← Chapters

အခန်း ၂၄၀

Vol. 21 Ch. 240

အခန်း ၂၄၀

Vol. 21 Ch. 240

အခန်း (၂၄၀) ချန်ခယ့်လုပ်ငန်းစု ပြိုလဲခြင်း

"ဒါက လွယ်ပါတယ်... အဲဒီအတွက် ကျွန်တော် ကူညီပေးမှာပေါ့" စုယွမ်က ပြောဆိုလိုက်၏။

"တကယ်လား" ရှာပင်းပင်းက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။

"သေချာတာပေါ့" စုယွမ်က ပြတ်သားစွာ ပြန်လည်ဖြေကြားလိုက်ပေ၏။

" ဥက္ကဋ္ဌစု... ကျေးဇူးတင်ပါတယ်" ရှာဟုန်ဟိုင်သည်လည်း အလွန် စိတ်လှုပ်ရှားနေခဲ့သည်။

"ဒါပေမဲ့ ကုမ္ပဏီရဲ့ ရန်ပုံငွေ ပြဿနာကို ဖြေရှင်းဖို့ ကျွန်တော် ကူညီပေးခဲ့တယ်ဆိုတော့ ခင်ဗျားတို့ကရော ကျွန်တော့်ကို မျက်နှာသာ ပြန်မပေးသင့်ဘူးလား" စုယွမ်သည် ရှာပင်းပင်းအား ကြည့်လိုက်ပြီးနောက် ချန်လုံအား ကြည့်ကာ ပြောဆိုလိုက်၏။

"အို... ကျွန်တော်တို့ ကူညီပေးနိုင်တာ တစ်ခုခုများ ရှိလို့လား မစ္စတာစု" ရှာဟုန်ဟိုင်က ပြောဆိုလိုက်သည်။

"တကယ်တော့ ဘာမှမဟုတ်ပါဘူး... ကျွန်တော့် ဝမ်းကွဲအစ်ကိုရဲ့ အိမ်ထောင်ရေးက အရေးကြီးတဲ့ ကိစ္စလေ... အဲဒီအတွက် ခင်ဗျားတို့ ကူညီပေးဖို့ လိုမလားလို့ပါ" စုယွမ်သည် ချန်လုံအား တစ်ချက် ကြည့်လိုက်ပြီးနောက် ရှာပင်းပင်းအား ကြည့်ကာ ပြောဆိုလိုက်ပေ၏။

သူတို့နှစ်ဦးစလုံး ချက်ချင်းပင် ရှက်ရွံ့သွားကြလေသည်။

ဤသည်ကို မြင်ချိန်တွင် ရှာဟုန်ဟိုင်က ရယ်မောလိုက်တော့၏။

ဘုရားရေ... သူ အကူအညီ လိုအပ်နေသည်ဆိုသည်မှာ ဒါပါလား။

ရိုးရိုးသားသား ပြောရလျှင် ချန်လုံသည် လူကောင်းတစ်ယောက်ဖြစ်ကြောင်း သူ အစကတည်းက သိရှိထားပြီး သူ့အပေါ်တွင် ကြီးမားသော မျှော်လင့်ချက်များ ရှိထားခဲ့ပေသည်။

စုယွမ်နှင့် ဆက်စပ်မှုကို ထည့်မတွက်လျှင်တောင် ချန်လုံမှာ သမက်လောင်းအဖြစ် ရွေးချယ်ရန် ကောင်းမွန်သူတစ်ယောက်ဟု သူ တွေးတောထားခဲ့၏။

စုယွမ်က သူ၏ ဝမ်းကွဲညီ ဖြစ်နေသည်ကိုပင် ထည့်ပြောစရာ မလိုတော့ချေ။

အရေးအကြီးဆုံးမှာ သူတို့နှစ်ဦးစလုံးသည် တစ်ယောက်အပေါ် တစ်ယောက် ခံစားချက်များ ရှိနေပုံပေါ်လေသည်။

"အစ်ကိုယွန်း... မင်း..." ချန်လုံ အနည်းငယ် ရှက်ရွံ့သွားပြီး စကားအနည်းငယ် ထပ်ပြောလိုနေခဲ့ပေ၏။

"ဘာဖြစ်လို့လဲ... အစ်ကို မလိုချင်လို့လား" စုယွမ်က မေးမြန်းလိုက်သည်။

ချန်လုံ ချက်ချင်းပင် သူ၏ခေါင်းကို ကုတ်လိုက်၏။

ရှာပင်းပင်းသည်လည်း သူမ၏ ခေါင်းကို ငုံ့ထားလိုက်ပြီး သူမ၏ ပါးပြင်များမှာ အနည်းငယ် နီရဲနေခဲ့ပေသည်။

ထိုသို့ပြောဆိုပြီးနောက် စုယွမ်သည် သူတို့၏ အနေရခက်မှုကို သတိပြုမိသွားသဖြင့် ညစာစားရန်အတွက် စားသောက်ဆိုင်တစ်ဆိုင်သို့ သွားရောက်ကြလေသည်ယ

ကားတစ်စီးတည်းပေါ်သို့ ရောက်ရှိနေပြီဖြစ်သော ဟန်မိသားစုဝင်များ၊ ဝမ်ဆန်းဟူနှင့် ဌာနမှူးဝမ်တို့အားလုံးသည် ချွေးစေးများကို သုတ်ဖယ်နေကြပေ၏။

"အဟွတ် အဟွတ်..." ရိုးရိုးသားသား ပြောရလျှင် သူတို့သည် ယခုလေးတင် အမှန်တကယ် ကြောက်ရွံ့သွားခဲ့ကြသော်လည်း ကံကောင်းထောက်မစွာဖြင့် စုယွမ်က သူတို့ကို အခက်တွေ့အောင် မလုပ်ခဲ့ချေ။ အကယ်၍ ထိုသို့မဟုတ်ပါက သူတို့ မည်သို့ ပြန်ရမည်ကို အမှန်တကယ်ပင် သိမည်မဟုတ်ပေ။

"သူက စုယွမ် ဖြစ်နေတော့ရော ဘာအရေးလဲ... သူက ငယ်သေးတယ်လေ"

"စီးပွားရေးလောကမှာ အောင်မြင်လာတဲ့ သူတွေက ကွဲပြားကြတယ်... အမြစ်ပြတ် ရှင်းထုတ်ပစ်ရမယ်ဆိုတာ ဘာလဲ သူတို့ နားမလည်ကြဘူး"

"တကယ်တော့ သူလည်း ငါတို့ကို စိုးရိမ်နေတာပဲ... ငါ့ရဲ့ ချန်ခယ့်လုပ်ငန်းစုကလည်း လွယ်လွယ်နဲ့ ထိလို့ရတဲ့ ကောင်မှ မဟုတ်တာ"

"ပြီးတော့ ဥက္ကဋ္ဌဝမ်ရဲ့ ဆန်းဟူလုပ်ငန်းစုလည်း ရှိသေးတယ်... သူက အတွေ့အကြုံမရှိတဲ့ ကောင်လေးတစ်ယောက်ပါ... သူ တကယ်ကို သေချာ စဉ်းစားသင့်တယ်" စုယွမ်က သူ့အား ကြောက်ရွံ့နေသည့်အလား ဟန်ပုရှင်း၏ ယခင်က ဖားယားမှုများမှာ ပျောက်ကွယ်သွားခဲ့လေ၏။

"မှန်တာပေါ့... ငါတို့က သူ့ကို နည်းနည်း မျက်နှာသာ ပေးလိုက်ရုံပါ... ဒီကောင်လေးက ငါတို့ကို ထွက်သွားဖို့ ပြောရဲတယ်ပေါ့လေ... သူ ဘာလုပ်နေလဲဆိုတာကို သူ တကယ် မသိတာပဲ"

“အခုတော့ သူ ငါတို့ကို ထွက်သွားခွင့် ပေးလိုက်ပြီ မဟုတ်လား...

အင်တာနက်ပေါ်က လူတွေ ဘာတွေ တွေးနေကြလဲဆိုတာ ငါ တကယ် နားမလည်တော့ဘူး...

အားလုံးက စုယွမ်ကို ပြဿနာ သွားမရှာသင့်တဲ့သူလို့ ပြောနေကြတယ်...”

"သူက ပြဿနာရှာလို့ လွယ်တယ်လို့ ငါ ထင်တယ်" ဝမ်ဆန်းဟူသည် လုံးဝ ကြောက်ရွံ့မနေတော့ချေ။

လူတိုင်းက စုယွမ်ကို ချီးကျူးနေကြသော်လည်း သူက ဘာများ ထူးခြားနေလို့နည်း။

ဘာကြောင့်များ သူ့ကို ဒီလောက်အထိ မြှောက်ပင့်ပြောဆိုနေကြရသနည်း။

သူ့အမြင်တွင် စုယွမ်သည် သူ့ကို အရှက်ရစေခဲ့ပြီးနောက်၌ပင် မည်သည့် တုံ့ပြန်မှုမျှ မပြုလုပ်ဘဲ ထွက်သွားခွင့် ပေးလိုက်သည်။

ထိုသို့ ပြုမူခြင်းက သူ့အတွက် ဆုံးဖြတ်ချက် မပြတ်သားသော အားနည်းချက်တစ်ခုလိုသာ ထင်မြင်နေခဲ့၏။

“မှန်ပဲ...”

ဟန်ပန်းက ချက်ချင်း ဝင်ထောက်ခံလိုက်သည်။

ယခုအချိန်တွင် ချန်လုံ၏ နောက်ခံကို သူ သိရှိသွားပြီ ဖြစ်သော်လည်း၊ သူကိုယ်တိုင်ကလည်း သာမန်လူတစ်ယောက် မဟုတ်ဟု ယုံကြည်နေဆဲပင် ဖြစ်သည်။

ဟန်ကျုံး တစ်ယောက်တည်းသာ ဟန်ပန်းနှင့် ဟန်ပုရှင်းတို့၏ ရုပ်များကို စိုက်ကြည့်နေခဲ့ပေ၏။

ဟန်ပန်းသည် အမှန်တကယ်ပင် သူ၏ သားဟုတ်မဟုတ် ဆိုသည့် စုယွမ်၏ မေးခွန်းကို သူ တွေးတောနေခဲ့လေသည်။

သူ၏ ညီဖြစ်သူ ဟန်ပုရှင်းသည် ဟန်ပန်း မွေးဖွားပြီး တစ်နှစ်အကြာတွင် မျိုးပွားနိုင်စွမ်း ဆုံးရှုံးသွားခဲ့ပြီး သူကိုယ်တိုင်ကလည်း ဟန်ပန်း မမွေးဖွားမီ တစ်နှစ်အတွင်း လိင်ဆက်ဆံမှု တစ်ကြိမ်သာ ရှိခဲ့ဖူးပေသည်။

ထိုသို့ တွေးကြည့်ချိန်တွင် ဟန်ကျုံး၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားသည်ကို ခံစားလိုက်ရပြီး ကြောက်ရွံ့မှုများ ပြည့်နှက်သွားခဲ့သော်လည်း သူ ခေါင်းခါယမ်းလိုက်၏။

ဟန်ပုရှင်းက သူ၏ ကိုယ်ပိုင် ညီအရင်းဖြစ်ရာ သူ့အပေါ် မည်သို့များ ဖောက်ပြန်နိုင်မည်နည်း။

၎င်းမှာ လုံးဝ မဖြစ်နိုင်ချေ...

စုယွမ်သည် အွန်လိုင်းတွင် ဖော်ပြထားသည့် လူနှင့် လုံးဝ မတူဘဲ ဆုံးဖြတ်ချက် မပြတ်သားသူ တစ်ယောက်ဖြစ်သောကြောင့် သူတို့အဖွဲ့သည် စုယွမ်က သူတို့အား လက်တုံ့ပြန်မည်ကို ဂရုမစိုက်တော့ချေ။

ညနေ ငါးနာရီ။

စုယွမ်သည် ဗီလာသို့ ပြန်လည်ရောက်ရှိလာခဲ့၏။ သူသည် ထိုမြေကွက်၏ အသုံးပြုခွင့်ကို ဖုန်းရှင်းထံသို့ လွှဲပြောင်းပေးအပ်လိုက်သည်။ ထိုနေရာသည် အနာဂတ်တွင် ရင်းနှီးမြှုပ်နှံမှု ယွမ် သန်းတစ်သောင်းကျော်ဖြင့် Ar နည်းပညာကုမ္ပဏီ၏ စက်ရုပ်စက်ရုံ ဖြစ်လာမည် ဖြစ်ပေသည်။

ထိုအချိန်ရောက်လျှင် ၎င်းသည် စက်ရုပ်ထုတ်လုပ်ရေးနှင့် သုတေသနဗဟိုဌာနတစ်ခုလည်း ဖြစ်လာပေလိမ့်မည်။

"သူဌေး... အချိန်ရောက်ပြီ... ကျွန်တော်တို့ အဲဒီ သတင်းနှစ်ခုကို လွှင့်လိုက်ရမလား" လီဟူက မေးမြန်းလိုက်၏။

"တစ်ကြိမ်တည်း တန်းမတင်လိုက်နဲ့... လူထုအမြင်ရဲ့ အခြေခံသဘောတရားတွေကို မင်း နားလည်ဖို့ လိုတယ်"

"တကယ်လို့ မင်းက တစ်ပြိုင်နက်တည်း သတင်းနှစ်ခု တင်လိုက်ရင် တစ်ခုက အာရုံစိုက်မှု ပိုရပြီး နောက်တစ်ခုက အာရုံစိုက်မှု နည်းသွားလိမ့်မယ်"

"ပထမဆုံး သိပ်အရေးမကြီးတဲ့ သတင်းတစ်ခုကို အရင် ဖြန့်လိုက်... ပြီးတော့ သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှု ရှိလာပြီးမှ ဗုံးပေါက်ကွဲသလိုမျိုး နောက်ထပ် သတင်းကြီးတစ်ခုကို ထပ်ဖြန့်လိုက်" စုယွမ်က စိတ်ရှည်လက်ရှည်ဖြင့် ပြောဆိုလိုက်ပေသည်။

"ကျွန်တော် နားလည်ပါပြီ" ပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် လီဟူသည် ချန်ခယ့်လုပ်ငန်းစုမှ ထုတ်လုပ်ရောင်းချသော စက်ပစ္စည်းများတွင် အရည်အသွေးညံ့ဖျင်းစွာ လုပ်ဆောင်ထားမှုနှင့် ပတ်သက်သည့် ဖော်ထုတ်ချက်ကို ချက်ချင်းပင် ထုတ်ပြန်လိုက်လေ၏။

စုယွမ်က အဖြစ်အပျက်များကို ဖော်ထုတ်ရန် အသုံးပြုသော အကောင့်သည် ယခုအခါ မီဒီယာအသီးသီး၏ အဓိက အာရုံစိုက်ရာနေရာတစ်ခု ဖြစ်လာခဲ့ချေပြီ။

ဤဖော်ထုတ်ချက်ကို မရေမတွက်နိုင်သော မီဒီယာများက ချက်ချင်း မျှဝေကာ ပြန်လည်တင်ပြခဲ့ကြသည်။

ချက်ချင်းပင် အင်တာနက်တစ်ခုလုံး ဤသတင်းများနှင့် ပြည့်နှက်သွားတော့၏။

ချန်ခယ့်လုပ်ငန်းစုသည် တရုတ်နိုင်ငံရှိ လူသိများသော ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်ပြီး အဓိကအားဖြင့် စက်ကိရိယာများနှင့် အခြားအရာများကို ထုတ်လုပ်ပေသည်။

သာမန်လူအများစုက သူတို့ကို အာရုံမစိုက်ကြသော်လည်း ဤဖော်ထုတ်ချက်ကို မြင်တွေ့လိုက်ရသော ဖောက်သည်များနှင့် ချန်ခယ့်လုပ်ငန်းစု၏ စက်ကိရိယာများကို ဝယ်ယူလိုသူများမှာ ချက်ချင်းပင် လန့်ဖြန့်သွားကြလေသည်။

သူဌေးအများအပြားသည် ချန်ခယ့်လုပ်ငန်းစု၏ စက်ကိရိယာများကို စစ်ဆေးရန် ချက်ချင်းပင် အမိန့်ပေးလိုက်ကြတော့သည်။

ချန်ခယ့်လုပ်ငန်းစုအတွင်း၌ ဟန်ပုရှင်းသည်လည်း ဤသတင်းကို ကြားသိခဲ့သော်လည်း သူသည် အထင်သေးစွာဖြင့် ပြုံးလိုက်ရုံသာ ပြုံးလိုက်၏။

"ငါက အဆင့်အမြင့်ဆုံး အတုအပ လုပ်နည်းတွေကို သုံးထားတာ... ဘယ်သူကများ အဲဒါကို ရှာတွေ့နိုင်မှာလဲ"

"ဒီစုယွမ်က ငါ့ကို ဒီလိုနည်းနဲ့ ဖိနှိပ်ချင်တာလား... မင်းက ကလေးလေးပါပဲကွာ" ဟန်ပုရှင်းက ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုလိုက်သည်။

"သူဌေး... ဒါက ဆိုးရွားလွန်းတယ်... အဲဒီ ပေါက်ကြားသွားတဲ့ အချက်အလက်တွေထဲမှာ စက်ပစ္စည်းတွေကို စစ်ဆေးမယ့် နည်းလမ်းတွေ ပါနေတယ်... ငါတို့ရဲ့ ဖောက်သည် အများအပြားက ဒါကို တွေ့သွားကြပြီ..."

"သူတို့က စာချုပ်ဖောက်ဖျက်မှုအတွက် ဒဏ်ငွေ ဆယ်ဆ တောင်းဆိုနေကြတယ်... အဲဒီလိုမဟုတ်ရင် သူတို့က ငါတို့ကို တရားစွဲတော့မယ်တဲ့" လက်ထောက်တစ်ဦးသည် စိုးရိမ်တကြီးဖြင့် ပြေးဝင်လာခဲ့၏။

"ဘာ" ဟန်ပုရှင်း အလွန်တရာ အံ့အားသင့်သွားပြီး မတ်တတ်ရပ်လိုက်ပေသည်။

"ကျွန်တော် တွက်ကြည့်လိုက်တော့ စာချုပ်ဖောက်ဖျက်မှုအတွက် လျော်ကြေးတောင်းနေတဲ့ ဖောက်သည် စုစုပေါင်း နှစ်ဆယ့်ရှစ်ယောက် ရှိတယ်... အဲဒီပမာဏက ယွမ် သန်းလေးရာအထိ အံ့ဩစရာကောင်းလောက်အောင် များပြားနေပါတယ်" လက်ထောက်က ပြောဆိုလိုက်၏။

"ကျွန်တော်တို့နဲ့ ဆွေးနွေးနေတဲ့ ဖောက်သည်တချို့ကလည်း သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဖျက်သိမ်းလိုက်ကြပြီ..."

"ပြီးတော့..." လက်ထောက်သည် တွေဝေသွားပြီးနောက် ရပ်တန့်သွားလေသည်။

"ပြီးတော့ ဘာဖြစ်လဲ" ဟန်ပုရှင်းက စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်၏။

"သူဌေးက လစာတွေကို မကြာခဏ ဖြတ်တောက်လေ့ရှိလို့ မဟုတ်ဘူးလား... လူတိုင်းက ဒီသတင်းကို မြင်ပြီးတော့ သူဌေးကို တိုင်တောချင်နေကြတယ်..." လက်ထောက် စကားပြောပြီးချိန်တွင် ဟန်ပုရှင်းသည် မြေပြင်ပေါ်သို့ ခွေကျသွားတော့သည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..." နေ့တစ်ဝက်အတွင်းမှာပင် သူ၏ ချန်ခယ့်လုပ်ငန်းစုသည် ဒေဝါလီခံရတော့မည် ဖြစ်ပေ၏။

ဒါက...

ရုတ်တရက် သူသည် စုယွမ်ကို သတိရသွားလေသည်။ နေ့လယ်ပိုင်းက စုယွမ် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူ သဘောမပေါက်ခဲ့သေးသော်လည်း ယခုအခါတွင်မူ...

သူ ကြောက်ရွံ့မှုများဖြင့် တုန်လှုပ်နေခဲ့ချေပြီ။

"အခုချက်ချင်း ငါ့အတွက် နိုင်ငံခြားသွားဖို့ လေယာဉ်လက်မှတ် တစ်စောင် ဘွတ်ကင်လုပ်ပေးစမ်း... ငါ နိုင်ငံထဲကနေ ချက်ချင်း ထွက်သွားဖို့ လိုတယ်" ဟန်ပုရှင်းက အမိန့်ပေးလိုက်၏။

"ခင်ဗျားဘာသာပဲ မှာလိုက်ပါ" လက်ထောက်က ပြန်ပြောလိုက်သည်။

"ဘာ... မင်းက ပုန်ကန်ဖို့ ကြိုးစားနေတာလား" ဟန်ပုရှင်းက ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်၏။

"ခင်ဗျား မေ့သွားပြီလား... ခင်ဗျားက ကျွန်တော့်ကိုလည်း လစာပေးဖို့ အကြွေးတင်နေသေးတယ်လေ... ခင်ဗျား အခုလေးတင် ပြောလိုက်တဲ့ စကားတွေကို ကျွန်တော် အွန်လိုင်းမှာ တင်လိုက်ပြီ..."

ချက်ချင်းပင် ဟန်ပုရှင်းသည် လွှမ်းမိုးနေသော နောင်တတရားများ ပြည့်နှက်လျက် မြေပြင်ပေါ်သို့ လုံးဝ ခွေကျသွားတော့၏။

စုယွမ်အား သူ မစော်ကားခဲ့သင့်ချေ။ ယခုအခါတွင်မူ အချိန်နှောင်းသွားခဲ့လေပြီ...။

All Chapters