← Chapters

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

​အခန်း (၆၁) အလွန်အလုပ်များ နေသော ချန်ကျီ

​ကိုယ်ပွား ချန်ဖန်က သိုလှောင်အိတ်ထဲရှိ ဆေးလုံးအားလုံးကို အနန္တနေရာလွတ်ထဲသို့ အကုန်သိမ်းဆည်းလိုက်သည်။

​ဆေးလုံးများကို သူက အသုံးပြုရန်မလိုသဖြင့် အနန္တနေရာလွတ်ထဲတွင် ထားရှိပါက ကျောက်လင်းအာက သဘာဝအတိုင်း စီမံခန့်ခွဲသွားမည်ဖြစ်သည်။

​သို့သော်လည်း ဤသိုလှောင်အိတ်ကိုမူ ချန်ဖန်က ဟန်ပြအဖြစ် သူ့ကိုယ်ပေါ်တွင် ဆောင်ထားရဦးမည်ဖြစ်၏၊ အကြောင်းမှာ ဤသိုလှောင်အိတ်သည်လည်း အတွင်းစည်းတပည့်တစ်ဦး၏ အမှတ်အသား ဖြစ်သောကြောင့်ပင်။

​ထို့အပြင် ဤသိုလှောင်အိတ်က အပြင်စည်းတပည့်များ၏ သိုလှောင်အိတ်ထက် ပိုမို သန့်ပြန့်စင်ကြယ် ပြီး အတွင်းနေရာလွတ်ကပင် နှစ်ဆခွဲမျှ ပိုမိုကျယ်ဝန်းသည်။

​ချန်ဖန်က သိုလှောင်အိတ်ကို သိမ်းဆည်းပြီးနောက် ကျင့်စဉ်စာကြည့်တိုက် ရှိရာဘက်သို့ ဆက်လက် လျှောက်လှမ်းခဲ့သည်။

​မကြာမီအချိန်အတွင်း ချန်ဖန်က ကျင့်စဉ်စာကြည့်တိုက်သို့ ရောက်ရှိလာခဲ့၏။

​ရှုပ်ထွေးလှသော လုပ်ငန်းစဉ်များစွာ မရှိဘဲ ကျင့်စဉ်စာကြည့်တိုက် တာဝန်ခံအကြီးအကဲက ရိုးရှင်းစွာပင် စကားအနည်းငယ် သတိပေးလိုက်ပြီး ချန်ဖန်ကို ကိုယ်တိုင်ဝင်ရောက် ရွေးချယ်ခွင့်ပြုလိုက်သည်။

​ကျင့်စဉ်စာကြည့်တိုက်အတွင်း၌ ချန်ဖန်က ကျင့်စဉ်စာအုပ်တစ်အုပ်နှင့် မန္တန်တစ်ခုကို အမြန်ပင် ရွေးချယ်လိုက်သည်။

​ကျင့်စဉ်တစ်ခုနှင့် မန္တန်တစ်ခုကို ချန်ဖန်ရွေးချယ်ရာတွင် ယခုအချိန်၌ ရွေးချယ်နိုင်သမျှ အမြင့်ဆုံးအဆင့်များကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

​မည်သို့ပင်ဆိုစေ အဆုံးသတ်တွင် ချန်ကျီထံသို့ ပြန်လည်အပ်နှံကာ လဲလှယ် မည်ဖြစ်ရာ မည်သည့်အာနိသင်ရှိသည်ဆိုသည်ကိုမူ သူက ဂရုမစိုက်ပေ။

​အတွင်းစည်းတပည့်အဖြစ် ရာထူးတိုးမြှင့်ခြင်း ဆုလာဘ်များကို ထုတ်ယူပြီးနောက် ချန်ဖန်က ဂိုဏ်း၏ တာဝန် ဌာနသို့ ဆက်လက်သွားရောက်ခဲ့သည်။

​သူက သူ၏ ကျင့်ကြံခြင်းအဆင့်ကို လျင်မြန်စွာ ချပြလိုသဖြင့် ယခုအချိန်တွင် အပြင်သို့သွားရမည့် ဂိုဏ်းတာဝန်များကို လက်ခံရန်သာ ရှိတော့သည်။

​ချန်ဖန်က လမ်းဟောင်းအတိုင်း တာဝန်ဌာနသို့ ကျွမ်းကျင်စွာ ရောက်ရှိလာခဲ့၏။

​ချန်ဖန်က အနည်းငယ်မျှသာ လှည့်ပတ်ကြည့်လိုက်သည်၊ ယခုအချိန်တွင် တာဝန်လာယူ ကြသော တပည့်များမှာ မနည်းလှပေ၊ လူအများအပြားက မည်သည့်တာဝန်ကို ယူ လျှင် ကောင်းမလဲဆိုသည်ကို ဝိုင်းဝန်းကြည့်နေကြသည်။

​ချင်းယွမ်ဂိုဏ်းအတွင်း၌ ပိုမိုများပြားသော ကျင့်ကြံခြင်းအရင်းအမြစ်များကို ရရှိလိုပါက ဂိုဏ်းတာဝန်များကို ပြီးမြောက်အောင်ဆောင်ရွက်ခြင်းက အတိုက်ရိုက်ဆုံး နည်းလမ်းတစ်ခု ဖြစ်သည်။

​တာဝန်ဌာနတွင် မန္တန်စွမ်းအားဖြင့် ဖန်တီးထားသော မျက်နှာပြင် ဘုတ်ပြားတစ်ခု ရှိနေပြီး ၎င်းက အီလက်ထရောနစ် မျက်နှာပြင်ကြီးတစ်ခုကဲ့သို့ပင် လက်ခံ နိုင်သော တာဝန်အားလုံးကို ၎င်းအပေါ်တွင် ပြသထားသည်။

​ချန်ဖန် ရောက်ရှိလာခြင်းက မည်သူ့၏ အာရုံကိုမျှ ဆွဲဆောင်ခြင်းမရှိပေ၊ ချင်းယွမ်ဂိုဏ်းအတွင်း၌ အုတ်မြစ်ချခြင်းအဆင့်ရှိသော တပည့်များက အလွန်ပင် များပြားလှသည်။

​သို့သော်လည်း ထိုအပြင်စည်းတပည့်များက ချန်ဖန်၏ အတွင်းစည်းတပည့် ဝတ်စုံကို မြင်သောအခါတွင်မူ အလိုအလျောက်ပင် သူ့အတွက် လမ်းတစ်လမ်းကို ဖယ်ပေးကြသည်။

​ဤအရာကပင် ချင်းယွမ်ဂိုဏ်းအတွင်းရှိ အတွင်းစည်းတပည့်နှင့် အပြင်စည်းတပည့်တို့၏ ကွာခြားချက် ဖြစ်ပေသည်။

​အဆင့်အတန်း ခွဲခြားမှုက ပြတ်သားလှပြီး အပြင်စည်းတပည့်များက အတွင်းစည်းတပည့်များကို သေချာပေါက် ရိုသေလေးစားရမည် ဖြစ်သည်။

​ချန်ဖန်ကလည်း အလွန်အမင်း ဂရုမစိုက်ဘဲ သူ ဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်က တာဝန်လက်ခံရန်အတွက်သာ ဖြစ်သည်။

​ချန်ဖန်က သင့်တော်သော နေရာတစ်ခုကို ရှာဖွေပြီးနောက် မျက်နှာပြင် ဘုတ်ပြားပေါ်သို့ စတင်ကြည့်လိုက်သည်။

​သူက အပြင်သို့ သွားရောက်ရမည့် တာဝန်များကိုသာ ကြည့်ပြီး အခြားသော တာဝန်များကိုမူ အလိုအလျောက်ပင် ကျော်လိုက်သည်။

​မျက်နှာပြင် ဘုတ်ပြားပေါ်ရှိ ဤတာဝန်များကို အတွင်းစည်းတပည့်များကလည်း ထုတ်ပြန်နိုင်သလို ဂိုဏ်းအကြီးအကဲများကလည်း ထုတ်ပြန်နိုင်ပြီး ဂိုဏ်းမှ တိုက်ရိုက်ထုတ်ပြန်ထားသော ဂိုဏ်းတာဝန်များလည်း ရှိသည်။

​တာဝန်အမျိုးအစားများက စုံလင်လှပြီး ရိုးရှင်းသောအရာများ ရှိသကဲ့သို့ အခက်အခဲ မြင့်မားသောအရာများလည်း ရှိသည်၊ အဓိကအားဖြင့် ဆုလာဘ်အဖြစ် ရရှိမည့် ကုသိုလ်အမှတ် မည်မျှ ရှိသည်ဆိုသည်အပေါ်တွင် မူတည်သည်။

​ဤတာဝန်များကို တာဝန်ဌာနက အရင်ဆုံး စိစစ်ပြီးမှသာ ကုသိုလ်အမှတ် မည်မျှ သတ်မှတ်မည်ကို ဆုံးဖြတ်ခြင်း ဖြစ်သည်။

​အတွင်းစည်းတပည့်များ ထုတ်ပြန်ထားသော တာဝန်အများစုမှာ စိုက်ခင်း များကို ပြုစုပျိုးထောင်ခြင်း သို့မဟုတ် အဆင့်နိမ့် မိစ္ဆာသားရဲ ကုန်ကြမ်းပစ္စည်းများကို ရှာဖွေခြင်း၊ သာမန် ဝိညာဉ်ဆေးပင်များ ရှာဖွေခြင်း စသည့် ရိုးရှင်းသော တာဝန်များသာ ဖြစ်သည်။

​ဤကဲ့သို့သော တာဝန်မျိုးကို အပြင်စည်းတပည့်အများစုက လက်ခံဆောင်ရွက်ကြသည်၊ တာဝန်က ရိုးရှင်းပြီး ကုသိုလ်အမှတ်လည်း ရရှိနိုင်ကာ ကျင့်ကြံခြင်းအချိန်ကိုလည်း အလွန်အမင်း နှောင့်နှေးခြင်း မရှိပေ။

​ဂိုဏ်းအကြီးအကဲများ ထုတ်ပြန်ထားသော တာဝန်များကမူ ပိုမိုခက်ခဲလှသည်၊ အမဲလိုက်ရမည့် မိစ္ဆာသားရဲအဆင့်က ပိုမိုမြင့်မားသလို ခူးဆွတ်ရမည့် ဝိညာဉ်ဆေးပင်များ၏ စုဆောင်းမှု ကလည်း ပိုမိုမြင့်မားသည်။

​သို့သော်လည်း အဓိကအကျဆုံးမှာ ဝရမ်းထုတ် အရေးယူခြင်း တာဝန်များ ဖြစ်ပြီး လူဆိုးလူမိုက် များကို သတ်ဖြတ်ရခြင်း ဖြစ်ကာ ထိုလူအများစုမှာ မကောင်းမှုအဝဝကို ပြုလုပ်ထားကြသော ကျင့်ကြံသူများ ဖြစ်ကြသည်။

​ဤကဲ့သို့သော ဝရမ်းထုတ် တာဝန်မျိုးကို အခြေခံအားဖြင့် တာ့ချန်မင်းဆက် က ဂိုဏ်းတိုင်းအတွက် အတူတကွ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

​ဤကဲ့သို့သော တာဝန်မျိုးကို ကြိုတင်လက်ခံထားရန် မလိုဘဲ ဝရမ်းထုတ်ခံထားရသူကို သတ်ဖြတ်နိုင်သရွေ့ ပြန်လာလျှင် ဆုလာဘ်ကို အလားတူ ထုတ်ယူနိုင်သည်။

​အဖွဲ့လိုက် ဆောင်ရွက်ရမည့် တာဝန်အချို့လည်း ရှိသေးသော်လည်း ချန်ဖန်က ထိုအရာကို စိတ်မဝင်စားပေ။

​အခြားသူများနှင့်အတူ တာဝန်ကို အတူတူ ဆောင်ရွက်ပါက ကံကောင်းခြင်းအခွင့်အလမ်း များကို မည်သို့ ရယူနိုင်ပါ့မည်နည်း။

​ချန်ဖန် အဓိက ကြည့်သည်မှာ မိစ္ဆာသားရဲကို သတ်ဖြတ်ခြင်းနှင့် ဝိညာဉ်ဆေးပင် ခူးဆွတ်ခြင်းတို့ကို ဖြစ်ပြီး ဝရမ်းထုတ်ခံထားရသူများကိုမူ ရံဖန်ရံခါမျှသာ ကြည့်သည်။

​အဓိကမှာ ထိုဝရမ်းထုတ်ခံထားရသူများ၏ ရုပ်သွင်ကို မှတ်သားထားရန်ဖြစ်ပြီး အကယ်၍ ဆုံတွေ့ခဲ့ပါက တိုက်ခိုက်နိုင်လျှင် တိုက်ခိုက်မည် ဖြစ်သည်။

​မတိုက်ခိုက်နိုင်ပါကလည်း ကြိုတင် ရှောင်ကွင်းနိုင်ရန် ဖြစ်သည်။

​မကြာမီပင် ချန်ဖန်က အပြင်သို့ သွားရောက်ရန် လိုအပ်သော တာဝန်နှစ်ခုကို ရွေးချယ်လိုက်သည်။

​တာဝန်ဌာနရှိ တာဝန်ကျအကြီးအကဲထံတွင် စာရင်းပေးသွင်းလိုက်ပြီး တာဝန်နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း လက်ခံလိုက်၏။

​ဤတာဝန်နှစ်ခုအနက် တစ်ခုမှာ မိစ္ဆာသားရဲကို သတ်ဖြတ်ကာ မိစ္ဆာသားရဲ ကုန်ကြမ်းပစ္စည်းများကို ရယူရန်ဖြစ်ပြီး အခြားတစ်ခုမှာ နှစ်တစ်ရာသက်တမ်းရှိသော ဝိညာဉ်ဆေးပင်တစ်ပင်ကို ခူးဆွတ်ရန် ဖြစ်သည်။

​ချန်ဖန် ဤတာဝန်နှစ်ခုကို ရွေးချယ်ရခြင်းမှာလည်း ၎င်းတို့အားလုံးက တူညီသော မိစ္ဆာသားရဲတောင်တန်းတစ်ခုတည်းတွင် ရှိနေသောကြောင့်ဖြစ်ရာ လမ်းကြုံအဖြစ် တစ်ပြိုင်နက်တည်း ပြီးမြောက်နိုင်သောကြောင့်ပင်။

​ချန်ဖန် ယခုတစ်ခေါက် တာဝန်အတွက် သွားရမည့်နေရာမှာ ဟဲကွမ်းတောင်တန်း ဟု ခေါ်ပြီး ချင်းယွမ်ဂိုဏ်းမှ ထွက်ခွာပါက လမ်းအနည်းငယ်သာ ကွေ့ဝိုက်ရုံဖြင့် ဝမ်နန်မြို့သို့ တစ်ခေါက် သွားရောက်နိုင်သည်။

​ဤဟဲကွမ်းတောင်တန်းသို့ သူက အကြိမ်ပေါင်းများစွာ ရောက်ရှိဖူးသဖြင့် လမ်းကြောင်းနှင့် မြေပြင်အနေအထားကိုလည်း အတော်ပင် ကျွမ်းကျင်လှသည်၊ သွားရုံပြန်ရုံမျှဖြင့် ရက်အနည်းငယ်သာ ကြာမြင့်မည်ဖြစ်ရာ အချိန်ကို အလွန်အမင်း နှောင့်နှေးစေမည် မဟုတ်ပေ။

​တာဝန်ကို လက်ခံပြီးနောက် ချန်ဖန်က ဂူသို့ ပြန်ကာ ပစ္စည်းများ သိမ်းဆည်းရန် မလိုတော့ဘဲ ဂိုဏ်းတံခါးဝရှိရာသို့ တိုက်ရိုက် လျှောက်လှမ်းသွားကာ ချင်းယွမ်ဂိုဏ်းမှ ထွက်ခဲ့တော့သည်။

​ယခုတစ်ခေါက် အပြင်သို့ထွက်ခြင်း၏ ပထမဆုံးမှတ်တိုင်မှာ ဝမ်နန်မြို့ ဖြစ်သည်၊ ကျိုးချွမ်၏ ကိစ္စကို ချန်ကျီထံတွင် သေသေချာချာ မေးမြန်းရမည် ဖြစ်ရာ ဤအရာက နောင်တွင် သူ ကျိုးချွမ်အပေါ် ဆက်ဆံမည့် သဘောထားကို ဆုံးဖြတ်ပေးမည် ဖြစ်သည်။

​ထို့ပြင် အပြင်သို့ မပြန်ရသည်မှာ ကြာမြင့်ပြီ ဖြစ်သဖြင့် ချန်ကျီက သူ့ကို မေ့လျော့မသွားစေရန် ချန်ကျီ၏ ရှေ့တွင် မျက်နှာတစ်ချက် ပြရဦးမည် ဖြစ်သည်။

​ချင်းယွမ်ဂိုဏ်းမှ ထွက်ခွာပြီးနောက် ချန်ဖန်က ဓားပျံစီးနင်းကာ စတင်ပျံသန်းခဲ့သည်။

​အမြန်နှုန်း ကို အတော်အတန် တည်ငြိမ်စွာ ထိန်းသိမ်းထားပြီး အစွမ်းကုန် ဓားပျံစီးနင်းခြင်းမျိုး မဟုတ်ပေ။

​ချင်းယွမ်ဂိုဏ်းနှင့် အကွာအဝေး အနည်းငယ်မျှသာ ဝေးကွာသေးသဖြင့် ချင်းယွမ်ဂိုဏ်းတပည့်များ လှုပ်ရှားသွားလာနေသည့် အရိပ်အယောင်များကို မြင်တွေ့နေရသေးသည်။

​ချန်ဖန်က သူ့ ကျင့်ကြံခြင်းအဆင့်ကို အလွန်အမင်း မချပြနိုင်သေးသဖြင့် ယခုအချိန်တွင် ဓားပျံစီးနင်းရာ၌ အသုံးပြုသော ဓားမှာလည်း ချင်းယွမ်ဓား မဟုတ်ပေ။

​ချန်ဖန် စီးနင်းထားသည်မှာ ဂိုဏ်းကုသိုလ်အမှတ်များဖြင့် လဲလှယ်ထားသော သာမန် 'အဝါရောင် ' အဆင့် မြင့် ဓားပျံတစ်လက်သာ ဖြစ်သည်။

​အရင်က ဓားကို အသုံးပြုရသည်မှာ များပြားလှသဖြင့် သူက ဓားဖြင့် တိုက်ခိုက်ရသည်ကို ကျင့်သားရနေခဲ့ပြီ ဖြစ်ရာ ယခုအခါ အခြားသော ရတနာ များကို ပြောင်းလဲအသုံးပြုခိုင်းပါက သူက ချက်ချင်း အသားမကျနိုင်သေးပေ။

​ထို့အပြင် ယခု ဤ 'အဝါရောင် ' အဆင့် အဆင့်မြင့် ဓားပျံကလည်း အသုံးပြုရန် လုံလောက်နေပြီ ဖြစ်သည်၊ အတွင်းစည်းတပည့်အများစုမှာ အုတ်မြစ်ချခြင်းအဆင့် ၃ သို့မဟုတ် ၄ သို့ ရောက်ရှိနေကြပြီ ဖြစ်သော်လည်း အသုံးပြုနေဆဲဖြစ်သည်မှာ 'အဝါရောင် ' အဆင့် အလယ်အလတ် ရတနာ များသာ ဖြစ်ကြသည်။

​သူတို့က မပြောင်းလဲချင်ကြခြင်း မဟုတ်ဘဲ ရရှိသော ကုသိုလ်အမှတ်က ထိုမျှသာ ရှိသောကြောင့် ဖြစ်သည်၊ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန်အတွက် ကုသိုလ်အမှတ်အများစုကို ကျင့်ကြံရန် ဆေးလုံးများနှင့် လဲလှယ်အသုံးပြုကြရသည်။

​ကျန်ရှိသော ကုသိုလ်အမှတ်များဖြင့် မန္တန်တစ်ခု နှစ်ခုခန့် ထပ်မံလဲလှယ်နိုင်ပါက ၎င်းကို တာဝန်များကို ကြိုးစားပမ်းစား ဆောင်ရွက်ထားသဖြင့် ကုသိုလ်အမှတ် ပိုမိုများပြားသူဟု သတ်မှတ်နိုင်ပြီ ဖြစ်သည်။

​ဤအကြောင်းကြောင့်ပင် ချန်ဖန် အတွင်းစည်းတပည့်အဖြစ် ရာထူးတိုးမြှင့်စဉ်က ထိုအကြီးအကဲက သူ့ကို အကြီးအကဲတစ်ဦးထံတွင် ဆရာတင်ရန် ပြောကြားခဲ့ခြင်း ဖြစ်သည်။

​ဆရာ ရှိလာပါက သွန်သင်ဆုံးမမည့်သူ ရှိလာမည့်အပြင် ကျင့်ကြံခြင်းအရင်းအမြစ်အချို့ကိုလည်း လက်ဆောင်အဖြစ် ရရှိနိုင်ကာ ကုသိုလ်အမှတ်များလည်း ပိုမိုများပြားလာမည် ဖြစ်သည်။

​သို့သော်လည်း ချန်ဖန်အတွက်မူ ကုသိုလ်အမှတ်ဖြင့် လဲလှယ်ရမည့် ထိုအရင်းအမြစ်လေးများကို မလိုအပ်ပေ။

​အဓိကမှာ ချန်ကျီကိုယ်တိုင်က ထိုအရာများကို အမြင်ထဲ၌ပင် မရှိသဖြင့် သူကလည်း စုဆောင်းနေရန် မလိုခြင်း ဖြစ်သည်။

​ချင်းယွမ်ဂိုဏ်းနှင့် ပိုမိုဝေးကွာလာသည်နှင့်အမျှ ချန်ဖန်၏ ဓားပျံစီးနင်းသည့် အမြန်နှုန်း ကလည်း ပိုမိုမြန်ဆန်လာခဲ့သည်။

​တဖြည်းဖြည်းနှင့် ပတ်ဝန်းကျင်တွင် မည်သူ့ကိုမျှ မမြင်ရတော့ပေ။

​ချန်ဖန် စိတ်ထဲ၌ တိတ်တဆိတ် စိတ်လှုပ်ရှားမိသည်။ "သခင်... ကျွန်တော် ပြန်လာပြီ"

​ချန်ဖန်က ဓားပျံစီးနင်းခြင်းကို တိုက်ရိုက်ရပ်တန့်လိုက်ပြီး လမ်းကြုံအဖြစ် အဝတ်အစားများကိုပါ ပြောင်းလဲဝတ်ဆင်လိုက်သည်။

​ချင်းယွမ်ဂိုဏ်း အတွင်းစည်းတပည့်၏ ဝတ်စုံက ဝမ်နန်မြို့အတွင်း၌ အလွန်ပင် မျက်စိကျစရာ ဖြစ်လွန်းလှသည်။

​ချန်ကျီ၏ အိမ်တော်အနီးအနားတွင် ဤသို့ ပေါ်လာပါက ချန်ကျီ အလိုရှိသော တိတ်ဆိတ်စွာ နေထိုင်ခြင်း အတွက် မကောင်းပေ။

​ချန်ဖန်က ဝမ်နန်မြို့ထဲသို့ တိုက်ရိုက်ဝင်ရောက်ရန် မရွေးချယ်ဘဲ ကွယ်ရာနေရာတစ်ခုကို ရှာဖွေကာ ပတ်ဝန်းကျင်တွင် မည်သည့်ပြဿနာမျှ မရှိကြောင်း အတည်ပြုပြီးနောက် အနန္တနေရာလွတ်ထဲသို့ တိုက်ရိုက် ဝင်ရောက်ခဲ့သည်။

​အိမ်တော်အတွင်း၌ ကျောက်လင်းအာ၏ သီချင်းသံလေးကို နားဆင်နေသော ချန်ကျီက သူ့ကို ခေါ်နေသော အသံတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

​"ချန်ဖန်က အနန္တနေရာလွတ်ထဲကို ဝင်လာတာလား" ချန်ကျီက ခေတ္တမျှ စဉ်းစားလိုက်သည်။

​သို့သော်လည်း သူက ယခုအချိန်တွင် ကိုယ်ပွား ချန်ဖန်၏ အတွေးကို ဂရုစိုက်ရန် လုံးဝ အစီအစဉ်မရှိသေးပေ ။

​ကျောက်လင်းအာ၏ သီချင်းက မဆုံးသေးဘဲ အရသာတွေ့အောင် နားဆင်နေရသည့် အချိန်တွင် ဘာကို ပျာယာခတ်နေရမည်နည်း။

​၎င်းအပြင် ချန်ဖန်က အနန္တနေရာလွတ်ထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်ရာ မည်သည့်အန္တရာယ်မျှ ရှိနိုင်မည် မဟုတ်ပေ။

​ချန်ကျီကလည်း မလောဘဲ သီချင်းလေးကို အရင်ဆုံး ဆုံးအောင် နားဆင်ရန်သာ အရေးကြီးသည်ဟု သတ်မှတ်ထားသည်။

​ယခုအခါ ကျောက်လင်းအာက အထွတ်အထိပ်အပိုင်း ကို သီဆိုနေပြီး ချန်ကျီသည်လည်း စိတ်ဝင်တစား နားဆင်နေကာ ရံဖန်ရံခါတွင် လိုက်လံညည်းဆိုနေမိတော့သည်။

အခန်း (၆၂) ပွဲကြည့် ပရိသတ်တစ်ဦး လုပ်ခြင်း

​ဤအချိန်တွင် အနန္တနေရာလွတ်အတွင်းရှိ ချန်ဖန်က စိတ်ထဲ၌ သံသယဝင်နေမိသည်။

​"ဘာလို့ သခင်က ငါ့ ကို ဂရုမစိုက်တာလဲ၊ ငါ့ ကို တကယ်ပဲ မေ့သွားတာများလား"

​အဆင်မပြေမှုများနှင့်အတူ ချန်ဖန်က ချန်ကျီကို နောက်ထပ်တစ်ကြိမ် ထပ်မံခေါ်လိုက်သော်လည်း နှမြောစရာကောင်းစွာပင် မည်သည့်တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။

​ချန်ဖန်မှာ အနန္တနေရာလွတ်ထဲတွင်သာ အရင်ဆုံး စောင့်ဆိုင်းနေလိုက်ရတော့သည်။

​"သခင်က အလွန်အရေးကြီးတဲ့ ကိစ္စတွေကို အလုပ်များနေတာ သေချာတယ်၊ ငါ စိတ်အေးလက်အေးနဲ့ပဲ သခင်ခေါ်မှာကို စောင့်နေလိုက်မယ်၊ သခင်ကို သွားပြီး မနှောင့်ယှက်တော့ ဘူး"

​ချန်ဖန်က စိတ်ထဲ၌ ဆုံးဖြတ်ချက်ချပြီးနောက် တိုက်ရိုက်ပင် တင်ပျဉ်ခွေထိုင်လိုက်ကာ ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။

​အချိန်အတော်ကြာပြီးနောက်...

​ချန်ကျီက မတ်တတ်ရပ်ကာ လက်ခုပ်တီးလိုက်သည်။

​"လင်းအာ... မင်း တိုးတက်လာပြန်ပြီပဲ၊ အခုဆို ပိုပြီးတော့ ဆိုနိုင်လာပြီ၊ အချက်အလက် တိုင်းကို သေသေချာချာ ဖမ်းဆုပ်နိုင်တယ်"

​"ဟီးဟီး... သခင် ချီးမွမ်းပေးလို့ ကျေးဇူးတင်ပါတယ်"

​ကျောက်လင်းအာက ချန်ကျီ၏ ချီးမွမ်းမှုကို ကြားရသဖြင့် အလွန်ပင် ပျော်ရွှင်သွားခဲ့သည်။

​ချန်ကျီက သူမကို အကြိမ်ပေါင်းများစွာ ချီးမွမ်းဖူးသော်လည်း ချီးမွမ်းသံကြားရသည့် အကြိမ်တိုင်းတွင် သူမက အမြဲတမ်း ပျော်ရွှင်နေဆဲပင် ဖြစ်သည်။

​"သခင်... ခုနက သခင်ရဲ့ မျက်နှာအမူအရာက အနည်းငယ် ပုံမှန်မဟုတ်သလိုပဲ၊ ကျွန်မ ဘယ်နေရာမှာ ဆိုတာ မကောင်းလို့လဲဟင်"

​ကျောက်လင်းအာက သီချင်း ဆိုနေချိန်တွင် အလွန်ပင် အာရုံစိုက်ထားသော်လည်း ချန်ကျီ၏ သေးငယ်သော မျက်နှာအမူအရာ အပြောင်းအလဲကိုမူ သူမက သတိပြုမိနေဆဲ ဖြစ်သည်။

​"?" ချန်ကျီက သံသယဖြစ်သွားပြီး တစ်ခုခုကို မေ့လျော့နေသလိုမျိုး ခံစားလိုက်ရသည်။

​"မရှိပါဘူး၊ မင်း ခုနက အမြဲတမ်း ကောင်းကောင်း ဆိုနိုင်ခဲ့ပါတယ်"

​"ဒါဆို သခင်က ဘာဖြစ်လို့လဲဟင်"

​ချန်ကျီက အပြင်းအထန် ပြန်လည်စဉ်းစားလိုက်ရာ နောက်ဆုံးတွင် တစ်ခုခုကို သတိရသွားသကဲ့သို့ ဖြစ်သွားပြီး "သတိရပြီ၊ ခုနက ချန်ဖန် ငါ့ ကို ခေါ်နေသလိုပဲ"

​ချန်ကျီက ချန်ဖန်ကို သတိရလိုက်သည့် ဤအချိန်တွင် နေ့တစ်ဝက်ခန့်ပင် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

​မတတ်နိုင်ပေ၊ ကျောက်လင်းအာ က သီချင်း ဆိုသည်မှာ အလွန်နားထောင်ကောင်းလွန်းလှသဖြင့် ခေတ္တမျှ စိတ်ဝင်တစား နားဆင် နေမိခြင်းကြောင့်ပင်။

​သူ့အတွေး တစ်ချက် လှုပ်ရှားလိုက်သည်နှင့်...

​ချန်ဖန်က မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။

​ချန်ကျီကို မြင်ပြီးနောက် ချန်ဖန်က ဦးညွှတ်ဂါရဝပြုကာ "သခင်... သခင် စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတွေနဲ့ ကြုံတွေ့နေရလို့လား၊ ကျွန်တော် သခင့်ကိုယ်စား ဆောင်ရွက်ပေးရ မလား"

​ချန်ဖန် ဤသို့ပြောသည်ကို ကြားရသောအခါ ချန်ကျီက သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

​သို့သော်လည်း ခဏချင်းအတွင်းမှာပင် ချန်ကျီက နားလည်သွားခဲ့သည်၊ ချန်ဖန်က အထင် လွဲသွားခြင်းပင် ဖြစ်၏။

​ကြည့်ရသည်မှာ အစောပိုင်းက သူ့ကို ခေါ်ခဲ့သော ချန်ဖန်က သူ့ကို အခြားသော အလုပ်များဖြင့် အလုပ်ရှုပ်နေသည်ဟု ထင်မှတ်ကာ သူ့ကို ချက်ချင်း ဆင့်ခေါ်ခြင်း မပြုခဲ့ခြင်းဟု မှတ်ယူထားပုံရသည်။

​ချန်ကျီက ချန်ဖန်၏ အတွေးကို နားလည်သွားခဲ့သော်လည်း ယခုအချိန်တွင် ချန်ဖန်ကို သူက ကာမဂုဏ်ခံစားမှုများကြောင့် စိတ်ဓာတ်ကျဆင်းနေသည်ဟု မထင်ပေ။

​မည်သို့ပင်ဆိုစေ ချန်ဖန်၏ ထိုကဲ့သို့ သစ္စာရှိလှသော ပုံစံကို မြင်တွေ့ရသဖြင့် ချန်ကျီကလည်း သူ့ကို ထပ်မံ၍ နာကျင် အောင် မလုပ်ရက်တော့ပေ။

​ချန်ကျီက သီချင်းနားထောင်နေရင်း သူ့ကို မေ့သွားခြင်းဖြစ်သည်ဟုလည်း မပြောနိုင်ပေ၊ မည်သို့ပင်ဆိုစေ ချန်ကျီက သခင်ဖြစ်ပြီး ချန်ဖန်က ကိုယ်ပွားဖြစ်သည်။

​ကိုယ်ပွား၏ အရှေ့တွင်မူ အဆင့်အတန်းတစ်ခုကို ထိန်းသိမ်းထားရဦးမည်ဖြစ်သလို သူတို့၏ နုနယ်လှသော နှလုံသား ကိုလည်း စောင့်ရှောက်ပေးရဦးမည် ဖြစ်သည်။

​ချန်ကျီက တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။ "ငါ ဘာမှမဖြစ်ဘူး၊ မင်းက မင်းရဲ့ ချင်းယွမ်ဂိုဏ်းတပည့် အလုပ်ကိုပဲ ကောင်းကောင်းလုပ်"

​"ဟုတ်ကဲ့ပါ သခင်"

​ချန်ကျီက ချန်ဖန်ကို မသိမသာ အကဲခတ်လိုက်ရာ ချန်ဖန်တွင် အခြားသော မျက်နှာအမူအရာများစွာ မရှိသည်ကို မြင်သောအခါ စိတ်ထဲ၌ အလွန်ပင် တည်ငြိမ်သွားခဲ့သည်။ "ကြည့်ရတာ လှည့်စားလိုက်တာ အောင်မြင်သွားပြီပဲ"

​"ပြောပါဦး၊ မင်း ဘာဖြစ်လို့ ရုတ်တရက် ပြန်လာတာလဲ" ချန်ကျီက သူ၏ ပက်လက် ကုလားထိုင်ပေါ်သို့ ပြန်လည် ထိုင်လိုက်သည်။

​"သခင့်ကို တင်ပြပါတယ်၊ ကျွန်တော် ချင်းယွမ်ဂိုဏ်းမှာ သခင့်ကို သိတဲ့လူတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်၊ ဒါကြောင့်မို့လို့ သခင့်ကို အထူးတလည် လာရောက်တင်ပြတာပါ၊ လမ်းကြုံအနေနဲ့ ဟဲကွမ်းတောင်တန်းကိုလည်း တာဝန်တစ်ခု သွားလုပ်မလို့ပါ"

​"ငါ့ကို သိတဲ့လူလား၊ သူ့နာမည်ကို သိလား"

​"ဟုတ်ကဲ့၊ အဲဒီအချိန်တုန်းက ဘေးကလူတွေ သူ့ကို ကျိုးချွမ်လို့ ခေါ်တာ ကြားခဲ့ရပါတယ်"

​"ကျိုးချွမ်လား"

​ဤနာမည်ကို ကြားလိုက်ရသောအခါ ချန်ကျီက ဘာမျှမလုပ်ဘဲ နေပူဆာလှုံနေခဲ့သော ထိုမွန်းလွဲပိုင်းအချိန်ကို သတိရသွားပုံရသည်။

​ထိုအချိန်က လမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်ရင်း ကျိုးချွမ်နှင့်အတူ အချိန်အတော်ကြာ စကားစမြည် ပြောဆိုခဲ့ဖူးသည်၊ ကျိုးချွမ်၏ ရည်ရွယ်ချက်က ချင်းယွမ်ဂိုဏ်းသို့ ဝင်ရောက်ရန်ဖြစ်ကြောင်း အကြမ်းဖျင်း သိရှိခဲ့ရသည်။

​သို့သော်လည်း ကျိုးချွမ်တွင် တစ်ခုခု စိတ်မအေးစရာ ရှိနေပုံရသော်လည်း အမြဲတမ်း ထုတ်မပြောခဲ့ပေ။

​ချန်ကျီကလည်း ထိုအချိန်က သေသေချာချာ မမေးမြန်းခဲ့ပေ၊ မည်သို့ပင်ဆိုစေ လူတိုင်းက ရေစက်ဆုံရုံမျှသာ ဖြစ်သဖြင့် အလွန်အမင်း စုံစမ်းနေရန် မလိုအပ်ပေ။

​သို့သော်လည်း ထွက်ခွာခါနီးတွင် ကျိုးချွမ်က သူကိုယ်တိုင် ရေးဆွဲထားသော မန္တန်စာရွက် အချို့ကို ချန်ကျီထံသို့ အတင်းအကြပ် ပေးအပ်ခဲ့သည်။

​"သူ့စိတ်ထဲက သံသယတွေ ပြေလည်သွားပြီလားတော့ မသိဘူး" ချန်ကျီက စိတ်ထဲ၌ တွေးတောနေမိသည်။

​"သူ အခု ကျင့်ကြံခြင်းအဆင့် ဘယ်လောက်ရှိပြီလဲ" ချန်ကျီက ချန်ဖန်ကို မေးလိုက်သည်။

​"သခင့်ကို ပြန်လည်ဖြေကြားရရင် ကျွန်တော် ကြည့်ရသလောက်တော့ သူက အခု ချီသန့်စင်ခြင်း အဆင့် ၅ ရှိနေပါပြီ"

​ချန်ကျီက အနည်းငယ်မျှ စဉ်းစားလိုက်သည်။ "ကျင့်ကြံခြင်းအဆင့် နှစ်ဆင့်တောင် ဒီလောက်မြန်မြန် တက်လာတာလား၊ ဒီ တာအိုမိတ်ဆွေ ကျိုးကလည်း အတော်လေး ကြိုးစားပုံရတယ်"

​"မင်း သူနဲ့ ဘာတွေ ပြောခဲ့သေးလဲ"

​"ဘာမှမပြောဖြစ်ပါဘူး၊ အဲဒီအချိန်တုန်းက အမှား ပေါ်သွားမှာ စိုးရိမ်လို့ စကားအနည်းငယ်ပဲ အမြန်ပြောပြီး အကြောင်းပြချက်တစ်ခုပေးကာ ထွက်လာခဲ့ပါတယ်။ ​ဒါပေမဲ့ ကျွန်တော် ချင်းယွမ်ဂိုဏ်းထဲက ကျွန်တော့်ရဲ့ နေရာကိုတော့ သူ့ကို ပြောပြခဲ့ပါတယ်"

​ချန်ဖန်က ပြောပြီးနောက် ချန်ကျီ၏ မျက်နှာအမူအရာကိုလည်း သေချာကြည့်နေခဲ့သည်၊ သူ ဆောင်ရွက်ခဲ့သည်မှာ မှန်ကန်မှု ရှိမရှိကို ချန်ကျီ၏ မျက်နှာအမူအရာမှတစ်ဆင့် သိရှိလိုခြင်း ဖြစ်သည်။

​ချန်ကျီ၏ မျက်နှာအမူအရာက မည်သည့်အပြောင်းအလဲမျှ မရှိဘဲ တည်ငြိမ်စွာပင် ပြောလိုက်သည်။ "အင်း... ဒီလိုလုပ်တာလည်း ကောင်းပါတယ်၊ သူကလည်း ငါနဲ့ တစ်ကြိမ်တစ်ခါ ဆုံဖူးတဲ့ ရေစက်ရှိတယ်၊ ပြီးတော့ ငါ့ကို မန္တန်စာရွက်အချို့လည်း ပေးဖူးတယ်"

​"ချင်းယွမ်ဂိုဏ်းထဲမှာ ကူညီပေးနိုင်မယ့်နေရာ ရှိရင် ကူညီပေးလိုက်ပါ"

​ချန်ကျီ ဤသို့ပြောသည်ကို မြင်သောအခါ ချန်ဖန် စိတ်ထဲ၌ ဝမ်းသာသွားခဲ့သည်။ "ကြည့်ရတာ ငါလုပ်တာ မမှားဘူးပဲ"

​"ဟုတ်ကဲ့ပါ သခင်" ချန်ဖန်က ကတိပေးပြီးခါနီးတွင် တစ်ခုခုကို သတိရသွားပြန်ပုံရသဖြင့် ထပ်မံပြောကြားလိုက်သည်။ "သခင်... ကျွန်တော် သူနဲ့ ဆုံတဲ့အချိန်တုန်းက သူက အပြင်စည်းတပည့် အချို့ရဲ့ နှောင့်ယှက်တာကို ခံနေရပုံရပါတယ်၊ မိုယောင်လို့ ခေါ်တဲ့ မိန်းကလေးတစ်ယောက်ကြောင့် ထင်တယ်၊ တစ်ဖက်လူက အတွင်းစည်းတပည့်တစ်ယောက်ပါ"

​ချန်ဖန် ဤသို့ပြောသည်ကို ကြားလိုက်ရသောအခါ ချန်ကျီက ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့သည်။ "အာ အတင်းအဖျင်း (ဇာတ်လမ်း) နားထောင်ရတော့မှာလား"

​"သခင်က အတင်းအဖျင်း (သံပုရာ သီး) စားချင်လို့လား၊ ကျွန်တော် အခုပဲ သွားဝယ်ပေးပါ့မယ်"

​ချန်ဖန်က ချန်ကျီ၏ ထူးဆန်းသော စကားလုံးကို နားမလည်သဖြင့် ချန်ကျီက သံပုရာ သီးတကယ်စားချင်နေသည်ဟု အမှတ်မှားသွားခဲ့ခြင်း ဖြစ်သည်။

​"ဖူး" ဘေးတွင် အမြဲတမ်း ခစားနေသော ကျောက်လင်းအာက ရုတ်တရက်ပင် အော်ရယ်မိသွားတော့သည်။

​သူမက နေ့တိုင်း ချန်ကျီ၏ ဘေးတွင် လိုက်ပါနေသဖြင့် ချန်ကျီ ညည်းဆိုလေ့ရှိသော ထူးဆန်းသော စကားလုံးအချို့ကို အသားကျနေပြီ ဖြစ်ရာ ချန်ကျီ ပြောလိုသည့် စကားလုံး၏ အဓိပ္ပာယ်ကို သဘာဝအတိုင်း နားလည်နေခြင်း ဖြစ်ပေသည်။

​ချန်ဖန်က ကျောက်လင်းအာ၏ ဤကဲ့သို့သော ပုံစံကို မြင်သောအခါ သံသယဖြင့် ကျောက်လင်းအာကို တစ်ချက်ကြည့်လိုက်၊ ချန်ကျီကို တစ်ချက်ကြည့်လိုက်နှင့် စိတ်ထဲ၌ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ "ကျွန်တော် စကားပြောတာ မှားသွားလို့လား"

​"ဟားဟား၊ မင်း နားမလည်တာ မဆန်းပါဘူး၊ ဂရုစိုက်မနေပါနဲ့" ချန်ကျီလည်း လိုက်လံရယ်မောမိသွားသည်။

​"မင်း ယခုတစ်ခေါက် တာဝန်ပြီးလို့ ပြန်ရောက်တဲ့အခါ ကျိုးချွမ်နဲ့ ဒီမိုယောင်တို့ရဲ့ ကိစ္စတွေကို ပိုပြီးတော့ စုံစမ်းထားလိုက်ဦး။ ​နေ့တိုင်း သတင်းတစ်ကြိမ် ပြန်ပို့ပါ၊ တတ်နိုင်သမျှ အသေးစိတ် မှတ်တမ်းတင်ထားပေးပါ"

​ချန်ကျီ၏ ယခုအချိန် ပုံစံမှာ အတင်းအဖျင်း ဇာတ်လမ်းကောင်းကို စောင့်ဆိုင်းနေသော ပရိသတ်တစ်ဦး၏ မျက်နှာအမူအရာနှင့် တစ်ထေရာတည်း တူညီလှသည်။

​ကျောက်လင်းအာက ချန်ကျီ၏ ဤကဲ့သို့သော ပုံစံကို ကြည့်ကာ အနည်းငယ် ရယ်ချင်မိသွားပြီး စိတ်ထဲ၌ တွေးနေမိသည်။ "သခင်က ဘယ်အချိန်ကစပြီး ဒီလောက် အတင်းအဖျင်း ဝါသနာပါသွားရတာလဲ"

​ချန်ကျီသည်လည်း အမှန်တကယ်တော့ ဤမျှ အတင်းအဖျင်း ဝါသနာပါလိုခြင်း မဟုတ်ပေ၊ အဓိကမှာ နေ့တိုင်း အလွန်အမင်း ပျင်းရိနေသောကြောင့် ဖြစ်သည်။

​ကျင့်ကြံခြင်းကိုလည်း သူကိုယ်တိုင် လုပ်ရန် မလိုသလို ငွေရှာရန်အတွက်လည်း ကိုယ်ပွားများ ရှိနေသဖြင့် နေ့တိုင်း သီချင်းလေး နားထောင်ရုံမျှသာ တတ်နိုင်တော့သည်။

​မူလက ဆိုင်တစ်ဆိုင် ဖွင့်လှစ်လိုသော်လည်း ယခုအခါတွင်မူ ကိုယ်ပွားကိုသာ သွားခိုင်းရတော့မည် ဖြစ်သည်။

​ယခုအခါ စိတ်ဝင်စားစရာ ဇာတ်လမ်းကောင်းတစ်ခု ရှိလာသဖြင့် သူ၏ ငြီးငွေ့ဖွယ်ကောင်းသော လူနေမှုဘဝအတွက် အမွှေးအကြိုင်တစ်ခု ထပ်မံဖြည့်စွက်ပေးနိုင်ရာ သူက သဘာဝအတိုင်း အဝကျွေးစေချင်မိသည်။

​ချန်ဖန်တွင်မူ အတွေးများစွာ မရှိပေ၊ ယနေ့ ပြန်လာပြီး ချန်ကျီနှင့် ကျိုးချွမ်တို့၏ ဆက်ဆံရေးကို သေသေချာချာ မေးမြန်းခဲ့ပြီး ဖြစ်ရာ နောင်တွင် ကျိုးချွမ်နှင့် မည်သို့ ထိတွေ့ဆက်ဆံရမည်ကို သူ သိရှိသွားခဲ့ပြီ ဖြစ်သည်။

​ယခု ချန်ကျီ၏ ပုံစံကို ကြည့်ရသလောက် ထိုကျိုးချွမ်အပေါ် အတော်ပင် စိတ်ဝင်စားပုံရသဖြင့် သူ မည်သို့ ဆောင်ရွက်ရမည်ကို သိရှိသွားခဲ့သည်။

​"သခင် စိတ်ချပါ၊ ကျွန်တော် တာဝန်ကို သေချာပေါက် ပြီးမြောက်အောင် ဆောင်ရွက်ပါ့မယ်"

​ပြောပြီးနောက် ချန်ဖန်က ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

​ဤအချိန်တွင် ချန်ကျီက သူ့ကို ထပ်မံ လှမ်းခေါ်လိုက်ပြန်သည်။ "ကျိုးချွမ်က ငါ့ကို အရင်က ချင်းယွမ်ဂိုဏ်းရဲ့ အလုပ်ကြမ်းတပည့်တစ်ယောက်လို့ သိထားတာ ပြီးတော့ မောင်းထုတ်ခံလိုက်ရတယ်လို့ ထင်နေတာ၊ ဆင်ခြေကောင်းကောင်းလေးတစ်ခု ရှာပြီး ဖုံးထားဖို့ သတိရဦး"

​"အာ"

​ချန်ဖန် ဇဝေဇဝါ ဖြစ်သွားခဲ့သည်၊ သူက မူလကပင် အပြင်လူများကို သူ့ကိုယ်သူ ကံကောင်းခြင်း အခွင့်အလမ်းများနှင့် ကြုံတွေ့ခဲ့ရသဖြင့် အုတ်မြစ်ချခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ခြင်းဟု ပြောကြားထားခဲ့ခြင်း ဖြစ်သည်။

​ယခု ကြည့်ရသလောက်မူ သူ့ကိုယ်သူ အခြားသော ကံကောင်းခြင်း အခွင့်အလမ်းများနှင့် ကြုံတွေ့ခဲ့ရပြန်သည်ဟု ထပ်မံပြောရဦးမည် ဖြစ်သည်။

​သို့သော်လည်း ဤသို့ဆိုလျှင် သူ ကြုံတွေ့ခဲ့ရသော ကံကောင်းခြင်း အခွင့်အလမ်းများက အလွန်အမင်း များပြားမနေဘူးလား။

​"ဘာဖြစ်လို့လဲ၊ အခြားကိစ္စ ရှိသေးလို့လား" ချန်ဖန်၏ ဤကဲ့သို့သော ပုံစံကို မြင်သောအခါ ချန်ကျီက သူ အခြားပြောစရာ ကိစ္စရှိသေးသည်ဟု ထင်မှတ်လိုက်သည်။

​"မရှိ... မရှိပါဘူး၊ တာဝန်ကို အောင်မြင်အောင် ဆောင်ရွက်ပါ့မယ်" ချန်ဖန်က ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြန်လည်ဖြေလိုက်သည်။

​"သခင်က ငါ့ကို ပေးအပ်တဲ့ တာဝန်ကို အခက်အခဲ ရှိတယ်လို့ ဘယ်လိုလုပ် ပြောလို့ရမှာလဲ၊ ဒါက သခင်က ငါ့အပေါ် ယုံကြည်တာ ပဲ၊ ငါ သေချာပေါက် ပြီးမြောက်အောင် ဆောင်ရွက်ရမယ်"

​ချန်ဖန်က စိတ်ထဲ၌ သူ့ကိုယ်သူ အားပေးလိုက်သည်။

​"ကောင်းပြီ၊ အခြားကိစ္စမရှိရင် သွားတော့"

​"ဟုတ်ကဲ့ပါ သခင်"

All Chapters