← Chapters

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇) ရွှမ်ယန် ချင်းလင် ဆေးလုံး

​ချန်ကျီက လက်ထဲတွင် 'ရွှမ်ယန် ချင်းလင် ဆေးလုံး' ကို ကိုင်ထားရင်း အတော်ကြာအောင် လေ့လာနေပြီး စိတ်ထဲတွင် တွေးတောလိုက်သည်။ "ဝတ်စုံစိမ်းနှင့် အမျိုးသမီးက ဒီဆေးလုံးကို ခွဲခြားနိုင်မလားတော့ မသိဘူး"

​ဤ 'ရွှမ်ယန် ချင်းလင် ဆေးလုံး' က ချန်ကျီအား အမြဲတမ်း ထူးခြားသော ခံစားချက်မျိုး ပေးစွမ်းနေသဖြင့် သူ့ကို စမ်းသပ်ကြည့်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာစေသည်။

​"တစ်လုံးတည်း စားတာပဲဥစ္စာ၊ ဘေးထွက်ဆိုးကျိုး ရှိရင်တောင် သိပ်ပြီး ကြီးမားမှာ မဟုတ်ပါဘူး"

​ချန်ကျီက စိတ်ကူးလိုက်သည်နှင့် အနန္တဆိုင် သို့ ရောက်ရှိသွားခဲ့သည်။

​ဝတ်စုံစိမ်းနှင့် အမျိုးသမီးကမူ အရင်အတိုင်းပင် အေးစက်တိတ်ဆိတ်နေဆဲ ဖြစ်၏။

​ချန်ကျီက 'ရွှမ်ယန် ချင်းလင် ဆေးလုံး' ကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။ "ငါ ဒီဆေးလုံးကို လဲလှယ် ချင်တယ်"

​ဝတ်စုံစိမ်းနှင့် အမျိုးသမီးက ချန်ကျီလက်ထဲက 'ရွှမ်ယန် ချင်းလင် ဆေးလုံး' ကို အသေးစိတ် ကြည့်ရန်ပင် မလိုဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။ "'ရွှမ်ယန် ချင်းလင် ဆေးလုံး' တစ်လုံး ကို အမှတ် ၅၀၀၀ နှင့် လဲလှယ်မည်၊ လဲလှယ် ရန် အတည်ပြုပါသလား"

​"၅၀၀၀ ဟုတ်လား" ဆေးလုံးတစ်လုံးက ဤမျှအထိ တန်ဖိုးရှိနိုင်ကြောင်း ချန်ကျီ ပထမဆုံးအကြိမ် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

​ချီသန့်စင်ခြင်း အဆင့် သုံး 'ချီစုစည်းဆေးလုံး' တစ်လုံးလျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅ တုံးသာ ပေးရသည်။

​ယခုမူ 'ရွှမ်ယန် ချင်းလင် ဆေးလုံး' တစ်လုံးတည်းဖြင့် 'ချီစုစည်းဆေးလုံး' နှစ်ထောင်နှင့် ညီမျှနေချေပြီ။

​ချန်ကျီတွင် ယခုအချိန်၌ အမှတ်များ မပြတ်လပ်သော်လည်း 'ရွှမ်ယန် ချင်းလင် ဆေးလုံး' ၏ ဈေးနှုန်းကြောင့် တကယ်ပင် အံ့အားသင့်သွားရသည်။

​တွေးကြည့်လျှင် သိနိုင်သည်၊ ဤ 'ရွှမ်ယန် ချင်းလင် ဆေးလုံး' မှာ အနည်းဆုံးတော့ ရွှေအူတိုင်အဆင့်နှင့် အထက် ဆေးလုံး ဖြစ်ရပေမည်။

​ဒါတင်မကသေးဘဲ ဤအမှတ် ၅၀၀၀ ဆိုသည့် ဈေးနှုန်းမှာ အနန္တဆိုင် ၏ လဲလှယ်မှု သတ်မှတ်ချက် သဘာဝကြောင့်သာ ဖြစ်၏။

​အနန္တစတိုးတွင် ပစ္စည်းများ လဲလှယ်ခြင်းနှင့် ဝယ်ယူ ခြင်းတို့၏ တန်ဖိုးမှာ ပစ္စည်း၏ ကုန်ကျစရိတ် အရင်းအနှီးအတိုင်းသာ ဈေးနှုန်းသတ်မှတ်ခြင်း ဖြစ်ပြီး ဤကမ္ဘာပေါ်ရှိ ပစ္စည်းများ၏ တန်ဖိုး (ဈေးကစားမှု) များကို လုံးဝ ထည့်သွင်းစဉ်းစားခြင်း မရှိပေ ။

​တစ်ချိန်တည်းမှာပင် ချန်ကျီက ဤဆေးလုံးမှာ ချင်းယွမ်ဂိုဏ်း ဂိုဏ်းချုပ်က ချန်ဖန်အား လှည့်စားရန် ထုတ်ပေးခဲ့ခြင်း မဟုတ်ဘဲ တကယ့် 'ရွှမ်ယန် ချင်းလင် ဆေးလုံး' အစစ်အမှန် ဖြစ်ကြောင်းကိုလည်း နားလည်သွားခဲ့သည်။

​ချန်ကျီက ခေတ္တမျှ တွေးတောလိုက်ပြီးနောက် တိုးညင်းစွာ ပြောလိုက်သည်။ "လဲလှယ် တာကို ဖျက်သိမ်းမယ်"

​သူ ပြောလိုက်သည့် လေသံမှာ အနည်းငယ် စိတ်မလုံသကဲ့သို့ ဖြစ်နေပြီး မမှန်ကန်သောအရာတစ်ခုခုကို လုပ်မိလိုက်သလို ခံစားနေရသည်။

​ဝတ်စုံစိမ်းနှင့် အမျိုးသမီးထံမှ မည်သည့် ထူးခြားသော တုံ့ပြန်မှုမျှ မရှိသည်ကို မြင်သောအခါ ချန်ကျီက ထပ်မံ မေးမြန်းလိုက်သည်။ "လဲလှယ်ဖို့အတွက် ရွှမ်ယန် ချင်းလင် ဆေးလုံး ရှိပါသလား"

​ဝတ်စုံစိမ်းနှင့် အမျိုးသမီးက အရင်အတိုင်း တည်ငြိမ်စွာပင် ပြန်လည်ပြောကြားခဲ့သည်။ "ကျေးဇူးပြု၍ အနန္တနေရာလွတ်ကို အဆင့်မြှင့်တင်ပါ၊ အနန္တဆိုင်၏ လဲလှယ်မှု ခွင့်ပြုချက်ကို ဖွင့်လှစ်ပါ"

​ဝတ်စုံစိမ်းနှင့် အမျိုးသမီး ထိုသို့ ပြောသည်ကို ကြားလိုက်ရသဖြင့် ချန်ကျီ စိတ်ထဲတွင် ချက်ချင်း သဘောပေါက်သွားသည်။ "တကယ်ပဲ ရွှေအူတိုင်အဆင့်နဲ့ အထက်အဆင့် ဆေးလုံး ဖြစ်နေတာပဲ"

​ယခုအချိန်တွင် အနန္တစတိုးထဲ၌ လဲလှယ်နိုင်သော အမြင့်ဆုံးအဆင့် ဆေးလုံးမှာ အုတ်မြစ်ချခြင်း အဆင့် ကျင့်ကြံသူများ သုံးသည့် ဆေးလုံးသာ ဖြစ်သည်။

​လက်ရှိတွင် လဲလှယ်မှု ဈေးနှုန်းအမြင့်ဆုံး ဆေးလုံးပင်လျှင် အမှတ် ၅၀၀ သာ လိုအပ်သည် မဟုတ်ပါလော။

​ချန်ကျီက ဤ 'ရွှမ်ယန် ချင်းလင် ဆေးလုံး' ၏ အဆင့်မှာ ဘယ်လိုမှ မနိမ့်နိုင်ကြောင်း၊ ရွှေအူတိုင်အဆင့်ထက်ပင် ကျော်လွန်နိုင်ကြောင်းနှင့် အာနိသင်မှာလည်း သေချာပေါက် အလွန် အစွမ်းထက်လိမ့်မည် ဖြစ်ကြောင်း အခိုင်အမာ ဆုံးဖြတ်လိုက်တော့သည်။

​သို့သော်လည်း သူ့တွင် သံသယတစ်ခု ရှိနေဆဲ ဖြစ်၏၊ ချင်းယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်က ချန်ဖန်နှင့် လဲလှယ်သည့် အခြေအနေအဖြစ် ဤမျှအထိ အဆင့်မြင့်သော ဆေးလုံးကို ဘာကြောင့် လိုလိုလားလား ထုတ်ပေးခဲ့ရပါသနည်း။

​ချန်ဖန် စောစောက ပြောခဲ့သည့် 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' ကို သူလည်း အနန္တဆိုင်ထဲတွင် မြင်ဖူးထားပြီး လဲလှယ်၍လည်း ရနိုင်ပေသည်။

​၎င်းမှာ နှစ် ၁၀၀ ဝန်းကျင်ခန့်ရှိသော ဝိညာဉ်ဆေးပင် သာ ဖြစ်ပြီး အနန္တဆိုင်ထဲက ဈေးနှုန်းမှာလည်း အမှတ်တစ်ထောင်ခန့်သာ ရှိသည်။

​ချန်ကျီက စိတ်ထဲတွင် တွေး လိုက်မိသည်။ "ငါသာ ချန်ဖန် ဆီကို 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' အနည်းငယ်လောက် ထပ်ပို့ပေးလိုက်ရင် ချင်းယွမ်ဂိုဏ်း ဂိုဏ်းချုပ်က ဒီလို ဆေးလုံးမျိုးကို နောက်ထပ် အနည်းငယ် ပိုပေးနိုင်ဦးမလားမသိဘူး ။ ​တကယ်လို့ ဖြစ်နိုင်တယ်ဆိုရင်တော့... ကိုယ်ပွား က ဘာမိုင်းတွင်း သွားတူးနေဦးမှာလဲ၊ ချင်းယွမ်ဂိုဏ်းဆီပဲ ဝိညာဉ်ဆေးပင်တွေကို တိုက်ရိုက် ပို့လိုက်တော့မှာပေါ့။ ​ဝိညာဉ်စိုက်ခင်း ထဲမှာလည်း အကုန် စီစဉ်ထားပြီး ချင်းယွမ်ဂိုဏ်းဆီပဲ အကုန် ပို့ပစ်မယ်။ ​ချင်းယွမ်ဂိုဏ်းက မိသားစု အကြီးကြီးဆိုတော့ ဒီလောက် ပမာဏလေးက ဘာမှ မဟုတ်လောက်ပါဘူး၊ သူတို့ သေချာပေါက် အကုန် သိမ်းယူနိုင်မှာပါ"

​ချန်ကျီက တွေး နေရင်းနှင့် ဝိညာဉ်ဆေးပင်များ၏ ဝယ်ယူခြင်း မျက်နှာ ပြင်ကို ဖွင့်လိုက်သည်။

​မကြာခင်မှာပင် 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' ကို ရှာတွေ့သွားပြီး ချန်ကျီက 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' ၏ မိတ်ဆက်အကျဉ်းကို သေသေချာချာ ဖတ်ရှုလိုက်သည်။

​'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်'၊ ဆေးရွက်များ၏ ပုံသဏ္ဌာန်မှာ ထူးခြားပြီး ဓားသွားဖျားကဲ့သို့ ရှိကာ အစိမ်းရင့်ရောင် သန်းနေပြီး အရွက်မျက်နှာပြင်ပေါ်တွင် သေးငယ်သော အစင်းကြောင်းများဖြင့် ပြည့်နှက်နေသည်။​

ဆေးဖက်ဝင် အရွက်များကို ခူးဆွတ်ပြီးနောက်တွင်လည်း လတ်ဆတ်သော အစိမ်းရောင်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ပြီး သင်းပျံ့သော ရနံ့ကို ထုတ်လွှတ်နိုင်သည်။

​အဓိက အာနိသင်မှာ လူသားခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေခြင်း ဖြစ်၏။

​ဆေးလုံးများ ဖော်စပ်သည့်အခါတွင် ၎င်းထဲရှိ ထူးခြားသော အာနိသင် များမှာ အရေးပါသော အထောက်အကူပြု ကုန်ကြမ်းပစ္စည်းများ ဖြစ်ကြသည်။

​"ဒါပဲလား... ဒါနဲ့တော့ ဟိုအဖိုးကြီးက 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' ကို ဘာအတွက် လိုချင်လဲဆိုတာ မသိနိုင်ဘူးပဲ။ ​ဒါပေမဲ့ ဒီအာနိသင်ထဲမှာ အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေတဲ့ အချက်တစ်ချက် ပါဝင်နေတယ်၊ ဒါကို အထောက်အကူအဖြစ် သုံးတယ်ဆိုကတည်းက တခြား ဆေးဖက်ဝင်ပစ္စည်းတွေကလည်း အနည်းနဲ့အများ ဒီလို တူညီတဲ့ အာနိသင်မျိုး ရှိကြမှာပဲ။ ​ဒါပေမဲ့ အဲ့အဖိုးကြီးက အခြေတည် ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲဥစ္စာ၊ အနည်းဆုံးတော့ အသက် တစ်ထောင်လောက် သက်တမ်း ရှိမှာ၊ သူ အခုအချိန်မှာ သက်တမ်းကုန်ခါနီး မဖြစ်နိုင်သေးဘူး၊ အသက်ရှည်ချင်တယ် ဆိုရင်တောင် သူ ဒီလိုအထိ စိတ်မလောသင့်ဘူး။ ​ဒါဆို အသက်ရှည်ဖို့ လိုအပ်နေတာက တခြားတစ်ယောက် ဖြစ်နေလို့လား ဖော်စပ်တဲ့ ဆေးလုံးကလည်း တခြားသူအတွက် ပြင်ဆင်ပေးတာ ဖြစ်ရမယ်"

​ထိုသို့ တွေးမိသည်နှင့် ချန်ကျီက ဟဲဟဲဟု ရယ်မောလိုက်မိသည်။ "ကြည့်ရတာ နောက်ထပ် အတင်းအဖျင်း (ဇာတ်လမ်း) တစ်ခု တွေ့ပြီ ထင်တယ်"

​ချန်ကျီက သူ အလိုရှိသော အဖြေကို မရရှိခဲ့သော်လည်း အတိုင်းအတာတစ်ခုအထိတော့ ရလဒ်များ ရရှိခဲ့သည်။

​အနည်းဆုံးတော့ ဤဆေးလုံးမှာ အတုမဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့သလို ဤဆေးလုံး၏ တန်ဖိုးကိုလည်း အတည်ပြုနိုင်ခဲ့သဖြင့် အနန္တနေရာလွတ်ထဲတွင် ဆက်လက် မနေတော့ပေ ။

​"သခင်... ထွက်လာပြီလား"

​"အင်း"

​"ချန်ဖန်ကို အကုန်လုံး သေသေချာချာ မှာကြားပြီးပါပြီ၊ သူက သခင့်ကို စိတ်ချပါလို့ ပြောပါတယ်၊ သူ ချင်းယွမ်ဂိုဏ်းကို အမြန်ဆုံး ပြန်သွားပြီး သခင် မှာကြားထားတဲ့ တာဝန်ကို အောင်မြင်အောင် မုချ လုပ်ဆောင်ပါ့မယ်တဲ့"

​"ဟားဟား... သူ အားလုံး ဘေးကင်းပါစေလို့ပဲ မျှော်လင့်ရတာပေါ့"

​ချန်ဖန်အား ချင်းယွမ်ဂိုဏ်း ဂိုဏ်းချုပ်၏ အားကိုးမှုကို ရအောင် ယူခိုင်းမည်ဟု ဆိုသော်လည်း ၎င်းမှာ ချန်ကျီ၏ အတွေး သက်သက်သာ ဖြစ်သည်။

​အခြေတည် ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို လှည့်စားရန် ဘယ်မှာ လွယ်ကူပါအံ့နည်း။

​"ထားလိုက်ပါတော့... သူ သွားပါစေ" ချန်ကျီက ပြောပြီးသည်နှင့် 'ရွှမ်ယန် ချင်းလင် ဆေးလုံး' ကို ထုတ်ယူလိုက်ကာ "လင်းအာ... မင်း ခန့်မှန်းကြည့်၊ ဒီဆေးလုံးက ဝိညာဉ်ကျောက်တုံး ဘယ်လောက် တန်မလဲ"

​"ဒါက..." ကျောက်လင်းအာကလည်း ဆေးလုံးအကြောင်း ကို လုံးဝ နားမလည်ပေ ၊ သူမက ဟင်းချက်နည်းနှင့် သီချင်းဆိုခြင်း အတတ်ပညာကိုသာ လေ့လာထားခြင်း ဖြစ်သည်။

​ချန်ကျီကလည်း အချိန်ဆွဲမနေဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။ "အနန္တဆိုင်မှာ လဲလှယ် တာ သက်သက်တင် အမှတ် ၅၀၀၀ နဲ့ လဲလှယ်လို့ ရတယ်။ ​ဒီလို အဆင့်မျိုးရှိတဲ့ ဆေးလုံးက ဝမ်နန်မြို့ထဲမှာ တစ်ခါမျှ ပေါ်မလာဖူးဘူးလို့ ထင်တယ်။ ​တကယ်လို့ ဒါကို ပိုပြီး စည်ကားတဲ့ မြို့ကြီးအချို့ကို ယူသွားရင်တောင်... တန်ဖိုး ဖြတ်နိုင်ပေမဲ့ ဝယ်ချင်တိုင်း ဝယ်လို့မရတဲ့ အခြေအနေမျိုး ဖြစ်မှာပဲ"

​"အာ..." ကျောက်လင်းအာက ချန်ကျီ၏ ရှင်းပြချက်ကို ကြားသောအခါ အံ့အားသင့်သွားရသည်။ "တကယ်ပဲ ဒီလိုအထိ အလွန်အမင်း ဖြစ်နိုင်ပါ့မလား"

​ချန်ကျီက မချိပြုံး ပြုံးလိုက်ရင်း "ဝမ်နန်မြို့ အပြင်က စည်ကားတဲ့ မြို့ကြီးတွေက ဘယ်လိုပုံစံလဲဆိုတာကတော့ ငါ ခန့်မှန်းကြည့်တာပါ။ ​ဒါပေမဲ့ ဒီဝမ်နန်မြို့ ထဲမှာတော့ ဒုတိယမြောက် ဆေးလုံးမျိုး ထပ်ပြီး ပေါ်လာမှာ မဟုတ်တာတော့ အမှန်ပဲ"

​ချန်ကျီက ပြောပြီးသည်နှင့် တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့် မေးလိုက်သည်။ "လင်းအာ... မင်း ထင်တာတော့ ငါ ဒီဆေးလုံးကို စားသင့်သလား"

​ကျောက်လင်းအာကမူ အနည်းငယ် စိုးရိမ်ပူပန်သော လေသံဖြင့် ပြောလိုက်သည်။ "သခင်... ကျွန်မတို့က ဆေးလုံးအကြောင်း ကို သိပ်ပြီး နားမလည်ကြဘူး၊ မထင်မှတ်ဘဲ ရုတ်တရက် ပေါ်လာတဲ့ ဒီဆေးလုံးအပေါ်မှာ ကျွန်မတို့ သတိထားဖို့ လိုအပ်ဦးမလား"

​"လင်းအာ... မင်း အတွေးလွန်နေပြီ။ ​အဲ့ချင်းယွမ်ဂိုဏ်း ဂိုဏ်းချုပ်နဲ့ ချန်ဖန်က လမ်းကြုံဆုံတွေ့ကြတာ သက်သက်ပဲ၊ ဒါတင်မကသေးဘဲ တစ်ယောက်က အခြေတည် ဝိညာဉ်အဆင့်၊ တစ်ယောက်က အုတ်မြစ်ချခြင်း အဆင့်လေ၊ သူက ချန်ဖန်ကို သတ် ချင်ရင် လက်ညှိုးလေး တစ်ချက် ဝှေ့ယမ်းလိုက်ရုံပဲဥစ္စာ။ ​ဘယ်မှာ ဒီလိုအထိ လှည့်ပတ်လုပ်နေစရာ လိုပါ့မလဲ၊ မင်း အခြေတည် ဝိညာဉ်အဆင့်ရဲ့ တန်ဖိုးကို အထင်သေးလွန်းနေပြီ။ ​ဒီဆေးလုံးက အခြားသူတွေရဲ့ မျက်လုံးထဲမှာ တန်ဖိုးဖြတ်မရနိုင်တဲ့ ရတနာ ဖြစ်နေနိုင်ပေမဲ့ အခြေတည် ဝိညာဉ်အဆင့် အဖိုးကြီးရဲ့ လက်ထဲမှာတော့ သကြားလုံးလေးတစ်လုံးလို သာမန်ပဲ ဖြစ်နေနိုင်တယ်"

​ချန်ကျီ ထိုသို့ ပြောလိုက်သောအခါ ကျောက်လင်းအာကလည်း လိုက်လျောညီထွေစွာ ခေါင်းညိတ်လိုက်မိသည်၊ ချန်ကျီ၏ စကားမှာ အကျိုးအကြောင်း ဆီလျော်လှပေသည်။

​"ဒါပေမဲ့ သခင်ကလည်း စိတ်အလိုလိုက်ပြီး မစားသင့်သေးဘူးလေ၊ အနည်းဆုံးတော့ ဒွဆေးလုံးမှာ ဘယ်လို အာနိသင်မျိုး ရှိလဲဆိုတာ သိရဦးမယ်" ကျောက်လင်းအာက ချန်ကျီ ဇွတ်တရွက် လုပ်ဆောင်မိမည်ကို စိုးရိမ်နေဆဲ ဖြစ်၏။

​"စိတ်ချပါ... အနန္တဆိုင်ထဲမှာလည်း ဒီလို ဆေးလုံးမျိုး ရှိတယ်၊ အခုက ခွင့်ပြုချက် မရှိသေးလို့ ကြည့်လို့မရသေးတာ သက်သက်ပါ။ ​ဒါပေမဲ့ အဲ့အဖိုးကြီးက ဆေးလုံးကို ချန်ဖန်ဆီ ပေးတဲ့အချိန်တုန်းက ချန်ဖန်ကို ပြောခဲ့တယ် မဟုတ်လား။​ဒီ 'ရွှမ်ယန် ချင်းလင် ဆေးလုံး' က ကျင့်ကြံခြင်း အဆင့်ကို တည်ငြိမ်စေနိုင်သလို ဝိညာဉ် စွမ်းအားကိုလည်း တိုးတက် စွမ်းအား ထက်မြစေနိုင်တယ်တဲ့"

​ကျောက်လင်းအာက ချန်ကျီအား 'ရွှမ်ယန် ချင်းလင် ဆေးလုံး' စားမည့်အရေးကို တားဆီး၍ မရနိုင်တော့ကြောင်း သိရှိသွားသော်လည်း သတိပေးလိုက်ဆဲ ဖြစ်သည်။ "သခင်... သတိထားတာကတော့ အကောင်းဆုံးပါပဲ"

​ချန်ကျီကလည်း ခေါင်းညိတ်ပြလိုက်ပြီး စိတ်ထဲတွင် နားလည်ထားကြောင်း ပြလိုက်တော့သည်။

အခန်း (၆၈) အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်

​ချန်ကျီက စိတ်ထဲတွင် ဆုံးဖြတ်ချက်ချပြီးနောက် ပါးစပ်ကို အနည်းငယ်ဟကာ 'ရွှမ်ယန် ချင်းလင် ဆေးလုံး' ကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။

​ဆေးလုံးက ပါးစပ်ထဲသို့ ဝင်သွားသည်နှင့်တစ်ပြိုင်နက် လှိုင်းတံပိုးကဲ့သို့ ပြင်းထန်လှသော ဝိညာဉ်စွမ်းအားများက သူ၏ ခန္ဓာကိုယ်အနှံ့ နေရာတိုင်းသို့ တိုးဝှေ့စီးဆင်းသွားသည်ကို ခံစားလိုက်ရသည်။

​တစ်ကိုယ်လုံး နေလို့ထိုင်လို့ ကောင်းသွားပြီး ပေါ့ပါးလန်းဆန်းကာ ပြန်မွေးဖွား လာသည့် ခံစားချက်မျိုးကိုသာ သူ ခံစားလိုက်ရတော့၏။

​'ရွှမ်ယန် ချင်းလင် ဆေးလုံး' ထဲတွင် အလွန်သိပ်သည်းသော စွမ်းအားများနှင့် ဝိညာဉ်စွမ်းအားများ ပါဝင်နေပြီး ၎င်းတို့က သူ၏ တစ်ကိုယ်လုံးရှိ သွေးကြော များနှင့် အကြောမှတ်များကို မပြတ်မကွက် လှုံ့ဆော်ပေးနေကာ ခန္ဓာကိုယ်အတွင်းရှိ ငုပ်လျှိုးနေသော အလားအလာများကို နှိုးဆွပေးနေသကဲ့သို့ ခံစားနေရသည်။

​ခေတ္တမျှ ကြာပြီးနောက် ချန်ကျီက ထိုသို့သော ဆန်းကြယ်သည့် ခံစားချက်ထဲမှ နိုးထလာခဲ့သည်။

​"တကယ်ကို နေလို့ကောင်းလိုက်တာ"

​"သခင်... ဘယ်လိုနေသေးလဲဟင်၊ အဆင်ပြေရဲ့လား"

​ချန်ကျီ ဆေးလုံးကို စားသုံးနေစဉ်အတွင်း ကျောက်လင်းအာက သူ့ကို အမြဲတမ်း ဂရုတစိုက် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

​ချန်ကျီက ဖြည်းညင်းစွာ သတိပြန်ဝင်လာရင်း "ဒီခံစားချက်က တကယ်ကို ဆန်းကြယ်တာပဲ၊ တစ်ယောက်ယောက်က ငါ့ကို အကြောနှိပ်နယ်ပေးနေသလိုလို ဒါမှမဟုတ် တစ်ကိုယ်လုံးကို အပ်စိုက်ကုသပေးနေသလိုမျိုးပဲ။ အတိုချုပ်ပြောရရင် အရမ်း နေလို့ကောင်းတယ်၊ မင်း စိတ်ချပါ ငါဘာမှမဖြစ်ဘူး"

​ချန်ကျီ ပြောပြီးကာမှ ထူးဆန်းသည့် အနံ့ဆိုးကို ရလိုက်သဖြင့် မျက်မှောင်ကြုတ်လိုက်မိပြီး "လင်းအာ... မင်းကော ထူးဆန်းတဲ့ အနံ့ တစ်ခုခု ရလား"

​အမှန်တော့ ကျောက်လင်းအာက စောစောကတည်းက ရထားပြီးဖြစ်သော်လည်း ပြောရန် အားနာနေခြင်း ဖြစ်၏။

​ယခု ချန်ကျီက မေးလာသဖြင့် သူမလည်း တိုက်ရိုက်ကြီး ဖွင့်ပြောရန် ခက်ခဲနေသောကြောင့် ချန်ကျီကို လက်ညှိုးလေး ထိုးပြလိုက်ပြီး နောက်ထပ် လက်တစ်ဖက်ဖြင့် သူမ၏ ပါးစပ်နှင့် နှာခေါင်းကို မသိမသာ အုပ်ထားလိုက်သည်။

​"?" ချန်ကျီက ကျောက်လင်းအာ သူ့ကိုယ်ကို လက်ညှိုးထိုးပြသည်ကို မြင်သောအခါ ဇဝေဇဝါ ဖြစ်သွားသည်။

​"ငါက နေ့တိုင်း ရေချိုးတာပဲဥစ္စာ၊ ဘယ်လိုလုပ် ငါ့ဆီက ဖြစ်ရမှာလဲ"

​ချန်ကျီက သူ့ကိုယ်သူ ပြန်နမ်းကြည့်လိုက်ရာ ထိုနံစော်လှသော အနံ့ဆိုးကြောင့် အန်ပင် အန်ချင်သွားရသည်။

​အနံ့ဆိုးက သူ့ ခန္ဓာကိုယ်ပေါ်ကနေ ထွက်လာတာ တကယ်ဖြစ်လိမ့်မည်ဟု ချန်ကျီလည်း မထင်ထားမိပေ ၊ စောစောကတင် သူက အားရပါးရ ရှူသွင်းလိုက်မိသေးသည်။

​ချန်ကျီလည်း အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ကျောက်လင်းအာကို ကြည့်ကာ စိတ်တိုတိုနှင့် ရယ်မောလိုက်ရင်း "ဒီမှာ လာပြီး ရယ်ချင်ပတ်ချင် လုပ်မနေနဲ့ဦး၊ ငါ့အတွက် ရေချိုးဖို့ ရေနွေး သွားပြင်ပေးဖို့ မသိဘူးလား"

​"ဟီးဟီး" ကျောက်လင်းအာက ပါးစပ်ကို အုပ်ပြီး ပြေးထွက်သွားတော့သည်။

​"ဒါက 'ရွှမ်ယန် ချင်းလင် ဆေးလုံး' ကြောင့်လား"

​ချန်ကျီက စနစ် မျက်နှာပြင် ကို ဖွင့်လိုက်သည်၊ ခန္ဓာကိုယ်မှာ ဘာပြောင်းလဲမှုတွေ ဖြစ်သွားလဲဆိုတာကို မျက်နှာပြင် ကို ကြည့်တာကသာ အရှင်းလင်းဆုံး ဖြစ်သည်။

​နာမည် - ချန်ကျီ

ကျင့်ကြံခြင်းအဆင့် - အုတ်မြစ်ချခြင်း အဆင့် ၆ [64/200]

ပါရမီ - မြေကြီး အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်

ကျင့်စဉ် :

ရွှမ်ထျန်းလု (ပြီးပြည့်စုံခြင်း ) [469/800]

မန္တန် :

နှလုံးဖောက်တိုက်ခိုက်မှု (ကျွမ်းကျင်) [1/200]

ဝိညာဉ်ရှာဖွေခြင်းမန္တန် (ကျွမ်းကျင်) [2/200]

ကြိုးကြားပျံ ခြေလှမ်း (ပြီးပြည့်စုံခြင်း) [1365/1600]

ကြယ်ရွှေ့ပြောင်းခြင်း ဓား ဆယ့်သုံးလက် (ဒဏ္ဍာရီ)

ကောင်းကင် ကိုးခု နဂါးဟိန်းသံ လှံသိုင်း (ဒဏ္ဍာရီ)

မီးတောက် မန္တန် (ဒဏ္ဍာရီ)

အသက်ရှူသံဖျောက် မန္တန် (ဒဏ္ဍာရီ)

မြေကြီး ဒိုင်းကာမန္တန် (ဒဏ္ဍာရီ)

ဓားပျံမန္တန် (ဒဏ္ဍာရီ)

အနန္တနေရာလွတ် - အဆင့် (၂)

​"အလယ်အလတ်အဆင့် ဝိညာဉ်အမြစ် ဟုတ်လား"

​ချန်ကျီက စနစ် မျက်နှာပြင် ပေါ်တွင် အခြားသော အချက်အလက်များ အားလုံးမှာ မည်သည့် ပြောင်းလဲမှုမျှ မရှိသည်ကို တွေ့လိုက်ရသည်။

​သို့သော်လည်း ပါရမီအကွက်တွင်မူ ယခင်က 'မြေကြီး အဆင့်နိမ့် ဝိညာဉ်အမြစ်' ဖြစ်ခဲ့ရာမှ ယခုအခါ 'မြေကြီး အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်' အဖြစ် ပြောင်းလဲသွားချေပြီ။

​"ဝိညာဉ်အမြစ်ဆိုတဲ့ မွေးရာပါအရာမျိုးကိုတောင် ပြောင်းလဲပစ်လို့ ရတာလား။ ဒါဆို ငါသာ 'ရွှမ်ယန် ချင်းလင် ဆေးလုံး' နောက်ထပ် အနည်းငယ်လောက် ထပ်ရမယ်ဆိုရင် ဝိညာဉ်အမြစ်ကို အဆင့်မြင့် ပါရမီအထိ မြှင့်တင်လို့ ရနိုင်တာပေါ့ ထိပ်တန်း အဆင့်အထိတောင် ဖြစ်နိုင်မလား"

​ချန်ကျီက စဉ်းစားကြည့်ပြီးနောက် ခေါင်းကို ခါယမ်းလိုက်မိပြန်သည်၊ ၎င်းမှာ အိပ်မက်ဆန်လွန်းသည်ဟု ခံစားရသောကြောင့် ဖြစ်၏။

​မည်သို့ပင်ဆိုစေ ယခုအခါ ချန်ကျီ နားလည်သွားခဲ့ပြီ ဖြစ်သည်၊ 'ရွှမ်ယန် ချင်းလင် ဆေးလုံး' ဆိုသည့် ဤဆေးလုံးမှာ သူ ထင်ထားသည်ထက် များစွာ သာလွန်ပြီး ရွှေအူတိုင်အဆင့် သုံး ဆေးလုံးသက်သက် မဖြစ်နိုင်သည်မှာ အသေအချာပင်။

​ဒါတင်မကသေးဘဲ ချန်ကျီက ဝိညာဉ်အမြစ်ကိုလည်း ပြောင်းလဲပစ်၍ ရနိုင်ကြောင်း မူလကပင် ရှာဖွေတွေ့ရှိသွားခဲ့သည်။

​ဒါက သတင်းကောင်းတစ်ခု ဖြစ်၏၊ နောင်တွင် အနန္တနေရာလွတ်ကို အဆင့်မြှင့်တင်ပြီးပါက သူလည်း ဝိညာဉ်အမြစ် အဆင့်ကို ပြောင်းလဲပေးနိုင်မည့် ပိုမိုမြင့်မားသော အဆင့်ရှိ ဆေးလုံးများကို ရှာဖွေနိုင်မည် ဖြစ်သည်။

​ချန်ကျီ တွေးတောငေးမောနေစဉ်မှာပင် ကျောက်လင်းအာ၏ အသံ ထွက်ပေါ်လာခဲ့သည်။

​"သခင်... ရေနွေး ပြင်ဆင်ပြီးပါပြီရှင်"

​"အင်း... လာပြီ"

​ချန်ကျီ၏ အတွေးစများ ပြတ်တောက်သွားပြီး သူ့ကိုယ်ပေါ်က အနံ့ကို ထပ်မံ ရလိုက်ပြန်သဖြင့် "အရင်ဆုံး သွားချိုးလိုက်တာ အကောင်းဆုံးပဲ"

​ ရေချိုးစည်ပိုင်းထဲတွင်

​ချန်ကျီက ကိုယ်လုံးတီးဖြင့် ရေထဲတွင် စိမ်နေသည်။

​"တကယ်လို့ ဝိညာဉ်အမြစ်ရဲ့ အရည်အသွေးကို ဒီလောက်အထိ လွယ်လွယ်ကူကူ မြှင့်တင်လို့ ရမယ်ဆိုရင် တစ်လောကလုံးက အခြေတည် ဝိညာဉ်အဆင့် ကျင့်ကြံသူတွေ ကောင်းကင်ယံမှာ ပျံဝဲနေကြမှာပေါ့။ ကြည့်ရတာ ငါ အတွေးလွန်သွားတာပဲ ဖြစ်ရမယ်၊ ဒီ 'ရွှမ်ယန် ချင်းလင် ဆေးလုံး' ရဲ့ အာနိသင်ကလည်း ဒီလောက်တင်ပဲ ပြီးဆုံးသွားတာ နေမှာပါ။ အဆင့်နိမ့် ဝိညာဉ်အမြစ်တစ်ခုကို အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်ဖြစ်အောင် အတင်း ဆွဲတင်ပေးနိုင်တာတင်ပဲ ကောင်းကင်ဘုံကို ဆန့်ကျင်နေလောက်ပြီ။ အနန္တနေရာလွတ် အဆင့်မြင့်သွားတဲ့အခါကျရင် ဒီ 'ရွှမ်ယန် ချင်းလင် ဆေးလုံး' အကြောင်းကို သေသေချာချာ ထပ်လေ့လာရမယ်။ ​ပြီးတော့ နောက်နောင် ဒီဆေးလုံးတွေ၊ အစီအရင်တွေ၊ အဆောင် တွေ စတာတွေကို ကိုယ်တိုင် မဖော်စပ်၊ မပြုလုပ်တတ်ရင်တောင် နားလည်ထားဖို့တော့ လိုအပ်တယ်။ မဟုတ်ရင် အသစ်အဆန်းတစ်ခုခုနဲ့ တွေ့လိုက်တိုင်း ဘာမှမသိ ဘာမှမမြင် ကန်းနေသလို ဖြစ်နေရဦးမယ်၊ ဒီလိုဆို ကျင့်ကြံခြင်းလမ်းစဉ် လျှောက်လှမ်းရတာလည်း မထိုက်တန်သလို ဖြစ်နေပြီ။ အတော်ပဲ... ငါကိုယ်တိုင် ကျင့်ကြံနေဖို့ မလိုတာမို့လို့ နောက်ဆို အားတဲ့အခါ ဒီလို စာအုပ်တွေကို ပိုဖတ်ပြီး ပိုပြီးတော့ လေ့လာသင်ယူရမယ်"

​ချန်ကျီက သူ့အနေဖြင့် ဤကျင့်ကြံခြင်းကမ္ဘာ၏ အသိပညာ ဗဟုသုတများကို နားလည်သဘောပေါက်မှု အလွန် နည်းပါးလွန်းနေသေးကြောင်း သိရှိထားသည်။

​ချန်ကျီက မည်သို့ ကြိုးစားအားထုတ်ရမည်ကို စဉ်းစားနေစဉ်မှာပင် အခန်းအပြင်ဘက်မှ ကျောက်လင်းအာ၏ အသံ ထွက်ပေါ်လာခဲ့သည်၊ ထိုအသံထဲတွင် အနည်းငယ် ရှက်သွေးဖြန်းနေဟန်လည်း ပါဝင်နေ၏။

​"သခင်... လင်းအာ သခင့်ကျောကို ဂျီးတွန်းပေးဖို့ လိုအပ်မလား"

​ကျောက်လင်းအာ၏ နူးညံ့ချိုသာလှသော အသံကို ကြားလိုက်ရသဖြင့် ချန်ကျီ၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်သွားသော အရိပ်အယောင်များ ပေါ်လာကာ "ဟမ် လင်းအာ ဘာလုပ်မလို့လဲ"

​ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ချန်ကျီက တည်ကြည်လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ "မလိုဘူး၊ ငါ ချိုးလို့ ပြီးပြီ"

​သူကိုယ်တိုင် ဖန်တီးထားသည့် ကိုယ်ပွားများ ဖြစ်သော်လည်း ချန်ကျီက ထိုကိုယ်ပွားများအပေါ် အမြဲတမ်း အလွန် ရိုသေလေးစားမှု ရှိခဲ့သည်။

​ကျောက်လင်းအာအပေါ်တွင်လည်း မတော်မတရားသော စိတ်ကူးမျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ ။

​ကိုယ်ပွားများတွင်လည်း ၎င်းတို့ကိုယ်ပိုင် အတွေးနှင့် အာရုံခံစားမှုများ ရှိကြသဖြင့် သူက ကိုယ်ပွားများ၏ လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ချက် ကို လေးစားသည်။

​သူတို့အပေါ် မလိုအပ်သော ဖိအားပေးမှုများနှင့် ထိန်းချုပ်မှုမျိုးကို ဘယ်သောအခါမျှ လုပ်ဆောင်လေ့မရှိပေ။

​အထူးသဖြင့် ကျောက်လင်းအာ ဆိုသည့် ဤကိုယ်ပွားလေးအပေါ်တွင် ချန်ကျီက ထူးခြားသော သံယောဇဉ် ခံစားချက်မျိုး ရှိပြီး ၎င်းမှာ ကိုယ်ပွားသက်သက်ထက် များစွာ ပိုမိုနက်ရှိုင်းသည်။

​ကျောက်လင်းအာ၏ အဖော်ပြုပေးမှုကြောင့်သာ သူ၏ ဘဝမှာ ပျင်းရိငြီးငွေ့စရာ မကောင်းတော့ခြင်း ဖြစ်၏။

​ဤကဲ့သို့ သာမန်ရိုးရှင်းသော ဘဝထဲတွင် အိမ်ထောင်ရေးဆန်သော အငွေ့အသက်များနှင့် ပျော်ရွှင်စရာ ရယ်မောသံများကို တိုးပွားစေခဲ့သည်။

​ကျင့်ကြံခြင်းလမ်းစဉ်က သန့် စင်သော စိတ်နေသဘောထားနှင့် အခြေခံ ကိုယ်ကျင့်တရား စံနှုန်းများကို အလေးထားကြောင်း ချန်ကျီ နားလည်ထားသည်။

​အတ္တဆန်မှုနှင့် လောဘရမ္မက်ဆန္ဒများက ကျင့်ကြံသူကို လမ်းမှားသို့ ရောက်ရှိသွားစေနိုင်ကြောင်း သူ သိရှိထားသောကြောင့် အမြဲတမ်း မှန်ကန်သော အတွေးနှင့် အပြုအမူများကို ထိန်းသိမ်းထားခြင်း ဖြစ်၏။

​ချန်ကျီက ပြောပြီးသည်နှင့် ရေချိုးစည်ပိုင်းထဲမှ ထရပ်လိုက်ကာ ကျောက်လင်းအာ ပြင်ဆင်ပေးထားသည့် သန့်ရှင်းသော အဝတ်အစားများကို လဲလှယ်ဝတ်ဆင်လိုက်သည်။

​ချန်ကျီ တံခါးကို ဖွင့်လိုက်သောအခါ မျက်နှာလေး နီမြန်းနေပြီး တံခါးအပြင်ဘက်တွင် ရပ်နေသော ကျောက်လင်းအာကို တွေ့လိုက်ရသည်။

​"နောက်တစ်ခါ ဒီလို အတွေးမျိုး မတွေးရဘူး၊ မင်းရဲ့ အတွေးက အလွန် အန္တရာယ်များတယ်"

​ကျောက်လင်းအာက ချန်ကျီ၏ စိတ်ထဲတွင် ဘယ်သောအခါမျှ အပြစ်အနာအဆာမရှိ စင်ကြယ် သန့်ရှင်းနေသူ ဖြစ်ပြီး နတ်သမီးအလား ပုံရိပ်မျိုး ဖြစ်သောကြောင့် အဝေးကနေသာ ငေးမောကြည့်ရှု အမွှမ်းတင်ရမည့်သူ ဖြစ်၏။

​ကျောက်လင်းအာက အပြစ်လုပ်ထားသော ကလေးငယ်တစ်ယောက်ကဲ့သို့ ခေါင်းလေးငုံ့ထားရင်း "သခင်... ကျွန်မ မှားသွားပါတယ်"

​"ဟားဟား... ရပါပြီ၊ မင်းကို အပြစ်မတင်ပါဘူး၊ နောက်တစ်ခါ ဒီလို မလုပ်နဲ့တော့ပေါ့။ မင်းတို့က ငါ ဖန်တီးထားတဲ့ ကိုယ်ပွားတွေ ဖြစ်ပေမဲ့ မင်းတို့ကလည်း လွတ်လပ်တဲ့ တစ်ဦးချင်းစီ ဖြစ်ကြတာပဲ၊ ဘာကိစ္စမဆို ငါ့အလိုကို လိုက်ဖို့ပဲ တွေးမနေပါနဲ့"

​"ဟုတ်ကဲ့ပါ... သခင်"

​ကျောက်လင်းအာက ချန်ကျီ ထိုသို့ ပြောသည်ကို ကြားလိုက်ရပြီး သူ့ကို အပြစ်တင်မည့် အရိပ်အယောင် မရှိသည်ကို မြင်မှသာ ခေါင်းကို မော့ပြီး ချန်ကျီကို ကြည့်လိုက်သည်။

​ဤသို့ ကြည့်လိုက်ခြင်းက ဘာမှမဟုတ်သလို ရှိသော်လည်း ကြည့်လိုက်သည့်အခါတွင်မူ ကျောက်လင်းအာမှာ ငေးမော အံ့အားသင့်သွားရတော့သည်။

​"သခင်... သခင့်မျက်နှာက ဒါက" ကျောက်လင်းအာက ချန်ကျီ၏ မျက်နှာကိုသာ အငမ်းမရ ကြည့်နေခဲ့သည်။

​"ငါ့မျက်နှာ ဟုတ်လား" ချန်ကျီက မသိစိတ်အလျောက် လက်ကို ဆန့်ထုတ်ပြီး သူ့မျက်နှာကို ပြန်ပွတ်သပ်ကြည့်လိုက်သည်။

​"ဟမ် အတော်လေး ချောမွေ့နေတာပဲ" ချန်ကျီက သူ့မျက်နှာကို ပွတ်သပ်ရင်း အံ့သြတုန်လှုပ်စွာ ရေရွတ်လိုက်မိသည်။

​"လင်းအာ... မှန်တစ်ချပ် သွားယူပေးပါဦး"

​"အာ" ကျောက်လင်းအာက ထိုမှသာ သတိပြန်ဝင်လာပြီး "ဟုတ်ကဲ့ပါ သခင်"

​မကြာခင်မှာပင် ကျောက်လင်းအာက မှန်တစ်ချပ် ယူလာပေးခဲ့ပြီး ချန်ကျီ သေသေသေချာချာ မြင်နိုင်ရန် မှန်ကို လက်ဖြင့် မြှောက်ကိုင်ပေးထားသည်။

​"'ရွှမ်ယန် ချင်းလင် ဆေးလုံး' က လူကို ရုပ်ရည် ပြန်လည်နုပျိုစေတဲ့ အာနိသင်လည်း ရှိတာလား"

​ချန်ကျီက မှန်ထဲက အသက်အရွယ် အတော်လေး ငယ်သွားသည့် ပုံစံရှိသော မျက်နှာကို ကြည့်ရင်း မနေနိုင်ဘဲ မျက်နှာကို ထပ်မံ ပွတ်သပ်လိုက်မိပြန်သည်။

​ယခင်က နှစ်ကာလများစွာ ဖြတ်သန်းခဲ့ရသဖြင့် အနည်းငယ် ရင့်ရော်နေသော အရေပြားပင်လျှင် အတော်လေး ဖြူစင်ဝင်းပသွားခဲ့ချေပြီ။

​ချန်ကျီသာ အပြင်သို့ လမ်းလျှောက်ထွက်သွားမည်ဆိုပါက သေချာပေါက် အဆင် လေး တစ်ယောက်၏ ပုံရိပ်မျိုး ဖြစ်နေပေလိမ့်မည်။

​သို့သော်လည်း ချန်ကျီက သူ့ ရုပ်ရည်အပေါ်တွင် အလွန်အမင်း ဂရုစိုက်သူ မဟုတ်ပေ၊ ချောသည်ဖြစ်စေ မချောသည်ဖြစ်စေ ဘာမှ အရေးမကြီးလှပေ ။

​

All Chapters