← Chapters

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃) ရူးသွပ်လာကြခြင်း

​ချန်ဖန်က ချန်ကျီ၏ အိမ်တော် မှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်၊ ယခုအချိန်တွင် သူ့စိတ်ထဲ၌ ရည်မှန်းချက်တစ်ခုသာ ရှိတော့သည်။

​ထိုအရာကတော့ ချင်းယွမ်ဂိုဏ်း၏ တာဝန်ကို တတ်နိုင်သမျှ အမြန်ဆုံး ပြီးမြောက်အောင် ဆောင်ရွက်ကာ ချန်ကျီအတွက် အတင်းအဖျင်း (ဇာတ်လမ်း) စုံစမ်းပေးရန် ချင်းယွမ်ဂိုဏ်းသို့ စောစောပြန်သွားဖို့ပင် ဖြစ်သည်။

​အော်... မဟုတ်သေးဘူး ၊ ချန်ကျီအတွက် သတင်းအချက်အလက်များကို ကူညီစုံစမ်းပေးရန် ဖြစ်သည်။

​ချန်ကျီက ကိုယ်ပွား ချန်ဖန်၏ တဖြည်းဖြည်း ဝေးကွာသွားသော ကျောပြင်ကို ကြည့်နေမိသည်၊ သူက အလွန်ပင် ပြတ်သားစွာ လျှောက်လှမ်းသွားပြီး မျက်ဝန်းထဲတွင်လည်း အရောင်အဝါများ တောက်ပနေသကဲ့သို့ ရှိရာ ချန်ကျီက စိတ်ထဲ၌ မချီးမွမ်းဘဲ မနေနိုင်တော့ပေ။

​"ကိုယ်ပွားတွေက တကယ်ပဲ အားကိုးရတာပဲ၊ ကျောက်ယွမ်လည်း အပြင်မှာ ငါ့ကို စိတ်မပူရအောင် နေမှာ သေချာတယ်"

​"လင်းအာ... မင်းတို့တွေက ဘယ်ကနေ လာကြတာလဲ" ချန်ကျီက ရုတ်တရက် လှမ်းမေးလိုက်သည်။

​ကျောက်လင်းအာက ချန်ကျီကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်၊ ကြည်လင်နေသည့် မျက်ဝန်းအစုံထဲတွင်လည်း သံသယများ ပြည့်နှက်နေကာ "သခင်ပဲ ကျွန်မတို့ကို ဖန်တီးခဲ့တာ မဟုတ်ဘူးလားဟင်"

​ချန်ကျီက အနည်းငယ် စဉ်းစားလိုက်ပြီး "အင်း... အဲလိုလည်း ဟုတ်သားပဲ"

​သို့သော်လည်း ချန်ကျီက ကျောက်လင်းအာကို စိုက်ကြည့်နေဆဲပင် ဖြစ်ပြီး စိတ်ထဲ၌ တွေးနေမိသည်။ "ကိုယ်ပွားတွေက တစ်ယောက်ချင်းစီရဲ့ စရိုက်လက္ခဏာတွေက ဒီလောက်အထိ ထင်ရှားနေတာ၊ ဒါတွေက စနစ်က ပေးထားတာများလား"

​ချန်ကျီက ရုတ်တရက် အနန္တဆိုင်အပြင်တွင် ရှိနေသော ထိုအစိမ်းရောင် ဝတ်စုံဝတ် အမျိုးသမီးကို ပြန်လည် သတိရသွားသည်။

​"အနန္တနေရာလွတ် စနစ်က တကယ်ပဲ ဘယ်ကနေ ရောက်လာတာလဲ"

​"ဒါမှမဟုတ် ဘယ်သူက ဖန်တီးခဲ့တာလဲ"

​အချိန်အတော်ကြာအောင် စဉ်းစားသော်လည်း ချန်ကျီက အဖြေကို ရှာမတွေ့ခဲ့ပေ။

​ကျောက်လင်းအာကမူ ချန်ကျီကို ဘာမျှနားမလည်သည့် ပုံစံဖြင့် ကြည့်နေခဲ့သည်၊ ခုနက ချန်ကျီက သူမကို အမြဲတမ်း စိုက်ကြည့်နေသဖြင့် သူမက အနည်းငယ် မလွတ်မလပ်သလို ခံစားနေရခြင်း ဖြစ်သည်။

​ယခုအခါ ချန်ကျီက ရုတ်တရက် တရားထိုင်နေသည့်အလား အတွေးထဲသို့ နက်ရှိုင်းစွာ နစ်ဝင်သွားပြန်သည်။

​ကျောက်လင်းအာက တိုးညှင်းသော လေသံဖြင့် လှမ်းမေးလိုက်သည်။ "သခင်"

​"ဟင်"

​ချန်ကျီက ဤသို့ဖြင့် သတိပြန်ဝင်လာပြီး ခုနက သူ ငေးမှိုင်သွားသည်ကို သတိပြုမိကာ ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။ "ဘာမှမဖြစ်ဘူး၊ ဟုတ်သားပဲ... လင်းအာ၊ စားစရာ တစ်ခုခု သွားလုပ်လိုက်ပါဦး"

​"ကောင်းပါပြီ သခင်၊ ကျွန်မ အခုပဲ သွားပြင်ဆင်လိုက်ပါ့မယ်"

​ကျောက်လင်းအာက သူမ၏ ဟင်းချက်စွမ်းရည်ကို ထုတ်ဖော်ပြသရန်အတွက် ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့သည်၊ တိုက်တိုက်ဆိုင်ဆိုင်ပင် ဟင်းလျာအသစ် နှစ်မျိုးကို ထပ်မံ လေ့လာထားသေးသည်။

​ချန်ကျီက ကျောက်လင်းအာ ပျော်ရွှင်မြူးထူးစွာ ထွက်ခွာသွားသည်ကို ကြည့်ရင်း သူ၏ နှုတ်ခမ်းထောင့်များကလည်း အလိုလို ကွေးညွှတ်တက်သွားခဲ့သည်။ "ထားလိုက်ပါတော့... အရာအားလုံးကို သဘာဝအတိုင်းပဲ ဖြစ်ခွင့်ပေးလိုက်မယ်၊ တစ်နေ့နေ့တော့ အမှန်တရားက ပေါ်ထွက်လာမှာပါပဲ"

​စိတ်ထဲ၌ အမြင်ရှင်းလင်းသွားပြီးနောက် ချန်ကျီက အေးအေးလူလူ ပြန်လည် လဲလျောင်းလိုက်ကာ ကျောက်လင်းအာ လုပ်မည့် အရသာရှိသော စားစရာများကို စောင့်ဆိုင်းနေခဲ့သည်။

​"လင်းအာရဲ့ ဟင်းချက်လက်ရာက ဘာလို့ ဒီလောက်တောင် ကောင်းနေရတာလဲ၊ ဘယ်လိုပဲ စားစား ဘယ်တော့မှ မရိုးနိုင်ဘူးပဲ"

​ချန်ဖန် ဝမ်နန်မြို့မှ ထွက်ခွာသွားပြီးနောက် တစ်ရက်ခန့် အချိန်ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

​ချန်ကျီ၏ အိမ်တော် မှ ထွက်လာပြီးနောက် ချန်ဖန်က လူအုပ်ကြီးထဲသို့ တိတ်တဆိတ် ရောနှောဝင်ရောက်သွားခဲ့ပြီး ထို့နောက် မြို့အပြင်သို့ တိုက်ရိုက် ထွက်လာခဲ့သည်။

​ဝမ်နန်မြို့အပြင်သို့ ရောက်ရှိပြီး အတန်ငယ် လျှောက်လှမ်းလာခဲ့ရာ ပတ်ဝန်းကျင်တွင် လူသူအရိပ်အယောင် မတွေ့ရတော့သဖြင့် ချန်ဖန်က ချင်းယွမ်ဓားကို တိုက်ရိုက်ထုတ်ယူကာ ဓားပျံစီးနင်း၍ ပျံသန်းခဲ့သည်။

​လမ်းကြုံအနေဖြင့် ချင်းယွမ်ဂိုဏ်း၏ အတွင်းစည်းတပည့် ဝတ်စုံကိုလည်း ပြန်လည် လဲလှယ်ဝတ်ဆင်လိုက်သည်။

​အစောပိုင်းက ချန်ဖန်သည် ဝမ်နန်မြို့အပြင်၌ အနန္တနေရာလွတ်ထဲသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့ပြီးနောက် ချန်ကျီ၏ အိမ်တော် ထဲတွင် ပြန်လည် ပေါ်လာခဲ့ခြင်းဖြစ်ရာ သူ၏ တည်နေရာကို အနန္တနေရာလွတ်က မှတ်သားထားပြီး ဖြစ်သည်။

​ထို့ကြောင့် အနန္တနေရာလွတ်ထဲသို့ ထပ်မံဝင်ရောက်ပါက ပြန်လည် ထွက်ခွာချိန်တွင် ချန်ကျီ၏ အိမ်တော် ထဲ၌သာ ပေါ်လာနိုင်မည်ဖြစ်ပြီး အစဦးဆုံး ဝင်ရောက်ခဲ့သည့် မြို့အပြင်၌ ပေါ်လာမည်မဟုတ်ပေ။

​အနန္တနေရာလွတ်ထဲသို့ ဝင်ရောက်ပြီးနောက် အခြားသော ကိုယ်ပွားများ၏ ဆင့်ခေါ်ခြင်းကို ခံရမှသာလျှင် သူက အခြားနေရာများတွင် ပေါ်လာနိုင်မည် ဖြစ်သည်။

​နေရာသစ်တစ်ခုတွင် ပေါ်လာပြီးနောက်မှသာလျှင် အနန္တနေရာလွတ်က မှတ်တမ်းတင်ထားသည့် တည်နေရာ အချက်အလက်များကို အသစ်လဲလှယ် မည် ဖြစ်သည်။

​ဤအကြောင်းရင်းကြောင့်ပင် ချန်ဖန်က ချန်ကျီ၏ အိမ်တော် ထဲမှ ထွက်လာပြီးနောက် မြို့အပြင်သို့ ထပ်မံ ထွက်ခွာရခြင်း ဖြစ်ပေသည်။

​ဝမ်နန်မြို့အပြင်သို့ ရောက်ရှိသောအခါ ချန်ဖန်က သူ၏ ဝိညာဉ်စွမ်းအားများကို အသုံးပြုကာ ချင်းယွမ်ဓားကို မောင်းနှင်ပြီး ဟဲကွမ်းတောင်တန်းဆီသို့ အရှိန်အပြည့်ဖြင့် ပျံသန်းခဲ့သည်။

​သူက တတ်နိုင်သမျှ အမြန်ဆုံး နှုန်းဖြင့် အတိုတောင်းဆုံး အချိန်အတွင်းမှာ ချင်းယွမ်ဂိုဏ်း၌ လက်ခံခဲ့သော တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်လိုသည်။

​သူက ချင်းယွမ်ဂိုဏ်းသို့ အမြန်ပြန်ရန် စိတ်လောနေပြီး ချန်ကျီအတွက် ကျိုးချွမ်နှင့် မိုယောင်တို့၏ အကြောင်းကို ကူညီစုံစမ်းပေးရဦးမည် ဖြစ်သည်။

​တစ်ရက်ခန့် အချိန်ကုန်လွန်ပြီးနောက် နောက်ဆုံးတွင် ကြိုးစားမှုက အရာထင်ခဲ့ပြီး ချန်ဖန်က ဟဲကွမ်းတောင်တန်းသို့ ရောက်ရှိလာခဲ့သည်။

​ဟဲကွမ်းတောင်တန်း ဟူသော ဤနေရာသို့ သူက ပထမဆုံးအကြိမ် ရောက်ရှိခြင်း မဟုတ်ပေ၊ အမဲလိုက် သတ်ဖြတ်ရမည့် သားရဲရှိရာ တည်နေရာကို သူ အကြမ်းဖျင်း သိရှိထားသည်။

​သို့သော်လည်း ဝိညာဉ်ဆေးပင်များ စုဆောင်းရန်အတွက်မူ ကံတရားအပေါ် အနည်းငယ် မူတည်နေပေသည်။

​ချန်ဖန်က ဟဲကွမ်းတောင်တန်းသို့ ရောက်ရှိပြီးနောက် စိတ်လိုက်မာန်ပါ တိုက်ရိုက်ဝင်ရောက်ခြင်း မပြုခဲ့ပေ။

​တစ်ရက်လုံး အကန့်အသတ်မရှိ ခရီးနှင်လာခဲ့သဖြင့် သူ၏ ဝိညာဉ်စွမ်းအား သုံးစွဲမှုကလည်း အလွန်ပင် ကြီးမားလှသည်။

​ချန်ဖန်က လုံခြုံစိတ်ချရသော နေရာတစ်ခုကို ရှာဖွေကာ အနန္တနေရာလွတ်ထဲသို့ နောက်ထပ်တစ်ကြိမ် ဝင်ရောက်ခဲ့ပြီး ထို့နောက် ကိုယ်ပွားနားနေဆောင်သို့ ရောက်ရှိလာခဲ့သည်။

​သူက ဝိညာဉ်စွမ်းအားများကို အကောင်းဆုံး အခြေအနေအထိ ပြန်လည်ကောင်းမွန်အောင် ပြုလုပ်ပြီးနောက် တစ်မူထူးခြားစွာဖြင့် သားရဲကို ရှာဖွေ သုတ်သင်ကာ တာဝန်အတွက် လိုအပ်သော ဝိညာဉ်ဆေးပင်များကို ဖြည်းဖြည်းချင်း ရှာဖွေမည် ဖြစ်သည်။

​တကယ်၍ ရှာမတွေ့ခဲ့ပါက သူက ချန်ကျီထံသို့ အကူအညီတောင်းခံကာ အနန္တဆိုင်အတွင်း၌ တစ်ပင် လဲလှယ်ယူရုံသာ ရှိတော့သည်။

​ချင်းယွမ်ဂိုဏ်း၏ တာဝန်ကို အမြန်ဆုံး ပြီးမြောက်အောင် ဆောင်ရွက်ကာ ချန်ကျီအတွက် သတင်းများကို ပြန်လည်စုံစမ်းပေးရန်အတွက် ဖြစ်သဖြင့် ချန်ကျီက သူ့ကို သေချာပေါက် ကူညီလိမ့်မည်ဟု သူ ယုံကြည်သည်။

​ချန်ကျီ၏ အိမ်တော်

​မနေ့က ကျောက်လင်းအာ ပြင်ဆင်ပေးသော အရသာရှိသည့် ဟင်းလျာများကို စားသောက်ပြီးနောက် သူက သွားရောက် အနားယူခဲ့သည်။

​ယခုအချိန်အထိ ကျောက်လင်းအာက အနန္တနေရာလွတ်ထဲတွင် စုပုံနေသော သံနက်ရိုင်းများမှာ အလွန်ပင် များပြားနေပြီဖြစ်ကြောင်း သတိပေးလာမှသာ သူက ဖြည်းဖြည်းချင်း အိပ်ရာမှ ထလာခဲ့သည်။

​"သခင်... သံနက်ရိုင်းတွေက ၁ သိန်း ၂ သောင်း ကီလိုဂရမ်ကျော်အထိ စုမိနေပြီဖြစ်လို့ သွားပြီး လဲလှယ်လိုက်ရမလားဟင်"

​"အင်း... သွားပြီး လဲလှယ်ရမယ်။ ​ဒါပေမဲ့ ယဲ့မိသားစုက ဒီလအတွက် သံနက်ရိုင်းတွေကို လာယူ ဖို့ လူ အချိန်မရွေး လွှတ်နိုင်တယ်၊ ဒီလအတွက်ကိုတော့ သူတို့ကို အပြည့်အဝ ပေးရဦးမယ်။ ​ငါတို့ ဒီ သံနက်ရိုင်းတွင်းတစ်ခုလုံးကို အကုန်အစင် တူးဖော်ဖို့အတွက် အချိန်အနည်းငယ် လိုအပ်သေးတယ်။ ​လင်းအာ... ယဲ့မိသားစုက ဒီလမှာ သံနက်ရိုင်း ဘယ်လောက် လာယူ မလဲဆိုတာ မင်း စာရင်းတွက်ချက်ပြီးပြီလား"

​"သခင်... တွက်ချက်ပြီးပါပြီ၊ ယဲ့မိသားစုက ဒီလမှာ သံနက်ရိုင်း ကီလိုဂရမ် ၁ သိန်း ၅ သောင်း လာယူ မှာပါ"

​ချန်ကျီက စာရင်းတွက်ချက်လိုက်သည်။ " သံနက်ရိုင်း ကီလိုဂရမ် ၁ သိန်း ၅ သောင်းဆိုတာ လက်ရှိ ကောင်းကင်ဝိညာဉ်ပေါက်တူး တစ်ခုရဲ့ အမြန် နှုန်းနဲ့ဆိုရင် ကိုယ်ပွားတွေအားလုံး တစ်ယောက်တစ်လက်စီ ရှိနေသရွေ့ တစ်ရက်တည်းနဲ့ တင် လုံလောက်တယ်။ သံနက်ရိုင်း ကီလိုဂရမ် ၂ သောင်းကို ပြန်လဲလှယ် ရင် အမှတ် ၄၀၀၀ ရမယ်၊ ဒါဆိုရင် ကောင်းကင်ဝိညာဉ်ပေါက်တူး ၄ ခု ထပ်ရမယ်၊ ဒီလိုဆိုရင် သုံး လေးရက်အတွင်း လူတိုင်း တစ်ယောက်တစ်လက်စီ ရနိုင်မှာပဲ"

​"ဟုတ်ပါတယ်၊ သခင် တွက်ချက်တာ မမှားပါဘူး"

​"ကောင်းပြီ၊ ဒါဆို ငါ အခုပဲ သွားပြီး လဲလှယ်လိုက်မယ်"

​ပြောပြီးသည်နှင့် ချန်ကျီက အနန္တဆိုင်ထဲသို့ ဝင်ရောက်ကာ သံနက်ရိုင်းအားလုံးကို တိုက်ရိုက် ပြန်လဲလှယ် လိုက်သည်။

​စုစုပေါင်း ၂၄၂၅၀ ကီလိုဂရမ်ဖြစ်ပြီး အမှတ် ၄၈၅၀ မှတ် လဲလှယ်ရရှိခဲ့သည်။

​ချန်ကျီက တုံ့ဆိုင်းခြင်းမရှိဘဲ ကောင်းကင်ဝိညာဉ်ပေါက်တူး ၄ ခုကို တိုက်ရိုက် ထပ်မံလဲလှယ်လိုက်ပြီး ကိုယ်ပွားများအားလုံးကို တိုက်ရိုက် သွားယူခိုင်းလိုက်သည်။

​"ရှေ့ကို ချီတက်ကြ ကိုယ်ပွားတို့"

​ဤသို့ဖြင့် ချန်ကျီ၏ ကိုယ်ပွားများက ကောင်းကင်ဝိညာဉ်ပေါက်တူး ၇ ခုကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်သည်။

​ဤကောင်းကင်ဝိညာဉ်ပေါက်တူး ၇ ခုက မိုင်းတွင်းထဲတွင် အကန့်အသတ်မရှိ လည်ပတ်နေပြီး တစ်စက္ကန့်မျှပင် ရပ်တန့်ခြင်း မရှိပေ ။

​နောက်ထပ် တစ်ရက်ခန့် အချိန်ကုန်လွန်သွားခဲ့ပြန်သည်။

​ယနေ့တွင် ယဲ့မိသားစုက သံနက်ရိုင်းများကို လာယူ ရန် လူလွှတ်ခြင်း မရှိသေးပေ။

​ချန်ကျီ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း အုတ်မြစ်ချခြင်း အဆင့် ၆ သို့ တရားဝင် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

​တစ်ရက်တာ အချိန်အတွင်းတွင် ကိုယ်ပွားများ၏ မလျှော့သော ဇွဲလုံ့လ ဝီရိယတို့ကြောင့်...

သံနက်ရိုင်းအရေအတွက်မှာ စံချိန်အသစ်အဖြစ် ၄၇၅၀ ကီလိုဂရမ်အထိ တူးဖော်နိုင်ခဲ့ပြီး အမှတ် ၉၄၅၀ မှတ်အထိ လဲလှယ်ရရှိခဲ့သည်။

​ကျန်ရှိနေသော အမှတ်လက်ကျန်များနှင့် ပေါင်းစပ်ကာ ချန်ကျီက ကောင်းကင်ဝိညာဉ်ပေါက်တူး ၁၀ ခုကို တစ်ပြိုင်နက်တည်း ထပ်မံလဲလှယ်လိုက်သည်။

​ဤသို့ဖြင့် ကိုယ်ပွားများက ကောင်းကင်ဝိညာဉ်ပေါက်တူး ၁၇ ခုအထိ ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်၏။

​"နောက်ထပ် တစ်ရက်ဆိုရင်တော့ တစ်ယောက်တစ်လက်စီ ရတော့မှာပဲ"

​"ဟားဟားဟား... ရူးသွပ်ကြစမ်း ကိုယ်ပွားတို့"

​ချန်ကျီက ကိုယ်ပွားများ မိုင်းတွင်းတူးခြင်းမှ သယ်ဆောင်လာပေးသည့် ကြီးမားလှသော အမှတ်ဝင်ငွေများ၏ ပျော်ရွှင်မှုထဲတွင် လုံးဝ နစ်ဝင်နေခဲ့ပြီ ဖြစ်သည်။

​"တစ်သက်လုံး ဒီလောက်အထိ ကြွယ်ဝတဲ့ တိုက်ပွဲမျိုး တစ်ခါမှ မတိုက်ဖူးဘူး"

​ချန်ကျီက အနန္တနေရာလွတ်ထဲမှ ထွက်လာပြီးနောက် စိတ်လှုပ်ရှားနေသော မျက်နှာအမူအရာဖြင့် " သံနက်ရိုင်းတွင်းကို အကုန်အစင် တူးဖော်ဖို့ဆိုတာ အိပ်မက် မဟုတ်တော့ဘူး"

​ချန်ကျီ ဤမျှလောက်အထိ ပျော်ရွှင်နေသည်ကို မြင်သောအခါ ကျောက်လင်းအာလည်း လိုက်လံ ပျော်ရွှင်နေခဲ့သည်။

​ချန်ကျီက မည်သို့လျှင် မပျော်ရွှင်ဘဲ နေနိုင်မည်နည်း၊ ကျင့်ကြံခြင်းအဆင့်က တစ်ဆင့် မြင့်တက်လာခဲ့ပြီး ကောင်းကင်ဝိညာဉ်ပေါက်တူးကလည်း ၁၀ ခု ထပ်မံတိုးပွားလာရာ သံနက်ရိုင်းအရေအတွက်မှာ တူးလေလေ ပိုမိုများပြားလာလေလေသာ ဖြစ်တော့မည်။

​ဤအချိန်တွင် ချန်ကျီက ရုတ်တရက် တစ်ခုခုကို သတိရသွားပုံရပြီး "လင်းအာ... ဒီနေ့က အနန္တကုန်စုံဆိုင်ကို အလှဆင်တာ ပြီးစီးမယ့်နေ့ မဟုတ်ဘူးလား"

​"ဟုတ်ပါတယ် သခင်၊ အလှဆင်အဖွဲ့နဲ့ ချိန်းဆိုထားတဲ့ အချိန်က ဒီနေ့ပါပဲ"

​"အို... ခုနက ပျော်လွန်းလို့ ကိုယ်ပွားအသစ် လဲလှယ်ဖို့ မေ့သွားတယ်၊ ကောင်းကင်ဝိညာဉ်ပေါက်တူး လဲလှယ်ဖို့ပဲ အာရုံရောက်နေတာ"

​ကျောက်လင်းအာက ချန်ကျီကို ရယ်ပြုံးကာ ကြည့်ရင်း "သခင်က ပျော်လွန်းလို့ အသိလွန်သွားတာကိုး"

​"ထားလိုက်ပါတော့၊ တစ်ရက်နောက်ကျလည်း ဘာမှမဖြစ်ပါဘူး၊ မနက်ဖြန်မှ သွားလည်း အတူတူပါပဲ"

​အဆက်မပြတ် ဝင်ရောက်နေသော အမှတ်များ၏ ရှေ့မှောက်တွင်မူ မည်သည့်အရာမျှ ပြဿနာမဟုတ်တော့ပေ။

​"လင်းအာ... ဒီနေ့ ပျော်စရာကောင်းနေတာမို့ သီချင်းလေးတစ်ပုဒ်လောက် ဆိုပြပါဦး"

​"ကောင်းပါပြီ သခင်၊ ခဏလောက် စောင့်ပါဦးနော်"

​ကျောက်လင်းအာက ခြေလှမ်းအမြန်ဖြင့် ပြေးထွက်သွားခဲ့ပြီး ခဏချင်းအတွင်းမှာပင် ပြန်လည်ရောက်ရှိလာခဲ့သည်။

​သူမက ပန်းကန်အကြီးအသေးများဖြင့် စားစရာအမြောက်အမြားကို ယူဆောင်လာခဲ့ပြီး ရေနွေးအိုးတစ်လုံးကိုလည်း သယ်ဆောင်လာခဲ့သေးသည်။

​ကျောက်လင်းအာ၏ ပြင်ဆင်မှုများကို မြင်သောအခါ ချန်ကျီက တိုက်ရိုက်ပင် အော်ဟစ်လိုက်မိတော့သည်။ "ကွက်တိပဲ"

အခန်း (၆၄) ဟဲကွမ်းတောင်တန်း

​သံနက်ရိုင်းမိုင်းတွင်းထဲတွင်...

​ယဲ့မိသားစုမှ ကျန်ရှိနေသော လူ ၃၀ က နေ့စဉ်နှင့်အမျှ အဆုံးမဲ့သော ကြောက်ရွံ့ထိတ်လန့်မှုများထဲတွင် ရှင်သန်နေကြရသည်။

​သံနက်ရိုင်း မိုင်းတွင်းထဲမှ ထွက်ပေါ်လာသော ရင်တုန်ပန်းတုန်ဖြစ်ဖွယ် အသံနက်ကြီးမှာ ပို၍ပို၍ ပြင်းထန်လာပြီး ပို၍ပို၍ ကျယ်လောင်လာကာ တစ်ချက်ကလေးမျှပင် ရပ်တန့်သွားခြင်း မရှိပေ ၊ ထိုသူများအားလုံးက မိစ္ဆာကောင်များ ဖြစ်ကြသည်ဟု သူတို့ ခံစားနေရသည်။

​သူတို့က နေ့စဉ်နှင့်အမျှ သူတို့အား အတင်းအကျပ် မိုင်းတူးခိုင်းရုံသာမက ဤမျှလောက်အထိ ကြောက်မက်ဖွယ်ကောင်းသော ဆူညံသံများကို ဖန်တီး၍ နှိပ်စက်ညှဉ်းပန်းနေကြသေးသည်။

​ယနေ့တွင်မူ ယဲ့မိသားစုဝင်တစ်ဦးက ဤကဲ့သို့သော ဖိအားဒဏ်အောက်တွင် ရုတ်တရက် စိတ္တဇဖြစ်သွားခဲ့တော့သည်။

​သူက ရူးသွပ်သွားသည့်အလား သံနက်ရိုင်း မိုင်းတွင်းအပြင်ဘက်သို့ အသည်းအသန် ပြေးထွက်သွားခဲ့သည်။

​ပြေးနေသည့်အချိန်၌လည်း အော်ဟစ်ငိုကြွေးနေပြီး ထိုအသံမှာ သရဲတစ္ဆေများ အော်ဟစ် နေသည့်အလား ကြားရသူကို ကြက်သီးထစေသည်။

​ယနေ့ ကင်းစောင့်နေသော ကိုယ်ပွား နံပါတ် ၁၅ က သူ၏ ပုံစံကို မြင်သောအခါ ချက်ချင်းပင် ရှေ့သို့ ပြေးဝင်သွားပြီး သူ့ကို တိုက်ရိုက် ရိုက်ကာ သတိမေ့သွားစေခဲ့သည်။

​ကိုယ်ပွား နံပါတ် ၁၅ က သူ့ကို မိုင်းတွင်းအပြင်ဘက်သို့ တိုက်ရိုက် သယ်ဆောင်လာခဲ့ပြီး မိုင်းတွင်းအပြင်၌ စောင့်ကြပ်နေသော အခြားကိုယ်ပွားများထံသို့ လွှဲပြောင်းပေးကာ စီမံခန့်ခွဲခိုင်းလိုက်သည်။

​သူကမူ မိုင်းတွင်းထဲသို့ ပြန်လည်ဝင်ရောက်ကာ ယဲ့မိသားစုဝင်များ မိုင်းတူးနေသည်ကို ဆက်လက် စောင့်ကြည့်ရဦးမည် ဖြစ်ပြီး အချိန်တန်လျှင် အခြားကိုယ်ပွားများ၏ နေရာတွင် အစားထိုး၍ မိုင်း ဆက်တူးရဦးမည် ဖြစ်၏။

​ကျန်ရှိနေသော ယဲ့မိသားစုဝင်များက ကိုယ်ပွား နံပါတ် ၁၅ ဤမျှလောက်အထိ လျင်မြန်စွာ ပြန်ရောက်လာသည်ကို မြင်သောအခါ ခေါ်ဆောင်ခြင်းခံလိုက်ရသော ထို ယဲ့မိသားစုဝင်၏ အခြေအနေကို အမျိုးမျိုး ခန့်မှန်းနေကြသည်။

​"ဘာကြည့်နေတာလဲ၊ မြန် မြန်တူးစမ်း" ကိုယ်ပွား နံပါတ် ၁၅ က ပြောပြောဆိုဆိုဖြင့် လက်ထဲမှ ကြာပွတ် ကို ဝှေ့ယမ်းလိုက်သည်။

​ဤကြာပွတ်သည် အစောပိုင်းက ယဲ့မိသားစုဝင်များ၏ လက်ထဲတွင် ရှိခဲ့ဖူးသော်လည်း ယခုအခါတွင်မူ သူတို့၏ အိပ်မက်ဆိုးကြီး ဖြစ်လာခဲ့ရပြီ ဖြစ်သည်။

​ကျန်ရှိနေသော ယဲ့မိသားစုဝင်များက ယခုအခါ သူတို့ကိုယ်သူတို့သာ အာရုံစိုက်နိုင်ကြတော့ပြီး အခြားသူများ၏ အသက် ကို မည်သို့လျှင် ဂရုစိုက်နိုင်ပါတော့မည်နည်း။

​သူတို့က တစ်ယောက်ပြီးတစ်ယောက် တိတ်တဆိတ် သက်ပြင်းချကာ ခေါင်းငုံ့၍ မိုင်းတွင်းကို ဆက်လက် တူးနေကြရရှာသည်။

​အစကတည်းက ဤသို့ ဖြစ်မည်မှန်း သိခဲ့ပါလျှင်...။

​သံနက်ရိုင်း မိုင်းတွင်း အပြင်ဘက်တွင်...

​ကင်းစောင့်နေသော ကိုယ်ပွားများမှာ ကိုယ်ပွား နံပါတ် ၂၀ ၊ ကိုယ်ပွား နံပါတ် ၂၁ နှင့် ကိုယ်ပွား နံပါတ် ၂၂ တို့ ဖြစ်ကြသည်။

​"ဒီကောင်လေးက ဟန်ဆောင်နေတာတော့ မဟုတ်ပါဘူးနော်"

​"ကြည့်ရတာတော့ မတူဘူး၊ ကိုယ်ပွား နံပါတ် ၁၅ ခုနက ပြောပြသွားတဲ့ သူ့ရဲ့ အခြေအနေအရဆိုရင် ငါ့စိတ်ထဲမှာတော့ သူ တကယ်ပဲ ရူး သွားတာ ဖြစ်ရမယ်"

​"ဒါဆို ဘယ်လိုလုပ်မလဲ၊ ရူး သွားပြီဆိုတော့ ဒီမှာ ထားလည်း ဘာမှ အသုံးမဝင်တော့ဘူးလေ"

​"အခုပဲ တိုက်ရိုက် သတ်ပစ်လိုက်ရင် ရမလား၊ ဘာပဲဖြစ်ဖြစ် သူ သတိမေ့နေတာဆိုတော့ နာကျင်မှုကိုလည်း ခံစားရမှာ မဟုတ်ဘူး၊ ဒါကလည်း တော်တော်လေး ကောင်းပါတယ်"

​"ကိုယ်ပွား နံပါတ် ၂၀ ... မင်းပြောတာ ကျိုးကြောင်းဆီလျော်တယ်"

​"ဒါဆိုရင် လက်စသတ်လိုက်တော့မယ်၊ ငါ့ရဲ့ လက်က အရမ်းမြန်တယ်၊ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဖြေရှင်းပေးလိုက်မယ်"

​"ငါလည်း အတူတူပါပဲ၊ ငါ့ကို ပေးလုပ်ပါ" ကိုယ်ပွား နံပါတ် ၂၂ က မကျေမနပ်ဖြင့် ပြောလိုက်သည်။

​ကိုယ်ပွား နံပါတ် ၂၂ က ရက်အနည်းငယ် နောက်ကျပြီးမှ ရောက်ရှိလာခြင်းဖြစ်ရာ သူက သူ့ကိုယ်သူ ဂျူနီယာညီလေး ကဲ့သို့ အမြဲ ခံစားနေရသည်၊ အမှန်တကယ်တော့ အားလုံးက အတူတူပင် မဟုတ်ပါလော။

​ပြောပြောဆိုဆိုဖြင့် ကိုယ်ပွား နံပါတ် ၂၂ က မီးတောက်မန္တန်ကို ထုတ်ဖော်လိုက်ရာ ကြီးမားလှသော မီးလုံးကြီးတစ်ခုက သူ့လက်ထဲတွင် ပေါ်ပေါက်လာပြီး အားကောင်းလှသော ဝိညာဉ်စွမ်းအား ဖိအားများ စီးဆင်းသွားခဲ့သည်။

​ကိုယ်ပွား နံပါတ် ၂၂ က မီးလုံးကြီးကို သတိမေ့နေသော ယဲ့မိသားစုဝင်ပေါ်သို့ ပစ်လွှတ်ရန် ပြင်လိုက်သည်။

​ဤအချိန်တွင် သတိမေ့နေသော ယဲ့မိသားစုဝင်က ရုတ်တရက် နိုးလာခဲ့သည်။

​"ငါ ဘယ်ရောက်နေတာလဲ... ငါက ဘယ်သူလဲ... ငါ ဘယ်ကို သွားရမှာလဲ..." ယဲ့မိသားစုဝင်၏ မျက်ဝန်းများထဲတွင် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေပြီး လူသားတို့၏ အဆုံးစွန်သော မေးခွန်းများကို တိုက်ရိုက် မေးမြန်းလိုက်တော့သည်။

​"ဟင်... နိုးလာပြီလား" ကိုယ်ပွား နံပါတ် ၂၀ က ပြောလိုက်သည်။

​"နိုးတော့ နိုးလာတာပဲ၊ ဒါပေမဲ့ ရူးနေတုန်းပဲ ထင်တယ်" ကိုယ်ပွား နံပါတ် ၂၁ က ပြောသည်။

​"ဘာမှမဖြစ်ဘူး၊ ထပ်ပြီး ရိုက်လိုက်ရုံပဲ၊ နာကျင်မှုမရှိတာချင်း အတူတူပါပဲ" ကိုယ်ပွား နံပါတ် ၂၂ ၏ လက်ထဲမှ မီးလုံးကြီးက ပစ်လွှတ်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

​"အော်... ငါ သတိရပြီ၊ ငါက မိုင်းတူးသမားတစ်ယောက်ပဲ၊ ငါ မိုင်းတွင်းတူးရတာကို အကြိုက်ဆုံးပဲ။ ဟော... ဒီမှာ မိုင်းတွင်းတစ်ခု ရှိနေတာပဲ၊ ငါ မိုင်းတွင်းသွားတူးရမယ်"

​ယဲ့မိသားစုဝင်က သူ့ဘာသာ ရေရွတ်ပြီးသည်နှင့် လူက သံနက်ရိုင်း မိုင်းတွင်းထဲသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ပြေးဝင်သွားခဲ့သည်။

​မျက်စိတစ်မှိတ်အတွင်းမှာပင် မိုင်းတွင်း၏ အနက်ရှိုင်းဆုံးနေရာသို့ ပြေးဝင်သွားခဲ့တော့၏။

​"ဟားဟားဟား..."

​"ဟားဟားဟား..."

​ကိုယ်ပွား နံပါတ် ၂၀ နှင့် ကိုယ်ပွား နံပါတ် ၂၁ တို့က တစ်ပြိုင်နက်တည်း အော်ဟစ်ရယ်မောလိုက်ကြသည်။

​ကိုယ်ပွား နံပါတ် ၂၂ ကမူ လက်ထဲတွင် မီးလုံးကြီးကို ကိုင်ဆောင်ထားဆဲဖြစ်ပြီး မျက်နှာတစ်ခုလုံး ဇဝေဇဝါဖြင့် "သူက ဘာလို့ ရုတ်တရက်ကြီး ပြန်ပြီး မရူးတော့တာလဲ"

​"ဟားဟားဟား..."

​"ဟားဟားဟား..."

​ကိုယ်ပွား နံပါတ် ၂၀ နှင့် ကိုယ်ပွား နံပါတ် ၂၁ တို့က ကိုယ်ပွား နံပါတ် ၂၂ ကို ကြည့်ကာ ထပ်မံ ရယ်မောလိုက်ကြပြန်သည်၊ ယခင်ကထက်ပင် ပိုမို၍ ပျော်ရွှင်နေကြပုံရသည်။

​ကိုယ်ပွား နံပါတ် ၂၂ ကမူ ဘာမျှနားမလည်ဘဲ ဝေခွဲမရဖြစ်နေကာ လက်ထဲမှ မီးလုံးကြီးကို ငြှိမ်းသတ်လိုက်သည်။

​"မင်းတို့ ဘာကို ရယ်နေကြတာလဲ"

​ကိုယ်ပွား နံပါတ် ၂၀ နှင့် ကိုယ်ပွား နံပါတ် ၂၁ တို့မှာ ရယ်လွန်းသဖြင့် မျက်ရည်ပင် ထွက်လုနီးပါး ဖြစ်နေသော်လည်း စကားတစ်လုံးမျှ မပြောကြပေ ။

​ကိုယ်ပွား နံပါတ် ၂၂ တစ်ယောက်တည်းကိုသာ ကြောင်တောင်တောင်ဖြင့် ချန်ထားခဲ့ကြတော့သည်။

​သံနက်ရိုင်း မိုင်းတွင်းထဲတွင်...

​ကိုယ်ပွား နံပါတ် ၁၅ က ရူးသွပ်သွားသော ယဲ့မိသားစုဝင် ပြန်လည်ရောက်ရှိလာသည်ကို စောစောစီးစီးကပင် သတိပြုမိထားပြီး ဖြစ်သည်၊ သူက ဘာမျှမပြောဘဲ သူ့ကိုသာ စိုက်ကြည့်နေခဲ့သည်။

​ပြန်ရောက်လာသော ယဲ့မိသားစုဝင်သည်လည်း စကားတစ်လုံးမျှ မဆိုဘဲ ယဲ့မိသားစုဝင်များရှိရာ လူအုပ်ထဲသို့ တိုးဝင်လာကာ ပေါက်တူးတစ်ခုကို ကောက်ကိုင်ပြီး မိုင်းတွင်းကို စတင်တူးတော့သည်။

​အခြား ယဲ့မိသားစုဝင်များက သူ့ကို ဇဝေဇဝါဖြင့် ကြည့်နေကြသည်။

​"သူ ခုနတင်ပဲ ရူးသွားတာ မဟုတ်ဘူးလား၊ ဘာလို့ ပြန်ရောက်လာတာလဲ"

​သံသယများက သူတို့၏ စိတ်ထဲတွင် ရှိနေသော်လည်း မည်သူမျှ ထုတ်ဖော်မမေးရဲကြပေ ။

​ကိုယ်ပွား နံပါတ် ၁၅ ၏ ကြာပွတ် က ရန်သူ့အသွင်ဖြင့် စောင့်ကြည့်နေပြီ မဟုတ်ပါလော။

​ဟဲကွမ်းတောင်တန်း

​"နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီ၊ သခင် မင်း ကို ဒုက္ခမပေးရတော့ဘူး၊ တကယ်ပဲ ကောင်းလိုက်တာ"

​ချန်ဖန်က အဝေးတစ်နေရာတွင် ဝိညာဉ်စွမ်းအား အမျှင်တန်းလေးများ ထွက်ပေါ်နေသော ဝိညာဉ်ဆေးပင်တစ်ပင်ကို ကြည့်လိုက်သည်။

​'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်'၊ ဤဝိညာဉ်ဆေးပင်က အနည်းဆုံး သက်တမ်း ခုနစ်ဆယ်၊ ရှစ်ဆယ်နှစ်ခန့် ရှိပြီဖြစ်ရာ ဤအရာကပင် သူ ယခုတစ်ခေါက် လက်ခံခဲ့သော တာဝန်အတွက် ခူးဆွတ်ရမည့် ဝိညာဉ်ဆေးပင် ဖြစ်ပေသည်။

​၎င်းကို ရှာဖွေတွေ့ရှိရန်အတွက် ချန်ဖန်က လမ်းတစ်လျှောက်လုံး သားရဲများကို အမဲလိုက် သတ်ဖြတ်ခဲ့ရပြီး နောက်ဆုံးတွင် ၎င်း၏ ရနံ့ကို ရရှိခဲ့ခြင်း ဖြစ်သည်။

​ခုနတင်ကပဲ အဆင့် ၂ သားရဲတစ်ကောင်ကို ထပ်မံ သတ်ဖြတ်ခဲ့ရာ သားရဲ၏ အလောင်းမှာ ဘေးနားတွင် လဲလျောင်းနေဆဲဖြစ်ပြီး ချန်ဖန်က ၎င်းကို သိုလှောင်အိတ်ထဲသို့ ထည့်သွင်းရန်ပင် အချိန်မရသေပေ ။

​ဤသားရဲက ဤဝိညာဉ်ဆေးပင်ကို အမြဲတမ်း စောင့်ကြပ်နေခဲ့ခြင်းဖြစ်ပြီး ချန်ဖန်နှင့် အသက်လု၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

​ဤအဆင့် ၂ သားရဲ၏ ခွန်အားမှာ အုတ်မြစ်ချခြင်း အဆင့်နှောင်းပိုင်း နှင့် ညီမျှပြီး နောက်ထပ်တစ်ဆင့် တက်လှမ်းပါက ၎င်းသည် သားရဲအူတိုင် ကို ဖြစ်တည်စေကာ အဆင့် ၃ သားရဲ ဖြစ်လာနိုင်မည် ဖြစ်သည်။

​သားရဲအူတိုင် ဖြစ်တည်သွားသော သားရဲ က ဉာဏ်ပညာ ပွင့်လင်းလာမည် ဖြစ်၏။

​ထိုမှတစ်ဆင့် ဝိညာဉ်သားရဲအဖြစ် သန့်စင်ပြီး အဆင့် ၄ သားရဲ ဖြစ်လာပါက လူသားအသွင်သို့ စတင် ပြောင်းလဲနိုင်မည် ဖြစ်သည်။

​သားရဲများ၏ အဆင့်က ကျင့်ကြံသူများ၏ ခွန်အားအဆင့်အတစ်ခုစီနှင့် ကွက်တိ ကိုက်ညီနေပေသည်။

​ချန်ဖန်က ဤသားရဲကို သတ်ဖြတ်ရန်အတွက်လည်း အားစိုက်ထုတ်မှု မနည်းခဲ့ရပေ။

​ချန်ဖန် လိုချင်သော ဤ 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' သည် ဤသားရဲက သူ့ကိုယ်သူ အဆင့်တက်လှမ်းရန်အတွက် ပြင်ဆင်ထားသော အခွင့်အရေး ဖြစ်ဟန်တူသည်။

​ကျင့်ကြံသူများ အသုံးပြုသော အဆင့်ချိုးဖျက် ဆေးလုံး ကဲ့သို့ပင် ဖြစ်သည်၊ ဥပမာအားဖြင့် အုတ်မြစ်ချခြင်း အဆင့်သို့ တက်လှမ်းရာတွင် အသုံးပြုသော 'အုတ်မြစ်ချဆေးလုံး' ကို စားပါက အဆင့်အောင်မြင်ရန် အခွင့်အလမ်းကို မြင့်တက်စေနိုင်သကဲ့သို့ ဖြစ်၏။

​သူ၏ ကျင့်ကြံခြင်းလမ်းစဉ်အတွက် ဖြစ်သဖြင့် ဤအဆင့် ၂ သားရဲက ချန်ဖန်နှင့် အသက်လု တိုက်ခိုက်သည်မှာလည်း မဆန်းပေ။

​ချန်ဖန်အနေဖြင့် 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' ကို စိုးရိမ်ပူပန်ခြင်း မရှိခဲ့ပါက သားရဲက ၎င်းကို ဖျက်ဆီးပစ်မည်ကို ကြောက်ရွံ့ခြင်း၊ တိုက်ပွဲက ပြင်းထန်လွန်းသဖြင့် ဆေးပင်ကို ထိခိုက်မည်ကို စိုးရိမ်ခြင်းတို့ကြောင့်...

​ချန်ဖန်က ဤအဆင့် ၂ သားရဲကို စောစောစီးစီးကပင် သတ် ခဲ့ပြီး ဖြစ်လိမ့်မည်၊ ၎င်းကို အတန်ငယ် ဝေးကွာသော နေရာသို့ တဖြည်းဖြည်း ဆွဲဆောင်ပြီးမှ လက်စသတ်ရန် မလိုအပ်ပေ။

​သို့သော်လည်း နောက်ဆုံးတွင် အောင်နိုင်သူကမူ ချန်ဖန်သာ ဖြစ်ခဲ့သည်။

​ချန်ဖန်က အဆင့် ၂ သားရဲ၏ အလောင်းကို သိုလှောင်အိတ်ထဲသို့ ထည့်သွင်းလိုက်သည်၊ သားရဲ၏ အလောင်းကို မစီမံရသေးသော်လည်း ယခုအချိန်က စီမံရမည့် အချိန်မဟုတ်ပေ။

​သိုလှောင်အိတ်ထဲသို့ အရင် ထည့်သွင်းထားရုံသာ ရှိတော့သည်၊ သိုလှောင်အိတ်က သက်ရှိများကို ထည့်သွင်း၍ မရသော်လည်း သေဆုံးသွားသော သားရဲများကိုမူ ထည့်သွင်းနိုင်သည်။

​သားရဲအလောင်းကို ထည့်သွင်းပြီးနောက် ချန်ဖန်က 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' ရှိရာဘက်သို့ လျှောက်လှမ်းသွားခဲ့သည်။

​ဆေးပင်၏ အနီးအနားသို့ ရောက်ရှိသောအခါ ချန်ဖန်၏ လက်က ၎င်းဆေးပင်ကို ထိတွေ့မိသွားပြီး ခူးဆွတ်ရန် ပြင်လိုက်သည်။

​အတိအကျ ဤအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

​"ဂျူနီယာ လေး... ဒီဝိညာဉ်ဆေးပင်ကို ငါ့ကို ပေးပါလား"

​ချန်ဖန် လှည့်ကြည့်လိုက်ရာ အဖိုးအို တစ်ဦးက ကောင်းကင်ယံတွင် လေထဲ ၌ ရပ်တန့်နေသည်ကို တွေ့လိုက်ရသည်။

​"ဘယ် ပစ္စည်းကိုမျှ အသုံးမပြုဘဲ လေထဲမှာ ရပ်တန့်နေနိုင်တာ၊ အနည်းဆုံးတော့ ရွှေအူတိုင် အဆင့် ပဲ" ချန်ဖန်က သူ၏ ကျင့်ကြံခြင်းအဆင့်ကို မစစ်ဆေး နိုင်ခဲ့ပေ။

​ထို့အတူပင် ချန်ဖန်က ယခုအခါ ဒဏ္ဍာရီလာအဆင့် 'အသက်ရှုသံ ဖျောက် မန္တန်' ကို အသုံးပြုထားသဖြင့် လေထဲက ထိုအဖိုးအိုသည်လည်း ချန်ဖန်၏ ကျင့်ကြံခြင်းအဆင့်ကို မစ်ဆေး နိုင်ပေ ။

​ကျင့်ကြံသူများတွင် သူ၏ ကျင့်ကြံမှုကို သူတစ်ပါး မစစ်​ေ နိုင်အောင် ပြုလုပ်နိုင်သည့် နည်းလမ်းများစွာ ရှိသည်ကို ချန်ဖန် သိရှိထားသော်လည်း လေထဲ၌ ရပ်တန့်နေနိုင်သူက ရွှေအူတိုင် အဆင့် ဖြစ်ရမည်မှာ သေချာလှပေသည်။

​ချန်ဖန်က ထိုအဖိုးအိုကို လှည့်ကြည့်နေသော်လည်း သူ၏ လက်ကမူ 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' ပေါ်တွင် ရှိနေဆဲဖြစ်ပြီး အချိန်မရွေး ခူးဆွတ်နိုင်သည့် အနေအထားတွင် ရှိသည်။

​မျက်စိအရှေ့ က အဖိုးအိုသည် လမ်းခုလတ်ကနေ ဖြတ်လုရန် ရောက်ရှိလာခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။

​ထို့အပြင် ချန်ဖန်က သူ့ကိုယ်သူ သုံးသပ်ကြည့်ရာ တိုက်ခိုက်မည်ဆိုပါက တစ်ဖက်လူကို သေချာပေါက် အနိုင်ရမည် မဟုတ်ပေ။

​"ဘာဖြစ်လို့လဲ" ချန်ဖန်၏ ခန္ဓာကိုယ်က ဆေးပင်နှင့် ပိုမို နီးကပ်သွားခဲ့သည်။

​အကယ်၍ တစ်ဖက်လူက အတင်း လုယူမည်ဆိုပါက သူက ဝိညာဉ်ဆေးပင်ကို မျက်စိတစ်မှိတ်အတွင်း အနန္တနေရာလွတ်ထဲသို့ ထည့်သွင်းရန် ယုံကြည်ချက် ရှိသည်၊ သူ အရိုက်ခံရ၍ သေဆုံးသွားလျှင်ပင် ကိစ္စမရှိပေ ။

​တကယ်၍ ခူးဆွတ်ရန် အချိန်မမှီခဲ့ပါကလည်း ဤဆေးပင်ကို ဖျက်ဆီးပစ်ရန် သူ တတ်နိုင်ပေသည်။

​လေထဲက အဖိုးအိုသည် ချန်ဖန်၏ သတိကြီးစွာ ထားနေမှုကို မြင်သော်လည်း ဤ 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' က သူ့အတွက် အလွန်ပင် အရေးကြီးလှပေသည်။

​သူက ဆေးလုံးတစ်လုံးကို ဖော်စပ်နေခြင်း ဖြစ်ပြီး ယခုအခါ ဆေးဖော်ရန်အတွက် ဤဆေးပင်ကို အရေးတကြီး လိုအပ်နေခြင်း ဖြစ်၏။

​သူက အချိန်အတော်ကြာအောင် ရှာဖွေခဲ့ရပြီး ဤကဲ့သို့သော ဆင်းရဲနွမ်းပါးသည့် တောင်တန်းတွင် ရှာတွေ့လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

​သူ ဤနေရာသို့ လာရောက်ခြင်းမှာ မူလက ကံစမ်းရန်သက်သက်သာ ဖြစ်သော်လည်း အမှန်တကယ်ပင် တွေ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ ။

​သို့သော်လည်း လက်ရှိ အခြေအနေမှာ အနည်းငယ် ခက်ခဲနေပြီး မျက်နှာချင်းဆိုင်က လူငယ်လေးကို ကြည့်ရသည်မှာ စကားပြောရ လွယ်ကူမည့်ပုံစံ မဟုတ်ပေ ။

All Chapters