အခန်း ၂၄၈
Vol. 21 Ch. 248
အခန်း (၂၄၈) အံ့အားသင့်သွားသော လူအုပ်ကြီး
သူတို့ထဲတွင် အံ့အားသင့်ဆုံးမှာ စုဖူချန်၏ အဆင့်အတန်းကို လုံးဝ မသိရှိခဲ့ကြသော ကျောက်မုနှင့် ကျန်းဟယ်တို့ဖြစ်ကြောင်း ယုံမှားဖွယ်ရာ မရှိချေ။
သူက တောသားတစ်ယောက် မဟုတ်ဘူးလော။ ဤမျှ ရာထူးကြီးမားသော မန်နေဂျာတစ်ယောက်က သူ့အား အဘယ်ကြောင့် ကိုယ်တိုင်ကိုယ်ကျ လာရောက် ဂုဏ်ပြုဆုတောင်းပေးရပြီး သူ့ကို ကြောက်ရွံ့နေသည့်အလား ပြုမူနေရသနည်း။
ထို့အပြင် ဤသည်မှာ ကျန်းဟိုင်ဟိုတယ်၏ ဥက္ကဋ္ဌထံမှ အမိန့်တစ်ခုဖြစ်ပေသည်။ စုဖူချန်သည် အချိန်တစ်လျှောက်လုံး ပုန်းကွယ်နေခဲ့ခြင်းများ ဖြစ်နိုင်မည်လော။ တကယ်တမ်း၌ သူသည် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်နေသည်ပင်။
"ကျန်းဟယ်... မင်း ဘာဖြစ်နေတာလဲ... ဘာတွေ ဖြစ်ကုန်တာလဲ" ကျောက်မုက အလွန် တိုးညင်းသော လေသံဖြင့် မေးမြန်းလိုက်လေ၏။
"ငါလည်း မသိဘူး သူဌေးကျောက်... စုဖူချန်က တောသားတစ်ယောက်ပါ... သူ့မှာ ဘယ်လိုလုပ် အဲဒီလောက် အစွမ်းထက်တဲ့ နောက်ခံမျိုး ရှိနေနိုင်မှာလဲ" ကျန်းဟယ်သည် လုံးဝ ယုံကြည်နိုင်စွမ်း မရှိသကဲ့သို့ ခံစားနေရသည်။
"ဟွန့်... သောက်ခွေးကောင်"
"အထွေထွေမန်နေဂျာက သူ့ကို ဘယ်လောက်တောင် ရိုသေလေးစားနေလဲဆိုတာ မင်း မြင်တဲ့အတိုင်းပဲလေ" ကျောက်မုက ကြမ်းတမ်းစွာ ပြောဆိုလိုက်၏။
"ဒါက... စုဖူချန်ရဲ့ သားကြောင့်များ ဖြစ်နိုင်မလား... သူ့သားက ကျန်းဟိုင်ဟိုတယ်ရဲ့ ဥက္ကဋ္ဌနဲ့ သူငယ်ချင်းလို့ ခုနက ကြားလိုက်သလိုပဲ" ကျန်းဟယ်က အလျင်အမြန် ပြောဆိုလိုက်လေသည်။
"ချီးတဲ့မှပဲ"
"သူ့သားက အရမ်းငယ်သေးတာကို ဘယ်လိုလုပ် အဲဒီလောက် အစွမ်းထက်တဲ့ နောက်ခံမျိုး ရှိနေနိုင်မှာလဲ" ကျောက်မုက ကြမ်းတမ်းစွာ ပြောဆိုလိုက်သည်။
စုဖူချန်၏ ကလေးက အရည်အချင်းရှိသည်ဟု ယုံကြည်ရခြင်းထက် စုဖူချန် အဆင်ပြေနေသည်ဟု ယုံကြည်လိုက်ခြင်းက ပိုကောင်းပေမည်။ ဤအသက်အရွယ်တွင် မိမိကိုယ်ကို အခြားသူများနှင့် နှိုင်းယှဉ်ခြင်းသည် အဓိပ္ပာယ်မရှိချေ။ မိမိ၏ မျိုးဆက်ကို နှိုင်းယှဉ်ခြင်းကသာ မိမိ၏ သာလွန်မှုကို အမှန်တကယ် ပြသနိုင်ခြင်း ဖြစ်၏။
ကျန်းဟယ်သည် သူ အမှန်တကယ် မခန့်မှန်းနိုင်တော့သဖြင့် ထပ်မံ ပြောဆိုရဲခြင်း မရှိတော့ချေ။
"မစ္စတာစု... ဒီကို လာရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"တကယ်လို့ ဥက္ကဋ္ဌစု အားတဲ့အချိန်ကျရင် ကျန်းဟိုင်ဟိုတယ်ကို ဖိတ်ခေါ်မယ်လို့ ကျွန်တော်တို့ ဥက္ကဋ္ဌက ပြောလိုက်ပါတယ်... ဧကရာဇ် သီးသန့်ခန်းထဲမှာ ညစာစားကြတာပေါ့" အထွေထွေမန်နေဂျာက ပြုံးလျက် ပြောဆိုလိုက်လေ၏။
"ကောင်းပြီလေ... ငါ အိမ်ပြန်ရောက်ရင် သူ့ကို ပြောပြလိုက်ပါ့မယ်... ဒါပေမဲ့ သူ အားမအားတော့ မသိဘူး" စုဖူချန်က ပြောဆိုလိုက်သည်။
"ဟုတ်ကဲ့ပါ... ဒါဆိုရင် ကျွန်တော် သွားခွင့်ပြုပါဦး... ကောင်းကောင်း သုံးဆောင်ကြပါဦးခင်ဗျာ" အထွေထွေမန်နေဂျာက ပြောလိုက်ပြီးနောက် စိတ်သက်သာရာရသွားသော မျက်နှာထားဖြင့် သီးသန့်ခန်းထဲမှ ထွက်ခွာသွားတော့၏။
စုဖူချန်သည် သူ ထွက်သွားသည်ကို ကြည့်နေပြီးနောက် မိမိဘာသာ အစားအစာများကို စတင်စားသောက်လိုက်လေသည်။
အထွေထွေမန်နေဂျာ ယခုလေးတင် ပြောသွားသည်များကို လူတိုင်းက ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရပေသည်။
ဥက္ကဋ္ဌစု။ စုဖူချန်၏သား။ ဥက္ကဋ္ဌကိုယ်တိုင် ညစာဖြင့် တည်ခင်းဧည့်ခံမည်ပင်။ ဤသည်က သူ၏သားဖြစ်သူ၏ အဆင့်အတန်းသည် အလွန်တရာ အစွမ်းထက်လှကြောင်း ပြသနေလေ၏။
တစ်ခဏမျှ လူတိုင်းသည် စုဖူချန်အား ရှုပ်ထွေးနေသော ခံစားချက်များဖြင့် ကြည့်ရှုလိုက်ကြတော့သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် ယခုလေးတင်မှ စုဖူချန်အား များစွာ လှောင်ပြောင်ထားခဲ့ကြသည် မဟုတ်လော။ အထူးသဖြင့် ကျောက်မုနှင့် ကျန်းဟယ်တို့ပင် ဖြစ်၏။
ကျောက်မုသည် ကျန်းဟိုင်ဟိုတယ်၏ အဆင့်အတန်းကို ကောင်းစွာ သိရှိထားပေသည်။ ဤနေရာ၌ ဤမျှကြီးမားသော ဟိုတယ်ကြီးကို ဖွင့်လှစ်နိုင်စွမ်းရှိခြင်းကပင် ၎င်း၏ ခိုင်မာတောင့်တင်းမှုကို ရှင်းလင်းစွာ ဖော်ပြနေပေ၏။ လူမှုအဆက်အသွယ်များနှင့် ကွန်ရက်များသည် စိတ်ကူးကြည့်၍ပင် မရနိုင်လောက်အောင် ကြီးမားလှသော်လည်း ဤသို့သော သူဌေးကြီးကပင်လျှင် စုဖူချန်၏သား အားမအား ကြည့်ပြီးမှ ညစာစားရန် ဖိတ်ခေါ်နိုင်သည်ပင်။
ကျောက်မု၏ နဖူးထက်တွင် ချွေးစေးများ ပျံကျလာခဲ့ချေသည်။ သူ၏ အတွေးများ မည်သို့ပင်ရှိစေကာမူ လက်ရှိအချိန်၌ ဤသီးသန့်ခန်းအတွင်းတွင် စုဖူချန်သည် အောင်မြင်မှုအရှိဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း ယုံမှားဖွယ်ရာ မရှိချေ။
အနေခက်သော အချိန်ခဏတာ ကုန်လွန်သွားပြီးနောက် ကျောက်မုသည် အတင်းအကျပ် ပြုံးလိုက်ကာ ဝိုင်ခွက်တစ်ခွက်ကို ကောက်ကိုင်လျက် လူတိုင်းအား ပြောဆိုလိုက်လေသည်။
"ဟားဟား... အတန်းဖော်ဟောင်းတွေ အချင်းချင်း မတွေ့ရတာ အနှစ်နှစ်ဆယ်ကျော်တောင် ရှိပြီပဲ... ငါတို့ရဲ့ သံယောဇဉ်တွေက အရင်ကလို ခိုင်မာနေတုန်းပဲ"
"ခုနက လူတိုင်းက ဟာသလုပ်ပြီး နောက်နေကြတာ... အဲဒီတုန်းက အဖြစ်အပျက်တွေကို ပြန်ဖန်တီးချင်လို့လေ... ဒါက ငါတို့ အချင်းချင်း ရန်ဖြစ်ခဲ့ကြတဲ့ အချိန်တွေကို တကယ် ပြန်သတိရသွားစေတယ်"
"ငါတို့က အဘိုးကြီးစုကို နောက်ပြောင်နေခဲ့တာပါ... ဘာလို့လဲဆိုတော့ အဘိုးကြီးစုက ငါတို့အတန်းထဲမှာ ဟာသဉာဏ် အရှိဆုံးနဲ့ သဘောအကောင်းဆုံးလူ ဖြစ်ခဲ့လို့လေ"
"အဘိုးကြီးစုက စိတ်ထဲထားမှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်" ကျောက်မုက အလျင်အမြန် ပြောဆိုလိုက်၏။
"ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်... အဘိုးကြီးစုက အချောဆုံးပဲ... ကျောင်းတုန်းကတည်းက အဘိုးကြီးစုကို အချောဆုံးလို့ ငါ ထင်ခဲ့တာ... အခု နှစ်တွေ အကြာကြီး ကြာတာတောင် သူက အရင်တိုင်းပဲ... ခုနကတော့ ပြောဖို့ ရှက်နေလို့ပါ"
"အဘိုးကြီးစုက သဘောထားကြီးတယ် ဉာဏ်ကောင်းတယ် ပြီးတော့ ဟာသဉာဏ်လည်း ရှိတယ်... သူက ငါတို့အားလုံးထဲမှာ အအောင်မြင်ဆုံး ပုဂ္ဂိုလ်ပဲ... နောက်တစ်ချိန်ကျရင် အဘိုးကြီးစုကို သီးသန့် ညစာကျွေးရဦးမယ်" လူတိုင်းက ပြောဆိုလိုက်ကြပေသည်။
"ဟားဟားဟား... အဘိုးကြီးစု... မင်း မှတ်မိလား... ကျောင်းတုန်းက ငါတို့က အရင်းနှီးဆုံး သူငယ်ချင်းတွေလေ... ငါရယ် ဥက္ကဋ္ဌကျောက်ရယ် မင်းရယ် သုံးယောက်ကို သံမဏိတြိဂံလို့တောင် ခေါ်ကြတာ" ကျန်းဟယ်က ပြုံးလျက် ပြောဆိုလိုက်လေ၏။
"အဟမ်း... ဘာသူဌေးကျောက်လဲ အဘိုးကြီးကျန်းရာ... မင်းကတော့ သရုပ်ဆောင်ဖို့ အရမ်းဝါသနာပါတာပဲ... ငါ့ကို အဘိုးကြီးကျောက်လို့ပဲ ခေါ်ပါ... အဲဒါကမှ ငါတို့ရဲ့ အတန်းဖော် သံယောဇဉ်နဲ့ ပိုကိုက်ညီတာ... အဲဒီတုန်းက ငါနဲ့ အဘိုးကြီးစုက အရင်းနှီးဆုံးဆိုတာ ငါ မှတ်မိသေးတယ်"
"အထူးသဖြင့် အဲဒီကိစ္စလေ... ပြန်တွေးကြည့်ရုံနဲ့တင် ငါ ငိုချင်လာပြီ" ကျောက်မုသည် မျက်ရည်နှစ်ပေါက်ကို အတင်းညှစ်ထုတ်လိုက်လေ၏။
"အဘိုးကြီးစု... ငါတို့ရဲ့ သံယောဇဉ်အတွက် သောက်ကြရအောင်" ကျောက်မုက သူ၏ ဝိုင်ခွက်ကို မြှောက်ကာ စုဖူချန်အား ပြောဆိုလိုက်သည်။
စုဖူချန်သည် အရက်တစ်စက်မျှ မသောက်ခဲ့ချေ။ ရေတစ်ခွက် သောက်ပြီးနောက် တစ်ရှူးတစ်ရွက်ယူကာ ပါးစပ်ကို သုတ်လိုက်ပြီး သူက ပြောဆိုလိုက်လေ၏။
"အချိန်လည်း လင့်နေပြီ ပြီးတော့ ငါလည်း ဗိုက်ပြည့်သွားပြီ... အားလုံးပဲ သွားလိုက်ပါဦးမယ်"
ထိုသို့ပြောပြီးနောက် စုဖူချန်သည် မတ်တတ်ရပ်ကာ ထွက်ခွာသွားတော့သည်။
စုဖူချန်၏ မျက်နှာသာ မပေးမှုကို မြင်လိုက်ရချိန်တွင် ကျောက်မုသည် အလွန်တရာ ဒေါသထွက်သွားခဲ့သော်လည်း ၎င်းကို ထုတ်ဖော်ပြသရဲခြင်း မရှိခဲ့ချေ။
"ကျန်းဟယ်... မင်း ဘာကြည့်နေတာလဲ... မျက်စိကန်းနေလား... ဒီလူမှာ အဆက်အသွယ်တွေ အများကြီး ရှိနေပြီ... နောက်ဆိုရင် သူ့ကို ငါတို့ လိုအပ်လာလိမ့်မယ်" ကျောက်မုက ပြောလိုက်ပြီးနောက် သူ၏ ညီအစ်ကိုကောင်း စုဖူချန်ကို ပြန်လည် သိမ်းသွင်းနိုင်ရန် အလျင်အမြန် နောက်မှ လိုက်သွားတော့၏။
ယခုအခါ သူသည် တောသားတစ်ယောက် မဟုတ်တော့ဘဲ အထက်တန်းလွှာ တစ်ဦးဖြစ်နေပြီဖြစ်ရာ သူတို့ ညီအစ်ကိုကောင်းများအဖြစ် ဆက်လက် တည်ရှိနေနိုင်ပေသေးသည်။
"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌ... ဟုတ်ကဲ့... ဟုတ်ကဲ့"
"လမ်းမှာ အမှားအယွင်းလေး နည်းနည်း ဖြစ်သွားပေမဲ့ ကံကောင်းလို့ မစ္စတာစုက အရမ်း သဘောထားကြီးပြီး ကျွန်တော့်ကို အပြစ်မယူခဲ့ပါဘူး"
"နားလည်ပါပြီ... ကျွန်တော် နားလည်ပါတယ်"
"မစ္စတာစုက Ar နည်းပညာကုမ္ပဏီရဲ့ သူဌေးကြီး ဥက္ကဋ္ဌစုရဲ့ အဖေဆိုမှတော့ ကျွန်တော်က ဘယ်လိုလုပ် မရိုမသေ လုပ်ရဲမှာလဲ... ဒါပေမဲ့ သူ သိပ်စိတ်မကြည်ဘူးလို့ ခံစားလိုက်ရလို့ ဖေးထျန်းမောက်ထိုင် အရက်တစ်ပုလင်း ပေးခဲ့ပေမဲ့ သူက လက်မခံခဲ့ဘူး"
"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌ... ကျွန်တော် သိပါတယ်... နောက်ထပ် ကိစ္စတစ်ခု ရှိပါသေးတယ်"
ကျောက်မုနှင့် ကျန်းဟယ်တို့ နှစ်လှမ်းခန့် လျှောက်သွားချိန်မှာပင် စင်္ကြံလမ်း၌ ဖုန်းပြောနေသော အထွေထွေမန်နေဂျာကို ကြားလိုက်ရလေ၏။
ဖုန်းပြောသံကို ကြားလိုက်ရသော ထိုလူနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်ရှုလိုက်ကြပေသည်။
စုဖူချန်သည် အမှန်တကယ်ပင် ဥက္ကဋ္ဌစုယွမ်၏ ဖခင် ဖြစ်နေသည်ပင်။
ဤရက်ပိုင်းများအတွင်း နေရာအနှံ့အပြား၌ နာမည်ကြီးနေသော သူဌေးကြီး စုယွမ်ပင် မဟုတ်လော။
တစ်ခဏမျှ သူတို့ နှစ်ဦးစလုံး၏ ခြေထောက်များသည် တုန်ရီသွားတော့၏။ စုယွမ်အနေဖြင့် သူ့အား ချေမှုန်းရန်မှာ ပုရွက်ဆိတ်တစ်ကောင်ကို ချေပစ်လိုက်သကဲ့သို့ လွယ်ကူလိမ့်မည်ဖြစ်ကြောင်း ကျောက်မု အလွန်ကောင်းစွာ သိရှိထားပေသည်။
ကျန်းဟယ်သည် ပို၍ပင် စိတ်ပျက်အားငယ်သွားခဲ့ပြီး အစွမ်းထက်သော ကျောထောက်နောက်ခံ တစ်ဦးကို လက်လွတ်ဆုံးရှုံးလိုက်ရသကဲ့သို့ ခံစားလိုက်ရလေ၏။
အဘယ်ကြောင့် သူ စုဖူချန်အား လှောင်ပြောင်ခဲ့မိသနည်း။ အကယ်၍ သူ့အား မြှောက်ပင့်ဖားယားခဲ့ပါက သူသည်လည်း ချမ်းသာကြွယ်ဝပြီး ဩဇာအာဏာရှိသူ တစ်ဦး ဖြစ်လာနိုင်ပေလိမ့်မည်။
"အဲဒါ မင်းအမှားတွေချည်းပဲ... မင်းနဲ့ အဲဒီ အသုံးမကျတဲ့ကောင်... ဘာလို့ ငါ့ကို မတားခဲ့တာလဲ" ကျောက်မုက ကျန်းဟယ်အား ဒေါသတကြီး အော်ဟစ်လိုက်ချေသည်။
"သောက်ခွေးကောင်... အဲဒါ မင်းက လူတွေကို အထင်သေးတတ်လို့ ဖြစ်ရတာလေ... အဘိုးကြီးစုကို မင်းက စော်ကားခဲ့တာ မဟုတ်ဘူးလား"
"ငါက မင်းကို ကြောက်နေတယ်လို့ တကယ် ထင်နေတာလား" ကျန်းဟယ်သည် ကျောက်မုအား ကြမ်းတမ်းစွာ ဆဲဆိုလိုက်ပြီးနောက် စုဖူချန်ကို ရှာဖွေရန် အလျင်အမြန် ထွက်သွားတော့၏။
"ပုန်ကန်တာ.. ပုန်ကန်တာပဲ ခွေးကောင်" ကျောက်မုသည် လေထဲသို့ လက်သီးဖြင့် ကြမ်းတမ်းစွာ ထိုးချလိုက်လေသည်။ ဒီညမှာတော့ ခွင့်လွှတ်မှုရဖို့အတွက် စုဖူချန်ရဲ့ရှေ့မှာ သူ ဒူးထောက်ရပေတော့မည်။