← Chapters

အခန်း ၂၃၅

Vol. 21 Ch. 235

အခန်း ၂၃၅

Vol. 21 Ch. 235

အခန်း (၂၃၅) တင်းမာနေသော လေထု

"ချန်ခယ့်လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ ဟန်ပုရှင်း..." တစ်စုံတစ်ယောက်က မိတ်ဆက်ပေးလိုက်၏။

ဟန်ပန်းသည် သူ့အား နှုတ်ဆက်ရန် အလျင်အမြန် ရှေ့သို့ တိုးသွားလေသည်။

"ဒုတိယဦးလေး... ခင်ဗျား ဒီလောက်စောစော ရောက်လာတာပဲ" ဟန်ပန်းက ပြောဆိုလိုက်၏။

"ဟားဟားဟား... ဒီလို အရေးကြီးတဲ့ ကိစ္စအတွက် ငါ စောစောလာသင့်တာပေါ့" ဟန်ပုရှင်းက ဟန်ပန်းအား သူ၏သားအရင်းပမာ ကြည့်ရှုလိုက်ပေသည်။

"ဟေး... ဒါ ဘယ်သူလဲဆိုတာ ကြည့်လိုက်ဦး" ဟန်ပုရှင်းက ဘေးဘက်သို့ ကြည့်လိုက်၏။

"အဖေ... အဖေက ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ" ဟန်ပန်းသည် သူ၏ဖခင် ရောက်လာမည်ဟု မမျှော်လင့်ထားသဖြင့် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။

"မင်းကောင်လေး... ငါက မင်းအဖေလေ... ငါ လာလို့မရဘူးလား" ဟန်ကျုံးက ရယ်မောလိုက်ချေသည်။

"ဟားဟားဟား... ကျွန်တော်က ဘယ်လိုလုပ် အဲဒီလို ပြောရဲမှာလဲ"

"အော် ဟုတ်သားပဲ... ကျွန်တော် မိတ်ဆက်ပေးပါရစေ... ဒါက ဌာနမှူးဝမ်ပါ" ဟန်ပန်းက အလျင်အမြန် မိတ်ဆက်ပေးလိုက်၏။

"မင်္ဂလာပါ... မစ္စတာဟန်တို့ နှစ်ယောက်လုံး" ဌာနမှူးဝမ်က ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်ပေသည်။

"ဌာနမှူးဝမ်... ကျွန်တော့်သား ဟန်ပန်းကို ခင်ဗျားက သေချာ ဂရုစိုက်ပေးထားတာဆိုတော့ ခင်ဗျားကို ညစာ စားဖို့ သေချာပေါက် ဖိတ်ရမှာပဲ" ဟန်ပုရှင်းသည် ဌာနမှူးဝမ်နှင့် လက်ဆွဲနှုတ်ဆက်လိုက်လေသည်။

"ဟားဟားဟား... ကျွန်တော့်ရဲ့ လက်အောက်ခံတွေကို ကူညီပေးရတာက မှန်ကန်တဲ့ကိစ္စပါ... ညစာစားပွဲတွေ ဘာတွေ လုပ်စရာ မလိုပါဘူး... ကျွန်တော်တို့က အဲဒီလိုမျိုးတွေ မလုပ်ပါဘူး" ဌာနမှူးဝမ်က အလျင်အမြန် ပြောဆိုလိုက်၏။

"ဆန်းဟူလုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ ဝမ်ဆန်းဟူ..." အခြားတစ်ယောက် ဝင်လာခဲ့ရာ ထိုသူမှာ ဝမ်ဆန်းဟူပင် ဖြစ်ပေသည်။

"အို... ဒါက ငါ့ရဲ့ သူငယ်ချင်းဟောင်းပဲ... ငါ သွားပြီး နှုတ်ဆက်ရမယ်" ဌာနမှူးဝမ်က ဟန်ပုရှင်းနှင့် ဟန်ကျုံးတို့အား ပြောဆိုလိုက်ပြီးနောက် ဝမ်ဆန်းဟူ၏ အနီးသို့ အလျင်အမြန် သွားရောက်လိုက်ချေသည်။

"ဆန်းဟူ... မင်း ဒီလောက်စောစော ရောက်လာတာပဲ... ကုမ္ပဏီမှာ အလုပ်မများဘူးလား" ဌာနမှူးဝမ်က ဝမ်ဆန်းဟူ၏ ပခုံးအား ရင်းနှီးစွာ ပုတ်လိုက်၏။

"ဟားဟား..ဒါက ဘာကိစ္စပဲဖြစ်ဖြစ် စောစောလာသင့်တာပေါ့" ဝမ်ဆန်းဟူက ရယ်မောလိုက်သည်။ ဤသည်မှာ အစိုးရမှ ကြီးမှူးကျင်းပသော ပရဟိတပွဲဖြစ်သဖြင့် တက်ရောက်လာသည့် လုပ်ငန်းရှင် အမြောက်အမြား ရှိနေမည်မှာ သေချာလှပေ၏။

သူတို့နှင့် အဆက်အသွယ်အချို့ ပြုလုပ်နိုင်ပြီး ဆန်းဟူနို့မှုန့်ကုမ္ပဏီ၏ ဂုဏ်သတင်းကို တည်ဆောက်ရန်နှင့် ပုံရိပ်ကို မြှင့်တင်ရန်အတွက် သူ သေချာပေါက် ငွေကြေးလှူဒါန်းသွားမည် ဖြစ်သည်။

ပထမဆုံး ရောက်ရှိလာသည့် လူနှစ်စုသည် တက်ကြွစွာ စကားပြောဆိုပြီး ဆက်သွယ်ရန် အချက်အလက်များကို ဖလှယ်ကြလေတော့၏။

ထင်ရှားကျော်ကြားသူများနှင့် လူသိနည်းသူများ အပါအဝင် အရွယ်အစားအမျိုးမျိုးရှိသော စီးပွားရေးလုပ်ငန်းရှင် အများအပြားသည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့ကြပေသည်။

သို့သော် သူတို့အားလုံးထဲတွင် အကြီးမားဆုံးသော နာမည်များမှာ လုံးဝပင် ဝမ်ဆန်းဟူနှင့် ဟန်ပုရှင်းတို့ ဖြစ်ကြချေသည်။

ဤအချက်က ဌာနမှူးဝမ်နှင့် ဟန်ပန်းတို့အား အလွန်ပင် ဂုဏ်ယူဝင့်ကြွားစေခဲ့၏။

"ကျေးဇူးပြုပြီး နေရာယူပေးကြပါ" ဌာနမှူးဝမ်က သူတို့အား သတိပေးလိုက်ပြီး ရှေ့ဆုံးတန်းတွင် ထိုင်ရန် စီစဉ်ပေးလိုက်လေသည်။

လူအားလုံးနီးပါး စုံလင်သွားချိန်တွင် ပရဟိတပွဲ စတင်တော့မည် ဖြစ်ပေ၏။

ပရဟိတပွဲဟု ခေါ်ဆိုသော်လည်း ၎င်းသည် နာမည်တစ်ခုမျှသာ ဖြစ်သည်။ ညနေခင်းအချိန်များသည် အဖိုးတန်လှပြီး ဤလူများသည် ဤနေရာသို့ လာရောက်ရန် သူတို့၏ အားလပ်ချိန်များကို စတေးလိမ့်မည်မဟုတ်သောကြောင့် ပွဲကို အလွန်စောစီးစွာ ကျင်းပရခြင်း ဖြစ်ချေသည်။

"ပရဟိတပွဲကို အခု စတင်လို့ ရပြီလို့ ထင်ပါတယ်" ဝန်ထမ်းတစ်ဦးက ပြောဆိုလိုက်၏။

"အိုကေ... ကျွန်တော် ချက်ချင်း စီစဉ်လိုက်ပါ့မယ်" အခြားတစ်ယောက်က ပြန်လည်ဖြေကြားလိုက်သည်။

"ချန်လုံ... မင်း ဘယ်လိုထင်လဲ... အဲဒါကို မင်း မြင်လိုက်လား... ငါ့ဦးလေးက ရှေ့ဆုံးတန်းမှာ ထိုင်နေတာနော်... မင်းကတော့ ဒီနေရာမျိုးကို ဘယ်တော့မှ ရောက်လာနိုင်မှာ မဟုတ်ဘူး... ဒါက လူတွေကြားက ကွာဟချက်ပဲ" ဟန်ပန်းသည် ချန်လုံအား လှောင်ပြောင်လိုစိတ် အပြည့်ဖြင့် ကြည့်ရှုလိုက်ပေသည်။

မနေ့က သူ အထိုးခံရသည့် လက်သီးတစ်ချက်ကို သူ မေ့ပျောက်မသွားသေးချေ။ ချန်လုံအား သူ၏ ခြေဖဝါးအောက်တွင် နင်းချေပစ်ရန် သူ ဆုံးဖြတ်ထားခဲ့၏။

ရှာပင်းပင်း၏ ဖခင် ရှာဟုန်ဟိုင်သည်လည်း ရောက်ရှိလာခဲ့သော်လည်း သူသည် အနောက်ဘက် ခုံတန်းများတွင်သာ နေရာရခဲ့လေသည်။

ဤအချိန်ကို အခွင့်ကောင်းယူကာ ဟန်ပန်းသည် ရှာဟုန်ဟိုင်၏ အနီးသို့ ရောက်လာပြီးနောက် ပြောဆိုလိုက်၏။

"ဦးလေး... ခင်ဗျား သေချာ စဉ်းစားပြီးပြီလား... ဒီနေ့ ခင်ဗျား ဒီကိုလာဖို့ တကယ်ကို မလွယ်ကူပါဘူး... တကယ်လို့ ခင်ဗျားသာ ကျွန်တော့်ရဲ့ အရင်က ကမ်းလှမ်းချက်ကို သဘောမတူဘူးဆိုရင် ခင်ဗျား မိသားစုရဲ့ ကုမ္ပဏီက ဒေဝါလီခံသွားရလိမ့်မယ်"

ဟန်ပန်း၏ ဤစကားသည် ပေါ်တင် ခြိမ်းခြောက်နေခြင်းပင် ဖြစ်ချေသည်။

"ဟွန့်... အရှက်မရှိလိုက်တာ" ရှာဟုန်ဟိုင်က ဒေါသတကြီးဖြင့် ပြောဆိုလိုက်၏။

"ဟက်... အရှက်မရှိဘဲနဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေကို ဘယ်လိုလုပ် ရနိုင်မှာလဲ" ဟန်ပန်း၏ ယုတ်မာသော မျက်နှာသွင်ပြင်သည် သံသယဖြစ်ဖွယ်မရှိ ဖော်ပြနေပေသည်။

"ကျွန်တော် ခင်ဗျားရဲ့ သမီးကို ရယူပစ်မှာပဲ" ဟန်ပန်းက ရှာဟုန်ဟိုင်၏ နားနားသို့ကပ်ကာ တိုးတိုးလေး ပြောဆိုလိုက်၏။

ဖြန်း...

ရှာဟုန်ဟိုင်သည် သူ၏လက်များ တုန်ရီလျက် ဟန်ပန်း၏ မျက်နှာအား ဖြတ်ရိုက်လိုက်လေသည်။

ကျယ်လောင်ပြတ်သားသော အသံက လူတိုင်း၏ အာရုံကို ချက်ချင်းပင် ဖမ်းစားသွားတော့၏။

ရှေ့ဆုံးတန်းတွင် ရှိနေသော ဟန်ပုရှင်းသည် ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် လုံးဝ စိန်ခေါ်ခံလိုက်ရသည်ဟု ခံစားလိုက်ရပြီး မျက်မှောင်ကြုတ်သွားလေသည်။ သူသည် ချက်ချင်း မတ်တတ်ရပ်ကာ သူတို့ရှိရာသို့ လျှောက်လာခဲ့ပေ၏။

ဟန်ကျုံးသည်လည်း မျက်မှောင်ကြုတ်လျက် လျှောက်လာခဲ့သည်။

"ဒါက ဥက္ကဋ္ဌရှာ မဟုတ်ဘူးလား... သူက ဒီလိုနေရာမျိုးမှာ လက်ပါရဲတယ်ပေါ့လေ"

"ဒါက ခင်ဗျားရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတာပဲ" ဟန်ပုရှင်းက ရှာဟုန်ဟိုင်အား စူးရဲစွာ စိုက်ကြည့်ရင်း အေးစက်စက် ပြောဆိုလိုက်၏။

"မစ္စတာဟန်... ခင်ဗျားရဲ့ တူက လူကြီးသူမကို အရမ်းဆိုးရွားတဲ့ စကားတွေ ပြောနေလို့ပဲ" ရှာဟုန်ဟိုင်က ချက်ချင်း ပြန်လည်ချေပလိုက်သည်။

"ဟမ်... အဲဒါက လူတစ်ယောက်ကို ရိုက်နှက်ဖို့ ခင်ဗျားရဲ့ ဆင်ခြေလား"

"ဥက္ကဋ္ဌရှာ... ခင်ဗျား ကျွန်တော့်အကူအညီ လိုအပ်ခဲ့ဖူးတာကို မှတ်မိသေးလား... အခု ခင်ဗျား ကျွန်တော့်အကူအညီကို မရနိုင်တော့တဲ့အချိန်မှာ ကျွန်တော့်တူအပေါ် အကြမ်းဖက်တဲ့အထိ ဖြစ်လာတာပဲ... အကျိုးဆက်တွေကို ခင်ဗျား တွေးကြည့်ဖူးရဲ့လား" ဟန်ပုရှင်း၏ အသံသည် အေးစက်နေဆဲပင် ဖြစ်၏။

ဤစကားများကို ကြားရချိန်တွင် ရှာဟုန်ဟိုင်သည် ဒေါသထွက်ကာ ကူကယ်ရာမဲ့စွာဖြင့် သူ၏ လက်သီးများကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ နေရာအနှံ့မှ အကူအညီတောင်းခံရန် တွန်းအားပေးခဲ့သော သူ၏ ကိုယ်ပိုင် အရည်အချင်း ကင်းမဲ့မှုကို သူ မုန်းတီးမိပေသည်။

"မစ္စတာရှာ... ကျွန်တော့်တူကို တောင်းပန်လိုက်ပါ... ပြီးရင် ဒီကိစ္စကို ပြီးဆုံးသွားအောင် လုပ်လိုက်ကြတာပေါ့" ဟန်ပုရှင်းက ဆက်လက်ပြောဆိုလိုက်၏။

"ခင်ဗျား..." ရှာဟုန်ဟိုင်သည် ဟန်ပုရှင်းအား ကြည့်လိုက်ပြီး လုံးဝ မလိုလားသည့် ခံစားချက်ကြီး ဖြစ်ပေါ်လာပေသည်။

သူမနှင့် သူမ၏ သမီးအား ထိုကဲ့သို့ စော်ကားခဲ့သည်ကိုတောင်မှ သူက သူ့အား တောင်းပန်ရဦးမည်တဲ့လား။

ဤသည်မှာ မည်သို့သော ကမ္ဘာကြီးနည်း။

"ဥက္ကဋ္ဌဟန်... ဒီကိစ္စက ဟန်ပန်းက ဥက္ကဋ္ဌရှာကို ရန်စခဲ့လို့ ဖြစ်လာတာပါ... ဥက္ကဋ္ဌရှာက သည်းမခံနိုင်တော့ဘဲ လက်ပါသွားခဲ့တာ... ဥက္ကဋ္ဌရှာဘက်က မလုပ်သင့်ဘူးဆိုရင်တောင် ဟန်ပန်းက ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတာကရော မှန်ရဲ့လား" ချန်လုံက ရုတ်တရက် ရှေ့သို့ ထွက်လာကာ ပြောဆိုလိုက်သည်။

"ဟမ်... မင်းက ဘယ်သူလဲ" ဟန်ပုရှင်း မျက်မှောင်ကြုတ်သွား၏။ ဤကောင်လေး၌ အစွမ်းထက်သော နောက်ခံတစ်ခုခု ရှိနေနိုင်မည်လော။ သူက သူ့အား ဤကဲ့သို့ ပြောဆိုရဲသည်အထိ ဖြစ်နေသလော။

"သူက တောသားတစ်ယောက်ပါ... သူ့မှာ ဘာအဆက်အသွယ်မှ မရှိဘူး" ဟန်ပန်းက ဟန်ပုရှင်း၏ ဘေးတွင်ရပ်လျက် ပြောဆိုလိုက်သည်။

ဟန်ပုရှင်းက ခေါင်းညိတ်လိုက်ပြီး ပြောဆိုလိုက်၏။

"အော်... မင်းက နောက်ဆုံးတော့ အောင်မြင်သွားတာပေါ့... မင်းမှာ အရည်အချင်း မရှိတာကတော့ နှမြောစရာပဲ..."

"မစ္စတာရှာ... ကျွန်တော့်တူကို တောင်းပန်ပြီး သူ့ရဲ့ တောင်းဆိုချက်တွေကို သဘောတူလိုက်ပါ... ကျွန်တော် ခင်ဗျားကို ရှင်းလင်းတဲ့ လမ်းကြောင်းတစ်ခု ပေးနိုင်ပါတယ်... တကယ်လို့ အဲဒီလိုမဟုတ်ရင်တော့ ကျွန်တော့်ရဲ့ အဆက်အသွယ်တွေကို အသုံးပြုမိတဲ့အတွက် ကျွန်တော့်ကို အပြစ်မတင်ပါနဲ့" ဟန်ပုရှင်းသည် ထိုမျှအထိ ယုံကြည်မှုရှိနေပေသည်။ ရှာမိသားစုကဲ့သို့သော မိသားစုငယ်လေးတစ်ခုကို ဖိနှိပ်ရန်မှာ သူ့အတွက် အလွန်လွယ်ကူလှ၏။

"မဖြစ်နိုင်တာ..." ရှာဟုန်ဟိုင်က ပြတ်သားစွာ ပြောဆိုလိုက်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ကုမ္ပဏီကို ကယ်တင်ရန်အတွက် ကိုယ်ပိုင်သမီးကိုပင် ရောင်းစားရလောက်အောင် အရှက်ကင်းမဲ့နေပါက ထိုကုမ္ပဏီသည် ဆက်လက်တည်ရှိနေရန် အကြောင်းပြချက် မရှိတော့ချေ။

"ဟွန့်... ကောင်းပြီလေ... ခင်ဗျား လီရှင်းခရိုင်ထဲမှာ ရှိနေသရွေ့ ခင်ဗျားအတွက် အရာအားလုံး ခက်ခဲသွားအောင် ကျွန်တော် လုပ်နိုင်တယ်" ဟန်ပုရှင်းက ပြင်းထန်စွာ ပြောဆိုလိုက်ပြီးနောက် ချန်လုံအား ကြည့်လိုက်သည်။

"လူငယ်လေး... ကြွားဝါချင်တာက ကောင်းပါတယ်... ဒါပေမဲ့ နောက်ခံမရှိဘဲနဲ့ အဆင်အခြင်မဲ့ လုပ်ရပ်တွေ လုပ်မယ်ဆိုရင် မင်း မစော်ကားသင့်တဲ့ လူများစွာကို စော်ကားမိလိမ့်မယ်..."

"ဥပမာပြောရရင် ငါနဲ့ ငါ့တူလို လူမျိုးတွေပေါ့..." ဟန်ပုရှင်းက ပြောဆိုလိုက်၏။

"ကိုယ့်သမီး စော်ကားခံရတာကို ဘယ်အဖေကမှ သည်းခံနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်... မစ္စတာဟန်... ခင်ဗျားမှာလည်း ကလေးတွေရှိတော့ ခင်ဗျား နားလည်နိုင်မှာပါ" ချန်လုံက ပြောဆိုလိုက်သည်။

ဤစကားကို ကြားချိန်တွင် ဟန်ပုရှင်းသည် ချက်ချင်းပင် ဒေါသထွက်သွားကာ သူ၏ မျက်နှာသည် နီရဲလာပြီး အရင်က တစ်ခါမျှ မကြုံဖူးသော ဒေါသများ ပေါက်ကွဲထွက်လာတော့၏။

သူ့တွင် ကလေးမရှိချေ။ ဤသည်မှာ သူ၏ဘဝတွင် အမည်းစက်တစ်ခု ဖြစ်ပေသည်။

ဒီကောင်လေးက လူပုံအလယ်မှာ သူ့ကို ဒီလိုစော်ကားရဲတယ်ပေါ့လေ။

"မင်း..." ဟန်ပုရှင်းသည် နေရာအခြေအနေကို လုံးဝ ဂရုမစိုက်နိုင်တော့ဘဲ ချန်လုံအား လက်ညှိုးထိုးကာ မျက်လုံးပြူးလျက် အော်ဟစ်လိုက်၏။

ဤသည်ကို မြင်ချိန်တွင် လူတိုင်းသည် ချန်လုံက စကားမှားသွားပြီး အဘိုးဟန်အား စော်ကားမိသွားကြောင်း သက်ပြင်းချလိုက်ကြလေသည်။ ဤကောင်လေးတော့ သူနှင့် ထိုက်တန်သည့် အကျိုးဆက်ကို ခံစားရပေတော့မည်။

အလျင်အမြန် ပြေးလာသော ရှာပင်းပင်းသည် ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် အလွန် စိုးရိမ်ထိတ်လန့်သွားပေ၏။ သူမသည် အလွန်တရာ အပြစ်ရှိသလို ခံစားလိုက်ရပြီး အရာအားလုံးသည် သူမ၏ အမှားသာဖြစ်ကြောင်း သိရှိလိုက်သည်။ အကယ်၍ သူမသာ မရှိခဲ့လျှင်...

အခင်းဖြစ်ပွားရာ နေရာရှိ လေထုမှာ အလွန်ပင် တင်းမာနေခဲ့သည်။ ရုတ်တရက် လူတစ်ဦး ပြေးလာပြီး ပြောဆိုလိုက်၏။

"အပြင်ဘက်မှာ လူတစ်စု ထပ်ရောက်လာတယ်..."

"တာလုံနည်းပညာကုမ္ပဏီရဲ့ ဥက္ကဋ္ဌနဲ့ သူ့ရဲ့ အဖွဲ့တွေ ရောက်လာပြီ..."

"ပြီးတော့... ကျွန်တော်တို့ ကျန်းချန်မြို့ရဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီး လီဝမ်ဆန်... ဥက္ကဋ္ဌလီလည်း ရောက်နေပြီ..."

ထိုလူ စကားပြောပြီးချိန်တွင် လူတိုင်းသည် မယုံကြည်နိုင်လောက်အောင် မျက်လုံးပြူးလျက် ငေးကြည့်နေကြလေသည်။

လီဝမ်ဆန်... တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နာမည်ကျော်ကြားသော ဤဒဏ္ဍာရီလာ စီးပွားရေးလုပ်ငန်းရှင်ကြီးသည် မည်သည့် အများပြည်သူဆိုင်ရာ ပွဲလမ်းသဘင်များကိုမျှ တက်ရောက်လေ့ မရှိပေ။ သူအား ဤနေရာသို့ လာရောက်ရန် မည်သူကများ ဖျောင်းဖျနိုင်ခဲ့သနည်း။

All Chapters