေါင်းလိုက်ရင် တော်တော်လေး တန်ဖိုးရှိတယ်... ဂုဏ်ယူပါတယ် စီနီယာအစ်ကိုချူ..."

ဝမ်ယွီလုံက ရယ်မောကာ ဆက်ပြောလိုက်သည်။

"အဂ္ဂိရတ်ပညာရှင်တွေက အချမ်းသာဆုံးလို့ပြောကြတာ တကယ်မမှားဘူးပဲ... ဒီပစ္စည်းတွေကို အုပ်လိုက်ရောင်းချလိုက်ရင် သေချာပေါက် ပိုက်ဆံအများကြီး ထပ်ရဦးမှာပဲ..."

အဂ္ဂိရတ်ပညာရှင်များ၏ ကြွယ်ဝချမ်းသာမှုနှင့်ပတ်သက်၍ ကျင့်ကြံခြင်းလောကတွင် စောစောကတည်းက ပျံ့နှံ့နေခဲ့သည်။ ဆင်းရဲသော စွမ်းအားရှင်များ ရှိနိုင်သော်လည်း၊ ဆင်းရဲသော အဂ္ဂိရတ်ပညာရှင်များဟူ၍ မရှိနိုင်ပေ။

ယခုအခါတွင်မူ ချူလျန်သည် ထိုအချက်နှစ်ချက်လုံးကို ကိုယ်တိုင်ကိုယ်ကျ ခံစားသိရှိသွားခဲ့ပြီ ဖြစ်သည်။

ဝမ်ယွီလုံ၏ ဂုဏ်ပြုစကားအပေါ် သူက ခေါင်းယမ်းလိုက်သည်။

"ရောင်းမယ်... အခုတော့ မလောသေးပါဘူး... ဒီအထဲမှာ ငါအသုံးတည့်မယ့်ပစ္စည်းတွေ ပါကောင်းပါနိုင်တယ်လေ..."

All Chapters